Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Saturday, November 7, 2009

သူငယ်ချင်းများ နှင့် ကျွန်တော်

လွန်ခဲ့သော ငါးနှစ် ၊ ၂၀၀၄ လောက်ကပေါ့ စာရေးသူ တက္ကသိုလ်မြေသို့ ပထမဆုံး ခြေလှမ်းချဖြစ်ခဲ့သည်။ စာရေးသူ တက်ခဲ့တဲ့ အထက် တန်းကျောင်းက စာရေးသူတို့အိမ်နှင့်က သိပ်မဝေး ။ မနက်ကျောင်းသွား ၊ နေ့ခင်း ထမင်းပြန်စား ၊ ညနေကျောင်းဆင်း
ပြန်တော့လဲ အိမ် ဘေးက ကျူရှင်တက် ၊ ဒီလိုနဲ့ တပတ်ကုန်ခဲ့ရသည်။ အပြင်လောက နှင့် စာရေးသူ နှင့် လားလားမှ မဆိုင်သလိုပင် ။ တပတ်လျှင် ကျောင်း ပိတ်ရက် တစ်ရက်သာ စာရေးသူ၏ အမေနှင့် ဈေးဘက်သို့ရောက်ဖြစ်သည်။

အခုတော့ အသိပညာတွေ အတက်ပညာတွေ စုစည်းဖို့အတွက် တက္ကသိုလ်ဆိုသော မြေသို့ ခြေချခဲ့ရသည်။ လူရည်မလည်တဲ့စာရေးသူ အဖို့ အားလုံးက အသစ်ဆန်းဖြစ်ပြီး ကြောက်စိတ်တောင် အနည်းငယ် ၀င်မိခဲ့သည်။ ကျောင်အပ်တဲ့ နေ့မှာ စာရေးသူ၏အမေကိုယ်တိုင် ကျောင်းလိုက်အပ်ပေးခဲ့သည်။ ကျောင်းစတက်တဲ့ နေ့မှာ ကသိကအောက် တော်တော်လေး နိုင်ခဲ့သည်။ စာရေးသူ ဘေးဘယ်ညာ
ကြည့် လိုက်သည်။ အားလုံးက ဘယ်အချိန်က ခင်လာကြတဲ့သူငယ်ချင်းတွေမသိ အားရပါးရ စုဖွဲ့ပြီး စကားပြောနေကြသည်။တမျိုးကြီး
ဖြစ်နေ သည်။ ကောင်လေးတွေကော ကောင်မလေးတွေကော အတူတူထိုင်လို့ရသား ။

ကြောင်တောင်တောင်နဲ့ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက် ကြည့်နေစဉ်မှာပင် တစ်ယောက်က ပုခုံးလာပုတ်သည်။ငါသိတဲ့သူ
တော့ ရှိသားပဲ လှည့်ကြည့်လိုက်သည်။ ၁၀ တန်းတုန်းက ဘော်ဒါမှာ တစ်ခန်းထဲ အတူနေခဲ့တဲ့ ဘော်ဒါ ဖြစ်နေသည်။ စာရေးသူ အလွန်
ပျော်ရွှင် ခဲ့ရသည်။ နောက်ရက်တွေမှာ မကြောင်တော့ ဘော်ဒါနဲ့ စာသင်လိုက် ကမ်တင်း သွားလိုက် ၊ ပြန်တော့လဲ သူ့အိမ်ပြီးမှကိုယ့်
အိမ်ပြန်တယ် ။ ဒီလိုနဲ့ သိပ်မကြာခင်ပဲ စာရေးသူအတွက် နောက်ထပ်ချစ်ရမယ့် ဘော်ဒါနှစ်ယောက် တိုးလာခဲ့ပြန်သည်။

ဒီလိုနဲ့ တပူးတွဲတွဲ သူငယ်ချင်းတွေ နေခဲ့ကြသည်။ တစ်ယောက်အခက်ခဲကို တစ်ယောက်က ဘယ်တော့မှ ဥပက္ခာမပြုပဲ ဖြေရှင်းပေးခဲ့ ကြသည် ။ ပျော်ရွှင်စွာနေတက်သော လူငယ်များဖြစ်သောကြောင့် သူတို့ရှိနေတဲ့ နေရာတိုင်းမှာ ပျော်ရွှင်မူလေးတွေ ဖြစ်ပေါ်နေတက် သည်။ ကိုယ့် Intake တူချင်းမသိတဲ့သူမရှိသလောက်ပင် ။ စူးစမ်းချင်စိတ်ကလဲ အပြည့်ဖြစ်ခဲ့သည်။ စူးစမ်းကောင်းလို့လဲ ဆရာနေ သော အဆောင်အား ကျော်ဝင်မိသဖြင့် ကျောင်းအုပ်ကြီးအား ဌာနမှုးမှ တောင်းပန်၍ ကျောင်းဆက်တက်ခွင့်ရခဲ့သည် အထိဖြစ်ခဲ့သည်
ကျောင်းမှာ ဘာတဲ့ဆိုရင် ရှေ့ဆုံးက သွားသည်။ အမြဲတစ်စေလဲ လွဲတက်သည်။


