Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, February 28, 2010

အတိတ်ကို ဖော်ကြူးသော ပုံရိပ်များ



ဓာတ်ပုံထဲက ကောင်လေးသုံးယောက်ထဲက ၀ဲအစွန်မှာရပ်နေတဲ့ ကောင်လေးချောချောလေးကတော့ ကျွန်တော်စာရေးသူပဲဖြစ်ပါတယ် ။ လွန်ခဲ့သောနှစ် 2009 ခုနှစ် 6 လပိုင်းလောက်က ဘော်ဒါသုံးယောက် ခရီးသွားရင်းနဲ့ ရိုက်ထားတဲ့ပုံလေးပါ။ မိုးတွေကလဲ ရွာ လိုက်တာ ညို့မှိုင်းလို့ စဲကိုမစဲဘူး။ ညို့မှိုင်းနေတဲ့ နောက်ခံမိုးသားနဲ့ ပင်ပန်းနေတဲ့ ကျွန်တော်တို့ ခရီးသွားလေးများရဲ့ ပုံကလေးဟာ ဖြင့် အတိတ်ကို ပြန်သတိရလွမ်းမောစေတဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Bad Gateway


The following error occurred:

[code=DNS_HOST_NOT_FOUND] The host name was not found during the DNS lookup. Contact your system administrator if the problem is not found by retrying the URL.
Please contact the administrator.

မည်သည့် ချို့ယွင်းချက်ကြောင့်မသိ ကျွန်တော် Blog အားဖွင့်လိုက်တိုင်း ဤသို့ပေါ်နေခဲ့သည်။ သုံးလေးငါးခါလောက် Reload ပြန် လုပ်မှ တက်လာသည်။ တက်လာသော်လည်း မပြည့်မစုံနှင့်ပင် Reload ရပ်သွားတက်သည်။ နောက်ပြီး အခြားအခြားသော ပြဿနာများလဲ ရှိလာသဖြင့် မူရင်းလင့်ခ် ဖြစ်သော www.anyarthar88.blogspot.com သို့ ပြောင်းရွှေ့ထားပါသည်။

သို့ပါသောကြောင့် မြန်မာပြည်မှ စာဖတ်ပရိသတ်များအနေဖြင့် အောက်ပါအတိုင်းဆောင်ရွက်ပေးပါရန်.
1. Mozilla Firefox မှ Tools ကိုသွားပါ။
2. Tools မှ Options ကိုသွားပါ။
3. Options Dilog box ကျလာလိမ့်မည်။ ထို့မှ Advanced ကိုသွားပါ။
4. ထို့နောက် Network ကိုသွား ။ Setting ကိုသွားပါ။
5. Manual Proxy Configuration ကို Select ပေးပါ။ Box များထဲတွင် အောက်ပါဂဏန်းများ ရိုက်ထည့် ပါ။
HTTP proxy: 212.93.193.88
Port : 443

ပြီးလျှင် အားလုံးကို Ok ပေးလိုက်ပါ။ ဤသို့ဖြင့် အဆင်ပြေစွာ ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ထိုသို့မှ အဆင်မပြေ မှုများရှိခဲ့ပါက အောက်ပါ Gmail လိပ်စာများအား အမြန်ဆုံးဆက်သွယ် အကြောင်းကြားနိုင်ပါသည် ခင်ဗျာ။
Contact Mail – anyarthar88@gmail.com , anyarthar88.blogspot@gmail.com

စာဖတ်သူတို့အား အစဉ်လေးစားလျှက်…
မျှော်လင့်သူ

Saturday, February 27, 2010

အဆင်မပြေမှုများရှိပါက အမြန်ဆုံးအကြောင်းကြားရန်


မင်္ဂလာပါ စာဖတ်သူပရိသတ်များခင်ဗျာ.

မျှော်လင့်သူကလောင်နာမည်ဖြင့် ရေးသားခဲ့သော www.anyarthar88.blogspot.com လိပ်စာအား အခုအ ခါမှာ www.anyarthar88.myanmarbloggers.org သို့ ပြောင်းလဲလိုက်ပြီ ဖြစ်ပါသည်။ ထို့သို့ပြောင်းလဲ ရခြင်း မှာလဲ အဝေးရောက် မြန်မာများမှာ လွယ်လင့်တကူ ဖတ်ရှုရနိုင်သော်လည်း မြန်မာပြည်နှင့် အချို့ပြည်ပမှ စာ ဖတ်ပရိသတ်တို့ အတွက် ဖွင့်ရန်အဆင်မပြေခဲ့ချေ။ တကယ်ဝါသနာကြီးသူများသာ ကျော်ခွပြီး ဖတ်ရှုနိုင်ခဲ့ကြ သည်။ အခုအခါ Myanmarbloggers Team မှ Subdomain များ ချပေးလျှက်ရှိရာမှာတော့ စာရေးသူ ကျွန် တော်လဲ Subdomain တစ်ခုလျှောက်ထားပြီး Freedomain မှ Customdomain သို့ ပြောင်းလဲခဲ့ပြီဖြစ်ပါသည်။

ထို့သို့ပြောင်းလဲလိုက်သည့်အတွက် မြန်မာပြည်မှ စာဖတ်သူများအနေဖြင့် Address Bar တွင် လိပ်စာအား ရိုက်ထည့်ပြီး Enter ခေါက်လိုက်ရုံ လွယ်လင့်တကူဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ သို့ပါသော်လဲ အရင် blogspot ဖြင့် တင်ထားသော Post များရှိ ပုံများမှာ blogspot ဖြင့် upload လုပ်ထားသဖြင့် ပေါ်မည်မဟုတ်ပေ။ ထိုမပေါ် သည့် ပုံများအား ရက်အနည်းအတွင်းတွင် အခြား uploader တစ်ခုဖြင့် upload လုပ်ပြီး ပြောင်းလဲပေးသွား မည်ဖြစ်ပါသည်။ ထိုအခါ ပုံမှန်အတိုင်း ပြန်လည်မြင်နိုင်မည်ဖြစ်သည်။

အခုရက်ပိုင်းအတွင်း မြန်မာပြည်နှင့် အချို့ပြည်ပနိုင်ငံများမှ စာဖတ်သူများအနေဖြင့် ဆိုဒ်တွင် ပုံများမပေါ်ခြင်း၊ အခြားအကြောင်းရာများ ရှိနေခဲ့ပါက ပိုမှန်ရှင်းလင်းစွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။

1. Mozilla Firefox မှ Tools ကိုသွားပါ။
2. Tools မှ Options ကိုသွားပါ။
3. Options Dilog box ကျလာလိမ့်မည်။ ထို့မှ Advanced ကိုသွားပါ။
4. ထို့နောက် Network ကိုသွား ။ Setting ကိုသွားပါ။
5. Manual Proxy Configuration ကို Select ပေးပါ။ Box များထဲတွင် အောက်ပါဂဏန်းများ ရိုက်ထည့် ပါ။
HTTP proxy: 212.93.193.88
Port : 443

ပြီးလျှင် အားလုံးကို Ok ပေးလိုက်ပါ။ ဤသို့ဖြင့် အဆင်ပြေစွာ ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ထိုသို့မှ အဆင်မပြေ မှုများရှိခဲ့ပါက အောက်ပါ Gmail လိပ်စာများအား အမြန်ဆုံးဆက်သွယ် အကြောင်းကြားနိုင်ပါသည် ခင်ဗျာ။
Contact Mail – anyarthar88@gmail.com , anyarthar88.blogspot@gmail.com

စာဖတ်သူတို့အား အစဉ်လေးစားလျှက်…
မျှော်လင့်သူ

Funny Pic ( FWD mail )




















Thanks ;

Thursday, February 25, 2010

ဘီယာခွက်ထဲပိုးကောင်ကလေးကျလိုက်ရုံပါ..


ဘီယာခွက်ထဲပိုးကောင်ကလေးကျလိုက်ရုံပါ..
ဘီယာမတ်ခွက်ထဲ ပိုးကောင်တစ်ကောင်ကျသွားတယ်။
အမေရိကန် - ပိုးကောင်ကိုထုတ်ပစ်လိုက်ပြီး ဘီယာကိုသောက်လိုက်တယ်။
တရုတ် - ပိုးကောင်ကိုစားလိုက်ပြီး ဘီယာကိုလွှတ်ပစ်လိုက်တယ်။
ဂျပန် - ဘီယာကို အမေရိကားကိုရောင်းတယ်။ ပိုးကောင်းကို တရုတ်ကိုရောင်းတယ်။ ပြီးတော့ရတဲ့ ပိုက်ဆံနဲ့ ဘီယာတခွက် အသစ်ထပ် ၀ယ်တယ်။
ပါကစ္စတန် - ဘီယာခွက်ထဲ ပိုးကောင်ကို ထည့်တယ်ဆိုပြီး အိန္ဒိယကို စွပ်စွဲတယ်။ အဲဒီကိစ္စကို ကက်ရှ်မီးယားပြဿနာနဲ့ ဆက်စပ်ပြစ် လိုက်တယ်။ တရုတ်ဆီက စစ်ရေးအကူတောင်းတယ်။ ဘီယာတစ်ခွက်ထပ်ဝယ်ဖို့ အမေရိကန်ဆီက ငွေချေးတယ်။
ွှအိန္ဒိယ - ခွက်ထဲပိုးကောင် ၀င်နိုင်အောင် အကူညီပေးတယ်ဆိုပြီး ပါကစ္စတန်ကို စွပ်စွဲတယ်။ ပြီးတော့ ပိုးကောင်ဟာ အက်အက်ဂျီကွန်မန်ဒို တစ်ယောက်ဖြစ်တယ်လို့ ပြောပြီး ခွက်ရဲ့တစ်လက်မချင်အလိုက်၊ ဘီယာတစ်စက်ချင်းအလိုက် ခုခံတွန်းလှန်ပစ်မယ်လို့ ကြုံးဝါးတယ်။ ပြီး တော့ပါကစ္စတန်ကို အကြမ်းဖက်နိုင်ငံအဖြစ်ကြေညာသင့်တယ်လို့ အမေရိကန်ကိုတောင်းဆိုတယ်။

.........................................................................................................................................................

