Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, October 3, 2010

အထီးကျန်ဆန်ခြင်း



အထီးကျန်ဆန်ခြင်း



နွမ်းလျနေတဲ့ လမ်းအိုလေးတစ်ခုရယ်
ဦးတည်ချက်မဲ့ပြေးနေတဲ့ ဆိုင်ကယ်လေးတစ်စင်းရယ်
ခန်းခြောက်နေတဲ့ သစ်ပင်အိုလေးတစ်ပင်ရယ်
သေဆုံးမဲ့ဆဲဆဲ ငါ့နှလုံးသားတစ်စုံရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


မဖြစ်သာလို့ပြုံးနေရတဲ့ အပြုံးတစ်ခုရယ်
မပြောချင်ပဲပြောနေရတဲ့ စကားတစ်ခွန်းရယ်
မသွားချင်ပဲသွားနေရတဲ့ အကြောင်းတစ်ခုရယ်
စိတ်ဝိဥာဉ်လွင့်နေတဲ့ ငါ့ခန္ဓာကိုယ်တစ်ခုရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


မြင်ယောင်မိနေတဲ့ အပြုံးတစ်ခုရယ်
သံစဉ်တကျတီးခတ်မဲ့သူမရှိတဲ့ ဂစ်တာလေးတစ်လက်ရယ်
ဝါကြန့်ကြန့်စာရွက်လေးပေါ်က ဘောပင်လေးတစ်ချောင်းရယ်
အဆိပ်သင့်နေတဲ့ ငါ့သွေးသားတွေအားလုံးရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


အားလုံးတည်ရှိနေတာ
အထီးကျန်ဆန်ခြင်းဆိုတဲ့......။


မျှော်လင့်သူ

Thursday, September 16, 2010

Job & Me



ဒီခေါင်းစဉ်လေးနဲ့ စာရေးချင်တာတော့ ကြာပါပြီ။ ရာသီဥတု နှောင့်ယှက်တာရယ်၊ အလုပ်ပင်ပန်းလို့ အိပ်ပျော်သွားတာရယ်ကြောင့် မရေးဖြစ်ခဲ့ တာပါ။ အထွေထူးတော့လဲ မဟုတ်ပါဘူး။ ကျောင်းပြီးလို့ အလုပ်စ၀င်ပြီး ဒီကနေ့ ဒီအချိန်ထိ လူပင်ပန်းပေမယ့် စိတ်ပျော်ရွှင်နေရဲ့တဲ့ အလုပ် တွေနဲ့ ပတ်သတ်ပြီး ရေးသားချင်ခဲ့တာပါ။ 2007 ခုနှစ် 9 လပိုင်းက စပြီး ကျွန်တော် ပညာသင်ယူမှုပြီးစီးပြီး လုပ်ငန်းခွင်ထဲကို ၀င်ရောက် ခဲ့ပါတယ်။ နယ်မှာအလုပ်အကိုင်နည်းနည်းရှားပါတာရယ်၊ နောက်ပြီး ကိုယ်ဆက်တက်ချင်တဲ့ သင်တန်းတွေမရှိတာရယ်ကြောင့် မန္တလေးက ဒေါ်လေးရှိတဲ့ဆီကို ထွက်လာဖြစ်ခဲ့တယ်။ မန္တလေးရောက်တော့ သင်တန်းတက်ဖို့ထက် အလုပ်ဘက်ကိုပဲ အားသန်ခဲ့တယ်။ ဒေါ်လေး အကူညီနဲ့ အိပ်ဆောင်ပစ္စည်း Trading Company တစ်ခုမှာ အလုပ်ရခဲ့တယ်။

ကျောင်းက ပြီးခါစ လုပ်ငန်းခွင်ထဲကို အခုမှစ၀င်ခါစဆိုတော့ ကြောင်အန်းအန်းတော့နိုင်ခဲ့တယ်။ တာဝန်ယူဖို့ သီးသန့်အပိုင်းပေးထားတယ်။ ကိုယ်တာဝန်ယူတဲ့ အပိုင်းမှာ ပြဿနာဖြစ်ခဲ့ရင် ကိုယ်ပဲ ခေါင်းခံရမယ်ဆိုပါတော့။ တစ်ခါမှ ဒီလို တာဝန်မျိုးမယူဖူးဘူး။ ခေါင်းကြီးခဲ့တယ်။ အလုပ်ကလဲ အရမ်းများတယ်။ တာဝန်ယူရတဲ့အပိုင်းကတော့ ဂိုဒေါင်မှုးပေါ့။ ကြွေပြားနဲ့ ပတ်သတ်တာတွေကို အကုန်တာဝန်ယူရတယ်။ တစ်နေ့ကို 12ဘီးကားကြီး 2စီး 3စီးလောက် အမြဲဝင်တယ်။ တစ်နေ့ကို ကြွေပြားတွေကို ၀င်လိုက်ထွက်လိုက်နဲ့ ထောင်ရှိနေတယ်။ လူ အရမ်းပင်ပန်းတယ်။ ဒါပေမယ့် တစ်ခါမှ စိတ်မပင်ပန်းခဲ့ဖူးဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးက တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကူညီ ပံ့ပိုး ပေးကြတယ်။ မသိတာကို သိအောင်သင်ပေးတယ်။ မှားနေတာတွေ မှန်အောင်ပြင်ပေးတယ်။ တစ်ရုံးလုံးမှာ ကျွန်တော်အငယ်ဆုံးပဲပေါ့။ အဲတုန်းက ကျွန်တော်အသက်က 19 နှစ်ပေါ့။ သူဌေးကလဲ အရမ်းသဘောကောင်းတယ်။ ဖော်ရွှေတယ်။ လက်အောက်ငယ်သားတွေကို မျှမျှတတဆက်ဆံတယ်။ အထက်လူကြီးတွေ စိတ်မပျက်အောင်လဲ ကိုယ်ကကြိုးစားပေးရတယ်။ အလုပ်ထဲမှာ ဘယ်လောက်ပင်ပန်းပန်း အားလုံးတက်ညီလက်ညီလုပ်ကြပြီး မိသားစုစိတ်ဓာတ်လေးအပြည့်နဲ့ဆိုတော့ စိတ်ပေါ့ပါးပြီး ကြိုးစားဖြစ်ခဲ့တဲ့ ကျွန်တော့်ဘ၀အတွက် ပထမဆုံး လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။

လုပ်ငန်းအဆင်ပြေပြန်တော့လဲ နေရေးထိုင်ရေးနဲ့ အခြား အလုပ်နဲ့မပတ်သတ်တဲ့ လူမှုရေးပြဿနာလေးတွေကြောင့် ကျွန်တော် မေမေရှိတဲ့ မကွေးကိုပဲ ပြန်လာခဲ့တယ်။ မကွေးရက်ပြီး ရက်ပိုင်းအတွင်းမှာပဲ Company တစ်ခုမှာ အလုပ်ရခဲ့တယ်။ ဒီ Company ကတော့ Research ပိုင်းကို အဓိကထားလုပ်တာပါ။ ကျွန်တော်ကိုင်ရတဲ့ အပိုင်းကတော့ Marketing အပိုင်းပေါ့။ လူတွေနဲ့ အများဆုံး ဆက်ဆံ ရတဲ့ လုပ်ငန်းတစ်ခုပေါ့။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုကို ကိုယ်တစ်ဦးတစ်ယောက်တည်းနဲ့ မရပဲ ကိုယ်သိချင်တဲ့အပိုင်းနဲ့ ဆက်နွယ်တဲ့သူတွေနဲ့ ဆက်နွယ်ပြီး ဖော်ထုတ်ရတယ်။ တစ်နေ့ကို အလုပ်အများကြီးမလုပ်ရပေမယ့် လုပ်ရတဲ့ အပိုင်းမှာတော့ စိတ်ကိုနှစ်ထားရတယ်။ အလုပ်ပေါ်မခံယူတက်ရင်၊ စိတ်မထားတက်ရင်တော့ တစ်ရက်ထဲနဲ့ စိတ်ပျက်သွားစေနိုင်ပါတယ်။ ဒါကိုလဲ အမြဲဆင်ခြင်နေရတယ်။ Pressure တော်တော်တက်ပေမယ့် ကိုယ့်ဝန်ထမ်းပိုင်း လုပ်ငန်းအသွားလာနဲ့ ပတ်သတ်လို့တော့ အား လုံးစိတ်ချမ်းသာရပါတယ်။

ဒီလို Research Company မှာလုပ်နေရင်းကပဲ Cyber တစ်ခုမှာ ညပိုင်းအလုပ်ဆင်းဖြစ်တယ်။ ဒီတိုင်းနေရင်လဲ ညည မေမေနဲ့ TV ထိုင်ကြည့်တာရယ်၊ ဂိမ်းကစားတာနဲ့ 12ထိုး 1 နာရီလောက်မှ အိပ်ဖြစ်နေတယ်လေ။ ညပိုင်း Cyber မှာလုပ်ဖြစ်ရင် ကိုယ်သိချင် တက်ချင်တဲ့ Internet ပိုင်းကိုလဲ လေ့လာနိုင်မယ်၊ အချိန်တွေကိုလဲ အကျိုးရှိရှိသုံးနိုင်မယ်။ ဒီလိုရည်ရွယ်ချက်လေးတွေနဲ့ Cyber တစ် ခုမှာ ၀င်လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ အကောင်းဆုံးအလုပ်ဖြစ်ပါလိမ့်မယ်။ အရမ်းသဘောကျတယ်။ အဲဒီမှာလုပ် တဲ့အချိန် လုပ်ငန်းအတွေ့ကြုံအများကြီးမရှိသေးပေမယ့် ကျွန်တော်သိနေပါတယ်။ နေ့ပိုင်းအလုပ်ပြီးရင် ညနေပိုင်း ရေမိုးချိုးပြီး ညပိုင်းထိုင် ပေးရတယ်။ လုပ်ငန်းကလဲ သိပ်အခက်ခဲမရှိသလို ဆိုင်ရှင်အစ်ကိုတွေကလဲ အရမ်းသဘောကောင်းတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားထက် ညီအစ်ကိုလို ပေါင်းဖြစ်တယ်။ သူတို့က ကိုယ့်ကိုအခွင့်ရေးပေးသလို သူတို့ပေးတဲ့အခွင့်ရေးကိုလဲ ကိုယ်က ဘယ်တော့မှအလွဲသုံးစား မလုပ် ပါဘူး။ အလုပ်ပိတ်ရက်ရယ်လို့လဲ ကျွန်တော်မထားပဲ အရမ်းနှစ်သက်တဲ့အလုပ်ဖြစ်နေတော့ ဖျားနာတဲ့အချိန်က လွဲပြီး နေ့တိုင်းဆင်းပေးဖြစ် ခဲ့ပါတယ်။ အရမ်းလဲ ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆိုင်ပိတ်သွားတော့ Research Company ကလဲထွက်လိုက်ပြီး cigarette Company တစ်ခုမှာ အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။

အခုနောက်ဆုံးအလုပ်ပေါ့။ ရာထူးကတော့ Sale Rep; နဲ့ပေါ့။ Market Field ထဲကိုတော့ အချိန်ပြည့်ဆင်းရတယ်။ ကိုယ်အလုပ်ဝင် တဲ့အချိန်က ပစ္စည်းသစ်မိတ်ဆက်ချိန်ဆိုတော့ Promotion တွေကလဲ အလူးအလဲလုပ်ရတယ်။ နှစ်သစ်ကူးသင်္ကြန်တောင် မနားပဲ အလုပ် ၀င်ပေးခဲ့ရပါတယ်။ နောက်ပိုင်းတွေမှာလဲ ကိုယ်တာဝန်ယူတဲ့အပိုင်းက မြစ်အနောက်ဘက်တစ်ကျောပေါ့။ ရေစက်ပါတယ်ပဲ ဆိုရမယ်။ ကျောင်းတုန်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း 4 ယောက် တစ်ရုံးထဲ အတူတူကျနေခဲ့တယ်။ ပျော်စရာပဲ။ နောက်ပြီး အလုပ် တာဝန်ခွဲတော့လဲ တစ်ကျောထဲပဲကျတယ်။ ပင်ပန်းလို့ ပင်ပန်းမှန်းလဲမသိဘူး ပြေးလွှားနေခဲ့တယ်။ အခုဆိုရင် ဒီ Company အတွက် ပြေးလွှားပေးခဲ့တာ ကီလိုမီတာအားဖြင့်ဆိုရင် 7800 ၀န်းကျင်ရှိနေပြီး မိုင်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် 4847 မိုင်ဝန်းကျင်ရှိနေပါပြီ။ ဒီ လောက်သွားလာနေပေမယ့် ပျော်ရွှင်နေတယ်။ သဘောကျနေတယ်ဆိုတာ အကြောင်းရှိပါတယ်။ အဓိကကတော့ စိတ်လို့ပဲ ဆိုရမလား မသိဘူး။ ကိုယ်ကလဲ သူများအပေါ်ဘယ်တော့မှ မဟုတ်မှန်တာ မလုပ်ဘူး။ ကံတူအကျိုးပေးပဲ ဖြစ်မယ်။ ကိုယ့်ကိုလဲ ဒုက္ခပေးမယ်သူ ဆိုတာ မရှိဘူး။ ဘယ်နေရာရောက်ရောက် ကိုယ်နဲ့ထိတွေ့ဆက်ဆံရတဲ့သူတွေကို အစ်ကိုအရွယ်ဆို အစ်ကို၊ အစ်မအရွယ်ဆို အစ်မ စသဖြင့် ကိုယ်ကလဲ လေးလေးစားစားဆက်ဆံတယ်။ ကိုယ်အောက်ငယ်လို့လဲ နိုင့်ထက်စီးနင်းမလုပ်ဘူး။ ဒီလိုအပြုမှုလေးတွေကြောင့် ကိုယ်လဲ ခံစားနေရတာဖြစ်မယ်ထင်ပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်....
မျှော်လင့်သူ

Sunday, September 5, 2010

I Am A Believer Now

ဘာရယ်မဟုတ်ပါဘူး... Ecard လေးတွေလိုက်ကြည့်နေရင်းနဲ့ သဘောကျလို့ တင်လိုက်တာပါ...

Tuesday, August 31, 2010

နိုမိတော့မယ်


HIV ကိုကုသနိုင်ပြီလား ???? အဆက်ကို မျှော်နေတဲ့ စာဖတ်သူပရိတ်သတ်များ ရှိခဲ့ရင် ဆောတီးဗျာ။ ဒီရက်ပိုင်း အလုပ်ကလေးနည်းနည်း ရှုပ်တာရယ်(အလုပ်ဗန်းပြတာ)၊ နောက်ပြီး ကျွန်တော့်ရဲ့ တစ်ခုတည်းသော မန်မိုရီစတစ်ကလေးကို အစုတ်ပလုတ်ဗိုင်းရပ်စ်စုတ်တွေ ကိုက်သွား တာကြောင့်(နဂိုတည်းက စုတ်သလားမပြောတက်)၊နောက်ပြီး အရိုးသားဆုံးဝန်ခံရရင် စာရိုက်ရမှာ ပျင်းတာရယ်ကြောင့် မတင် ဖြစ်သေးတာပါ။ တစ်ခါတစ်လေ ညပိုင်းအားနေလို့ အပြင်မထွက်ရင် အိမ်မှာ စာလေးဘာလေးရိုက်ထားတယ်။ နောက်နေ့ Cyber ရောက် တော့ တင်လိုက်တယ်။ အခုတော့ Mem Str; ကလေးပျက်သွားတော့ အိမ်မှာလဲ မရိုက်ဖြစ်တော့ဘူး။ ဆိုင်ရောက်ပိုဆိုး ။ စာကလဲ အပြေးအလွှားဖတ်ရသေး၊ ဂိမ်းကလဲ ကစားလိုက်ချင်သေး၊ ဒီကြားထဲ ချက်တင်ထဲက အမျိုးတော်တွေက ခေါ်ရင် ထူးလိုက်ရသေး။ အ၀ှာ တိုင်ပတ်နေသလိုဖြစ်နေတယ်း)

ဒီရက်ပိုင်း အလုပ်ကပြန်လာရင် ယောင်တောင်တောင်လေးဖြစ်နေတယ်။ ရုံးစောဆင်းပေးနေတဲ့ ဂျာကြီးကိုပဲ အပြစ်တင်ရမလား၊ သူငယ်ချင်း မရှိ၊ အပေါင်းအသင်းမရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မရလားမသိဘူး။ ညနေ 5 နာရီရုံးဆင်းဖြစ်တယ်။ အိမ်ပြန်ရမှာ စောသေးလို့ ဘော်ဒါတွေကို လက်ဖက်ရည်ဆိုင်ခေါ်တယ်။ ဘယ်မောင်မင်းကြီးသားမှ မလိုက်ဘူး။ ဖင်ပိတ်ငြင်းတယ်။ သူတို့မိန်းမတွေ နောက်လင်ယူ မှာကြနေတာပဲ။ ဒါတောင် ကျွန်တော်က သူတို့ကို ဒကာခံမှာနော်။ သူတို့ကို တိုက်ခိုင်းလို့ကတော့ လက်သီးနဲ့များ ထိုးမလားမသိ။

5 ခွဲလောက် အိမ်ရောက်ရင်လဲ ယောင်ပေပေနဲ့ TV ရှေ့ထိုင်ပြီး ကြည့်ဖြစ်တယ်။ ငှားထားတဲ့ စာအုပ်ကလေးကလဲ လက်စသတ်လိုက် သေးတယ်။ 7 နာရီလောက်ရောက်တော့ မေမေက ကိုရီယားကား ကြည့်တယ်။ အော် မိန်းကလေးတွေ တော်တော်တော့ ကိုရီယားကား ကြိုက်သား။ ဟိဟိ ကျွန်တော်လဲ ကြိုက်တယ်။ 8 နာရီပြီးတော့ ရေမိုးချိုး၊ ထမင်းစားပြီး အပြင်ထွက်ဖြစ်တယ်။ အထင်မကြီးနဲ့နော် ကျန်တဲ့ နေရာမဟုတ်ဘူး။ ငှားထားတဲ့ စာအုပ်ကလေး အပ်ဖို့ရယ်၊ ဗဟုသုတလေးရဖို့ Cyber ရယ်(ဟိဟိ အပျင်းပြေဖို့ဆို ပိုမှန်တယ်) ကိုပဲ သွားဖြစ်တယ်။ အိမ်ပြန်ရောက်တော့ MWD တို့ MRTV တို့ကလာတဲ့ ဇာတ်ကားတွေ မလွတ်တမ်းကြည့်ပစ်တယ်။ သူတို့ကလဲ သဘော ကောင်းပါ့ နှစ်ကားတောင် ဆက်တိုက်လွှင့်ပေးတယ်ဗျ။

အစီစဉ်တွေပြီးသွားလို့ မေမေအိပ်သွားပြီဆို ကျွန်တော်လဲ အခန်းထဲဝင်ပြီး ကွန်ပြူတာလေးဖွင့်၊ တစ်ဖက်က စာအုပ်ဖတ် ဟိုဟာကလိ၊ ဒီ ဟာကလိနဲ့ သိပ်မကြာခင်အချိန်မှာပဲ ကျွန်တော်အိပ်မောကျသွားတယ်ထင်တယ်။ မိုးလင်းတော့ ခြင်ထောင်ထဲမှာ အခန့်သား၊ ဘယ်အချိန် မေမေထပြင်သွားပေးတယ်မသိ။ ဒီလိုက တစ်ရက်လဲ မဟုတ်၊ နှစ်ရက်လဲမဟုတ်၊ ဟိဟိ မေမေ့ကိုတော့ အားနာနာနဲ့ပြောလိုက်တယ်။ ကျေးဇူးပဲနော် မေမေလို့.. မေမေကလဲ မဲ့ပြီးပြန်ပြောတယ်။ နင်မိန်းမရမှကို ငါလဲ ၀ဋ်ကျွတ်မှာတဲ့။ ဟူး... မေမေမသိဘူးနော်...။း)

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Saturday, August 28, 2010

HIV ကို ကုသနိုင်ပြီလား ???


