Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Thursday, December 31, 2009

Happy New Year






နှစ်သစ်မှာ အားလုံပဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ် ။ ကြရောက်လာမယ့် နှစ်သစ် 2010 မှာ အားလုံးပဲ လိုရဆန္ဒပြည့်ဝပြီး ချစ်ရတဲ့သူနဲ့ လက်တွဲနိုင်ပါစေ...

အားလုံးလဲ ပျော်ရွှင်နေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီနေ့မှ ကျွန်တော်သေချာတွေးမိတယ်။ ကျွန်တော်သတိရသွားတာက Visit Myanmar Year 1996 က ဖိုးဝရုပ်ကြီးကိုပါ။ သြော်တွေးကြည့်လိုက်တော့လဲ ဆယ်စုနှစ်တစ်ခုတောင် ဖြတ်ကျော်လာခဲ့ပြီပါကော။ သင်္ကြန်ပြီးတာ မကြာသေးသလိုနဲ့ နောက်သင်္ကြန်ရောက်ဖို့ ကြားထဲ 3 လပဲလိုတော့တယ်။ တွေးတောင် ပျော်မိသေး။ အအေးဓာတ်က လဲ ပြင်းတယ်ပြောရမလား ။ အညာမှ တခါမှ မအေးဖူးဘူး ဒီလောက် ၊ အခုအညာမှ အပူချိန်က 8'C တဲ့။ တော်တော်လေးကိုအေးနေ တယ်။ ရန်ကုန်တို့ ၊ မန္တလေးတို့နဲ့ တခြားဆီ။ စကားပုံတောင်ရှိတယ်လေ။ အညာမှာ အလည်လာရင် ညရေမသောက်မိစေနဲ့တဲ့ ၊ ဘာ လို့လဲသိလား သောက်လိုက်တဲ့ရေက ခဲသွားပြီး မနက်ဆီးမသွားနိုင်ဘူးဖြစ်နေလိမ့်မယ်တဲ့ ၊ လှတောသားတွေစကားပေါ့ဗျာ...

New Year ရောက်တော့မှာဆိုတော့ တော်တော်တော့ အပြင်မှာ မျက်စိနောက်သား။ ဆိုင်တွေ ၊ လမ်းတွေ ၊ ကျန်တဲ့အထင်ကရနေရာ တွေ အကုန်လုံးလိုမှာ သွားလာပြည့်နှက်နေတာပဲ။ အေးတော့ အနွေးထည်လှလှလေးတွေနဲ့ ကောင်မလေးတွေ လန်းတော့လန်းသား၊ ဒါပေမယ့် မငမ်းခဲ့ပါဘူးဗျာ။း) ဆိုင်ကယ်တော့ အာရုံစိုက်စီးရတယ်။ တိုက်မိရင် မလွယ်ဘူးလေ။

စာဖတ်သူတို့ကော ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာ လက်ဆောင်ရပြီးကြပြီလား။ ဟဲဟဲ ကျွန်တော်ကတော့ နှစ်ခုလုံးအတွက် လက်ဆောင် တွေအများကြီးရထားတယ်။ ကြုံတုန်းကြွားလိုက်တာပါး). ... တမျိုးလေးဗျာ စိတ်ထဲမှာတော့ ပျော်တယ်ပဲ ပြောရမှာပေါ့နော်။.... ကျွန် တော်ပျော်သလို အားလုံးလဲ ပျော်ရွှင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

အေးချမ်းလှတဲ့ ဒီဇင်ဘာရက်ကလေးကို လွမ်းဆွတ်ပြီး နှစ်သစ် ဇန်န၀ါရီနေ့ရက်များကို ကြိုဆိုလျှက်...

မျှော်လင့်သူ...

Wednesday, December 30, 2009

ဘ၀မုန်တိုင်း ( ၄ )

အပိုင်း ( ၃ ) အဆက်..

" သားထတော့ ရောက်ပြီ "

အဖေ့၏ လှုပ်နိုးသောအခါမှ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ လောကကြီး တစ်ခုလုံးလင်းထိန်နေပြီး အသံမျိုးစုံကို ကြားနေရ သည်။ မည်သည့်လောကထဲ ရောက်လာသည်မသိ။ ကားခေါင်မိုးပေါ်မှ ဘေးပတ်ဝန်းကျင်ကို ကြည့်မိသောအခါမှ စည်ကား၍ လူများ၊ ကားများနှင့် ရှုပ်ထွေးနေသော နေရာတစ်ခုကို ရောက်သည်ကို သတိပြုမိသည်။

" ဒါဘယ်နေရာလဲ အဖေ "

" အခုအဖေတို့ မန္တလေးရောက်နေပြီ "

" ဒီမှာနေမှာလား "

" သားအမေရဲ့ ရွာရှိတဲ့ မြစ်ငယ်ဘက်ကိုသွားမှာ "


ထိုစကားကိုကြားမှ အမေ့ကို ပို၍သတိရလိုက်မိသည်။ ဒီတစ်ခါ အမေမပါနိုင်တော့ပြီကော။ ကားခေါင်မိုးပေါ်မှ ဆင်းကာ ကားသမား ကြီးအား ကျေးဇူးတင်ကြောင်းပြောသည်။ ကားသမားကြီးက အဖေနှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ကြည့်ကာစိတ်မကောင်း ဖြစ်နေသည်။

" ဒီကနေ မြစ်ငယ်ဘက်ကို ဘယ်လိုသွားမလဲ "

ကားသမားကြီးက မေးသည် ။ ထိုအခါအဖေသည် လေးတွဲသောအသံများနှင့်

" ကျောက်ဆည်ကိုသွားမယ် ၊ အဲဒီ့မှာ အမျိုးတွေရှိတယ်။ သူတို့ဆီကိုရောက်ရင် အဆင်ပြေသွားမှာပါ. "

ထိုအခါ ကားသမားကြီးသည် ဂရုဏာသက်သော အသံဖြင့်.

" ကျွန်တော်လမ်းစရိတ်တော့ ကူညီလိုက်ပါမယ် ၊ ကလေးတွေကရှိသေးတော့ လမ်းဒုက္ခရောက်နေအုံးမယ်။ "

ထိုစကားကိုကြားသောအခါ အဖေသည် မျက်ရည်ဝဲလာကာ..

" ကျေးဇူးတင်ပါတယ် ကားဆရာရယ်."

" ရပါတယ်ဗျာ၊ ဒုက္ခရောက်နေသူကို ကူညီရတော့ ကျွန်တော်လဲ ကုသိုလ်ရတာပေါ့.

ကဲကဲ အချိန်ရှိတုန်း ခရီးဆက်ကြအုံး...."

" ဟုတ်ကဲ့ခင်ဗျ.."


အဖေသည် ကားဆရာကို နှုတ်ဆက်ပြီး တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ လမ်းလျှောက်လာကြသည်။ ပူပြင်းသောနေရောင် အောက်တွင် အပေါ်မှ အပူဒဏ်ပါမက အောက်မှ အပူဒဏ်ကိုပါ ခံစားရသည်။ ခြေထောက်ကို ငုံကြည့်သောအခါ ဖိနပ်မပါ။ အိမ်မီးမ လောင်က အမေ၀ယ်ပေးထားသော ဖိနပ်အသစ်လေးသည်လဲ မီးထဲတွင် ပါသွားလေသည်။ ယခုအခါမှ ထိုဖိနပ်လေးကိုလဲ သတိရ လိုက်မိသည်။ အစ်ကို့တွင်လဲ ဖိနပ်မပါ။ အကို့ဖိနပ်ကတော့ ဘယ်ရောက်သွားသည်မသိ။ အဖေ့ခြေထောက်ကို ကြည့်မိသောအခါ အ လုပ်ထဲတွင်စီးသော အနားများ လန်နေသည့် ဖိနပ်ပါနေသေးသည်ကို သတိပြုမိသည်။

အဖေသည် ကျောက်ဆည်သွားသော ကားဂိတ်ရှိရာဘက်သို့ ကျွန်တော်တို့ကိုခေါ်လာသည်။ ကားဂိတ်ရောက်သောအခါ လူတစ်ချို့ကို အဖေမေးမြန်းနေသည်။ ဘာတွေမေးမြန်းနေသည်ကိုတော့ မသိပေ။ မေးမြန်းပြီးသောအခါ အဖေကျွန်တော်တို့ဆီကို ပြန်လာသည်။ ထို့နောက် ကားဂိတ်နားရှိ မုန့်ဆိုင်တစ်ဆိုင်မှ မုန့်ကိုဝယ်ကာ သားအဖသုံးယောက် မနက်စာအဖြစ် ဗိုက်ကိုဖြည့်ကြသည်။ အဖေ၀ယ် ကျွေးသောမုန့်သည် ဗိုက်၏ဆာလောင်ခြင်းကို အပြည့်အ၀မဖြည့်ဆည်းနိုင်။ သို့သော် ယခုဘ၀နှင့် ယခုအခြေနေသည် ဆာလောင်ခြင်း တမ်းတခြင်းများကို ဦးစားပေးရမည့် အချိန်မဟုတ်။ အဖေသည် ကျွန်တော်တို့အပေါ် ဘယ်သောအခါမှ စေတနာပျက်ခြင်းမရှိ။ စားချင် သည်၊ လိုချင်သည်များကို ကျေနပ်သည်အထိ ၀ယ်ပေးလေ့ရှိသည်။ ယခုအခါတွင် အဖေ၏ အိတ်ထဲ၌ ခရီးစရိတ်အတွက် ငွေအလုံ လောက်မရှိသောကြောင့်ပင် ဖြစ်လိမ့်မည်။

ကားပေါ်တွင် အတန်ကြာ စောင့်ပြီးသောအခါ ကားစထွက်လေသည်။ လမ်းတစ်လျှောက်တွင် ခွဲခွာခဲ့သည်မှာ အတန်ကြာပြီဖြစ်သော ရာသီဥတု ၊ ပတ်ဝန်းကျင် ၊ သစ်ပင်တို့ကို ပြန်လည်ခံစားမိလာသည်။ ထိုအခါ စိတ်ထဲတွင် အမည်ဖော်မရသော ခံစားမှုတစ်ခုကို ခံစား ရလေသည်။

ကျောက်ဆည်မြို့သို့ ရောက်သောအခါ ရင်းနှီးဖူးသောဒေသတစ်ခုအဖြစ် ပြန်လည်အသက်ဝင်လာသည်။ ကားဂိတ်တစ်ခုတွင် ကားရပ် သောအခါ သားအဖသုံးယောက် ကားပေါ်မှဆင်းကြသည်။ ထို့နောက် အဖေသည် ကျွန်တော်တို့ လက်ကိုဆွဲကာ အသစ်ဖန်တီးပေး ထားသော ဘ၀၏ ကံကြမ္မာအတိုင်း ခြေဗလာဖြင့် အပူဒဏ်ကိုအံတု၍ လမ်းလျှောက်ခဲ့ကြသည်။

အပိုင်း ( ၅ ) ဆက်လက်ဖတ်ရှုရန်..

ဖတ်ရှုရန် အပိုင်း ( ၁ )အပိုင်း ( ၂ ) အပိုင်း ( ၃ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Chatting Love

မြန်မာပြည်မာ H5N1 ဖြစ်တုန်းက

ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။

ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................



ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း

စိတ်မပျက်ခဲ့ပါဘူး ။ ။

တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး

နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............



gtalk banned ခံရလို့ လည်း

နောက်မဆုတ်ခဲ့ပါဘူး ။ ။

ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 

chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................



chatting အမျိုးမျိုးနဲ့ 

နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို

ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 

လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................



နင် online မှာရှိနေမယ်ဆို

power တွေတက်ခါးတွေမျက်နေလည်း

အငတ်ငတ်အပြတ်ပြတ်နဲ့ 

ဆက် chat နေပါ့မယ် ချစ်သူ.....................



မ chat ရင် မနေနိုင်တာကလွဲလို့ 

မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို

နင့်ရဲ့ဘ၀ထဲက

ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ..............



chatting thesis နဲ့  Internet course မှာ

solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို

account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို

ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................



နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 

နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့

ငါ့ရဲ့နှလုံးသားကို

ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................



မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့

ငါ့ရဲ့နှလုံးသားကို

အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ...............



ငါဟာငါ register လုပ်ခဲ့ပြီး

ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို

နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................



ကျေးဇူးရှင် chat senior များရဲ့

သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့

နင့်ရဲ့နှလုံးသားကိုလည်း

ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ..............



ချစ်သူ..............

တကယ်တော့..............

ငါဟာနင့်ရဲ့ဘ၀ထဲကို

လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။

ဒီနေ့ ကျွန်တော့် PC ထဲ notepad နဲ့ Save ထားတာတွေ များလွန်းလို့ မလိုတာတွေဖျက်ဖို့ လုပ်ရင်း တွေ့လိုက်တဲ့စာသားလေးပါ။ ဘော်ဒါတွေ ဖတ်ပြီးလောက်ပြီထင်ပါတယ်။ ကျွန်တော်လဲ ဘယ်မှာဖတ်မိပြီး သိမ်းထားလဲ မမှတ်မိတော့ဘူး.။း)

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ

Tuesday, December 29, 2009

Accident

အခုရေးမယ့် ပို့စ်လေးက တကယ်ဖြစ်ပျက်ခဲ့တာပါ။ စာဖတ်သူတို့ အနေနဲ့လဲ ဒီစာဖတ်ကို ဖတ်ပြီး နားလည်ပေးစေလိုပါတယ်။ စာရေးသူ ပုတ်ခတ်ရေးသားခြင်းမျိုးလဲ မဟုတ်ပါဘူး။ ဘယ်သူကမှားတယ် မှန်တယ်ကို ထောက်ပြလိုခြင်းလဲ မရှိပါ။ စော်ကားလိုခြင်းလဲ မရှိပါ။

လွန်ခဲ့သော နှစ်လပတ်ဝန်းကျင်က ကျွန်တော့်ဆီကို သူငယ်ချင်းရောက်လာတယ် ။ သူကပြောတယ် ငါဆိုင်ကယ်တိုက်လို့တဲ့။ ဘယ်မှာလဲ ဆိုတော့ မင်းတို့ဆိုင်အရှေ့မှာတဲ့။ ဟုတ်ပါတယ် ကျွန်တော့်ဆိုင်က ထွက်သွားတဲ့ ကောင်မလေးနဲ့ သူနဲ့ ဆိုင်အပေါက်ဝမှာ တိုက်တာပါ။ ဖြစ်ပျက်တာကို မြင်တဲ့သူတွေက ပြောပါတယ်။ ကောင်မလေးနှစ်ယောက် စက်ဘီးစအထွက်မှာ ငေးနေတဲ့ ကျွန်တော့် သူငယ်ချင်းဆိုင် ကယ်က နောက်ကနေ ၀င်ချိတ်သလိုဖြစ်သွားတာပါ။ ရှေ့ကကောင်မလေးက လက်ကိုင်မနိုင်တော့ လဲမလိုဖြစ်ပြီး နောက်က ကောင်မ လေးက ဘေးကိုအသာပြုတ်ကျခဲ့ပါတယ်။ ဒါပေမယ့် အခန့်မသင့်တော့ လက်ကောက်ဝတ်အကြောမျက်သလို ဖြစ်သွားတယ်။ ကောင် လေးတွေ ဘောလုံးကစားရင်း ဖြစ်နေကြပါ။ ကောင်မလေးဆိုတော့ လန့်သွားတာပေါ့။ ဒါနဲ့ ကျွန်တော်ဆိုင်ကယ်ထုတ်ပြီး အရိုးကြောဆရာ ၀န်ကြီးဆီကို လိုက်ပို့ပါတယ်။

ဆရာဝန်ကြီးက ခဏစမ်းသပ်ပြီး စမ်းသပ်ခ 3500 Kyats ယူကာ သူ့ရဲ့ ဓာတ်မှန်ခန်းမှာ ဓာတ်မှန်ရိုက်စေပါတယ်။ ဒါနဲ့ ဓာတ်မှန်သွားရိုက် တယ်။ ဓာတ်မှန်ခ 4000 kyats ယူတယ်။ ဆရာဝန်ကြီးဆီ ပြန်သွားရတယ်။ သူက ဓာတ်မှန်ကိုကြည့်တယ်။ ဘာမှမဖြစ်ပါဘူး အကြော ရောင်သွားတာပါတဲ့။ သူက ဒီလိုသာ ပြောတယ် ဆေးစာရွက်ရေးလိုက်တာ တစ်ရွက်အပြည့်ပဲ ။ ရှေ့မှာ ဆေးဝယ်လိုက်ပါတဲ့။ ကျွန်တော် လဲ နားတော့မလည်ပါဘူး ဆေးအကြောင်းကို ။ ဒါပေမယ့် အားဆေးကတော့ သုံးမျိုးလောက်ပါနေ တယ်။ ငွေရှင်းတော့ 7000 kyats ကို 100 kyats ပဲ လျော့တယ် ။ မနက်ဖြန် ပြန်လာပြပါတယ်။

ဒါနဲ့ မနက်ဖြန်ပြတော့ နောက်ရက် ပြန်လာပြဖို့ချိန်းလာတယ်။ လူနာက သက်သာပါတယ် မလိုက်ချင်ဘူး ။ ဒါပေမယ့် ဆရာဝန်ကြီးက လိုက်ဖို့တိုက်တွန်းတယ်။ နှစ်ရက်မြောက်တဲ့ နေ့မှာ လူနာက ဆေးအစွမ်းပြလာပါတယ်။ ဆရာဝန်ကြီး အွန်တဲ့ဆေးကြောင့်ပဲ ထင်တယ်။ လူနာက အန်တာ မရပ်တော့ဘူး။ ခေါင်းတွေလဲ မူးဝေလာတယ်။ နောက်တစ်ရက် ဆရာဝန်ကြီး ပြဖို့သွားခေါ်တော့ မျော့မျော့ပဲ ကျန် တော့တယ်။ တော်တော်လေး စိတ်လေသွားတယ်။ လူနာက လက်က သက်သာနေပြီး အကြောရောင်ရုံဆိုတော့။ ဒီလို အန်တာကို ဆ ရာဝန်ကြီးကို ပြောပြတယ်။ သူကတော့ ပြုံးပြုံးပဲ ဆေးထပ်ပေးတယ် ၊ သူ့ရဲ့ အနှိပ်ခန်းမှာ လက်သွားနှိပ်ရတယ်။ တစ်နေ့ကို 10000 kyats လောက်ဖြုန်းပေးရတယ်။

နောက်တစ်ရက်မှာတော့ လူနာက မခံနိုင်တော့ပဲ အန်ရုံတင်မကဘူး ၊ ၀မ်းပါ အမဲရောင်တွေသွားပြီး မေ့မတက်ကိုဖြစ်သွားတယ်။ ကျွန် တော်တို့လဲ လန့်သွားတယ်။ ဆရာဝန်ကြီး သူ့ဘာသာသူ အင်္ဂလန်ပြန်မကလို့ ဘာကြီးဖြစ်ဖြစ် မပြရဲတော့ဘူး။ ပုဂ္ဂလိကဆေးရုံ တစ်ခုကို ပြေးရတော့တယ်။ ဟိုရောက်တော့ ပါရဂူကြီးနဲ့တွေ့တယ် ။ ဆေးထပ်ညွှန်းလိုက်တယ်။ မသက်သာနောက်ရက်ပြန်ပြတဲ့။ မသက်သာလို့ သူတို့ ချိန်းတဲ့ အချိန်သွားလိုက်တယ်။ ဟိုရောက်တော့ ဆရာဝန်ကြီးက ခွဲခန်းဝင်နေလို့တဲ့ ။ လူနာကိုခေါ်ပြီး ဓာတ်မှန်ရိုက်တယ်။ ခဏ နေအဖြေထွက်တော့ ဆရာဝန်လေးက အခန်းထဲခေါ်ပြီး ပြောတယ်။ အူအတက်ရောင်တာတဲ့ ဒီညပဲ ခွဲခန်းဝင်ရမယ်တဲ့။ ဒါနဲ့ လူနာကို ထား ဆေးရုံတက်ရမယ့် လိုအပ်တာတွေကို ပြင်ဆင်ရတယ်။

ကျွန်တော်တို့ ပြန်ရောက်တော့ လူနာက မျက်နှာလေးဝင်းလို့ ။ မေးကြည့်တော့ ခွဲခန်းက ထွက်လာတော့ ဆ၇ာဝန်ကြီးက သေချာစမ်း ပေးတယ်တဲ့။ အူအတက်ရောင်တယ်ဆိုတာ မဟုတ်ပါဘူးတဲ့။ အရိုးဆေးတွေကို မလိုအပ်ပဲ အလွန်အကျွန်သုံးစွဲတဲ့ အတွက် အစာအိမ် ထိတာပါတဲ့။ ဒါဆိုကျွန်တော်တို့က စိတ်ချရမှာလား ပြောတော့ စိတ်ချရပါတယ်တဲ့။ နှစ်ရက်လောက် ဆေးရုံလာပြလိုက်ရင် သက်သာ သွားပါမယ်တဲ့။

ဒီလိုနဲ့ ဆိုင်ကယ်စဖြစ်ပြီး နှစ်ပတ်လောက်အကြာမှာ အားလုံးကင်းရှင်းပျောက်သွားပါတယ်။ ကျွန်တော်စဉ်းစားမိတယ်။ အဲနေ့ကသာ ဆေးခန်းမလိုက်ခဲ့ရင် နှစ်ရက်ဆို အကြောတင်တာက သက်သာပြီလို့း) တော်သေးတာပေါ့ အသိတွေဖြစ်နေလို့လဲ လျှော်ကြေးစ ကားမပြောခဲ့ရဘူး ဆေးကုစရိတ် 200000 Kyats လောက်ကျသွားတယ် သြော် ဖြစ်ကံပါလို့ပဲ တွေးရတော့မှာပေါ့နော်.....

စာဖတ်သူတို့ အဆင်ပြေနိုင်ပါစေ..

မျှော်လင့်သူ

Myanmar Internet User

မြန်မာ Internet user တစ်ယောက် ဆိုင်ထဲဝင်လာသည်။ သူအရင်ဆုံး ဘာလုပ်မည်နည်း ? G-talk ၊ MIRC ၊ VZO စသည့် Chatting Browser တွေ အကုန်သူဖွင့်လိုက်သည်။ တစ်မျိုးကို Account သုံးလေးခုနှင့်ပေါ့ ။ အချိန်အတော်တန် ကြာအောင် သူအသုံးပြုလိုက်သည်။ ထို့နောက် ကောင်တာမှာ ငွေရှင်းလိုက်သည်။ စာဖတ်သူတို့ စဉ်းစားကြည့်ပါ သူဘာရသွားသနည်း ?

