Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

Tuesday, March 5, 2013

ရှေးနှစ်ပေါင်း (၅၀၀) ကျော်မှ မဟာမုနိ နှီးဘုရားကြီး




မဟာမုနိနှီးဘုရားရုပ်ပွားတော်ကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း (၅၀)ခန့်ကတည်းက ကလောမြို့၊ပင်မာကုန်း ကျေးရွာတွင် တည်ရှိနေပြီး သစ်စေးသုတ်ထားသည့် နှီးဘုရား ကိုယ်တော်ကြီးသည် မိုး၊လေ မလုံခြုံသော အဆောက်အဦးထဲတွင် စံနေတော်မူပြီး ယနေ့ထိ မပျက်စီးဘဲ တည်ရှိနေခဲ့ပါသည်။ ယခင်က နှီးဘုရားကြီးနှင့်အတူ ရှေးဟောင်းသစ်သားဘုရား ရုပ်ပွားတော်များ အများအပြားရှိခဲ့ပြီး ယခုအခါမသမာသူများ ခိုးယူမှုကြောင့် လုံးဝမကျန်တော့ဘဲ ပျောက်ဆုံးခဲ့ရပါသည်။ နှီးဘုရားကြီးသာ ပင့်ဆောင်မရ၍ ကျန်ခဲ့ခြင်းဖြစ်ပါသည်။

သမိုင်းပညာရှင် ဒေါက်တာ ဦးခင်မောင်ညွန့်လာရောက် ကြည့်ရှုပြီး စစ်ဆေး မှတ်တမ်းတင်ချက်အရ နှီးဘုရားကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ကျော်၊ ပထမအင်းဝခေတ်က ထုလုပ် ကိုးကွယ်ထားခဲ့သည်ဟု ခန့်မှန်းထားပါသည်။ ဘုရားကြီး၏ မုနိတော်မှာ အချွန်ဖြစ်နေခြင်း၊ နားရွက်တော်နှင့် ပုခုံးတော်မထိခြင်း၊ သင်္ကန်းတော်မှာ ၀ဲဘက် ရင်ဘက်တော်နားတွင် ရှိနေခြင်းကြောင့် ပထမအင်းဝခေတ်က ထုလုပ် ကိုးကွယ်ခဲ့သည်ဟု ခန့်မှန်းကြောင်း၊ နှီးဘုရားကြီး၏ သင်္ကန်းတော်မှာ တင်ပါးအောက်ထိ ဖုံးအုပ်နေခြင်းကြောင့် ရှေးဘုရင်များ ကိုးကွယ်ခဲ့ကြောင်း ခန့်မှန်းရပါသည်။

မသမာသူများ ခိုးယူပင့်ဆောင်၍မရသော နှီးဘုရားကြီးအား ယခုလက်ရှိစံမြန်းနေသော ကျောင်းဆောင်တော်သို့ ဆရာတော်ကိုယ်တိုင် ပင့်ဆောင်သောအခါ အံ့သြစရာကောင်းလောက်အောင် လွယ်ကူစွာပင့်ဆောင်၍ ရရှိလာပြီး ယနေ့ဖူးမျှော်မြင်တွေ့နေရသည့် အတိုင်း နှီးဘုရားကိုယ်တော်ကြီးသည် ရွှေအတိပြီးသည်အထိ အလှူဒါယကာ - အလှူဒါယကာမများ တစ်ဦးပြီးတစ်ဦး ပေါ်ပေါက်လာကာ ရွှေရောင်တ၀င်းဝင်းဖြင့် သပ္ပာယ်စွာ စံမြန်းတော်မူနိုင်သည်အထိ သာသနာပြုဆောင်ရွက်နိုင်ခဲ့ပါသည်။ ဆရာတော်၏ သီလ အဓိဌာန်တန်ခိုးတော်ကြောင့် ယခုအခါ ကျောင်းဆောင် အဆောက်အဦးများအပြင် ကမ္မဌာန်း ကျောင်းများ၊ စေတီတော်များ ရွှေရောင်တ၀င်းဝင်းဖြင့် သပ္ပာယ်စွာ တည်ရှိလာခဲ့ပါသည်။

ယခင် ပြုပြင်မည့်သူမရှိ မိုးထဲ၊ လေထဲတွင် စံမြန်းခဲ့ရသော ရှေးနှစ်ပေါင်း (၅၀၀)ကျော်မှ မဟာမုနိနှီးဘုရား ကိုယ်တော်ကြီး၏ တန်ခိုးတော်ကြောင့်လည်းကောင်း၊ ဆရာတော် ဦးကုသလ၏ သာသနာပြုလုပ်ငန်းများကြောင့် လည်းကောင်း ယခုအခါတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ၊ နိုင်ငံအရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားတိုးတက်လျက် ရှိသည်မှာ အံ့သြဖွယ်ပင်ဖြစ်ပါသည်။

နှီးဘုရားကြီး၏ ထူးခြားချက်များ

(၁) နှစ်ပေါင်း (၅၀၀) ကျော်တိုင်တိုင် နှီးဖြင့်ထုလုပ်ထားသော်လည်း ယခုအချိန်ထိ မပျက်မစီးတည်ရှိခြင်း။