ပါဝါဘယ်သူကြီးလဲ..
ဆိုဗီယက်ယူနီယံမှာ ဆရာမတစ်ယောက်က အလုပ်ရဲ့အရေးကြီးပုံကို သင်ကြားနေပါတယ်။
ဆရာမ - ဗယ်ဒီမီယာရေ။ မင်းအဖေက ဘာအလုပ်လုပ်သလဲ။
ဗယ်ဒီမီယာ - ဆရာဝန်အလုပ်လုပ်ပါတယ် ဆရာမ။
ဆရာမ - သိပ်ကောင်းတာပေါ့။ မင်းထိုင်ခုံနေရာကနေ ဒီရှေ့ဆုံးတန်းကို ပြောင်းထိုင်လေကွယ်။
ကလေးငယ်က ရှေ့ဆုံးတန်းကို လာပြောင်းထိုင်တယ်။ဆရာမက ဆက်ပြောတယ်။
ဆရာမ - ဘောရစ်ရေ။ သားအဖေကရော ။
ဘောရစ် - အဖေက တက္ကသိုလ်က ပါမောက္ခပါ ဆရာမ။
ဆရာမ - သိပ်တော်တယ်။ လာခဲ့ကွယ်။ ဗယ်ဒီမီယာ့ဘေးမှာ လာထိုင်။
ဆရာမက ဆာဂျီဆိုတဲ့ ကလေးကို ဆက်မေးတယ်။
ဆရာမ - ဆာဂျီ့အဖေကရော ဘာလုပ်သလဲ။
ဆာဂျီ - အဖေက ကေဂျီဘီက စုံစမ်းဖော်ထုတ်ရေးဌာနမှာ လုပ်ပါတယ်။
ဆရာမ - အိုး.... ကောင်းပါတယ်။ ဗယ်လ်ဒီမီယာနဲ့ ဘောရစ်တို့ရေ။ မင်းတို့နေရာကို ဆာဂျီ့ကိုပေးလိုက်ပြီး မင်းတို့ အရင်နေရာမှာ ပြန် ထိုင်ပေးပါလားကွယ်။

Wednesday, February 24, 2010

အမျိုးသားများသာ ဖတ်ရှုရန်


စိုထိုင်းထိုင်းအိပ်မက်များနှင့် အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ရင်ခုန်သံ

ညဘက် အိပ်ပျော်နေစဉ်အတွင်း သုက်လွှတ်မိခြင်း နဲ့ ပတ်သက်လို့ ပရိသတ်တစ်ယောက်က ကွန်မန့်တွေမှာ တစ်မျိုး၊ မေးလ်နဲ့တစ်ဖုံ မေးမြန်းခဲ့ပါတယ်။ ကျွန်တော်လဲ အကြောင်းကြောင်းကြောင့် ပြန်လည်ဖြေကြားဖို့ နှောင့်နှေးခဲ့ရတာ တောင်းပန်ပါတယ်။ အခုတော့ မေးမြန်းသူသာမက ပရိသတ်များအားလုံးပါ ဗဟုသုတ ရစေဖို့ စုစည်းတင်ပြပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကို အင်္ဂလိပ်လို nocturnal emission (ညဖက်သုက်လွှတ်ခြင်း) သို့မဟုတ် wet dreams (အိပ်မက်အစိုများ) လို့ ခေါ်ပါတယ်။ ဖြစ်ရတဲ့ ယေဘုယျ အကြောင်းတရားတွေကတော့ ဆန့်ကျင်ဖက်လိင်နဲ့ သာယာထိတွေ့ရတယ်လို့ မက်တဲ့ အိပ်မက်တွေကြောင့်၊ လိင်အင်္ဂါကို မွေ့ရာ၊ စောင်၊ ခေါင်းအုံး စတဲ့ အရာတွေနဲ့ လှုံ့ဆော်မိသလို ဖြစ်သွားစေလို့ ၊ ဒါမှမဟုတ် တချိန်က ကြုံတွေ့ခံစားခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံ ခံစားမှုတွေကို ဦးနှောက်ထဲမှာ ပြန်လည်ပေါ်ပေါက်လာလို့ ဖြစ်တတ်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလိုတွေကြောင့် မဟုတ်ဘဲနဲ့လဲ ဖြစ်တတ်ပါတယ်လို့လဲ တွေ့ရှိထားရပါတယ်။ (ဒါမျိုးကတော့ အထူးသဖြင့် လူပျိုပေါက်အရွယ် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးအရပ်ရှည်ထွက်ချိန်မှာ ဖြစ်တတ်ပါတယ်)
သုတေသန ပြုလုပ်ထားချက်များအရ ဒါဟာ တစ်ကိုယ်ရည် အာသာဖြေခြင်း အကြိမ်အရေအတွက်နဲ့ မသက်ဆိုင်ဘူးလို့လဲ သိရပါတယ်။ အရွယ်ရောက်လာချိန်မှာ မျိုးပွားဟော်မုန်းတွေ များပြားလာလို့ ဖြစ်ရတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယောက်ျားလေးတွေမှာ အဲန်ဒရိုဂျင်နဲ့ တက်စတိုစတီရုန်း ဖြစ်ပါတယ်။ (ဒီဖြစ်စဉ်က မိန်းကလေးတွေမှာလဲ ဖြစ်တတ်ပါတယ်လို့ သိရပါတယ်။ ယောက်ျားလေးတွေမှာတော့ ပိုများတယ်လို့ သိရပါတယ်)။ ဒါတွေအပြင် အရွယ်ရောက်ပြီး နောက်ပိုင်းမှာလဲ ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်တဲ့ သဘာဝလဲ ရှိပါတယ်။

ဒီဖြစ်စဉ်ရဲ့ အကြိမ်အရေအတွက်ဟာလဲ လူတစ်ယောက်နဲ့ တစ်ယောက် လုံးဝကွဲပြားခြားနားပါတယ်။ တစ်ချို့က အကြိမ်ပေါင်းများစွာ ခံစားရပေမယ့် တစ်ချို့ကတော့ ဘ၀မှာ တစ်ကြိမ်တစ်ခါတောင် မကြုံဖူးဘူးလို့ သိရပါတယ်။ ဗဟုသုတအနေနဲ့ ပြောပြရရင် အင်ဒိုနီးရှားနိုင်ငံသားတွေက ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးလို့ သိရပါတယ်။ သူတို့ဟာ အသက်၂၄ နှစ်အရောက်မှာ ယောက်ျားထုတစ်ရပ်လုံးရဲ့ ၉၇ ရာခိုင်နှုန်းက ဒီဖြစ်စဉ်ကို ခံစားဖူးကြပြီလို့ သိရပါတယ်။ ဖြစ်တဲ့ အကြိမ်အရေအတွက်လဲ တခြားဒေသကလူတွေထက်စာရင် ပိုစိပ်ပါတယ်တဲ့။

ကမ္ဘာသိ လိင်ပိုင်းဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ Alfred Kinsey က “ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ အိပ်မက်စိုတွေနဲ့ အနည်းငယ်ဆက်စပ်မှုတော့ ရှိပါတယ်။ အာသာမဖြေသူတွေဟာ အိပ်မက်စိုတွေ ပိုမက်တတ်ကြတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါဟာ ဖြစ်နိုင်ပါတယ်။ အိပ်မက်စိုတွေက အာသာဖြေဖျောက်ပြီးသွားတဲ့ သူတွေမှာ မမက်တော့ဘဲ အာသာပိုလျှံနေမှ မက်တတ်တဲ့ သဘောလို့ ယူဆလို့လဲ ရပါတယ်။ ဒါပေမယ့် အာသာမဖြေကြတဲ့ အကြောင်းရင်းက အိပ်မက်စိုတွေ မက်လွန်းလို့လဲ ဖြစ်နိုင်တယ်ဆိုတာတော့ ထည့်စဉ်းစားရမှာပေါ့ဗျာ” ဟု ဟာသနှော၍ ပြောပြသွားပါတယ်။

အိပ်မက်စိုတွေ မက်စေတဲ့ အကြောင်းတရားတွေထဲမှာ ထင်ရှားတဲ့ အကြောင်းတစ်ခုက တက်စတိုစတီရုန်း နဲ့ သဘာဝချင်းတူတဲ့ ဆေးဝါးတွေ မှီဝဲထားရင်လဲ ဖြစ်တတ်ပါတယ်တဲ့။ ၁၉၉၈ ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ အိပ်ပျော်နေစဉ်အချိန်တွေထဲမှာမှ REM (Rapid Eye Movement) လို့ခေါ်တဲ့ မျက်လုံးတွေ လှုပ်နေတဲ့ အချိန်မှာ ဖြစ်ရတာ ဖြစ်ပါတယ်။ REM အိပ်ချိန်အတွင်းမှာ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းတွေ ပုံမှန်မဟုတ်လို့ ခန္ဓာကိုယ်ရဲ့ အလိုအလျာက်ထိန်းအာရုံကြောအဖွဲ့အစည်း (Autonomic Nervous System) က နိုးကြားလာပြီး အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း တွေကို လိုက်ထိန်းရာကနေ လိင်အင်္ဂါတွေဆီကို ခံစားမှုတွေ အရည်ထုတ်ဂလင်းတွေကို အားပေးရာရောက်သွားလို့ အခုလို ဖြစ်ရတာလို့ တွေ့ရှိထားကြပါတယ်။ သုက်ရည်တွေ ပိုလျှံနေလို့၊ လိင်စိတ်ကို ပိုလျှံမလာစေအောင် သဘာဝက ထုတ်ပစ်လိုက်တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ပညာရှင်အများစုက ယူဆထားကြပါတယ်။ ဒါပေမယ့် ဒီယူဆချက်နဲ့ မကိုက်ညီကြတဲ့ အချက်တွေလဲ ရှိနေပါသေးတယ်။

မည်သို့ပင် ဆိုစေကာမူ ဤကိစ္စသည် နေ့စဉ်ရက်ဆက် မဟုတ်ပါက ထူးထူးခြားခြား ပင်ပန်းနွမ်းနယ် အားကုန်စေမည်မဟုတ်ဘဲ တခြား မည်သည့်ရောဂါအတွက်မှ စိုးရိမ်စရာမရှိ၊ ဆေးကုရန်မလိုသော ကိစ္စသာ ဖြစ်ကြောင်း တင်ပြပေးလိုက်ပါတယ်။
အကယ်၍ နေ့စဉ်ရက်ဆက်ဆိုရင် အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းတွေ နည်းကုန်ပြီး အလုပ်လုပ်နိုင်စွမ်းတွေ စိတ်အင်အားတွေ နည်းလာတတ်လို့ ကျွန်တော်ဟိုတစ်ခါရေးတင်တဲ့ ကျန်းမာရွှင်လန်းအောင်မြင်လိုသော အမျိုးသားများ အတွက် ဆိုတဲ့ ဆောင်းပါးကအတိုင်း နေထိုင်စားသောက်ခြင်းဖြင့် ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။

Source : သီဟ - ဆေး ၂ ( Mutdfan )
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Tuesday, February 23, 2010

မီးဘေးကယ်ဆယ်ရေး နှင့် အလှူ Data


2010 ခုနှစ် ဖေဖော်ဝါရီလ 21 ရက်နေ့ ညနေ 5 နာရီအချိန်မှာ မကွေးမြို့နယ် ကံသာကြီးကျေးရွာမှာ မီးလောင်မှုဖြစ်သွားခဲ့ပါတယ်။ ဒီအ တွက်ကြောင့်ပဲ ကျွန်တော်တို့ ခရီးသွားမည့် အစီစဉ်ကို ပယ်ဖျက်ပြီး မီးဘေးတွင် တပ်အားသမျှ ကူညီရန် 22 ရက်နေ့မှာ ပြင်ဆင်ခဲ့ပါတယ်။ 21 ရက်နေ့ လောင်တဲ့ညတွင် မြို့ပေါ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ ရပ်မိရပ်ဖများ မိဘပြည်သူများအနေဖြင့် အားချင်းပင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ ညတွင်းချင်းပင် မြို့ပေါ်ရပ်ကွပ်များ လှည့်လည်ကာ မီးဘေးသင့် ကံသာကြီးကျေးရွာအား ကယ်ဆယ် ရေးအတွက် နိုးဆော်ခဲ့ပါတယ်။

22 ရက်နေ့ တနလာင်္နေ့မနက်မှာ ကျွန်တော်တို့ ပုံမှန်အတိုင်း ဘုရားကြီးသန့်ရှင်းရေး သွားရောက်ခဲ့ကြပါတယ်။ ဘုရားကြီးက ပြန်ဆင်းလာ ပြီးတဲ့နောက် မနက်စာစားဖို့ ဆိုင်မှာထိုင်ကြပြီး မီးဘေးအတွက်ကူညီရေး အစီစဉ်များ ပြောကြားကာ အသင်းသားများထံမှ အလှူငွေများ ကောက်ခံခဲ့ပါတယ်။ ပြီးနောက်လမ်းခွဲပြီး မီးဘေးအတွက် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ကြပါတယ်။ ကျွန်တော်လဲ အိမ်ပြန်ပြီး မီးဘေးအ တွက် လိုအပ်သော အ၀တ်အထည်များအား အိမ်နီးနားချင်းများ ၊ သူငယ်ချင်းများထံ အလှုခံခဲ့ပါတယ်။ ဖေဖေဆုံးပြီး နောက်ပိုင်း ၀တ်မဲ့သူ မရှိတဲ့ ဖေဖေအ၀တ်စားများကိုလဲ အမှတ်တရလောက်ပဲချန်ကာ မေမေခွင့်ပြုချက်ဖြင့် လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။

