Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label ရောက်တက်ရာရာ. Show all posts
Showing posts with label ရောက်တက်ရာရာ. Show all posts

Tuesday, August 31, 2010

နိုမိတော့မယ်


HIV ကိုကုသနိုင်ပြီလား ???? အဆက်ကို မျှော်နေတဲ့ စာဖတ်သူပရိတ်သတ်များ ရှိခဲ့ရင် ဆောတီးဗျာ။ ဒီရက်ပိုင်း အလုပ်ကလေးနည်းနည်း ရှုပ်တာရယ်(အလုပ်ဗန်းပြတာ)၊ နောက်ပြီး ကျွန်တော့်ရဲ့ တစ်ခုတည်းသော မန်မိုရီစတစ်ကလေးကို အစုတ်ပလုတ်ဗိုင်းရပ်စ်စုတ်တွေ ကိုက်သွား တာကြောင့်(နဂိုတည်းက စုတ်သလားမပြောတက်)၊နောက်ပြီး အရိုးသားဆုံးဝန်ခံရရင် စာရိုက်ရမှာ ပျင်းတာရယ်ကြောင့် မတင် ဖြစ်သေးတာပါ။ တစ်ခါတစ်လေ ညပိုင်းအားနေလို့ အပြင်မထွက်ရင် အိမ်မှာ စာလေးဘာလေးရိုက်ထားတယ်။ နောက်နေ့ Cyber ရောက် တော့ တင်လိုက်တယ်။ အခုတော့ Mem Str; ကလေးပျက်သွားတော့ အိမ်မှာလဲ မရိုက်ဖြစ်တော့ဘူး။ ဆိုင်ရောက်ပိုဆိုး ။ စာကလဲ အပြေးအလွှားဖတ်ရသေး၊ ဂိမ်းကလဲ ကစားလိုက်ချင်သေး၊ ဒီကြားထဲ ချက်တင်ထဲက အမျိုးတော်တွေက ခေါ်ရင် ထူးလိုက်ရသေး။ အ၀ှာ တိုင်ပတ်နေသလိုဖြစ်နေတယ်း)

ဒီရက်ပိုင်း အလုပ်ကပြန်လာရင် ယောင်တောင်တောင်လေးဖြစ်နေတယ်။ ရုံးစောဆင်းပေးနေတဲ့ ဂျာကြီးကိုပဲ အပြစ်တင်ရမလား၊ သူငယ်ချင်း မရှိ၊ အပေါင်းအသင်းမရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မရလားမသိဘူး။ ညနေ 5 နာရီရုံးဆင်းဖြစ်တယ်။ အိမ်ပြန်ရမှာ စောသေးလို့ ဘော်ဒါတွေကို လက်ဖက်ရည်ဆိုင်ခေါ်တယ်။ ဘယ်မောင်မင်းကြီးသားမှ မလိုက်ဘူး။ ဖင်ပိတ်ငြင်းတယ်။ သူတို့မိန်းမတွေ နောက်လင်ယူ မှာကြနေတာပဲ။ ဒါတောင် ကျွန်တော်က သူတို့ကို ဒကာခံမှာနော်။ သူတို့ကို တိုက်ခိုင်းလို့ကတော့ လက်သီးနဲ့များ ထိုးမလားမသိ။

5 ခွဲလောက် အိမ်ရောက်ရင်လဲ ယောင်ပေပေနဲ့ TV ရှေ့ထိုင်ပြီး ကြည့်ဖြစ်တယ်။ ငှားထားတဲ့ စာအုပ်ကလေးကလဲ လက်စသတ်လိုက် သေးတယ်။ 7 နာရီလောက်ရောက်တော့ မေမေက ကိုရီယားကား ကြည့်တယ်။ အော် မိန်းကလေးတွေ တော်တော်တော့ ကိုရီယားကား ကြိုက်သား။ ဟိဟိ ကျွန်တော်လဲ ကြိုက်တယ်။ 8 နာရီပြီးတော့ ရေမိုးချိုး၊ ထမင်းစားပြီး အပြင်ထွက်ဖြစ်တယ်။ အထင်မကြီးနဲ့နော် ကျန်တဲ့ နေရာမဟုတ်ဘူး။ ငှားထားတဲ့ စာအုပ်ကလေး အပ်ဖို့ရယ်၊ ဗဟုသုတလေးရဖို့ Cyber ရယ်(ဟိဟိ အပျင်းပြေဖို့ဆို ပိုမှန်တယ်) ကိုပဲ သွားဖြစ်တယ်။ အိမ်ပြန်ရောက်တော့ MWD တို့ MRTV တို့ကလာတဲ့ ဇာတ်ကားတွေ မလွတ်တမ်းကြည့်ပစ်တယ်။ သူတို့ကလဲ သဘော ကောင်းပါ့ နှစ်ကားတောင် ဆက်တိုက်လွှင့်ပေးတယ်ဗျ။

