Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Friday, November 6, 2009

ခရီးသွားမှတ်တမ်း ( ၂ )

နေ့လည်စား စားပြီးတဲ့နောက်မှာ ကျွန်တော်တို့ အပြန်ခရီးကို စတင်ခဲ့ပါတယ်။ လမ်းများ ဆိုးသည့်တိုင်အောင် ရာသီဥတုက သာယာလှ သောကြောင့် သက်သာရာ ရခဲ့သည်။ နေရောင် ဖျော့ဖျော့လေးအောက်မှာ ကျွန်တော်ရဲ့ ဆိုင်ကယ်လေး တစ်ရိပ်ရိပ်ပြေးနေခဲ့သည်။ လမ်း ဘေးတစ်လျှောက် မြင်တွေ့ရသော စပါးခင်းများကလဲ မျက်စိပသာဒ ကျလှသည်။ လူကြီးသူမတွေ ပြောတာ ကြားဖူးသည်။ တောဆိုပြေ မှ မြို့ဆိုပြေ၏တဲ့ ။ အားလုံးတက်ညီလက်ညီနဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ မြင်ကွင်းလေးက အားဆေးတစ်ခွက်ထက် အားပိုရှိလှသည်။

ခရီးလမ်း တစ်လျှောက် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခရီးစဉ်အကြောင်းကို တွေးတောမိပါသည်။ ဘုရားရှင်ဟာ မဟာပုဏ္ဏမထေရ်မြတ်၏ လျှောက်ထားချက်အရ တစ်ပတ်တိုင်တိုင် ၀ါဏိဇ္ဇဂါမရွာသားများအား တရားရေအေး တိုက်ကြွေးခဲ့ပါတယ် ။ ထိုအချိန်မှာ နဂါးမင်းတစ်ပါး ကြွလာပြီး ဘုရားရှင်ထံ လျှောက်ထားသောအခါ ဘုရားရှင်က အပြန်ခရီးတွင် နဂါးမင်း နေထိုင်ရာ အရပ်ဒေသသို့ ကြွချီတော်မူပြီး ခြေ တော်ရာ တစ်စုံ ပေးသနားတော်မူပါသည်။ ထိုနေရာသည် မန်းချောင်းဘေးမှာ ရှိတဲ့ မန်းရွှေစက်တော်ရာ နေရာပဲဖြစ်ပါတယ်။ ထို့နောက်မှာ
ဘုရားရှင် ဆက်လက်ကြွချီခဲ့ရာ မကွေးမြို့ တစ်ဖက်ကမ်း မင်းဘူးမြို့သို့ ကြွချီတော်မူပါတယ် ။ ထိုမြို့၌ပင် မြတ်စွာဘုရားရှင် ကျိန်းစက် တော်မူပါတယ်။

အတွေးလေး နယ်ချဲ့ခဲ့ရာ သိပ်တောင်မကြာလိုက်ပေ ။ မကွေးမြို့တစ်ဖက်ကမ်း မင်းဘူးမြို့သို့ ရောက်ရှိလာခဲ့သည်။ ဘုရားရှင် ကျိန်းစက် ခဲ့တဲ့ နေရာမှာ ဘုရားတစ်ဆူ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ထိုစေတီအား စက္ကိန်းတဲ စေတီတော်မြတ်ဟု ခေါ်ဆိုခဲ့ကြပါ တယ်။


(သမိုင်းဝင် စက္ကိန်းတဲစေတီတော်မြတ်ကြီး - မင်းဘူးမြို့)

မင်းဘူးမြို့ဟာ ဧရာဝတီမြစ်နောက်ဖက်ကမ်း ကိုသာ ကြွချီတော်မူပြီး မြစ်အရှေ့ဘက်ကမ်းသို့ မကြွခဲ့ပေ။ စာပေများ၌ မြစ်အရှေ့ဘက် ကမ်းသည် ဘီလူးများကြီးစိုးရာ နေရာဖြစ်သော ကြောင့်ဟုဆိုပါသည်။ ဘုရားရှင် တစ်ညကျိန်းစက်နေစဉ် မြစ်အရှေ့ဘက်ကမ်းမှ ဘီလူးညီနောင်လေးဖော်က သဖန်းသီးနှင့် ဘုရားရှင်အား ဆက်ကပ်ပူဇော်သည်။ ထိုအခါ ဘုရားရှင်က သူကျိန်းစက်ခဲ့သော သိကြား မင်းဖန်ဆင်းသည့် မြသားသလွန်တော်ကို ပေးသနားတော်မူသည်။ ထိုမြသားသလွန်တော်အား မြစ်တဖက်ကမ်းတွင် ထာပနာပြီး စေတီ တစ်ဆူ ပူဇော်လေသည်။ ထိုစေတီအား မြသလွန်စေတီတော်မြတ်ကြီးဟု ခေါ်တွင်တော်မူလေသည်။


(မြသလွန်စေတီတော်မြတ်ကြီးအား မြစ်တစ်ဖက်ကမ်း စက္ကိန်းတဲစေတီတော်မြတ်ပေါ်မှ ဖူးတွေ့ရစဉ်)


(မြသားသလွန်အား ထာပနာ၍ တည်ထားတော်မူသော မြသလွန်စေတီတော်မြတ်ကြီး - မကွေး)


စက္ကိန်းတဲ ဘုရားပေါ်တွင် ခရီးတစ်ထောက်နားပြီးနောက် ခရီးဆက်လက်ထွက်ခွာခဲ့သည်။ နဂါးပွက်တောင် (မင်းဘူးမြို့) ဘက်သို့ မောင်းနှင်လိုက်သည်။ နဂါးပွက်တောင်သည် မြန်မာနိုင်ငံရှိ ရွံ့မီးတောင်များအနက် တစ်ခုဖြစ်သည်။ အချိန်တိုင်းပွက်နေပြီး ထွက်လာ သောချော်ရည်များမှာ အေးခဲနေပြီး ရွံ့များသာ ဖြစ်သည်။ အခုနောက်ပိုင်းမှာ ရွံ့မီးတောင်ကြီးအပြင် ဘေးမီတာအနည်းငယ်မှာပင် နောက်ထက် ရွံ့မီးတောင်ငယ်များလဲ ပေါ်ထွက်လာခဲ့သည်။


(နဂါးပွက်တောင် ပင်မရွံ့မီးတောင်ကြီး - မင်းဘူးမြို့)


(အသစ်ပေါ်ထွက်လာသော ရွံ့မီးတောင်ငယ်များ)


(နဂါးပွက်တောင်အား စောင့်ရှောက်သော နဂါးမောင်နှမ ရုပ်ထု)


ထို့နောက် မင်ဘူးမြို့မှ ဆက်လက်ထွက်ခွါခဲ့ရာ မွန်းလွဲပိုင်း ၂ နာရီလောက်တွင် မကွေးရွှေမြို့တော်ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ပါတော့ သည်။

မျှော်လင့်သူ

No comments:

Post a Comment

Related Posts with Thumbnails