ငါ ဆိုတဲ့ ငါတစ်ယောက် ကျောင်းပြီးတာနဲ့ မိဘရင်ခွင်ကခွာထွက်ပြီး အဒေါ်ဆိုတဲ့ အားကိုးချက်နဲ့ မြို့ကြီးပြကြီးကို အထင်ကြီးတက်တဲ့ ငါ ခရီးဆောင်အိပ်ကိုဆွဲပြီး တစ်ယောက်ထဲထွက်ခွာလာခဲ့တယ်။ ဟိုရောက်ရင် ဘာလုပ်မယ် ညာလုပ်မယ်၊ ဟိုသင်တန်းတက်မယ် ဒီသင် တန်းတက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ အပူဆိုတာဝေးရော အရာအားလုံးဟာ မျက်လုံးထဲမှာ ရေခဲမတက် အေးချမ်းနေခဲ့တယ်။
မှော်ဝင်တုတ်နဲ့ ရမ်းလိုက်ရင် ဖြစ်လာသလို မြို့ကြီးမှာနေရင် ဖြစ်မယ်ဆိုတဲ့အတွေးက သံမှိုဆွဲသလိုပဲပေါ့ ။ မက်လုံးပေးခဲ့တဲ့ သူတို့ကလဲ အခုပဲ သူတို့က အကုန်ဖြည့်ဆည်းပေးမလို ငါ့ကိုဆွဲဆောင်ခဲ့တယ်။ ကျောင်းပညာကလွဲလို့ ဘာမှဗဟုသုတမရှိတဲ့ငါ အယုံကြီးယုံခဲ့မိ တယ်။ ငါရောက်ပြီး ဒုတိယနေ့မှာပဲ ငါအလုပ်စလုပ်ရတယ်။ သူပြောသလို အထပ်မြင့်တိုက်ကြီးထဲက အဲယားကွန်းအခန်းထဲမှာ ဘောပင် ကိုင်ပြီး အလုပ်တော့မဟုတ်ခဲ့၊ နေပူပူမှာ မှတ်စုစာအုပ်ကလေးကိုင်ပြီး ကုန်တင်ကုန်ချကြည့်ရတဲ့ တာဝန် ၊ နောက် ဂိုဒေါင်လေး သုံးလေး လုံးကို စောင့်ကြည့်ရတဲ့ သူတို့အခေါ် ဂိုဒေါင်မှုးပေါ့. ၊ ငါစိတ်မပျက်ခဲ့ဘူး . အရာအားလုံးလန်းဆန်းတက်ကြွနေခဲ့တယ်၊ သူ(အဒေါ်) က ပြောခဲ့တယ် ၊ ဒါက လောလောဆယ်တဲ့ လုပ်ထားနှင့်တဲ့ သူ့အမျိုးသားက အဆင်ပြေရင် သူ့အလုပ်မှာ ခေါ်ထားမယ်တဲ့ပေါ့ ။
ငါအလုပ်စဆင်းရတယ် ၊ သူ့အိမ်က ဘီးအစုပ်ကလေး တဆင်းနဲ့ပေါ့ ။ မန္တလေးလိုဆိုင်ကယ်တစ်ဝီ၀ီမြို့ကြီးမှာ ရောင်ပေပေလေးပေါ့။ ဘီး လေးမှာ ထမင်းချိုင့်လေး ချိတ်ပြီးပေါ့။ နေကုန်နေခန်း ငါအလုပ်ကို ကြိုးစားခဲ့တယ်။ ငါဒီအလုပ်ကိုခဏလုပ်မယ် နောက်ပိုင်း ငါသင်တန်း တွေတက်မယ်ပေါ့ ။ ငါမငြီးငြူခဲ့ပါဘူး ။ ဒါပေမယ့် သူက ငါအလုပ်သွားဖို့အတွက် တစ်စီးတဲ့ရှိတဲ့ဘီးကို ပြန်လိုချင်ခဲ့တယ် ။ ငါအလျင်မြန်ပဲ မေမေ့ဆီက ငွေတောင်းပြီး ငါကိုယ်ပိုင် ဘီးသစ်လေး ၀ယ်လိုက်တယ်။