အစီစဉ်တွေပြီးသွားလို့ မေမေအိပ်သွားပြီဆို ကျွန်တော်လဲ အခန်းထဲဝင်ပြီး ကွန်ပြူတာလေးဖွင့်၊ တစ်ဖက်က စာအုပ်ဖတ် ဟိုဟာကလိ၊ ဒီ ဟာကလိနဲ့ သိပ်မကြာခင်အချိန်မှာပဲ ကျွန်တော်အိပ်မောကျသွားတယ်ထင်တယ်။ မိုးလင်းတော့ ခြင်ထောင်ထဲမှာ အခန့်သား၊ ဘယ်အချိန် မေမေထပြင်သွားပေးတယ်မသိ။ ဒီလိုက တစ်ရက်လဲ မဟုတ်၊ နှစ်ရက်လဲမဟုတ်၊ ဟိဟိ မေမေ့ကိုတော့ အားနာနာနဲ့ပြောလိုက်တယ်။ ကျေးဇူးပဲနော် မေမေလို့.. မေမေကလဲ မဲ့ပြီးပြန်ပြောတယ်။ နင်မိန်းမရမှကို ငါလဲ ၀ဋ်ကျွတ်မှာတဲ့။ ဟူး... မေမေမသိဘူးနော်...။း)

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Sunday, April 11, 2010

I'm so tired !



မကြာခင် ရက်ပိုင်းအတွင်းမှာ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်အခါသမယကိုရောက်ရှိပါတော့မယ်။ လူတစ် ကိုယ်လုံးလဲ အရမ်းပင်ပန်းနွမ်းနယ်နေပြီ။ Company ကိစ္စတွေနေ့ နေ့ကော၊ ညပါ နှစ်ပါးသွားနေရတယ်။ မနက် အိပ်ရာက ကုန်းရုန်းထ ရေမိုးချိုးပြီး ရုံးတက်၊ ရုံးရောက်တော့ Way ထဲလိုက်ရ၊ ညနေစောင်းမှ ရုံးပြန်ရောက် ခဏ တစ်ဖြုတ်နား အိမ်ပြန် ။ အိမ်ပြန်ရောက်တော့ ရေမိုးချိုး ထမင်းလေးစားပြီး ည Over Time ပြန်ဆင်းရတယ်။

အလုပ်သိမ်းလို့ အိမ်ပြန်ရောက်ချိန်ဆို လူတစ်ကိုယ်လုံး မလှုပ်ချင်တော့ဘူး။ အရမ်းပင်ပန်းနေပြီ။ ကိုယ့်ရဲ့ Brand .. Market ထဲမှာ နေရာရဖို့ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းစောဖို့ Sale Rep: တွေအနေနဲ့ ဒီလို Run နေမှလဲ တန်ရာကျရုံပဲ။ မကွေးမြို့အပူချိန်ကလဲ အရမ်းကိုဆိုးရွားလွန်းလှပါတယ်။ 1971ခုနှစ်က တင်ခဲ့တဲ့ စံချိန်ကို အခုလ ဆန်းပိုင်းမှာ စံချိန်ချိုးသွားခဲ့တယ်။ အပူချိန်က 45 ဒီဂရီဖာရင်ဟိုက် ကို ပွိုင့်စွန်းသေးတယ်။ နေ့ဆိုရင် အရမ်းပူ လွန်းလို့ ဘယ်သူမှအပြင်သိပ်မထွက်နိုင်ကြဘူး။