ကဲ စာဖတ်သူပရိတ်သတ်တို့ရေ...
ဒီကနေ့မှာတော့ စာဖတ်သူတို့အတွက် ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီအကြောင်းအရာ လေးကို စာဖတ်သူတို့ စိတ်ဝင်စားလိမ့်မယ်လို့လဲ မျှော်လင့်မိပါတယ်။ အခုတင်ဆက်မယ့် အကြောင်းအရာလေးကတော့ ...

HIV ကို ကုသနိုင်ပြီလား ?????
- ခန္ဓာကိုယ်ထဲမှာရှိတဲ့ HIV ပိုးတွေ မပွားများလာဖို့ အေအာတီ(ART)ဆေးနဲ့ ထိန်းချုပ်ထားခြင်းဖြင့် ကုသနိုင်ပါပြီ။
- ဒါပေမယ့် အေအာတီ(ART)ဆေးဟာ HIV ပိုးတွေကို သေအောင်မသတ်နိုင်တဲ့အတွက် ဒီဆေးဟာ အမြစ်ပြတ် ကုသပေးနိုင်တဲ့ ဆေး မဟုတ်ပါဘူး။

HIV ဆိုတာ ဘာလဲ ?????
- HIV ဆိုတာ အလွန်သေးငယ်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။
- HIV ဟာ ကူးစက်ခံရတဲ့လူရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံးနေပြီးတော့ အဲဒီလူရဲ့ ကိုယ်ခံစွမ်းအားတွေကို ဖျက်ဆီးပစ်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ် ဆိုတာဘာလဲ ?????
- ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့ ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးနိုင်တဲ့ ကိုယ်တွင်းစွမ်းအား တစ်မျိုးကို ကိုယ်ခံစွမ်းအားလို့ ခေါ်ပါတယ်။
- သွေးဖောက်စစ်ဆေးတိုင်းတာခြင်းနဲ့ ကိုယ်ရဲ့ ကိုယ်ခံစွမ်းအား(CD4) အနည်းအများကို သိနိုင်ပါတယ်။

HIV ခန္ဓာကိုယ်ထဲ ၀င်လာရင်.....
- ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံးနေပြီး ကိုယ်ခံစွမ်အားတွေကို တဖြည်းဖြည်း ဖျက်ဆီးပစ်ပါတယ်။
- ကြာလာတာနဲ့အမျှ ကိုယ်ခံစွမ်းအားတွေ လျော့နည်းကျဆင်းလာပြီး ပြင်ပက ၀င်ရောက်လာတဲ့ ရောဂါတွေကို မခုခံ မတိုက်ဖျက်နိုင် တော့ပါဘူး။
- ဒါကြောင့် ရောဂါပေါင်းစုံ မကြာခဏ ဖြစ်လာတက်ပါတယ်။ အဲဒီလိုဖြစ်လာတာကို AIDS လို့ခေါ်ပါတယ်။

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့......
- ကိုယ်အလေးချိန် လျော့ကျခြင်း။
- နာတာရှည် ဖျားနာခြင်း။
- မှက်ခရုပေါက်ခြင်း။
- ရေယုန်ပေါက်ခြင်း။
- တာရှည် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ခြင်း။
- တီဘီ ရောဂါဖြစ်ခြင်း။
- အရေပြားတွင် အနာများဖြစ်ခြင်း။

အေအာတီ(ART)ကုသမှုဆိုတာ ဘာလဲ ??????
- မျိုးမတူတဲ့ ဆေးသုံးမျိုး ပေါင်းစပ်ထားတဲ့ ကုသမှုဖြစ်ပါတယ်။
- ခန္ဓာကိုယ်မှာရှိတဲ့ HIV တွေပွားများလာခြင်းကို ထိန်းချုပ်ထားနိုင်တဲ့အတွက် ကိုယ်ခံစွမ်းအားစနစ်ကို ပြန်လည်ဖြည့်ဆည်း ပေးနိုင်တဲ့ ကုသမှုလည်းဖြစ်ပါတယ်။

အေအာတီ(ART)ကို ဘယ်လိုသောက်ရမလဲ ?????
- အေအာတီ(ART)ကုသမှုဟာ ဆေးအုပ်စု အမျိုးမျိုး ပေါင်းစပ်ပါဝင်မှသာ ထိရောက်မှုရှိတယ်။ ဒါကြောင့် အနည်းဆုံး ဆေးသုံးမျိုး ပေါင်းစပ် သောက်သုံးသင့်ပါတယ်။
- အေအာတီ(ART)ဆေးများဟာ သွေးထဲမှာ (၁၂)နာရီသာ အာနိသင်ရှိတဲ့အတွက် (၁၂)နာရီခြားတစ်ခါ နေ့စဉ် အချိန်မှန်မှန် သောက်ရပါမည်။
- အေအာတီ(ART)ဆေးဟာ HIVကို မသတ်နိုင်ပါ။ အကယ်၍ ဆေးသောက်တာ ရပ်လိုက်ရင် HIV ပိုးတွေပြန်ပြီး ပွားများလာလိမ့်မယ်။ ဒါကြောင့် ဆေးကို ရေရှည်(တသက်လုံး) သောက်ရန်လိုအပ်ပါတယ်။

ဆေးကို ဘယ်သူတွေ သောက်သင့်သလဲ ?????
ရောဂါဖြစ်ပွားမှု အခြေအနေအရ....
- HIV ကူးစက်ခံရပြီး နောက်ပိုင်း ကိုယ်ခံစွမ်းအား(CD4)အရေအတွက် ၂၀၀အောက် ကျဆင်းလာတဲ့သူများ။
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် ကျန်းမာရေးအခြေအနေ ချို့ယွင်းလာပြီး ရောဂါလက္ခဏာများ ပြင်းပြင်းထန်ထန် ခံစားနေတဲ့ သူများ။
ဆေးကုသမှု မစတင်မီ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ကုသမှုကို ခံယူသင့်ပါတယ်။

အေအာတီ(ART)ကုထုံးရဲ့ ကောင်းကျိုး ရလဒ်များက ဘာတွေလဲ ?????
- ကိုယ်ခံစွမ်းအားစနစ် ပြန်ကောင်းလာတဲ့အတွက် ယခင်အတိုင်း ကျန်းမာလာခြင်း။
- ကျန်းမာလာတဲ့အတွက် အလုပ်ပြန်လုပ်နိုင်ပြိး မိသားစုများကိုလည်း ပြန်လည်ကူညီ ထောက်ပံ့ပေးနိုင်ခြင်း။
- ကလေးတွေဆိုရင်လည်း သာမန်အတိုင်း ပြန်ကျန်းမာလာနိုင်ပါသည်။
သင်ဟာ ဆေးကို မှန်မှန်ကန်ကန်နဲ့ တိတိကျကျ သောက်မှသာလျှင် ဒီကောင်းကျိုးတွေရမှာပါ

ဆေးပုံမှန်စွဲသောက်ရန် ဘာကြောင့်အရေးကြီးသလဲ ?????
ဆေးပုံမှန် သောက်တယ်ဆိုတာ
- အနည်းဆုံး ဆေး(၃)မျိုးပေါင်းကို
- နေ့တိုင်း အချိန်မှန်မှန် (၁၂)နာရီခြားတစ်ခါ
- ရေရှည်(တစ်သက်လုံး) သောက်တာကိုပြောတာပါ။

အဲဒီလို ပုံမှန်စွဲသောက်မှသာလျှင်.....
- အေအာတီ(ART)ဆေးရဲ့ ကောင်းကျိုးထိရောက်မှုကို ရရှိပြီး ပြန်လည်ကျန်းမာလာ၍ ပုံမှန်ဘ၀ကို ပြန်ရမှာ ဖြစ်တဲ့အတွက် အရေးကြီး ပါတယ်။

အကယ်၍ ဆေးပုံမှန်စွဲမသောက်လျှင်.....
- ဆေးအာနိသင် ထိရောက်မှု မရှိတော့ဘဲ HIV ပိုးတွေဟာ အေအာတီ(ART)ဆေးကို ယဉ်ပါးသွားပြီး ဆေးမတိုးတော့ပါ။
- အဲဒါဆို HIV ပိုးတွေ ပြန့်ပွားလာပြီး ကိုယ်ခံစွမ်းအားတွေ ပြန်လည်ကျဆင်းလာပါလိမ့်မယ်။
- အစပိုင်းတွင် မသိသာပေမယ့် အချိန်တိုအတွင်းမှာ ကျန်းမာရေးကျဆင်းလာပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။
- ဆေးယဉ်နေတဲ့ HIVပိုးများဟာ သင့်ဆီက တခြားလူတွေကို ကူးစက်သွားနိုင်ပြီး သူတို့လည်း သင့်လိုဘဲ ရောဂါခံစားရပြီး အသက်သေ ဆုံးနိုင်ပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်အာနိသင်များက ဘာတွေလဲ ?????
- အရေပြားမှာ အင်ပြင်ထခြင်း၊ ယားခြင်း။
- အသားဝါခြင်း၊ သွေးအားနည်းခြင်း။
- ကိုယ်ပူပြီး ဖျားခြင်း။
- ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း။
- ပြို့အန်ခြင်း၊ ၀မ်းလျှောခြင်း။
- ခြေလက် ထုံကျင်ကိုက်ခဲခြင်း။
ဒါပေမယ့် ဆေးသောက်တဲ့ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ အချို့ကသာ ဖြစ်လေ့ရှိပါတယ်။


ဆက်လက်ဖော်ပြပါဦးမည်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ

Saturday, August 21, 2010

အနမ်းတစ်ဖက်


ကျောင်းတွင် သူမကို စတွေ့ချိန်မှာ ကျွန်တော်ဝမ်းသွားနေပါတယ်။ သူမသိပ်လှပါတယ်။ ပန်းတို့ပွင့်ဖူးစမှာ ရနံ့တို့ တလှိုင်လှိုင် ထွက်သလို သူမအနားက ဖြတ်ကူးစမှာ ကျွန်တော့်ရဲ့ အလွမ်းတို့ တဖြိုင်ဖြိုင် ကြွေကျခဲ့ရပါတယ်။

သူမက ဆံပင်တို့ ၀ဲခါသွားအောင်ပြုတယ်။ ကျွန်တော်ကတော့ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိပါတယ်။ သူမကို လွမ်းနေတုန်းမှာပဲ ၀မ်းတို့က တလဟော ထွက်ချင်လာတယ်။ ဒါနဲ့ပဲ ကျောင်းရဲ့အိမ်သာကို ၀မ်းသာစွာနဲ့ပဲ ပြေးခဲ့ရပါတယ်။ ကျွန်တော့်ကို ကျွန်တော် မကျေနပ်ခဲ့ပါ။

သူမက စံပယ်ဖူးလေးလို ချစ်စရာကောင်းသလောက် ကျွန်တော်က စာကလေးလောက်ပဲ လှခဲ့သူပါ။ ထိုအတွေးတို့ တွေး မိချိန်တုန်းက ကျွန်တော်အိမ်သာထဲမှာပါ။ သူ့ကိုချစ်တဲ့ အချစ်ရယ်….. မခံမရပ်နိုင်လို့ ထွက်လာတဲ့ ရင်ထဲက အညစ်ရယ် ဟာ သွားဆုံမိတယ် ထင်ပါရဲ့။
ကျွန်တော့်နားမှာ ကောင်းကင်ကြီး ပြိုကျသလို ဖြစ်နေတယ်။ အကြားမတော်တဲ့ လူတစ်ချို့တောင် တံခါးခေါက်ပြီး ‘ တိုးတိုးလုပ် ’ ဟု ဆိုသွားကြတယ်။ အချစ်ရယ်.. ကိုယ်ဟာ ဘာမှန်းမသိတဲ့ နက္ခတ်နဲ့ မွေးလာတဲ့ကောင်ပါ။ အဲ့ဒါ သိပ်ဆိုး တဲ့ နက္ခတ်လို့ တစ်ချို့က ဆိုကြတယ်။ ဒါနဲ့ ကိုယ်ကြောက်သွားတယ်။ အဲဒီတော့ ထုံးစံအတိုင်း ဗေဒင် မေးကြည့်တာပေါ့။

“ မင်းမွေးတဲ့ နက္ခတ်က အချစ်ကြောက်တဲ့ နက္ခတ်ပဲ ”

“ ဗျာ၊ တကယ်လား ဆရာ ”

“ ယတြာချေလို့ မရဘူးလား ဆရာ ”

“ အင်း…”

ဗေဒင်ဆရာ အနည်းငယ် အခက်တွေ့သွားပုံရတယ်။ နောက်ဆုံး စိတ်ညစ်ညစ်နဲ့

“ မရဘူးကွ ” လို့ ဆိုတယ်။


ဘာပြောကောင်းမလဲ အချစ်ရယ်။ အဲဒီတုန်းက ကိုယ်စိတ်ဓာတ်ကျတာ အရမ်းပဲ။ ဒါနဲ့ ကိုယ်လည်း ရုပ်ရှင်တွေထဲက မင်းသားတွေ စိတ်ဓာတ်ကျတဲ့ အိုက်တင်ယူပြီး ဘောင်းဘီထဲလက်နှိုက်ကာ ပလက်ဖောင်းဘေးက လျှောက်နေခဲ့မိတယ်။

တကယ်ပါ။ အဲ့ဒီတုန်းက ကိုယ်ကြေကွဲတာ လရောင်မြင်ဖူးတဲ့ လူသားတိုင်း သိပါတယ်။ ကိုယ်ဆိုမိတဲ့ ကဗျာတစ်ပုဒ်တောင် ရှိတယ်။ ဘာတဲ့….

နှလုံးသားမှာ

အလွမ်းရှိတယ်ဆိုရင်

အခြားဘယ်နေရာမှာရော

အလွမ်းနေထိုင်ပါသေးသလဲ။

ပြောပြပါလေ

တစ်ချိန်ကျရင်

သူရှိတဲ့နေရာကို

ရှောင်သွားချင်လို့ပါ။

နောက်ဆုံး အကြံတစ်ခုရသွားတယ်။ ကိုယ့်ကိစ္စကို ဗေဒင်ဆရာ မကူညီနိုင်ရင် နတ်ဆရာဆီသွားမယ် ဆိုပြီးတော့ပါ။ ကိုယ် ဟယ်ရီပေါ်တာ သိပ်ကြိုက်တယ်။ ဒါပေမယ့် ကိုယ် နတ်ဆရာကို ကြောက်နေတယ်။ ဘာမှမဆိုင်မှန်းတော့ သိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ လူတွေဟာ မဆိုင်တာပြောရင် အထင်ကြီးခြင်းခံရတယ်ဆိုလို့ ပြောကြည့်တာပါ။
အဲ့ဒီလိုနဲ့ ကိုယ် နတ်ဆရာဆီ ရောက်သွားတယ် ဆိုပါတော့…။

“ ဘာကိစ္စလဲ ”

“ အဲ့ဒီလို … အဲ့ဒီလို ကိစ္စကြောင့် ”

“ သြော်၊ အေး၊ သိပြီ ခဏစောင့် ”

ဆိုပြီးတော့ လူငယ်တွေ ဟစ်ဟော့စတိုင်အတိုင်း လက်ကားယား ခြေကားယား လုပ်နေလေရဲ့။ ကိုယ်လေသွားတယ်…။ သူက ‘ က ’ ကြီးနဲ့ စရမယ့် ‘ ကိစ္စ ’ ကို ‘ ရ ’ ကောက်နဲ့ ‘ ရစ် ’ နေတဲ့အတွက် ကိုယ်က ‘ တ ’ ၀မ်းပူနဲ့ တင်းသွားတာပေါ့။ ထားလိုက်ပါ။ သူက ဆက်ပြောတယ်။

“ မှော်ဝင်နေတယ်…. ” တဲ့။

ကိုယ် နားမလည်ခဲ့ပါဘူး။ မှော်ဆိုတာ ဘာကိုပြောတာလဲ။ ရေကန်ထဲက မှောက်ကိုပြောတာလား။ ကိုယ်သူ့ကို ကြောက်လို့ ပြန်မမေးခဲ့ပါဘူး။ ဒါနဲ့ သူက နောက်ဆုံးစကားဆိုတယ်။

“ မင်းရဲ့ ချစ်သူက မင်းကို ပြန်ချစ်လာစေချင်တာမှတ်လား ”

“ ဟုတ်ကဲ့ ”

“ ဒါဆို မင်းကိုယ့်ပါးကိုယ် ပြန်နမ်းနိုင်တဲ့ တစ်နေ့ မင်းရဲ့ ချစ်သူက မင်းကို ပြန်ချစ်လိမ့်မယ်။ ”

“ အို ”

တကယ်တမ်းပြောရရင် မဖြစ်နိုင်မှန်းသိရက်နဲ့ ကိုယ်ပျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာ မျှော်လင့်ချက်ရှိသွား လို့လေ။ ကိုယ့်ပါးကိုယ်ပြန် နမ်းနိုင်တဲ့နေ့……။ ဒါဟာ ကိုယ့်ရဲ့ မျှော်လင့်ချက်ပါ ချစ်သူ။ ဒါနဲ့ ကိုယ့်ပါးကိုယ် ပြန်နမ်းနိုင်အောင် နေ့တိုင်းပဲ လေ့ကျင့်နေခဲ့မိတယ်။ အနမ်းသည် တစ်ခါတစ်ခါ ဘာမှန်းမသိပေမယ့် ကိုယ်ကတော့ ဒီလို ခံယူထားပါတယ်။