တစ်နေ့ ကျောင်းမှာ ဆရာကန်တော့ပွဲတဲ့ ၊ စာရေးသူတို့ အဖွဲ့တက်ကြွနေပြီပေါ့ ။ မနက်ဖြန်ကြရင် ဘာဝတ်မယ်ညာဝတ်မယ်ပေါ့ ။ နောက်ဆုံး မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအရ တိုက်ပုံကိုရွေးလိုက်သည်။ မရှိလဲမပူ အဖေဟာယူဝတ်မယ်ပေါ့။ မနက်ဆံကေသာကို အုန်းဆီကျော့အောင်လိမ်း တိုက်ပုံဖားဖားကြီးများနှင့် လေးယောက်သား ကျောင်းရောက်ခဲ့သည်။ အားလုံးကတော့ ပေါ့ပေါ့ပါးပါး အဆင်ပြေသလိုဝတ်လာကြသည်။ အတန်းကြီးတောင် တိုက်ပုံမ၀တ် ၊ ဒါပေမယ့် မရှက်ပေါင် မြန်မာ့ရိုးရာပဲ နောက်ဆုံး တိုက်ပုံတွေနဲ့ ဆိုတော့ ရှေ့ဆုံးကတောင် ၀င်ကန်တော့ခွင့်ရခဲ့သည်။

တစ်ယောက်ကလာအော်သည်။ မနက်ဖြန် ဌာနမှာ စာတမ်းဖတ်ပွဲရှိတယ်တဲ့ ။ စာရေးသူတို့ ရောက်အောင်သွားခဲ့သည်။ ဟိုရောက်တော့ အတန်းကြီးများက သူတို့ပြုစုထားတာတွေကို ဖတ်ကြသည်။ မေးသည်ကို ဖြေကြသည်။ အခုမှ ကျောင်းစတက်တဲ့ စာရေးသူတို့နား မလည်။ ဘယ်အချိန်ပြီးသည်တော့မသိ ၊ ကျောင်းစောင့်လာနှိုးမှ ဘော်ဒါလေးယောက်နိုးပြီး ထပြန်ခဲ့သည်။ ဒီလိုနဲ့ ကျောင်းချိန်တွေ ဖြတ်သန်းခဲ့သည်။ ကျောင်းရည်လဲ လည်လာခဲ့သည်။ ကျောင်းတက်ချိန်တက် ၊ လ္ဘက်ရည်ဆိုင်ထိုင်ချိန်ထိုင် ၊ ကျန်အားလပ်ချိန်များအား အကျိုးရှိစွာ ဂိမ်းဆိုင်တွင်ဖြုံးလိုက်သည်။

စာရေးသူတို့ အိမ်မက်ဖြစ်သော ဘွဲ့ကို လေးယောက်လုံး အတူတူယူမယ် ဆိုသော အိမ်မက်လွင့်ပြယ်ခဲ့သည်။ ဘွဲ့ယူအခမ်းနားအား စာရေးသူနှင့် နောက်တစ်ယောက်သာတက် နိုင်ခဲ့သည်။ ဘော်ဒါနှစ်ယောက် တစ်နှစ်ကျနေခဲ့သည်။ ထိုတုန်းကလဲ ယောင်္ကျားလေးများ ဖြစ်ပေမယ့် မျက်ရည်ကြခဲ့ရသည်။ စာရေးသူတို့ နှစ်ယောက် ကျောင်းပြီးသွားတော့ အလုပ်ခွင်ထဲဝင်ဖြစ်ခဲ့သည်။ ကျန်တဲ့ ဘော်ဒါနှစ် ယောက်မှာလဲ ကျောင်းဆက်တက်ဖြစ်ခဲ့သည်။

တစ်နေ့ဘော်ဒါတွေ ညနေပိုင်း လ္ဘက်ရည်ဆိုင်ထိုင်စဉ် ဘော်ဒါတစ်ယောက်ဆီမှ စကားတစ်ခွန်း ကြားလိုက်ရတယ်။ " ငါမိန်းမခိုး မယ်တဲ့ " ၊ အံ့သြသွားခဲ့တယ် ။ ဒါပေမယ့် သူဒီလိုဖြစ်လာပြီ ဆိုတော့လဲ ဘော်ဒါတွေ သွေးဆူလာကြသည်။ အခြေနေ အကျိုးကြောင်း
မေးမြန်းပြီးတော့ စီစဉ်ရတော့သည်။

ဆက်လက်ရေးသားပါအုံးမည်။

မျှော်လင့်သူ.. (သူငယ်ချင်းများအား သတိရလွမ်းဆွတ်လျှက်)

No comments:

Post a Comment

Related Posts with Thumbnails