လမ်းမကြီးတွေပေါ်မှာဆိုလဲ ကတ္တရာတွေတောင်ပျော်နေပြီ။ ကျွန်တော်တို့ ၀န်ထမ်းတစ်စုတော့ Downtown တင်မဟုတ်ဘူး နီးစပ်ရာ နယ်မြို့ကလေးတွေပါဆင်းနေကြတယ်။ ဆိုင်ကယ်စီးတော့ အရမ်းပူတဲ့လေတွေတိုက် တယ်။ အကျီင်္လက်ရှည်တွေဝတ်ပေမယ့်လဲ အပူကပေါက်တယ်။ ဦးထုပ်ကိုလဲ မှန်ကာတွေချပြီးစီးရတယ်။ Highway စီးလို့ဆိုင်ကယ်အင်ဂျင်အရမ်းပူလာရင် လမ်းဘေးအရိပ်အောက်မှာ ခဏရပ်နားတယ်။ အရိပ် အောက်ဆိုပေမယ့် ဘေးပတ်ချာလည်က တိုက်လာတဲ့လေတွေက အပူတွေဆိုတော့ မထူးဘူးဖြစ်နေတယ်။ ထည့်သွားတဲ့ ရေသန့်ဘူးကလဲ ပူချစ်နေပြီ။

ဒီလိုနေ့စဉ်ရက်ဆက်သွားနေတော့ အရမ်းနုံးနေပြီး ညဆိုဘယ်မှမထွက်ဖြစ်တော့ဘူး။ OT ကပြန်ရောက် ရေ ထပ်ချိုးပြီး အိပ်ရာဝင်တော့တာပဲ။ အင်တာနက်ဆို မသုံးတာကြာခဲ့ပြီ။ နောက်ပိုင်း အလုပ်ကသူ့အရှိန်လေးနဲ့ သူရသွားပြီဆိုမှ သေချာပြန်သုံးဖြစ်တော့မယ်ထင်တယ်။ တပတ်မှာတစ်ရက်ပိတ်တဲ့ ရုံးပိတ်ရက်ကလဲ လုပ်စရာ ဇယ်စက်နေတော့ ဝေးနေခဲ့တယ်။ ဒီရက်ပိုင်းတော်သေးတယ်ဆိုတာက မိုးသည်းတစ်ယောက် သူ့ဘွားဘွား နေမကောင်းလို့ သရက်ခဏပြန်သွားတယ်။ မဟုတ်ရင် သူ့အတွက်အချိန်ပေးဖို့ ကျွန်တော် တော်တော်လေး ခေါင်းပူလိမ့်မယ်။ ညတိုင်းလဲ Promotion တွေကရှိနေတယ်။

မိုးသည်းနဲ့လဲ မတွေ့တာကြာပြီ။ သူစာမေးပွဲဖြေတုန်းကလဲ စာဖတ်တာအနှောင့်ယှက်ဖြစ်မှာစိုးလို့ မတွေ့ဖြစ်ခဲ့ ဘူး။ စာမေးပွဲပြီးတော့လဲ တစ်ရက်နှစ်ရက်ပဲတွေ့လိုက်တယ်။ သူ့ဘွားဘွားနေမကောင်းလို့ သရက်လိုက်သွား လိုက်တာ 3 ရက်နေ့ကတည်းကတိုင်း အခုဆိုတော်တော်လေးကြာနေပြီ။ အင်း ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်။ သင်္ကြန်တွင်းကျရင် အလုပ်က OT ရှိဖို့များတယ် ။ Advertising ကိစ္စတွေနဲ့ Trip ထွက်ဖြစ် မယ်ထင်တယ်။ မိုးသည်းလဲ ပြန်မရောက်သေးတော့ ဘယ်လိုစီစဉ်ရမယ်မသိဘူး။ သူ 10 ရက်နေ့ပြန်ရောက် မယ်ဆိုတာ ရောက်လဲမလာသေးဘူး။