တစ်နေ့တစ်နေ့ ငါအဖြစ်က ပိုဆိုးလာခဲ့တယ်။ ငါ မနေ့က တစ်နေကုန်ပင်ပန်းလို့ ကိုက်ခဲနေပေမယ့် သူတို့စားဖို့ မနက်စာထမင်းအိုး အတွက် ငါထတည်ပေးရတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ပြန်ပြီး မအိပ်တက်တော့တဲ့ငါ သူတို့မနိုးခင် ရေချိုးတာ ၊ နောက်ဖေးသွားတာ ပြီး အောင်လုပ်ထားလိုက်ရတယ်။ အဲလိုမှမဟုတ်ရင် ငါဆိုတဲ့ငါ မလွယ် ။ ငါအိမ်မှာ မနက်စာကို မေမေက ရှယ်လုပ်ခဲ့ပေးပေမယ့် သူတို့ မျက်နှာညိုပြီးမှ ငါမနက်စာ တလုပ်စားရမှာကို ငါမလိုချင်ခဲ့ဘူး ။ သူထည့်ပေးတဲ့ တစ်ရာဖိုး ခြောက်ခုဆိုတဲ့ ဘယာကြော်လေးနဲ့ ငါထမင်းချိုင့်ထုတ်ပြီး ငါအလုပ်ကိုထွက်ခဲ့ရတယ်။ တစ်ညလုံးလဲ ဆာလောင်ခဲ့တဲ့ ဒဏ်ကို ငါ ကြာကြာမထိန်းနိုင်တော့ ။ လမ်းထိပ်က အပျိုကြီး ကုန်စုံဆိုင်က တစ်ရာတန်ပေါင်မုန့်လေးကို ကိုက်ရင်း ဘီးလေးနဲ့ အလုပ်ဆီကို ၄၅ မိနစ်ကြာအောင်ငါနင်းခဲ့တယ်။
ငါ သူ့ဆီမှာ ဘယ်လောက် စိတ်ဆင်းရဲခဲ့ရ ရဲခဲ့ရ ငါ အလုပ်ထဲမှာ ဘယ်တော့မှ မျက်နှာမငြိုငြင်ခဲ့ ။ ပျော်ရွှင်စွာနဲ့ ငါဘ၀ရဲ့ တာဝန်တွေ ကို ငါ ထမ်းဆောင်ခဲ့တယ်။ ငါ့လက်အောက်က လူတွေကိုလဲ ငါဂရုစိုက်ဆက်ဆံခဲ့သလို ငါရဲ့ လုပ်ဖော်ကိုင်ဘက်တွေကိုလဲ ငါသင့် အောင်ပေါင်းခဲ့တယ်။ ငါ ရဲ့ စေတနာရောင်ပြန်ဟပ်တယ်ပဲ ပြောရမလား ။ အချိန်တိုလေးအတွင်းမှာ ငါလုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ကောင်းတွေ ငါရရှိလာတယ်။ ပိုင်ရှင်ကလဲ အလေးပေးခဲ့တယ်။ ထမင်းစားချိန်ရောက်တိုင်း ငါ့ထမင်းချိုင့်လှပ်တိုင်း ငါစိတ်ညစ်ရတယ် ဒါပေမယ့် ငါမျက်နှာမငယ်ရပါဘူး ။ ငါအပေါင်းသင်းတွေက ကောင်းလွန်းတယ်။ နောက် ဒီထမင်းချိုင့်ကို မယူခဲ့ပဲ နင်ဘာစားချင်လဲ ပြောသာပြောလိုက်ဖြစ်စေရမယ် ဆိုတဲ့သူတွေ ။ ငါအလွန်မင်းပျော်ရွှင်ခဲ့မိတယ်။
ငါ ညနေရုံးဆင်းခါနီး အလုပ်သမားတွေနဲ့ ဘောလုံးကစားရင်း ရင်းနှီးမှုယူခဲ့တယ်။ အဲနောက် ငါရေချိုးပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မန္တလေးရွှေမြို့တော်ကြီးထဲ ဘီးသစ်ကလေး စီးပြီး လျှောက်လည်ခဲ့တယ်။ တစ်ခါတစ်လေ ဦးပိန်ဘက် ငါရောက်ခဲ့သလို တစ်ခါတစ် လေလဲ ဘုရားကြီးမှာ သွားထိုင်နေခဲ့တယ်။ ဒီလိုနဲ့ ငါအိမ်ပြန်ရတယ် ။ ငါအိမ်ရောက်ရင် အလုပ်ကပြန်ရင် ကြိုမယ့်သူမရှိခဲ့ ငါအတွက် ကျောခင်းဖို့ပေးထားတဲ့ နေရာလေးမှာ ခဏလဲနေမိတယ်။ မီးဖိုခန်းဘက်ကလာတဲ မီးရောင်ပြပြလေးနဲ့ အေးခဲတဲ့ ဆောင်းတွင်းမှာ တောင် ကြမ်းခင်းမပါပဲ သံမံတလင်းပေါ် ဖျာလေး တစ်ချက် ခင်းပြီး နေခဲ့ရတယ်။