အလွမ်းသည် အလွမ်းတိုင်း နေပါစေ။
အနမ်းအား မနှောင့်ယှက်ရ။
နားမလည်ဘူးထင်တယ်…. ချစ်သူ။ ဒီလိုပါ။

ချစ်သူအား နမ်းဖူးသည့် အနမ်းတို့သည် ရင်မှာ နွေးထွေးနေချိန်တွင် အလွမ်းသည် အနမ်းအား ၀င်ရောက် နှောင့်ယှက်ခြင်း မပြုရဟု ဆိုလိုပါတယ်။ အဲဒီလိုနဲ့ လေ့ကျင့်လာခဲ့လိုက်တာ အခုထိ ကိုယ့်ပါးကိုယ် မနမ်းနိုင်သေးပါဘူး။

တစ်နေ့မှာပေါ့…။ အမျိုးသမီး တစ်ယောက်နဲ့ တွေ့တယ်။ ကိုယ်လည်း ပျင်းနေတာကြောင့် သူနဲ့ စကားပြောဖြစ်တယ်။
“ နာမည် ဘယ်လိုခေါ်လဲ။ ”

“ မကျင်ပု ”

“ ဘယ်မှာနေလဲ ”

“ ငပုတော ”

ကိုယ်ဆက်မမေးရဲတော့ဘူး။ ကိုယ်နောက်မေးတဲ့ မေးခွန်းတိုင်း မှာ ‘ ပု ’ တာတွေကိုပဲ ပြောနေမှာစိုးလို့လေ။ ဒါနဲ့ သူက ကိုယ့်ကို ပြန်မေးပါလေရော…။

“ နာမည် ဘယ်လိုခေါ်လဲ။ ”

“ မောင်လှရှည် ”

“ ဘယ်မှာနေလဲ ”

“ ရေတာရှည် ”

သူလည်း ထပ်မမေးတော့ပါဘူး။ ဒါနဲ့ ကိုယ်တို့ ဘေးက လူကြီးတစ်ယောက်က ၀င်မေးတယ်။

“ ဘာလုပ်နေတာလဲ …” တဲ့။

“ အမေးအဖြေ လုပ်တန်း ကစားနေတာလေ ”

လို့ ကိုယ်က ပြန်ဖြေလိုက်တယ်။

“ မသိပါဘူး။ မင်းက အဲဒီ ကောင်မလေးကို သမ္မာကျမ်းစာထဲက အတိုင်း မင်းရဲ့ နံရိုးတစ်ဖက် ဟုတ်မဟုတ် စစ်ဆေး နေတာလားလို့ပါ ”

“ ဟင် ”

ကိုယ်တကယ် တွေဝေသွားတာပါ။ ဒါဆို သမ္မာကျမ်းစာထဲကအတိုင်း မင်းဟာ ကိုယ့်ရဲ့ နံရိုးတစ်ဖက်ရော မဖြစ်နိုင်ဘူးလား။ ဘုရားသခင်သည် ယောကျာင်္းတည်းဟူသော လူ၏ နံရိုးတစ်ဖက်အား ထုတ်ယူ၍ မိန်းမတည်းဟူသော လူအား ဖန်ဆင်း၏လို့ သမ္မာကျမ်းစာထဲမှာ ပါတယ်။

ဒါနဲ့ ကိုယ်မင်းကို နမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဟုတ်တယ်လေ။ မင်းဟာ ကိုယ့်ရဲ့ နံရိုးဆိုရင် မင်းရဲ့ ပါးတစ်ဖက်ကလည်း ကိုယ့်ရဲ့ အစိတ်အပိုင်း တစ်ခုပဲပေါ့။ အဲဒါဆို နတ်ဆရာပြောတဲ့အတိုင်း ကိုယ့်ပါးကိုယ် နမ်းနိုင်ရင်..။ တစ်နေ့ မင်းကိုတွေ့တော့ ဘာမပြောညာမပြောနဲ့ ကိုယ်နမ်းလိုက်မိတယ်။

“ ရွှတ် ”

“ ဖျန်း ”

ကိုယ်က နှာခေါင်းနဲ့ပဲ နမ်းခဲ့တာကို မင်းက လက်ဝါးနဲ့ ပြန်ရိုက်တယ်ပေါ့။ ထားပါလေ…။ မင်းက ကိုယ့်ရဲ့ နံရိုးတစ်ဖက် မဟုတ်ဘူးလား..။ ဒါဆို ကိုယ့်ရဲ့ နံရိုးတစ်ဖက်ရော….။ တစ်နည်းပြောရရင် ကိုယ့်ရဲ့ ပါးတစ်ဖက်ရော…။ သေပြီ…။
ကောင်မလေးရေ…. ငါ့ရဲ့ ပါးတစ်ဖက်မှန်မမှန် မိန်းကလေး အားလုံးကို လိုက်နမ်းကြည့်ရမယ်ထင်ပါရဲ့…။

Own Writter – Luu Nay

စာဖတ်သူတို့အား အစဉ်လေးစားလျှက်…..
မျှော်လင့်သူ

Tuesday, August 17, 2010

မေးခွန်းကြီး ၃ ခုရဲ့ အဖြေ

မေးခွန်းကြီး သုံးခုရဲ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ...

ပထမမေးခွန်း..
မဟာဇနကမင်းသား သမုဒ္ဒရာထဲ ခုန်ချခါနီး ပြောတဲ့ စကားကြီး ၃ ခွန်းကတော့ ၀မ်း၊ တူး၊ သရီး... ဖြစ်ပါတယ်ခင်ဗျာ။

ဒုတိယမေးခွန်း..
ဆရာတော်ကြီး မိန့်တော်မှုတဲ့ စကားကတော့ 'လိုက်သွားကြ ငါလဲ မတက်နိုင်ဘူး' ဖြစ်ပါတယ်ခင်ဗျာ။

တတိယမေးခွန်း..
တိုးတိုးလေးပြောလိုက်တဲ့ သီပေါမင်းရဲ့ စကားကတော့ 'ထိုင်ရတာ ကျပ်လို့ ဟိုဘက်နည်းနည်းတိုးပေးပါတဲ့' ဖြစ်ပါတယ်ခင်ဗျာ။

လွတ်လပ်စွာဖြေပေးတဲ့ ဘော်ဒါတွေကျေးဇူးပဲ။ ပျော်ရွှင်နိုင်ပါစေဗျာ။ အခုရက်ပိုင်း ကျွန်တော်တော့း(

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ

Saturday, August 14, 2010

မေးခွန်းကြီး ၃ ခု


အလုပ်တွေ ရှုပ်နေတာနဲ့ စာတောင်သိပ်မရေးဖြစ်ဘူး။ ဒီနေ့ စာဖတ်သူတို့ကို ဥာဏ်စမ်းတဲ့ သဘော ၊ ဆိုလိုချင်တာကတော့ ဘယ်လောက် ဗဟုသုတ ပြည့်စုံနေပြီလားဆိုတာကို စစ်ဆေးတဲ့သဘောနဲ့ မေးခွန်းလေးသုံးခု မေးချင်ပါတယ်။ ဒီမေးခွန်းကို ဘယ်တက္ကသိုလ်မှာမှ မမေးဖူးပါဘူး။ စာဖတ်သူတို့ အာရုံစိုက်ပြီး Comment မှာဖြေပေးပါ။ ကျွန်တော်လဲ အဖြေပြောပြမှာပါ.

ပထမမေးခွန်း။
မဟာဇနကမင်းသားကို ဗုဒ္ဓဘာသာဝင်တွေသိကြမှာပါ။ ဘုရားလောင်းပေါ့။ မိထ္ထီလာတိုင်းကို ကုန်ကူးသွားတော့ မဟာသမုဒ္ဒရာကြီးကို ဖြတ် သန်းရပါတယ်။ ဒီအချိန်မှာ မုန်တိုင်းကျတော့ သဘောင်္ပျက်တယ်။ နောက်ဆုံးတော့ သဘောင်္ပေါ်က ခုန်ချဖို့ဖြစ်လာတယ်။ ဒီလိုနဲ့ သဘောင်္ ရွှက်တိုင်ထိပ်တက် ခုန်ချဖို့ အားပြင်ပြီး စကားကြီး ၃ ခွန်းကို ပြောပါတယ်။ ဒီစကားကြီး ၃ ခွန်းက ဘာပါလဲ ?

ဒုတိယမေးခွန်း။
သီပေါမင်းကြီး ပါတော်မူတော့ တိုင်းတစ်ပါးကို ပို့ဆောင်ခြင်းခံရပါတယ်။ ဂေါဝန်ဆိပ်ကို ပို့ဖို့ လှည်းယဉ်ပေါ်မှာလိုက်ပါပြီး သူကိုးကွယ် တဲ့ဆရာတော်ဘုရားရဲ့ ကျောင်းရှေ့က ဖြတ်သွားရတယ်။ ဒီအခါမှာ မင်းသီပေါက ဆရာတော်ဘုရား တပည့်တော်တို့ သွားရပါတော့ မယ်ဘုရား.. ဆိုပြီး ငိုယိုပြီး အော်ပြောပါတယ်။ ဒီအချိန်မှာ ဆရာတော်ဘုရားကြီးက ပြန်မိန့်ပါတယ်။ ဒီမိန့်တော်မူတဲ့ စကားက ဘာပါလဲ?

တတိယမေးခွန်း။
ဒုတိယမေးခွန်းထဲကလိုပဲ သီပေါမင်းဟာ ဂေါဝန်ဆိပ်ကိုအသွား လှည်းယဉ်လေးပေါ်မှာ မိဖုရား စုဖုရားလတ်ရဲ့ နား အနားကိုကပ်ပြီး တိုးတိုးလေးပြောတယ်။ အဲဒီလိုပြောလိုက်တဲ့ စကားဟာ ဘာပါလဲ ?

ကဲ မေးခွန်းလေးသုံးခုကတော့ ဒါပါပဲ ။ စာဖတ်သူတို့ အားလုံးစိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။ ကြိုးစားပြီး ဖြေကြည့်ပါ။ အဖြေလေး တွေကို မျှော်လင့်နေပါတယ်။ တစ်ခုပြောချင်တာက မေးခွန်းကို သိပ်အလေးအနက်ကြီး မစဉ်းစားဖို့ပါပဲ။ သေချာလုံးစေ့ပတ်စေ့ ဖတ်သူဆိုရင် အဖြေဟာ ဘယ်လိုမျိုးထွက်နိုင်မယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။


စာဖတ်သူတို့ကို အစဉ်လေးစားလျှက်...
မျှော်လင့်သူ

Sunday, June 6, 2010

နောင်လာမယ့် နှစ်ပေါင်းနှစ်ဆယ်ကို ကြိုကြည့်ချင်ရင်


ပုံကိုလဲကြည့်ပါဦးဗျာ ဒီလောက်ချောမောတဲ့ ကျွန်တော်နောင်နှစ် 20 ကြာရင်ဒီလိုဖြစ်မယ်တဲ့။
အနာဂတ်ကို မျှော်ကြည့်လိုသူတွေအတွက် အသုံးတည့်မယ့် Website ပါ။ www.in20years.com ပါ။ အဲဒီ့မှာ ကိုယ့်ရဲ့ ဓာတ်ပုံပဲဖြစ်ဖြစ်၊ ကိုယ်သိချင်တဲ့သူရဲ့ ဓာတ်ပုံပဲဖြစ်ဖြစ် Upload လုပ်ပြီးတင်ပေးလိုက်ရင် နောက်နှစ်တွေ မှာဖြစ်မယ့် ရုပ်ပုံလွှာကို မြင်ကြရမှာပါ။ နောင်နှစ် 20 မှာ ဖြစ်လာမယ့် ပုံကိုကြည့်မလား၊ နောင်နှစ် 30 မှာဖြစ်လာ မယ့်ပုံကို ကြည့်ချင်သလား ဆိုတာကိုတော့ ကိုယ်တိုင်ရွေးရမှာပါ။ ဓာတ်ပုံတင်တဲ့အခါ မျက်နှာကွက်ကွက်လေး ကို တင်ရင်ပြောင်းလဲလာတာကို ပိုမြင်နိုင်မှာပါ။ ဒါဆိုရင် လာမည့်နှစ်တွေမှာ ဘယ်လိုပုံတွေတွေ့ရမလဲဆိုတာ ကြိုကြည့်နိုင်ပါပြီ။ ခပ်နောက်နောက်သမားတွေကတော့ Drug Addict ဖြစ်နေတဲ့ပုံလုပ်ကြည့်ချင်ရင်လဲ ရပါ တယ်။ ပြီးရင် Facebook သမားတွေကတော့ အချင်းချင်း ပြန် Share လုပ်နိုင်ကြဦးမှာပါ။

ကဲ တစ်ဆက်ထဲမှာပဲ စာဖတ်သူတို့အတွက် Joke Of The Week ခေါင်းစဉ်နှင့် ဟာသအနည်းငယ်ကိုဖော်ပြပေးသွားမှာပါ။

သမီး။ ။ မာမီ သမီးလေ ယောကျာင်္းတွေအပေါ် စာအုပ်တစ်အုပ်လို ဖတ်နိုင်သွားပြီ။ သိလား။
မာမီ။ ။ ဖတ်ပါကွယ်။ ဒါပေမယ့် ကိုယ်ပိုင်စာကြည့်တိုက်တော့ မထောင်နဲ့နော်။

သား။ ။ ဒက်ဒီ။ ကျွန်တော်ရည်းစားရနေပြီသိလား။ ဟိုတစ်နေ့က ကောင်မလေးကို Kiss ပေးလိုက်တယ်။
ဖခင်။ ။ ဘာပြန်ပြောလဲ သား။
သား။ ။ ဒါပဲလားတဲ့။


"ရွေးချယ်မှု"
အိမ်နီးချင်း မိတ်ဆွေနှစ်ဦးဖြစ်သော ဂျိုး နှင့် လူးဝစ်တို့ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဂျိုး။ ။ လူးဝစ် ခင်ဗျားက ရီပတ်ဘလီကန်ပါတီကိုပဲ မဲပေးမယ်၊ ရီပတ်ဘလီကန် သမ္မတလောင်းကိုပဲ ထောက်ခံမယ်လို့ ပြောနေ တာ ဘာဖြစ်လို့လဲ။ အကြောင်းပြချက် ခိုင်လုံဖို့လိုမယ်ထင်တယ်။

လူးဝစ်။ ။ကျုပ်အဖေက ရီပတ်ဘလီကန်ပဲ။ ကျုပ်အဖိုးကလည်း ရီပတ်ဘလစ်ကန်မှ ရီပတ်ဘလစ်ကန်ပဲ။ ကျုပ်ရဲ့အဘေးဆိုရင် ရီပတ်ဘလစ်ကန် စစ်စစ်ဆိုတော့ကာ ကျုပ်က မိသားစုအစဉ်အလာကို လိုက်နာရတာပေါ့။ ဒါပါပဲ။

ဂျိုး။ ။ ကဲဗျာ။ တကယ်လို့များ သူတို့သာ မြင်းသူခိုးတွေဖြစ်ခဲ့တယ်ဆိုရင်ရော။

လူးဝစ်။ ။သူုတို့သာ မြင်သူခိုးတေါဖြစ်ခဲ့တယ်ဆိုရင် သူတို့ဟာ ဘ၀တူဒီမိုကရက်တွေနဲ့ ပူးပေါင်းမှာပဲ။ ခင်ဗျားပြောသလိုတကယ် ဖြစ်ခဲ့ရင် ကျုပ်အစဉ်အလာကို ဖျက်မယ်။ ခင်ဗျားတို့ ဒီမိုကရက်တေါကို ထောက်ခံမယ်။

နောင်နှစ်မိနစ်အကြာတွင် ဂျိုးနှင့် လူးဝစ်တို့၏ နပန်းပွဲကို အိမ်နီးချင်းများ ရှုစားကြရ၏။


Headlines
- ပြဿနာတစ်ခုခုကြုံ၍ အိနိယ လေယာဉ်ပျက်ကျခြင်းဟု ကျွမ်းကျင်သူများပြောကြား။
- ကလေးများ မုန့်ကြိုက်၍ မုန့်မျိုးစုံ အရောင်းသွက်။
- သတ္တုမိုင်းပြိုကျ၍ သေဆုံးသွားသည့်လုပ်သားများကို ရာထူးမှထုတ်ပယ်။
- ငြိမ်းချမ်းရေးကို မျှော်လင့်၍ ဆိုမာလီယာတွင် စစ်ပွဲများဆင်နွဲ။
- ဇနီးမောင်နှံ နှစ်ဦးမြစ်ထဲသို့ ပြိုင်တူခုန်ချ၊ သေကြောင်းကြံမှုဟု ရဲတပ်ဖွဲမှတ်တမ်းတင်။
- ဆရာဝန်တစ်ဦး ဆေးကုသစရိတ်မရှိ၍ ကျန်းမာရေးချို့ယွင်း။
- စီးပွားရေးပညာရှင်များ ကိုယ်ပိုင်စီးပွားရေးမဖွဲ့ဖြိုး၍ စိတ်ဓာတ်ကျ။
- လျှပ်စစ်မီးရရှိရေးအတွက် မီးစက်ဝယ်နိုင်လျှင် အဆင်ပြေမည်ဟုဆို။
- ဥပဒေအကျိုးဆောင်ခ အရနည်း၍ တရားလိုများကို ရှေ့နေများတရားစွဲ။
- ၀င်ငွေနည်းပါသူများ ဆင်ရဲနွမ်းပါးမှု ကြုံတွေ့နိုင်ဟု ကျွမ်းကျင်သူများ မှတ်ချက်ပြု။
- တံတားတည်ဆောက်ရခြင်းမှာ ကူသန်းသွားလာရေး လွယ်ကူစေရန်ဟုဆို။
- လာမည့်နှစ်များတွင် ငလျင်လှုပ်မှု၊ မုန်တိုင်းကျမှု၊ ရေကြီးမှုများဖြစ်ဦးမည်ဟု တက္ကစီသမားပြောကြား။
- နားလေးသွား၍ အကြားအာရုံမကောင်းတော့ဟု အဘိုးအိုတစ်ဦးဖွင့်ဟ။

Sunday, May 30, 2010

ကျွန်တော်နှင့် ဖန်ခါးမြေ ( ၂ )