အလုပ်ပိတ်ရက်နည်းနည်းလေးရချင်တာ။ ဘယ်လိုမှကို မအားဘူးဖြစ်နေတယ်။ လုပ်စရာတွေကအများကြီးပဲ။ ကိုယ်ဝင်ထားတဲ့ မကွေးမြသလွန် တနလာင်္အသင်းရဲ့ ပြန်ကြားရေး ကိုယ်ပိုင် Website ကို 5 လပိုင်းအလယ် လောက်မှ လွှတ်တင်ဖို့စီစဉ်ထားတယ်။ ဒီအတွက်လဲ ကျွန်တော်အလုံးစုံတာဝန်ယူထားတယ်။ အဲဒီကိစ္စတွေအ တွက် စာမူတွေကလဲ စုရအုံးမယ်။ နောက်ပြီး မေမေကညီလေးရှိတဲ့ ပြင်ဦးလွင်ကိုသွားနေတော့ အိမ်မှာ ကျွန် တော်တစ်ယောက်ပဲရှိတယ်။ နှစ်ကူးမရောက်ခင် တစ်အိမ်လုံးလဲ သန့်ရှင်းရေး လုပ်ချင်သေးတယ်။ မနက်ဖြန် 12.4.2010 မကွေးဆရာတော် ဘုရားကြီးရဲ့ မီးသဂြိုလ်ဈာပနအခမ်းနားကိုလဲ သွားချင်မိတယ်။ ဆရာတော်ဘု ရားကြီးရဲ့ အထ္တုပတ္တိအကျဉ်းကိုလဲ စာဖတ်သူတို့ လေ့လာနိုင်ဖို့ ရေးသားချင်သေးတယ်။ သင်္ကြန်အတွင်းမှာလဲ ချစ်ချစ်နဲ့ လျှောက်လည်ချင်သေးတယ်။း)


စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ..

Sunday, February 7, 2010

စိတ်ညစ်တယ် လိပ်ဖြစ်တာ အခွံထူလို့


စိတ်ညစ်တယ် ... လိပ်ဖြစ်တာ အခွံထူလို့... အဟွန့်..
ထိုသို့ ငြီးရတာလဲ အကြိမ်ပေါင်းမနည်းဖြစ်နေပါပြီ။ စိတ်တွေလေးလွန်းပြီး ရှုပ်ထွေးနေသည်။ ဘာရယ်ကို ဦးတည်ချက်မရှိ လေးလံလွန်းလှ သည်။ သွေးလေ မမှန်ဘူးပြောရအောင်လဲ အစားသောက်ကမပျက်။ အိပ်ချိန် စားချိန်က လွဲပြီး နေလို့မကောင်း :P စာဖတ်သူတို့ကော ဒီလို ဖြစ်တက်လား ။ အနော်က ယောင်္ကျားလေးနော် (မိန်းကလေးဆို အ၀ှာဖြစ်တယ်ထင်မှာစိုးလို့ အဟီး)

ဖြစ်နေတာတော့ သုံးလေးရက်လောက်ရှိပြီ။ စိတ်ပိန်တယ် ၊ ကိုယ်ပြိုင်းတယ်။ အပြင်မထွက်ရင်လဲ အခန်းထဲရူးချင်နေတယ်။ အပြင်ထွက် တော့လဲ ချစ်သူကိုပဲ လွမ်းသလိုလို၊ သတိရသလိုလို။ ဟိုယောင်ယောင် ဒီယောင်ယောင်။ တော်တော်လေးဆိုးပါတယ်။ သူငယ်ချင်းတွေကလဲ ဒီရက်ပိုင်းအလုပ်ကိစ္စတွေရော၊ ဘွဲ့ယူတာကော၊ နောက်တခြားကိစ္စတွေကော အလုပ်ရှုပ်နေကြတယ်။ အားနေတာ ကိုယ်တစ်ယောက်ထည်း၊ တစ်ယောက်ထည်းဆိုတော့ လ္ဘက်ရည်ဆိုင်မထိုင်ချင်။ Net ကျတော့လဲ ခဏလောက်ပြီးရင် ပျင်းသွားရော။

တက်ကျွမ်းနားလည်တဲ့ ဘော်ဒါဘော်ကျွတ်များခင်ဗျာ။ ကျွန်တော်ဘာရောဂါဖြစ်လဲ စုံစမ်းပေးကြပါခင်ဗျာ။ ကုသလဲပေးကြပါအုံး ။ မျှော် လင့်သူတစ်ယောက်ကြာရင် လုံးပါးပါးပြီး ကွိသွားပါလိမ့်မယ်။ ရောဂါပျောက်မယ့် အစီစဉ်လေးလုပ်ဖြစ်ရင် ကျွန်တော့်ကိုပြစ်မထားပါနဲ့ အစ်ကိုအစ်မတို့ရယ်။ ကျွန်တော်ရောဂါရင့်လာလိမ့်မယ်။

မျှော်လင့်သူတစ်ယောက် ဖြစ်နေတာကို ပစ်မထားပဲနဲ့ အစ်ကိုတို့ အစ်မတို့ နည်းလမ်းလေးတွေချရေးပေးသွားနော်.. မရေးရင်ငိုမှာနော်...
ဗျဲ... ဗျဲ..