(၂) နိုင်ငံခြားသားများ လာရောက်ကြည့်ရှုလေ့လာရာတွင် မယုံသင်္ကာမဖြစ်ရလေအောင် ဆရာတော် (၄)ပါးမှ နှီးဖြင့် ပြုလုပ်ထားကြောင့် သက်သေပြသည့်အနေဖြင့် မ၍ ပြရခြင်း။

(၃) မီးမလောင်ဘဲ မီးကွင်းခြင်း။

(၄) ဥာဏ်တော် (၈)ပေ (၄)လက်မ ရှိခြင်း။

(၅) ဆရာတော်နှင့် ဂမ္ဘီရ ပညာရှင်များယူဆချက်အရ သိကြားမင်း တည်ထားသည်ဟု ယူဆရခြင်း။

(၆) ဆုတောင်းတိုင်း လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံခြင်း။

(၇) မုခ်ဦးစက်တော်ရာ စေတီတော်မှာ အခါအားလျော်စွာ ရောင်ခြည်တော်များ ကွန့်မြူးခြင်း။

Tuesday, March 9, 2010

ရွှေစက်တော်သွား တောလား



စာဖတ်သူတို့အတွက် မန်းရွှေစက်တော်ခရီးသွား အကြောင်းလေးနဲ့ သမိုင်းကြောင်းလေးကို ရေးသားဖော်ပြလိုက်ပါတယ်။ မကွေးမြို့ တစ်ဝိုက်ရဲ့ သမိုင်းကြောင်းဟာ ဟိုးဗုဒ္ဓရှင်တော်မြတ်ရှိစဉ်ကာလထဲက ယဉ်ကျေးမှုထွန်းကားခဲ့ပြီး ဗုဒ္ဓရှင်တော်မြတ် ဒေသစာရီကြွချီ တော်မှုခဲ့တဲ့ နေရာဌာနများလဲဖြစ်ပါတယ်။ ရာဇ၀င်တွေအရ ဘုရားရှင်ဟာ မြစ်အနောက်ဖက်ကိုသာ ကြွချီတော်မှုပြီး မြစ်အရှေ့ဘက် ကမ်းကို ကြွချီမှုမပြုခဲ့ပါဘူး။ မြစ်အရှေ့ဘက်က ဘီလူးတို့အပိုင်စားရပြီး မြစ်အနောက်ဖက်က နဂါးတို့အပိုင်စားရတယ်လို့ မှတ်သားရပါ တယ်။ ထူးခြားချက်မှာလဲ မြစ်အရှေ့ဘက်က စေတီများမှာ ဘီလူးရုပ်ကိုတွေ့ရပြီး မြစ်အနောက်ဘက်စေတီများမှာ နဂါးရုပ်များကိုတွေ့ ရသည်။

ကျောင်းတော်ရာစေတီတော်မြတ်(မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်)၊မန်းရွှေစက်တော်ရာ(စကုမြို့နယ်)၊စက္ကိန်းတဲစေတီတော်မြတ်(မင်းဘူးမြို့)၊ မြသလွန်စေတီတော်မြတ်ကြီး(မကွေး) တို့ဟာ သမိုင်းကြောင်းအရ ဆက်စပ်မှုရှိတာကိုတွေ့ရှိရပါတယ်။ ကျွန်တော် ကျောင်းတော်ရာစေတီတော် သမိုင်းအကျဉ်းကို လက်လှမ်းမှီသလောက်ဖော်ပြခဲ့ဖူးပါတယ်။ ဘုရားရှင်ဟာ ကျောင်းတော်ရာစေတီတော်ကအပြန် မင်းဘူးမြို့မှာ ကျိန်းစက်တော်မှုပါတယ်။ ဒီအချိန်မှာ မကွေးဘက်ကမ်းမှ ဘီလူးညီနောင်တို့က ဘုရားရှင်အား သဖန်းသီးကပ်ကာ ကိုးကွယ်ရာတစ်ခုခုကို တောင်းခံပါတယ်။ ဒီအချိန်မှာ ဘုရားရှင်ဟာ သိကြားမင်းလှူဒါန်းထားသော မြသားသလွန်အစစ်ကို ပေးသနားတော်မှုပါတယ်။ ထိုသလွန်တော်ကို ဘီလူးညီနောင်တို့က ယူဆောင်ပြီး မကွေးဘက်မှာ စေတီတစ်ဆူ တည်တော်မှုပါသည်။ သို့သော် ဘီလူးတို့ချည်းတည်အပ်သည်မှာ မသင့်သောကြောင့် သိကြားမင်းကိုယ်တိုင် ၀ရဇိန်လက်နက်ဖြင့် ဖြိုခွင်း တော်မှုသည်။ ထိုအခါစေတီပြိုလေသည်။ နောက်အခါတွင် ထိုနေရာတွင် တည်အပ်သော ရွာအား ဘုရားပြိုရွာဟု သမုတ်လေသည်။ ဘီလူးညီနောင်တို့ နတ်သတ်ကြွေ လူဖြစ်ကာမှ လူနှင့်သိကြား ပေါင်း၍ အခုတည်ရှိသော တောင်ကုန်းပေါ်တွင် မြသလွန်စေတီတော်ကြီးကို တည်တော်မှုလေသည်။