အထက်က ဖော်ပြထားတဲ့ပုံကတော့ ကျွန်တော်ရဲ့ Site ကို စတင်ဝင်ရောက်တဲ့ နေရာလေးဖြစ်ပါတယ်။ နောက်ခံ Background ကတော့ ရှုပ်ရှုပ်လေးဆိုပေမယ့် ကြည့်သူရဲ့ အမြင်ကိုညှို့ယူနိုင်စွမ်းရှိတယ်လို့ ယူဆတဲ့အတွက် တင်ထားဖြစ်ခဲ့တာပါ။


ဒါကတော့ ဖန်ခါးမြေရဲ့ Home Page လေးဖြစ်ပါတယ်။ ဒီအပိုင်းလေးမှာ Admin ရဲ့ စကားအချို့ကို ဖော်ပြပေးထားပါတယ်။ ဘယ်ဘက်မှာ လူတိုင်းအတွက်တန်ဖိုးရှိလှတဲ့ အချိန်အတွက်လဲ နာရီလှလှလေးတစ်လုံး( အနက်ရောင်နောက်ခံလေးထဲမှာမီးပွင့်
လေးများဖြင့် ပုံဖော်ထားသော) ကိုတင်ထားပေးပါတယ်။ ညာဘက်မှာတော့ ကျွန်တော်စာဝင်စာထွက်စစ်တဲ့နေရာလေးရယ်၊နောက် ပြီး Member တွေတင်တဲ့ Post တွေ၊ Photo တွေ၊ Videos တွေကို Approval လုပ်တဲ့နေရာလေးပါရှိပါတယ်။ အဲဒီ့ နောက်မှာတော့ About of Admin ကဏ္ဍလေးပါရှိပါတယ်။


ဒီအပိုင်းလေးမှာတော့ ငှက်ကလေးတွေပြန်နေတာကို နောက်ခံထားတဲ့ Calender လေးပါရှိပါတယ်။ သူရဲ့အောက်မှာတော့ အဖွဲ့ ၀င်တွေအားလုံး ရင်းနှီးစွာပြောဆိုနိုင်ဖို့ Chat Box လေးထားရှိပါတယ်။ အလယ်မှာတော့ ကောင် လေးနဲ့ ကောင်မလေး ဆိုတဲ့ Post လေးကို Scroll box လေးနဲ့ဖော်ပြပေးထားပါတယ်။ သူရဲ့အထက်မှာတော့ ကျွန်တော်အရမ်းနှစ်သက်တဲ့ Hero Game ကို Link လေးညွှန်းပေးထားပါတယ်။ ညာဘက်ဆုံးမှာတော့ ဒီဆိုဒ်ကလေးကိုလာ လည်တဲ့ ဘော်ဒါတို့ ဘယ်ကလာတယ်၊ ဘယ်နှစ်ယောက်လာတယ်ဆိုတာကို တွက်ချက်ပေးတဲ့ Flag Counter လေးပါရှိပါ တယ်။ သူ့ရဲ့အောက်မှာတော့ Member တွေရဲ့ ကျရောက်လာတော့ Birthday ရှင်တွေကိုဖော်ပြပေးပါတယ်။ ဆက်လက်ပြီး Admin ရဲ့ Note သဘောမျိုးအနေဖြင့် ဒီ Site ကလေးစတင်တည်ထောင်ဖြစ်တာလေးကို ရေးသားဖော်ပြပေးထားပါတယ်။


ဖန်ခါးမြေရဲ့ Members တွေအားလုံးကို Photo လေးတွေနဲ့ဖော်ပြပေးထားတယ်။ သူ့ရဲ့အောက်မှာတော့ Member တွေရဲ့ Last Activity ကိုဖော်ပြပေးထားပါတယ်။ အလယ်မှာတော့ Puzzel World နှင့် Game World ကိုဖော်ပြပေးထားပါ တယ်။ Puzzel World မှာဆိုရင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး နဲ့ပတ်သတ်တဲ့ ဥာဏ်စမ်းမေးခွန်းတွေကို ဖော်ပြပေးထား ပါတယ်။ Game World မှာတော့ Member တွေအပန်းဖြေကစားနိုင်ရန် အပေါ့စား Game လေးတွေကို တင်ထားပါတယ်။ ညာ ဘက်မှာတော့ IT ချစ်သူများအတွက်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အင်တာနက်ဂျာနယ်ရဲ့ သတင်းကဏ္ဍလေးတွေကိုဖော်ပြပေးထားပါ တယ်။


ဆက်လက်ပြီးတော့ ဖော်ပြပေးထားတဲ့ ကဏ္ဍလေးကတော့ Music အပိုင်း၊ Videos အပိုင်းတို့ကိုဖော်ပြပေးထားပါတယ်။ ဒီအ ပိုင်းမှာ Admin တစ်ဦးထဲမဟုတ်ပဲ Member တွေအားလုံး Upload လုပ်နိုင်အောင်ပြုလုပ်ပေးထားပါတယ်။ အလယ်မှာတော့ Photo ကဏ္ဍလေးကိုဖော်ပြပေးထားပါတယ်။ အဲဒီ့အောက်မှာတော့ Member တွေရဲ့ အရေးသားလှလှလေးတွေပါဝင်တဲ့ Blog Post ကဏ္ဍကိုတွေ့မြင်ဖတ်ရှုရမှာပါ။


ဒီအပိုင်းလေးကတော့ Forum ကဏ္ဍလေးဖြစ်ပါတယ်။ အသင်းသားတွေအားလုံး အသိပညာ၊ အတက်ပညာများကိုအချင်းချင်း မျှဝေနိုင်ဖို့အတွက်ထားရှိပေးထားတာဖြစ်ပါတယ်။


ဒီအပိုင်းလေးကတော့ International News တွေကို စုံစုံလင်လင်ဖော်ပြပေးထားပါတယ်။


ဒီ Chatting ကဏ္ဍလေးကတော့ Site ကိုခဏအလည်လာရောက်တဲ့သူတွေအသုံးပြုလို့မရပါဘူး။ အမြဲတမ်းအဖွဲ့ဝင်များသာ Chatting ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


အခုဖော်ပြထားတဲ့ ကဏ္ဍလေးကတော့ ဖန်ခါးမြေရဲ့ Member ၀င်တွေဖြစ်ပါတယ်။ အခုလို ဖန်ခါးမြေလေးမှာ Member ၀င်ပေး တဲ့အတွက် သူငယ်ချင်းတွေအားလုံးကို ဒီနေရာလေးကနေ ကျေးဇူးတင်စကားပြောချင်ပါတယ်။ ကျွန်တော်ရူးသွပ်ခဲ့တဲ့ အချိန်လေး မှာ အပျော်လေးတွေဖန်တီးပြီး သူတို့နဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တာပါ။ နောက်ပိုင်းမှာ ပျက်ကွက်ခဲ့တဲ့ ကျွန်တော့်ကို ခွင့်လွှတ် ပေးဖို့လဲ ပြောကြားချင်ပါတယ်။


ဒီနေရာလေးကတော့ ဖန်ခါးမြေ Site ကလေးပုံမှန်လည်ပတ်နိုင်ဖို့အတွက် ကောင်းကောင်း Manage မလုပ်နိုင်ခဲ့တဲ့ ကိုယ့်ပိုင် အခန်းလေးဖြစ်ပါတယ်။ အစပိုင်းက စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လုပ်ဖို့ကြံရွယ်ခဲ့သော်လည်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကောင်းစွာ မခွဲခြားတက်သေးတဲ့ ကျွန်တော် နောက်ပိုင်းမှာ ပြစ်ထားခဲ့မိပါတယ်။ သို့သော်လည်း လုံးဝအလုပ်တွေရပ်ဆိုင်းမသွား အောင် Sub-Admin များဖြစ်ကြတဲ့ ကိုပိုး နဲ့ ညီမလေးယု တို့က သူတို့တက်နိုင်သ လောက်လေး လုပ်ပေးသွားပါတယ်။ အရမ်းပဲကျေးဇူးတင်မိပါတယ်။ နောက်ပိုင်းမှာ Blog post လေးတွေပုံမှန်တင်ပေးဖို့ ညီမ လေးယုက တောင်းဆိုပေမယ့် အလုပ်ကတဖက်၊ Blogspot ကိုပြင်နေတာက တစ်ဖက်၊ စတာတွေကြောင့် ဖန်ခါးမြေလေးကို တစ်လတစ်ခေါက် ပုံမှန်မရောက်ဖြစ်တော့ပါဘူး။ သို့သော်လည်း အခုလို Ning Network တွေကို အပြီးပိုင်ပိတ်တော့မည်ဆို တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီအကြောင်းတွေကို ကိုပိုးနဲ့ ညီမလေးယု သိလဲ စိတ်မကောင်းဖြစ်ကြမှာပါ။ ဒီအကြောင်းတွေ ကိုလည်း သူတို့ဆီ Email ပို့ဖို့ စဉ်းစားထားပါတယ်။

အခုလို ဒီ Post လေးကို တင်ရတဲ့ ရည်ရွယ်ချက်လေးကတော့ နောင်တစ်ချိန်မှာ ပြန်လည်ဖတ်ရှုမိပြီး ဖန်ခါးမြေ Site က လေးကို ပြန်လည် အလွမ်းသယ်နိုင်အောင်ဖြစ်ပါတယ်။ အခုလို ဖတ်ရှုပေးတဲ့ စာဖတ်သူတို့ကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ

Sunday, May 23, 2010

ကျွန်တော်နှင့် ဖန်ခါးမြေ ( ၁ )


ကိုသက်တန့်ရဲ့ Blog မှာ ဖတ်လိုက်ရတယ်။ Ning Network တွေကို July လမှာရပ်ဆိုင်းပစ်မယ်ဆိုတော့ ရင်ထဲမှာတစ်မျိုးကြီး ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ 1 နှစ်ပတ်ဝန်းကျင်လောက်က ကျွန်တော် Site တစ်ခုမှာ အရူးအမူးဖြစ်ခဲ့ဖူးပါတယ်။ မနက်မိုးလင်း အိပ် ရာကထတာနဲ့ ဆိုင်ကိုပြေးတယ်။ Computer ရှေ့ထိုင်ပြီး အဲဒီ့ Site ထဲဝင်တယ်။ စာတွေဖတ်တယ်၊ ပြန်စာတွေရေးတယ်၊ အ သစ်ဝင်လာတဲ့ လူတွေကို မိတ်ဆက်စာပို့ပေးတယ်။ ဒီလိုနဲ့နေ့စဉ်ရက်ဆက်ပေါ့။

အဲဒီ့ Site မှာက အဆင့်ကန့်သတ်ချက်လေးတွေရှိတယ်။ Admin က သူတို့မိသားစုကလွဲပြီး ကျန်တဲ့ Members တွေကို တင်တဲ့ Post အနည်းများပေါ်မူတည်ပြီး လူတွေစိတ်ဝင်စားမဲ့ အဆင့်လေးတွေပေးသွားတယ်။ ကျွန်တော်အရင်က Social Network နဲ့ ပတ်သတ်လို့ Tagged နဲ့ Facebook ပဲအသုံးပြုခဲ့တယ်။ သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးမူကြောင့် ကျွန်တော်ရောက်သွားခဲ့ တယ်။ ၀င်ခါစဆိုတော့ သိပ်လဲစာမရေးဖြစ်သေးဘူး၊ ကိုယ်ပိုင်စာမျက်နှာလေးပေးထားတော့ ပြုပြင်လို့ရတယ်။ အလှဆင်လို့ရတယ်။ နဂိုကတည်းက စူးစမ်းစိတ်ရှိတော့ အရမ်းကိုပျော်သွားခဲ့တယ်။ ဘယ်လိုပြင်မလဲဆိုတာ စာတွေလိုက်ရှာဖတ်တယ်။ ပြင်ကြည့်တယ်၊ မရရင် Site ထဲကိုယ့်ထက်အရင်ရောက်နေတဲ့သူတွေကို အကူညီတောင်းတယ်။

နောက်ပိုင်းမှာ စာရေးတဲ့ဘက်ကို ရောက်လာတယ်။ စာအုပ်တွေအသဲမဲဖတ်တယ်။ အဲဒီ့စာအုပ်တွေထဲက ကောင်းနိုးကောင်းရာလေး တွေကို မှီငြမ်းပြီး ကိုယ်ပိုင်ဟန်လေးနဲ့ စာရေးခဲ့တယ်။ Post လေးဘယ်နှစ်ခုရရင် ဘယ်အဆင့်လေးရောက်လိုက် ပျော်လို့ပေါ့။ အသစ်တွေရောက်လာရင်လဲ မိတ်ဆက်စာလေးတွေပို့ပေးတယ်။ စာရေးစာဖတ်အပြင် HTML တို့ BBcode နောက်ပြီး CSS တို့ နည်းနည်းသိလာခဲ့တယ်။ ရာထူးလေးလဲ အသင့်တင့်ရောက်လာခဲ့တဲ့တစ်နေ့ Admin ဆီက စာတစ်စောင်ရောက်လာခဲ့တယ်။ သတိပေးစာထက် ချိန်းခြောက်စာဆိုပိုမှန်တယ်။ ကျွန်တော်ဆိုရင် သူ့ရဲ့ Site ကိုတစ်နေ့ 10Hours ပတ်ဝန်းကျင်လောက်သုံး နေခဲ့တာ ၊ ဒါပေမယ့် သူကျွန်တော့်အပေါ် respect မရှိခဲ့ဘူး။ ရောက်လာတဲ့စာမှာ ရေးထားတာက ကျွန်တော်က ကလုံးပို့စ် တင်နေတယ်။ ဒါရပ်တန်းက ရပ်ပါ။ မဟုတ်ရင် Member အဖြစ်ကနေထုတ်ပယ်မယ်တဲ့။

ကျွန်တော်တော်တော်လေး ဒေါကန်သွားတယ်။ ဒါနဲ့ ကျွန်တော် Admin ကိုပြန်ပြောတယ်။ ကျွန်တော်ကူးချတဲ့ဆိုတဲ့ Post ကို ပြပါ။ ကျွန်တော်မှားနေရင် ထွက်သွားတယ်ဆိုတော့ ။ နောက်ဆုံးမှာ အသစ်ဝင်လာတဲ့ Member တွေကို ပို့ပေးတဲ့နှုတ်ဆက်စာ တွေတဲ့။ တော်တော်ပေါက်ကွဲသွားတယ်။ အလုပ်မရှိအလုပ်ရှာပြီး လာပြောနေတယ်။ ဒါနဲ့နောက်ပိုင်းမ၀င်တော့ဘူး။ Sub-Admin တစ်ချို့က ပြန်လာဖို့အကြိမ်ကြိမ်ခေါ်ပါတယ်။ တော်တော်လေးစိတ်နာသွားတယ်။ ဆက်တိုက်သုံးနေတော့ မ၀င်ဖြစ်တော့ ယောင် ပေပေလေးဖြစ်နေတယ်။ ဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ Ning Site မှာဝင်ကြည့်ဖြစ်တယ်။ ဒီစာတန်းလေးကိုတွေ့တယ် Create a Ning Network ။ ဒါနဲ့စူးစမ်းချင်တာကတစ်ကြောင်း အစ်ကိုတို့က မင်း စာရေးဝါသနာပါတာပဲ လုပ်ပေါ့ဆိုတာနဲ့ စတင်ပြီးလုပ်ဖြစ်သွားခဲ့တယ်။ နာမည်လေးစဉ်းစားတော့ ဖန်ခါးမြေ ဆိုတဲ့နာမည်လေး သဘောကြသွားတယ်။



အပေါ်ကLinkလေးကတော့ ကျွန်တော့်ရဲ့ Ning Site ကလေးကိုဝင်တဲ့လင့်ခ်လေးပါ။ www.phankharmyay.ning.com ပါ။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ပထမဆုံးကိုယ်ပိုင် Site လေးဖြစ်လာတယ်။


ဆက်လက်ဖော်ပြပါဦးမည်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Wednesday, May 19, 2010

သတိတစ်ချက်ကြောင့် သင့်အသက်မဆုံးရှုံးပါစေနှင့်


စာဖတ်သူ ပရိတ်သတ်တို့ခင်ဗျား .. ဒီရက်ပိုင်းမှာ အလုပ်တအားရှုပ်တာရယ်၊ နေ့အရမ်းပူလို့ လူနုံးပြီးမလှုပ်ချင်တာရယ်ကြောင့် Blog ကို ပြစ်ကိုထားရတော့တယ်။ မတက်နိုင်တော့ဘူးဖြစ်သွားတယ်။ အပတ်စဉ်တက်နေကြ ဘုရားကြီးသန့်ရှင်းရေးတောင် ခရီးစဉ် တွေနဲ့ တိုက်နေတော့ မတက်ဖြစ်တာ သုံး၊လေးပတ်လောက်ရှိပြီ။ ဒီနေ့တော့ အပူလေးနည်းနည်းပေါ့တာရယ်၊ နောက်ပြီး စိတ်လေး နည်းနည်း fresh ဖြစ်နေတယ်ရယ်ကြောင့် ရေးဖြစ်သွားခဲ့တာပါ။

ဒီလပိုင်းအတွင်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးလိုမှာ အပူချိန်တွေအရမ်းမြင့်တက်လျှက် ရှိနေပါတယ်။ ဒီအထဲမှာမှ အညာပိုင်းဒေသက ပိုလို့ဆိုးနေခဲ့ပါတယ်။ 1970 ၀န်းကျင်က တင်ခဲ့တဲ့ အပူစံချိန်ကို အခုနှစ် မေလပိုင်းမှာ ဖြတ်ကျော်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒီစံချိန်ဟာ ဂုဏ်ယူစရာစံချိန်မဟုတ်ပဲ လူတွေရဲ့ အပူဒုက္ခတွေကို သယ်ဆောင်လာတဲ့ စံချိန်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ရွယ် စဉ်ကတည်းက အခုထိမကြုံဖူးသေးတဲ့ အပူချိန်မျိုးကို ခံစားခဲ့ရပါတယ်။ မကွေးမြို့ရဲ့ အပူချိန်ဟာ 43'C နှင့် 47'C အကြားကနေ မဆင်းခဲ့ပါဘူး။ နေ့လည်ခင်း အပြင်ထွက်တဲ့အခါမှာ မြင်တွေ့ရသမျှ ပတ်ဝန်းကျင်ရှိ အရာဝတ္တုမှန်သမျှဟာ နေအပူချိန်နှင့်အရောင်တွေ ဟှပ်နေပြီး မျက်လုံးများတောင် အရည်ယိုကျလာပါတယ်။