ပြီးတဲ့နောက် နံနက် 11 နာရီခွဲလောက်မှာ ချိန်ထားတဲ့ နေရာမှာ အသင်းသားတွေ စုစည်းခဲ့ကြပါတယ်။ လှူဒါန်းဖွယ် ပစ္စည်းတွေကို အား လုံးတက်ညီ လက်ညီ ပြင်ဆင်ကြတယ်။ ပြီးနောက် နေ့လည် 1 နာရီကျော်လောက်မှာ ကျွန်တော်တို့ အသင်းသားတွေအားလုံးဟာ မကွေးမြို့မှ မီးဘေးသင့် ကံသာကြီးကျေးရွာသို့ လှူဖွယ်ပစ္စည်းများနှင့် ထွက်ခွာခဲ့ကြပါတယ်။ ကျွန်တော်တို့ လှူဒါန်းမယ့် ပစ္စည်းတွေက တော့ ဆန် 175 ပြည်၊ အ၀တ်အထည်စုစုပေါင်း အထည် 800 ကျော်၊ အသင့်စား ပဲခြမ်းလ္ဘက်ထုပ် 50 နှင့် ငွေသား 4000 တို့ဖြစ်ပါတယ်။

အခုလို လှူဒါန်းဖွယ်ရာများမှာ ကျွန်တော်တို့ အသင်းလူငယ်တွေပဲစုပြီး တပ်အားသမျှ လှူဒါန်းခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ အရင်ဆုံး မကွေး - မန္တလေးကားလမ်းနံဘေးမှာ ဖွင့်ထားတဲ့ ကံသားကြီး စာသင်ကျောင်းထဲက ကယ်ဆယ်စခန်းကို ၀င်ရောက်ခဲ့ပါတယ်။ ၀င်လိုက် ပြီဆိုရင်ပဲ ကြက်သီးထလောက်အောင် မြင်တွေ့ရပါတယ်။ ရွာသူရွာသားများရဲ့ မျက်နှာများမှာ အလွန်ကို ညှိုးနွမ်းနေကြပါတယ်။

ကယ်ဆယ်ရေးစခန်းမှာ ကားကိုရပ်ပြီး ကားပေါ်မှာတင်ထားတဲ့ ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများကို စာရင်းနှင့် အပ်နှံခဲ့ပါတယ်။ မီးလောင်ပြင် ရွာတည်ရှိသောနေရာတောင် မရောက်သေး အတော်ပင်စိတ်မကောင်းဖြစ်နေခဲ့ရသည်။ ထို့နောက် ကျွန် တော်တို့ အသင်းသားတွေအားလုံး စီးလာသော ဆိုင်ကယ်များအား စခန်းမှာ ရပ်ခဲ့ပြီး ပစ္စည်းများချထားသော ဂျစ်ကားနှင့် ရွာဘက်ထွက် ခဲ့သည်။ သိပ်မဝေးလှရွာနှင့် ၊ အနည်းငယ်သာ လှမ်းတော့သည်။

ရွာထဲရောက်တော့ အံ့သြသင့်ဖွယ် ။ ရွာကြီးတစ်ရွာဖြစ်သော ကံသာကြီးကျေးရွာမှာ အခုတော့ ဘောလုံးကွင်း တည်ဆောင်ဖို့ မြေထိုးစက် နဲ့ထိုးထားတဲ့ လွင်ပြင်ကြီးတစ်ခုနှယ် ။ မီးအားပြင်းသည် မပြင်းသည်တော့ မပြောလို့ ။ မီးကျွမ်းနေပြီး ထောင်နေသောတိုင် တစ်ချောင်း တစ်လေတောင် မတွေ့ရ ။ ပြာအတိနှယ် ။ စပါးကျီတို့ ဘာတို့မှာ မီးအရှိန်မသေသေး ။ တငွေ့ငွေ့လှောင်ကျွမ်းတုန်းပင်။

မီးလောင်ပြင်မှာ မည်သူမှမရှိ ။ အိမ်ရှင်များအား သက်ဆိုင်ရာက လူကြီးများနှင့် တွေ့ဆုံဖို့ ကယ်ဆယ်ရေးစခန်းထဲမှာ စုနေကြခြင်းပင်ဖြစ် သည်။ မီးလောင်ပြင်တွင် ကျွန်တော်တို့ အဖွဲ့နှင့် လုံခြုံရေး ရဲတပ်ဖွဲ့အချို့၊ မီးသတ်အချို့သာရှိသည်။ ပုံမှန်ဆိုရင် ၀င်ခွင့်မရှိသော်လဲ ကျွန် တော်တို့ ချောမောစွာ ၀င်ခွင့်ရခဲ့သည်။ လူငယ်တွေပီပီ ၀င်ရောက်စူးစမ်းသည့် အနေနှင့် ဟိုဝင်ကြည့် ဒီဝင်ကြည့် ဟိုလျှောက်ကိုင် လုပ်နေ ကြသည်။ သိပ်မကြာပင် ကျွန်တော်တို့နားကို နှစ်ပွင့်နဲ့ ရဲတွေရောက်လာပြီး မေမြန်းသည်။ စိတ်မပူပါနဲ့ အစ်ကို ကျွန်တော်တို့ ဒီကိုရောက် လာတာ မီးဘေးကယ်ဆယ်ရေးနဲ့ နောက်ပြီး အလှူရှင်တွေပါ။ အဖြစ်ပျက်ကို ၀င်ကြည့်ရုံလောက်ပါ။ လို့ ကျွန်တော်ပြောလိုက်တယ်။ တာ ၀န်ကျ အရာရှိငယ်များကလဲ ဖော်ရွေစွာနဲ့ပင် ပြန်လည်ပြောဆိုခဲ့ကြပါသည်။

နေ့လည် 3 နာရီကျော်ကျော်လောက်မှဖြင့် ကျွန်တော်တို့ အဖွဲ့ဝင်တွေအားလုံးဟာ မီးဘေးသင့် ကံသာကြီးကျေးရွာမှ ပြန်လည်ထွက်ခွာ ခဲ့ကြပါသည်။ မပြန်ခင် သူငယ်ချင်းကနောက်သေးသည်။ ကဲအားလုံးပဲ ပြန်ရအောင်ဟေ့ မဟုတ်ရင် ငါတို့နောက် လိုက်နေတဲ့ ရဲတပ်ဖွဲ့ တပ်ခွဲ တစ်ခွဲလောက်ဖြစ်သွားမယ်တဲ့။ ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ သူတို့လဲ တာဝန်အရ ထမ်းဆောင်နေခြင်းဆိုတာ ကျွန်တော်နားလည် မိပါတယ်။ မီးလောင်ပြင်မှကို မည်သူမှမထိရသေး။ ခဏအကြာမှ အိမ်ရှင်များကို ကောက်လို့ရမယ့် ပစ္စည်းများ ကောက်ခွင့်ပေးမည် ဖြစ် သည်။ ထိုသို့အချိန်မှာ ကျွန်တော်တို့ အပြင်လူတွေပေးဝင်တာတင် တော်တော်လေးအခွင့်ရနေပြီဖြစ်သည်။

စိတ်မကောင်းခြင်း ဖြစ်ရသော်လည်း တက်အားသမျှ လှူဒါန်းခြင်းမှလွဲပြီး မတက်နိုင်ဖြစ်ခဲ့သည်။ မီးမည်သည့်မှ စ၍ လောင်သည်ကိုလဲ သေချာ ဂဂနနမသိခဲ့ရပေ။ မီးဘေးသင့် ကံသာကြီးနှင့် တနလာင်္အသင်း၏ မီးဘေးအလှူတို့ကို ဓာတ်ပုံနှင့်တကွ ဖော်ပြချင်ခဲ့သော်လည်း ဖော်ပြခွင့် မရဖြစ်ခဲ့သည်။ ကယ်ဆယ်ရေးစခန်းရောက်လျှင်ရောက်ခြင်း ဓာတ်ပုံရိုက်ဖြစ်သည်။ နောက် မီးလောင်ပြင်ရောက်တော့ ဓာတ်ပုံ အနည်းငယ်ရိုက်ဖြစ်သည်။ ထိုအချိန်မှာပဲ တာဝန်ကျ အရာရှိနှစ်ယောက်ရောက်လာပြီး အစ်ကို ဘယ်အဖွဲ့စည်းကလဲတဲ့ ။ ဟာ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ အလှူရှင်တွေပါ။ အော် ဒါတို့ရင် ကျွန်တော်တို့နဲ့ စခန်းခနလိုက်ခဲ့ပေးပါနော်။ ဘာလို့ ။ ဒီနေရာမှာ ဓာတ်ပုံရိုက်ခြင်း တားမြစ်ထားပါတယ်။ သြော် ဟုတ်ပြီလေ ကျွန်တော်လိုက်ခဲ့ပါမယ်။ စိတ်မရှိပါနဲ့ ကျွန်တော်တို့ တာဝန်အရမလို့ပါ။ နားလည်ပါတယ် အစ် ကို။ ထို့နောက် ရဲနောက်နှစ်ယောက် ကားပေါ်တင်ပြီး ကျွန်တော် ကယ်ဆယ်ရေးစခန်းဘက်ကို ထွက်လာခဲ့သည်။

ကယ်ဆယ်ရေးစခန်းရောက်တော့ အရာရှိကြီးနှင့် တွေ့ပေးသည်။ ကျွန်တော်အကြောင်းစုံရှင်းပြလိုက်သည်။ ဒီဓာတ်ပုံရိုက်ရတာဟာ ဘယ်အတွက်မှ မဟုတ်ကြောင်း၊ ကျွန်တော်တို့အသင်းလေး အလှူကို မှတ်တမ်းတင်ချင်တာပါ။ ဒါနဲ့သူက ဒီမှာ ဓာတ်ပုံရိုက်ခွင့်မရှိ ကြောင်း ပြန်ဖျက်စေလိုကြောင်း ပြောတာနဲ့ ရှိသမျှပုံလေးတွေ အကုန်ဖျက်ပေးလိုက်ရပါတယ်။ ပြန်တော့လမ်းမှာ ဘော်ဒါတွေက ပြောပါ တယ်။ မင်းပုံစံက သတင်းထောက်နဲ့တူတယ်တဲ့ အဲဒါကြောင့် မင်းကိုခေါ်စစ်တယ်ဖြစ်လိမ့်မယ်တဲ့ ။ ဘာလို့လဲဟ။ မင်းပုံစံကြည့်လေကွာ ဖိနပ်က Shoe ။ ဘောင်းဘီက ပြောက်ကျားအရှုံ့၊ အပေါ်က ကုတ်အကျီ ။ လည်ပင်းမှာပါ ဆွဲထားသေးတယ်။ နောက်က ကျောပိုးအိပ်မှာ ကတိုးလို့တွဲလောင်းတွေပါသေးတယ်။ (ရေဘူးတို့ဘာတို့အစုံပဲ) မျက်နှာမှာက နှာခေါင်းစည်းတွေကော လက်ထဲမှာလဲ ဖုန်းတစ်လုံးနဲ့ ရိုက်နေတာကိုတဲ့ ။ သြော် ငါ တကယ်ပဲသတင်းထောက်နဲ့တူသွားတာလား မဟုတ်ရပါဘူး အရပ်ကတို့ရေ.။