စာဖတ်သူတို့အား အစဉ်လေးစားလျှက်
မျှော်လင့်သူ

Thursday, February 4, 2010

အရမ်းပျော်၏ ( ထီပေါက်တာမဟုတ်ပါ )


ဒီတပတ်အတွင်း အလွန်ပျင်းစရာကောင်းလှသည်။ ရာသီဥတုက တမျိုးဆိုကာမှ မှီဝဲနေတဲ့ အင်တာနက်ကလေးကလဲ နပ်မမှန်ဘူးဖြစ် နေသည်။ ဖေဖော်ဝါရီလ 2 ရက်နေ့ မနက် 11 နာရီမှာ မကွေးမြို့မှာ အင်တာနက်ပြတ်တောက်သွားပါတယ်။ ပြန်တက်လာမယ်ထင် ခဲ့တယ်။ ဒါပေမယ့် ညနေနေစောင်းသွားရော ပြန်တက်မလာဘူး။ ရန်ကုန်ကလဲ ဖုန်းလာတယ်။ သူတို့ဆီမှာလဲဖြစ်တယ်တဲ့ ။ GSM ဖုန်းလိုင်းတွေပါ ကျတာတဲ့။ ဒီတော့လဲ ကြည့်စရာမရှိ၊ ဖတ်စရာမရှိတော့လဲ မျက်လုံးလေးမှိတ်အိပ်ယုံပေါ့။ ဒါပေမယ့် တက်နိုးနိုးထိုင် စောင့်နေလိုက်တာ သန်းခေါင်မှအိပ်ဖြစ်တာပါပဲ။

မနက်မိုးလင်းတော့ အပြေးလေးဖွင့်ကြည်တယ်။ တက်မလာဘူး။ Blog ရေးချင်တယ် ဖတ်ချင်တယ်ဆိုကာမှ တက်ကိုမတက်တော့ဘူး Offline ဖြစ်နေတဲ့ PC မသုံးတာကြာတော့ ဘာလုပ်ရမယ်မှန်းမသိ ယောင်တောင်တောင်ပေါ့။ ဒါပေမယ့် ကော်နက်ရှင်မတက် တော့လဲ ကောင်းပါတယ်။ စာအုပ်ပုံထဲက စာအုပ်တွေလှန်လှောဖတ်မိတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖြစ်တယ်။ လေကောင်း လေသန့်လေး ရှုရိုက်ရတယ်။ ညချမ်း ဘုရားတက်ဖြစ်တယ်။ ၀တ်ပြုဖြစ်တယ်။ အိမ်မှာ အမေ့ကို ကူလုပ်ပေးဖြစ်တယ်။ အမေနဲ့အတူ ဈေးသွားတယ်။ ညပိုင်း ခွေကြည့်တယ်။ အိပ်ရာထဲစာဖတ်တယ်။ အားလုံးကိုလုပ်ဖြစ်သွားတယ်။

ဒီနေ့ မနက် မနက်စားစားပြီးပြန်တော့ ကော်နက်ရှင် ပြန်တက်နေတာကိုတွေ့တာတယ်။ ပျော်လိုက်တာဗျာ ၊ ဘယ်လိုပျော်သလဲဆို တော့ မပြောတော့ မပြောတက်ဘူးဗျ ။ ဒါပေမယ့် ပျော်တယ် :P စိတ်ထဲမှာ တွေးမိသေးပါရဲ့ ငတ်ငတ်ပြတ်ပြတ်နဲ့ အွန်လိုင်း တက်တုန်း " hi " လာတဲ့သူ Male or Female ဖြစ်ဖြစ် " :ilu " လို့ပြောပစ်မယ်လို့ ဟိဟိ ဆိုးတယ်နော် ဟုတ် တယ်မလားး) ဒီလိုပဲပေါ့ဗျာ လူ့ဘ၀ဆိုတာ ပျော်ပျော်နေတက်ရတယ်။... ကဲကဲ အားလုံးပဲပျော်ရွှင်နိုင်ပါစေဗျာ..