ကျွန်တော်တို့ ကမ္ဘာကြီးဟာ အခုဆိုလျှင် အလျင်မြန်တိုးတက်လာပြီး ကမ္ဘာကြီးမှာ ရွာကြီးတစ်ရွာ ဖြစ်လာခဲ့သည်။ အဖြစ်ပျက်တွေလဲ ပြောင်းလဲမြန်ဆန်လွန်းလှသည်။ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး စသည်ဖြင့် တရိပ်ရိပ်နှင့် မြန်ဆန်စွာ တိုးတက်လာသည်။ ကျွန်တော်တို့ အနေနှင့် ထိုသို့တိုးတက်မှုများကို လက်လှမ်းမှီသလောက် လေ့လာနိုင်မှသာ သူများနောက်မကျန်နေခဲ့ပဲ သူများနှင့် ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ Chat ဆိုသည်မှာ မြန်မာအနက်အဓိပ္ပာယ်အရ အလ္လာပသလ္လာပ ၊ အပျင်းဖြေ စကားပြောသည်ဟု အဓိပ္ပာယ်ရပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ အလ္လာပသလ္လာပ ပြောဖို့ အချိန် ၃ နာရီလောက် သုံးတယ်ဆိုရင် သင့်တော်ပါ့မလား။ မြန်မာလူငယ် အများစုအနေနှင့် Chat ကိုအမုန်းသုံးစွဲ ကြတာကို အမြဲတွေ့နေရပါတယ်။ နေကောင်းလား၊ စားပြီးပြီလား ၊ ဘာတွေလုပ်နေသလဲ စသဖြင့် စကားစချီပြီး ပြောနေကြသည်။ အရှိန်လေး နည်းနည်းရလာလျှင် ရည်းစားစကား ဖွင့်ပြောမည်။ ဒါသည် တစ်ယောက်ထဲနှင့် မဟုတ် နောက် Account တစ်ခုမှ တစ်ယောက်အားလဲ Q လိုက်သေးသည်။ ဘေးမှ ကြည့်လိုက်လျှင် ကမ္ဘာ အလုပ်ရှုပ်ဆုံး လူသားဟုတောင် ထင်ရသည်။ စာဖတ်သူတို့အနေ နှင့် ကျွန်တော့်အား Chatting လုပ်ခြင်းအား မုန်းတီးသည်ဟု ထင်ကောင်း ထင်နိုင်ပေလိမ့်မည်။ ကျွန်တော် မမုန်းပါ ၊ မုန်းစရာအကြောင်းလဲ မရှိပေ။ ကျွန်တော် ဆိုလိုရင်းက လူငယ်တွေ အသုံးမှားနေခြင်းကိုသာ ဆိုလိုပေသည်။

မြန်မာ စကားပုံ တစ်ခုရှိသည် ။ " တစ်ရွာ တစ်ကျီဆောက်ပါ " ။ ခေတ်ကြီး တိုးတက်လာသည်နှင့်အမျှ တစ်နေရာမှ တစ်နေရာ ရောက်မှ မိတ်ဖွဲ့နေစရာ မလိုတော့ပဲ ပြည်နယ်နှင့် တိုင်းအသီးသီးမှာ ရှိတဲ့ ညီကိုမောင်နှမတွေ Online ပေါ်မှာ တွေ့ကြပြီး မိတ်ဆက်ရင်း ခင်မင်ရင်နှီးနိုင်ပေသည်။ ကွဲကွာနေသော သူငယ်ချင်းများ မိဘဆွေမျိုးများ Online ပေါ်မှာ လွယ်လင့်တကူ တွေ့ဆုံကြပြီး ဆက်သွယ်နိုင်ကြသည်။ မိတ်ဆွေရင်းကဲ့သို့သော ဘော်ဒါများလဲ ရရှိနိုင်ပေသည်။ ထိုသို့ အရမ်းအသုံးဝင်လှသော Chatting ကို အကျိုးရှိစွာ အသုံးချစေချင်သည်။

ကမ္ဘာပေါ်မှာ နေ့စဉ်ပြောင်းလဲ နေသမျှကိုလဲ သွားရောက်ကြည့်ရှုနေစရာ မလိုပဲ Internet ပေါ်မှပင် လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင် သည်။ သူများနိုင်ငံတွေမှာ တိုးတက်ဖွံ့ဖြိုးနေသည်ကို သွားရည်ယိုခိုင်းသည် မဟုတ်ပါ။ သူတို့တွေ ဘယ်လိုကြိုးစားလို့ ဘယ်လိုအောင် မြင်သည်ဆိုတာကို အတုယူစေချင်သည်။ Internet တစ်နာရီ သုံးမည်ဆိုပါက ထိုသုံးသည့် အချိန်ထဲမှ မိမိအတွက် အကျိုးရှိမည့် အကြောင်းရာများကို လေ့လာရှာဖွေ မှတ်သားစေချင်သည်။ တစ်ချို့ Internet User များ G-talk နှင့် Gmail ဆက်စပ်သည်ဆိုတာကို တောင် သိပ်မသိဘူးဖြစ်နေသည်။ သူတို့တွေ Internet သုံးသည့်အချိန်တွေမှာ ဘာတွေလုပ်နေသနည်း။

ထိုသို့ပြောသောကြောင့် စာဖတ်သူများ မေးချင်ကြလိမ့်မည်။ " စာရေးသူကော ဘာသိသနည်း " ။ ကျွန်တော် ဖြေချင်ပါသည်။ ကျွန်တော် Internet နှင့်ပတ်သတ်၍ အပုံ ၁၀၀ ပုံ ၁ ပုံတောင် သိချင်မှ သိပါလိမ့်မည်။ သို့သော် ကျွန်တော်အားမငယ်ပါ ။ ဘာကြောင့်လဲ ? ကျွန်တော့်မှာ လေ့လာချင်စိတ် အပြည့်ဝရှိသည်။ အမြဲတစေလဲ လေ့လာသည်။ ဟိုလူ ဒါသိသည် ၊ ကျွန်တော်လဲ သိရမည် ၊ သိအောင်လဲ ကြိုးစားသည်။ ဟိုလူ ဟိုဟာသိသည် ၊ ကျွန်တော်လဲ သိရမည် ၊ သိအောင်လဲ ကြိုးစားမည် ။ စာရေးသူတို့လဲ သိကြမှာပါ Google ဆိုတာကကြီးက Internet ပေါ်က စာကြည့်တိုက်ကြီးတစ်ခုပါပဲ ။ စာဖတ်သူတို့ ဘာသိချင်လဲ ၊ ဘာတက်ချင်လဲ၊ ဘာတွေလေ့လာချင်လဲ ။ Google ထဲမှာ ရိုက်ထည့်လိုက်ယုံနဲ့ မိမိလိုချင်တာနဲ့ အနီးစပ်ဆုံးဖော်ပြပေးလိမ့်မည်။ ကဲဘယ်လောက်လွယ် သလဲ ။ ကျွန်တော် သိချင်သမျှ ဘာပဲလိုလို Google မှာပဲ ရှာကြည့်လိုက်သည်။ ရှာပေးနိုင်သည်။

စာဖတ်သူတို့ကို ဟာသအနေနဲ့ ကျွန်တော်တစ်ခုပြောပြ ပါမည်။ ကျွန်တော် Network နှင့် ပတ်သတ်သမျှကို Google ထဲမှာပဲ ရအောင် ရှာသည်။ သူငယ်ချင်းတစ်ယောက် ကျွန်တော့်နားလာပြီး ဆိုင်ကယ်သော့ပျောက်သဖြင့် လာငြီးနေသည်။ ကျွန်တော်ပြောလိုက်သည် မင်း Google ထဲမှာ My Motorcycle Key လို့ ရိုက်ထည့်လိုက်ပါလားလို့ ဟာသအနေနဲ့တောင် ပြောမိပါသည်။ ထိုမျှလောက် အသုံးဝင် သည်ကို စာဖတ်သူတို့ အကျိုးရှိရှိ အသုံးချစေချင်သည်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေသည့် Social Website ကြီးတွေ ဖြစ်တဲ့ Facebook တို့ Tagged တို့ကိုလဲ ၀င်ရောက် အသုံးပြုစေလိုသည်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လဲ မိမိတို့ ပညာအရေးနဲ့ ပတ်သတ်သမျှကို Internet ပေါ်မှာ ရှာဖွေလေ့လာစေချင်သည်။

နောက်တစ်ခု ကျွန်တော်ပြောချင်ပါသည်။ မြန်မာ Internet user တွေ အသုံးပြုနေတဲ့ Word ပိုင်းနဲ့ ပတ်သတ်လို့ပါ။ အသုံးပြုသူ တော်
တော်များများမှာ Broken English ( မြန်မာအသံထွက်အား English စာလုံးနှင့် ရေးသားသည်။) ကို အသုံးပြုနေတာကိုပါ။ ဒါကလဲ လွဲမှားနေတာ တစ်ခုပါပဲ။ အချိန်အများကြီး အသုံးပြုသည့် တိုင်အောင် ကိုယ့်အတွက် အကျိုးမရှိတာမျိုး ဖြစ်နိုင်ပါသည်။ ကမ္ဘာတစ်ဝှမ်း ရှိ လူမျိုးကြီး တော်တော်များများမှာ ကိုယ့်လူမျိုး စာလုံးကိုသာ အသုံးပြုကြပါသည်။ ကျွန်တော်တို့ အနေနှင့်လဲ English word သုံးသည့် အခါမှာ English စာသုံးတိုင်းသာ အသုံးပြုစေလိုပါသည်။ ပုံမှန်ပြောဆိုမှုကို Simple English မျိုးကို အသုံးပြုလို့ ရပေသည်။ နောက်တခုက ကိုယ့်လူမျိုး စာလုံးကိုလဲ အသုံးပြုစေချင်သည်။ Myanmar word ကိုလဲ ကြိုးစားရိုက်စေချင်သည်။ ခက်သည်ဆိုပြီး မရိုက်လျှင် တစ်သက်လုံး တက်မည် မဟုတ်ပေ။ မည်သူမှ မွေးကတည်းက မတက်သည်ကို သတိပြုစေလိုသည်။ အဓိကကျသည်မှာ မိမိ၏ စူးစမ်းချင်စိတ် လေ့လာလိုစိတ်ပေါ်သာ မူတည်ပါသည်။ အစပိုင်းမှာ ခက်ခဲသော်လဲ နောက်ပိုင်းတွင် လွယ်ကူစွာ ရိုက်နိုင်ပေလိမ့် မည်။ နောင်တစ်ချိန်တွင်လဲ အသုံးဝင်ပေလိမ့်မည်။

တိုးတက်မှုတိုင်းမှာ ကောင်းကျိုး နှင့် ဆိုးကျိုး ထိုနှစ်မျိုးဟာ ဒွန်တွဲနေတက်ပါတယ်။ စာဖတ်သူတို့ကို သတိပြုစေလိုစေချင်သည်က မိမိကုန်ခဲ့သော အချိန် နှင့် ငွေ အပေါ်တွင် ကောင်းကျိုးများသာ သက်ရောက်ဖို့ပါပဲ ။ Internet ပေါ်မှာ လူငယ်တို့လမ်းမှား ရောက်စေ နိုင်သော ညစ်ညမ်း Website များ သိန်းပေါင်းများစွာ ရှိပေသည်။ ထိုအတွက်သာ သင့်ရဲ့ အချိန် နှင့် ငွေကို ကုန်ဆုံးစေပါက သင့်အတွက် အကျိုးယုတ်ယုံ သာဖြစ်ပေလိမ့်မည်။ ထိုသို့ပါက Internet မသုံးတက်သည်ကပင် သင့်အတွက် ကောင်းပေလိမ့်မည်။ Internet ပေါ်တွင် တန်ဖိုးရှိသော Website များကို လေ့လာနိုင်ယုံသာမက ထို Website တည်ဆောက်ပုံများကိုလဲ အချိန်ပေးနိုင်လျှင် ပေးနိုင်သလို လေ့လာနိုင်ပေသည်။

ပညာ နှင့် ပတ်သတ်လျှင် ရှက်ကြောက်သည့် စိတ်မထားသင့်ပါ။ "ပညာရှာ ပမာ သူတောင်းစား" ဆိုသော မြန်မာ စကားပုံအား လူငယ်တို့ လက်ကိုင်ထား သင့်ပေသည်။ သင် မသိခဲ့သည်ရှိသော သင်အသုံးပြုသော Cyber မှ တာဝန်ရှိသူများကို ပြခိုင်း၍ ရပါသည်။ သင့်အနေနှင့်လဲ သူတစ်ခါ လုပ်ပြသည်ကို အတွေးထဲမှာ ဆွဲမြဲအောင် မှတ်ထားသင့်သည်။ တစ်ခါခေါ်ပြခိုင်းသည် ၊ နှစ်ခါခေါ်ပြခိုင်း
သည် ၊ အကြိမ်များလာလျှင် သင်ကိုယ်တိုင် ဆိုလျှင်လဲ စိတ်ရှည်နိုင်မည် မဟုတ်တော့ပေ။ အခွင့်ခါ သင့်တိုင်းမှာ သင့်ရဲ့ Network ပိုင်းအသိပညာကို တိုးတက်အောင် ကြံဆောင်နိုင်အောင် သင်ကိုယ်တိုင်သာ စွမ်းဆောင်ရပေမည်။
မြန်မာ Internet User များ တိုးတက်ရေးကို အစဉ်ရှေးရှုလျှက်....

(ဒီ Post လေးကို ကျွန်တော် Blog စတင်တည်ထောင်ခါစက ရေးသားခဲ့တာပါ။ စာဖတ်သူတို့ ကျွန်တော့်ရဲ့ အမြင်လေးကို ဝေဖန်နိုင်စေ ဖို့ အခုလို ပြန်လည်တင်ပေးခဲ့တာပါ.)

မျှော်လင့်သူ..

ဘ၀မုန်တိုင်း ( ၃ )

အပိုင်း ( ၃ ) အဆက်..

အတိတ်ဘ၀၏ ၀ဋ်ကြွေးများကို အံတုနိုင်စွမ်း မရှိတော့ပါ။ အမေသွားနှင့်ပြီဖြစ်သော တမလွန်သို့ပင် လိုက်သွားချင်စိတ်များ ဖြစ်ပေါ်မိ သည်။ သို့သော် ကံကြမ္မာက ကျွန်တော့်အား ခွင့်မပြု။ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာသော လူ့ဘ၀ကြီးတွင် ဖြစ်ချင်ရာ ဖြစ်စေတော့ဟုပင် စိတ်ထားရပေတော့မည်။ လူ့ဘ၀သည်လည်း ဒီလိုနှင့်ပြီးသွားမည်မဟုတ် ၊ တစ်ခုခုတော့ ရှိအုံးမှာပဲ အတွေးနှင့်ပင် မာန်ကိုပြန်တင်းရသည် အဖေ၏ ကျွန်တော့်ကို ကြည့်၍ ခံစားရသော ခံစားမှုများကို မမြင်လိုတော့....

အဖေ့အသိများ ကူညီမှုကြောင့် အမေ့၏ ရက်လည်အခမ်းနားသည် ဖြစ်သလိုနှင့်ပြီ ပြီးသွားခဲ့ပြီ။ အဖေသည်လဲ ဤအရပ်တွင်ပင် မနေလို တော့။ အမေ၏ ဇာတိဖြစ်သော မြစ်ငယ်သို့သွားရန်ပြောသည်။ အဖေ့၏ အိပ်ထဲတွင်လဲ စားဖို့ပင်အနိုင်နိုင် လမ်းစရိတ်ဆိုသည်ပင် ဝေးစွ။ ထို့ကြောင့် မန္တလေးသို့ သွားမည့်ကားကို လူကြုံလိုက်ရန် စောင့်ကြသည်။ ဒီလိုနှင့် သုံးရက်မြောက်သောနေ့တွင် မန္တလေးကို သွားမည့် ကားကြုံကို ဆက်သွယ်မိ၍ မန္တလေးသို့ လိုက်ခွင့်ပြုရန် အဖေက အကျိုးအကြောင်း ပြောသောအခါ စာနာသနားသောကားသမားကြီးသည် ကျွန်တော်တို့ သားအဖအား လိုက်ရန်ခွင့်ပြုလိုက်သည်။ ထိုနေ့ညနေတွင် ကုန်အပြည့်တင်ထားသော ကားကြီးတစ်စီးနှင့် မန္တလေးသို့လိုက် ရန် ပြင်ဆင်ကြသည်။ အဖေသည် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အား ကားခေါင်မိုးပေါ်သို့ဆွဲတင်ပြီး အောက်မှ ကားသမားကြီးကလဲ တွန်းတင်ပေးသည်။ ထို့နောက် ကားသမား ကြီးသည် ကျွန်တော်တို့ထိုင်ရန် ဂုန်နီအိတ်အခွံသုံးလုံးကို အပေါ်သို့ ပစ်တင်ပေး၍ ကျွန်တော်တို့လဲ ကားသမားကြီးပေးသော ဂုန်နီအိတ်များကို ကားခေါင်မိုးပေါ်တွင် ခင်းထိုင်လျှက် လိုက်ပါခဲ့ကြသည်။

ကုန်ကားကြီးသည် တအိအိမောင်းနှင်လာရာ ခရီးအတော်တန်ရောက်သောအခါ ညသည်ပင် မှောင်စပြုလာသည်။ လမ်းတလမ်းလုံး တွင်အဖေသည် ရှေ့တည့်တည့်ကိုသာ ကြည့်၍ လိုက်ပါလာသည်။ ပတ်ဝန်းကျင်ကိုလဲမကြည့် တချက်တချက်မှပင် ကျွန်တော်တို့ကို လှမ်းကြည့်သည်။ အဖေသည် ကျွန်တော်တို့၏ ရှေ့ရေးကို ကြည့်ပြီး စိတ်လေးနေဟန်ရှိသည်။ အဖေခံစားရသော စိတ်ဒုက္ခများပြေ လျော့စေရန် အဖေ့ကို ပြုံးပြမိသည်။ ထိုအခါ အဖေသည် ကျွန်တော့်ခေါင်းကို ပုတ်၍ " ဆာနေပြီလား " ထိုတစ်ခွန်းသာ မေးသည်။ ကျွန်တော်ခေါင်းခါပြသောအခါ အဖေပြုံးနေသည်။ ကျွန်တော့်အတွက် အားအင်ဖြစ်စေသည်။

ကောင်းကင်ယံမှာ ကြယ်ကလေးများသည် မှိတ်တုတ်မှိတ်တုတ်နှင့် အစွမ်းရှိသလောက် လင်းလက်နေကြသည်။ ထိုကြယ်ကလေးများ ကို မော့ကြည့်ရင်း ခံစားမိသည်က ကြည်နူးခြင်းလော၊ ၀မ်းနည်းခြင်းလော ၊ ၀မ်းသာခြင်းလော ဘာကိုမှ တိတိကျကျမသိ။ အရင်က ဆိုလျှင် ကောင်းကင်မှ ကြယ်ကလေးများကို မြင်လျှင် စိတ်ထဲတွင် ကြည်နူးမိ၍ ထိုကြယ်ကလေးများကို ကြည့်ကာ အမျိုးမျိုး စိတ်ကူး ယှဉ်ခဲ့ဖူးသည်။ ယခုသော် ထိုခံစားမှုမျိုး ခံစားကြည့်သည် ခံစား၍ မရ။ လောကကြီးက ကျွန်တော်တို့အပေါ် ပြောင်းလဲသွားပြီလား၊ ကျွန်တော်တို့ကပဲ လောကကြီးပေါ် အတွေးအမြင် ပြောင်းလဲသွားပြီလား ဝေခွဲ၍ပင် မရနိုင်တော့ပြီ။

ခေါင်းထဲတွင် ရှုပ်ထွေးနေသော အတွေးများနှင့် ရုံးထွက်၍ မရဖြစ်နေသည်။ လောကကြီးထဲတွင် လူဖြစ်နေရသည်မှာ ထိုမှပင်ကြမ်း တမ်းခက်ထန်၍ ပင်ပန်းလွန်းလှသည်ကို ကံကြမ္မာကသိအောင် သင်ခန်းစာပေးလိုက်သည်လား။ ကျွန်တော့်အတွက် မစောလွန်းဘူး လား ကံကြမ္မာ အတွေးနယ်ထဲတွင် မည်မျှထိ ခရီးသွားနေသည် မသိ။ တွေးနေရင်းနှင့်ပင် အိပ်ပျော်သွားခဲ့သည်။

အပိုင်း ( ၄ ) ဆက်လက်ဖတ်ရှုရန်...

ဖတ်ရှုရန် အပိုင်း ( ၁ )အပိုင်း ( ၂ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Monday, December 28, 2009

ဘ၀မုန်တိုင်း ( ၂ )

အပိုင်း ( ၁ ) အဆက်..

နောက်တစ်နေ့တွင် အဖေသည် အနီးနားရှိ ၀ါးရုံမှ ၀ါးများကိုခုတ်လေသည်။ အစ်ကိုနှင့် ကျွန်တော်သည် အဖေခုတ်ထားသော ၀ါးများကို မနိုင့်တစ်နိုင်သယ်ကာ အဖေထားစေလိုသည့် နေရာတွင် စုပုံထားကြသည်။ အဖေ ဘာလုပ်မည်မသိ။ သားအဖသုံးယောက်သည် ဆွံ့အသူ များနှယ် တစ်ယောက်ကိုတစ်ယောက် စကားမပြောပဲ အလုပ်လုပ်နေကြသည်။ ထို့နောက်အဖေသည် ၀ါးများကို အတိုအရှည်တိုင်းဖြတ် ကာ မြေကြီး ကျဉ်းတူး၍ တိုင်စိုက်လေသည်။ ထို့နောက် စိုက်ထားသောတိုင်များပေါ်တွင် ၀ါးတန်းများတင်ပြီး အနီးနားရှိ အင်ဖက်များကို ခူးကာ အမိုးမိုးလေသည်။ ထိုအခါမှပင် အဖေသည် ကျွန်တော်တို့မိသားစုနေထိုင်ရန် တဲတစ်လုံးဆောက်နေသည်ကို သိကြသည်။ ပြီးလျှင် အမေ့ကို တဲအတွင်းရှိ ၀ါးကွပ်ပြစ်ပေါ်တွင် အိပ်နေစေပြီး အဖေအပြင်သို့ထွက်သွားလေသည်။

ခဏကြာသောအခါ အဖေပြန်လာသည်။ လက်ထဲတွင်လည်း ဂုန်နီအိတ်နှင့် ပစ္စည်းအချို့ ထည့်ကာပါလာသည်။ ဂုန်နီအိတ်ကို ချ၍ ပစ္စည်း များထုတ်လိုက်သောအခါ ဒန်အိုးတစ်လုံး ပန်းကန်နှစ်ချပ်နှင့် ဆန်အနည်းငယ် ပါလာသည်ကို တွေ့ရသည်။ အဖေသည် ဘာမှမဖြစ်သည့် သူအလား မိသားစုအတွက် မပင်မပန်းအလုပ်လုပ်နေသည်။ ထိုအချိန်တွင် ကျွန်တော်တွေးမိသည်ကား လောကတွင် သတ္တိအရှိဆုံး ကျွန်ုပ် တို့၏ သူရဲကောင်းကို ပြပါဆိုလျှင် အဖေ့ကိုပင်လက်ညှိုးထိုးမိပေလိမ့်မည်။

အဖေ့အလုပ်သည် ထိုမျှနှင့်မပြီး ၀ါးရုံမှအကြီးဆုံးဝါးကိုခုတ်ပြီး ရေထည့်ရန် ကြည်တောက်လုပ်ကာ ချောင်းရှိရာဘက်သို့ ထွက်သွား လေသည်။ ရေများထည့်ထားသော ၀ါးကြည်ထောက်ကို ထမ်း၍ အဖေပြန်လာသည်။ ထို့နောက် ဒန်အိုးထဲ ဆန်အနည်းငယ်ထည့်ဆေး ပြီး ကျောက်ခဲသုံးလုံးဆိုင်ကာ ထမင်းအိုးတည်လေသည်။ ထမင်းကျက်သောအခါ ပါလာသော ပန်းကန်နှစ်ချပ်တွင် အဖေနှင့်အမေအ တွက်ထည့်ကာ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်အတွက် အနီးရှိအင်ဖက်ကို ခူးပြီး ထမင်းကို ထည့်ပုံ၍ စားကြသည်။ ဘ၀မှာ ဟင်းမ ပါပဲ ထမင်းစားရခြင်းမှာ ယခုပထမဆုံးဖြစ်သည်။

ကျွန်တော်တို့မိသားစုသည် ထမင်းများကိုကြည့်ကာ မည်သူမှ မစားကြပေ။ ဟင်းမပါ၍မဟုတ် ၀မ်းနည်းခြင်းများ ၊ဆို့နင့်ခြင်းများနှင့် ပြည့်နေသောကြောင့်ပင် ဖြစ်သည်။ အဖေသည်လဲ ကျလာသော မျက်ရည်များကို ကျွန်တော်တို့ မြင်မှာစိုး၍ တစ်ဖက်သို့လှည့်ကာ မျက်ရည်များကို သုတ်နေသည်။ ဤသို့ဖြစ်ပင် လောကကြီးသည် အမှောင်ဘက် စတင်ဝင်ရောက်ခဲ့လေပြီ။

ညအမှောင်သည် ယခုမှပင်ပို၍ မှောင်သည်ဟု ခံစားရသည်။ လောကကြီးတွင် ဘယ်အရာမှမရှိတော့သည့်နှယ်ပင် အမှောင်ထုကြီးက လွှမ်းရုံသွားပြီးလားဟု တွေးမိသည်။ အဖေနှင့်အစ်ကိုသည် အသိများထံ အကူညီတောင်းရန်ထွက်သွားကြသည်။ ထိုအချိန်တွင် အမေ့ ငြီးသံကိုကြားလိုက်ရသည်။ အမေချမ်းနေမည်စိုး၍ အဖေ၏ ကျန်ရစ်သော တစ်ထည်ထဲသော ပုဆိုးကို အမေ့အား ခြုံပေးလိုက်သည်။ အမေနွေးပါစေတော့...............