ဒီသတင်းလေးကို ပြန်ရောက်တဲ့ ညနေခင်းလေးမှာပဲ တင်ချင်ပေမယ့် အရမ်းပင်ပန်းတာကြောင့် စောစီးစွာ အိပ်ရာဝင်ခဲ့ပါတယ်။ မနက် ရောက်ပြန်တော့ မေမေနှင့် ဘဏ်လိုက်သွားလိုက်တာ နေ့တ၀က်ကျိုး။ မနက်စာကိုတောင် စားတာနောက်ကျနေပြီ။ ဒါတောင်အပြေး လွား ကိုယ့်ကိုစောင့်နေတဲ့သူရှိလို့ ။ သူငယ်ချင်းရဲ့အဖေရောက်လာတယ်။ ကျွန်တော်ဟိုတစ်နေ့က Stick နဲ့ထည့်ပေးလိုက်တဲ့ အလှူ Data တွေအားလုံး ဖွင့်မရကြောင်း ။ လာပြောတယ်။ ကျွန်တော်လဲ ခေါင်းနပမ်းကြီးသွားသည်။ ဒါနဲ့ဖွင့်ကြည့်လိုက်တော့ အားလုံး Error တက် နေတယ်။ ဘယ်လိုမှဖွင့်မရတော့ ။ ကျွန်တော်မှာ Backup File လဲမရှိ သေချာတာတစ်ခုကတော့ နေကုန်ပြန်လုပ်ရတော့မည် ။ မနည်း သော Data ပါ။ ဒါနဲ့ပဲ မလျှော့သော ဇွဲနဲ့ လုပ်ပေးလိုက်တယ်။ ကြာချိန် 4 နာရီပေါ့။ ပြီးလဲပြီးရော ပျိုင်းလဲပျိုင်းရော ။ ဒါနဲ့ အိမ်ပြန်ခဏအိပ် တယ်။ ရေမိုးချိုးပြီးမှ ဆိုင်ဘက်ထွက်လာပြီး ဒီ Post လေးကို တင်လိုက်တာပါ ။ ကဲ ကျွန်တော်ကူညီပေးနေတဲ့ အများကောင်းမှု ကျောင်းအလှူကြီးဟာဆိုရင် လာမယ့် စနေနေ့ 27 ရက်နေ့မှာ ရေစက်ချ လှူဒါန်းတော့မှာ ဖြစ်ပါတယ်။ အားလုံးပဲ သာဓုခေါ်ဆိုနိုင်ပါစေ.

သတင်းထောက်လို့ အထင်ခံရတဲ့ ကျွန်တော် :)
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Saturday, February 20, 2010

ရယ်ရွှင်စရာ ဟာသကမ္ဘာ



နှိုင်းယှဉ်လိုက်ပုံက
ဘောလုံးပွဲ တစ်ခုတွင် ကစားသမား တစ်ဦးမှာ ခြေဆစ်လွဲသည့် ဒဏ်ရာကြောင့် ဆေးရုံတင် လိုက်ရသည်။ ကာယ ကံရှင်ခမျာ ဆေးရုံတွင် နာကျင်လွန်း၍ ငယ်သံပါအောင် အော်ဟစ် နေမှုကြောင့် ၎င်း၏ လွဲသွားသော ခြေဆစ်အား ပြန်လည် တည့်မတ်နေသည့် ဆရာဝန်များနှင့် သူနာပြုများမှာ နားမခံသာ အောင်ဖြစ်ခဲ့ကြသည်။
ဆရာဝန်တစ်ဦးမှ "ဟေ့ကောင် မင်းလို ယောင်္ကျားရင့်မာကြီးကဘာဖြစ်လို့ စွတ်အော်နေရတာလဲ၊ ဘေးအခန်းက ကလေး မီးဖွားနေတဲ့ ကိုယ်ဝန်သည် အမျိုးသမီးတောင် မင်းလောက် မအော်ဘူး" ဟု ပြောဆိုလိုက်သည်။
ထိုအခါ ဒဏ်ရာ နာကျင်မှုကြောင့် မျက်ရည်ဝဲနေသူ အဆိုပါ ကစားသမားက ဆရာ ပြောတာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူနဲ့ ကျွန်တော့် အဖြစ်က မတူပါဘူး။ သူက ကလေးမွေးမှာလေ။ ဘယ်သူကမှ မွေးပြီးသား ကလေးကို ဗိုက်ထဲပြန်ထည့်တာမျိုး မလုပ်ဘူးဗျ" ဟု ပြောဆို လိုက်သည်။


မျောက်မျက်မှန်
မျောက်မျက်မှန်
မျောက်မသည် မျက်မှန်တစ်လက် ဝယ်ပြီး နဖူးပေါ် ချိတ်ထားလိုက်သည်။ အသိများက
၎င်းကိုဝိုင်းပြောကြသည်။
"မျက်မှန်ကို ဘာဖြစ်လို့ နဖူးပေါ် ချိတ်ရတာလဲ။ မျက်မှန်ဆိုတာ ပိုမြင်ရအောင် မျက်စိမှာ
တပ်ရတာမဟုတ်လား။"
"ငါက မျက်စိ ပိုမြင်ဖို့ မဟုတ်ဘူး။ စိတ်ကူးစိတ်သန်း ပိုကောင်းချင်လို့။ ဒါကြောင့် နဖူးပေါ်
တပ်ထားတာဟေ့။"

ခြေထောက်များရင် မကောင်းဘူး
တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။ အာသွက် လျှာသွက် ဖြစ်နေကြသဖြင့် စကားဝိုင်းသည် စိုပြည်လှသည်။အရက်ကုန်သွား
သဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်ကြသည်။ တစ်နာရီ၊ နှစ်နာရီ ကြာသွား သည်။ လိပ် ပေါ်မလာချေ။ တိရစ္ဆာန်များထဲမှ လိပ်ကိုကျိန်ဆဲသံများ ပေါ် ထွက်လာသည်။ မနီးမဝေး ချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာ
ပြောသည်။
“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော် မသွားတော့ဘူးဗျာ"
မတက်နိုင်။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည်။ ငါးနာရီကြာမှကင်းခြေများ ပြန်ရောက်လာသည်။ အားလုံးက ၄င်းကို ဝိုင်းအော်ကြသည်။
“ဟေ့ကောင်။ မင်းသွားတာ ကြာလှချည့်လားကွဟေ”
"အရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲ မသိဘူး။ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလို့"
"ဘာဆိုင်းဘုတ်လဲ"
“ဆိုင်ထဲမဝင်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့”


Source : Myanmar Goal
စာဖတ်သူတို့ ရယ်မောနိုင်ကြပါစေ...
မျှော်လင့်သူ..

Friday, February 19, 2010

ကျွန်တော်လို့ ခေါ်တဲ့ မန္တလေးသူအပျိုချော


န္တလေးသူများ အဘယ်ကြောင့် ကျွန်တော်၊ ကျွန်တော်နှင့် ပြောကြသနည်း။
မင်းတုန်းမင်းကြီး လက်ထက်ကပေါ့ဗျာ။ မင်းတုန်းမင်းကြီး မိန်းမဘယ်လောက်နှစ်သက်လဲ စာဖတ်သူတို့လဲ သိကြမှာပါ ။ မောင်းမမိဿံတွေ ကလဲ လွတ်များသဗျာ။ သားတော်တွေ သမီးတော်တွေကလဲ အရမ်းများဗျာ။

မင်းတုန်းမင်းကြီးက ဒီလိုဗျ။ သူ့ရဲ့ စံနန်းမှာ အနားယူတော်မှုတယ်။ အဲဒီ့အချိန်မှာ သူ့စံနန်းရှေ့က ဖြတ်လျှောက်သွားသံကြားလိုက်ရတယ်။
“ဘယ်သူတုန်းဟ”
“ကျွန်မပါ”
“ အေး ကျွန်မပါဆို ငါ့နန်းဆောင်ထဲဝင်ခဲ့ ”
ဒီလိုနဲ့ နန်းတော်ထဲမှာ တာဝန်ကျတဲ့ အပျိုတော်လေးတွေ ဘုရင့်နန်းတော်ရှေ့က ဖြတ်လျှောက်တိုင်း ဘုရင့်ကို ခစားကြရတယ်။ ကြာတော့ ဗျာ. လူပဲ စက်ရုပ်မှာ မဟုတ်တာ။ ညီးညူလာတာပေါ့။ ဒါကြောင့် အပျိုတော်တွေ စုပြီးတိုင်ပင်ကြတယ်။ ဘုရင့်ကြီးကို ရှောင်ဖို့ပေါ့။

နောက်ဆုံးတော့ အပျိုတော်တသိုက် အကြံရသွားတယ်။ ဒီလိုနဲ့ ဘုရင့်နန်းဆောင်ရှေ့ကနေ ဖြတ်လျှောက်ကြပါတယ်။ ဒီအခါ မင်းတုန်းမင်းကြီးက .......
“ ဟဲ့ ငါ့နန်းဆောင်ရှေ့က ဖြတ်လျှောက်တာ ဘယ်သူတုန်းဟဲ့ ”
“ ကျွန်တော်ပါ ”
“ အေးအေး သွားသွား ”

ဒီလိုနဲ့ မင်းတုန်းမင်းကြီး လက်ထဲက လွတ်ပါလေရော။ နောက်ပိုင်းနန်းတွင်းမှနေ မြို့တော်ထဲထိ ပြန့်နှံ့သွားပါတော့တယ်။

ကျွန်တော်၊ ကျွန်တော်နှင့် ပြောတက်သော မန္တလေးသူချောချောလေးများအား ဂုဏ်ပြုလျှက်။ :P ဒီ Post လေးကို တင်လိုက်တဲ့အတွက် ဖတ်မိသော အမိလေးတို့ ဒေါခွီးမှာ သေချာပါတယ်။ ဟိဟိ . ... တစ်နေ့တာ အလုပ်ကနေပြန်လာပြီး မောပန်းလာသူများ ဒီ Post လေးကို ဖတ်ပြီး ပြုံးရွှင်ဖို့ ရည်ရွယ်ပါတယ်။ ( သက်သက်ညှာညှာတော့ ပြောပေးကြပါနော် အဟိ. )


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Thursday, February 18, 2010

ACADEMIC ( ပညာရှင် )


စ်ခါက သချာင်္ပညာရှင်ကြီး “ ယူကလစ် ” ကို သူ့တပည့်တစ်ယောက်က အခုလိုမေးပါသတဲ့။ “ ဆရာကြီးခင်ဗျာ၊ ဆရာကြီးသင် ပေးတဲ့ ဂဲသြမေတြီပညာဟာ လက်တွေ့မှာ ဘာအသုံးကျမှာလဲ ခင်ဗျား ” ။ “ ယူကလစ် ” က ဒီတပည့်ကို ဘာမှပြန်မပြောပါဘူး။ အစေခံတစ်ယောက်ကို ခေါ်ပြီး အခုလို အမိန့်ပေးလိုက်ပါတယ်။

“ ဒီသူငယ်ကို အသပြာနည်းနည်း မ,စလိုက်ပါကွယ်။ ” “ ယူကလစ် ” လိုလူမျိုးကို ပညာရှင် ( Academic ) လို့ခေါ်ပါသည်။ သူ့တပည့်လို လူမျိုးဟာ “ ပညာရှင် ” မဟုတ်ပါဘူး။ လွန်ရောကျွံရော “ ပညာသည် ” ( Technician ) လို့သာ သတ်မှတ် နိုင်ပါလိမ့်မယ်။

“ ပညာရှင် ”ရဲ့ စိတ်ဓာတ်ဟာ “ အကျိုးစီးပွား ” နဲ့ မယှဉ်ပါဘူး။ ပညာကိုသာ တရှိုက်မက်မက် ရှာဖွေနေလိုသူဖြစ်တယ်။ သူ့ရဲ့ ကိုယ်စိတ်နှလုံးသုံးပါးကို အဆက်မပြတ် လှုံ့ဆော်နေတာဟာ ငွေကြေးမဟုတ်ပါဘူး။ ဂုဏ်ပကာသနလဲ မဟုတ်ပါဘူး။ လုပ်ပိုင်ခွင့် အာဏာလဲ မဟုတ်ပါဘူး။ သူ့အသွေးအသားထဲမှာ ကိန်းဝပ်နေတဲ့ “ ကိုယ်ပိုင်အဟုန် ” သာဖြစ်ပါတယ်။ ဒီအဟုန်က သူ့ကိုမောင်းနေ တယ်။ သူ့ဘ၀ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ ပညာရှာဖို့ပဲ။ ပညာဟာသူ့အတွက် အလုပ်ဖြစ်သလို သူ့ရဲ့ ပျော်ရွှင်မှုလဲ ဖြစ်ပါတယ်။