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Friday, January 1, 2010

အလွဲလေး

ဒီနေ့ 1.1.2010 မှာ ပထမဆုံးတင်တဲ့ Post အဖြစ် အလွဲလေး ဆိုတဲ့ post လေးနဲ့ စတင်လိုက်ပါတယ်. ဒါလေးရေးဖြစ်တဲ့ အ ကြောင်းကတော့ ကိုသက်တန့်ချို ရဲ့ အစားခံလိုက်ရသော လက်များ ကိုဖတ်မိပြီး ကိုယ်လဲ အလွဲလေးတင်ပြချင်တာနဲ့ ရေးဖြစ်သွားတာပါ။ နှစ်သစ်ကို အလွဲလေးနဲ့ စတင်ခဲ့လို့ တစ်နှစ်ပတ်လုံးမလွဲပါစေနဲ့လို့ ဆုတောင်းရတော့မယ်။

လွန်ခဲ့တဲ့နှစ်တွေကပေါ့...

ကျွန်တော်တို့ရဲ့ စာသင်ကျောင်းလေးက ကားလမ်းလေးရဲ့ နံဘေးမှာတည်ရှိပါတယ်။ ကားကလဲ မေ့လောက်မှ တစီးလောက်ဖြတ်သွား တက်ပါတယ်။ တစ်နေ့ကျွန်တော်တို့ အခန်းလေးမှာ စိတ်အရမ်းတိုတက်တဲ့ ဆရာကြီးတစ်ယောက်က စာသင်နေတယ်။ အဲအချိန်မှာ ဖြစ် ချင်တော့ တောကားကြီး တစ်စီး ၀ိတ်အပြည့်နဲ့ အိပဲ့အိပဲ့ မောင်းနေသည်။

ဘေးက သာအေး နွားလှည်းကတောင် လေချွန်ပြီး ထားခဲ့သည်။ ပြဿနာက စပါပြီ.....

ဂျိမ်း

ကားဘီးပေါက်သံက တိတ်ဆိတ်နေသော လောကတစ်ခွင်မြည်ဟီးသွားသည်။ ဧရာမ အကျယ်ကြီးပေါ့....း)...
ထိုအချိန်မှာ အခန်းထဲက ကျောင်းသားတစ်ချို့က ထအော်တယ်...

ကျွန်တော်မပါဘူးဗျို့..............

အရင်ကတည်းက ဒေါသခပ်ကြီးကြီးဆရာဆိုတော့ သူ့စာသင်နေတာကို ပြောင်ရွှတ်ရွှတ်နဲ့ ထအော်တဲ့ ကျောင်းသားတွေကို အရမ်း တင်းသွားတယ်။ ဒါနဲ့ အသံကျယ်ကြီးနဲ့ အော်လိုက်သည်။

ဟေ့ကောင်တွေ.. မင်းတို့က ငါစာသင်နေတာကို မခန့်လေးစားနဲ့ ...
ကဲ မပါတဲ့ကောင်တွေ မတ်တပ်ရပ်စမ်း..


သူ့ထက်ငါ အသဲအမဲ ထကြသည်။ ရုန်းရင်းဆန်ခတ်ပေါ့....
ဒုန်းဒုန်း ထုလိုက်တော့ ကျွန်တော်တို့အားလုံးငြိမ်သွားတယ်။ ခုံပေါ်မှာ ခါးကိုကော့ ရင်ကိုထုတ်ပြီး. မတ်တက်ရပ်လိုက်ကြသည်။

လူအနည်းစုကတော့ အောက်မှာ မျက်နှာညှိုးညှိုးနဲ့ ထိုင်နေကြတယ်။ ကျွန်တော်လည်ပြန်ငေးပြီး ကြည့်လိုက်သည် သနားသွားတယ်။ ဒါနဲ့ ဆရာက မတ်တပ်ရပ်တဲ့သူတွေအားလုံး ရှေ့ထွက်ခိုင်းပြီး ကြိမ်လုံးနဲ့ တွယ်ပါလေတော့တယ်။ကျွန်တော်အရမ်းကြောင်သွားတယ်။ ကျွန်တော်တို့က မအော်ခဲ့ပဲ ဘာလို့အခုလို ရိုက်ခံရတာလဲ။ သဘောပေါက်လိုက်ပြီ.. ဆရာပြောချင်တာက မပါဘူးလို့အော်တဲ့ကျောင်း သားကို ထွက်ခိုင်းတာပဲ ။ အော်တဲ့နေရာမှာ မပါတဲ့ကျောင်းသားကို ထွက်ခိုင်းတာမှမဟုတ်တာ...