ငယ်ငယ်က လူကြီးသူမတွေပြောတာကြားဖူးပါတယ်။ သောကြာကြယ်ကြီးလနဲ့နီး ကမ္ဘာကြီးပျက်လတ္တံတဲ့။ အရင်ရက်ပိုင်းလောက် သောကြာကြယ်နဲ့ လနဲ့ ထပ်တူကြတဲ့အပြင် လရဲ့ တစ်ဖက်ကိုပါရောက်ရှိသွားခဲ့ပါတယ်။ မေမေတို့ လူကြီးတွေကတော့ ဒါမ ကောင်းတဲ့နိမိတ်ပဲဟု ယူဆပြီး စိတ်ပူနေခဲ့ကြပါတယ်။ အခုဖြစ်ပျက်နေတဲ့ အပူချိန်ဟာ ကပ်ကြီးသုံးပါးထဲက ရာသီဥတုဖောက်လွဲ ဖောက်ပြန်ကြောင့် ဖြစ်ရတဲ့ ကပ်ဆိုက်နေတာနှင့် အလားသဏ္ဍာန်တူလှပါတယ်။

နေကြီးအရမ်းပူပြင်းလာတာနှင့်အမျှ ဘယ်လိုမှ အတိမ်းစောင်းမခံတော့ပါဘူး။ မဆင်မခြင်တဲ့ အပြုအမူတစ်ကြောင့်နှင့်လဲ အသက် အန္တရာယ်ဖြစ်သည်အထိ ဒုက္ခပေးလာခဲ့ပါတယ်။ အခုမေလမှာ ဖြစ်ခဲ့တဲ့ စံချိန်တင်အပူချိန်က လူတော်တော်များများရဲ့ အသက်ကို နုတ်ယူလို့သွားခဲ့ပါတယ်။ အများစုမှာ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့ အလုပ်ကြမ်းသမားများနဲ့ အဘိုးအဘွားများဖြစ် ကြပါတယ်။ နေ့ပူကြီးထဲမှာ အလုပ်ကြမ်းလုပ်ရပြီး ရေခဲရေ သောက်မိတာမျိုး ၊ ရေစိုအ၀တ်နှင့် မျက်နှာ ဂုတ်ပိုးတို့ သုတ်မိတာမျိုး စသည်မျိုးတို့နှင့်ပင် သေကြေပျက်စီးနေကြသည်။ အဘိုးအဘွားများမှာလဲ နေအရမ်းပျင်းတဲ့အတွက်ကြောင့် အစားစားသုံးချင်စိတ် မရှိကြတော့ ။ အာဟာရနည်းလာတဲ့နဲ့အမျှ ရာသီဥတုဒဏ်ကိုမခံနိုင်ပဲ အနိစ္စရောက်ကုန်ကြပါတယ်။

နွေရာသီမှာ အပန်းဖြေစံအိမ်မြို့လေးအဖြစ် တည်ရှိနေခဲ့တဲ့ ပြင်ဦးလွင်မြို့မှာတောင် အပူချိန်ဟာ 36'C ရှိနေခဲ့ပါတယ်။ နောက်ပြီး အင်းလေးကန်ကြီးအတွင်းရှိ ဖောင်တော်ဦးဘုရားပတ်လည်မှာလဲ ရေများစံချိန်တင်ခြောက်ခန်းခဲ့ပါတယ်။ မြို့တိုင်းနီးပါးရှိ ချောင်း၊ မြောင်း၊ အင်းအိုင်တို့ ခန်းခြောက်ကုန်ပါတယ်။ နေရာတော်တော်များများမှာ ရေအခက်ခဲပြဿနာကြီးထွားလို့လာခဲ့ပါတယ်။ ရေအ ခက်ခဲ ရှိလာတဲ့အတွက်ကြောင့် လူတွေဟာ တွေ့ရာရေကို သောက်လာတယ်၊ သုံးလာကြပါတယ်။ ဒီအခါမှာ ရေနဲ့ပတ်သတ်တဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်လာကြပါတယ်။ အရင်ရက်ပိုင်းတွေမှာ မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ မီးမရတဲ့အတွက် ရေအခက်ခဲတွေဖြစ်လာပါတယ်။ အမှန်တကယ် ဒုက္ခရောက်လာခဲ့တဲ့အတွက် EPC အနေနဲ့ ကိုယ်ပိုင်မီးစက်ဖြင့် မောင်းနှင်နိုင်စွမ်းရှိတဲ့ အစိုးရမဟုတ်တဲ့ဆေးရုံတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဈေးတွေ supermarket တွေကို မီး 24 hours ဖြတ်တောက်ပြီး ရပ်ကွက်တွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြုးပေးပြီး လူတွေဒုက္ခမများအောင် ကြိုးပမ်းနေတာကို တွေ့ရှိရပါတယ်။

17 ရက်နေ့ (တနလာင်္နေ့)က ကျွန်တော် မင်းလှမြို့သို့ အလုပ်ကိစ္စနဲ့ရောက်ရှိသွားခဲ့ပါတယ်။ ရောက်ရှိချိန်ဟာ မနက် 8 နာရီ ပတ်ဝန်းကျင်သာရှိသေးသော်လဲ နာရေးနှင့်ကြုံတွေ့ခဲ့ရပါတယ်။ နောက်ပြီး မြို့ထဲမှာပတ်တဲ့အခါမှာလဲ နာရေးအများအပြားနှင့်တိုးခဲ့ သည်။ 10 ယောက်မှာ 9 ယောက်ဟာ အပူကြောင့်သေဆုံးရတာဖြစ်နေပါတယ်။ မီဒီယာများကနေ အပူဒဏ်ကာကွယ်ရေးနိုးဆော် ချက်တွေ၊ ဆောင်ရန်တွေ၊ ရှောင်ရန်တွေကို နိုးဆော်ကြော်ငြာနေပေမယ့်လဲ လျှပ်စစ်မီးမရရှိခဲ့တဲ့အတွက် အချင်းနှီးသာဖြစ်နေခဲ့ရ ပါတယ်။ ဘာမှမဖြစ်ပါဘူး နေချင်သလိုနေလို့ရပါတယ်ဆိုတဲ့လူတွေအတွက်လဲ ရင်လေးမိပါတယ်။

ဒီရက်ပိုင်းတွေမှာ မကွေးမြို့ ကမ်းနားလမ်းတစ်လျှောက်မှာ အပူချိန်ကြောင့် မဖြစ်သင့်တာတွေမဖြစ်ရအောင် ကြေငြာချက်ထူးထူး ခြားခြားတွေ ထုတ်ပြန်ကြေငြာခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ကြေငြာချက်မှာ နံနက် 10 နာရီမှ ညနေ 5 နာရီအထိ ကမ်းနားတစ် လျှောက် ရေမချိုးရ။ မလိုက်နာပါက ဒဏ်ငွေ 5000/- ဟု ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုလုပ်တာဟာလဲ ကြိုတင်ကာကွယ်ရာရောက် ပါတယ်။ အခုဖြစ်ပျက်နေပုံမှာ နေပူထဲမှပြန်လာပြီး ချွေးပြန်နေလို့ လန်းသွားအောင် စနိုးတာဝါလေးနဲ့ ဇက်ကြောလေး ပွတ်လိုက်ပါ ဦးမယ်ဆိုပြီး ပွတ်လိုက်လျှင်ပင် အပူအအေးမမျှပြီး နေရာမှာပင် ဦးနှောက်သွေးကြောပြတ်၍ သေဆုံးကြရသည်။ မိုးလေ၀သခန့် မှန်းချက်များအရ သြဂုတ်လထိ အပူရှိနေမည်ဟု သိရှိရပါတယ်။

ဒါကြောင့် စာဖတ်သူတို့အနေနှင့် အထူးသတိပြုစေချင်သည်က နေအိမ်တွင်နေစဉ် ပူပြင်း၍ ချွေးထွက်နေပါက ပါးလွှာသော အ ၀တ်စားများ ၀တ်ဆင်ကာ လေ၀င်လေထွက်ကောင်းသော နေရာတွင်နေထိုင်ပါ။ ပုဆိုးရေဆွတ်၍ ခြုံပြီးနေခြင်း၊ အနားယူအိပ်စက် မည့် ကုတင်၊ကုလားထိုင်တို့ပေါ်တွင် ရေဖြန်းပြီးအိပ်ခြင်း၊ ရေစိုအ၀တ်တင်အိပ်ခြင်း လုံးဝလုံးဝမပြုလုပ်ကြပါနှင့်။ သဘာအတိုင်း ချွေးကိုထွက်စေပြီး ကုန်ခန်းသောသွား ရေဓာတ် ဆားဓာတ်တို့ကို ဓာတ်ဆားရေသောက်သုံးခြင်းဖြင့် ပြန်လည်ဖြည့်တင်းပါ။ အပြင် မှ ပြန်လည်ရောက်ရောက်ခြင်း ရေခဲရေ၊ ရေအေးအေးတို့ကို တန်း၍ မသောက်သုံးပါနှင့်။ မျက်နှာသစ်ခြင်း၊ ရေစိုအ၀တ်နှင့်ပွတ် ခြင်း၊ ခြေထောက်လက်ထောက်ဆေးခြင်းတို့ကို ရှောင်ကျဉ်ပါ။ ရေမိုးချိုးခြင်းကိုလဲ နံနက်ပိုင်းများတွင်သာ ပြုလုပ်ပြီး ညနေများတွင် ရှောင်ကြဉ်ပါ။

ဤအချက်အလက်များအပြင် မီဒီယာများမှ ထုတ်ပြန်ထားသော အချက်လက်များကို အတိကျလိုက်နာပြီး ဆင်ခြင်ကြဖို့လိုအပ်ပါ တယ်။ ဥစ္စာကို ကံစောင့်တယ်၊ အသက်ကို ဥာဏ်စောင့်တယ် ဆိုတဲ့ စကားပုံအတိုင်း စာဖတ်သူတို့အနေဖြင့် မိမိအသက်ကို ဥာဏ်ကလေးဖြင့် စဉ်းစားချင့်ချိန်ပြီး အပူဒဏ်ကို အံတုနိုင်ကြပါစေခင်ဗျာ။...
( သင့်ရဲ့ သတိတစ်ချက် အပြုအမူလေးတစ်ချက်ကြောင့် သင့်အသက်မဆုံးရှုံးပါစေနှင့်။ သတိနှင့်ယှဉ်ကာ အပူဒဏ်ကို အံတုနိုင်ပါစေ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...

မျှော်လင့်သူ

Sunday, April 11, 2010

I'm so tired !



မကြာခင် ရက်ပိုင်းအတွင်းမှာ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်အခါသမယကိုရောက်ရှိပါတော့မယ်။ လူတစ် ကိုယ်လုံးလဲ အရမ်းပင်ပန်းနွမ်းနယ်နေပြီ။ Company ကိစ္စတွေနေ့ နေ့ကော၊ ညပါ နှစ်ပါးသွားနေရတယ်။ မနက် အိပ်ရာက ကုန်းရုန်းထ ရေမိုးချိုးပြီး ရုံးတက်၊ ရုံးရောက်တော့ Way ထဲလိုက်ရ၊ ညနေစောင်းမှ ရုံးပြန်ရောက် ခဏ တစ်ဖြုတ်နား အိမ်ပြန် ။ အိမ်ပြန်ရောက်တော့ ရေမိုးချိုး ထမင်းလေးစားပြီး ည Over Time ပြန်ဆင်းရတယ်။

အလုပ်သိမ်းလို့ အိမ်ပြန်ရောက်ချိန်ဆို လူတစ်ကိုယ်လုံး မလှုပ်ချင်တော့ဘူး။ အရမ်းပင်ပန်းနေပြီ။ ကိုယ့်ရဲ့ Brand .. Market ထဲမှာ နေရာရဖို့ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းစောဖို့ Sale Rep: တွေအနေနဲ့ ဒီလို Run နေမှလဲ တန်ရာကျရုံပဲ။ မကွေးမြို့အပူချိန်ကလဲ အရမ်းကိုဆိုးရွားလွန်းလှပါတယ်။ 1971ခုနှစ်က တင်ခဲ့တဲ့ စံချိန်ကို အခုလ ဆန်းပိုင်းမှာ စံချိန်ချိုးသွားခဲ့တယ်။ အပူချိန်က 45 ဒီဂရီဖာရင်ဟိုက် ကို ပွိုင့်စွန်းသေးတယ်။ နေ့ဆိုရင် အရမ်းပူ လွန်းလို့ ဘယ်သူမှအပြင်သိပ်မထွက်နိုင်ကြဘူး။

လမ်းမကြီးတွေပေါ်မှာဆိုလဲ ကတ္တရာတွေတောင်ပျော်နေပြီ။ ကျွန်တော်တို့ ၀န်ထမ်းတစ်စုတော့ Downtown တင်မဟုတ်ဘူး နီးစပ်ရာ နယ်မြို့ကလေးတွေပါဆင်းနေကြတယ်။ ဆိုင်ကယ်စီးတော့ အရမ်းပူတဲ့လေတွေတိုက် တယ်။ အကျီင်္လက်ရှည်တွေဝတ်ပေမယ့်လဲ အပူကပေါက်တယ်။ ဦးထုပ်ကိုလဲ မှန်ကာတွေချပြီးစီးရတယ်။ Highway စီးလို့ဆိုင်ကယ်အင်ဂျင်အရမ်းပူလာရင် လမ်းဘေးအရိပ်အောက်မှာ ခဏရပ်နားတယ်။ အရိပ် အောက်ဆိုပေမယ့် ဘေးပတ်ချာလည်က တိုက်လာတဲ့လေတွေက အပူတွေဆိုတော့ မထူးဘူးဖြစ်နေတယ်။ ထည့်သွားတဲ့ ရေသန့်ဘူးကလဲ ပူချစ်နေပြီ။

ဒီလိုနေ့စဉ်ရက်ဆက်သွားနေတော့ အရမ်းနုံးနေပြီး ညဆိုဘယ်မှမထွက်ဖြစ်တော့ဘူး။ OT ကပြန်ရောက် ရေ ထပ်ချိုးပြီး အိပ်ရာဝင်တော့တာပဲ။ အင်တာနက်ဆို မသုံးတာကြာခဲ့ပြီ။ နောက်ပိုင်း အလုပ်ကသူ့အရှိန်လေးနဲ့ သူရသွားပြီဆိုမှ သေချာပြန်သုံးဖြစ်တော့မယ်ထင်တယ်။ တပတ်မှာတစ်ရက်ပိတ်တဲ့ ရုံးပိတ်ရက်ကလဲ လုပ်စရာ ဇယ်စက်နေတော့ ဝေးနေခဲ့တယ်။ ဒီရက်ပိုင်းတော်သေးတယ်ဆိုတာက မိုးသည်းတစ်ယောက် သူ့ဘွားဘွား နေမကောင်းလို့ သရက်ခဏပြန်သွားတယ်။ မဟုတ်ရင် သူ့အတွက်အချိန်ပေးဖို့ ကျွန်တော် တော်တော်လေး ခေါင်းပူလိမ့်မယ်။ ညတိုင်းလဲ Promotion တွေကရှိနေတယ်။

မိုးသည်းနဲ့လဲ မတွေ့တာကြာပြီ။ သူစာမေးပွဲဖြေတုန်းကလဲ စာဖတ်တာအနှောင့်ယှက်ဖြစ်မှာစိုးလို့ မတွေ့ဖြစ်ခဲ့ ဘူး။ စာမေးပွဲပြီးတော့လဲ တစ်ရက်နှစ်ရက်ပဲတွေ့လိုက်တယ်။ သူ့ဘွားဘွားနေမကောင်းလို့ သရက်လိုက်သွား လိုက်တာ 3 ရက်နေ့ကတည်းကတိုင်း အခုဆိုတော်တော်လေးကြာနေပြီ။ အင်း ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်။ သင်္ကြန်တွင်းကျရင် အလုပ်က OT ရှိဖို့များတယ် ။ Advertising ကိစ္စတွေနဲ့ Trip ထွက်ဖြစ် မယ်ထင်တယ်။ မိုးသည်းလဲ ပြန်မရောက်သေးတော့ ဘယ်လိုစီစဉ်ရမယ်မသိဘူး။ သူ 10 ရက်နေ့ပြန်ရောက် မယ်ဆိုတာ ရောက်လဲမလာသေးဘူး။

အလုပ်ပိတ်ရက်နည်းနည်းလေးရချင်တာ။ ဘယ်လိုမှကို မအားဘူးဖြစ်နေတယ်။ လုပ်စရာတွေကအများကြီးပဲ။ ကိုယ်ဝင်ထားတဲ့ မကွေးမြသလွန် တနလာင်္အသင်းရဲ့ ပြန်ကြားရေး ကိုယ်ပိုင် Website ကို 5 လပိုင်းအလယ် လောက်မှ လွှတ်တင်ဖို့စီစဉ်ထားတယ်။ ဒီအတွက်လဲ ကျွန်တော်အလုံးစုံတာဝန်ယူထားတယ်။ အဲဒီကိစ္စတွေအ တွက် စာမူတွေကလဲ စုရအုံးမယ်။ နောက်ပြီး မေမေကညီလေးရှိတဲ့ ပြင်ဦးလွင်ကိုသွားနေတော့ အိမ်မှာ ကျွန် တော်တစ်ယောက်ပဲရှိတယ်။ နှစ်ကူးမရောက်ခင် တစ်အိမ်လုံးလဲ သန့်ရှင်းရေး လုပ်ချင်သေးတယ်။ မနက်ဖြန် 12.4.2010 မကွေးဆရာတော် ဘုရားကြီးရဲ့ မီးသဂြိုလ်ဈာပနအခမ်းနားကိုလဲ သွားချင်မိတယ်။ ဆရာတော်ဘု ရားကြီးရဲ့ အထ္တုပတ္တိအကျဉ်းကိုလဲ စာဖတ်သူတို့ လေ့လာနိုင်ဖို့ ရေးသားချင်သေးတယ်။ သင်္ကြန်အတွင်းမှာလဲ ချစ်ချစ်နဲ့ လျှောက်လည်ချင်သေးတယ်။း)


စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ..