အမေသည် စိတ်ဖိစီးမှုဒဏ်ကို ပို၍ပို၍ခံစားလာရပြီး လောကကြီးကို အံမတုနိုင်တော့ပဲ ငါးရက်မြောက်သောနေ့တွင် ဘ၀၏ နိဂုံးဆို သောအရာကို ပိုက်၍ တမလွန်ခရီးကို သွားခဲ့လေပြီ။

လောကကြီးတွင် အကြီးမားဆုံးအရာတစ်ခုရှုံးဆုံးခြင်းကို ဒုတိယတစ်ကြိမ်ခံစားလိုက်ရပြီး လောကကြီးတစ်ခုလုံး ချာချာလည်သွား သည်ဟုပင် ထင်ကာ သတိပင်မေ့မျောသွားခဲ့သည်။

သား .... သတိရပြီလား.

အဖေ့၏ ဆို့နင့်ကြေကွဲသံကိုကြားလိုက်ရသည်။ အဖေ့၏အသံကို ကြားလိုက်ရမှ ကျွန်တော်မေ့လျောသွားမှန်းသိလိုက်ရသည်။ သတိရ သည်နှင့် ကျွန်တော်ဆုတောင်းမိသည်ကား....

" ၀ဋ်ကြွေးများရှိခဲ့ရင် ဤမျှနှင့် ကြေပါစေတော့.. "

အပိုင်း ( ၃ ) ဆက်လက်ဖတ်ရှုရန်....

ဖတ်ရှုရန် အပိုင်း ( ၁ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Sunday, December 27, 2009

ဘ၀မုန်တိုင်း ( ၁ )

လောကကြီးထဲမှာ လူရယ်လို့ဖြစ်လာရင် လောကကြီးကပေးတဲ့ လောကဓံတရားကို ရင်ဆိုင်ကြုံတွေ့ရပေမည်။ လောကဓံတရားက အ ကောင်းချည်းပဲ ဖန်ဆင်းပေးထားတာမဟုတ်သလို အဆိုးချည်းလဲဖန်ဆင်းမပေးပဲ ညီမျှစွာကြုံတွေ့စေသည်။ အကောင်းများနှင့် ရင်ဆိုင်
တွေ့တဲ့အခါမျိုး မှာ လောကကြီးရဲ့ ဆင်းရဲပင်ပန်းမှုတွေကို မသိပဲ တကယ်တမ်း အဆိုးများနှင့် ရင်ဆိုင်လာတဲ့အခါမှာ ဘ၀ကို အရှုံးပေး
လိုက်တဲ့သူတွေ များစွာရှိနေပါတယ်။ သိုနှင့် ဆန့်ကျင်ဘက် အဆိုးများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး လုံ့လ၀ီရိယ၊ အားအင်အပြည့်နှင့်ငယ်
ရွယ်တဲ့ဘ၀ကို လမ်း မှန်ပေါ်ကနေဖြတ်သန်းလာတဲ့ လူတစ်ယောက်အကြောင်းကို စာရေးသူ အနေနဲ့ စာဖတ်သူတို့ သိစေလို့ငှာဖော်
ပြချင်ပါတယ်။ အခု စာရေးသူ ဖော်ပြသည့် မှတ်တမ်းလေးမှာ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က လူတစ်ယောက် ကိုယ်တိုင်
ကြုံတွေ့ရသည် များဖြစ်ပါသည်။


အပိုင်း ( ၁ )

နေမင်းကြီးသည် အနောက်ဘက်တောင်စောင်းတွင် မေးတင်ပြီး လောကတခွင်အား နှုတ်ဆက်ရောင်ခြည်များဖြင့် ဖြန်းပက်လျှက်ရှိရာ နေရောင်ခြည်၏ အလှအပရောင်စုံများကို ခံယူလျှက် လေညှင်းလေးများ၏ တေးသွားအတိုင်း ညိမ်းနွဲ့လျက်ရှိသော အညာဒေသ၏ အမှတ်သညှာ ထန်းပင်များမှာ လယ်ကွင်းများထဲတွင် အစီရီရှိနေသည်။

ထိုသို့ လောက၏ သဘာဝအလှတရားများကို ခံစားရင်း စိတ်အစဉ်သည် အဆုံးမရှိ မျောလွင့်နေမိသည်။ အပူပင်ဟူသည်ကို ဘာမှမသိ သေးသော အရွယ်တွင် သူငယ်ချင်းများနှင့်အတူ ဤနေရာတွင် ဆော့ကစား၍ ပျော်ပါးခဲ့ကြဖူးသည်။ ယခုသော် ဤနေရာသည် ကျွန် တော့်အတွက် အမှတ်ရစရာပင်လား လွမ်းမောစရာပင်လား ကြေကွဲစရာလား ဆိုသည်ကိုပင် မဝေခွဲနိုင်တော့ပေ။

ဤနေရာလေးကို ရောက်မှပင် အမေ့ကိုတမ်းတခြင်းများနှင့်အတူ အတိတ်ကိုပြန်သတိရစေသည်။ ဤနေရာလေးသည် ငယ်စဉ်က သူ ငယ်ချင်းများနှင့်အတူ ဆော့ကစားနေစဉ် အမေသည် အမြဲတမ်းရောက်လာတက်ပြီး ကစားရာမှပေကျံနေသော ဖုန်များကို အမေ့၏ ကြင်နာသောလက်ဖြင့် တယုတယသုတ်ပေးရင်း အိမ်ကိုပြန်ခေါ်သွားစမြဲပင်ဖြစ်သည်။ အမေ့ကို သတိရမိသောအခါ အတိတ်ကခါးသီး စွာခံစားခဲ့ရသော ဘ၀ကို ပြန်လည်တမ်းတ သတိရမိသည်။

လွန်လေခဲ့ပြီးသော နှစ် ( ၃၀ ) ကာလ........

အညာဒေသမှ အမေ့ဆွေမျိုးများအား နှုတ်ဆက်ကာ မိသားစုအလိုက် မိုးကုတ်နယ်မြေသို့ ထွက်လာခဲ့ကြသည်။ နယ်မြေသစ်က နေ သားမကျ။ ကျွန်တော့်အတွက်တော့ ဘာလုပ်ရမည်မသိ။ သူငယ်ချင်းများလဲမရှိ၊ သူငယ်ချင်းများနှင့် အတူကစားခဲ့သော ကွင်းပြင်နှင့် ထန်းတောလဲမရှိ။ သို့သော် မိသားစု၏ နွေးထွေးမှုအပြည့်ရှိနေသည်။ ဤသည်ကပင် ကျွန်တော့်အတွက် ပြည့်စုံပြီလော ၊ တခုခုလို သည်မှာတော့ အမှန်ပင်။ ဘာကိုမှန်းတော့ သေချာမသိ သူငယ်ချင်းများ ၊ ကွင်းပြင်ကြီးနှင့် ထန်းတောကြီးပင်ဖြစ်နေမလား။ ရေရေရာ ရာမသိတော့ပါ။ မိသားစု၏ မိုးကုတ်နယ်မြေတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကာ ပျော်ရွှင်အေးချမ်းစွာဖြင့် နေထိုင်ခဲ့သည်မှာ နှစ်ပင် ကြာခဲ့ပေပြီ။ စီးပွားဖြစ်ကာ အတော်တန်စုမိသောအခါ မွေးရပ်မြေဖြစ်သော ပြင်ဦးလွင်မြို့သို့ ပြန်လည်ပြောင်းရွှေ့ကာ စီးပွားရေးလုပ် ကိုင်စားသောက်ရန် အဖေ၊ အမေ နှင့်အစ်ကိုတို့ တိုင်ပင်နေသည်ကို ကြားသောအခါ မွေးရပ်မြေဖြစ်သော ပြင်ဦးလွင်မြို့သို့ ပြန်ရမည် ကိုတွေးကာ ပျော်နေမိသည်။ သို့သော်ကံကြမ္မာကား အပျော်ဘက်သို့ပင် မရောက်ရှိမှီ ကြမ်းတမ်းသော မုန်တိုင်းများ ထခဲ့လေပြီ.....

" မီးလောင်နေတယ်ဗျို့ မီးမီး "

အော်သံများကြား၍ ရုတ်တရက်လန့်နိုးလားပြီး ခေါင်းထောင်ကြည့်လိုက်သောအခါ အိမ်ခေါင်မိုးအား မီးများစွဲလောင်နေသည်ကို မြင် လိုက်ရသည်။ ကြောက်လန့်တကြားနှင့် အိမ်အပြင်သို့ပြေးထွက်ခဲ့မိသည်။ နောက်ပြန်၍ လှည့်ကြည့်လိုက်သောအခါ အိမ်တစ်ခုလုံးကို မီးတောက်က၀ါးမြိုထားပြီး အပူရှိန်မှာလဲ ပြင်းလွန်းသောကြောင့် ခပ်လှမ်းလှမ်းမှ ရပ်ကြည့်ကာ မှင်တက်နေမိသည်။ ထိုနောက်အမေ့ရဲ့ ယုယစွာဖက်တွယ်သော အထိတွေ့ကို ခံစားမိမှ ပြန်လည်သတိရလာကာ အမေ့အားဖက်၍ အားရပါးရငိုမိလေသည်။

" မသေကောင်းမပျောက်ကောင်း သားလေးရယ် "

အမေ့၏ ဆို့နင့်ကြေကွဲသံကို ကြားရမှ ၀မ်းနည်းခြင်းသည် တားဆီးမရအောင်ဖြစ်ကာ သတိမေ့မတက်ပင်။ အမေသည် ကျွန်တော့်ကို ဖက်ပြီး မီးလောင်ကျွမ်းနေသော အိမ်ကိုငေးကြည့်နေပြီး မျက်လုံးမှ မျက်ရည်များ တသွင်သွင် စီးကျနေလေသည်။ အဖေ နှင့် အစ်ကို သည်လဲ ဘ၀ကို မီးရှို့သကဲ့သို့ ခံရသော ခံစားမှုများနှင့်အတူ မျက်ရည်များကျကာ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ပြီး ကြေကွဲ ၀မ်းနည်းနေကြသည်။

"ဘာတက်နိုင်မှာလဲကွာ ဒီလောက်လဲ ၀မ်းမနည်းကြပါနဲ့"

အဖေ့ရဲ့ အားပေးစကားသံများသည် ဆို့နင့်သံများနှင့် လွှမ်းမိုးနေပြီး မျက်ရည်များနှင့်ရောထွေးနေသည်။ မီးငြိမ်းသွားသောအခါ ကျွန် တော်တို့မိသားစုသည် မီးလောင်သောနေရာသို့သွားကာ ဟိုဟိုဒီဒီရှာကြည့်ခဲ့သည်။ တစ်နေရာတွင် ဂုန်နီအိတ်ကြိုးနှင့်ချည်လျှက်ရှိပြီး မီးလောင်ကျွမ်းထားသော ပိုက်ဆံများကိုမြင်သောအခါ အမေသည် ထိုအရာများကိုကြည့်၍ သတိလစ်မေ့မျောသွားလေသည်။

အဖေသည် အမေ့အား အသိတစ်ယောက်အိမ်သို့ပွေ့ချီသွားပြီး သတိရလာစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားလေသည်။ ကျွန်တော် သည်ဘာလုပ်ရမှန်းမသိပဲ အစ်ကို့ဘေးနားတွင် ထိုင်နေမိသည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည်လဲ ဆွံ့အသူများပမာ စကား မပြောနိုင်တော့ပေ။ ဘ၀သည်ကား ကံဆိုးမိုးမှောင်ကျခဲ့လေပြီ.....

အပိုင်း ( ၂ ) ဆက်လက်ဖတ်ရှုရန်..

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Friday, December 25, 2009

Happy Holiday

ဒီနေ့ ဒီဇင်ဘာ 25 ရက်နေ့ ခရစ္စမတ်နေ့ အားလပ်ရက်လေးမှာ ကျွန်တော် မိသားစုနဲ့ အတူတူ ပျော်ရွှင်ဖွယ်အချိန်လေးကို ဖြတ်သန်းခဲ့ ပါတယ်။ မနက်အိပ်ရာက ထတော့ 10 နာရီထိုးပြီ။ ဒါနဲ့ အိမ်ကမေမေတို့က အပြင်သွားဖို့ပြင်တယ်။ ကျွန်တော်က ခဏလေး ဆိုင်ကယ် Workshop ကိုပြေးပြီး ဆိုင်ကယ်ပြင်စရာလေးတွေပြင်လိုက်တယ်။ ပြန်ရောက်တော့ အားလုံးအဆင်သင့်ဖြစ်နေပြီလေ။ ဒါနဲ့ လည်ပတ် ဖို့ စတင်လိုက်တယ်။ ပထမဆုံး သွားတဲ့နေရာလေးကတော့ မကွေးမြို့စွန် မြစ်ကမ်းနဖူးပေါ်မှာ တည်ထားတဲ့ မြသလွန်စေတီတော်ဆီ ကိုပေါ့။ ဖေဖေအတွက် ရည်စူးပြီး အလှူငွေထည့်ကြတယ် ။ ဘုရားမှာ ခဏလောက်နားပြီး ဓာတ်ပုံရိုက်လိုက် ၊ ဟိုနားလျှောက်လိုက် ဒီနားလျှောက်လိုက်နဲ့ လုပ်နေခဲ့ကြတယ်။ ညက ဖုန်းကို အားသွင်းဖို့မေ့သွားတော့ .. တကယ်လဲ ရိုက်မယ်ကြံတော့ ဘထ္ထရီက ကုန်ရော ဒါနဲ့ပဲ နောက်ပိုင်း အအေးဆိုင်သွားပြီး စားသောက်တာလေးတွေ မှတ်တမ်းတင်ဖို့ ကျန်သွားခဲ့တာပေါ့။ ပျော်ရွှင်စရာ အားလပ်ရက်မှာ ဒီတစ်ခုကလွဲလို့ အချိန်တွေအားလုံး ပျော်ရွှင်ခဲ့ရပါတယ်။ မိသားစုနဲ့ သွားရတဲ့အချိန်လေးတွေမှာ ရင်ထဲမှာ နွေးထွေးနေမိပါတယ်။
စာဖတ်သူတို့အားလုံးလဲ ပျော်ရွှင်စရာအားလပ်ရက်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက် ပါတယ်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ


ချစ်ညီငယ်ဆုံးလေး


အိုက်တင်ပေးကောင်းတဲ့ ဇာတ်လိုက်လေး


လူတက်လေးပါ :)


ဝမ်းကွဲညီမလေး၊မေမေ၊ညီလေးနဲ့ ကုလားလေး


ညီလေး


ချစ်ညီငယ်ဆုံးလေး


ကျွန်တော်နဲ့ ကုလားလေး


ညီလေး


ချစ်စရာ ညီငယ်ဆုံးလေး


ပဲပေးကြမ်းတဲ့ ကိုကိုပါ.


စာရေးသူ ကျွန်တော်


ညီလေး


အဟမ်း အဟမ်း


အိနြေ္ဒကြီး တစ်ခွဲသားနဲ့ပေါ့.


မိသားစုလေးပေါ့


Happy Holiday


Happy Merry X'mas , Holiday & New Year.

Thursday, December 24, 2009

Merry X'mas and Happy New Year







ခရစ္စမတ် နှင့် နှစ်သစ်ကူးမှာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ကျွန်တော် စာရေးသူဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော် ခရစ္စမတ် ရောက်တိုင်း ပျော်ရွှင်ကြည်နူးနေတက်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ မိရိုးဖလာ ကိုးကွယ်မှုထက် ဘုရားဟော တရားတော်တွေကို ယုံကြည်သက်ဝင်ပြီး ကိုးကွယ်ခဲ့တာပါ။ အခုလို ခရစ္စမတ်ရောက်ရင် ပျော်ရွှင်မိတာကတော့ ကျောင်းပိတ်ရက်ရှည် ရလို့ပါပဲ ။ ကလေး ဘ၀တုန်းက ဒီဇင်ဘာကျောင်းပိတ်ရက်ကို မျှော်မိတယ်၊ ခရစ္စမတ် ရက်မတိုင်ခင် ကျောင်းပိတ်တာကိုလဲ အတွေးထဲ စွဲနေခဲ့တယ်။

ကျွန်တော့်တို့ငယ်ငယ်က မှတ်မိပါသေးတယ်။ ခရစ္စမတ်ရောက်ရင် ဘေးအိမ်က ကရင်မမလေးတွေက လာခေါ်တယ်။ နာမည်တော့ မမှတ် မိတော့ဘူး အဲ သေချာတာကတော့ ရှေ့စလုံးက နော် ပဲ :) သူတို့က သူတို့နဲ့ အတူတူ နှစ်ခြင်း ဘုရားရှင်ခိုးကျောင်းကို လိုက်ခဲ့ ဖို့ပါ။ ကျွန်တော်တို့က ကလေးဆိုတော့ မေမေတို့ကို ခွင့်တောင်းရတယ်။ အဲတုန်းက ဖေဖေပြောတဲ့ စကားတစ်ခွန်း ရင်ထဲမှာ အမြဲမှတ်မိ နေတယ်။ ငါ့သား လိုက်သွားပါ. မင်းအတွက် ဗဟုသုတ တစ်ခုရတာပေါ့။ ဖေဖေပြောချင်တာက ကိုယ့်ဘာသာကို ဘယ်တော့မှ မမေ့ပါနဲ့ ၊ ရင်ထဲမှာ သိမ်းထားပါ၊ ဒီလိုလိုက်သွားတော့လဲ သား အမြင်သစ်တွေတွေ့မြင်ရမှာပေါ့။

ဘုရားကျောင်းရောက်ရင် မုန့်တွေလဲ စားရတယ် ၊ နောက်ပြီး သူတို့ ဂစ်တာနဲ့ ဆိုတဲ့ သီချင်းတွေကလဲ အရမ်းနားထောင်ကောင်းတယ်၊ နောက် ကျောင်းသားတွေကတဲ့ ပြဇာတ်တွေကလဲ ပျော်ရွှင်စရာပေါ့ ။ အပြန်မှာလဲ လက်ဆောင်ကလေးတွေရတာတက်တယ်။ ညပိုင်းရောက်တော့လဲ သူတို့ အိမ်ရှေ့မှာ သီချင်းလာဆိုကြတယ်။ ဒါကြောင့်လဲ ကျွန်တော် ခရစ္စမတ်နဲ့ ရင်းနှီးကျွမ်းဝင်ရှိလာခဲ့ပါတယ်။

ကျွန်တော်တွေးမိပါတယ်။ ပြည်ထောင်စုထဲမှာ ညီကိုမောင်နှမတွေ မည်သည့်ဘာသာပဲ ကိုးကွယ်သည်ဖြစ်စေ၊ အားလုံးရည်မှန်းချက် ပန်းတိုင်က လောကကြီးငြိမ်းချမ်းဖို့ ဦးတည်နေတဲ့အတွက်.. ကျွန်တော်လို ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်အနေနဲ့ ဒီဇင်ဘာ 25 နေ့မှာ Merry X'mas လို့ ပြောတာ အပြစ်မဟုတ်ဘူးလို့တွေးမိပါတယ်။

ဘာလိုလိုနဲ့ လူ့ဘ၀က ခဏလေးဆိုတဲ့ အတိုင်းတာကို ပြသခဲ့ပြန်ပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ခရစ်သက္ကရစ် 2009 ကနေ 2010 ကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ တစ်နေ့တစ်နေ့ ဘ၀အတွက် ကြိုးစားရုန်းကန်ခဲ့နေတဲ့အတွက် တစ်နှစ်တစ်ကြိမ် ဒီရက်ကလေးရောက်မှပဲ သြော် မနှစ်ကထက် ငါတစ်နှစ်ကြီးသွားပါပြီလားလို့တွေးမိတယ်။ လူ့ဘ၀က တိုတောင်းလွန်းလှပါတယ်။ ဒါကို ဒီရက်ပိုင်းအတွင်းမှာ စာဖတ်သူတို့ခံစားမိမှာသေချာပါတယ်။ ကုန်ဆုံးသွားတဲ့နေ့ရက်တွေမှာ ရှိခဲ့တဲ့ အပူပင်တွေကို ဖယ်ရှားပြီး နှစ်သစ် မှာ စာဖတ်သူတို့ ခွန်အားအပြည့်နဲ့ မိသင်္ဂဟများနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ စာရေးသူ ဆုတောင်းပေးလိုက်ပါတယ်။

စာဖတ်သူအားလုံး Merry X'mas and Happy New Year .....

အစဉ်လေးစားလျှက်

မျှော်လင့်သူ..

Today (24.12.2009)

ရေမိုးလေး ချိုးပြီး စိတ်ထဲလန်းလန်းဆန်းဆန်းလေး ရှိတာနဲ့ ကွန်ပြူတာရှေ့ ၀င်ထိုင်လိုက်တယ်။ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတယ်။ Hero Game ခုတ်မယ် စိတ်ကူးတယ်။ဒါလဲမကောင်းပါဘူး ဘာလို့လဲ ဆိုတော့ ရှုံးရင် စိတ်တိုနေရတယ်။ ကိုယ့်ဘက်ကကောင်က အသုံးမကြရင်လဲအော်နေရတယ် မမိုက်ပါဘူး။ Chatting ၀င်ရင်ရော.. ပိုဆိုးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အွန်လိုင်းပေါ်မှာ ကျွန်တော်နဲ့ အကြောတဲ့တာရှားတယ်။ ပေါ့ပေါ့လေးတွေ ကများတယ်ဗျ။ အဲကြရင် ဒေါကန်ရပြန်ကော.. ဒါနဲ့ Blog ရေးမယ်စဉ်းစားတယ်။

အဲ ခက်ရော. အခုရက်ပိုင်းက အပြင်သွားနေရတာနဲ့ ရေးစရာ အကြောင်းကလဲ မရှိပြန်။ နောက်ဆုံးတော့ မနိုင်းနိုင်းမပန်းရင့် နောက် ကိုညီလင်းဆက် တို့ Blog စာမျက်နှာလေးထက်ကို ရောက်ခဲ့တာပေါ့. အပန်းဖြေ ဟိုလှန်ဒီလှန်ဖတ်မိ တယ်။ တွေးမိတယ် တစ်ခါတစ်လေး) သူတို့ကြတော့ အရေးသားကောင်းလိုက်တာ ၊ ကျွန်တော်ကျတော့ ခေါင်းထဲကကို ထွက်မလာဘူး ဟိဟိ တစ်ခါတစ်လေ Blog တစ်ပုဒ်ရေးဖို့ စဉ်းစားလိုက်တိုင်း ခေါင်းတောက်သွားတယ်။ အစက ဒီ Blog ကလေးကို တိုထွာလေးတွေ ရေးဖို့ စီစဉ်ထားတယ် ဒါပေမယ့် မပန်းရင့် က ကိုယ်လဲရေး သူများလဲ ဖတ်တော့ကော အဆင်မပြေဘူးလားတဲ့။ ကိုယ့်ဆိုဒ်မှာ ကိုယ်သွားဖတ်နေကြ ဆိုဒ်ရဲ့ link ကလေးတွေချိတ်ထား ဒါဆိုကိုယ်လဲ ဖတ်မိတယ် ။ နောက် သူများတွေလဲ ကိုယ့်ဆိုဒ်ကလေးကို လာဖတ်ရင်းနဲ့ သွားဖတ်လို့ရတယ်။ နောက် ဆိုဒ်ကလေးကိုလဲ ပြင်ဖို့ပြောလာတယ်။ ဒါကြောင့်လဲ ကျွန်တော်လုပ်ဖြစ်သွားတာပါ။ လာဖတ်တဲ့ စာဖတ်သူတို့ကိုလဲ အားနာမိပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ၀ါသနာလေးကို သည်းခံပြီး အစဆုံးတော့ ဖတ်ပေးစေလို ပါတယ်။ ဆန္ဒလေးပေါ့ဗျာ.း)

Topic ထဲမှာ ဦးတည်ရာမရှိတဲ့ topic က ရုပ်ဆိုးတယ်လို့ကြားမိတယ် . အခုလို topic လေးပေါ့.. ဘာပဲဖြစ်ဖြစ်ပါ. ခေါင်းထဲထွက်လာ တာလေး ချရေးမိတာပါ.

စာဖတ်သူတို့အား အစဉ်လေးစားလျှက်.


မျှော်လင့်သူ...