သြော် အလာကောင်းပေမယ့် အခါနှောင်းသွားပြီလေ။ ဆရာ့ကြိမ်လုံးက တင်ပါးနဲ့ သုံးချက်လောက်မိတ်ဆက်သွားသည်။ အော် မြန်မာ စကားကပဲ မလည်ရှုပ်လား။ ကျွန်တော်တို့ကပဲ နားလည်မှုလွဲတာလားတော့မသိ။ ဒီကြားထဲ ရိုက်ခံရလို့ နာတဲ့ကြားထဲ ဟိုအော်တဲ့ ငနာ တွေက ပြုံးစိစိနဲ့ ။ ငါလုပ်လိုက်ရ.. အား ... ကျွတ်... ကျွတ်...

ကျွန်တော်တို့ လွဲခဲ့တဲ့အကြောင်းလေးကို အမှတ်ရလို့ရေးသားလိုက်တာပါ။ စာဖတ်သူတို့လဲ အလွဲလေးတွေရှိရင် နည်းနည်းလောက်ဝေ မျှသွားနော်...

ဒီ Post လေးနဲ့တော့ မပတ်သတ်ပါဘူး ဒါပေမယ့် ပြောချင်လို့ ... အိမ်ကို ကလေးလေးတစ်ယောက်လာလည်တယ်။ ကျွန်တော်က ခပ်တည်တည်နဲ့ မေးလိုက်တယ်။ ဟေ့ကောင် မင်းက ဘယ်မှာနေတာလဲ... လို့မေးလိုက်သည်။ သူကလဲ ဖြေရှာပါတယ်. လှသိန်းထိုက်တို့ အိမ်ဘေးနားက တဲ့. ။ ဘယ်ရမလဲ ထပ်မေးတယ်။ အေးဟုတ်ပါပြီး လှသိန်းထိုက်တို့အိမ်ကဘယ်နားမှာလဲ ... .သားတို့အိမ်ဘေးမှာလေ.. တဲ့ .... ဟိုက်
စာဖတ်သူတို့ ပျော်ရွှင်နိုင်ပါစေ.

အစဉ်လေးစားလျှက်..

မျှော်လင့်သူ

Wednesday, December 30, 2009

Chatting Love

မြန်မာပြည်မာ H5N1 ဖြစ်တုန်းက

ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။

ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................



ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း

စိတ်မပျက်ခဲ့ပါဘူး ။ ။

တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး

နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............



gtalk banned ခံရလို့ လည်း

နောက်မဆုတ်ခဲ့ပါဘူး ။ ။

ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 

chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................



chatting အမျိုးမျိုးနဲ့ 

နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို

ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 

လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................



နင် online မှာရှိနေမယ်ဆို

power တွေတက်ခါးတွေမျက်နေလည်း

အငတ်ငတ်အပြတ်ပြတ်နဲ့ 

ဆက် chat နေပါ့မယ် ချစ်သူ.....................



မ chat ရင် မနေနိုင်တာကလွဲလို့ 

မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို

နင့်ရဲ့ဘ၀ထဲက

ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ..............



chatting thesis နဲ့  Internet course မှာ

solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို

account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို

ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................



နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 

နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့

ငါ့ရဲ့နှလုံးသားကို

ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................



မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့

ငါ့ရဲ့နှလုံးသားကို

အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ...............



ငါဟာငါ register လုပ်ခဲ့ပြီး

ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို

နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................



ကျေးဇူးရှင် chat senior များရဲ့

သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့

နင့်ရဲ့နှလုံးသားကိုလည်း

ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ..............



ချစ်သူ..............

တကယ်တော့..............