ဖန်ခွက်တစ်ခွက်ထဲမှာ “ သိခြင်း ” ဆိုတဲ့ အရည်တစ်ခုခုနဲ့ တ၀က်ထိရောက်အောင် ဖြည့်လိုက်ပါ။ ကျန်တ၀က်မှာ မသိခြင်းဆိုတဲ့ လေဟာနယ်ရှိပါလိမ့်မယ်။ ဒီဖန်ခွက်ကို ပညာရှင်တစ်ယောက်လက်ထဲထည့်လိုက်ရင် ဘာတွေဖြစ်လာမလဲ။ ပညာရှင်ရဲ့အာရုံဟာ သိပြီးသားတွေထဲမှာ ကျောက်ချနေမှာမဟုတ်တာ သေချာပါတယ်။ သူ့အတွက် မသိသေးတဲ့အပိုင်းဟာ သိပြီးသားထက် ပိုအရေး ကြီးနေပါလိမ့်မယ်။ “ မသိခြင်း ”ဆိုတဲ့ နယ်မြေသစ်ထဲမှာ တောနင်းရှာဖွေဖို့ပဲ သူအားသန်တယ်။ တခြားဘာကိုမှ စိတ်ဝင်စားလိမ့် မယ်မဟုတ်ဘူး။

“ ပညာရှင် ” ကိုဆင်စွယ်နန်းနဲ့တွဲပြီး ပြောကြတာတွေ ရှိပါတယ်။ လူ့ဘ၀ရဲ့ သာရေး နာရေးတွေကို ဘာမှမထိ၊ မသိဘဲလူတွေနဲ့ ကင်းကွာနေသူပေါ့။ ဆင်စွယ်နန်းပေါ်က ရလာနိုင်စရာရှိတဲ့ ပညာရဲ့တန်ဖိုးကို မှန်းဆသူတေါကတော့ ဒီလိုမြင်ကြမယ် မဟုတ်ပါဘူး။ ပညာရှင်ပျော်ပိုက်နိုင်မယ့် အခြေအနေမျိုးကို ( ဆင်စွယ်နန်းပဲ ဖြစ်စေတော့ ) တမင်ဖန်တီး ပေးတက်ကြပါတယ်။

“ ပညာသည် ပညာအတွက် ” ( Knowledge for the sake of Knowledge ) ဆိုတာပညာရှင်ရဲ့ မကြေညာတဲ့ မူ ၀ါဒလို့ ဆိုနိုင်ပါလိမ့်မယ်။ “ ဘာအတွက် ”၊“ ညာအတွက် ” ဆိုပြီး လက်ရုံးဆန့်တန်းလေ့ ရှိသူများအတွက်ကတော့ ဒီသဘော ကို ဘ၀င်ကျလှမယ် မထင်ဘူး။ ရည်ရွယ်ချက်တွေ၊ ကြွေးကြော်သံတွေထက် လက်တွေ့အကျိုးစီးပွားကို ကြိုမြင်နိုင်စွမ်းသူများက တော့ နားလည်ပေးနိုင်ကြပါလိမ့်မယ်။

စင်စစ်မှာတော့ “ ပညာသည် ပညာအတွက် ”ဆိုတာ ခေါမဒဿနဆရာတွေရဲ့ လုပ်ထုံးလုပ်နည်းပါ။ အထူးသဖြင့် သချာင်္ပညာရှင် တွေ ဖြစ်ပါတယ်။ သိပြီး ပညာတစ်ခုကို အခြေခံပြီး မသိသေးတဲ့ပညာကိုဆက်ရှာ။ သိပြီဆိုတာနဲ့ ဒါကိုအခြေခံပြီး နောက်မသိသေး တာကို ဆက်ရှာ။ သိပြီဆိုတာနဲ့ ဒါကို အခြေခံပြီး မသိသေးတဲ့ ပညာကိုဆက်ရှာ။ ဒီလိုနဲ့ ပညာခရီးသည်ဟာ “ အကြွင်းမဲ့သိခြင်း ” ( Absolute True ) ဆီကိုဦးတည်ပြီး မမောမပန်း ခရိးဆက်နေပါလိမ့်မယ်။ လောကီမှာ “ အကြွင်းမဲ့ ” ဆိုတဲ့ပြည့်စုံမှု မျိုးမရနိုင်လေတော့ ပညာခရီးဟာလဲ ဘယ်တော့မှ မဆုံးနိုင်တော့ဘူးပေါ့။ ဒါကြောင့် ပညာရှင်တွေဟာ အ၀ိဇ္ဇာက ၀ိဇ္ဇာဆီကို မနား တမ်း ခရီးဆက်နေတဲ့ “ စဉ်ဆက်မပြတ် လေ့လာနေကြသူများ ” ( Continual Learners) ဖြစ်ပါတယ်။


Source : အတောင်ပါသော စကားလုံးများ ( ကျော်ဝင်း )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Roll-on & Aluminium Case



လူသုံးအများဆုံး သဘာဝချိုင်းချွေးနံ့ ပျောက်ဆေး (Deodorants) တွမှာ crystal လို့ခေါ်တဲ့ ပုံဆောင်ခဲတွေ ပါပါတယ်။ ဒီပုံဆောင်ခဲတွေက ကျောက်ချဉ်ကနေ ထုတ်ထားတာ ဖြစ်ပါတယ်။ ကျောက်ချဉ်ကို အင်္ဂလိပ်လို alum လို့ခေါ်ပြီး လူသုံးကုန်ပစ္စည်းတွေ အလှကုန်ပစ္စည်းတွေမှာ သုံးတဲ့ ကျောက်ချဉ်ရဲ့ ပုံစံကတော့ ဓာတု အမည်အားဖြင့် ပိုတက်စီယမ် အလျူမီနီယမ် ဆာလဖိတ် (Potassium Aluminium Sulfate) ဖြစ်ပါတယ်။ (ချိုင်းချွေးနံ့ကို ဘက်တီးရီးယားပိုးတွေက ဖြစ်စေတာမို့ သဘာဝပိုးသတ်ဆေးအနေနဲ့ ရိုးအွန် (Roll-on) တွေထဲမှာ ထည့်သုံးတာ ဖြစ်ပါတယ်)

ဒါပေမယ့် မကြာသေးမီ ရက်များက ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက အလျူမီနီယမ်ပါဝင်တဲ့ ရိုးအွန်တွေကို မသုံးဖို့ ပြောကြားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အလျူမီနီယမ်လွန်ကဲခြင်း ဟာ အယ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထား ခိုင်မာစွာ တွေ့ရှိရလို့ပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ၁၉၈၈ ခုနှစ်တုန်းက အလျူမီနီယမ် ဆာလဖိတ် တန်၂၀ တင်လာတဲ့ ကုန်တင်ကားတစ်စီးဟာ ဥရောပက မြို့တစ်မြို့ရဲ့ သောက်သုံးရေလှောင်ကန်ထဲကို အရှိန်လွန်ထိုးကျပြီး နစ်မြုပ်သွားခဲ့ဖူးပါတယ်။ အနှစ်၂၀ကြာပြီး ၂၀၀၈ ခုနှစ် ကိုရောက်တော့ အဲဒီမြို့က လူတွေမှာပဲ ကွက်ပြီး အယ်ဇိုင်းမားရောဂါတွေ များပြားစွာ ဖြစ်လို့နေတာကို တွေ့ရှိရပါတယ်။ ဒါဟာ အခိုင်မာဆုံး အထင်ရှားဆုံး သက်သေလို့ ဆိုနိုင်ပါတယ်။

လူတွေရဲ့ နေ့စဉ်ဘ၀ထဲမှာ ခန္စာကိုယ်ထဲကို အလျူမီနီယမ် ၀င်ရောက်စေတဲ့ လမ်းကြောင်းတွေ ထဲမှာ ဒီနည်းလမ်းက တော်တော်လေး များတယ်လို့ သိရပါတယ်။ ဒါကြောင့် လူသုံးကုန်ပစ္စည်းတွေ အလှကုန်ပစ္စည်းတွေမှာ ကျောက်ချဉ်နဲ့ အလျူမီနီယမ်ပါဝင်မှု တတ်နိုင်သမျှ လျှော့ချဖို့၊ ရှောင်သုံးဖို့ ကျန်းမာရေးပညာရှင်များက သူတို့ရဲ့ ၀က်ဘ်ဆိုက်တွေမှာ တိုက်တွန်းရေးသား အသိပေးထားပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Wednesday, February 17, 2010

AD HOC ( တင်္ခနုပ္ပတ္တိ )



ဒတ်(ချ) ပုံပြင်လေးတစ်ခုရှိတယ်။ ကလေးတစ်ယောက်ဟာ ရေကန်ကြီးတစ်ခုဘေး လမ်းလျှောက်ရင်းက အပေါက်တစ်ပေါက်ကို တွေ့လိုက် တယ်တဲ့ ။ အပေါက်ကလဲ တဖြည်းဖြည်းကြီးလာနေတော့ ဒီအတိုင်းဆိုရင် ရေကာတာကြီးပြိုတော့မယ်။ ဘေးဘီကို ဝေ့ကြည့်လိုက်တော့ ဘာမှမရှိ ၊ ဘယ်သူမှမရှိ ။ ရွာပြန်ပြီး လူစုဖို့ဆိုတာကလဲ အချိန်ရမှာမဟုတ် ။ သူဘာလုပ်မလဲ နောက်ဆုံး သူအကြံရတာနဲ့ အပေါက်ထဲကို သူ့ လက်ကိုထိုးပြီး ပိတ်ထားလိုက်တယ်။

အလားတူ ဂျပန်ရိုးရာပုံပြင်တစ်ခုလဲ ရှိသေးတယ်။ ပင်လယ်ကမ်းစပ်က ရွာလေးတစ်ရွာ။ ရွာဘေးမှာတောင်ကုန်းတွေရှိပြီး အဲဒီ့တောင်ကုန် တွေပေါ်မှာ စပါးခင်းတွေရှိတယ်။ တစ်ညတော့ စပါးခင်းစောင့် သူငယ်လေးဟာ ပင်လယ်ထဲက ဒီရေလှိုင်းကြီးတက်လာတာ မြင်လိုက်ရ တယ်တဲ့ ။ ရွာဘက်ကြည့်တော့လဲ အားလုံးက အိပ်မောကျလို့ ။ ဒီအတိုင်းဆို တစ်ရွာလုံး ဒီရေအောက်ကိုရောက်တော့မယ် ။ သူဘာလုပ်မလဲ ။ ချက်ချင်းပဲ စပါးခင်းကို မီးတင်ရှို့လိုက်ပါတယ်။

ဒီလိုပုံပြင်တွေ အများကြီးပါ။ ဟာသဆန်ဆန်ပုံပြင်တွေလဲ ဖြစ်နေတက်ပါတယ်။ တစ်ခါက ခင်ကြီးတစ်ပါးဟာ သူ့ကျောင်းမုခ်ဦးမှာ မီးလောင်နေ တာကိုတွေ့လို့ ကျင်ငယ်စွန့်ပြီး ငြိမ်းလိုက်ရတယ်ဆိုတာမျိုးလဲ ရှိရဲ့ ။ ဒီပုံပြင်တွေထဲက ဖြေရှင်းနည်းအားလုံးကို “ တင်္ခနုပ္ပတ္တိ ဖြေရှင်းနည်း ” ( Ad hoc Solution ) လို့ခေါ်ပါတယ်။