ဘုရားရှင် စက္ကိန်းတဲတောင်ပေါ်တွင် တစ်ညတာကျိန်းစက်ပြီးနောက် ပြန်အကြွမှာ မုဆိုးနှင့် နဂါးမင်းတို့ တောင်းပန်မှုကြောင့် ဘုရား ရှင်ကိုယ်တော်မြတ်ကြီးဟာ အခုမန်းရွှေစက်တော်တည်ရှိရာ နေရာမှာ တန်ခိုးဗျာဒိတ်ဖြင့် ခြေတော်ရာ တင်ကျန်တော်မှုစေသည်။ နောက်အခါတွင် လူတို့ကိုးကွယ်အပ်သော် မန်းရွှေစက်တော်ရာဘုရားဖြစ်လာခဲ့သည်။ မန်းရွှေစက်တော်ရာဘုရားဟာ မင်းဘူး(စကု) မြို့နယ် မင်းဘူးမြို့နှင့် 32 မိုင်အကွာမှာတည်ရှိပါတည်။ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလဆန်း 5 ရက်နေ့မှ မြန်မာနှစ်ဆန်း 1 ရက်နေ့ထိကျင်းပလျှက်ရှိပါသည်။ မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူးဧည့်သည်များ သိန်းနှင့်ချီ လာရောက်ဖူးမျှော်ကြသည်။ ဘုရားလဲဖူးရင်း လိပ်ဥလဲတူးရင်းဆိုတဲ့ မြန်မာစကားပုံအတိုင်း ဘုရားလဲဖူးရင်း အညာမြေရဲ့ ပူပြင်းမှု များကို ဘုရား၏ခြေတောင်ရင်းမှာ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းအတွင်းမှာ ရေချိုးအပန်းဖြေကြသည်။

မန်းရွှေစက်တော်ရာဘုရားသို့ အလည်ပတ်သွားရောက်ရန် ကျွန်တော်တို့ညီအစ်ကိုတစ်တွေ စီစဉ်ပြီး မတ်လ 7 ရက်နေ့ တနင်္ဂနွေ နေ့က သွားရောက်ခဲ့ပါတယ်။ အစီအစဉ်တိုင်း တနင်္ဂနွေနေ့ နံနက် 5နာရီ 30 လောက်မှာ မကွေးမြို့မှ ထွက်ခွာလို့လာခဲ့ပါတယ်။ အရင်ကဆို ဧရာဝတီတံတားကြီး မရှိသေးတာကတကြောင်း၊ ပုသိမ်-မုံရွာလမ်းမကြီးမပေါက်သေးတာက တစ်ကြောင်း၊ ရွှေစက် တော်နား နီးလေလေ တောင်ဆင်းတောင်တက်များလာပြီး လမ်းများဆိုးဝါးမှုတို့ကြောင့် မိုင် 30 ကျော်ကျော်ခရီးကို နေ့တ၀က် လောက်သွားခဲ့ရပါတယ်။ အခုအခါမှာ မြစ်ကူးတံတားကြီးတွေ၊ လမ်းမကြီးတွေကြောင့် ဆိုင်ကယ်နှင့်ပင် လွယ်လင့်တကူသွားလာ လို့နိုင်ခဲ့ပါပြီ။ ကောင်လေး 6 ယောက်၊ကောင်မလေး 2ယောက် ဆိုင်ကယ် 4စီးဖြင့်ထွက်ခွာလာခဲ့ပါတယ်။ တံတားကြီး(မကွေး- မင်းဘူး) ကိုကူးလိုက်လျှင်ပဲ ကျွန်တော်တို့လို ဘုရားဖူးသွားမည့် ကားကြီး၊ကားငယ်၊ ဆိုင်ကယ်အသွယ်သွယ်တို့ဖြင့် စည်ကားနေ သည်။ တံတားပေါ်မှာ မကွေးဘက်ကမ်းမှ မြသလွန်စေတီတော်ကြီးနှင့် မင်းဘူးဘက်ကမ်းမှ စက္ကိန်းတဲ စေတီတော်မြတ်တို့အား ရွှေသားရောင် တစ်ပြောင်ပြောင်နှင့် သပ္ပာယ်စရာအတိ ဖူးမျှော်ရပါသည်။