Friday, April 2, 2010

မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန မဟာပူဇာသဘင် သတင်းလွှာ ( ၁ )


မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇော တိက၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ မကွေးဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန မဟာပူဇာသဘင်
သတင်းလွှာ ( ၁ )


မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဦးစီးပဓာန နာယက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ မကွေးဆရာတော်ဘုရားကြီး သည် ၁၃၇၁ခုနှစ် တန်ခူးလပြည့် (၂၉.၃.၂၀၁၀) တနလာင်္နေ့၊ ၁း၄၅ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသ ဆောင်၌ ဘ၀နတ်နန်း စံမြန်းတော်မူခဲ့လေပြီ။ ၃၀.၃.၂၀၁၀ နေ့တွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ရန်ကုန်မြို့မှ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်သို့ ဆရာတော်ကြီး၏ ဆန္ဒတော်အရ ပြန်လည်ပင့်ဆောင်ခဲ့ပါသည်။

၁၃၇၁ခုနှစ် တန်ခူးလပြည့်ကျော် ၁၃ ရက် (၁၁.၄.၂၀၁၀) တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စံကျောင်းချ အခမ်းအနားကို ကျင်းပပြုလုပ်ပါမည်။ ၁၃၇၁ခုနှစ် တန်ခူးလကွယ် (၁၂.၄.၂၀၁၀) တနလာင်္နေ့တွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို မဟာဝိသုတာရာမတိုက်သစ်မှ မြသလွန်ပွဲတော်ကွင်းရှိ လောင်တိုက်တော်သို့ ပင့်ဆောင်၍ အန္တိမအဂ္ဂိဈာ ပနကျင်းပပါမည်။ ဆရာတော်ကြီး၏ တပည့်ဒါယိကာ၊ ဒါယိကာမအပေါင်းတို့သည် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို လာရောက်ဖူးမျှော်နိုင်ပါကြောင်းနှင့် အလှူငွေများ လာရောက်လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနိုးဆော်လိုက်ရပါသည်။


အန္တိမဈာပန သာဓုကီဠန မဟာဓမ္မပူဇာသဘင်တွင် ဟောကြားတော်မူမည့် တရားပွဲအစီအစဉ်


- တန်ခူးလပြည့်ကျော် (၇)ရက် - ၅.၄.၂၀၁၀ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

- တန်ခူးလပြည့်ကျော် (၈)ရက် - ၆.၄.၂၀၁၀ ဘဒ္ဒန္တ၀ါသေဌာဘိဝံသ(အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ)၊(သ.စ.အ) ဓမ္မာစရိယ (မစိုးရိမ်တိုက်သစ်၊မန္တလေး)

- တန်ခူးလပြည့်ကျော် (၉)ရက် - ၇.၄.၂၀၁၀ ဘဒ္ဒန္တ၀ါယာမိန္ဒာဘိဝံသ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက (ရေစကြို ဆရာတော်)

- တန်ခူးလပြည့်ကျော် (၁၀)ရက် - ၈.၄.၂၀၁၀ ဘဒ္ဒန္တသိရီန္ဒာဘိဝံသ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက (ယောဆရာတော်)

- တန်ခူးလပြည့်ကျော် (၁၁)ရက် - ၉.၄.၂၀၁၀ ဒေါက်တာအရှင်ဆေကိန္ဒ (ဓမ္မဒူတ)

- တန်ခူးလပြည့်ကျော် (၁၂)ရက် - ၁၀.၄.၂၀၁၀ ဘဒ္ဒန္တတိက္ခ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာပဏ္ဍိတ (၀ါးခင်းကုန်း ဆရာတော်)

- တန်ခူးလပြည့်ကျော် (၁၃)ရက် - ၁၁.၄.၂၀၁၀ ဒေါက်တာအရှင်ဥာဏိဿရ D.Litt,Ph.D (သီတဂူဆရာတော်)

ဆက်လက်ဖော်ပြပါမည်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Friday, March 26, 2010

ကဲမှာလား ? ကွဲမှာလား(အသဲပြောပါတယ်) ?

စာဖတ်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျာ..

ကျွန်တော်ကောက်ယူလျှက်ရှိတဲ့ စစ်တမ်းလေးကို စာဖတ်သူတချို့တို့သာ vote ပေးကြပြီး တစ်ချို့က vote ၍အဆင်မပြေ၍သော်၎င်း၊ Poll ကို မမြင်၍သော်၎င်း vote ခြင်းမရှိတာကို တွေ့ရှိရပါတယ်။ ကျွန်တော်ဖြစ်စေချင်တာက ကျွန်တော်ပေါ်ပြူလာဖြစ်ချင်တာမဟုတ်ပါဘူး။ တကယ်ပဲ မြန်မာလူမျိုးတို့ရဲ့ သင်္ကြန်အတာပွဲနဲ့ ပတ်သတ်ပြီး စိတ်ထဲဘယ်လိုရှိမလဲဆိုတာ သိချင်မိတာပါ။ လက်ရှိကောက်ယူပြီးစီးမှုအခြေ အနေလေးကို အောက်မှာတွေ့ရှိနိုင်ပါတယ်။



မေးခွန်း = သင်္ကြန်ရောက်ရင် ?

အရမ်းစိတ်လှုပ်ရှားတယ်။ (41.18% - 7 votes)

ပုံမှန်ပါပဲ။ (35.29% - 6 votes)

စိတ်ညစ်ရတယ်။ (5.88% - 1 vote)

ဘယ်လိုမှကို ခံစားချက်မရှိတာ။ ( 17.65% - 3 votes)>

အခုလက်ရှိမှာတော့ 17 votes ရရှိထားပါတယ်။ ဒါပေမယ့် စာဖတ်သူနှုန်းထားနဲ့ နှိုင်းယှဉ်လိုက်ရင် အရမ်းနည်းပါတယ်။ မ vote ရသေး တဲ့ စာဖတ်သူတို့ vote ပေးကြပါဦးခင်ဗျား) ကျွန်တော် ဒီ Poll လေးကို သင်္ကြန်မတိုင်ခင်ထိ ထားရှိပေးသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူ အပေါင်းတို့ နှစ်သစ်ကူးသင်္ကြန်မှာ အစဉ်ပဲရွှင်လန်း ချမ်းမြေ့ကြပါစေ။ အင်း ချစ်သူလေးကို သတိရလိုက်တာ ။ ဘာမှလဲဆိုင်ဘူးနော်း)
ဒါနဲ့ သင်္ကြန်မှာ ကဲမှာလား ? ကွဲမှာလား(အသဲပြောပါတယ်) ? vote ပေးကြဦးနော်။


ကဲ စာဖတ်သူအားလုံးကို အစဉ်ပဲလေးစားပါတယ်။
မျှော်လင့်သူ.

Monday, March 15, 2010

မင်းပါ ချစ်သူ


အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်အတွက် ပထဆုံးလက်တွဲဖြစ်ခဲ့တာ
မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်နှလုံသားက ဖွင့်ဟတဲ့စကားကို
ပထမဆုံးကြားခဲ့ရတာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ခါးကို လက်တစုံနဲ့
သိမ်းဖက်ခဲ့ရတာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ ပထမဆုံးအနမ်းကို
လက်ခံရရှိခဲ့တာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ ရင်ခွင်ကို
မှီခိုခွင့်ရခဲ့တာ မင်းပါချစ်သူ။

အချစ်ဦး မဖြစ်ခဲ့ပေမယ့်
ကိုယ့်ရဲ့ စိတ်အစဉ်ကို
ဖမ်းစားနိုင်ခဲ့တာ မင်းပါချစ်သူ။

မပီဝိုးတ၀ါးနဲ့ တိတ်တခိုးအဖြစ်နဲ့
အချစ်ဦးကို မျှော်လင့်ခဲ့တဲ့အချိန်တွေထက်
မင်းရဲ့ လက်ကိုတွဲပြီး သောင်ပြင်ပေါ်မှာ
လျှောက်ခဲ့တဲ့ အချိန်တွေကို
ငါ.. ပိုမက်မောတယ်ချစ်သူ။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ

Sunday, March 14, 2010

ရောဂါဆိုးနှင့်ရင်ဆိုင်ရပြီး ကျွန်တော်တို့နှင့် ခွဲခွာသွားသော ဖေဖေ


ဒီနေ့ တနလာင်္နေ့ ဘုရားကြီးသန့်ရှင်းတောင် မသွားဖြစ်လိုက်ဘူး။ မနေ့က ပင်ပန်းထားလို့ အိပ်ပျော်သွားတာက တစ်ကြောင်း၊နောက် ပြီး မေမေက ညဦးပိုင်းက ဖျားနေတာကြောင့်ရယ် မသွားဖြစ်လိုက်ဘူး။ ညက မေမေလဲ အိပ်ရာဝင်တော့ ကျွန်တော်လဲ တံခါးတွေ စစ်၊ မီးတွေစစ်ပြီး အိပ်ရာဝင်ခဲ့တယ်။ အရင်ရက်တွေနဲ့မတူ အအေးဓာတ်လေးက အနည်းငယ် ပြန်လည်လွမ်းခြုံနေသည်။ စောင်ပါးပါး လေး ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်သွားသည်။

အိပ်လို့ သိပ်မကြာခင်လား၊ ဒါမှမဟုတ် အာရုဏ်တက်ချိန်လားတော့ မသိဘူး။ အိမ်မက်လိုလို ဘာလိုလိုနှင့် တကယ်အပြင်မှာထိတွေ့ ခံစားရသလို အရာတစ်ခုမြင်မက်မိသည်။ အိမ်မက်ထဲမှာ ကျွန်တော် ဖေဖေရင်ဘတ်ပေါ်မှာ ခေါင်းလေးတင်ပြီး အိပ်နေတာတဲ့။ ကျွန် တော်အငြိမ်မနေပဲ ဆော့နေတော့ ဖေဖေက “ဟေ့ကောင်” တဲ့ရယ်သံလေးနဲ့ ပြောသည်။ ကျွန်တော်က “ ဖေဖေနှလုံးအောင့်လို့ လား” ဆိုတော့ “ မဟုတ်ပါဘူး သားကြီးရ ဖေဖေယားလို့ပါကွ ” ။ ဖေဖေ့မျက်နှာကြည့်လိုက်တော့ ၀င်းရွှင်နေတာပဲ။ ထိုသို့နေရင်း နှင့် ရုတ်တရက်တွေးလိုက်မိသည်။ ဖေဖေက ငါတို့ကိုထားခဲ့ပြီး လူ့ဘ၀ကြီးကစွန့်ခွာသွားပြီပဲ။ ထိုသို့စဉ်းစားမိလိုက်သည်နှင့် အိမ်မက် လေးပျက်ပျယ်သွားသည်။

လွန်ခဲ့တဲ့ 13 နှစ်ကစပြီး ဖေဖေနှလုံးသွေးကြောကျဉ်း ရောဂါကိုစတင်ခံစားရသည်။ သွေးတိုးရောဂါရင့်လာတော့ နှလုံးဘက်ထိလာ တာလို့ ဆရာဝန်များကိုဆိုတယ်။ ဖေဖေရဲ့ သွေးပေါင်ချိန်ဟာ အမြဲတမ်းမြင့်တက်လျှက်ရှိနေပြီး သာမာန်လူတယောက်ရဲ့ သွေးပေါင် ချိန်တိုင်းဆို ဖေဖေမနေနိုင်တော့။ ခေါင်းမူးတယ်ပြောတယ်။ ဖေဖေသွေးပေါင်ချိန်တိုင်းလဲ သာမာန်လူမနေနိုင်။ လွန်ခဲ့တဲ့ 13 နှစ် လောက်မှာ ဖေဖေရန်ကုန်ခရီးသွားနေတုန်း နှလုံးရောဂါစဖောက်ခဲ့တာပါ။ ဒါပေမယ့် ဖေဖေဟာ ကျွန်တော်တို့အားလုံးကို ဖွင့်မပြော ပဲ အကောင်းပကတိပုံစံနဲ့ ရန်ကုန်ကပြန်လာတယ်။ ပြီးတော့ ဆေးမှတ်တမ်းတွေအားလုံးကို သိမ်းဆည်းထားလိုက်တယ်။ နောက် ပိုင်း ရောဂါဖောက်ခြင်းလက္ခဏာတော့ မတွေ့ရ။ ဒီလိုနဲ့ နေလာတော့ 2002ခုနှစ်မှာ ဖေဖေဒုတိယအကြိမ် ရောဂါအပြင်းအထန် ပြန်ဖောက်လာခဲ့တယ်။ နှလုံးသမားတွေဟာ တကြိမ်ပဲဖောက်ခွင့်ရှိတယ်။ ဒုတိယတကြိမ်ဆို မလွယ်ကူတော့။

မကွေးပြည်သူဆေးရုံကြီး အရေးပေါ်ခန်းထဲကို အလျှင်မြန်ပို့ခဲ့သည်။ ဖေဖေခံစားရတာကြည့်ပြီး ဘယ်လိုမှမသက်သာနိုင်။ ဖေဖေ့ကို အခန်းထဲထည့်ထားပြီး မေမေကို ဆေးရုံအုပ်ကြီးကခေါ်တွေ့တယ်။ လူနာက ဘယ်လိုမှတော့မဖြစ်နိုင်တော့ကြောင်း။ နီးစပ်ရာဆွေမျိုး တွေကို ခေါ်ထားသင့်ကြောင်း ခေါ်ပြောတယ်။ မေမေက တက်နိုင်သလောက်တော့ကယ်ပါဦးဆရာရယ်ဆိုတော့ ။ ဆရာဝန်ကြီးက စကားဟလာတယ်။ ငွေကြေးတက်နိုင်လား။ ငွေနဲ့အသက်ဆက်မယ်ဆိုရင်တော့ သက်တမ်းစေ့မဟုတ်ရင်တောင် နည်းနည်းနေနိုင် သေးတယ်လို့ဆိုပါတယ်။ မေမေကလဲ ရှိသမျှစည်းစိမ်ကုန်ပါစေ ကုမယ်လို့ပြောလိုက်တော့ ဆရာဝန်ကြီးတို့က အားချင်းကုသဖို့ပြင် ဆင်ကြသည်။ သို့သော် သေ 70/30 ရှင် သာရှိခဲ့သည်။

ဖေဖေရောဂါက နှလုံးသွေးကြောကျဉ်းပြီး နောက်ဆုံး တကြောသာကျန်ပြီး ကျန်သွေးကြောတွေပိတ်သွားခဲ့တယ်။ နှလုံးထဲစီးဝင်တဲ့ သွေးပမာဏအတိုင်း ပြန်မထွက်တော့ပဲ နှလုံးအောက်ခြေပိုင်းမှာ သွေးများစုလာခဲ့တယ်။ တဖြည်းဖြည်းနှင့် ထိုသွေးများပုပ်လာခဲ့ တယ်။ ဒီလိုနဲ့ ရောဂါကပိုဆိုးလာခဲ့တယ်။ ဆရာဝန်ကြီးများ ကြိုးစားကုကြတယ်။ ဖေဖေဘေးပတ်ဝန်းကျုင်မှာလဲ စက်တွေကလဲ အများကြီး ရင်ဘတ်တွေမှာကော ကြိုးတွေကရှုပ်ရှပ်ခတ်နေသည်။ တရက်လဲသတိရမလာ၊ သုံးလေးငါးရက် တပတ် သတိရမလာခဲ့ ဘူး။ မေမေခမျာမှာတော့ လင်ယောင်္ကျားဇောနှင့် ပင်ပန်းရကောင်းမှန်းမသိ။ ဆေးရုံကနေ အိမ်ကိုလှမ်းစီမံလိုက်။ ဖေဖေ့ကို ပြုစု လိုက်နှင့်ပင်ပန်းလှသည်။ ဒီလိုနဲ့ ကိုးရက်မြောက်နေ့ မနက်မှာတော့ ဖေဖေလက်ကလေးတွေလှုပ်လာတယ်။ နှုတ်ခမ်းလေး မပွင့်တ ပွင့်နှင့် ရေကိုတောင်းလာတယ်။ ကျွန်တော်တို့အားလုံးဗျာ ပျော်ရွှင်လိုက်ကြတာ။ ထတောင်ခုန်ကြတယ်။

ဖေဖေက လူချစ်လူခင်အရမ်းပေါတယ်။ ဖေဖေ မေ့မျောနေတဲ့အချိန်ပိုင်းလေးအတွင်းမှာ လူနာလာကြည့်တဲ့ ဧည့်သည်တွေက များ ပြားလွန်းတယ်။ သူနာပြုဆရာမများ၊ အလုပ်သင်ဆရာဝန်များက လူနာဦးသိန်းအေး တို့ဆေးရုံလာတက်တာ ပွဲဈေးများခင်ထားသ လားအောင့်မေ့ရတယ်တဲ့။ IC ခန်းထဲပိုးသတ်တဲ့ ၀တ်စုံနဲ့ တစ်ဦးလျှင် 5 မိနစ်ကျနှုန်း ၀င်ခွင့်ပေးတာတောင် တနေကုန်မပျက်ရှိနေ သည်။ ဆရာဝန်များက လူနာကိုအနားပေးထားပါအုံး။ မ၀င်ကြပါနဲ့ဦးဆိုလဲ ၀င်တွေ့ကြသည်။ ဖေဖေနှိုးလာပြီဆိုတဲ့ သတင်းလဲကြား ကော အားလုံးပျော်ရွှင်ကြသည်။ ကျွန်တော်တို့လူနာရှင်တွေရော၊ ဆရာဝန်ဆရာမတွေကော ဖေဖေမိတ်ဆွေအပေါင်းသင်းတွေကော ပြောလို့မဆုံးကြတော့။ နောက်ပိုင်း ရောဂါလေးတည်ငြိမ်စပြုလာတော့ ဖေဖေမကွေးဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသ ခံရန် သွားရသည်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုတွေခံယူပြီး ပြန်ဆင်းလာခဲ့သည်။ ရောဂါဖြစ်စ အချိန်နှင့် 5 လမျှတောင် ကြာသွားခဲ့သည်။ မကွေးဆေးရုံမှာ 3 လနှင့် ရန်ကုန်ဆေးရုံကြီးမှာ 2 လမျှဖြစ်သည်။ မေမေလဲစိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့ရသည်။ သို့သော်လဲ ဖေဖေအတွက်ဆို မျက်နှာတစ်ချက်မပျက်ဖူး။ စိတ်တချက်မငြိုငြင်ဘူး။ ဖေဖေအတွက် ဇနီးကောင်းတစ်ယောက်ဖြစ်သ လို ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အတွက်လဲ မိခင်ကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။