ဆက်ရန်........မှော်ဝင်တုတ်နဲ့ ရမ်းလိုက်ရင် ဖြစ်လာသလို မြို့ကြီးမှာနေရင် ဖြစ်မယ်ဆိုတဲ့အတွေးက သံမှိုဆွဲသလိုပဲပေါ့ ။ မက်လုံးပေးခဲ့တဲ့ သူတို့ကလဲ အခုပဲ သူတို့က အကုန်ဖြည့်ဆည်းပေးမလို ငါ့ကိုဆွဲဆောင်ခဲ့တယ်။ ကျောင်းပညာကလွဲလို့ ဘာမှဗဟုသုတမရှိတဲ့ငါ အယုံကြီးယုံခဲ့မိ တယ်။ ငါရောက်ပြီး ဒုတိယနေ့မှာပဲ ငါအလုပ်စလုပ်ရတယ်။ သူပြောသလို အထပ်မြင့်တိုက်ကြီးထဲက အဲယားကွန်းအခန်းထဲမှာ ဘောပင် ကိုင်ပြီး အလုပ်တော့မဟုတ်ခဲ့၊ နေပူပူမှာ မှတ်စုစာအုပ်ကလေးကိုင်ပြီး ကုန်တင်ကုန်ချကြည့်ရတဲ့ တာဝန် ၊ နောက် ဂိုဒေါင်လေး သုံးလေး လုံးကို စောင့်ကြည့်ရတဲ့ သူတို့အခေါ် ဂိုဒေါင်မှုးပေါ့. ၊ ငါစိတ်မပျက်ခဲ့ဘူး . အရာအားလုံးလန်းဆန်းတက်ကြွနေခဲ့တယ်၊ သူ(အဒေါ်) က ပြောခဲ့တယ် ၊ ဒါက လောလောဆယ်တဲ့ လုပ်ထားနှင့်တဲ့ သူ့အမျိုးသားက အဆင်ပြေရင် သူ့အလုပ်မှာ ခေါ်ထားမယ်တဲ့ပေါ့ ။
ငါအလုပ်စဆင်းရတယ် ၊ သူ့အိမ်က ဘီးအစုပ်ကလေး တဆင်းနဲ့ပေါ့ ။ မန္တလေးလိုဆိုင်ကယ်တစ်ဝီ၀ီမြို့ကြီးမှာ ရောင်ပေပေလေးပေါ့။ ဘီး လေးမှာ ထမင်းချိုင့်လေး ချိတ်ပြီးပေါ့။ နေကုန်နေခန်း ငါအလုပ်ကို ကြိုးစားခဲ့တယ်။ ငါဒီအလုပ်ကိုခဏလုပ်မယ် နောက်ပိုင်း ငါသင်တန်း တွေတက်မယ်ပေါ့ ။ ငါမငြီးငြူခဲ့ပါဘူး ။ ဒါပေမယ့် သူက ငါအလုပ်သွားဖို့အတွက် တစ်စီးတဲ့ရှိတဲ့ဘီးကို ပြန်လိုချင်ခဲ့တယ် ။ ငါအလျင်မြန်ပဲ မေမေ့ဆီက ငွေတောင်းပြီး ငါကိုယ်ပိုင် ဘီးသစ်လေး ၀ယ်လိုက်တယ်။
တစ်နေ့တစ်နေ့ ငါအဖြစ်က ပိုဆိုးလာခဲ့တယ်။ ငါ မနေ့က တစ်နေကုန်ပင်ပန်းလို့ ကိုက်ခဲနေပေမယ့် သူတို့စားဖို့ မနက်စာထမင်းအိုး အတွက် ငါထတည်ပေးရတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ပြန်ပြီး မအိပ်တက်တော့တဲ့ငါ သူတို့မနိုးခင် ရေချိုးတာ ၊ နောက်ဖေးသွားတာ ပြီး အောင်လုပ်ထားလိုက်ရတယ်။ အဲလိုမှမဟုတ်ရင် ငါဆိုတဲ့ငါ မလွယ် ။ ငါအိမ်မှာ မနက်စာကို မေမေက