မင်းဘူးမြို့အထွက်နားရောက်တော့ အားလုံးပဲခဏတဖြုတ်နားကြပြီး နံနက်ခင်းစာကို သုံးဆောင်ဖြစ်ခဲ့ကြပါတယ်။ ကြည်နူးစရာလင်း အာရုဏ်နံနက်ခင်းများ ဘော်ဒါများပျော်ရွှင်စွာပဲ သုံးဆောင်ဖြစ်ခဲ့ပါတယ်။ ထို့နောက်ဆက်လက်ထွက်ခွာခဲ့ပါတယ်။ အေးဆေးစွာပင် မောင်းနှင်ခဲ့သည်။ ခရီးမပန်းအောင်ကတစ်ကြောင်း၊ ဘေးအန္တရာယ်မကြုံတွေအောင်က တစ်ကြောင်း မောင်းနှင်ခဲ့ကြသည်။ နံနက် 7 နာရီကျော်ကျော်လောက်မှာ မင်းဘူးမြို့နှင့် 19မိုင်နှင့် 2 ဖာလုံအကွာ လေးပင်ရွာ(မန်းရွှေစက်တော်သွားများ ခရီးတစ်ထောက် နားရာ)သို့ရောက်ရှိလို့ လာခဲ့ပါတယ်။ ဆိုင်ကယ်အပူသက်သာအောင် ခေတ္တမျှနားရင်း လ္ဘက်ရည်သောက်ဖြစ်ခဲ့ကြပါတယ်။ ထို့ နောက် မန်းရွှေစက်တော်သို့(12မိုင်နှင့် 6 ဖာလုံအလို) ခရီးဆက်ခဲ့ကြပါတယ်။ 8နာရီ 15 မိနစ်မှာ မန်းရွှေစက်တော်သို့ ရောက် ရှိခဲ့ပါတယ်။ ယခုနှစ်မှဖြင့် ပုသိမ်-မုံရွာလမ်းမှာခွဲထွက် ရွှေစက်တော်သို့ 3မိုင်အလိုလမ်းခွဲမှာ အံသြသင့်လောက်အောင် ကောင်းမွန် နေတာကို တွေ့ရတော့ ၀မ်းမြောက်မိပါတယ်။

မန်းရွှေစက်တော်အ၀င် မန်းချောင်းသစ်သားတံတားလေးအကူး အထက်စက်တော်ရာကို လှမ်းမြင်နေရတဲ့ မြင်ကွင်းဟာဖြင့် မြင်ရသူ ခရီးသွားတိုင်း စိတ်ချမ်းမြေ့မှာ ဧကန်မလွဲပေ။ မန်းရွှေစက်တော်ရောက်တော့ အရင်ဆုံး တည်းခိုဖို့အတွက် တည်းချောင်းစီစဉ်ရပါ တယ်။ အခန်းရတော့ အထုတ်များနေရာချထားပြီး အ၀တ်စားလဲကာ ညီအစ်ကိုတစ်တွေ မန်းချောင်းထဲပြေးဆင်းကြပါတယ်။ နံနက် စောသေးတော့ သိပ်ကြာအောင်ပင် ရေမကစားလိုက်နိုင်။ ချမ်းလို့တုန်လာသည်နှင့် ပြန်တက်ခဲ့သည်။ ထို့နောက် ပြင်ဆင်ပြီး ဘုရား ဆီသို့ ထွက်လာခဲ့ကြသည်။ အရင်ဆုံး အောက်စက်တော်ရာသို့ ၀င်ရောက်ဖူးမျှော်ခဲ့ပါသည်။ ပုံမှန်အချိန်မှာ အောက်စက်တော်ရာ အားဖူးမျှော်ခွင့်မရပါ။ မန်းရေအတက်အကျကြောင့် ခြေတော်ရာတိမ်ကောမှာကို စိုးသောကြောင့် စေတီပုံသံအုပ်ဆောင်းဖြင့် ဖုန်းအုပ် ထားပြီး ပွဲတော်အချိန်တွင်းသာ ဖွင့်လှစ်ပေးထားပါသည်။ အောက်စက်တော်ရာအား ခေတ္တဖူးမျှော်ပြီးနောက် အထက်စက်တော်ရာ သို့ ပွဲဈေးတန်း စောင်းတန်းတစ်လျှောက် တက်ရောက်ခဲ့ပါသည်။ လူငယ်သဘာဝ ဗဟုသုတအနေနှင့် လှေကားထစ်များ ရေတွက် ဖို့ကြံသော်လည်း အာရုံကခပ်များများ၊ မေ့တက်တာလဲ လွန်ရောဆိုတော့ မရေဖြစ်ခဲ့ပေ။ အထက်စက်တော်ရာတည်ရှိရာ တောင်ပေါ် သို့အတက် စောင်းတန်းတစ်လျှောက်မှာ ဘုရားဖူးပြည်သူများ ပြည့်နှက်လို့နေပါသည်။ တနင်္ဂနွေနေ့ အစိုးရရုံးပိတ်ရက်၊ State ( Grade-11 မပါ) များလဲပိတ်ထားချိန်၊ နောက်ပြီး လပြည့်ကျော် 8 ရက်ဥပုဒ်နေ့ ဈေးသူဈေးသားများလဲ အားလပ်ရက်ဖြစ်သော ကြောင့် လူစည်ကားလှသည်။