တစ်ချိန်မှာ ဖြစ်လာနိုင်စရာရှိတာကို ကြိုတင်တွက်ဆပြီး ဘယ်လိုလုပ်မယ်ဆိုတာကို ကြိုတင်စီစဉ်ထားတာမျိုးလဲ ရှိပါတယ်။ “ အရေးပေါ် အစီအစဉ် ” ( Emergency Plan ) ပေါ့။ ဘာဖြစ်ရင် ဘာလုပ်မယ်၊ ပြီးတော့ ဘာဆက်လုပ်မယ်ဆိုတဲ့ “ ပုံသေဖြေရှင်းနည်း ” (Routine Solution ) တွေလဲရှိပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒါတွေဟာ တကယ်ဖြစ်ချင်မှ ဖြစ်တက်တာပါ ။ ဖြစ်ခဲ့ရင်လဲ မူလထင်ထားတာ နဲ့မတူတာတွေက များပါတယ်။ ဒါကြောင့်လဲ “ မသေချာတဲ့ စီမံကိန်း ” ( Contingency Plans ) တွေဖြစ်ပါတယ်။

“ တင်္ခနုပ္ပတ္တိ ” သဘောက ဒါမျိုးမဟုတ်ဘူး ။ ထင်မထားတဲ့ အခြေအနေတစ်ခုနဲ့ ရုတ်တရက် ရင်ဆိုင်လိုက်ရချိန်မှာ ဖျက်ခနဲဝင်လာတဲ့ အတွေးနဲ့ ၊ ဒိုင်ခနဲ ထလုပ်ရတာမျိုးကို ဆိုလိုပါတယ်။ ဘာမှ ကြိုတင်စီစဉ်ထားတာမျိုး မရှိသလို ။ ဘာကြိုတင်မျှော်လင့်ချက်မှလဲ မရှိပါ ဘူး။ လတ်တလော အခြေအနေကို အမြန်ဖြေရှင်းနိုင်ဖို့သာ ၊ ရည်ရွယ်ရင်းဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ တင်္ခနုပ္ပတ္တိ ဖြေရှင်းနည်းတွေ ဟာ၊ တီထွင်ဖန်တီးမှုတွေရဲ့ လမ်းစတွေလဲ ဖြစ်နေတက်ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်ဆိုရင် ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကို ကြိုစဉ်းစားပြီး တုံ့ပြန်တိုက်ခိုက်ရမယ့် စစ်ဗျူဟာတွေ အများကြိးရှိတယ် လို့သိရပါတယ်။ ဒါပေမယ့် 2001 စက်တင်ဘာ 11 မှာ တကယ်ဖြစ်လာတော့ ကြိုတင်မှန်းဆထားတာတွေနဲ့ ဘာမှမဆိုင်သလို ဖြစ်လာ တယ်။ အကျိုးဆက်က အတော်ဆိုးပါတယ်။ အားလုံးသိကြတဲ့ အတိုင်း WTC မျှော်စင်ညီနောင် ပြိုကျရုံမက ပင်တဂွန် ကိုယ်တိုင်တောင် ခါးကျိုးသွားခဲ့ရတယ်။

ဒါပေမယ့် Flight 93 ပေါ်က ခရီးသည်တစ်စုကတော့ တင်္ခနုပ္ပတ္တိဥာဏ်နဲ့ အကြမ်းဖက်သမားတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ သူတို့ရဲ့ ကောင်းမှုကြောင့် အိမ်ဖြူတော် သက်သာသွားတာပါ ။ ဒီအဖြစ်အပျက်ကြီးရဲ့ နောက်ပိုင်းမှာ တင်္ခနုပ္ပတ္တိဖြေရှင်းနည်းရဲ့ အရေးပါမှုကို စစ်ပါရဂူကြီးတွေကအစ အသိအမှတ်ပြုလာရပါတယ်၊ ရေတိုရေရှည်စီမံကိန်းတွေထက်တောင် သူကပိုအရေးပါသလို ဖြစ်လာပါတယ်။

ဧကန်မဲ့မှု အခြေအနေကြီးအောက်မှာ သွက်သွက်လက်လက်၊ ထက်ထက်မြက်မြက် တုံ့ပြန်နိုင်ဖို့က အခရာဖြစ်လာဟန်ရှိပါတယ်။ ဒီအ တွက် တင်္ခနုပ္ပတ္တိဥာဏ် ရွှင်ဖို့လိုသလို ၊ လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲ၊ တာဝန်ယူရဲတဲ့ စိတ်ဓာတ်ရှိဖို့လဲ လိုပါလိမ့်မယ်။

Source : ကျော်ဝင်း ( အတောင်ပါသော စကားလုံးများ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Learn to Writting Well ( Part - III )


III. How To Write Memorable Conclusions

When people are given a list of things to memorize, researchers fond that they best remember items at the beginning and end of the list. It is the same way when people read. If you have a strong conclusion, people are more likely to remember your main message. Here are some suggestions on how write memorable conclusions.

1. Use a broad statement to summarize your main idea
If your are writing about the environment, for example, you could end with a broad statement like, " It's up to protect the environment because, after all, we have the only world " .

2. End with a quotation
If you are writing about dealing with stress, you could conclude this way: " Remember the old saying, " all work and no play makes Dr.Judson a dull boy ". As this example shows, you can adapt the quotation to fit the situation.

3. Express your hopes for the future
" My hope is that in ten years, we will no longer have to see newspaper stories about young children who cannot afford to get an education " would be a good way to end a paper on providing financial aid to poor families.

4. Use a question
As with introductions, questions are good way to burn an idea into your readers' brains. " If we can go to the moon, why can't we go to Mars, too?" , will focus readers' attention on the reason you wrote about in the body of your paper.

5. Call for action!
This is one of the most common ways to conclude. Don't be shy about asking for some kind of response . " If you agree with me, then go out and volunteer " or " take some time to analyze your diet to see how many calories you could easily do without", are two examples. Asking people to volunteer to help others or do something to help themselves is a powerful way to get them to think deeply about your suggestions.

So, do you think you could apply any of the ideas above? Bookmark this suggestions now, so the next time you have to write something, you can refer there and try one of these ideas !


Source : Defence Services Academy, Annual Magazine 2009 " Capt.Min Min Soe "

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ.

Learn to Writting Well ( Part - II )


II. Write Perfect Paragraphs with the PREP Method

P: Start with the main POINT of your paragraph
The first sentence is usually called a " topic sentence ". Simply stat whatever the topic is. Try to start with an interesting sentences. Instead of saying " Dr.Judson is a teacher ", say " Dr.Judson is one of the best English teachers in the history of the world! ".

R: Give the REASON why you believe this
Next, write why you think so. You might write, " Students need a kind teacher to guide them, so they always move in the right direction and don't waste time." You might also try to link this sentence to the next one, to help make a smoother " transition ".

E: Give an EXAMPLE to support your belief
Find an example, or may be two. This will " paint a word picture " in your readers' minds, which they will remember long after they have finished reading. The sentence " I never Listened to English much before I heard of Dr.Judson, but now I listen to his jokes, sayings and dictations. Listening has helped me improve my speaking ability in English, and now I'm moving up to a better job. " Sounds great, doesn't it ?

P: Repeat your POINT one more time
Your readers will often remember the last thing you write more than anything else. If you can, try to use different words to say the same thing. " Dr. Judson has helped tens of thousands of students learn to listen to English. He deserves the title of " Super Teacher " more than anyone I have ever met. "

Finally, put it all together
Dr.judson is one of the best English teachers I have ever met. I think all students need a kind teacher to guide them, so they can always move in the right direction. I never listened to English much before I Heard of Dr.Judson, but now I listen to his jokes, sayings and dictations. Listening has helped me improve my speaking ability in English and now I'm moving up to a better job. Dr.judson has helped tens of thousands of students learn English. He deserves the title of " Super Teacher " more than anyone I have ever met.


စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ

Learn to Writting Well ( Part - I )


အစ်ကိုတစ်ယောက်က ကျွန်တော်စာရေးတာနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတစ်ခု ပြုဖူးပါတယ် ။ ဘာလဲဆိုတော့ မင်းစာတွေကို ဖတ်ရတာ စာဖတ် မှုအားနည်းတာကို တွေ့ရတယ်တဲ့ ။ စာပိုဒ်ရဲ့ အစမှာ လူကိုဆွဲဆောင်မှုမရှိသလို အကြောင်းရာကိုလဲ သိပ်ထိရောက်အောာင်မပြောနိုင်ဘူးတဲ့။ ဒါကြောင့် စာများများ ဖတ်သင့်တယ်တဲ့ ။ ဟုတ်ပါတယ် ကျွန်တော် စာတွေရေးနေတယ်ဆိုပေမယ့် အဆီလျှော်တည့်တာ ခြားလွန်းတယ်။ ဒါ ကလဲ အစ်ကိုတစ်ယောက်ပြောတဲ့ စာဖတ်အားနည်းမှုကြောင့်ပါ ။ ဒါကြောင့် အထောက်ကူဖြစ်စေဖို့ စာအုပ်ပုံလေးလှန်လှောတော့ English ဆောင်းပါးလေးတစ်ခုသွားတွေ့တယ် ။ ဖတ်ကြည့်တော့ အက်ဆေးကောင်းတစ်ပုဒ်ရေးတက်အောင် နည်းလမ်းလေးတွေနဲ့ရှင်းပြထားတယ်။ အရမ်းသဘောကျသွားတယ်။ ဒါကြောင့် ကျွန်တော်ဖတ်ရတဲ့ အက်ဆေးလေးကို မူရင်းလေးအတိုင်းတင်ပေးလိုက်ပါတယ် ။ ( ဘာသာပြန် လိုက်ရင် ဆိုလိုရင်းမရောက်မှာဆိုးလို့ ... အဲလောက်တော်တာ :P )

I . Writing Powerful Introductions
When you write , what's the best way to begin? Many students start with a simple sentence , such as " I will write about my hometown " , or they use no special introduction at all. Here are six ways to write better introductions.

1. Write about a problem
Everybody has problem ! Most of our energy each day is spent trying to solve problems. By starting your writing with a problem , you automatically hook your readers into searching for a solution. Your readers will start to think about how they might solve the problem or wonder what solution you have in mind. But be careul not to take too much time on the problem itself. This is an introduction, not the body of your writing.

2. Write about a story of start with a joke
A very brief story or joke that illustrates your main idea can also hook the reader. Use clear details and vivid descriptions to appeal to your reader's senses and emotions. For example, if you want your readers to give up smoking, describe the painful effects of an elderly person who is unable to stop coughing, unable to breathe freely. If you are writing about an interesting place, describe what the readers would see, what they would hear, what they would taste, so that they can almost feel they are there. A joke, if it really fits the topic, can also make your readers more receptive to your ideas. Look at How to Tell Jokes for a simple way to remember jokes and stories.

3. Start with a question
This is one of the easiest ways to begin writing. However, be careful not to use questions that are too simple. If everyone already knows the answer, they will not be interested in what you write next. Remember, you have to make them think! " Do you like to eat ? " is not very interesting. However, " Have you ever spent more than $100 dollars on one meal? " will make your readers start dreaming !

4. Write a bold statement or use an interesting statistic
If you begin with something like, " In the United States, fifty percent of all marriages end in divorce! " , your readers will want to know your point of view on this topic. You can look up statistics on the Internet for just about any topic, so go to it !

5. Start with a quote from an important person
This kind of introduction has two advantages. As with the other ways, it gets your readers to think about what you will say next. In addition, the words of important people have the ability to persuade many people. " If Bill Gates said it, it's probably true ", many people will think.

6. Write about necessary background information
This is not a very interesting way to begin, but sometimes it's necessary to help your readers before you begin. Some topics will be too difficult for readers to follow without some help, so you may have to provide basic information first. If possible, try to write about this information using one of the five opening techniques above !

Introduction အပိုင်းကို အရင်ဖော်ပြလိုက်ပါတယ်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Monday, February 15, 2010

ပုံပြင်လေးတစ်ပုဒ်



ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်.