Saturday, December 19, 2009

နွေးထွေးသော နေ့ရက်များ

ကျွန်တော်တို့မှာ မိသားစု ငါးယောက်ရှိပါတယ်။ မေမေမွေးခဲ့တာတော့ ကျွန်တော့်အောက်သုံးနှစ်ငယ်တဲ့ ညီလေးတစ်ယောက်ရယ်ပါ။ ဒါပေမယ့် ဖေဖေမဆုံးခင်မှာ ညီလေးတစ်ယောက်ကို မွေးစားခဲ့ပါတယ်။ ဖေဖေက ၂၀၀၆ ဇွန်လ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ကို အပြီး တိုင်နှုတ်ဆက်ပြီး လူ့လောကကြီးကထွက်ခွာသွားခဲ့ပါတယ်။ ကျွန်တော်တို့ ထမင်းစားဝိုင်းလေးမှာ အိမ်ထောင်ဦးစီးနေရာလေး လွတ် သွားခဲ့ပါတယ်။ အခုလဲ နောက်ထပ်တစ်နေရာလွတ်ခဲ့ပြန်ပြီ။ အဲဒါကတော့ ညီလေးပါ.. သူ ၁၀ တန်းအောင်တော့ စစ်တက္ကသိုလ်တက် ဖို့ရွေးချယ်ခဲ့ပါတယ်။ သူအရမ်းစိတ်အားထက်သန်နေတော့ ကျွန်တော်နဲ့ မေမေ မတားဖြစ်ခဲ့ပါဘူး။ သူဖြစ်ချင်တာကိုဖြစ်အောင် လုပ် ပေးခဲ့ပါတယ်။ ဖေဖေ့ဆန္ဒလဲ ပါခဲ့တယ်လေ။ ညီလေးက ကျွန်တော်တို့ကို ခွဲပြီး ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ သွားတက်နေတာ အခုဆို တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ အခု ဒီဇင်ဘာလ ၁၆ ရက်မှာ ညီလေး ပြန်ရောက်လာတယ်။ ပထမနှစ်သင်တန်းဆင်းပြီး ပြန်လာရတာပါ။ ခွင့်က ၁ လမပြည့်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မိသားစုလေး စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်နေခဲ့ကြပါတယ်။ ဒီလိုမိသားစု ဆုံဆည်း ခွင့်ရတဲ့ အချိန်လေးတွေကို အမြဲတန်ဖိုးထားနေမှာပါ.


မေမေ ၊ ညီလေးနဲ့ ညီအငယ်ဆုံး ကုလားလေး


ညီလေးနဲ့ ညီအငယ်ဆုံး ကုလားလေး


ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ချစ်မေမေ


စာရေးသူ ကျွန်တော်နှင့် ညီအငယ်ဆုံး ကုလားလေး


သြော် အတူရှိခဲ့တဲ့အချိန်တွေမှာ ရင်ထဲမှာ သိပ်မသိခဲ့ပေမယ့် အခုလို မိသားစုအင်အား နည်းပါးတဲ့အချိန်မှာ ခွဲနေရတော့ အရမ်းပဲ နာကျင်မိပါတယ်။ စာဖတ်သူတို့လဲ မိသားစုနဲ့ အတူနေရတဲ့အချိန်လေးတွေကို တန်ဖိုးထားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.။

မျှော်လင့်သူ

Thursday, December 17, 2009

The Best Goal of Chelsea FC (2006-07)

စာရေးသူ ကျွန်တော်ဟာ နိုင်ငံခြားဘောလုံးပွဲတွေကို စတင်အားပေးခဲ့တဲ့အချိန်ကစပြီး Chelsea FC ကို တစိုက်မက်မက်အားပေးလာ ခဲ့တာပါ။ အားပေးခါစ အချိန်တုန်းက Chelsea ပွဲတွေဆိုရင် သိပ်မကြည့်ခဲ့ရပါဘူး ။ အိမ်ကလဲ ဘောပွဲဆို ငယ်သေးတော့ ပေးမလွတ်ဘူး ဒါပေမယ့် PS2 ကစားတိုင်း Chelsea အသင်းပဲကစားတယ်။ Result တွေလဲ နားထောင်ခဲ့တယ်။ Chelsea ပွဲဆိုရင် လည်ပင်းလေးရှည် နားလေးထောင်ပြီးသားပဲ။ အခု ဒီ Post လေးမှာ 2006 - 2007 ရာသီ အကောင်းဆုံး Goal တွေကို youtube ကနေဆွဲပြီး ၀ါသနာတူ ဘော်ဒါတွေအတွက် တင်ထားပေးပါတယ်။




မျှော်လင့်သူ

Wednesday, December 16, 2009

မြှားနတ်မောင် ( ၃ )

အပိုင်း ( ၂ ) အဆက်..

ကဲ ဘော်ဒါတို့ရေ ကျွန်တော်အပျင်းလေး ထပ်ပြီး အပို်င်းဆက်ကလေးကို ရေးလိုက်ပါတယ်။

ကျွန်တော်တို့ ဘော်ဒါတွေ 528 ဆိုတဲ့ ဘိလိယက်ခုံလေးမှာ အပန်းဖြေနေခဲ့ကြတယ်ပေါ့။ ညနေစောင်းလောက်အထိပေါ့ ။ ခ ဏလောက်ကြာတော့ ဘသားချောက ရောက်ချပါလေရော။ အဲ ထူးဆန်းဖို့ကောင်းတာက ပြန်ပို့ခိုင်းလိုက်တဲ့ ကောင်မလေးက ပါလာလေ ရဲ့။ ဒီကောင်တော့ အစီစဉ်မရှိဘာမရှိနဲ့ပေါ့ ။ မငေါက်ရက်ပါဘူး မျက်နှာငယ်လေးနဲ့ဆိုတော့လေ။ ဘာလို့ ပြန်မပို့ခဲ့တာလဲဆိုတော့ အိမ် မပြန်ရဲလိုတဲ့ ။ ကောင်မလေး မေးကြည့်တော့ သူက ပြန်ရဲပါတယ်တဲ့ ။ အဲဒါဆို မပြန်ရဲတာ ငနဲသားပေါ့။ သိလိုက်ပါပြီ သူက မိန်းမ အသစ် စက်စက်ကလေးကို ခွဲချင်ပုံမရတော့။

ဒါနဲ့ပဲ ကျွန်တော်တို့ ခေါင်းချင်းဆိုင်လိုက်ပါတယ်။ ထင်ကြလိမ့်မယ် ဘယ်ကိုပြေးမလဲဆိုတာကိုပေါ့။ အမှန်တော့ ဘယ်အလုံးထိုးရင် အ မှတ်ပိုရမလဲဆိုတဲ့ ဘိလိယက်ခုံပေါ်ကိုပါ။ သူ့ဟာနောက်ထား အခုအရေးကြီးတာ ကစားပွဲမလားး) သူငယ်ချင်းကောင်းလေးတွေနော်။ သူ့ကောင်မလေးက ထိုင်စောင့်လို့ပေါ့ ။ နေပါ့လေ့စေအုံး နှိပ်စက်လိုက်အုံးမည်။

ဒီဘချောသား ဒီလိုလုပ်တာ အရေးမကြီး ကျွန်တော်တော့ ဒုက္ခအကြီးကျယ် ရောက်တော့မည်။ မနေ့ညကတည်းက ကျွန်တော်အိမ်မှာ အိပ်သည်။ အခုထိလဲ အိမ်မပြန် ... အဲခက်တာက အိမ်ကတောင် သေချာမှာလိုက်သေးတယ် ကျွန်တော်နဲ့ မလို့စိတ်ချတာတဲ့ ။ အခု တော့ ပျားတုတ်တော့မယ် ။ လုံးဝကျွန်တော်အပြစ်.. အော်မတက်နိုင်လေ နောင်ခါလာ နောင်ခါဈေးပေါ့။ ဒီလိုတွေတွေးနေမိတော့ ကစားပွဲစိတ်မပါ ... စိတ်ထဲမှာလဲ ညစ်လာတာနဲ့ ဘေးနားက ရှိတာကို အသားကုန်ပြေးကြုံးကန်လိုက်သည်။ (ဟိဟိ လေလွင့်လာတဲ့ ပလပ်စတစ်အိပ်ကလေးပါ ... ကန်လိုက်တာ ဘယ်သူမှတောင်သတိထားမိပုံမပေါ် )......

ကဲကဲ ကစားနေလို့မပြီးသေးဘူး သူတို့နေဖို့ နေရာက လိုသေးတယ်။ ဒီတော့ ဘချောသားက ပြောပါတယ် အနောက်ဖက်ကမ်း (လာ ပြန်ပြီ အနောက်ဖက်ကမ်းလို့တောင် တွေးမိလောက်တယ် စာဖတ်သူတို့ ) မှာ ရှိတဲ့ သူ့အမျိုးတွေအိမ် လစ်မယ်တဲ့ ။ မနက်ဖြန်မနက်မှ မင်းတို့လိုက်ခဲ့ အ၀တ်စားတွေပါယူလာခဲ့တဲ့။ မင်းဖြစ်လို့လား အခုတောင်မှောင်တော့မယ်ဆိုတဲ့ အေးဆေးတဲ့။ အဲသူမှ အေးဆေးဆို တော့ ကျွန်တော်တို့က ဘာပြောရအုံးမတုန်း အလျှင်အမြန်ခေါင်းညိမ့်လိုက်သည်။ အေးအေး။. :D

ကဲ သူပြေးပြီးလို့ သိပ်မကြာပါဘူး အမောင်မင်းတို့အိမ်က လူတစ်တန် ဖုန်းတတန်နဲ့ တကွီကွီလာပါတော့သည်။ လူလာတော့ရှောင်နေ လိုက်တယ်။ ဖုန်းလာတော့ သူများပေးကိုင်လိုက်တယ်။ ခေါင်းတွေကတော့ အငွေ့တွေထွက်လို့ပေါ့.... ကဲနောက်ဆုံးတော့ သိသွားရှာ ပါတယ် ။ သူ့သား မိန်းမခိုးပြေးပြီ ဆိုတာကိုပေါ့ ။ နောက်ရက်တွေမှာ ကျွန်တော်တို့ သူ့ဆီကို လိုက်ဖို့ အသေလဲကြိုးစားရပါသည်။ သို့ သော် သူငယ်ချင်းယောက္ခမ ပွဲစားကြီးက သူ့ပွဲရုံက စာရင်းများ လချုပ်လုပ်နေတာကြောင့် ဘယ်လိုမှ လိုက်ဖို့မဖြစ် အဆုံးနောက် ကျွန် တော်ကိုယ်တိုင်ပင် စာရင်းစာအုပ်တွေထဲ လုံးပေးရပါတော့သည်။ (အော် သူ့စီးပွားကလဲ ကျွန်တော့်စီးပွားမဟုတ်လားး) ကြားရင်သတ် လိမ့်မယ် )

သိပ်ရက်မကြာပေ. သူတို့အိမ်က ဦးလေးကြီးတွေလိုက်ခေါ်လို့ ပြည်တော်ပြန်ဝင်လာခဲ့သည်။ အော်.. အခုတော့လဲ အေးအေးချမ်းချမ်း နဲ့....... အင်း ဘယ်လိုပင်ဖြစ်ပါစေ... ရင်ထဲမှာတော့ သူငယ်ချင်းတို့ လင်မယား အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပြီး ကျန်းမာချမ်း သားစွာ နဲ့ ပျော်ရွှင်စွာ နေနိုင်သွားပါစေ. သမီးချောလေးလဲ အမြန်မွေးပါစေ (အဟိ)...


မျှော်လင့်သူ (စာဖတ်သူတို့အား အစဉ်လေးစားလျှက်)

Tuesday, December 15, 2009

Mr.Lonely


Lonely im so lonely,
I have nobody,
To call my owwnnn
Im so lonely, im mr. Lonely
I have nobody,
To call my owwnnn
Im so lonely,

Yo this one here goes out to all my playas out there ya kno got to have one good girl whose always been there like ya
Kno took all the bullshit then one day she cant take it no more and decides to leave

I wont up in the middle of the night and I noticed my girl wasn't by my side, coulda sworn I was dreamin, for her I was
Feenin, so I hadda take a little ride, back tracking ova these few years, tryna figure out wat I do to make it go bad, cuz
Ever since my girl left me, my whole left life came crashin

Im so lonely (so lonely),
Im mr. Lonely (mr. Lonely)
I have nobody (I have nobody)
To call my own (to call my own) girl

Im so lonely (so lonely)
Im mr. Lonely (mr. Lonely)
I have nobody (I have nobody)
To call my own (to call my own) girl

Cant belive I hadda girl like you and I just let you walk right outta my life, after all I put u thru u still stuck
Around and stayed by my side, what really hurt me is I broke ur heart, baby you were a good girl and I had no right, I
Really wanna make things right, cuz without u in my life girl

Im so lonely (so lonely)
Im mr. Lonely (mr. Lonely)
I have nobody (I have nobody to call my own)
To call my own (to call my own) girl

Im so lonely (so lonely)
Im mr. Lonely (mr. Lonely)
I have nobody (I have nobody)
To call my own (to call my own) girl

Been all about the world ain't neva met a girl that can take the things that you been through
Never thought the day would come where you would get up and run and I would be out chasing u
Cuz aint nowhere in the globe id rather be, aint noone in the globe id rather see then the girl of my dreams that made me
Be so happy but now so lonely

So lonely (so lonely)
Im mr. Lonely (mr. Lonely)
I have nobody (I have nobody)
To call my own (to call my own)

Im so lonely (so lonely)
Im mr. Lonely (mr. Lonely)
I have nobody (I have nobody)
To call my own (to call my own) girrll

Never thought that id be alone, I didnt hope you'd be gone this long, I jus want u to come home, so stop playing girl and
Come on home (come on home), baby girl I didn't mean to shout, I want me and you to work it out, I never wished Id ever
Hurt my baby, and its drivin me crazy cuz...
Im so lonely (so lonely)
Im mr. Lonely (mr. Lonely)
I have nobody (I have nobody)
To call my own (to call my own)

Im so lonely (so lonely)
Im mr. Lonely (mr. Lonely)
I have nobody (I have nobody)
To call my own (to call my own) girll

Lonely, so lonely
So lonely, (so lonely),
Mr. Lonely, so lonely
So lonely, so lonely, (so lonely), Mr. Lonely

Monday, December 14, 2009

မြှားနတ်မောင် ( ၂ )

အပိုင်း ( ၁ ) အဆက်...

လွတ်လာတဲ့ ကျွန်တော်တို့ သုံးစီးဖမ်းတဲ့ နေရာနဲ့ နည်းနည်းလှမ်းလှမ်းမှာ စောင့်နေလိုက်သည်။ ခဏလောက်ကြတော့ ရောက်ချလာပါ သည်။ မျက်နှာသိုးကြီးနှင့် သတိုးသားလောင်းလေ :D ၊ ဒါနဲ့ပဲ အချိန်မဆွဲပဲ အချိန်မလင့်ခင် တရားရုံးကြီးဆီသို့ ဦးတိုက်ရပါတော့သည်။ အဟိ ဘချောသားတို့ ကံကောင်းပုံများ ၊ တရားရုံးရောက်တော့ တရားသူကြီးရှေ့ လက်မှတ်ထိုးဖို့အလို့ငှာ တရားသူကြီး မေမြန်းသောအခါ တရားခွင်ဝင်နေပါကြောင့် အမှုပြီးမှ လက်မှတ်ထိုးလို့ရမည်တဲ့ ။ ကဲ မထူးတော့ဘူးလေ စောင့်ရမည်ပေါ့။ ဗိုက်ကလဲ အကျင့်မကောင်း မနက်စာ မစားရသေးတဲ့အတွက် ဆန္ဒက ပြချင်ချင် ။ မဖြစ်သေး ရေလေးသောက်ပြီး အိနြေ္ဒဆယ်လိုက်သည် ။ သိပ်မကြာပေ ၊ တစ်နာရီခွဲ လောက်ကြာတော့ ပြီးသွားသည်။ ဒါနဲ့ တရားသူကြီးမရှေ့မှာ အစစ်ဆေးခံပြီး လက်မှတ်ထိုးကြတယ်လေ။ ကျွန်တော် ပါလေရာ သကြီးက တော့ အသိသက်သေပေါ့။

တရားရုံးက အားလုံးပြီးစီးတော့ သတိုးသားအသစ်စက်စက်လေး ချွေးမတိတ်နိုင်သေး ၊ အခုနက ဆိုင်ကယ်ဝှီးတက် ကိစ္စအတွက် ယာဉ် ထိန်းရုံးကို ပြေးရပြန်တယ်။ အားလုံး မကွေးဘက်ပြန်ရောက်တော့ ဆာလောင်နေကြပြီ ၊ မွန်းလဲ လွဲနေပြီလေ။ ဒါနဲ့ ၀ါးတီးဆွဲဖို့ အတွက် High Class Garden ဆိုတဲ့ ဆိုင်ကလေးကို ပြေးကြလေသည်။


သတိုးသား နဲ့ သတိုးသမီးလေ

ဟိဟိ မလန်းဘူးတော့ မပြောပါနဲ့ဗျာ . အိမ်ကနေ သူငယ်ချင်းစာမေးဆိုပြီးထွက်လာတာ ဒီလောက်ဝတ်ခဲ့တာတောင် ကံကောင်း :D


ကျွန်တော် နဲ့ သူငယ်ချင်းတွေပေါ့

သတိုးသမီးလဲ ဆာနေရောပေါ့ ဓာတ်ပုံရိုက်မယ်ဆိုတာတောင် ခေါင်းမဖော်နိုင်တော့ဘူးလေ :)


ကျွန်တော်တို့ ဘော်ဒါကြီးလေ

ဘေးက သွားကြီးဖြီးပြီ ရယ်နေတာကတော့ လွန်ခဲ့တဲ့ နှစ်ကခိုးပေးလိုက်တဲ့ တစ်ယောက်လေ ၊ မိန်းကလေးလေး မွေးတယ် ၊ အမျိုးသ မီးတော့ပါမလာဘူး ၊ ကလေးတစ်ယောက်နဲ့ အလုပ်တွေရှုပ်နေလေရဲ့ ၊ ကျွန်တော် ယောက္ခမကြီးပေါ့ ။ ဟိဟိ သူ့သမီးလေးက ချောသ ဗျ။


နောက်က ရပ်နေတဲ့ နှစ်ယောက်က မယုံရဘူး တွေ့ရင်တွေ့သလိုကစ်တာ

ဟိဟိ ဒီလိုပြောလဲ စိတ်မဆိုးကြဘူးဗျ။ ပေါင်းသင်းလာတဲ့ နှစ်ကမနည်းမှ မနည်းတော့တာလေ ။


စားစရာ မလာသေးခင် အိနြေ္ဒဆယ် စကားပြောနေကြတာလေ

ဘေးလူမြင်ကောင်းအောင် ဟန်ဆောင်ပြောနေကြတာလေ လာတာနဲ့ တွယ်မှာဆိုတာကြီးပဲ ။


ကျွန်တော့် ယောက္ခမ မျက်နှာကြည့်ကြပါအုံး

ဂိုက်ပေးကြမ်းတဲ့ သူငယ်ချင်းယောက္ခမ ပုံလေ... အော်ပျော်ပျော်နေ သေခဲတဲ့။


အငတ်ကြမ်းတယ်တော့ မဆိုပါနဲ့ဗျာ မနေနိုင်တော့လို့ပါ

စားကြပါအုံး ကျွန်တော် ဗိုက်အရမ်းဆာနေလို့ပါဗျာ ။


ကဲ ကျွန်တော့်ကိုပဲ မပြောတော့နဲ့နော်..

ကြည့်လိုက်ပါအုံး စားနေကြတာ .. အငတ်လေးတွေပေါ့ဗျာ.


အီသီယိုပီးယား ကိုကို ပါခင်ဗျာ



ယောက္ခမကြီးလေ

သူမှမဟုတ်ပါဘူး ကျွန်တော်တို့ တဖွဲ့လုံး ပျော်ပျော်နေတက်ကြတာပါ။ ဘယ်နေရာပဲ ဖြစ်ဖြစ် လူတွေရှိနေဖို့မလိုဘူး ၊ စည်ကားဖို့ မလိုဘူး ဘော်ဒါတွေရှိရင်ဖြစ်တဲ့ဆိုတဲ့ အဖွဲ့လေးပါဗျာ.


ဆရာကြီး ဂိုက်ဖမ်းနေတာပါခင်ဗျား)

ဟဲဟဲ အားလုံးစားသောက်ပြီးတော့ ဘသားချောက ကောင်မလေးပြန်ပို့ ကျွန်တော်တို့ ဘော်ဒါတွေကတော့ ပင်ပန်းသမျှလေး ဖြေဖို့ ဘိလိယက်ခုံလေးသို့ပြေးကြပါတော့သည်။

ဆက်ပါအုံးမည်။

မျှော်လင့်သူ.

မြှားနတ်မောင် ( ၁ )

ဒီရက်ပိုင်း Blog ရေးဖို့ စိတ်တွေတအားဖြစ်နေတယ်။ ဒါပေမယ့် ဘာကို ရေးရမယ် မယ်မယ်ရရလဲမရှိ။ ဒါနဲ့ပဲ ဒီရက်ပိုင်း အချစ်ဆုံးသူငယ် ချင်းစုံတွဲကို မြှားနတ်မောင်လေး လုပ်ပေးခဲ့တဲ့အကြောင်းပဲ ရေးလိုက်မိတယ်။ ကိုယ်မစွံလို့တော့ မဟုတ်ဘူးနော် ၀ါသနာပါလို့ပါး)

ကျွန်တော်တို့ ချစ်ဆုံးသူငယ်ချင်းလေးယောက်ထဲလေ မိန်းမလိုချင်လှပါပြီဆိုတော့ ကျွန်တော်တို့တွေ ခေါင်းချင်းဆိုင်ရပြီပေါ့။ မကူညီလို့ လဲမဖြစ်လေ ။ ဘော်ဒါအရင်းကြီးတွေကို ဒါပေမယ့် မခက်ပါဘူးလေ ဘာကြောင့်လဲဆိုတော့ မနှစ်က ဒီဇင်ဘာလတုန်းကလဲ အေးခဲနေတဲ့ ကြားက တစ်ယောက်ခိုးပေးခဲ့တယ်လေ။ အခု နောက်တစ်ယောက်ဆိုတော့ အတွေ့ကြုံက မသေးတော့ဘူးဆိုရပေတော့မည်။

အခုအတွဲက နည်းနည်းစဉ်းစားရကျပ်သည်။ အရင်အတွဲက မြို့ပေါ်ကကြီးပဲ ။ အလွယ်လေး ခိုးပေးလိုက်တယ်။ အခုတစ်ယောက်က နယ်က ..... ကောင်မလေး အိမ်ဘက်ကလဲ ယုံတယ် ၊ သူ့သမီးလေးကို ကျောင်းစာမေးပွဲဖြေပြီးကတည်းကတိုင်း ဒီအကြောင်းတွေ ကြို မြင်ပုံရတယ်ထင်၏ ၊ အိမ်ထဲ အိမ်ပြင်တောင် မထွက်ရသလောက်ပဲ ။ ဒီတော့ လူကြီးနှင့် လူငယ် ဘယ်သူက ကလိန်ဥာဏ် ပိုထွက်မယ် ထင်လဲး) ၊ ဟိဟိ အဖြေမှန်ပါတယ် ။ ကျွန်တော်တို့လူငယ်တွေပဲပေါ့ ။

ဒါနဲ့ပဲ ကောင်မလေးအိမ်ကို စာမေးပွဲမအောင်ဘူး supplementory exam ထိတယ်ဆိုပြီး ၊ အိမ်ကထွက်လို့ရအောင် ကြံလိုက်သည်။ အိမ် ကလဲ စာမေးပွဲဆိုပြီး ပေးလွတ်တယ်း) ။ ကဲ လက်နှေးရင် ခွက်ဆေးရမှာဆိုးတဲ့ ကျွန်တော့်သူငယ်ချင်း ဘသားချောက အမိအရ ကိုင်ပါတော့သည်။ ဒီလိုစီစဉ်လိုက်ကြတယ် ၊ ကောင်မလေးက မြို့ပေါ်က သူ့အဘွားအိမ်မှာ နေတယ်။ ပထမတစ်ရက် အိမ်ကို သူငယ် ချင်းဆီ စာမေးဆိုပြီးထွက်မယ် ၊ အဲဒီ့နေ့မှာ တရားရုံးမှာ လက်မှတ်ထိုးမယ် ။ နောက်တစ်ရက်ကျော်ကြရင် ခိုးပြေးမယ် ဆိုင်ကယ်နဲ့ပေါ့။

ဒီလိုနဲ့ အေးခဲလှတဲ့ ဒီဇင်ဘာလ 2 ရက်နေ့မှာ ဘော်ဒါတွေစုရုံးပြီး လက်မှတ်ထိုးပွဲအခမ်းနားလေး ကျင်းပလိုက်တယ်။ မကွေးတိုင်းမြို့ ကြီးမှာ ထိုးလို့ရပါလျှက်နဲ့ ဘသားချောက ဧရာဝတီမြစ်အနောက်ကမ်း မင်းဘူး တရားရုံးမှာ ထိုးချင်သည်လေ။ သြော် မဖြစ်ဘူးဆိုတာ မရှိစေရဘူးလေ ဘော်ဘော်ကြီး ဆန္ဒပေါ့ ။ ဒါနဲ့ ဆိုင်ကယ်လေးစီး လူရှစ်ယောက်နဲ့ မြစ်ကူးတံတားကြီးကိုဖြတ်ကူးလေသည်။ တ၀က် လောက်လဲရောက်ကော တစ်ဖက်မှ လာတဲ့သူက လှမ်းအော်သည်။ ဘာတဲ့... သေချာနားစွန့်လိုက်တော့ ဟိုဘက်ကမ်းမှာ မော်တော် ပီကယ်တွေ အကုန်စစ်နေတယ်တဲ့ ။ အကုန်ဆိုတာ (ဆိုင်ကယ်ဝှီးတက်၊ လူလိုင်စင်၊ ဦးထုပ်) စတာတွေပေါ့ ။ ဒါနဲ့ ဘာတစ်ခါမှမပြည့်စုံ တဲ့ကျွန်တော်တို့ နောက်ပြန်မောင်းခဲ့ရပြန်သည်။ လိုအပ်တာတွေပြန်ယူပြီး ပြန်တက်ခဲ့ပြန်ပါတယ် တံတားပေါ်ကိုပေါ့။ ဟိုဘက်ရောက် တော့စုံစမ်းကြည့်တော့ အရမ်းကြမ်းနေတယ်တဲ့။ ဆိုင်ကယ်မှာ ဘက်မှန်ပါမပါ ပါစစ်တာတဲ့ ။ ဗုဒ္ဓေါ..... ဘယ်လိုလုပ် ကျုပ်တို့ယော ကျာင်္းလေးတွေ စီးတဲ့ဘီးက ဘက်မှန်ပါမတုံး :D ခက်ပြီ။ ဒါနဲ့ပဲ ရပ်နေလို့က မဖြစ်ဘူးလေ ။ အရဲစွန့်သွားရတော့မှာပေါ့ ။ ဒီတော့ ရှေ့ ပြေး သုံးစီကိုလွတ်လိုက်ပြီး ကျွန်တော်မြှားနတ်မောင်လေးကတော့ အခြေနေစောင့်ကြည့်နေလိုက်သည်။ 10 စက္ကန့်အကြာလောက်မှာ ခရာသံဆူညံသွားတယ်။ ဘာဖြစ်တယ်မသိ ... ဒါနဲ့ ကျွန်တော် ခပ်တည်တည်နှင့် မောင်းခဲ့ရာ စစ်မယ့်သူတောင်မရှိ ၊ ဘယ်ရှိမလဲ သတိုးသားလေး မောင်ဘချော ကအဖမ်းခံနေရတယ်လေ ။ သူ့နေရာပဲ မော်တော်ပီကယ်က အုံသွားတာကိုး ။ နည်းနည်းဆက်စီးသွား တော့ ဘော်ဒါတွေ ဆိုင်ကယ်နှစ်စီး ၊ ဟိဟိ သွားတော့မတိုင်နဲ့နော် ။ သုံးစီးမောင်းပြေးတာ သတိုးသားဆိုင်ကယ်တစ်စီး မိသွားတယ် လေ......