ပထမအဆင့်တွင် ခဏတစ်ဖြုတ်နားကြပြီး နို့အေးချောင်းများ ၀ယ်စားဖြစ်ခဲ့ကြသည်။ ဆက်လက်ချီတက်ခဲ့ရာ အထက်စက်တော်ရာ သို့ ရောက်ရှိခဲ့သည်။ ရွှေသင်္ကန်းကပ်၊ ဘုရားဖူး၊ ဓာတ်ပုံရိုက်ကြသည်။ အထက်စက်တော်ရာပေါ်မှ အောက်စက်တော်ရာနှင့် ပွဲဈေး များ တည်းချောင်းများကို ကြည့်ရှုရင်း စဉ်းစားမိသည်။ ကျောင်းတုန်းက မန်းရွှေစက်တော်အကြောင်းဖတ်ရတုန်းက ပွဲတော်သို့ လှည်းတန်းရှည်ကြီးဖြင့် လာရောက်ပြီး ဖူးမျှောက်ကြသည်။ အခုတော့လဲ မော်တော်ကားများ၊ဆိုင်ကယ်များဖြင့် လာရောက်ဖူးမျှော် ကြသည်။ ညှို့နေတဲ့ တောင်တန်းကြီးတွေ၊ ခြောက်သွေ့နေတဲ့ ရိုးပြတ်တောတွေ၊ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းရယ်၊ နောက် လှသွေးချယ်နေတဲ့ ပျိုမေတွေကြောင့် ဒီမြင်ကွင်းဟာ ပန်းချီးဆရာလက်မှိုင်ချလောက်အောင် လှချင်တိုင်း လှနေပါတော့တယ်။



အထက်စက်တော်ရာမှာ ခဏနားနေရင်း စားဖြစ်ခဲ့တဲ့ သဘောင်္သီးသုပ်နှင့် ရေနွေးပူပူကလဲ စာဖတ်သူတို့ကို စားစေချင်လိုက်သည်။ အရမ်းပင် နှစ်ခြိုက်လွန်းလှသည်။ ပြန်ဆင်းလာပြီးနောက် တည်းချောင်းမှာ ထမင်းစားဖြစ်ကြတယ်။ ဗမာချက်စစ်စစ်ကို လွေးရင်း ပြောင်ကြ နောက်ကြနှင့် ကျွန်တော့် မျက်လုံးအစုံမှ ဘယ်တော့မှလွင့်ပျယ်မည်မထင်။ စားသောက်ပြီး ဗိုက်တင်းတော့ စက်တော် ခေါ်၊ နိုးလာတော့ ချောင်းထဲပြေးဆင်းကြသည်။ ရေကစားတာ 2 နာရီမျှပင်ကြာသွားသည်။ ထို့နောက် ပြန်တက်အထုပ်ပိုးများ ပြင်ဆင်ပြီး ညနေ 5 နာရီ 15 မိနစ်မှာ မန်းရွှေစက်တော်မှ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အဆင်ပြေချောမွေ့ ခဲ့ပြီး မကွေးမြို့သို့ 8 နာရီပတ်ဝန်းကျင်တွင် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

မန်းချောင်းထဲက ကျွန်တော်တို့တသိုက်
အောက်ခြေတော်ရာ ဖူးမျှော်နေစဉ်
အထက်စက်တော်ရာအတက် နှစ်ကျိတ်ရှစ်ဆူစေတီတော်များနှင့် ကျွန်တော်

ဒီအကြောင်းရာလေးကို ကျွန်တော်အရမ်းပဲရေးသားခဲ့ချင်မိပါတယ်။ အဖျက်အမျိုးမျိုးကြောင့် စိတ်ညစ်ပြီးပေါက်ကွဲခဲ့မိပါတယ်။စာဖတ် သူတို့ အမြင်မှာရိုင်းသွားသော် ရှိရင်လဲ အနူးညွှတ်ပဲတောင်းပန်အပ်ပါသည်။ ခွင့်လွှတ်ပေးကြပါ။ ဒီ Post လေးကိုဖတ်မိပြီး မရောက်သေးသူများလဲ လာရောက်ဖူးမျှော်ဖြစ်အောင်၊ လာရောက် လည်ပတ်သူများလဲ သတိရလွမ်းဆွတ်မိအောင် ရည်ရွယ်ပါသည်။

(စာကြွင်း ခရီးသွားဓာတ်ပုံများ Web ပေါ်သို့အမှတ်ရတင်ထားချင်ခဲ့ပေမယ့် Virus ပြဿနာကြောင့် အနည်းငယ်သာတင်နိုင်ခဲ့ပါ သည်။)
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ.