ငါဟာနင့်ရဲ့ဘ၀ထဲကို

လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။

ဒီနေ့ ကျွန်တော့် PC ထဲ notepad နဲ့ Save ထားတာတွေ များလွန်းလို့ မလိုတာတွေဖျက်ဖို့ လုပ်ရင်း တွေ့လိုက်တဲ့စာသားလေးပါ။ ဘော်ဒါတွေ ဖတ်ပြီးလောက်ပြီထင်ပါတယ်။ ကျွန်တော်လဲ ဘယ်မှာဖတ်မိပြီး သိမ်းထားလဲ မမှတ်မိတော့ဘူး.။း)

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ

Thursday, December 24, 2009

Today (24.12.2009)

ရေမိုးလေး ချိုးပြီး စိတ်ထဲလန်းလန်းဆန်းဆန်းလေး ရှိတာနဲ့ ကွန်ပြူတာရှေ့ ၀င်ထိုင်လိုက်တယ်။ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတယ်။ Hero Game ခုတ်မယ် စိတ်ကူးတယ်။ဒါလဲမကောင်းပါဘူး ဘာလို့လဲ ဆိုတော့ ရှုံးရင် စိတ်တိုနေရတယ်။ ကိုယ့်ဘက်ကကောင်က အသုံးမကြရင်လဲအော်နေရတယ် မမိုက်ပါဘူး။ Chatting ၀င်ရင်ရော.. ပိုဆိုးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အွန်လိုင်းပေါ်မှာ ကျွန်တော်နဲ့ အကြောတဲ့တာရှားတယ်။ ပေါ့ပေါ့လေးတွေ ကများတယ်ဗျ။ အဲကြရင် ဒေါကန်ရပြန်ကော.. ဒါနဲ့ Blog ရေးမယ်စဉ်းစားတယ်။

အဲ ခက်ရော. အခုရက်ပိုင်းက အပြင်သွားနေရတာနဲ့ ရေးစရာ အကြောင်းကလဲ မရှိပြန်။ နောက်ဆုံးတော့ မနိုင်းနိုင်းမပန်းရင့် နောက် ကိုညီလင်းဆက် တို့ Blog စာမျက်နှာလေးထက်ကို ရောက်ခဲ့တာပေါ့. အပန်းဖြေ ဟိုလှန်ဒီလှန်ဖတ်မိ တယ်။ တွေးမိတယ် တစ်ခါတစ်လေး) သူတို့ကြတော့ အရေးသားကောင်းလိုက်တာ ၊ ကျွန်တော်ကျတော့ ခေါင်းထဲကကို ထွက်မလာဘူး ဟိဟိ တစ်ခါတစ်လေ Blog တစ်ပုဒ်ရေးဖို့ စဉ်းစားလိုက်တိုင်း ခေါင်းတောက်သွားတယ်။ အစက ဒီ Blog ကလေးကို တိုထွာလေးတွေ ရေးဖို့ စီစဉ်ထားတယ် ဒါပေမယ့် မပန်းရင့် က ကိုယ်လဲရေး သူများလဲ ဖတ်တော့ကော အဆင်မပြေဘူးလားတဲ့။ ကိုယ့်ဆိုဒ်မှာ ကိုယ်သွားဖတ်နေကြ ဆိုဒ်ရဲ့ link ကလေးတွေချိတ်ထား ဒါဆိုကိုယ်လဲ ဖတ်မိတယ် ။ နောက် သူများတွေလဲ ကိုယ့်ဆိုဒ်ကလေးကို လာဖတ်ရင်းနဲ့ သွားဖတ်လို့ရတယ်။ နောက် ဆိုဒ်ကလေးကိုလဲ ပြင်ဖို့ပြောလာတယ်။ ဒါကြောင့်လဲ ကျွန်တော်လုပ်ဖြစ်သွားတာပါ။ လာဖတ်တဲ့ စာဖတ်သူတို့ကိုလဲ အားနာမိပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ၀ါသနာလေးကို သည်းခံပြီး အစဆုံးတော့ ဖတ်ပေးစေလို ပါတယ်။ ဆန္ဒလေးပေါ့ဗျာ.း)

Topic ထဲမှာ ဦးတည်ရာမရှိတဲ့ topic က ရုပ်ဆိုးတယ်လို့ကြားမိတယ် . အခုလို topic လေးပေါ့.. ဘာပဲဖြစ်ဖြစ်ပါ. ခေါင်းထဲထွက်လာ တာလေး ချရေးမိတာပါ.

စာဖတ်သူတို့အား အစဉ်လေးစားလျှက်.


မျှော်လင့်သူ...
Related Posts with Thumbnails