ဆက်ပါအုံးမည်။

မျှော်လင့်သူ

Saturday, December 12, 2009

ဒဏ်ရာရက်စွဲပေါ်က .... ငါ .... ( ၂ )

ငါခဏလောက်လှဲနေပြီး ညစာစားဖို့ အုပ်ဆောင်လေး လှန်ကြည့်တယ်။ အားလုံးစားသောက်ပြီးကြပြီ ။ အထဲက သူက လှမ်းအော် တယ် ။ မနက်က ချက်တာတွေမကုန်လို့ ထပ်မချက်ဘူးတဲ့ သူတို့ကတော့ အပြင်ကစားခဲ့ပြီတဲ့။ ထမင်းကြမ်းခဲလေး ပန်းကန်ထဲထည့် လို့၊ ဟင်းက မယ်မယ်ရရမရှိ ။ ငါအရမ်း စိတ်ညစ်သွားတယ် တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ်။ ငါအလကား သူတို့ဆီက စားနေတာမဟုတ် ။ ငါ တစ်လတစ်ခါ ထမင်းဖိုးရှင်းပေးရတယ် ။ နောက် အိမ်လခ ရှင်းပေးခဲ့ရတယ် ။ ဒါတွေကို မေမေ မသိစေချင် ။ သူကရွှေဘုံစံထားပေမယ့် အခုလို နေနေရတာကို မြင်ရင် သူတို့ကို နောက်မှ ဒီလိုကျိတ်ပြီး နေနေတဲ့ ငါ့ကို အရင်သတ်မှာ ။ မသွားခင်ကတည်းက မက်စရာမရှိလို့ မေမေ့စကား အခုနားထဲမှာ အမြဲကြားနေခဲ့တယ်။

အုပ်ဆောင်း ပြန်အုပ်ပြီး အ၀တ်စားလေးလဲကာ အပြင်လောကထဲ ငါထွက်ခဲ့တယ်။ ငါ့ကိုသိတဲ့သူ ဒီရက်ကွပ်ထဲမှာတော့ လမ်းထိပ်က ကုန် စုံဆိုင်က အပျိုကြီးရယ် ငါအပျင်းပြေငှားဖတ်နေကြ စာအုပ်ဆိုင်က အသက်ခပ်လတ်လပ် အစ်မကြီးရယ် ၊ ငါအထီးကျန်သွားတိုင် သွား ထိုင်ဖြစ်တဲ့ လ္ဘက်ရည်ဆိုင်က စားပွဲထိုးလေးရယ် ။ ငါအပြင်လောကထွက်တိုင်း ဒီသုံးနေရာပဲထွက်မိတယ်။ ဝေးဝေးသွားလို့ကလဲ မရ၊ အပြန်နောက်ကျရင် တံခါးပိတ်မယ်က ကြိုပြောထားတယ်။ ငါအပြင်မှာ ဗိုက်ကလေးဖြည့်ပြီး အိမ်ပြန်ရောက်တော့ အိပ်ရာလေး
ပေါ်လဲမိ တယ်။ ငါအိပ်တဲ့နေရာမှာ မီးဖိုဘက်က လာတဲ့မီးလေးနဲ့ စာအုပ်ကို ရအောင်ဖတ်တယ်။ ဒါတောင် မီတာခတက်တယ်ဆိုပြီး ဘာ မပြောညာမပြောနဲ့ မီးကိုပိတ်သွားတယ်။ ငါ ဒေါသမဖြစ်တော့ ငါ ရအောင်ဖတ်မယ်ဆိုပြီး အပျိုကြီးဆိုင်က ၀ယ်ထားတဲ့ ဖယောင်း တိုင်နဲ့ ငါစာကိုဖတ်ခဲ့တယ်။

တစ်လမှာ နှစ်ရက်ထဲ နားရတဲ့ ငါ ကောင်းကောင်းနားဖူးတဲ့ ရက်မရှိခဲ့။ တစ်ရက်လောက် အိပ်ရေးဝအောင် အိပ်မယ်ကြံတယ် ။ ခြင် ထောင်ကြိုး လာဖြတ်သွားတယ်။ လူသွားလမ်းကြီးမှာ နေဖင်ထိုးအောင် အိပ်နေလို့တဲ့။ ငါတွေးမိတဲ့ ငါစိတ်အရမ်းနာတယ်။ ဒါပေမယ့် ငါအတွက်နဲ့ ငါ့ဆွေမျိုးတွေ ကြားမှ ပြဿနာတက်မှာ မလိုချင်ဘူး ။ ငါ သူတို့ဆီမှာ နေတဲ့ တစ်လျှောက် ငါဖြစ်ခဲ့တာတွေကို ရင်နာနာနဲ့ ဘ၀ကပေးတဲ့ သင်ခန်းစာလို့ ငါမှတ်ယူခဲ့တယ်...

တချိန်က ဒီရက်စွဲတွေပေါ်မှာ ရှင်သန်ခဲ့တဲ့ ရက်တွေကို ပြန်တွေးမိရင် ငါ ရင်တွေနာကျင်ပြီး မွန်းကြပ်လာတယ်။ ဒီရက်စွဲတွေဟာ ငါ့နှလုံးသားမှာ ထင်ကျန်နေတဲ့ ဒဏ်ရာတွေပဲပေါ့။ ဒဏ်ရာ ရက်စွဲတွေပါ.

မျှော်လင့်သူ

ဒဏ်ရာရက်စွဲပေါ်က .... ငါ .... ( ၁ )

ငါ ဆိုတဲ့ ငါတစ်ယောက် ကျောင်းပြီးတာနဲ့ မိဘရင်ခွင်ကခွာထွက်ပြီး အဒေါ်ဆိုတဲ့ အားကိုးချက်နဲ့ မြို့ကြီးပြကြီးကို အထင်ကြီးတက်တဲ့ ငါ ခရီးဆောင်အိပ်ကိုဆွဲပြီး တစ်ယောက်ထဲထွက်ခွာလာခဲ့တယ်။ ဟိုရောက်ရင် ဘာလုပ်မယ် ညာလုပ်မယ်၊ ဟိုသင်တန်းတက်မယ် ဒီသင် တန်းတက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ အပူဆိုတာဝေးရော အရာအားလုံးဟာ မျက်လုံးထဲမှာ ရေခဲမတက် အေးချမ်းနေခဲ့တယ်။

မှော်ဝင်တုတ်နဲ့ ရမ်းလိုက်ရင် ဖြစ်လာသလို မြို့ကြီးမှာနေရင် ဖြစ်မယ်ဆိုတဲ့အတွေးက သံမှိုဆွဲသလိုပဲပေါ့ ။ မက်လုံးပေးခဲ့တဲ့ သူတို့ကလဲ အခုပဲ သူတို့က အကုန်ဖြည့်ဆည်းပေးမလို ငါ့ကိုဆွဲဆောင်ခဲ့တယ်။ ကျောင်းပညာကလွဲလို့ ဘာမှဗဟုသုတမရှိတဲ့ငါ အယုံကြီးယုံခဲ့မိ တယ်။ ငါရောက်ပြီး ဒုတိယနေ့မှာပဲ ငါအလုပ်စလုပ်ရတယ်။ သူပြောသလို အထပ်မြင့်တိုက်ကြီးထဲက အဲယားကွန်းအခန်းထဲမှာ ဘောပင် ကိုင်ပြီး အလုပ်တော့မဟုတ်ခဲ့၊ နေပူပူမှာ မှတ်စုစာအုပ်ကလေးကိုင်ပြီး ကုန်တင်ကုန်ချကြည့်ရတဲ့ တာဝန် ၊ နောက် ဂိုဒေါင်လေး သုံးလေး လုံးကို စောင့်ကြည့်ရတဲ့ သူတို့အခေါ် ဂိုဒေါင်မှုးပေါ့. ၊ ငါစိတ်မပျက်ခဲ့ဘူး . အရာအားလုံးလန်းဆန်းတက်ကြွနေခဲ့တယ်၊ သူ(အဒေါ်) က ပြောခဲ့တယ် ၊ ဒါက လောလောဆယ်တဲ့ လုပ်ထားနှင့်တဲ့ သူ့အမျိုးသားက အဆင်ပြေရင် သူ့အလုပ်မှာ ခေါ်ထားမယ်တဲ့ပေါ့ ။

ငါအလုပ်စဆင်းရတယ် ၊ သူ့အိမ်က ဘီးအစုပ်ကလေး တဆင်းနဲ့ပေါ့ ။ မန္တလေးလိုဆိုင်ကယ်တစ်ဝီ၀ီမြို့ကြီးမှာ ရောင်ပေပေလေးပေါ့။ ဘီး လေးမှာ ထမင်းချိုင့်လေး ချိတ်ပြီးပေါ့။ နေကုန်နေခန်း ငါအလုပ်ကို ကြိုးစားခဲ့တယ်။ ငါဒီအလုပ်ကိုခဏလုပ်မယ် နောက်ပိုင်း ငါသင်တန်း တွေတက်မယ်ပေါ့ ။ ငါမငြီးငြူခဲ့ပါဘူး ။ ဒါပေမယ့် သူက ငါအလုပ်သွားဖို့အတွက် တစ်စီးတဲ့ရှိတဲ့ဘီးကို ပြန်လိုချင်ခဲ့တယ် ။ ငါအလျင်မြန်ပဲ မေမေ့ဆီက ငွေတောင်းပြီး ငါကိုယ်ပိုင် ဘီးသစ်လေး ၀ယ်လိုက်တယ်။

တစ်နေ့တစ်နေ့ ငါအဖြစ်က ပိုဆိုးလာခဲ့တယ်။ ငါ မနေ့က တစ်နေကုန်ပင်ပန်းလို့ ကိုက်ခဲနေပေမယ့် သူတို့စားဖို့ မနက်စာထမင်းအိုး အတွက် ငါထတည်ပေးရတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ပြန်ပြီး မအိပ်တက်တော့တဲ့ငါ သူတို့မနိုးခင် ရေချိုးတာ ၊ နောက်ဖေးသွားတာ ပြီး အောင်လုပ်ထားလိုက်ရတယ်။ အဲလိုမှမဟုတ်ရင် ငါဆိုတဲ့ငါ မလွယ် ။ ငါအိမ်မှာ မနက်စာကို မေမေက ရှယ်လုပ်ခဲ့ပေးပေမယ့် သူတို့ မျက်နှာညိုပြီးမှ ငါမနက်စာ တလုပ်စားရမှာကို ငါမလိုချင်ခဲ့ဘူး ။ သူထည့်ပေးတဲ့ တစ်ရာဖိုး ခြောက်ခုဆိုတဲ့ ဘယာကြော်လေးနဲ့ ငါထမင်းချိုင့်ထုတ်ပြီး ငါအလုပ်ကိုထွက်ခဲ့ရတယ်။ တစ်ညလုံးလဲ ဆာလောင်ခဲ့တဲ့ ဒဏ်ကို ငါ ကြာကြာမထိန်းနိုင်တော့ ။ လမ်းထိပ်က အပျိုကြီး ကုန်စုံဆိုင်က တစ်ရာတန်ပေါင်မုန့်လေးကို ကိုက်ရင်း ဘီးလေးနဲ့ အလုပ်ဆီကို ၄၅ မိနစ်ကြာအောင်ငါနင်းခဲ့တယ်။

ငါ သူ့ဆီမှာ ဘယ်လောက် စိတ်ဆင်းရဲခဲ့ရ ရဲခဲ့ရ ငါ အလုပ်ထဲမှာ ဘယ်တော့မှ မျက်နှာမငြိုငြင်ခဲ့ ။ ပျော်ရွှင်စွာနဲ့ ငါဘ၀ရဲ့ တာဝန်တွေ ကို ငါ ထမ်းဆောင်ခဲ့တယ်။ ငါ့လက်အောက်က လူတွေကိုလဲ ငါဂရုစိုက်ဆက်ဆံခဲ့သလို ငါရဲ့ လုပ်ဖော်ကိုင်ဘက်တွေကိုလဲ ငါသင့် အောင်ပေါင်းခဲ့တယ်။ ငါ ရဲ့ စေတနာရောင်ပြန်ဟပ်တယ်ပဲ ပြောရမလား ။ အချိန်တိုလေးအတွင်းမှာ ငါလုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ကောင်းတွေ ငါရရှိလာတယ်။ ပိုင်ရှင်ကလဲ အလေးပေးခဲ့တယ်။ ထမင်းစားချိန်ရောက်တိုင်း ငါ့ထမင်းချိုင့်လှပ်တိုင်း ငါစိတ်ညစ်ရတယ် ဒါပေမယ့် ငါမျက်နှာမငယ်ရပါဘူး ။ ငါအပေါင်းသင်းတွေက ကောင်းလွန်းတယ်။ နောက် ဒီထမင်းချိုင့်ကို မယူခဲ့ပဲ နင်ဘာစားချင်လဲ ပြောသာပြောလိုက်ဖြစ်စေရမယ် ဆိုတဲ့သူတွေ ။ ငါအလွန်မင်းပျော်ရွှင်ခဲ့မိတယ်။

ငါ ညနေရုံးဆင်းခါနီး အလုပ်သမားတွေနဲ့ ဘောလုံးကစားရင်း ရင်းနှီးမှုယူခဲ့တယ်။ အဲနောက် ငါရေချိုးပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မန္တလေးရွှေမြို့တော်ကြီးထဲ ဘီးသစ်ကလေး စီးပြီး လျှောက်လည်ခဲ့တယ်။ တစ်ခါတစ်လေ ဦးပိန်ဘက် ငါရောက်ခဲ့သလို တစ်ခါတစ် လေလဲ ဘုရားကြီးမှာ သွားထိုင်နေခဲ့တယ်။ ဒီလိုနဲ့ ငါအိမ်ပြန်ရတယ် ။ ငါအိမ်ရောက်ရင် အလုပ်ကပြန်ရင် ကြိုမယ့်သူမရှိခဲ့ ငါအတွက် ကျောခင်းဖို့ပေးထားတဲ့ နေရာလေးမှာ ခဏလဲနေမိတယ်။ မီးဖိုခန်းဘက်ကလာတဲ မီးရောင်ပြပြလေးနဲ့ အေးခဲတဲ့ ဆောင်းတွင်းမှာ တောင် ကြမ်းခင်းမပါပဲ သံမံတလင်းပေါ် ဖျာလေး တစ်ချက် ခင်းပြီး နေခဲ့ရတယ်။
ဆက်ရန်........

မျှော်လင့်သူ

Friday, December 11, 2009

ဒီဇင်ဘာ ရာဇ၀င်

အညာမြေရဲ့ ဒီဇင်ဘာဆောင်းတွင်း တစ်ညဟာ ရိုးသားမှုတွေဖုံးအုပ်ပြီး တိတ်ဆိတ်အေးချမ်းလျှက်ရှိနေခဲ့သည်။ ပတ်ဝန်းကျင်တစ်ခု လုံးမှာလဲ အနွေးဓာတ်ပျက်ပျယ်မည် ဆိုးသဖြင့် မလှုပ်ချင်လောက်အောင် အေးလွန်းလှသည်။ ညသန်းခေါင်ချိန် ကျွန်တော်တို့မြို့ရဲ့ လမ်းမကြီး တစ်ခုလုံးမှာ လူသူကင်းမဲ့ပြီး မြူခိုးများ အုပ်ဆိုင်းနေသည်။ ကျွန်တော့်အဖို့တော့ ပုံမှန်အလုပ်ဆင်းချိန်ပေါ့။ သူများတွေလို အေးနေပေမယ့်လဲ မကွေးနိုင်သေးပေ။ အလုပ်မှအပြန် ထူထဲစွာဝတ်ဆင်ပြီး ဆိုင်ကယ်ကို အရှိန်နှင့်မောင်းနှင်လာခဲ့သည်။

ကျွန်တော့်ရဲ့ အိမ် နှင့် အလုပ်က ၁၀ မိနစ်စာလောက်စီးရသည်။ အေးခဲလွန်းတဲ့အတွက်ကြောင့် ၁၀ နာရီစာ စီးရနေသည်တောင်ထင် ရသည်။ ဘေးဘယ်ညာကြည့်တော့လဲ တိတ်ဆိတ်နေသည်။ မီးရောင်ပြပြလေး နှင့် ကျွန်တော်ဆိုင်ကယ်တစ်ရိပ်ရိပ် မောင်းနှင်ခဲ့သည်။
ထိုသို့ မောင်းနှင်ရင်းနှင့် ကျွန်တော်စိတ်ထဲမှာ ဆို့နှစ်ဖို့ကောင်းတဲ့ အဖြစ်ပျက်တစ်ခု ခေါင်းထဲ ၀င်လာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်း ငယ်အကြာကပေါ့.........................

ဒီဇင်ဘာလရဲ့ ညလေးတစ်ညမှာ ကျွန်တော်ဘော်ဒါတွေနှင့် မြို့ထဲမှာ လျှောက်ပတ်နေခဲ့သည်။ အပူပင်မဲ့တဲ့ ကျောင်းသားဘ၀ပေါ့။ အချိန်အတော်လင့်သည်နှင့် အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်တော့ ည ၁၂ နာရီ ပတ်ဝန်းကျင်ရှိနေခဲ့ပြီ။ မေမေအဖို့ မအိပ်နိုင်သေး ချစ်လှစွာသော သားကြီး နှင့် လင်တော်မောင်ကို အေးသည့်ကြားမှ စောင့်နေရသည်။ ဖေဖေကတော့ ကျွန်တော့်လို အလေလိုက်နေသည် တော့ မဟုတ်ပေ။ အလုပ်ကိစ္စအတွက်နှင့် ခရီးသွားနေခြင်းဖြစ်သည်။ ကျွန်တော်ရောက်သည်နှင့် ညအိပ်ရာဝင်အ၀တ်စားလဲပြီး မေမေနှင့်အတူ ဧည့်ခန်းထဲမှာ ဖေဖေ့ကို ထိုင်စောင့်ရင်း စကားတွေပြောနေလိုက်သည်။

ခဏအကြာတွင် အိမ်ရှေ့မှ ကားဟွန်းသံကြားလိုက်ရသည်။ ဖေဖေပြန်ရောက်လာသည်။ ဖေဖေနှင့်အတူ ဖေဖေ့လက်ထဲတွင် ချမ်း၍ တုန်နေသော ချစ်ဖို့ကောင်းတဲ့ ခွေးလေးတစ်ကောင်ပါ ပါလာသည်။ အကြောင်းစုံမေးကြည့်တော့ လမ်းပေါ်မှာ ကားမောင်းရင်းနဲ့ တွေ့ ခဲ့ကြောင်း ၊ ခွေးမကြီးနဲ့ ကွဲနေကြောင်း ၊ သေသွားမှာစိုးသဖြင့် သနားသောကြောင့် ကားရပ်ပြီး ခေါ်လာခဲ့ကြောင်း ပြောလေသည်။ ကျွန်တော်တို့လဲ ခွေးလေးကို အ၀တ်များဖြင့် နွေးထွေးအောင် သိပ်လိုက်ပြီး ကျွန်တော်တို့လဲ ညအိပ်ရာဝင်ခဲ့သည်။

အချိန်တွေ တဖြည်းဖြည်းကြာလာခဲ့သည်... ကျွန်တော်တို့ မိသားစုဝင် ၄ ယောက်တွင် တစ်ယောက်ထပ်တိုးလာခဲ့သည် ။ ထိုတစ် ယောက်မှာ ခွေးကလေး တိုးမောင် ပင်ဖြစ်သည်။ ကျွန်တော်တို့အားလုံးက ချစ်ကြသည်။ တိုးမောင်ကလဲ လိမ္မာလွန်းလှ သည်။ ဖေဖေပြောနေကျ စကားလေးတစ်ခွန်းကို အမြဲကြားနေမိသည်။ ငါ့သားတွေနဲ့ ငါ့မိန်းမကတော့ ငါ့သားလေး တိုးမောင်လောက် တောင် အသုံးမကျဘူးဟေ့.. ကြည့်စမ်း ငါအလုပ်ကပြန်လာရင် တိုးမောင်က ပြေးကြိုဖော်ရတယ်.. ဟင်း သူတို့ကတော့ မလှုပ်တလှုပ် တဲ့။ ဖေဖေစိတ်ကြည်နေတဲ့နေ့မျိုးဖြစ်သည်။ တိုးမောင်ကလဲ အလိုက်သိလွန်းစွာ အမြီးလေး နှံ့ပြီး ပြေးကြိုတက်သည်။

တစ်ခါတစ်လေ ဖေဖေ အလုပ်ထဲမှာ စိတ်အခန့်မသင့်တဲ့အခါမျိုး ပြန်လာတဲ့အခါကြရင် တိုးမောင်ကတော့ မသိပေ။ ပုံမှန်အတိုင်း ပွတ် သီးကပ်သပ်နှင့် ကြိုလျှင် ဖေဖေက ငေါက်လွတ်တက်သည်။ ထိုအခါမျိုးကြရင် တိုးမောင်လေး ကုပ်ချောင်းချောင်းနဲ့ ၀ပ်သွားတက် သည်။ ကျွန်တော်တို့အားလုံး သဘောကျပြီး ရယ်ခါမှ ပြန်ထလာတက်သည်။ ထိုအခါဖေဖေလဲ စိတ်ပြေသွားတက်သည်။

ထိုသို့နှင့် ကျွန်တော်တို့ မိသားစုလေး ဒီဇင်ဘာဆောင်းတွင်းအပြင် ရာသီဥတု ၃ ပါးလုံးကို အေးအတူပူအမျှနှင့် ပျော်ရွှင်စွာဖတ်သန်း ခဲ့ကြသည်။ သိပ်မကြာပေ ကျွန်တော်တို့ မိသားစုလေးထဲ အနိစ္စဆိုတဲ့ မုန်တိုင်းတစ်ခု ၀င်ရောက်ခဲ့သည်။ လူသားတို့မရှောင်လွဲနိုင် သေလမ်းသို့ ဖေဖေ နှလုံးရောဂါခံစားရပြီး လျှောက်လှမ်းသွားခဲ့သည်။ ကျွန်တော်တို့မိသားစုလေး အရမ်းကြေကွဲဝမ်းနည်းခဲ့ရသည်။ ပထဆုံးအကြိမ် ဒီလောက်ပူဆွေးမှုကိုခံစားဖူးသည်ဆိုတော့ ရူးသွပ်ချင်လောက်အောင်ပင်ဖြစ်ခဲ့သည်။ ကျွန်တော်တို့အားလုံး ပူဆွေး နေသလို တိုးမောင်လေး မှာလဲပူဆွေးနေခဲ့သည်။ ဖေဖေဆုံးပြီးနောက်ပိုင်း တိုးမောင် အရင်ကလို မမြူးတော့ပေ။ အမြဲကုပ်ချောင်း ချောင်းနှင့် ဖေဖေအိပ်ရာနားကိုပဲ သွားသွားအိပ်နေတက်သည်။ အစားလဲ နောက်ပိုင်း သိပ်မစားတော့ပေ။ ပိန်လှီလာခဲ့သည်။ ဆရာ ၀န်ခေါ်ပြီး ဆေးထိုးလဲမတိုးပဲဖြစ်လာခဲ့သည်။ သိပ်တောင်မကြလိုက်ပေ.. သူအရမ်းချစ်သော သူ၏ သခင်နောက်သို့လိုက်သွားခဲ့သည်။ ထိုအချိန်ကလဲ ဒီဇင်ဘာလကြီးပေါ့.။ ကျွန်တော်တို့အဖို့ ထပ်မံပူဆွေးရပြန်သည်။

အော် အခုဆိုရင် ဖေဖေနှင့် တိုးမောင် ကျွန်တော်တို့ ရင်ခွင်ကနေ အပြီးတိုင်ထွက်ခွာသွားသည်မှာ သုံးနှစ်ကျော်ခဲ့ပါပြီ။. ဘ၀တပါးသို့ ပြောင်းရွှေ့သွားသော ဖေဖေနှင့် တိုးမောင်အတွက် အမြဲရည်စူးပြီး ကျွန်တော်တို့ မိသားစုသုံးယောက် အမြဲကုသိုလ်လုပ်ဖြစ်ခဲ့ပါတယ်။ ဖေဖေနှင့် တိုးမောင် ကောင်းရာ သုဂတိလားပါစေ.
သတိရလွမ်းဆွတ်လျှက်.....