Friday, November 6, 2009

ခရီးသွားမှတ်တမ်း ( ၂ )

နေ့လည်စား စားပြီးတဲ့နောက်မှာ ကျွန်တော်တို့ အပြန်ခရီးကို စတင်ခဲ့ပါတယ်။ လမ်းများ ဆိုးသည့်တိုင်အောင် ရာသီဥတုက သာယာလှ သောကြောင့် သက်သာရာ ရခဲ့သည်။ နေရောင် ဖျော့ဖျော့လေးအောက်မှာ ကျွန်တော်ရဲ့ ဆိုင်ကယ်လေး တစ်ရိပ်ရိပ်ပြေးနေခဲ့သည်။ လမ်း ဘေးတစ်လျှောက် မြင်တွေ့ရသော စပါးခင်းများကလဲ မျက်စိပသာဒ ကျလှသည်။ လူကြီးသူမတွေ ပြောတာ ကြားဖူးသည်။ တောဆိုပြေ မှ မြို့ဆိုပြေ၏တဲ့ ။ အားလုံးတက်ညီလက်ညီနဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ မြင်ကွင်းလေးက အားဆေးတစ်ခွက်ထက် အားပိုရှိလှသည်။

ခရီးလမ်း တစ်လျှောက် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခရီးစဉ်အကြောင်းကို တွေးတောမိပါသည်။ ဘုရားရှင်ဟာ မဟာပုဏ္ဏမထေရ်မြတ်၏ လျှောက်ထားချက်အရ တစ်ပတ်တိုင်တိုင် ၀ါဏိဇ္ဇဂါမရွာသားများအား တရားရေအေး တိုက်ကြွေးခဲ့ပါတယ် ။ ထိုအချိန်မှာ နဂါးမင်းတစ်ပါး ကြွလာပြီး ဘုရားရှင်ထံ လျှောက်ထားသောအခါ ဘုရားရှင်က အပြန်ခရီးတွင် နဂါးမင်း နေထိုင်ရာ အရပ်ဒေသသို့ ကြွချီတော်မူပြီး ခြေ တော်ရာ တစ်စုံ ပေးသနားတော်မူပါသည်။ ထိုနေရာသည် မန်းချောင်းဘေးမှာ ရှိတဲ့ မန်းရွှေစက်တော်ရာ နေရာပဲဖြစ်ပါတယ်။ ထို့နောက်မှာ
ဘုရားရှင် ဆက်လက်ကြွချီခဲ့ရာ မကွေးမြို့ တစ်ဖက်ကမ်း မင်းဘူးမြို့သို့ ကြွချီတော်မူပါတယ် ။ ထိုမြို့၌ပင် မြတ်စွာဘုရားရှင် ကျိန်းစက် တော်မူပါတယ်။

အတွေးလေး နယ်ချဲ့ခဲ့ရာ သိပ်တောင်မကြာလိုက်ပေ ။ မကွေးမြို့တစ်ဖက်ကမ်း မင်းဘူးမြို့သို့ ရောက်ရှိလာခဲ့သည်။ ဘုရားရှင် ကျိန်းစက် ခဲ့တဲ့ နေရာမှာ ဘုရားတစ်ဆူ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ထိုစေတီအား စက္ကိန်းတဲ စေတီတော်မြတ်ဟု ခေါ်ဆိုခဲ့ကြပါ တယ်။


(သမိုင်းဝင် စက္ကိန်းတဲစေတီတော်မြတ်ကြီး - မင်းဘူးမြို့)

မင်းဘူးမြို့ဟာ ဧရာဝတီမြစ်နောက်ဖက်ကမ်း ကိုသာ ကြွချီတော်မူပြီး မြစ်အရှေ့ဘက်ကမ်းသို့ မကြွခဲ့ပေ။ စာပေများ၌ မြစ်အရှေ့ဘက် ကမ်းသည် ဘီလူးများကြီးစိုးရာ နေရာဖြစ်သော ကြောင့်ဟုဆိုပါသည်။ ဘုရားရှင် တစ်ညကျိန်းစက်နေစဉ် မြစ်အရှေ့ဘက်ကမ်းမှ ဘီလူးညီနောင်လေးဖော်က သဖန်းသီးနှင့် ဘုရားရှင်အား ဆက်ကပ်ပူဇော်သည်။ ထိုအခါ ဘုရားရှင်က သူကျိန်းစက်ခဲ့သော သိကြား မင်းဖန်ဆင်းသည့် မြသားသလွန်တော်ကို ပေးသနားတော်မူသည်။ ထိုမြသားသလွန်တော်အား မြစ်တဖက်ကမ်းတွင် ထာပနာပြီး စေတီ တစ်ဆူ ပူဇော်လေသည်။ ထိုစေတီအား မြသလွန်စေတီတော်မြတ်ကြီးဟု ခေါ်တွင်တော်မူလေသည်။


(မြသလွန်စေတီတော်မြတ်ကြီးအား မြစ်တစ်ဖက်ကမ်း စက္ကိန်းတဲစေတီတော်မြတ်ပေါ်မှ ဖူးတွေ့ရစဉ်)


(မြသားသလွန်အား ထာပနာ၍ တည်ထားတော်မူသော မြသလွန်စေတီတော်မြတ်ကြီး - မကွေး)