ရန်ကုန်က ပြန်လာကတည်းက ဖေဖေတစ်ယောက် လူအကောင်းပတိလိုတော့ သွားလာလှုပ်ရှားလို့မရပေမယ့် ဖြေးဖြေးချင်းတော့ သန်မာလာခဲ့သည်။ ဒီလိုနဲ့ မေမေနှင့် ကျွန်တော်တို့ ဖေဖေအနားမှာပဲ နေပြီး စိတ်ပျော်ရွှင်အောင်ထားပြီး နေလာခဲ့ကြရာ 2006 ခုနှစ် ဇွန်လ 11 ရက်နေ့မှာ ဖေဖေတတိယအကြိမ် ရောဂါဆိုးကြီးဖောက်လာခဲ့သည်။ အဲနေ့က မေမေက အမျိုးသမီးရေးရာက ဖွင့်တဲ့ သူနာပြုသင်တန်းဆင်းပွဲကို တက်ရောက်ရမှာဖြစ်တယ်။ ဖေဖေက မေမေ့ဘေးမှာထိုင်ပြီး ဟိုအ၀တ်စားနဲ့က မသင့်တော်ဘူး။ ဒီအ၀တ်စားနဲ့သင့်တော်တယ်။ ဆံထုံးကိုအဲလိုမထုံးနဲ့ ဘယ်လိုထုံး စသဖြင့်ပြောနေတယ်။ ညီလေးကလဲ ကျုရှင်သွားမှာမလို စက် ဘီးနဲ့ထွက်ခါနီး သားငယ်..မင်း စက်ဘီးစီးတာ ကြမ်းတယ်နော်၊ ဖြေးဖြေးစီး။ သားကြီးကလဲ ဖေဖေ့နှလုံးဆေးတချို့ကုန်နေပြီ သွားဝယ်ပေးဦး။ ကျွန်တော်က ဖေဖေကလဲ ကြိုပြောပါဆို ဖေဖေက ဆေးပြတ်လို့ရတာမဟုတ်ဘူးလို့ပြောခဲ့တယ်။

ဒီလို သားအမိတွေကို မှာကြားနေတဲ့ကြားကနေ ဖေဖေ ခစ်..ခစ် ဆိုပြီး မျက်ဖြူစိုက်သွားသည်။ ကျွန်တော်တို့အားလုံး အသံကြား တဲ့နေရာ ကြည့်လိုက်တော့ ဖေဖေသတိလစ်သွားတယ်။ ဒီလိုနဲ့ ညီလေးက နောက်ဖေးက သြဇာရွက်ကိုခူးပြီး မေမေ့ကိုပေးတယ်။ မေမေက သြဇာရွက်ကို ချေပြီးဖေဖေ့နှုတ်ခေါင်းနားတေ့လိုက်သည်။ ဖေဖေသတိပြန်လည်လာသည် ။ ဖေဖေအားတင်းထားနော်၊ ဘာမှစိတ်မပူနဲ့ သားဆေးရုံဖုန်းဆက်ထားတယ်။ ကားလာတော့မယ်လို့ပြောလိုက်တော့ ဖေဖေခေါင်းလေးတစ်ချက်ငြိမ့် ၊ ကျွန်တော် တို့ကိုလဲ ဘာမှစိတ်မပူနဲ့လို့ ပြောသလို အပြုံးလေးတစ်ပွင့်ပေးပြီး မျက်လွှာလေးချသွားခဲ့သည်။ ထိုအချိန်မှ စပြီးဖေဖေဘယ်တော့မှ မျက်လုံးပြန်မဖွင့်လာခဲ့တော့ဘူး။ ဖေဖေကျွန်တော်တို့ကို အပြီးခွဲသွားခဲ့တယ်။ အချိန်လေးကတော့ 2006 ခုနှစ် ဇွန်လ 11 ရက် နံနက် 8 နာရီ 15 မိနစ်...

ညက အိမ်မက်ထဲမှာ ဖေဖေပေါ်လာတော့ ကျွန်တော်အရမ်းပျော်ရွှင်မိတယ်ဗျာ။ ပျော်ရွှင်စရာပုံစံလေးတွေနဲ့ ကျွန်တော်ဖေဖေ့ကို သုံးလေးကြိမ်လောက်မက်ဖူးတယ်။ နောက်ဘ၀မှာများ ရေစက်စုံခဲ့ရင် ဖေဖေရယ်၊ မေမေရယ်၊ ညီလေးရယ်၊ ကျွန်တော်ရယ်၊ အားလုံးအတူပြန်စုံချင်မိပါတယ်ဗျာ။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Tuesday, March 9, 2010

ရွှေစက်တော်သွား တောလား



စာဖတ်သူတို့အတွက် မန်းရွှေစက်တော်ခရီးသွား အကြောင်းလေးနဲ့ သမိုင်းကြောင်းလေးကို ရေးသားဖော်ပြလိုက်ပါတယ်။ မကွေးမြို့ တစ်ဝိုက်ရဲ့ သမိုင်းကြောင်းဟာ ဟိုးဗုဒ္ဓရှင်တော်မြတ်ရှိစဉ်ကာလထဲက ယဉ်ကျေးမှုထွန်းကားခဲ့ပြီး ဗုဒ္ဓရှင်တော်မြတ် ဒေသစာရီကြွချီ တော်မှုခဲ့တဲ့ နေရာဌာနများလဲဖြစ်ပါတယ်။ ရာဇ၀င်တွေအရ ဘုရားရှင်ဟာ မြစ်အနောက်ဖက်ကိုသာ ကြွချီတော်မှုပြီး မြစ်အရှေ့ဘက် ကမ်းကို ကြွချီမှုမပြုခဲ့ပါဘူး။ မြစ်အရှေ့ဘက်က ဘီလူးတို့အပိုင်စားရပြီး မြစ်အနောက်ဖက်က နဂါးတို့အပိုင်စားရတယ်လို့ မှတ်သားရပါ တယ်။ ထူးခြားချက်မှာလဲ မြစ်အရှေ့ဘက်က စေတီများမှာ ဘီလူးရုပ်ကိုတွေ့ရပြီး မြစ်အနောက်ဘက်စေတီများမှာ နဂါးရုပ်များကိုတွေ့ ရသည်။

ကျောင်းတော်ရာစေတီတော်မြတ်(မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်)၊မန်းရွှေစက်တော်ရာ(စကုမြို့နယ်)၊စက္ကိန်းတဲစေတီတော်မြတ်(မင်းဘူးမြို့)၊ မြသလွန်စေတီတော်မြတ်ကြီး(မကွေး) တို့ဟာ သမိုင်းကြောင်းအရ ဆက်စပ်မှုရှိတာကိုတွေ့ရှိရပါတယ်။ ကျွန်တော် ကျောင်းတော်ရာစေတီတော် သမိုင်းအကျဉ်းကို လက်လှမ်းမှီသလောက်ဖော်ပြခဲ့ဖူးပါတယ်။ ဘုရားရှင်ဟာ ကျောင်းတော်ရာစေတီတော်ကအပြန် မင်းဘူးမြို့မှာ ကျိန်းစက်တော်မှုပါတယ်။ ဒီအချိန်မှာ မကွေးဘက်ကမ်းမှ ဘီလူးညီနောင်တို့က ဘုရားရှင်အား သဖန်းသီးကပ်ကာ ကိုးကွယ်ရာတစ်ခုခုကို တောင်းခံပါတယ်။ ဒီအချိန်မှာ ဘုရားရှင်ဟာ သိကြားမင်းလှူဒါန်းထားသော မြသားသလွန်အစစ်ကို ပေးသနားတော်မှုပါတယ်။ ထိုသလွန်တော်ကို ဘီလူးညီနောင်တို့က ယူဆောင်ပြီး မကွေးဘက်မှာ စေတီတစ်ဆူ တည်တော်မှုပါသည်။ သို့သော် ဘီလူးတို့ချည်းတည်အပ်သည်မှာ မသင့်သောကြောင့် သိကြားမင်းကိုယ်တိုင် ၀ရဇိန်လက်နက်ဖြင့် ဖြိုခွင်း တော်မှုသည်။ ထိုအခါစေတီပြိုလေသည်။ နောက်အခါတွင် ထိုနေရာတွင် တည်အပ်သော ရွာအား ဘုရားပြိုရွာဟု သမုတ်လေသည်။ ဘီလူးညီနောင်တို့ နတ်သတ်ကြွေ လူဖြစ်ကာမှ လူနှင့်သိကြား ပေါင်း၍ အခုတည်ရှိသော တောင်ကုန်းပေါ်တွင် မြသလွန်စေတီတော်ကြီးကို တည်တော်မှုလေသည်။

ဘုရားရှင် စက္ကိန်းတဲတောင်ပေါ်တွင် တစ်ညတာကျိန်းစက်ပြီးနောက် ပြန်အကြွမှာ မုဆိုးနှင့် နဂါးမင်းတို့ တောင်းပန်မှုကြောင့် ဘုရား ရှင်ကိုယ်တော်မြတ်ကြီးဟာ အခုမန်းရွှေစက်တော်တည်ရှိရာ နေရာမှာ တန်ခိုးဗျာဒိတ်ဖြင့် ခြေတော်ရာ တင်ကျန်တော်မှုစေသည်။ နောက်အခါတွင် လူတို့ကိုးကွယ်အပ်သော် မန်းရွှေစက်တော်ရာဘုရားဖြစ်လာခဲ့သည်။ မန်းရွှေစက်တော်ရာဘုရားဟာ မင်းဘူး(စကု) မြို့နယ် မင်းဘူးမြို့နှင့် 32 မိုင်အကွာမှာတည်ရှိပါတည်။ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလဆန်း 5 ရက်နေ့မှ မြန်မာနှစ်ဆန်း 1 ရက်နေ့ထိကျင်းပလျှက်ရှိပါသည်။ မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူးဧည့်သည်များ သိန်းနှင့်ချီ လာရောက်ဖူးမျှော်ကြသည်။ ဘုရားလဲဖူးရင်း လိပ်ဥလဲတူးရင်းဆိုတဲ့ မြန်မာစကားပုံအတိုင်း ဘုရားလဲဖူးရင်း အညာမြေရဲ့ ပူပြင်းမှု များကို ဘုရား၏ခြေတောင်ရင်းမှာ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းအတွင်းမှာ ရေချိုးအပန်းဖြေကြသည်။

မန်းရွှေစက်တော်ရာဘုရားသို့ အလည်ပတ်သွားရောက်ရန် ကျွန်တော်တို့ညီအစ်ကိုတစ်တွေ စီစဉ်ပြီး မတ်လ 7 ရက်နေ့ တနင်္ဂနွေ နေ့က သွားရောက်ခဲ့ပါတယ်။ အစီအစဉ်တိုင်း တနင်္ဂနွေနေ့ နံနက် 5နာရီ 30 လောက်မှာ မကွေးမြို့မှ ထွက်ခွာလို့လာခဲ့ပါတယ်။ အရင်ကဆို ဧရာဝတီတံတားကြီး မရှိသေးတာကတကြောင်း၊ ပုသိမ်-မုံရွာလမ်းမကြီးမပေါက်သေးတာက တစ်ကြောင်း၊ ရွှေစက် တော်နား နီးလေလေ တောင်ဆင်းတောင်တက်များလာပြီး လမ်းများဆိုးဝါးမှုတို့ကြောင့် မိုင် 30 ကျော်ကျော်ခရီးကို နေ့တ၀က် လောက်သွားခဲ့ရပါတယ်။ အခုအခါမှာ မြစ်ကူးတံတားကြီးတွေ၊ လမ်းမကြီးတွေကြောင့် ဆိုင်ကယ်နှင့်ပင် လွယ်လင့်တကူသွားလာ လို့နိုင်ခဲ့ပါပြီ။ ကောင်လေး 6 ယောက်၊ကောင်မလေး 2ယောက် ဆိုင်ကယ် 4စီးဖြင့်ထွက်ခွာလာခဲ့ပါတယ်။ တံတားကြီး(မကွေး- မင်းဘူး) ကိုကူးလိုက်လျှင်ပဲ ကျွန်တော်တို့လို ဘုရားဖူးသွားမည့် ကားကြီး၊ကားငယ်၊ ဆိုင်ကယ်အသွယ်သွယ်တို့ဖြင့် စည်ကားနေ သည်။ တံတားပေါ်မှာ မကွေးဘက်ကမ်းမှ မြသလွန်စေတီတော်ကြီးနှင့် မင်းဘူးဘက်ကမ်းမှ စက္ကိန်းတဲ စေတီတော်မြတ်တို့အား ရွှေသားရောင် တစ်ပြောင်ပြောင်နှင့် သပ္ပာယ်စရာအတိ ဖူးမျှော်ရပါသည်။

မင်းဘူးမြို့အထွက်နားရောက်တော့ အားလုံးပဲခဏတဖြုတ်နားကြပြီး နံနက်ခင်းစာကို သုံးဆောင်ဖြစ်ခဲ့ကြပါတယ်။ ကြည်နူးစရာလင်း အာရုဏ်နံနက်ခင်းများ ဘော်ဒါများပျော်ရွှင်စွာပဲ သုံးဆောင်ဖြစ်ခဲ့ပါတယ်။ ထို့နောက်ဆက်လက်ထွက်ခွာခဲ့ပါတယ်။ အေးဆေးစွာပင် မောင်းနှင်ခဲ့သည်။ ခရီးမပန်းအောင်ကတစ်ကြောင်း၊ ဘေးအန္တရာယ်မကြုံတွေအောင်က တစ်ကြောင်း မောင်းနှင်ခဲ့ကြသည်။ နံနက် 7 နာရီကျော်ကျော်လောက်မှာ မင်းဘူးမြို့နှင့် 19မိုင်နှင့် 2 ဖာလုံအကွာ လေးပင်ရွာ(မန်းရွှေစက်တော်သွားများ ခရီးတစ်ထောက် နားရာ)သို့ရောက်ရှိလို့ လာခဲ့ပါတယ်။ ဆိုင်ကယ်အပူသက်သာအောင် ခေတ္တမျှနားရင်း လ္ဘက်ရည်သောက်ဖြစ်ခဲ့ကြပါတယ်။ ထို့ နောက် မန်းရွှေစက်တော်သို့(12မိုင်နှင့် 6 ဖာလုံအလို) ခရီးဆက်ခဲ့ကြပါတယ်။ 8နာရီ 15 မိနစ်မှာ မန်းရွှေစက်တော်သို့ ရောက် ရှိခဲ့ပါတယ်။ ယခုနှစ်မှဖြင့် ပုသိမ်-မုံရွာလမ်းမှာခွဲထွက် ရွှေစက်တော်သို့ 3မိုင်အလိုလမ်းခွဲမှာ အံသြသင့်လောက်အောင် ကောင်းမွန် နေတာကို တွေ့ရတော့ ၀မ်းမြောက်မိပါတယ်။

မန်းရွှေစက်တော်အ၀င် မန်းချောင်းသစ်သားတံတားလေးအကူး အထက်စက်တော်ရာကို လှမ်းမြင်နေရတဲ့ မြင်ကွင်းဟာဖြင့် မြင်ရသူ ခရီးသွားတိုင်း စိတ်ချမ်းမြေ့မှာ ဧကန်မလွဲပေ။ မန်းရွှေစက်တော်ရောက်တော့ အရင်ဆုံး တည်းခိုဖို့အတွက် တည်းချောင်းစီစဉ်ရပါ တယ်။ အခန်းရတော့ အထုတ်များနေရာချထားပြီး အ၀တ်စားလဲကာ ညီအစ်ကိုတစ်တွေ မန်းချောင်းထဲပြေးဆင်းကြပါတယ်။ နံနက် စောသေးတော့ သိပ်ကြာအောင်ပင် ရေမကစားလိုက်နိုင်။ ချမ်းလို့တုန်လာသည်နှင့် ပြန်တက်ခဲ့သည်။ ထို့နောက် ပြင်ဆင်ပြီး ဘုရား ဆီသို့ ထွက်လာခဲ့ကြသည်။ အရင်ဆုံး အောက်စက်တော်ရာသို့ ၀င်ရောက်ဖူးမျှော်ခဲ့ပါသည်။ ပုံမှန်အချိန်မှာ အောက်စက်တော်ရာ အားဖူးမျှော်ခွင့်မရပါ။ မန်းရေအတက်အကျကြောင့် ခြေတော်ရာတိမ်ကောမှာကို စိုးသောကြောင့် စေတီပုံသံအုပ်ဆောင်းဖြင့် ဖုန်းအုပ် ထားပြီး ပွဲတော်အချိန်တွင်းသာ ဖွင့်လှစ်ပေးထားပါသည်။ အောက်စက်တော်ရာအား ခေတ္တဖူးမျှော်ပြီးနောက် အထက်စက်တော်ရာ သို့ ပွဲဈေးတန်း စောင်းတန်းတစ်လျှောက် တက်ရောက်ခဲ့ပါသည်။ လူငယ်သဘာဝ ဗဟုသုတအနေနှင့် လှေကားထစ်များ ရေတွက် ဖို့ကြံသော်လည်း အာရုံကခပ်များများ၊ မေ့တက်တာလဲ လွန်ရောဆိုတော့ မရေဖြစ်ခဲ့ပေ။ အထက်စက်တော်ရာတည်ရှိရာ တောင်ပေါ် သို့အတက် စောင်းတန်းတစ်လျှောက်မှာ ဘုရားဖူးပြည်သူများ ပြည့်နှက်လို့နေပါသည်။ တနင်္ဂနွေနေ့ အစိုးရရုံးပိတ်ရက်၊ State ( Grade-11 မပါ) များလဲပိတ်ထားချိန်၊ နောက်ပြီး လပြည့်ကျော် 8 ရက်ဥပုဒ်နေ့ ဈေးသူဈေးသားများလဲ အားလပ်ရက်ဖြစ်သော ကြောင့် လူစည်ကားလှသည်။

ပထမအဆင့်တွင် ခဏတစ်ဖြုတ်နားကြပြီး နို့အေးချောင်းများ ၀ယ်စားဖြစ်ခဲ့ကြသည်။ ဆက်လက်ချီတက်ခဲ့ရာ အထက်စက်တော်ရာ သို့ ရောက်ရှိခဲ့သည်။ ရွှေသင်္ကန်းကပ်၊ ဘုရားဖူး၊ ဓာတ်ပုံရိုက်ကြသည်။ အထက်စက်တော်ရာပေါ်မှ အောက်စက်တော်ရာနှင့် ပွဲဈေး များ တည်းချောင်းများကို ကြည့်ရှုရင်း စဉ်းစားမိသည်။ ကျောင်းတုန်းက မန်းရွှေစက်တော်အကြောင်းဖတ်ရတုန်းက ပွဲတော်သို့ လှည်းတန်းရှည်ကြီးဖြင့် လာရောက်ပြီး ဖူးမျှောက်ကြသည်။ အခုတော့လဲ မော်တော်ကားများ၊ဆိုင်ကယ်များဖြင့် လာရောက်ဖူးမျှော် ကြသည်။ ညှို့နေတဲ့ တောင်တန်းကြီးတွေ၊ ခြောက်သွေ့နေတဲ့ ရိုးပြတ်တောတွေ၊ ရစ်ခွေစီးဆင်းနေတဲ့ မန်းချောင်းရယ်၊ နောက် လှသွေးချယ်နေတဲ့ ပျိုမေတွေကြောင့် ဒီမြင်ကွင်းဟာ ပန်းချီးဆရာလက်မှိုင်ချလောက်အောင် လှချင်တိုင်း လှနေပါတော့တယ်။