မျှော်လင့်သူ

Saturday, November 7, 2009

သူငယ်ချင်းများ နှင့် ကျွန်တော်

လွန်ခဲ့သော ငါးနှစ် ၊ ၂၀၀၄ လောက်ကပေါ့ စာရေးသူ တက္ကသိုလ်မြေသို့ ပထမဆုံး ခြေလှမ်းချဖြစ်ခဲ့သည်။ စာရေးသူ တက်ခဲ့တဲ့ အထက် တန်းကျောင်းက စာရေးသူတို့အိမ်နှင့်က သိပ်မဝေး ။ မနက်ကျောင်းသွား ၊ နေ့ခင်း ထမင်းပြန်စား ၊ ညနေကျောင်းဆင်း
ပြန်တော့လဲ အိမ် ဘေးက ကျူရှင်တက် ၊ ဒီလိုနဲ့ တပတ်ကုန်ခဲ့ရသည်။ အပြင်လောက နှင့် စာရေးသူ နှင့် လားလားမှ မဆိုင်သလိုပင် ။ တပတ်လျှင် ကျောင်း ပိတ်ရက် တစ်ရက်သာ စာရေးသူ၏ အမေနှင့် ဈေးဘက်သို့ရောက်ဖြစ်သည်။

အခုတော့ အသိပညာတွေ အတက်ပညာတွေ စုစည်းဖို့အတွက် တက္ကသိုလ်ဆိုသော မြေသို့ ခြေချခဲ့ရသည်။ လူရည်မလည်တဲ့စာရေးသူ အဖို့ အားလုံးက အသစ်ဆန်းဖြစ်ပြီး ကြောက်စိတ်တောင် အနည်းငယ် ၀င်မိခဲ့သည်။ ကျောင်အပ်တဲ့ နေ့မှာ စာရေးသူ၏အမေကိုယ်တိုင် ကျောင်းလိုက်အပ်ပေးခဲ့သည်။ ကျောင်းစတက်တဲ့ နေ့မှာ ကသိကအောက် တော်တော်လေး နိုင်ခဲ့သည်။ စာရေးသူ ဘေးဘယ်ညာ
ကြည့် လိုက်သည်။ အားလုံးက ဘယ်အချိန်က ခင်လာကြတဲ့သူငယ်ချင်းတွေမသိ အားရပါးရ စုဖွဲ့ပြီး စကားပြောနေကြသည်။တမျိုးကြီး
ဖြစ်နေ သည်။ ကောင်လေးတွေကော ကောင်မလေးတွေကော အတူတူထိုင်လို့ရသား ။

ကြောင်တောင်တောင်နဲ့ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက် ကြည့်နေစဉ်မှာပင် တစ်ယောက်က ပုခုံးလာပုတ်သည်။ငါသိတဲ့သူ
တော့ ရှိသားပဲ လှည့်ကြည့်လိုက်သည်။ ၁၀ တန်းတုန်းက ဘော်ဒါမှာ တစ်ခန်းထဲ အတူနေခဲ့တဲ့ ဘော်ဒါ ဖြစ်နေသည်။ စာရေးသူ အလွန်
ပျော်ရွှင် ခဲ့ရသည်။ နောက်ရက်တွေမှာ မကြောင်တော့ ဘော်ဒါနဲ့ စာသင်လိုက် ကမ်တင်း သွားလိုက် ၊ ပြန်တော့လဲ သူ့အိမ်ပြီးမှကိုယ့်
အိမ်ပြန်တယ် ။ ဒီလိုနဲ့ သိပ်မကြာခင်ပဲ စာရေးသူအတွက် နောက်ထပ်ချစ်ရမယ့် ဘော်ဒါနှစ်ယောက် တိုးလာခဲ့ပြန်သည်။

ဒီလိုနဲ့ တပူးတွဲတွဲ သူငယ်ချင်းတွေ နေခဲ့ကြသည်။ တစ်ယောက်အခက်ခဲကို တစ်ယောက်က ဘယ်တော့မှ ဥပက္ခာမပြုပဲ ဖြေရှင်းပေးခဲ့ ကြသည် ။ ပျော်ရွှင်စွာနေတက်သော လူငယ်များဖြစ်သောကြောင့် သူတို့ရှိနေတဲ့ နေရာတိုင်းမှာ ပျော်ရွှင်မူလေးတွေ ဖြစ်ပေါ်နေတက် သည်။ ကိုယ့် Intake တူချင်းမသိတဲ့သူမရှိသလောက်ပင် ။ စူးစမ်းချင်စိတ်ကလဲ အပြည့်ဖြစ်ခဲ့သည်။ စူးစမ်းကောင်းလို့လဲ ဆရာနေ သော အဆောင်အား ကျော်ဝင်မိသဖြင့် ကျောင်းအုပ်ကြီးအား ဌာနမှုးမှ တောင်းပန်၍ ကျောင်းဆက်တက်ခွင့်ရခဲ့သည် အထိဖြစ်ခဲ့သည်
ကျောင်းမှာ ဘာတဲ့ဆိုရင် ရှေ့ဆုံးက သွားသည်။ အမြဲတစ်စေလဲ လွဲတက်သည်။


တစ်နေ့ ကျောင်းမှာ ဆရာကန်တော့ပွဲတဲ့ ၊ စာရေးသူတို့ အဖွဲ့တက်ကြွနေပြီပေါ့ ။ မနက်ဖြန်ကြရင် ဘာဝတ်မယ်ညာဝတ်မယ်ပေါ့ ။ နောက်ဆုံး မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအရ တိုက်ပုံကိုရွေးလိုက်သည်။ မရှိလဲမပူ အဖေဟာယူဝတ်မယ်ပေါ့။ မနက်ဆံကေသာကို အုန်းဆီကျော့အောင်လိမ်း တိုက်ပုံဖားဖားကြီးများနှင့် လေးယောက်သား ကျောင်းရောက်ခဲ့သည်။ အားလုံးကတော့ ပေါ့ပေါ့ပါးပါး အဆင်ပြေသလိုဝတ်လာကြသည်။ အတန်းကြီးတောင် တိုက်ပုံမ၀တ် ၊ ဒါပေမယ့် မရှက်ပေါင် မြန်မာ့ရိုးရာပဲ နောက်ဆုံး တိုက်ပုံတွေနဲ့ ဆိုတော့ ရှေ့ဆုံးကတောင် ၀င်ကန်တော့ခွင့်ရခဲ့သည်။

တစ်ယောက်ကလာအော်သည်။ မနက်ဖြန် ဌာနမှာ စာတမ်းဖတ်ပွဲရှိတယ်တဲ့ ။ စာရေးသူတို့ ရောက်အောင်သွားခဲ့သည်။ ဟိုရောက်တော့ အတန်းကြီးများက သူတို့ပြုစုထားတာတွေကို ဖတ်ကြသည်။ မေးသည်ကို ဖြေကြသည်။ အခုမှ ကျောင်းစတက်တဲ့ စာရေးသူတို့နား မလည်။ ဘယ်အချိန်ပြီးသည်တော့မသိ ၊ ကျောင်းစောင့်လာနှိုးမှ ဘော်ဒါလေးယောက်နိုးပြီး ထပြန်ခဲ့သည်။ ဒီလိုနဲ့ ကျောင်းချိန်တွေ ဖြတ်သန်းခဲ့သည်။ ကျောင်းရည်လဲ လည်လာခဲ့သည်။ ကျောင်းတက်ချိန်တက် ၊ လ္ဘက်ရည်ဆိုင်ထိုင်ချိန်ထိုင် ၊ ကျန်အားလပ်ချိန်များအား အကျိုးရှိစွာ ဂိမ်းဆိုင်တွင်ဖြုံးလိုက်သည်။

စာရေးသူတို့ အိမ်မက်ဖြစ်သော ဘွဲ့ကို လေးယောက်လုံး အတူတူယူမယ် ဆိုသော အိမ်မက်လွင့်ပြယ်ခဲ့သည်။ ဘွဲ့ယူအခမ်းနားအား စာရေးသူနှင့် နောက်တစ်ယောက်သာတက် နိုင်ခဲ့သည်။ ဘော်ဒါနှစ်ယောက် တစ်နှစ်ကျနေခဲ့သည်။ ထိုတုန်းကလဲ ယောင်္ကျားလေးများ ဖြစ်ပေမယ့် မျက်ရည်ကြခဲ့ရသည်။ စာရေးသူတို့ နှစ်ယောက် ကျောင်းပြီးသွားတော့ အလုပ်ခွင်ထဲဝင်ဖြစ်ခဲ့သည်။ ကျန်တဲ့ ဘော်ဒါနှစ် ယောက်မှာလဲ ကျောင်းဆက်တက်ဖြစ်ခဲ့သည်။

တစ်နေ့ဘော်ဒါတွေ ညနေပိုင်း လ္ဘက်ရည်ဆိုင်ထိုင်စဉ် ဘော်ဒါတစ်ယောက်ဆီမှ စကားတစ်ခွန်း ကြားလိုက်ရတယ်။ " ငါမိန်းမခိုး မယ်တဲ့ " ၊ အံ့သြသွားခဲ့တယ် ။ ဒါပေမယ့် သူဒီလိုဖြစ်လာပြီ ဆိုတော့လဲ ဘော်ဒါတွေ သွေးဆူလာကြသည်။ အခြေနေ အကျိုးကြောင်း
မေးမြန်းပြီးတော့ စီစဉ်ရတော့သည်။

ဆက်လက်ရေးသားပါအုံးမည်။

မျှော်လင့်သူ.. (သူငယ်ချင်းများအား သတိရလွမ်းဆွတ်လျှက်)

Friday, November 6, 2009

ခရီးသွားမှတ်တမ်း ( ၂ )

နေ့လည်စား စားပြီးတဲ့နောက်မှာ ကျွန်တော်တို့ အပြန်ခရီးကို စတင်ခဲ့ပါတယ်။ လမ်းများ ဆိုးသည့်တိုင်အောင် ရာသီဥတုက သာယာလှ သောကြောင့် သက်သာရာ ရခဲ့သည်။ နေရောင် ဖျော့ဖျော့လေးအောက်မှာ ကျွန်တော်ရဲ့ ဆိုင်ကယ်လေး တစ်ရိပ်ရိပ်ပြေးနေခဲ့သည်။ လမ်း ဘေးတစ်လျှောက် မြင်တွေ့ရသော စပါးခင်းများကလဲ မျက်စိပသာဒ ကျလှသည်။ လူကြီးသူမတွေ ပြောတာ ကြားဖူးသည်။ တောဆိုပြေ မှ မြို့ဆိုပြေ၏တဲ့ ။ အားလုံးတက်ညီလက်ညီနဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ မြင်ကွင်းလေးက အားဆေးတစ်ခွက်ထက် အားပိုရှိလှသည်။

ခရီးလမ်း တစ်လျှောက် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခရီးစဉ်အကြောင်းကို တွေးတောမိပါသည်။ ဘုရားရှင်ဟာ မဟာပုဏ္ဏမထေရ်မြတ်၏ လျှောက်ထားချက်အရ တစ်ပတ်တိုင်တိုင် ၀ါဏိဇ္ဇဂါမရွာသားများအား တရားရေအေး တိုက်ကြွေးခဲ့ပါတယ် ။ ထိုအချိန်မှာ နဂါးမင်းတစ်ပါး ကြွလာပြီး ဘုရားရှင်ထံ လျှောက်ထားသောအခါ ဘုရားရှင်က အပြန်ခရီးတွင် နဂါးမင်း နေထိုင်ရာ အရပ်ဒေသသို့ ကြွချီတော်မူပြီး ခြေ တော်ရာ တစ်စုံ ပေးသနားတော်မူပါသည်။ ထိုနေရာသည် မန်းချောင်းဘေးမှာ ရှိတဲ့ မန်းရွှေစက်တော်ရာ နေရာပဲဖြစ်ပါတယ်။ ထို့နောက်မှာ
ဘုရားရှင် ဆက်လက်ကြွချီခဲ့ရာ မကွေးမြို့ တစ်ဖက်ကမ်း မင်းဘူးမြို့သို့ ကြွချီတော်မူပါတယ် ။ ထိုမြို့၌ပင် မြတ်စွာဘုရားရှင် ကျိန်းစက် တော်မူပါတယ်။

အတွေးလေး နယ်ချဲ့ခဲ့ရာ သိပ်တောင်မကြာလိုက်ပေ ။ မကွေးမြို့တစ်ဖက်ကမ်း မင်းဘူးမြို့သို့ ရောက်ရှိလာခဲ့သည်။ ဘုရားရှင် ကျိန်းစက် ခဲ့တဲ့ နေရာမှာ ဘုရားတစ်ဆူ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ထိုစေတီအား စက္ကိန်းတဲ စေတီတော်မြတ်ဟု ခေါ်ဆိုခဲ့ကြပါ တယ်။


(သမိုင်းဝင် စက္ကိန်းတဲစေတီတော်မြတ်ကြီး - မင်းဘူးမြို့)

မင်းဘူးမြို့ဟာ ဧရာဝတီမြစ်နောက်ဖက်ကမ်း ကိုသာ ကြွချီတော်မူပြီး မြစ်အရှေ့ဘက်ကမ်းသို့ မကြွခဲ့ပေ။ စာပေများ၌ မြစ်အရှေ့ဘက် ကမ်းသည် ဘီလူးများကြီးစိုးရာ နေရာဖြစ်သော ကြောင့်ဟုဆိုပါသည်။ ဘုရားရှင် တစ်ညကျိန်းစက်နေစဉ် မြစ်အရှေ့ဘက်ကမ်းမှ ဘီလူးညီနောင်လေးဖော်က သဖန်းသီးနှင့် ဘုရားရှင်အား ဆက်ကပ်ပူဇော်သည်။ ထိုအခါ ဘုရားရှင်က သူကျိန်းစက်ခဲ့သော သိကြား မင်းဖန်ဆင်းသည့် မြသားသလွန်တော်ကို ပေးသနားတော်မူသည်။ ထိုမြသားသလွန်တော်အား မြစ်တဖက်ကမ်းတွင် ထာပနာပြီး စေတီ တစ်ဆူ ပူဇော်လေသည်။ ထိုစေတီအား မြသလွန်စေတီတော်မြတ်ကြီးဟု ခေါ်တွင်တော်မူလေသည်။


(မြသလွန်စေတီတော်မြတ်ကြီးအား မြစ်တစ်ဖက်ကမ်း စက္ကိန်းတဲစေတီတော်မြတ်ပေါ်မှ ဖူးတွေ့ရစဉ်)


(မြသားသလွန်အား ထာပနာ၍ တည်ထားတော်မူသော မြသလွန်စေတီတော်မြတ်ကြီး - မကွေး)


စက္ကိန်းတဲ ဘုရားပေါ်တွင် ခရီးတစ်ထောက်နားပြီးနောက် ခရီးဆက်လက်ထွက်ခွာခဲ့သည်။ နဂါးပွက်တောင် (မင်းဘူးမြို့) ဘက်သို့ မောင်းနှင်လိုက်သည်။ နဂါးပွက်တောင်သည် မြန်မာနိုင်ငံရှိ ရွံ့မီးတောင်များအနက် တစ်ခုဖြစ်သည်။ အချိန်တိုင်းပွက်နေပြီး ထွက်လာ သောချော်ရည်များမှာ အေးခဲနေပြီး ရွံ့များသာ ဖြစ်သည်။ အခုနောက်ပိုင်းမှာ ရွံ့မီးတောင်ကြီးအပြင် ဘေးမီတာအနည်းငယ်မှာပင် နောက်ထက် ရွံ့မီးတောင်ငယ်များလဲ ပေါ်ထွက်လာခဲ့သည်။


(နဂါးပွက်တောင် ပင်မရွံ့မီးတောင်ကြီး - မင်းဘူးမြို့)


(အသစ်ပေါ်ထွက်လာသော ရွံ့မီးတောင်ငယ်များ)


(နဂါးပွက်တောင်အား စောင့်ရှောက်သော နဂါးမောင်နှမ ရုပ်ထု)


ထို့နောက် မင်ဘူးမြို့မှ ဆက်လက်ထွက်ခွါခဲ့ရာ မွန်းလွဲပိုင်း ၂ နာရီလောက်တွင် မကွေးရွှေမြို့တော်ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ပါတော့ သည်။

မျှော်လင့်သူ

Thursday, November 5, 2009

သြော် ချစ်တက်တာကိုး

နာမည်က မောင်တိုး ၊ အသက်ကလား အခုမှ ၂၂ နှစ်ပြည့်ပြီးကာစ ၊ပညာအရည်ချင်းကတော့ ရေးဖတ်ထက် နည်းနည်းပိုတဲ့ အစိုးရကပေး တဲ့ ဘွဲ့လေး တစ်လုံးနဲ့ပေါ့ ၊ ရုပ်ရည်ကတော့ မချိုမချဉ် ၊ ဒါပေမယ့် လူချစ်လူခင်တော့ လွတ်ပေါတယ် (အဟိ) ၊ ဒါပေမယ့် ရည်းစားက တော့ တစ်ယောက်မှ မရှိ (အခုလက်ရှိကိုပြောတာမဟုတ်ဘူးနော် ) ၊ ဆက်ပြောမယ်နားထောင် ။

မောင်တိုးက လူချစ်လူခင်ပေါပေမယ့် သူ့ဘ၀က အချစ်ခံရုံပဲလားမသိ ၊ သူ့ကို ကြိုက်တယ်သူတွေတော့ များသား (နည်းနည်း လေလုံးထွား လိုက်အုံးမယ်) ၊ အဲဒါခက်တာပဲ သူ့ကို ကြိုက်တဲ့ကောင်မလေး (သင်ဇာဝင့်ကျော် နဲ့များ ခက်ဆင်ဆင် ) ကိုကြတော့ သူက ပြန်မကြိုက် ၊ သြော် ဒါကလဲ လူ့ဘ၀ကြီးကို ဟုတ်ဘူးလား ပရိတ်သတ်တို့ရေ... အဲ ယောင်ကုန်ပြီ စာဖတ်သူတို့ရေ.. အဟီး...

ကဲ ဆက်ပြောမယ် .. ဒီလိုပဲပေါ့ဗျာ ၊ လိုတာမရ ရတာမလိုကိုက လူ့ဘ၀ရဲ့ စာသားလေးတွေ မဟုတ်လား၊ မောင်တိုး တစ်ယောက် ဒီလိုနဲ့ အသက်တောင် ၂၂ ရောက်ခဲ့ပေါ့ ၊ ဖြစ်ချင်တော့ မောင်တိုးတစ်ယောက် ဆန်းပွင့်လာတယ်ဗျာ၊ ဆန်းပွင့်တယ်ဆိုတာ ဒီလိုဗျ၊ သူကြိုက်တဲ့ (ဘယ်နှယောက်မြောက်လဲတော့ မသိ) ကောင်မလေးက သူ့ကို ပြန်ကြိုက်တယ်ဗျာ ၊ မောင်တိုးတစ်ယောက် ဒေါ်လာသန်း ၂၀ မကုန်ပဲ လကမ္ဘာ တစ်ခေါက်ရောက်သွားတယ် ၊ သူ့ကံကလဲဗျာ ဆိုးလွန်းပါတယ် ၊ စာဖတ်သူတို့ရေ ငိုတော့မငိုကြနဲ့နော် ၊ ဖြစ်ချင်တော့ သူနောက် ကောင်မလေး တစ်ယောက်နဲ့ထပ်တွေ့တယ်ဗျာ ၊ မောင်တိုး တစ်ယောက် ငါ့ကံ ဘယ်လောက်ကောင်းသလဲ စမ်းကြည့်မယ် ဆိုပြီး နောက် တစ်ယောက် ချိတ်လိုက်တယ် ၊ ဟိဟိ ကံက ကောင်းတယ်လို့ပြောရမလား ၊ မကောင်းဘူးလို့ပဲ ပြောရမ
လား စာဖတ်သူတို့ရေ...