စက္ကိန်းတဲ ဘုရားပေါ်တွင် ခရီးတစ်ထောက်နားပြီးနောက် ခရီးဆက်လက်ထွက်ခွာခဲ့သည်။ နဂါးပွက်တောင် (မင်းဘူးမြို့) ဘက်သို့ မောင်းနှင်လိုက်သည်။ နဂါးပွက်တောင်သည် မြန်မာနိုင်ငံရှိ ရွံ့မီးတောင်များအနက် တစ်ခုဖြစ်သည်။ အချိန်တိုင်းပွက်နေပြီး ထွက်လာ သောချော်ရည်များမှာ အေးခဲနေပြီး ရွံ့များသာ ဖြစ်သည်။ အခုနောက်ပိုင်းမှာ ရွံ့မီးတောင်ကြီးအပြင် ဘေးမီတာအနည်းငယ်မှာပင် နောက်ထက် ရွံ့မီးတောင်ငယ်များလဲ ပေါ်ထွက်လာခဲ့သည်။


(နဂါးပွက်တောင် ပင်မရွံ့မီးတောင်ကြီး - မင်းဘူးမြို့)


(အသစ်ပေါ်ထွက်လာသော ရွံ့မီးတောင်ငယ်များ)


(နဂါးပွက်တောင်အား စောင့်ရှောက်သော နဂါးမောင်နှမ ရုပ်ထု)


ထို့နောက် မင်ဘူးမြို့မှ ဆက်လက်ထွက်ခွါခဲ့ရာ မွန်းလွဲပိုင်း ၂ နာရီလောက်တွင် မကွေးရွှေမြို့တော်ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ပါတော့ သည်။

မျှော်လင့်သူ

Monday, November 2, 2009

ခရီးသွားမှတ်တမ်း ( ၁ )

တန်ဆောင်တိုင် အားလပ်ရက်ကလေး တစ်ရက် ကျွန်တော် မြစ်အနောက်ဖက်သို့ ခရီးထွက်ဖြစ်ခဲ့ပါတယ်။ အရင်ရက်ပိုင်းကတောင်ကြီး
မီးပုံးပွဲကို သွားဖို့စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ပေ။ဒါကြောင့်မြစ်အနောက်ဖက်ဘုရားဖူးအစီစဉ်ဆွဲ
ဖြစ်ခဲ့ပါတယ်။

မနက်ဝေတီဝေလင်းအချိန်မှာ ကျွန်တော်ရဲ့မွေးရပ်မြေ မကွေးမှ ကျွန်တော့်ရဲ့မြစ်အနောက်ဖက် ဘုရားဖူးခရီးစဉ်ကိုစတင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ငယ်ငယ် ၈တန်းအရွယ်လောက်ထိ မြစ်အနောက်ပိုင်း (မင်းဘူး) သို့ တစ်ခေါက်ရောက်ဖို့မလွယ်ခဲ့ပေ။ကျွန်တော်တို့မြို့
(မကွေး) နှင့် မင်းဘူး မြို့ကြားရှိ ဧရာဝတီမြစ်ပြင်မှာ အတော်ကျယ်ပါတယ်။ နွေအခါမှာလဲ ရေလမ်းကြောင်းပိတ်၍သွားရတာမလွယ်
ကူသလို မိုးအခါမှာလဲ ရေကြီးခြင်းကြောင့် ခက်ခဲရပြန်ပါတယ်။

မကွေး နှင့် ဘုရား၏ ခြေတော်ရာအစစ်ရှိရာ မန်းရွှေစက်တော်နှင့် မိုင်၄၀ ပတ်ဝန်းကျင်သာရှိပေမယ့် အရင်ကနေ့တ၀က်ကျိုးနီးပါသွား
ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်တွင် ဧရာဝတီတံတား(မကွေး) ဖွင့်လှစ်လိုက်ခြင်းကြောင့် ကျွန်တော်တို့ လွယ်ကူစွာ မြစ်အနောက်ဖက်သို့ ကူးလူး
သွားလာနိုင်ခဲ့သည်။ ကျွန်တော် ဗုဒ္ဓသမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးဆီကိုဦးခိုက်ထွက်လာခဲ့ပါတယ်။
ကျောင်းတော်ရာ ဘုရားမှာ မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းမှာ တည်ရှိပါတယ်။ မကွေးမြို့နှင့် မိုင် ၂၀ ကွာဝေးပါတယ်။ ဆိုင်ကယ်နှင့်ပုံမှန်စီးပါကာ ၁ နာရီကျော်ကျော်မျှသာ စီးရပါတယ်။

မင်းဘူးမြို့တွင် ၀င်ပြီး မနက်စာစားဖြစ်ခဲ့ပါတယ်။ မကွေးတိုင်း တစ်တိုင်းထဲပင်ဖြစ်သည့်တိုင်အောင် မြစ်တစ်စင်းခြားထားရုံနှင့် မတူညီ
သော စရိုက်လက္ခာများကိုတွေ့ခဲ့ရပါတယ်။ မင်းဘူးမြို့ဟာ ခရိုင်မြို့တစ်မြို့ဖြစ်ပြီး စီးပွားရေး အတန်သင့်ကောင်းမွန်သော မြို့တစ်မြို့
ဖြစ်ပါတယ်။ ဘုရားကျောင်းကန်များနှင့်လဲ စည်ကားနေပါတယ်။ထို့နောက်ဆက်လက်ထွက်ခါခဲ့ရာ မိနစ် ၃၀လောက်တွင်မင်းဘူးစက
ုသွား ကားလမ်းဘေး ရေပုတ်ရွာ အနီးမှာ ကျောင်းတော်ရာသမိုင်းနှင့် ဆက်စပ်နေသော ရွှေမြင်တင် ဘုရားကို ဖူးမျှော်ခဲ့ရပါတယ်။ ရွှေမြင်တင် စေတီတော်ဟာ မဟာပုဏ္ဏရဟန္တာအရှင်မြတ်၏ ပထမသီတင်းသုံးတော်မူရာ အဇ္စူဟတ္ထအရပ်၌ တည်ထား တော်မူသော စေတီတစ်ဆူဖြစ်ပါတယ်။