Boy : hi lady
Girl : hi :)
Boy : nay kg lar ?
Girl : hote ka`, kg par tal . u kaw ?
Boy : hote ka`

ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အွန်လိုင်းပေါ်က Chat room တစ်ခုမှာ တွေ့ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်လိုက်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဖော်ဖော်ရွေရွေပဲပေါ့ ။ စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။ နောက်ဆုံးပြန်ခါနီးမှ သူတို့နှစ်ယောက်ဟာ တစ်မြို့ထဲနေတဲ့သူတွေမှန်းသိလိုက်တယ်။ ဒါနဲ့ပဲ ကောင်လေးက ကောင်မလေးကို ခင်မင် ခွင့်အမှတ်တရ အနေနဲ့ အအေးတိုက်ဖို့ ခွင့်တောင်းလိုက်တယ်။ ကောင်မလေးကလဲ သူ့လိပ်စာအပြည့်စုံကိုကို ကောင်လေးကို ပေးလိုက် ပြီး လာခေါ်ဖို့ပြောလိုက်တယ်။

ကောင်လေးတစ်ယောက် ကောင်မလေးပေးတဲ့ လိပ်စာအတိုင်း ကောင်မလေးရှိတဲ့နေရာကို ရောက်လာခဲ့တယ်။ ကောင်မလေးက ဒီမြို့ မှာနေတယ်ဆိုပေမယ့် ဒီမြို့သူမဟုတ် တခြားနယ်ကကျောင်းလာတက်တဲ့သူ ။ အဆောင်သူလေးပေါ့ ။ ကောင်လေးရောက်တော့ ကောင် မလေး တစ်ယောက်ထွက်တွေ့တယ်။ သူနဲ့ အွန်လိုင်းပေါ်မှာတွေ့တဲ့ကောင်မလေးပေါ့ ။ ကောင်လေးက ကောင်မလေးကိုခေါ်ပြီး ဆိုင် လေးတစ်ဆိုင်မှာ အအေးသောက်ထွက်ခဲ့ကြတယ်။ နောက် မြို့ထဲမှာ လျှောက်လည်ကြတယ်။ တစ်နေကုန်ပဲပေါ့။ နောက်ရက်တွေမှာလဲ ကောင်လေးက လာလည်ပါရစေလို့ခွင့်တောင်းတော့ ကောင်မလေးက အားလုံးအဆင်ပြေပါတယ်တဲ့။

ကောင်လေး ။ ။ ကျွန်တော် သူ့ကို ချစ်မိနေပြီလား မသိဘူး ။ တစ်နေကုန်လဲ သူ့ဆီကို အာရုံရောက်နေတယ်။ ဘာအလုပ်မှမဖြစ်ဘူး။ ရုံးက မန်နေဂျာကတောင် အာရုံတွေလွင့်လို့ ပြောနေပြီ ။ ဒီနေ့သူနဲ့ ချိန်းထားတယ် ။ ညနေရုံးဆင်းရင် အပြေးလေးသွားမယ် စိတ်ကူး လိုက်တယ်။ ကျွန်တော် သူ့ဆီရောက်သွားတော့ သူ အဆောင်အပြင်ကို ထွက်တွေ့တယ်။ ကျွန်တော်တို့ စကားတွေပြောကြတယ်။ အ ဆောင်ပိတ်ခါနီးတော့ သူပြန်ဝင်သွားတယ် ။ အရမ်းကြည်နူးဖို့ကောင်းတယ်ဗျာ ။ သူကျွန်တော့်ပေါ်ဆက်ဆံတာ ကြည့်ရတာ ကျွန်တော်ရဲ့ ခံစားချက်တွေကိုများ သိနေလားမသိဘူး ။ ဒီညတော့ အိမ်မက်လှလှလေးတွေမက်ဦးမယ် ထင်ပါတယ်ဗျာ။

သူနဲ့ စတွေ့တာ ဒီနေ့ဆို 2 ပတ်တောင်ရှိခဲ့ပြီ။ အတူသွားလည်ကြတယ်။ အတူတူစားကြတယ်။ ကျွန်တော်တကယ်ရူးနေပြီထင်ပါတယ်။ ကျွန်တော်သူ့ကို ဖွင့်ပြောလိုက်ရင်ကောင်းမလားဟင် ။ မဖြစ်သေးပါဘူး ကျွန်တော့်ရဲ့ အချစ်က ရင်ထဲကတကယ်ဖြစ်တည်လာတာ။ အချိန်တစ်ခုကြောင့် ကျွန်တော့်အချစ်ကို ပေါ့ပေါ့လေးတွေးသွားနိုင်တယ်။ သူ ဒီနေ့ပြောတယ် စာမေးပွဲနီးလို့ အိမ်ခဏပြန်မယ်တဲ့။ ကျွန် တော် ရင်အရမ်းခုန်သွားတယ်။ သူပြန်သွားရင် အချိန်မကြာသေးတဲ့ ဆက်ဆံရေးလေး ကြဲသွားနိုင်တယ်။ ဒါပေမယ့် ခွင့်ပြုခဲ့ရတယ်။ သူ့ရဲ့ အိမ်ဖုန်းလေးတောင်းတော့ သူ့အိမ်ကိုမဆက်ပါနဲ့တဲ့ ။သူဆက်သွယ်ပါမယ်တဲ့။

သူပြန်ရောက်ရောက်ချင်း ဖုန်းတခါဆက်သည်မှလွဲပြီး သူအိမ်မှာနေတဲ့ တစ်လလုံးလုံးတစ်ကြိမ်မှမဆက်သွယ်။ သူနေမှကောင်းမလား စိတ်ပူနေခဲ့ရတယ်။ သူပြန်ရောက်လာတယ်။ ကျွန်တော့်ကို စိမ်းနေခဲ့တယ်။ ကျွန်တော်ကတော့ အချစ်တွေကော အလွမ်းတွေကောနဲ့ ပိုပြီး ပြည့်လာခဲ့တယ်။ ကျွန်တော်သူ့အဆောင်ရှေ့ရောက်သွားရင် အရင်လို တန်းထွက်မလာတော့ဘူး။ ဖုန်းတွေအရမ်းပြောလာတယ်။ chatting တွေအရမ်းလုပ်လာတယ် ။ သူငယ်ချင်းလို့ပြောတဲ့ ကောင်လေးတွေလဲ အဆောင်ရှေ့မှာသူကို လာလာစောင့်နေတက်တယ်။ အွန်လိုင်းပေါ်က ကောင်လေးတွေကိုလဲ ကျွန်တော့်ရှေ့မှာတင်ကြူတက်လာတယ်။ ကျွန်တော် စိတ်အရမ်းညစ်ပေမယ့် သူ့ကိုချစ်နေခဲ့ တယ်။ မိုးလေတွေကျတဲ့တစ်နေ့က သူကျောင်းမဆင်းသေးလို့ စိတ်ပူပြီး မိုးရွာထဲမှာသွားကြိုခဲ့တယ်။ သူနေမကောင်းဖြစ်လို့ စိတ်ပူပြီး တစ်နေကုန် ပြုစုပေးခဲ့တယ်။ သူ့ဘ၀အတွက် အလုပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်ကောင်မလေးအတွက်ဖြစ်စေခဲ့တယ်။

တစ်နေ့ ကျွန်တော်ဖွင့်ပြောတော့ သူ ကျွန်တော့်အချစ်ကိုလက်ခံခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်ထည်းသိမယ့် အချစ်မျိုးတဲ့ ဘေးလူတွေသိမှာမလိုချင်ဘူးတဲ့ ။ ချစ်ရသူက ကျွန်တော်ကိုလက်ခံခဲ့တယ်။ မနက်အစောကြီးထပြီး သူ့ကို မနက်စာစားဖို့သွားခေါ်တယ်။ အိပ်ရာမနိုးသေးလို့ နေတိုင်း 1 နာရီလောက်စောင့်ရတယ်။ ဒါပေမယ့် သူ့ သူငယ်ချင်းကောင်လေးတစ်ယောက်ကိုကျတော့ မနက်အစော ကြီး သူကျောင်းလိုက်ပို့တယ်။ ကျွန်တော်ချစ်သလောက်ရဲ့ 10 ပုံ 1 ပုံလောက်ပဲ ပြန်ချစ်ရင် ကျွန်တော့်အချစ်တွေကို သူသိနိုင်မယ်ပြော တော့ သူကရယ်မောသံလေးနဲ့ အချစ်ကို မယုံကြည်ချင်ဘူးတဲ့ ။ သူနဲ့ ချစ်သက်တမ်း 3 လသာပြည့်လာတယ် ။သူ့လက်ကလေးကို ကိုင် ခွင့်မရခဲ့ ။ ကြည်နူးဖွယ်ချစ်စကားလေးတွေ ပြောခွင့်မရခဲ့ ။ အနမ်းလေးတပွင့်ချွေဖို့က ဝေးစွ ။

တစ်နေ့ သူ့အကောင့်လေး အွန်လိုင်းတက်လာတော့ ကျွန်တော်ပျော်ပြီး ခေါ်မိလိုက်တော့ တခြားကောင်လေး ကျွန်တော့်ကို ဟားတိုက် တယ်။ ကောင်မလေးက အွန်လိုင်းတက်တိုင်း တခြားကောင်လေးတွေကို ကျွန်တော့်အကြောင်းပြောပြီး ဟားတိုက်တယ်တဲ့ ။ Chat list တွေလဲ ပြတယ် ။ ကျွန်တော်အရမ်းတင်းသွားတယ် ။ ကျွန်တော်သူ့ကို ခေါင်းငုံပြီးချစ်ခဲ့တာ သူ့ကို ချစ်လွန်းလို့ ၊ အခုလို အနှိမ်ခံဖို့မဟုတ် ဘူး ။ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ သူ့ကိုအရမ်းချစ်ခဲ့သမျှ အခုအရမ်းမုန်းသွားခဲ့ပြီ ။


ကောင်မလေး ။ ။ ကျွန်မဆီကို အွန်လိုင်းပေါ်က ကောင်လေး တစ်ယောက်ရောက်လာခဲ့တယ်။ သူနဲ့ အပြင်လိုက်သွားခဲ့မိတယ်။ သူပျော်နေတာကို ကြည့်ပြီး ကျွန်မကြည်နူးမိတယ်။ သူရဲ့ အမူရာလေးတွေက ကျွန်မကို နှစ်သက်တဲ့အမူရာတွေအရမ်းပြလာခဲ့တယ်။ သူကျွန်မကို နှစ်သက်နေပြီလား ။ မဖြစ်ဘူး ကျွန်မကို နှစ်သက်လို့မဖြစ်ဘူး ။အခုချိန်မှာ ကျွန်မ ယောင်္ကျားတွေကို မုန်းတယ်။ တစ်ခါခဲမှန် ဘူးတဲ့ စာသူငယ်လို နောက်တစ်ခါအဖြစ်မခံချင်တော့ဘူး ။ ကျွန်မရဲ့ နှလုံးသားက သေနေပြီ ။ အခုချိန်မှာ ယောင်္ကျားတွေကို ကလဲ့စား ချေချင်တာပဲ သိတယ်။ သူစိတ်ရင်းကို ကျွန်မ ခန့်မှန်းမိသည်။ သူ စိတ်ရင်းကောင်းသည်။ အပြုမှုတိုင်းက နှလုံးသားထဲက ထွက်ကျလာ မှန်း ကျွန်မသိသည်။ ကျွန်မ အိမ်ကို ခဏပြန်သွားခဲ့သည်။ သူ့ စိတ်မကောင်းဖြစ်စွာနဲ့ ကျွန်မကို အကြိမ်ကြိမ်ဖုန်းဆက်ဖို့မှာသည်။ ကျွန်မ စိတ်ထဲမှာတော့ ဆက်သွယ်ဖို့အတွေးမရှိခဲ့ပါဘူး။ အိမ်ပြန်ရောက်တော့ ကိုဦး တစ်ယောက်အိမ်ထောင်ကျသွားကြောင်းသိရသည်။ ကျွန်မ အချစ်ကို ပေါ့ပျက်ပျက်ထားခဲ့ပြီး နောက်တစ်ယောက်နဲ့အခုလိုဖြစ်သွားတယ် ။ ကျွန်မ အရမ်းနာကြည်းသွားတယ် ။