ဒီလိုနဲ့ မင်းသားက တစ်ပါး ၊ မင်းသမီးလေးက နှစ်ပါးနဲ့ပေါ့ ၊ သြော် ပြောရအုံးမယ် မဒီလေးနှစ်ပါးက ပထမဆုံးတွေ့တဲ့ တစ်ပါးက အ သက်က မောင်တိုးထက်ငယ်တယ် (ရော ဘယ်လောက်ငယ်လဲ စာဖတ်သူတို့ မေးတော့မယ် ) ၃ နှစ်ဗျာ ၃ နှစ် ၊ အသက်ဘယ်လောက် ရှိမလဲ တွက်ကြည့်ပေတော့ ၊ သူနဲ့က တွေ့ရော ချစ်ကြရောပေါ့ ၊ စတွေ့ထဲက စူတဲ့နှုတ်ခမ်း အခုထိလဲ စူတုံးပဲ (အဟီး) ၊ ချစ်ဖို့တော့ ကောင်းသား ၊ ရက်ပိုင်းပဲခြားတယ် နောက်မဒီလေး တစ်ပါးနဲ့တွေ့တယ် ၊ မောင်တိုးထက် ၂ နှစ်ကြီးတယ် ၊ ကိုယ့်ထက်ငယ်တော့လဲ ညီမလေးဆိုပြီး ချစ်လိုက်ပြန်ရော ၊ ဟော ကိုယ့်ထက်ကြီးတော့လဲ မ ဆိုပြီး ပိုးလိုက်တာပဲ ၊ အဟိ အဲထိတော့ ကံအကောင်းဆုံးလူသား လေးပေါ့ ၊

ဒီလိုနဲ့ သိပ်မကြာလိုက်ပါဘူး ၊ မဟာ လမင်းကြီး ပြည့်တဲ့နေ့ တန်ဆောင်မုန်းလပြည့်ရောက်ခဲ့ ပါတယ်ခင်ဗျာ ၊ လက သူ့ဘာသာ အချိန် တန်ပြည့်တာ မှန်ပေမယ့် မောင်တိုး တစ်ယောက် ၀က်သချီးလည် ပါပေတော့တယ်ခင်ဗျာ၊ သြော် မရောက်ခင် တစ်ရက်ပြောပြအုံးမယ်၊
ညီမလေးနဲ့ မနက်ပိုင်းတွေ့တယ် ၊ မောင်တိုးကို ကောင်မလေးက ပြောတယ် ၊ ကို မနက်ဖြန် လပြည့်နေ့ ချစ်သွားချင်တဲ့နေရာ လိုက်ပို့ ပေးတဲ့ ၊ ကဲ မောင်တိုးကလဲ ချစ်တာကိုး အလွယ်တကူပဲ ၊ ဟာ ချစ်ကလဲ ဖြစ်တာပေါ့ လည်ရမှာပေါ့ ၊ တစ်လမှာ တစ်ခါပဲ လပြည့်တာ ကို (ဟင်း သူပြောမှလား လ တစ်လကိုဘယ်နှစ်ခါပြည့်မလဲ) ၊ ကောင်မလေးက ဒါကြောင့် ကို့ကို ချစ်တာတဲ့ ၊မောင်တိုး တစ်ယောက် CIA က ဘင်လာဒင် ဖမ်းမိတဲ့ မျက်နှာမျိုးနဲ့ (ဘယ်လိုလဲ မမေးနဲ့ မှန်းသာကြည့် ) ၊

ဟော နာရီ အနည်းငယ်ပဲ ခြားတယ် ၊ မ နဲ့ တွေ့ပြန်တယ် ၊ အလုပ်တွေလွတ်ရှုပ်နေတယ် ၊ မနက်ဖြန် ပြောထားတဲ့ ကိစ္စ မေ့နေပြီလား တဲ့ ၊ မောင်တိုး စဉ်းစားရပြီ ၊ အဲဟုတ်သားပဲ မ ပြောထားတယ်လေ ဘုရားဖူးသွားမယ့် ကိစ္စ ၊ မေ့နေတာတော့ အမှန် ဒါပေမယ့် မောင် တိုး ချောင်းတစ်ချက် ဟန့်လိုက်သည် ၊ မ ကပြောတော့မယ် ဒါက မေ့စရာလား လိုက်ပို့ပေးမှာပေါ့ ၊ မနက်ဖြန် မနက် ၆ နာရီ စောင့်နေ လာခေါ်မယ် ၊ သြော် စာဖတ်သူတို့ရေ အပြစ်တော့မပြောကြပါနဲ့ ၊ ဒီတစ်ယောက်ကိုလဲ မောင်တိုးက ချစ်တာပါပဲ၊ (အားကြနေပြီလား မ သိ) ၊ မောင်တိုး တစ်ယောက် အချိန်တွေကို စီမံ ခန့်ခွဲရလေပြီ ၊ ရော ငါ ဘာစဉ်းစားနေတာပါလိမ့် ၊ မ နဲ့က မနက်သွား ချစ်နဲ့က ညနေ အဆင်ပြေနေတာပဲ ၊

မောင်တိုး တစ်ယောက် အစီစဉ်ကောင်းလို့ ရက်ကြပ်ထဲမှ အောင်မြင်စွာ ဖြတ်သန်းလာခဲ့သည် ၊ နည်းနည်းလေးပဲ စိတ်မောလိုက်ရ သည် ၊ သူအောင်မြင်လို့ ပျော်တဲ့မျက်နှာမျိုး မြင်ဖူးလား ၊ မမြင်ဖူး တွေးကြည့်ပြောမယ် (ဘောလုံးတစ်သင်း ပွဲကြပ်ထဲ နိုင်အောင် ကန် နိုင်လို့ ပျော်နေတဲ့ မန်နေဂျာရဲ့ မျက်နှာနဲ့ ခက်ဆင်ဆင် ) ၊ ကဲ လေကြော မရှည်နေတော့ပါဘူး ၊ ဆက်ပြောမယ် ၊

တစ်နေ့ မောင်တိုး တစ်ယောက် သီချင်းလေးဖွင့်ပြီး ညိမ့်နေတုံး ရှိသေးတယ် ၊ ချစ် (ညီမလေးကို ထိုသို့ခေါ်သည်) ၀င်လာသည်၊ ကို ဆိုင်ကယ်တိုက်လို့တဲ့ ၊ မောကြီးသုတ်ပြာနဲ့ ၊ မောင်တိုးက မေးလိုက်တယ် ဘယ်နားမှာလဲ ၊ ဖြေပါတယ် အရှေ့မှာတဲ့ ၊ ခက်တယ် ဘာ လို့သွားကြည့်နေလဲ ၊ လန့်သွားမှာပေါ့ ရေသောက် ၊ ကို ဟုတ်ဘူး ချစ်ဆိုင်ကယ်နဲ့ တိုက်ပစ်တာတဲ့ ၊ ဟိုက် ဘုရား (This Is Police Case) ၊ ရင်တွေခုန်လိုက်တာ (လန့်တာကို ပြောတာနော်) ၊ ကဲ မောင်တိုးတို့ သူရဲကောင်းလုပ်ဖို့ အချိန်တော့ တန်ပြီ၊ ချစ်သူရှေ့ မား မားရပ်လို့ပေါ့ ၊ ချစ်တိုက်တာ များလားဟင် ၊ ကိုကလဲ ထွက်ကြည့်ပါအုံး ၊ ဟုတ်သားပဲ ၊ မောင်တိုးတစ်ယောက် ထွက်ကြည့်ရတာပေါ့၊ ဒါနဲ့ လူနာကို ဆေးခန်းလိုက်ပို့ ဟိုပို့ ဒီပို့နဲ့ မောင်တိုး တစ်ယောက်လဲ အတော်တန်ကို မောသွားတယ် ၊ ကိစ္စတွေတော့ အားလုံးပြီးပါပြီ ဆရာဝန်က မနက်ဖြန်ထပ်လာပါတဲ့ ၊ ကွိကွိ ၊

ကဲ မောင်တိုး တစ်ယောက် မနက်ဖြန် ဘယ်လိုနှစ်ပါး (အဲ သုံးပါး ဖြစ်သွားပြီ) ၊ ဘယ်လိုသုံးပါးသွားမလဲ ဆက်ဖတ်ပေးပါအုံး စာဖတ်သူ အပေါင်းတို့ရေ ( ဒူေ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ )

မျှော်လင့်သူ (စိတ်ကူးပုံဖော်သည်)

Wednesday, November 4, 2009

Myanmar Internet User

မြန်မာ Internet user တစ်ယောက် ဆိုင်ထဲဝင်လာသည်။ သူအရင်ဆုံး ဘာလုပ်မည်နည်း ? G-talk ၊ MIRC ၊ VZO စသည့် Chatting Browser တွေ အကုန်သူဖွင့်လိုက်သည်။ တစ်မျိုးကို Account သုံးလေးခုနှင့်ပေါ့ ။ အချိန်အတော်တန် ကြာအောင် သူအသုံးပြုလိုက်သည်။ ထို့နောက် ကောင်တာမှာ ငွေရှင်းလိုက်သည်။ စာဖတ်သူတို့ စဉ်းစားကြည့်ပါ သူဘာရသွားသနည်း ?

ကျွန်တော်တို့ ကမ္ဘာကြီးဟာ အခုဆိုလျှင် အလျင်မြန်တိုးတက်လာပြီး ကမ္ဘာကြီးမှာ ရွာကြီးတစ်ရွာ ဖြစ်လာခဲ့သည်။ အဖြစ်ပျက်တွေလဲ ပြောင်းလဲမြန်ဆန်လွန်းလှသည်။ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး စသည်ဖြင့် တရိပ်ရိပ်နှင့် မြန်ဆန်စွာ တိုးတက်လာသည်။ ကျွန်တော်တို့ အနေနှင့် ထိုသို့တိုးတက်မှုများကို လက်လှမ်းမှီသလောက် လေ့လာနိုင်မှသာ သူများနောက်မကျန်နေခဲ့ပဲ သူများနှင့် ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ Chat ဆိုသည်မှာ မြန်မာအနက်အဓိပ္ပာယ်အရ အလ္လာပသလ္လာပ ၊ အပျင်းဖြေ စကားပြောသည်ဟု အဓိပ္ပာယ်ရပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ အလ္လာပသလ္လာပ ပြောဖို့ အချိန် ၃ နာရီလောက် သုံးတယ်ဆိုရင် သင့်တော်ပါ့မလား။ မြန်မာလူငယ် အများစုအနေနှင့် Chat ကိုအမုန်းသုံးစွဲ ကြတာကို အမြဲတွေ့နေရပါတယ်။ နေကောင်းလား၊ စားပြီးပြီလား ၊ ဘာတွေလုပ်နေသလဲ စသဖြင့် စကားစချီပြီး ပြောနေကြသည်။ အရှိန်လေး နည်းနည်းရလာလျှင် ရည်းစားစကား ဖွင့်ပြောမည်။ ဒါသည် တစ်ယောက်ထဲနှင့် မဟုတ် နောက် Account တစ်ခုမှ တစ်ယောက်အားလဲ Q လိုက်သေးသည်။ ဘေးမှ ကြည့်လိုက်လျှင် ကမ္ဘာ အလုပ်ရှုပ်ဆုံး လူသားဟုတောင် ထင်ရသည်။ စာဖတ်သူတို့အနေ နှင့် ကျွန်တော့်အား Chatting လုပ်ခြင်းအား မုန်းတီးသည်ဟု ထင်ကောင်း ထင်နိုင်ပေလိမ့်မည်။ ကျွန်တော် မမုန်းပါ ၊ မုန်းစရာအကြောင်းလဲ မရှိပေ။ ကျွန်တော် ဆိုလိုရင်းက လူငယ်တွေ အသုံးမှားနေခြင်းကိုသာ ဆိုလိုပေသည်။

မြန်မာ စကားပုံ တစ်ခုရှိသည် ။ " တစ်ရွာ တစ်ကျီဆောက်ပါ " ။ ခေတ်ကြီး တိုးတက်လာသည်နှင့်အမျှ တစ်နေရာမှ တစ်နေရာ ရောက်မှ မိတ်ဖွဲ့နေစရာ မလိုတော့ပဲ ပြည်နယ်နှင့် တိုင်းအသီးသီးမှာ ရှိတဲ့ ညီကိုမောင်နှမတွေ Online ပေါ်မှာ တွေ့ကြပြီး မိတ်ဆက်ရင်း ခင်မင်ရင်နှီးနိုင်ပေသည်။ ကွဲကွာနေသော သူငယ်ချင်းများ မိဘဆွေမျိုးများ Online ပေါ်မှာ လွယ်လင့်တကူ တွေ့ဆုံကြပြီး ဆက်သွယ်နိုင်ကြသည်။ မိတ်ဆွေရင်းကဲ့သို့သော ဘော်ဒါများလဲ ရရှိနိုင်ပေသည်။ ထိုသို့ အရမ်းအသုံးဝင်လှသော Chatting ကို အကျိုးရှိစွာ အသုံးချစေချင်သည်။

ကမ္ဘာပေါ်မှာ နေ့စဉ်ပြောင်းလဲ နေသမျှကိုလဲ သွားရောက်ကြည့်ရှုနေစရာ မလိုပဲ Internet ပေါ်မှပင် လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင် သည်။ သူများနိုင်ငံတွေမှာ တိုးတက်ဖွံ့ဖြိုးနေသည်ကို သွားရည်ယိုခိုင်းသည် မဟုတ်ပါ။ သူတို့တွေ ဘယ်လိုကြိုးစားလို့ ဘယ်လိုအောင် မြင်သည်ဆိုတာကို အတုယူစေချင်သည်။ Internet တစ်နာရီ သုံးမည်ဆိုပါက ထိုသုံးသည့် အချိန်ထဲမှ မိမိအတွက် အကျိုးရှိမည့် အကြောင်းရာများကို လေ့လာရှာဖွေ မှတ်သားစေချင်သည်။ တစ်ချို့ Internet User များ G-talk နှင့် Gmail ဆက်စပ်သည်ဆိုတာကို တောင် သိပ်မသိဘူးဖြစ်နေသည်။ သူတို့တွေ Internet သုံးသည့်အချိန်တွေမှာ ဘာတွေလုပ်နေသနည်း။

ထိုသို့ပြောသောကြောင့် စာဖတ်သူများ မေးချင်ကြလိမ့်မည်။ " စာရေးသူကော ဘာသိသနည်း " ။ ကျွန်တော် ဖြေချင်ပါသည်။ ကျွန်တော် Internet နှင့်ပတ်သတ်၍ အပုံ ၁၀၀ ပုံ ၁ ပုံတောင် သိချင်မှ သိပါလိမ့်မည်။ သို့သော် ကျွန်တော်အားမငယ်ပါ ။ ဘာကြောင့်လဲ ? ကျွန်တော့်မှာ လေ့လာချင်စိတ် အပြည့်ဝရှိသည်။ အမြဲတစေလဲ လေ့လာသည်။ ဟိုလူ ဒါသိသည် ၊ ကျွန်တော်လဲ သိရမည် ၊ သိအောင်လဲ ကြိုးစားသည်။ ဟိုလူ ဟိုဟာသိသည် ၊ ကျွန်တော်လဲ သိရမည် ၊ သိအောင်လဲ ကြိုးစားမည် ။ စာရေးသူတို့လဲ သိကြမှာပါ Google ဆိုတာကကြီးက Internet ပေါ်က စာကြည့်တိုက်ကြီးတစ်ခုပါပဲ ။ စာဖတ်သူတို့ ဘာသိချင်လဲ ၊ ဘာတက်ချင်လဲ၊ ဘာတွေလေ့လာချင်လဲ ။ Google ထဲမှာ ရိုက်ထည့်လိုက်ယုံနဲ့ မိမိလိုချင်တာနဲ့ အနီးစပ်ဆုံးဖော်ပြပေးလိမ့်မည်။ ကဲဘယ်လောက်လွယ် သလဲ ။ ကျွန်တော် သိချင်သမျှ ဘာပဲလိုလို Google မှာပဲ ရှာကြည့်လိုက်သည်။ ရှာပေးနိုင်သည်။

စာဖတ်သူတို့ကို ဟာသအနေနဲ့ ကျွန်တော်တစ်ခုပြောပြ ပါမည်။ ကျွန်တော် Network နှင့် ပတ်သတ်သမျှကို Google ထဲမှာပဲ ရအောင် ရှာသည်။ သူငယ်ချင်းတစ်ယောက် ကျွန်တော့်နားလာပြီး ဆိုင်ကယ်သော့ပျောက်သဖြင့် လာငြီးနေသည်။ ကျွန်တော်ပြောလိုက်သည် မင်း Google ထဲမှာ My Motorcycle Key လို့ ရိုက်ထည့်လိုက်ပါလားလို့ ဟာသအနေနဲ့တောင် ပြောမိပါသည်။ ထိုမျှလောက် အသုံးဝင် သည်ကို စာဖတ်သူတို့ အကျိုးရှိရှိ အသုံးချစေချင်သည်။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးနေသည့် Social Website ကြီးတွေ ဖြစ်တဲ့ Facebook တို့ Tagged တို့ကိုလဲ ၀င်ရောက် အသုံးပြုစေလိုသည်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လဲ မိမိတို့ ပညာအရေးနဲ့ ပတ်သတ်သမျှကို Internet ပေါ်မှာ ရှာဖွေလေ့လာစေချင်သည်။

နောက်တစ်ခု ကျွန်တော်ပြောချင်ပါသည်။ မြန်မာ Internet user တွေ အသုံးပြုနေတဲ့ Word ပိုင်းနဲ့ ပတ်သတ်လို့ပါ။ အသုံးပြုသူ တော်
တော်များများမှာ Broken English ( မြန်မာအသံထွက်အား English စာလုံးနှင့် ရေးသားသည်။) ကို အသုံးပြုနေတာကိုပါ။ ဒါကလဲ လွဲမှားနေတာ တစ်ခုပါပဲ။ အချိန်အများကြီး အသုံးပြုသည့် တိုင်အောင် ကိုယ့်အတွက် အကျိုးမရှိတာမျိုး ဖြစ်နိုင်ပါသည်။ ကမ္ဘာတစ်ဝှမ်း ရှိ လူမျိုးကြီး တော်တော်များများမှာ ကိုယ့်လူမျိုး စာလုံးကိုသာ အသုံးပြုကြပါသည်။ ကျွန်တော်တို့ အနေနှင့်လဲ English word သုံးသည့် အခါမှာ English စာသုံးတိုင်းသာ အသုံးပြုစေလိုပါသည်။ ပုံမှန်ပြောဆိုမှုကို Simple English မျိုးကို အသုံးပြုလို့ ရပေသည်။ နောက်တခုက ကိုယ့်လူမျိုး စာလုံးကိုလဲ အသုံးပြုစေချင်သည်။ Myanmar word ကိုလဲ ကြိုးစားရိုက်စေချင်သည်။ ခက်သည်ဆိုပြီး မရိုက်လျှင် တစ်သက်လုံး တက်မည် မဟုတ်ပေ။ မည်သူမှ မွေးကတည်းက မတက်သည်ကို သတိပြုစေလိုသည်။ အဓိကကျသည်မှာ မိမိ၏ စူးစမ်းချင်စိတ် လေ့လာလိုစိတ်ပေါ်သာ မူတည်ပါသည်။ အစပိုင်းမှာ ခက်ခဲသော်လဲ နောက်ပိုင်းတွင် လွယ်ကူစွာ ရိုက်နိုင်ပေလိမ့် မည်။ နောင်တစ်ချိန်တွင်လဲ အသုံးဝင်ပေလိမ့်မည်။

တိုးတက်မှုတိုင်းမှာ ကောင်းကျိုး နှင့် ဆိုးကျိုး ထိုနှစ်မျိုးဟာ ဒွန်တွဲနေတက်ပါတယ်။ စာဖတ်သူတို့ကို သတိပြုစေလိုစေချင်သည်က မိမိကုန်ခဲ့သော အချိန် နှင့် ငွေ အပေါ်တွင် ကောင်းကျိုးများသာ သက်ရောက်ဖို့ပါပဲ ။ Internet ပေါ်မှာ လူငယ်တို့လမ်းမှား ရောက်စေ နိုင်သော ညစ်ညမ်း Website များ သိန်းပေါင်းများစွာ ရှိပေသည်။ ထိုအတွက်သာ သင့်ရဲ့ အချိန် နှင့် ငွေကို ကုန်ဆုံးစေပါက သင့်အတွက် အကျိုးယုတ်ယုံ သာဖြစ်ပေလိမ့်မည်။ ထိုသို့ပါက Internet မသုံးတက်သည်ကပင် သင့်အတွက် ကောင်းပေလိမ့်မည်။ Internet ပေါ်တွင် တန်ဖိုးရှိသော Website များကို လေ့လာနိုင်ယုံသာမက ထို Website တည်ဆောက်ပုံများကိုလဲ အချိန်ပေးနိုင်လျှင် ပေးနိုင်သလို လေ့လာနိုင်ပေသည်။

ပညာ နှင့် ပတ်သတ်လျှင် ရှက်ကြောက်သည့် စိတ်မထားသင့်ပါ။ "ပညာရှာ ပမာ သူတောင်းစား" ဆိုသော မြန်မာ စကားပုံအား လူငယ်တို့ လက်ကိုင်ထား သင့်ပေသည်။ သင် မသိခဲ့သည်ရှိသော သင်အသုံးပြုသော Cyber မှ တာဝန်ရှိသူများကို ပြခိုင်း၍ ရပါသည်။ သင့်အနေနှင့်လဲ သူတစ်ခါ လုပ်ပြသည်ကို အတွေးထဲမှာ ဆွဲမြဲအောင် မှတ်ထားသင့်သည်။ တစ်ခါခေါ်ပြခိုင်းသည် ၊ နှစ်ခါခေါ်ပြခိုင်း
သည် ၊ အကြိမ်များလာလျှင် သင်ကိုယ်တိုင် ဆိုလျှင်လဲ စိတ်ရှည်နိုင်မည် မဟုတ်တော့ပေ။ အခွင့်ခါ သင့်တိုင်းမှာ သင့်ရဲ့ Network ပိုင်းအသိပညာကို တိုးတက်အောင် ကြံဆောင်နိုင်အောင် သင်ကိုယ်တိုင်သာ စွမ်းဆောင်ရပေမည်။
မြန်မာ Internet User များ တိုးတက်ရေးကို အစဉ်ရှေးရှုလျှက်....

မျှော်လင့်သူ..

Tuesday, November 3, 2009

ကောင်လေး နှင့် ကောင်မလေး


ကောင်လေး နှင့် ကောင်မလေး


တစ်နေကုန် အလုပ်တွေနဲ့ရှုပ်နေတဲ့ ကောင်လေး ညနေပိုင်းလောက်မှာ ရေမိုးချိုးပြီးကွန်ပြူတာရှေ့ဝင်ထိုင်ဖြစ်ခဲ့တယ်. သူ့ရဲ့ Gtalkထဲ
မှာ သူမသိတဲ့ Account တစ်ခုကိုသူတွေ့လိုက်တယ်.. အမှတ်မထင်ကြည့်နေတုန်းမှာပဲ " Hi " ဆိုပြီး နှုတ်ခွန်းဆက်တဲ့စကားလေး တက်
လာခဲ့တယ်. သူကြောင်ကြည့်နေမိတယ်. နောက် သူပြန်ထူးလိုက်တယ်.
" Hello " .
ဒါနဲ့ ဘယ်ကမှန်းမသိတဲ့ Account ပိုင်ရှင်လေးနဲ့ သူစကားပြောမိတယ်. ဒါပေမယ့်သူစိတ်သိပ်မကြည်ဘူး.တဖက်ကြောင့်ဟုတ်မယ်
မထင်. တစ်နေကုန်အလုပ်ရှုပ်နေတဲ့အတွက်အရမ်းပင်ပန်းနေတဲ့အတွက်ကြောင့်ပါ. ဒါနဲ့ပဲ သူစကားသိပ်မပြောတော့ပဲလက်စသတ်လိုက်
တယ်.
"ကျွန်တော် အရမ်းပင်ပန်းနေလို့ နားတော့မယ် နော်. နောက်မှတွေ့တော့မယ်နော်."
လို့ကောင်လေး ပြောလိုက်တယ်.
"နောက်ကော ခင်လို့ရလားဟင်"
"ဟုတ်ကဲ့ ရပါတယ်."
သူ Account ကို Signout လုပ်လိုက်တယ်.နောက်နေ့မှာ ဒီလိုပဲ ကောင်လေး အလုပ်တွေပြီးလို့ Online တက်ဖြစ်တယ်.မနေ့က Account ပိုင်ရှင်လေး ရှိနေတာကို သူသတိမပြုမိခဲ့ဘူး.ခဏလောက်နေတော့ msg တက်လာတယ်.
" ယူတို့ကို မခင်ဘူးနော်."
ကောင်လေး ပြန်ဖြေလိုက်တယ်
" မဟုတ်ပါဘူး ယူရောက်နေမှန်း ကျွန်တော် သတိမထားမိလို့ပါ"
သူမကျေနပ်အောင် ကောင်လေးတောင်းပန်လိုက်တယ်. ဒီလိုနဲ့ကောင်လေးနဲ့ ကောင်မလေးရင်းနှီးခဲ့တယ်. ကောင်မလေးက ညပိုင်း
ဆိုရင် ကောင်လေးဆီကို ဖုန်းအမြဲခေါ်တယ်.ကောင်လေးက ကောင်မလေး သူ့အပေါ်စိတ်ဝင်စားတာကို သူရိပ်မိခဲ့တယ်. ဒါပေမယ့် ကောင်လေးက အရမ်းချစ်တက်တယ်. သူအရမ်းလဲ အသဲကွဲဖူးတယ်.ဒါကြောင့် အချစ်ကိုကြောက်နေပြီး သူရှောင်ဖယ်ဖယ်လုပ်နေခဲ့ တယ်. ဒါပေမယ့် သေချာတာကတော့ သူလဲ ကောင်မလေးကိုစိတ်ဝင်စားနေမိတာပဲ.နောက်ပိုင်း ကောင်လေးကသူ့စိတ်ကိုမထိန်း ချုပ် နိုင်တော့ပဲ ..ဖုန်းပေါ်မှာပဲ သူဖွင့်ပြောလိုက်တယ်...............