ဆက်လက်ခရီးနှင်ခဲ့ရာ စကုမြို့ ကိုကျော်လွန်ပြီး ပွင့်ဖြူနှင့် ကျောင်းတော်ရာလမ်းခွဲရှိရာ လယ်ကိုင်းသို့ ရောက်ရှိခဲ့ပါတယ်။ လမ်းတစ်
လျှောက် ချိုင့်များပေါသဖြင့်မိုင်၂၀ အား အတော်တန်ပင်မောင်းယူနေခဲ့ရပါတယ်။

ကျောင်းတော်ရာ စေတီတော် သမိုင်းအား စာဖတ်သူတို့ သိရှိစေရန်ကျွန်တော်မှတ်သားထားသလောက် အနည်းငယ် တင်ပြပေးပါမည်။
ကျောင်းတော်ရာ သမိုင်းအကျဉ်းမှာ သွားရောက်ဖတ်ရှုပေးပါ..


နံနက် ၉ နာရီလောက်မှာ ကျွန်တော် ကျောင်းတော်ရာ စေတီတော်ကြီးတည်ရှိရာ ၀ါဏိဇ္ဇဂါမ ရွာကြီးသို့ ရောက်ရှိခဲ့ပါတယ်။ တည်နေရာ
ကတော့ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား အရှေ့ဘက် ၃ ဖာလုံအကွာ မုန်းချောင်း ငါးကျွေးဆိပ် တည်ရှိရာနေရာဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတာကတော့ ပုဏ္ဏောဝါဒသုတ္တံ - ဒေသနာတော်အလာ ဘုရားရှင်လက်ထက် သုနာပရန္တတိုင်းသား စန္ဒကူးနံ့သာ ကျောင်းတော်
အလှူရှင် မဟာပုဏ္ဏအရှင်မြတ်၏မွေးရပ်မြေဇာတိရပ်ကို နိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဌာနမှ ရှာဖွေစိုက်ထူပေးထားသောမှတ်တိုင်
ဖြစ်ပါတယ်။


(ကျောင်းတော်ရာ ငါးကျွေးဆိပ်)

ဘုရားကြီးရဲ့ ပွဲတော်ချိန်ဖွင့်ပွဲ ၀ါဆိုလပြည့်နေ့နှင့် ၀ါခေါင်လပြည့်နေ့တို့မှာ ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ဘုရားဖူးပြည်သူများမှာ ကြက်သီးထလောက်အောင်ပင် များတာကို တွေ့ရပါတယ်။ ပွဲတော်ချိန်တွင် ဘုရားငါးကြီးများအားထိုငါကျွေး
ဆိပ် (အထက်ပါပုံ) တွင် ငါးစာကျွေးကြရသည်။ စေတီတော်ကြီး၏ နာယက ဆရာတော်ကြီးများက စက်လှေများဖြင့် ရွှတ်ဖတ်ပူဇော်
ကာ မြစ်ကြောင်း တစ်လျှောက် မုန်းချောင်းထဲသို့ ငါးကြီးများအား ခေါ်ဆောင်လာသည်ဟုသိရှိရပါတယ်။


(ကျောင်းတော်ရာ ငါးကျွေးဆိပ်နှင့် ကျွန်တော်)

ငါးကျွေးဆိပ်၌ ခေတ္တမျှနေပြီး စေတီတော်ကြီးတည်ရှိရာနေရာကို ထွက်လာခဲ့ပါတယ်။ စေတီတော်မြတ်ကြီးအား ဖူးမျှော်ပြီး ဘုရား
ပုရ၀ုဏ်အတွင်းရှိ စန္ဒကူးတောများအား လှည့်လည်ကြည့်ကာ ဘုရားဂေါပက အဖွဲ့များနှင့် စကားပြောနေရင်း ခဏနားနေလိုက်သည်။


ကျောင်းတော်ရာဘုရားကြီး ပုရ၀ုဏ်တွင်းရှိ စန္ဒကူးပင်များ

ထို့နောက် ဘုရားကြီး အပြင်ဘက်ရှိ ထမင်းဆိုင်တန်းများ၌ ရွာထမင်းဟင်းစားကာ အပြန်ခရီးစတင်ခဲ့ပါတယ်။
(အပြန်ခရီးအား ဆက်လက်ဖော်ပြဖော်ပြပါမည်။ )


မျှော်လင့်သူ
Related Posts with Thumbnails