အထက်စက်တော်ရာမှာ ခဏနားနေရင်း စားဖြစ်ခဲ့တဲ့ သဘောင်္သီးသုပ်နှင့် ရေနွေးပူပူကလဲ စာဖတ်သူတို့ကို စားစေချင်လိုက်သည်။ အရမ်းပင် နှစ်ခြိုက်လွန်းလှသည်။ ပြန်ဆင်းလာပြီးနောက် တည်းချောင်းမှာ ထမင်းစားဖြစ်ကြတယ်။ ဗမာချက်စစ်စစ်ကို လွေးရင်း ပြောင်ကြ နောက်ကြနှင့် ကျွန်တော့် မျက်လုံးအစုံမှ ဘယ်တော့မှလွင့်ပျယ်မည်မထင်။ စားသောက်ပြီး ဗိုက်တင်းတော့ စက်တော် ခေါ်၊ နိုးလာတော့ ချောင်းထဲပြေးဆင်းကြသည်။ ရေကစားတာ 2 နာရီမျှပင်ကြာသွားသည်။ ထို့နောက် ပြန်တက်အထုပ်ပိုးများ ပြင်ဆင်ပြီး ညနေ 5 နာရီ 15 မိနစ်မှာ မန်းရွှေစက်တော်မှ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အဆင်ပြေချောမွေ့ ခဲ့ပြီး မကွေးမြို့သို့ 8 နာရီပတ်ဝန်းကျင်တွင် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

မန်းချောင်းထဲက ကျွန်တော်တို့တသိုက်
အောက်ခြေတော်ရာ ဖူးမျှော်နေစဉ်
အထက်စက်တော်ရာအတက် နှစ်ကျိတ်ရှစ်ဆူစေတီတော်များနှင့် ကျွန်တော်

ဒီအကြောင်းရာလေးကို ကျွန်တော်အရမ်းပဲရေးသားခဲ့ချင်မိပါတယ်။ အဖျက်အမျိုးမျိုးကြောင့် စိတ်ညစ်ပြီးပေါက်ကွဲခဲ့မိပါတယ်။စာဖတ် သူတို့ အမြင်မှာရိုင်းသွားသော် ရှိရင်လဲ အနူးညွှတ်ပဲတောင်းပန်အပ်ပါသည်။ ခွင့်လွှတ်ပေးကြပါ။ ဒီ Post လေးကိုဖတ်မိပြီး မရောက်သေးသူများလဲ လာရောက်ဖူးမျှော်ဖြစ်အောင်၊ လာရောက် လည်ပတ်သူများလဲ သတိရလွမ်းဆွတ်မိအောင် ရည်ရွယ်ပါသည်။

(စာကြွင်း ခရီးသွားဓာတ်ပုံများ Web ပေါ်သို့အမှတ်ရတင်ထားချင်ခဲ့ပေမယ့် Virus ပြဿနာကြောင့် အနည်းငယ်သာတင်နိုင်ခဲ့ပါ သည်။)
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ.

Saturday, March 6, 2010

၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အာဖရိကနိုင်ငံတွင်းသို့ ပြည့်တန်ဆာ လိင်အလုပ်သမ လေးသောင်းခန့် ၀င်ရောက်လာဖွယ်ရှိ



တစ်လကျော်ကြာမြင့်မည့် အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်အတွင်း ပရိသတ်များအတွက် အဌားလိုက်ရန် လိင်အလုပ်သမများ အစုလိုက်အပြုံလိုက် ၀င်ရောက်လာနိုင်ချေ ရှိသည့်အတွက် အိမ်ရှင်နိုင်ငံသည် နယ်စပ်ဒေသအား တင်းတင်းကျပ်ကျပ် ထိန်းချုပ်လျက်ရှိနေသည်။

နိုင်ငံ၏ ဗဟိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲမှ ဒုတိယဥက္ကဌဖြစ်သူ ဒေးဗစ်ဘေအဲဗားက နိုင်ငံခြား ခရီးသွားများကို ပစ်မှတ်ထားကာ နိုင်ငံတ၀ှမ်းရှိ မိန်းခလေးများအနေဖြင့် လမ်းမများပေါ်တွင် လိင်ပိုင်းဆိုင်ရာ အလုပ်များ လုပ်ကိုင်ရန် သွေးဆောင်ဖျားယောင်မှုများ တိုးတက်လာဖွယ်ရှိနေသည်ဟု ဒေသဆိုင်ရာ အစိုရဌာနများအား ပြောကြားလိုက်သည်။ လူဦးရေ၏ ၁၆%များလည်း အိပ်အိုင်ဗီ ရရှိသွားမည်ကို စိုးရိမ်နေရလျက် ရှိနေသည်။

“အဲဒါဟာ ကြောက်စရာကောင်းပြီး အရမ်းကို ပူပန်နေရတဲ့ အကြောင်းအရာပါဘဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြည့်တန်ဆာတွေ လေးသောင်းလောက် နိုင်ငံထဲကို ၀င်ရောက်လာဖို့ ရှိနေတဲ့အပေါ် သတိမူမိစေဖိုရာ စည်းရုံးလှုံဆော်မှု အဖွဲအစည်းများ ဆောင်ရွက်လှုပ်ရှားမှုများဖြင့် ကျွန်တော်တို့ လိုက်လံပြောဆိုနေပါတယ်။ ကမ္ဘာ့နိုင်ငံတ၀ှမ်းက မိန်းခလေးတွေဟာ ဒီကိုလာရောက်ဖို့ မျော်လင့်နေကြပါတယ် အထူးသဖြင့်တော့ အရှေ့ဥေ၇ာပကပါ။ ပိုက်ဆံက စကားပြောတာပါဘဲ သူတို့ဟာ လိင်အလုပ်သမတွေပါ။ ပြီးတော့ ၂၀၁၀ တောင်အာဖ၇ိက ကမ္ဘာ့ဖလားကို ပိုက်ဆံရဖို့အတွက် လာကြဖို့ပါ။”ဟု ပြောကြားလိုက်သည်။


ကုလသမဂ္ဂ မူးယစ်ဆိုင်ရာဌာန၏ အစည်းအဝေးတွင် လုံခြုံရေး ရဲဝန်ထမ်းများ အကန့်အသတ်ဖြင့် အသစ်ရောက်ရှိလာမည့် အပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လုံခြုံရေးဝန်ထမ်း တိုးမြင့်ဖို့ ကိစ္စကိုလည်း ပြောဆိုခဲ့သည်။

“တစ်ဦးချင်းဆီ သံသယရှိဖွယ် ပတ်စပိုစ့်တွေကို အသေးစိတ် မှတ်တမ်းယူ ထိန်းချုပ် စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်ဖို့ နယ်စပ်တွေကနေ အာမခံချက်တွေ ကျွန်တော်တို့ ရရှိထားပါတယ်။ ပင်လယ်ကမ်းခြေကနေ အများဆုံးး တရားမ၀င် ရောက်ရှိလာဖို့ ရှိလာနိုင်တဲ့ KwaZulu-Natal အရပ်မှာ ကျွန်တော်တို့ရဲ့ ရှိနှင့်ပြီးသား အရေအတွက်ကနေ အမျိုးသမီး အရေအတွက် (၄၀၀၀၀)လောက်အထိ တိုးမြင့်လာခဲ့ပါတယ်။”

“ကလေးတွေကတော့ အဲဒီကာလတွင်းမှာ အားလပ်ရက်ထဲကို ရောက်နေပါတယ်။ ဒါကြောင့် သူတို့ဟာ ပြည့်တန်ဆာဖြစ်သွားဖို့ မစိုးရိမ်ရလောက်ပါဘူး။ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသ မိသားစုတွေဆီက ကလေးတွေဟာ မြို့ကြီးတွေမှာ လာရောက်ပြီး အလုပ်ရဖို့အတွက် သွေးဆောင် ဖျားယောင်းသူတွေရဲ့ မက်လုံးခြင်း ခံနေရပါတယ်။ မကြာပါဘူး သူတို့ဟာ မတရားကျင့်ခံရပြီး လိင်လုပ်သားတွေဖြစ် လိင်ကုန်သည်တွေ ဖြစ်ကုန်တာပါဘဲ။”

တောင်အာဖရိကနိုင်ငံ အစိုးရမှလည်း မြေအောက်အဖွဲအစည်းများကို ထိန်ချုပ်ခြင်းဖြင့် အဆိုပါ ပြည့်တန်ဆာများ အမြားအပြား ရောက်ရှိလာမည့် အပေါ် တားဆီးပိတ်ပင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ဗြိတိန်နိုင်ငံသို့ အစိုးရကိစ္စဖြင့် အလည်အပတ် ရောက်ရှိနေသော သမ္မတဖြစ်သူ ဂျကော့ဇူးမားက ကမ္ဘာ့ဖလားပွဲ ကျင်းပချိန်တွင်း နိုင်ငံအတွင်းရှိ အမှုအခင်းများကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်သွားမည် ဖြစ်ကြောင်းနှင့် အင်္ဂလန်ပရိသတ်များအတွက်လည်း လုံခြုံစိတ်ချရပါကြောင်း အလေးပေး ပြောဆိုခဲ့သေးသည်။

အင်္ဂလန်နိုင်ငံမှ ပရိသတ်အင်အား (၂၅၀၀၀)အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံခြားသား ပရိသတ်ပေါင်း (၄၅၀၀၀၀)ခန့် တောင်အာဖရိက ကမ္ဘာဖလားပွဲသို့ လာရောက်လည်ပတ်မည်ဟု မျော်လင့်ရသည်။


Source : Mutdfan
စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ.

Thursday, March 4, 2010

Baby Paint










စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Wednesday, March 3, 2010

ဘော်ဒါတို့ရေ.

စာဖတ်သူ ပရိသတ်တို့ရေ...

အနော် မျှော်လင့်သူ ဒီရက်ပိုင်း ဘယ်လိုမှ မအားတာရယ် ၊ ပင်ပန်းတာရယ် ၊ ခရီးထွက်ဖို့ ရှိနေတာရယ်ကြောင့် ပို့စ်အသစ်တင်ဖြစ်မှာ မဟုတ် သေးပါဘူး ။ ဒါကြောင့်မလို့ ဘော်ဒါတို့ နောက်တပတ်ထဲလောက်ကျမှ အားရပါးရ စုဖတ်ကြတော့နော်..

မျှော်လင့်သူ.

Tuesday, March 2, 2010

During Two Days


ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ပဲ Post တင်ဖို့တောင် အချိန်မရဖြစ်နေတယ။် စာအုပ်လဲ မဖတ်ဖြစ်၊ ဘလော့ဂ်တွေလဲ လိုက်မဖတ်ဖြစ် တာ တော်တော်တောင်ကြာနေပြီ။ ထိုင်သုံးဖို့ကို အချိန်မရာဖြစ်နေတာ။ ဆိုင်ပြောင်းဖို့အတွက် သိမ်းရပြုရ လုပ်နေရတယ်။ တနလာင်္ နေ့က မနက်စောစော ဘုရားတက်ဖြစ်တယ်။ ညကလဲ အိပ်ရာဝင်က နောက်ကျနေတော့ မနက်မေမေလာနိုးတာ တန်းမနိုးဘူး အိပ် ရှင်မူးတူးဖြစ်နေတာ ။ ဒါနဲ့ အိပ်ရာထ ဘုရားသွား ။ ဘုရားရင်ပြင်ပေါ်ရောက်တော့ အစ်ကိုတို့ မရောက်သေးဘူး ။ တံမြက်စည်းကလဲ မပါလာတော့ လှည်းလေးတွန်းပြီး ဘုရားပန်းအိုးတွေ လိုက်သိမ်းတယ်။ နောက်ပြီး ပန်းလဲကူပေးတယ်။ ပန်းအိုးတွေ ပြန်ချပေးတယ်။

ဘုရားက ပြန်လာတော့ အစ်ကိုတို့နဲ့ မနက်စာတူတူစားဖြစ်တယ်။ နောက်ပြီး မေမေကို ဈေးခဏလိုက်ပို့လိုက်တယ်။ ဈေးကပြန်ရောက် တော့ ဆိုင်ကိုသွားရတာ။ ဆိုင်သိမ်းဖို့ ပြင်ရဆင်ရမယ်။ ဆိုင်ရောက်တာနဲ့ ဖြုတ်ဟသိမ်းဟနဲ့ နေ့လည်ထမင်းစားချိန်ရောက်သွားတယ်။ ကျွန်တော်ရယ် အစ်ကိုရယ် ထမင်းသွားစားတယ်။ နှစ်ယောက်ကို 10000 ကျပ်ကျတယ်။ ဟဲဟဲ မဖြစ်နိုင်ဘူးမပြောနဲ့နော် ။ တကယ် ကျတာ ။ ဖြစ်ပုံက ဒီလိုဗျ။ ကျွန်တော်တို့ ဆိုင်သုံးတဲ့ မီးကြိုးတွေ ရောင်းဖို့ အသိအစ်ကိုတစ်ယောက်က သူသိတဲ့ ဘုန်းကြီးကျောင်း တစ်ခုကို ချိတ်ပေးတယ်။ ကဲ ရောင်းမယ်ပေါ့ ။ ပြန်ရောက်မှ ထမင်းစားမယ်ပေါ့ ။ ဒါနဲ့ သွားတော့ ဟိုရောက်တော့ ဆရာတော်ဘုရား က ဒကာလေးတို့ ဆာရောပေါ့ ။ ထမင်းစားချည်တဲ့ ။ တော်ပါပြီ ဘုရားဆိုတာလဲ မရဘူး။ သုတ်လိုက်တယ်။ ငါးခြောက်ကြော်နဲ့ ပဲကြီးဟင်းချို ဇွတ်မျိုချလိုက်တယ်။ စားပြီးတော့ ဆရာ တော်ဘုရားနဲ့ ဈေးပြောတော့ ဘုန်းဘုန်းက ဈေးဆစ်တယ်။ ဒါအောက်ဆုံးဈေးပါပဲ ဒီအတိုင်းပဲပေးလိုက်ပါဘုရားလို့ပြောတယ်။ နောက်ဆုံးတော့ အောက်ဆုံးဈေးအောက် 10000 လျော့ပေးလိုက်ရတယ်။ တွေးမိလိုက်ပါတယ် ကျွန်တော်တို့ တနပ်က 10000 တန်တယ်လို့ ။ ဟိဟိ ကန်တော့ပါဘုရား။

ပြန်ရောက်တော့ ခဏလောက်နားလိုက်ကြတယ်။ ဗိုက်တင်းရင် အလုပ်မလုပ်ဘူးနော်း) ရေမိုးချိုးပြန် ပြန်ရောက်တော့ မနက်က ဖြုတ်ထားတဲ့ စက်တွေအားလုံးကို လေမှုတ်စက်နဲ့ မှုတ် တိုက်ချွတ်ပေါ့။

ဒီလို ဒီလိုတိုက်ချွတ်ရတယ်


ပြီးတော့ ဒီလိုစီတယ်


ဒီလို ထောင်ထားတယ်

အားလုံး တိုက်ချွတ်ပြီးတော့ နားလိုက်ကြတယ်။ 10 နာရီကျော်နေပြီလေ။ မနက်ကျမှ ဆက်သိမ်းတော့မယ်။ ဒါနဲ့ မနက်ရောက် တော့ တိုင်ကီထဲလဲ ဆီနည်းနေတာနဲ့ ဆီပုံးလေးနဲ့ ဆီစာအုပ်လေးကိုင်ပြီး ဆီဆိုင်သွားတယ် ။ ဟဲ့ အရောင်းဆိုင်က ပိတ်တယ်ဟ။ ဟုတ်သားပဲ ဒီနေ့ တောင်သူလယ်သမားနေ့ ရုံးပိတ်ရက်ပဲ။ ဒါနဲ့ဆိုင်ဘက်ထွက်ခဲ့တယ်။ မနက်စာစား ဘာစားနဲ့ မွန်းတည့်သွား တယ်။ မနေ့က တိုက်ချွတ်ထားတဲ့ စက်တွေအားလုံးကို သူ့ပုံးခွံနေနဲ့သူ ပြန်ထည့်တယ်။



အားလုံးတက်ညီလက်ညီ သိမ်းလိုက်ကြ ကားနဲ့ရွှေ့လိုက်နဲ့ ညနေစောင်းသွားတယ်။ အားလုံးပင်ပန်းကြပေမယ့် တက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင်နဲ့ဆိုတော့ ပင်ပန်းရိပ်တောင် သိပ်မမြင်ရကြဘူး ။ အားလုံးပြီးတော့ လ္ဘက်ရည်ဆိုင်သွားတယ် စားကြသောက်ကြ တယ်။ နောက်ပြီး ရေချိုးဖို့ ကမ်းနားက အစ်ကိုတို့ အိမ်ကိုသွားတယ်။ မြစ်ထဲမှာ လူငယ်တွေ ရေကစားနေကြတာတွေ့တော့ ပင်လဲ ပင်ပန်းတာနဲ့ ရေကူးပြီး ဇိမ်ခံဖို့တွေးလိုက်တယ်။ ဒါနဲ့ အားလုံးရေသွားကူးကြတယ်။ ကူးစမရှိတော့ အရမ်းလဲ မောတယ် ခေါင်း တွေနားတွေ ကိုက်လာတယ်။ ဒါနဲ့ ပြန်တက်နွေးနွေးထွေးထွေးလေး ၀တ်ပြီး ဆိုင်ပြန်လာတယ်။ ဆိုင်မှာက စက်ကနှစ်လုံးပဲ ဆင် ထားတာရှိတော့တယ်။ လုသုံးရတယ်း) ပြီးတော့ ထမင်းသွားစားတယ်။ ပြန်ရောက်တော့ ဒီအကြောင်းလေး ရေးချင်တာနဲ့ ထိုင် ရေးဖြစ်တယ်။ နာရီကြည့်တော့ 10 နာရီခွဲပြီ။ ကဲ ကျွန်တော့်အကြောင်းဖတ်ရတာလဲ ပျင်းရောပေါ့။ နားတော့မယ်နော်.
( သြော် ဒါနဲ့ နောက်ရက်တွေ ကျွန်တော်အွန်လိုင်းပေါ် အလာကြဲမယ်နော်. မျှော်နေမယ့်သူတွေ ကျေးဇူး )
စာဖတ်သူတို့အား အစဉ်လေးစားလျှက်.

မျှော်လင့်သူ
Related Posts with Thumbnails