ရှယ်လုပ်ခဲ့ပေးပေမယ့် သူတို့ မျက်နှာညိုပြီးမှ ငါမနက်စာ တလုပ်စားရမှာကို ငါမလိုချင်ခဲ့ဘူး ။ သူထည့်ပေးတဲ့ တစ်ရာဖိုး ခြောက်ခုဆိုတဲ့ ဘယာကြော်လေးနဲ့ ငါထမင်းချိုင့်ထုတ်ပြီး ငါအလုပ်ကိုထွက်ခဲ့ရတယ်။ တစ်ညလုံးလဲ ဆာလောင်ခဲ့တဲ့ ဒဏ်ကို ငါ ကြာကြာမထိန်းနိုင်တော့ ။ လမ်းထိပ်က အပျိုကြီး ကုန်စုံဆိုင်က တစ်ရာတန်ပေါင်မုန့်လေးကို ကိုက်ရင်း ဘီးလေးနဲ့ အလုပ်ဆီကို ၄၅ မိနစ်ကြာအောင်ငါနင်းခဲ့တယ်။
ငါ သူ့ဆီမှာ ဘယ်လောက် စိတ်ဆင်းရဲခဲ့ရ ရဲခဲ့ရ ငါ အလုပ်ထဲမှာ ဘယ်တော့မှ မျက်နှာမငြိုငြင်ခဲ့ ။ ပျော်ရွှင်စွာနဲ့ ငါဘ၀ရဲ့ တာဝန်တွေ ကို ငါ ထမ်းဆောင်ခဲ့တယ်။ ငါ့လက်အောက်က လူတွေကိုလဲ ငါဂရုစိုက်ဆက်ဆံခဲ့သလို ငါရဲ့ လုပ်ဖော်ကိုင်ဘက်တွေကိုလဲ ငါသင့် အောင်ပေါင်းခဲ့တယ်။ ငါ ရဲ့ စေတနာရောင်ပြန်ဟပ်တယ်ပဲ ပြောရမလား ။ အချိန်တိုလေးအတွင်းမှာ ငါလုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ကောင်းတွေ ငါရရှိလာတယ်။ ပိုင်ရှင်ကလဲ အလေးပေးခဲ့တယ်။ ထမင်းစားချိန်ရောက်တိုင်း ငါ့ထမင်းချိုင့်လှပ်တိုင်း ငါစိတ်ညစ်ရတယ် ဒါပေမယ့် ငါမျက်နှာမငယ်ရပါဘူး ။ ငါအပေါင်းသင်းတွေက ကောင်းလွန်းတယ်။ နောက် ဒီထမင်းချိုင့်ကို မယူခဲ့ပဲ နင်ဘာစားချင်လဲ ပြောသာပြောလိုက်ဖြစ်စေရမယ် ဆိုတဲ့သူတွေ ။ ငါအလွန်မင်းပျော်ရွှင်ခဲ့မိတယ်။
ငါ ညနေရုံးဆင်းခါနီး အလုပ်သမားတွေနဲ့ ဘောလုံးကစားရင်း ရင်းနှီးမှုယူခဲ့တယ်။ အဲနောက် ငါရေချိုးပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ မန္တလေးရွှေမြို့တော်ကြီးထဲ ဘီးသစ်ကလေး စီးပြီး လျှောက်လည်ခဲ့တယ်။ တစ်ခါတစ်လေ ဦးပိန်ဘက် ငါရောက်ခဲ့သလို တစ်ခါတစ် လေလဲ ဘုရားကြီးမှာ သွားထိုင်နေခဲ့တယ်။ ဒီလိုနဲ့ ငါအိမ်ပြန်ရတယ် ။ ငါအိမ်ရောက်ရင် အလုပ်ကပြန်ရင် ကြိုမယ့်သူမရှိခဲ့ ငါအတွက် ကျောခင်းဖို့ပေးထားတဲ့ နေရာလေးမှာ ခဏလဲနေမိတယ်။ မီးဖိုခန်းဘက်ကလာတဲ မီးရောင်ပြပြလေးနဲ့ အေးခဲတဲ့ ဆောင်းတွင်းမှာ တောင် ကြမ်းခင်းမပါပဲ သံမံတလင်းပေါ် ဖျာလေး တစ်ချက် ခင်းပြီး နေခဲ့ရတယ်။
မျှော်လင့်သူ
No comments:
Post a Comment