အချိန်စက်ဝန်းလည်ပတ်ခဲ့တယ်.သူတို့ အွန်လိုင်းချစ်သူဖြစ်တာ တစ်လပြည့်ခဲ့ပြီ.အရာအားလုံး အဆင်ပြေခဲ့တယ်. သံယောဇဉ်တွေလဲ ခိုင်မြဲလာခဲ့တယ်.နှစ်ယောက်သား ဘ၀ထူထောင်ဖို့ အိပ်မက်တွေမက်ခဲ့တယ်.သိပ်မကြာခင်မှာပဲ လှိုင်းခတ်လာခဲ့တယ်.ကောင်မလေးကို သူ့အိမ်ကမိဘတွေက အိပ်ထောင်ပြုပေးဖို့ စီစဉ်ကြတယ်.ကောင်မလေးကငိုပြီး ကောင်လေးကိုဖုန်းနဲ့ပြောတယ်.ကောင်လေး အကြီးကျယ်တုန်လှုပ်သွားတယ်.မျက်နှာမမြင်ဖူးကြပေမယ့် စိတ်ထဲမှာတော့ အရမ်းရင်းနှီးနေကြတဲ့ ချစ်သူတွေလေ.. ဒါပေမယ့်ကောင်
လေးမှာ အဝေးတစ်နေရာကဆိုတော့ မလှုပ်သာပဲကောင်မလေး အခြေနေကိုသာ နားစွင့်နေခဲ့ရတယ်.ကောင်မလေးကလဲကောင်လေး
ကို အရမ်းချစ်တော့ အိမ်ကစီစဉ်ပေးတာကို အတင်းငြင်းဆန်ခဲ့တယ်. တစ်ခါမှ ပြန်ခံမပြောဘူးပေမယ့်..ကောင်လေး အတွက်သူပြောခဲ့ တယ်. နောက်ဆုံး ကောင်လေးနဲ့ ကောင်မလေး အတူတူ တစ်နေရာကိုထွက်ပြေးပြီး ဘ၀တစ်ခု ထူထောင်ဖို့ ဆုံးဖြတ်လိုက်တယ်.ဒါနဲ့
ကောင်လေးနဲ့ ကောင်မလေး အချိတ်ဆက်လုပ်ပြီး.ထွက်ပြေးဖို့စီစဉ်ခဲ့တယ်.ကောင်လေး ကောင်မလေးဆီ လာဖို့ ကားဂိတ်ဆင်းခါနီး မှာပဲ.ကောင်မလေး ညီမလေးဆီက ဖုန်းဝင်လာခဲ့တယ်.ဒါနဲ့ အပြေးအွန်လိုင်းပေါ်တက်မိတယ်.အွန်လိုင်းပေါ်မှာ တွေ့လိုက်ရတာ သူရဲ့ ချစ်သူမဟုတ်ပဲ..မိဘတွေသဘောတူထားတဲ့ ကောင်လေးတစ်ယောက်ပါ.ကောင်မလေးကို မေ့ပစ်လိုက်ဖို့ ကောင်မလေးကမိဘတွေကို မလွန်ဆန်နိုင်လို့နောက်ဆုံးသူနဲ့ လက်ထက်မယ်. မင်းတို့က အိမ်မက်သက်သက်ပါ..အဓိပ္ပာယ်မဲ့စွာ သံရည်ပူလို ပူတဲ့ စကားလုံးတွေ သူ့နားထဲ လောင်းထည့်ခံလိုက်ရတယ်.ကောင်လေး အရမ်းခံစားရတယ်.သူ့ရဲ့ အစီစဉ်ကို လက်လျှော့ခဲ့ရပေမယ့် သူကောင်မလေးကို တစ်ရက်မှမမေ့ပဲသတိရလွမ်းဆွတ်နေခဲ့မိတယ်.

တပတ်ပြည့်တဲ့နေ့မှာ ဖုန်းဝင်လာခဲ့တယ်.မိဘတွေသဘောတူထားတဲ့ ကောင်လေးဖြစ်နေခဲ့တယ်..ဖြစ်ပျက်ခဲ့တဲ့ နေ့ကစပြီးကောင်မ လေး ထမင်းလဲ မစားတော့ဘူး.အပြင်လဲမထွက်တော့ဘူး.. နေလဲမကောင်းဖြစ်နေတယ်တဲ့.ဒါကြောင့် မင်းဖုန်းဆက်ပြီးကောင်မလေး ကို ထမင်းစားအောင်ပြောပေးတဲ့..ပြီးတော့ သူမင်းကို စိတ်နာအောင်လဲပြောပေးတဲ့...ချစ်သူဒီလိုဖြစ်နေပေမယ့် ကောင်လေး ဖုန်းဆက်
ဖို့ငြင်းဆန်လိုက်တယ်.သူကောင်မလေး ရဲ့စိတ်ကိုသူအသိဆုံးပဲလေ. ကောင်မလေးအခုလိုခံစားရသလိုကောင်လေးလဲခံစားနေရတာ
လေ. သူပြောလိုက်ရင် ကောင်မလေးသေလောက်အောင် ခံစားရမယ်ဆိုတာ သိနေတယ်လေ. သူမပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်. နောက်ရက်အနည်းငယ်ကြာမှာ ဖုန်းဝင်လာခဲ့တယ်. ကောင်မလေးဖြစ်နေတယ်.ကောင်လေး အရမ်းပျော်သွားတယ်. အိမ်ကနည်းနည်း အလျှော့ပေးလိုက်တယ်.ဒီတကြိမ်မှာတော့ ကောင်လေး လက်လွှတ်မခံချင်တော့ ကောင်မလေးကိုလာတွေ့ဖို့အမြန်ဆုံးဖြတ်လိုက်တယ်. ဒါပေမယ့် ကောင်လေးအပျော်တွေမကြာခဲ့ပါဘူး.. သူမေးလ် တစ်စောင်လက်ခံရလိုက်တယ်..

ကိုကို..
မပြောချင်ဆုံးစကားကိုပြောရတော့မယ်..
ဒီရက်တွေမှာကိုကို့ ကိုလွမ်းနေခဲ့တာပါ..
မလုပ်ချင်တာတွေကို ကိုကို့ကြောင့်လုပ်ခဲ့တယ်.
ချိန်းထားတဲ့အချိန်မှာ ကိုကို့ဆီက လာနိုင်ဖို့အမြဲစဉ်းစားနေမယ်နော်..
၈လပိုင်း ၂၁ နေ့ကနေပြီး ကိုကိုနဲ့ မတွေ့တော့ဘူးနော်..
အွန်လိုင်းကိုလဲမ၀င်တော့ဘူး.. ဖုန်းလဲမဆက်တော့ဘူး..
ကိုကို မတွေ့ကြတဲ့အချိန်တွေမှာလွမ်းနေမယ်..
ရင်ထဲမှာလဲ ကိုကိုတစ်ယောက်ထဲပဲရှိနေမယ်..
ယုံကြည်မယ်.. ကိုကိုလဲ ----နဲ့ထပ်တူရှိမယ်လို့ ယုံနေမယ်နော်..
ကိုကို.. ပြန်လာခဲ့မယ်နော်.. ကိုကို..စောင့်နေပေးပါနော်.
ကိုကို့ ကို ---- ချစ်တယ်..
ကိုကိုနေကောင်းအောင် အမြဲဂရုစိုက်ရမယ်နော်..
-----နဲ့ ကိုကိုချစ်ခဲ့ကြတာ ပုံပြင်မဟုတ်ဘူးဆိုတာ..
အာလုံးသိဖို့ ----- ကိုကို့ဆီကိုရောက်အောင်လာခဲ့မယ်နော်..
ကိုကို.. ---- ကိုမမေ့ပါနဲ့နော်..
ကိုကိုချစ်နေပါနော်..
ချစ်တယ် ..ကိုကို(ကိုကို့ချစ်ဇနီး)


ဒီ msg လေးရပြီး နောက်ပိုင်း ကောင်လေးနဲ့ ကောင်မလေး မတွေဖြစ်ကြတော့ဘူး..ကောင်မလေး ပျောက်သွားလိုက်တာဘယ်ဆီ
ရောက်နေမှန်းတောင် ကောင်လေးမသိခဲ့ပါဘူး.အချိန်တွေ တဖြည်းဖြည်း ကြာမြင့်လာခဲ့ပါတယ်.ဒါပေမယ့် ကောင်လေးတစ်ယောက် ကောင်မလေးကို နေ့စဉ်နဲ့အမျှ.သတိရလွမ်းဆွတ်နေမိတယ်.. ကောင်မလေးပေါ်မှာပဲ ထာဝရ သစ္စာရှိဖို့ဆုံးဖြတ်ထားတယ်ချိန်းထား
တဲ့ရက်မှာ ပြန်တွေ့ကြမယ်လို့ အစွမ်းကုန်ယုံကြည်နေမိတယ်...ကောင်လေး အချစ်တွေ ထာဝရမပျောက်ကွယ်ပဲကောင်မလေးကိုထာဝရ
ချစ်နေမယ်ဆိုတာ ကောင်မလေး သိနေပါစေလို့ ဆုတောင်းရင်း..
(4.9.2012)

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Monday, November 2, 2009

ကျောင်းတော်ရာ ဘုရားသမိုင်းအကျဉ်း


(ကျောင်းတော်ရာ စေတီတော်မြတ်ကြီး)


ရှေးအခါက လှည်းကုန်သည်များ လှေကုန်သည်များ စုပေါင်း နေထိုင်သောကြောင့် ကုန်သည်ရွာ ပါဠိလို
ဝါဏိဇ္ဇဂါမလို့အမည်တွင်ခဲ့ပါတယ်။ ထိုရွာတွင် မဟာပုဏ္ဏနှင့် စူဠပုဏ္ဏဆိုတဲ့ သူကြွယ်ညီနောင် နှစ်ဦးရှိခဲ့ပါတယ်။ ထိုညီနောင်နှစ်ဦးဟာ ကုန်သွယ်မှုပြုကြပါတယ်။ နောင်တော်က လှေနှင့်ကုန်ရောင်းထွက်လျှင် ညီတော်က အိမ်၌နေ၍ကုန်များကို စုဆောင်းပေးပြီးအလှည
့်ကျ လုပ်ဆောင်ကြသည်။

တစ်နေ့၌ အစ်ကိုတော် မဟာပုဏ္ဏဟာ ယူဇနာ ၃၀၀ ဝေးကွာသောမဇ္ဈိမတိုက် ယခုအိန္ဒိယတိုင်း သာဝတ္ထိပြည်သို့ ဆိုက်ရောက်သဖြင့် ဇေတ၀န်ကျောင်းတော် နှင့်မနီးမဝေးသောအရပ်၌ စခန်းချနေကြလေသည်။ အရင်ဘ၀များစွာ ကတည်းကပါရမီရင့်သန်လာခဲ့သော
မဟာပုဏ္ဏအဖို့ ဘုရားရှင်ရဲ့ တရားတော်တွေကို ကြားနားရပြီးရဟန်းပြုလိုသဖြင့် ဘုရားရှင်ထံ၌ ခွင့်တောင်းပြီးရဟန်းပြုကာပိုင်ဆိုင်
သမျှ ပစ္စည်းဥစ္စာများအား ဘဏ္ဍာစိုးကြီးမှတဆင့် လွှဲပေးခဲ့သည်။ ရဟန်းပြုပြီးသည့်နောက် မဂ်ဖိုလ်တရားမထင်နိုင်သဖြင့် ဤနေရာ
သည် ငါနှင့်မအပ်စပ် ငါမွေးရပ်ကိုပြန်၍ အားထုတ်ပါက ထင်နိုင်သည်ဟု တွေးမိသဖြင့် ဘုရားရှင်ထံ ခွင့်တောင်းပြီး ပြန်ကြွလာခဲ့သည်။

မဟာပုဏ္ဏမထေရ်မြတ်သည် သုနပရန္တတိုင်းအရပ်၌ လေးဌာနသတင်းသုံးတော်မူပါသည်။ အဇ္ဇုဟတ္ထတောင် ၊ သမုဒ္ဒဂီရိကျောင်းရာ ၊ မာတုလဂီရိ ၊ မကုလကာမ၀ိဟာရ ဌာနတို့မှာ သတင်းသုံးတော်မူပါသည်။ ဦးစွာ သုံးဌာနမှာစိတ်ငြိမ်မူမရှိခြင်းကြောင့် နောက်ဆုံး မကုလကာမ၀ိဟာရမှာသာ သီတင်းသုံးပြီး မဂ်ဖိုလ်တရားထင်နိုင်ပေတော့သည်။


(မဟာပုဏ္ဏမထေရ်မြတ်)

နောက်ဆုံးသတင်းသုံးသော ဌာနမှာ ညီတော်တို့ရွာနှင့် မနီးမဝေးတည်ရှိရာ ဆွမ်းခံရာ၌လဲ အဆင်ပြေခဲ့၏ ။ နောက်တွင်ညီတော်မှာ မဟာပုဏ္ဏမထေရ်မြတ်၏ သရဏဂုံတည်သော ဥပသကာဖြစ်ခဲ့သည်။

တစ်နေ့မှာ ညီတော် စူဠပုဏ္ဏဦးစီးသော ကုန်သည်အဖွဲ့ဟာ သမုဒ္ဒယထဲသို့ ကုန်သွယ်ထွက်ခဲ့သည်။ရွက်လှေသည်အရှိန်ဟုန်ဖြင့်
ကျွန်တစ်ကျွန်းသို့ ဆိုက်ရောက်လေသည်။ (ယခု အိန္ဒိယတောင်သမုဒ္ဒရာအတွင်းရှိ မလ္လာယု မည်သော မလယကျွန်းပင်ဖြစ်လေသည်။)
ထိုကျွန်း၌ စန္ဒကူးနံ့သာပင်များသာပေါက်ရောက်သည်။ ညီတော်မှာလှေပါကုန်များအား ချစေပြီး ထိုအပင်တို့အား ခုတ်စေကာလှေပေါ်
တင်၍ တင်ဆောင်လာခဲ့သည်။

ဌာနေသို့ပြန်ရောက်လျှင် ထူးခြားလှသော စန္ဒကူးကျောင်းတော်ကြီး ဆောက်လုပ်ကာနောင်တော်မထေရ်အားလှုဒါန်းလေသည်။
မထေရ်မြတ်က ဌာနေမှတိုင်းသားတို့ တရားရေအေး တိုက်ကျွေးနိုင်ရန်အတွက် ဘုရားရှင်ထံ အသနားခံပြီး ဆွမ်းစားဖိတ်တော်မှုသည်။
ဘုရားရှင်သည် ရှင်သာရိပုတ္တရာ ၊ ရှင်မောဂ္ဂလ္လာန် နှစ်ပါးနှင့်တကွ တပါးယုတ်ငါးရာ( ရဟန်း ၄၉၉ ) နှင့်အတူသိကြားမင်းဖန်ဆင်းပေး
သော ပြာသာဒ်ယာဉ်ပျံ ငါးရာနှင့် ကြချီတော်မူပါတယ်။


မြတ်စွာဘုရားရှင် ( ၇ ) ရက် သီတင်းသုံးတော်မူပြီးနောက် မထေရ်အားခေါ်ကာ ဗျာဒိတ်ပေးတော်မူသည်။
" နောင်သော်အခါ အရိမဒ္ဒန ပေါက္ကာရာမပြည်ကို အစိုးရသောအလောင်းစည်သူမင်းသည် ဖောင်စင်္ကြာနှင့် တိုင်းခွင်လှည့်လည်၍ ဆိုက်ရောက်လာသောအခါ (ဤငါ၏ သရက္ခန်ကျောင်းရာ၌)စေတီတည်၍ ကြီးစွာသော ပူဇော်ခြင်းကို ပြုလတ္တံ့"ဟုဗျာဒိတ်
စကားမိန့်ကြာပြီး ပြန်ကြွတော်မူလေသည်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်
မျှော်လင့်သူ

ခရီးသွားမှတ်တမ်း ( ၁ )

တန်ဆောင်တိုင် အားလပ်ရက်ကလေး တစ်ရက် ကျွန်တော် မြစ်အနောက်ဖက်သို့ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ အရင်ရက်ပိုင်းကတောင်ကြီး
မီးပုံးပွဲကို သွားဖို့စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ပေ။ဒါကြောင့်မြစ်အနောက်ဖက်ဘုရားဖူးအစီစဉ်ဆွဲ
ဖြစ်ခဲ့ပါတယ်။

မနက်ဝေတီဝေလင်းအချိန်မှာ ကျွန်တော်ရဲ့မွေးရပ်မြေ မကွေးမှ ကျွန်တော့်ရဲ့မြစ်အနောက်ဖက် ဘုရားဖူးခရီးစဉ်ကိုစတင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ် ၈တန်းအရွယ်လောက်ထိ မြစ်အနောက်ပိုင်း (မင်းဘူး) သို့ တစ်ခေါက်ရောက်ဖို့မလွယ်ခဲ့ပေ။ကျွန်တော်တို့မြို့
(မကွေး) နှင့် မင်းဘူး မြို့ကြားရှိ ဧရာဝတီမြစ်ပြင်မှာ အတော်ကျယ်ပါတယ်။ နွေအခါမှာလဲ ရေလမ်းကြောင်းပိတ်၍သွားရတာမလွယ်
ကူသလို မိုးအခါမှာလဲ ရေကြီးခြင်းကြောင့် ခက်ခဲရပြန်ပါတယ်။

မကွေး နှင့် ဘုရား၏ ခြေတော်ရာအစစ်ရှိရာ မန်းရွှေစက်တော်နှင့် မိုင်၄၀ ပတ်ဝန်းကျင်သာရှိပေမယ့် အရင်ကနေ့တ၀က်ကျိုးနီးပါသွား
ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်တွင် ဧရာဝတီတံတား(မကွေး) ဖွင့်လှစ်လိုက်ခြင်းကြောင့် ကျွန်တော်တို့ လွယ်ကူစွာ မြစ်အနောက်ဖက်သို့ ကူးလူး
သွားလာနိုင်ခဲ့သည်။ ကျွန်တော် ဗုဒ္ဓသမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးဆီကိုဦးခိုက်ထွက်လာခဲ့ပါတယ်။
ကျောင်းတော်ရာ ဘုရားမှာ မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းမှာ တည်ရှိပါတယ်။ မကွေးမြို့နှင့် မိုင် ၂၀ ကွာဝေးပါတယ်။ ဆိုင်ကယ်နှင့်ပုံမှန်စီးပါကာ ၁ နာရီကျော်ကျော်မျှသာ စီးရပါတယ်။

မင်းဘူးမြို့တွင် ၀င်ပြီး မနက်စာစားဖြစ်ခဲ့ပါတယ်။ မကွေးတိုင်း တစ်တိုင်းထဲပင်ဖြစ်သည့်တိုင်အောင် မြစ်တစ်စင်းခြားထားရုံနှင့် မတူညီ
သော စရိုက်လက္ခာများကိုတွေ့ခဲ့ရပါတယ်။ မင်းဘူးမြို့ဟာ ခရိုင်မြို့တစ်မြို့ဖြစ်ပြီး စီးပွားရေး အတန်သင့်ကောင်းမွန်သော မြို့တစ်မြို့
ဖြစ်ပါတယ်။ ဘုရားကျောင်းကန်များနှင့်လဲ စည်ကားနေပါတယ်။ထို့နောက်ဆက်လက်ထွက်ခါခဲ့ရာ မိနစ် ၃၀လောက်တွင်မင်းဘူးစက
ုသွား ကားလမ်းဘေး ရေပုတ်ရွာ အနီးမှာ ကျောင်းတော်ရာသမိုင်းနှင့် ဆက်စပ်နေသော ရွှေမြင်တင် ဘုရားကို ဖူးမျှော်ခဲ့ရပါတယ်။ ရွှေမြင်တင် စေတီတော်ဟာ မဟာပုဏ္ဏရဟန္တာအရှင်မြတ်၏ ပထမသီတင်းသုံးတော်မူရာ အဇ္စူဟတ္ထအရပ်၌ တည်ထား တော်မူသော စေတီတစ်ဆူဖြစ်ပါတယ်။


ဆက်လက်ခရီးနှင်ခဲ့ရာ စကုမြို့ ကိုကျော်လွန်ပြီး ပွင့်ဖြူနှင့် ကျောင်းတော်ရာလမ်းခွဲရှိရာ လယ်ကိုင်းသို့ ရောက်ရှိခဲ့ပါတယ်။ လမ်းတစ်
လျှောက် ချိုင့်များပေါသဖြင့်မိုင်၂၀ အား အတော်တန်ပင်မောင်းယူနေခဲ့ရပါတယ်။

ကျောင်းတော်ရာ စေတီတော် သမိုင်းအား စာဖတ်သူတို့ သိရှိစေရန်ကျွန်တော်မှတ်သားထားသလောက် အနည်းငယ် တင်ပြပေးပါမည်။
ကျောင်းတော်ရာ သမိုင်းအကျဉ်းမှာ သွားရောက်ဖတ်ရှုပေးပါ..


နံနက် ၉ နာရီလောက်မှာ ကျွန်တော် ကျောင်းတော်ရာ စေတီတော်ကြီးတည်ရှိရာ ၀ါဏိဇ္ဇဂါမ ရွာကြီးသို့ ရောက်ရှိခဲ့ပါတယ်။ တည်နေရာ
ကတော့ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား အရှေ့ဘက် ၃ ဖာလုံအကွာ မုန်းချောင်း ငါးကျွေးဆိပ် တည်ရှိရာနေရာဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတာကတော့ ပုဏ္ဏောဝါဒသုတ္တံ - ဒေသနာတော်အလာ ဘုရားရှင်လက်ထက် သုနာပရန္တတိုင်းသား စန္ဒကူးနံ့သာ ကျောင်းတော်
အလှူရှင် မဟာပုဏ္ဏအရှင်မြတ်၏မွေးရပ်မြေဇာတိရပ်ကို နိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဌာနမှ ရှာဖွေစိုက်ထူပေးထားသောမှတ်တိုင်
ဖြစ်ပါတယ်။


(ကျောင်းတော်ရာ ငါးကျွေးဆိပ်)

ဘုရားကြီးရဲ့ ပွဲတော်ချိန်ဖွင့်ပွဲ ၀ါဆိုလပြည့်နေ့နှင့် ၀ါခေါင်လပြည့်နေ့တို့မှာ ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ဘုရားဖူးပြည်သူများမှာ ကြက်သီးထလောက်အောင်ပင် များတာကို တွေ့ရပါတယ်။ ပွဲတော်ချိန်တွင် ဘုရားငါးကြီးများအားထိုငါကျွေး
ဆိပ် (အထက်ပါပုံ) တွင် ငါးစာကျွေးကြရသည်။ စေတီတော်ကြီး၏ နာယက ဆရာတော်ကြီးများက စက်လှေများဖြင့် ရွှတ်ဖတ်ပူဇော်
ကာ မြစ်ကြောင်း တစ်လျှောက် မုန်းချောင်းထဲသို့ ငါးကြီးများအား ခေါ်ဆောင်လာသည်ဟုသိရှိရပါတယ်။


(ကျောင်းတော်ရာ ငါးကျွေးဆိပ်နှင့် ကျွန်တော်)

ငါးကျွေးဆိပ်၌ ခေတ္တမျှနေပြီး စေတီတော်ကြီးတည်ရှိရာနေရာကို ထွက်လာခဲ့ပါတယ်။ စေတီတော်မြတ်ကြီးအား ဖူးမျှော်ပြီး ဘုရား
ပုရ၀ုဏ်အတွင်းရှိ စန္ဒကူးတောများအား လှည့်လည်ကြည့်ကာ ဘုရားဂေါပက အဖွဲ့များနှင့် စကားပြောနေရင်း ခဏနားနေလိုက်သည်။


ကျောင်းတော်ရာဘုရားကြီး ပုရ၀ုဏ်တွင်းရှိ စန္ဒကူးပင်များ

ထို့နောက် ဘုရားကြီး အပြင်ဘက်ရှိ ထမင်းဆိုင်တန်းများ၌ ရွာထမင်းဟင်းစားကာ အပြန်ခရီးစတင်ခဲ့ပါတယ်။
(အပြန်ခရီးအား ဆက်လက်ဖော်ပြဖော်ပြပါမည်။ )


မျှော်လင့်သူ
Related Posts with Thumbnails