ဆုံးဖြတ်ချက်ချလိုက်တယ်။ ယောင်္ကျားတွေကို မုန်းတယ် ။ သူတို့အချစ်ကိုကစားသလို .. သူတို့ပြန်ပြီးနာကျင်စေရမယ်။ ကျွန်မပြန် ရောက်တော့ သူ့အပြေးလေးရောက်ချလာတယ်။ ကျွန်မ သူ့ကိုရှောင်ခဲ့တယ်။ တခြားတစ်ယောက်နဲ့ ဖုန်းတွေပြောပြခဲ့တယ်။ ကောင်လေး တွေနဲ့ အပြင်ထွက်လျှောက်လည်ခဲ့တယ်။ အွန်လိုင်းပေါ်မှာ ကြူခဲ့တယ်။ ယောကျာင်္တွေကို အရမ်းလှည့်စားခဲ့တယ်။ ဒါပေမယ့် သူစိတ်မ ပျက်ဘူး ။ သူရဲ့ အပြုမှုတိုင်းက ကျွန်မကို နာကြည်းစေဖို့ထက် ကျွန်မရင်ကို လှုပ်ခတ်လာခဲ့တယ်။ ကျွန်မပေါ်မှာ စိတ်ညိုညင်မှုတစက် မျှမရှိခဲ့ဘူး။ သူဖွင့်ပြောလာတော့ ကျွန်မ ဘာရယ်ကြောင့်မှန်းမသိ ခေါင်းညိမ့်မိလိုက်တယ်။ ဒါပေမယ့် ယောင်္ကျားတွေပေါ်နာကြည်းတဲ့ စိတ်ကပြင်းထန်နေတော့ သူ နာကြင်မယ့် အပြုမှုတွေပဲ ဆက်တိုက်လုပ်ခဲ့တယ်။

တစ်နေ့ မိုးတွေအရမ်းရွာနေတယ်။ မြို့ထဲမှာလဲ သစ်ကိုင်းတွေကျိုးကျနေတယ်။ သူတစ်ယောက် ကျောင်းရှေ့ကို မိုးရေစိုရွဲပြီး ရောက်ချ လာတယ် ။ လက်ထဲမှာလဲ ထီးလေးတစ်လက်နဲ့ပေါ့ ။ မိုးတွေအရမ်းရွာတော့ သူစိတ်မချလို့ အဆောင်ကို အရင်သွားကြည့်တာ ပြန်မ ရောက်သေးလို့ ကျောင်းကို လိုက်လာကြောင်းပြောတယ်။ သူအရမ်းချမ်းနေခဲ့တယ်။ ကျွန်မတို့အဆောင်ပြန်ရောက်တော့ အချိန်တော် တော်လေးကြာနေခဲ့ပြီ ။ အဲနေ့က ကျွန်မလဲ မိုးနည်းနည်းမိတော့ ဖျားခဲ့တယ်။ သူတစ်နေကုန်နီးပါး လာပြီး ပြုစုပေးတယ်။ ကျွန်မ နောက် မှသိခဲ့တယ်။ အဲနေ့ သူလဲ ခေါင်းတွေအရမ်းကိုက်ပြီး ဖျားနေတာတဲ့ ။ ကျွန်မ နောက်ပိုင်းသိလိုက်တယ်။ ရင်ထဲမှာ သူ့ကိုချစ်နေမိပြီဆိုတာ သူ့ကို စိတ်ညစ်အောင်မလုပ်ချင်တော့ဘူး။ အရင်ကလုပ်ခဲ့တာတွေကို သူ့ကိုတောင်းပန်မယ်။ သူ့နားလည်ပေးမယ်လို့မျှော်လင့်မိတယ်။ သူ့ကို အရမ်းချစ်နေမိပြီဆိုတဲ့ အကြောင်းတွေပြောပြချင်တယ်။ ကျွန်မ သူ့ကိုအရမ်းချစ်သွားပြီ။


ကောင်လေးတစ်ယောက် ကောင်မလေးဆီကို ရောက်သွားခဲ့တယ်။ ကောင်မလေးထွက်လာသည်။ အရမ်းပြုံးရွှင်လို့ပေါ့။ ကောင်လေးက တော့ မျက်နှာလေးငြိုလို့ပေါ့။ အဆောင်ရှေ့က ခုံတန်းလေးမှာ နှစ်ယောက်သား တူတူထိုင်လိုက်သည်။ ကောင်မလေးက ကောင်လေးကို
မောင် ပြောစရာရှိတယ်..
နေအုံး မောင်အရင်ပြောမယ်..
အင်း ပြောလေ... ပြီးရင် တို့လဲ ပြောမယ် .
မောင် မင်းကို ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာသိတယ်နော်..
အင်း သိတယ်လေ မောင်ရယ်..
အေး မင်းဘာသိတာလဲ ငါမင်းကို ချစ်ခဲ့သလောက် မင်းငါ့ကို ရက်စက်လွန်းတယ်.
ကောင်လေး အရမ်းဒေါသထွက်နေမှန်း ကောင်မလေးသိလိုက်သည်။ သူ မှားခဲ့ပါသည် ။ ဒါပေမယ့် ကောင်လေးကို တောင်းပန်ပြီး သူ ချစ်နေတဲ့အကြောင်းပြောချင်သည်။ ကောင်လေးက ဆက်လက်ပေါက်ကွဲလေသည်။
ငါမင်းကို ချစ်ခဲ့တယ် ။အနွံတာခံခဲ့တယ် ။ ဒါတွေအားလုံးဟာ ငါ့ကို မင်းတခြားယောင်္ကျားတစ်ယောက်နဲ့ ဟားတိုက်ဖို့မဟုတ်ဘူး..
အခုတော့ မင်းမို့လုပ်ရက်တယ်ကွာ...

မဟုတ်ပါဘူး မောင်ရယ် .. ရှင်းပြပါရစေအုံး..
နေကွာ ဘာမှမရှင်းပြနဲ့ .. ငါအားလုံးကို ရှင်းရှင်းလင်းလင်းသိပြီးပြီ မြွေဟောက်လိုမိန်းမမျိုး သိပ်ကြောက်ဖို့ကောင်းတယ်..
မင်းကို မုန်းလဲမုန်းတယ်.. ရွံလဲရွံတယ်..

မောင်......
ကောင်မလေးအကျယ်ကြီး အော်လိုက်သည်။
တဖက်သက်မပြောပါနဲ့ တို့ ရှင်းပြတာ နားထောင်ပါအုံး..
ကောင်လေး ထွက်သွားချေပြီ။ အရမ်းကို ခါးသီးခက်ထန်လွန်းသည့်မျက်နှာနှင့် ။ ကောင်မလေးသိလိုက်သည်။ ရှင်းပြခွင်ရမယ်မဟုတ် တော့ ၊ သူ့ဆီဘယ်တော့မှ ပြန် လာတော့မည်မဟုတ်တော့ပေ ။ နှစ်ဦးလုံးရဲ့ မျက်ရည်စများ နှလုံးသားထဲသို့ စီးဆင်းခဲ့လေပြီ ။..

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ...

ကျေးဇူးတင်ရှိလွှာ


ဒီနေ့ တနလာင်္နေ့ မနက်စောစောက ဘုရားကြီးတက်ပြီး ပြန်ရောက်တော့ Blog ကိုဖွင့်တယ်။ မနေ့က Valentine's Day အ မှတ်တရ တင်ထားတဲ့ Background လေးက လှတော့လှပေမယ့် မျက်စိကျိန်းနေတယ်။ အရောင်ကလဲရဲတောက်နေတယ်ဆိုတော့ လေ.. အစ်မတွေက စီဘောက်မှာတောင် လာအော်သွားသေးတယ်။ Background ပြောင်းတော့ အရောင်နဲ့အညီ စာအရောင်တွေ ပါလိုက်ပေါင်းရတယ်။ ကော်နက်ရှင်ကြောင့် Fond and color ထဲက ဘယ်လိုမှပြောင်းမရဘူး။ ဒါနဲ့ Edit HTML ထဲဝင်ပြင် လိုက်တယ်။ ထားလိုက်ပါတော့ မနေ့က...

ဒီနေ့ညနေရောက်တော့ ပြန်ပြောင်းမှဖြစ်မယ်ဆိုပြီး Edit HTML ထဲက Background Url ကို ဖျက်လိုက်တယ်။ နောက်အ ရောင်တွေကလဲ တစ်ခုချင်း လိုက်ချိန်းရမှာ ပျင်းစရာကောင်းလိုက်တာ။ ဒါနဲ့ Pick New Template ထဲသွားပြီး ပုံစံတူ Template တစ်ခုယူလိုက်တယ်။ အဲဒါမှာ ပြဿနာတက်တော့တာပဲ ။ ကျွန်တော့်လောက်တုန်းတာ ကျွန်တော်ပဲရှိမှာပေါ့။ ဘာလို့လဲ ဆိုတော့ စဉ်းစားကြည့်လေ ။ အရင်ရက်တွေက ဆိုဒ်မှာလိုအပ်တာလေးတွေကို ထပ်ဖြည့်နေတာလေ. အခုလို နောက်အသစ်ကို Save လိုက်တော့ အကုန်ပြောင်ကောပေါ့။ နောက်တခြားတွေလဲ အများကြီးပါပဲ။ လုံးလည်လိုက်နေတာ။ ဘယ်လိုမှကိုအဆင်မပြေဘူး။

ကဲ တွေးမိပါတယ်။ အကောင်းဖြစ်ချင်လို့ အဆိုးလာတာပဲဖြစ်ရမယ်လို့ ။ ဒါနဲ့ အကူညီလေး ရလို့ရငြားဆိုပြီး Gtalk လေးဖွင့် တော့ နှစ်ယောက်တွေ့တယ်။ တောင်ကြီးက ကိုဇော်ခိုင်ရယ် ၊ နောက် မချော ရယ် တွေ့တယ်။ ဒါနဲ့ သူတို့နဲ့ စကားပြောနေ ရင်း မချောကို ပြောပြတယ်။ ဒီလိုဒီလိုပဲပေါ့ ။ မချောကလဲ Blogspot တော့မသိဘူးတဲ့ ။သူလုပ်နေတဲ့ wordpass တော့ သိတယ်တဲ့ ။ Template ချိန်းတာကိုပေါ့ ။ ကျွန်တော်လဲ Template လှလှလေးတွေရှိတဲ့ Link တောင်းလိုက်တယ်။ မချော ကသေချာ ရှာပေးပါတယ်။

သူပေးတဲ့ link ကိုသွားလိုက်တော့ လှတာလေးတွေတွေ့တယ်။ ဒါနဲ့ Down လိုက်တယ်။ သူက Zip File နဲ့ ပေးတယ်။ အဲထဲကမှ .xml file ကို upload လုပ်လိုက်တာ အခုလိုအဆင်ပြေသွားတယ် ။ကျွန်တော် အရမ်းလိုချင်နေတဲ့ Third Colum တော့ရလိုက်တယ်။ ပျော်စရာကြီးပေါ့ ဟိဟိ။ မချောကို လှမ်းတော့မေးတယ် . သူကဖြေတော့ ကျွန်တော်ကအလုပ်ကိစ္စ လေးရှိလို့ စက်နားကထားသွားတော့ အရမ်းကျေးဇူးတင်တဲ့အကြောင်းတောင်မပြောလိုက်ရဘူး ။ ကျွန်တော်ပြန်ရောက်တော့ မချော တစ်ယောက် အောက်နှင့်ပြီ။ ဒါကြောင့် ဒီ Post လေးရေးပြီး မချောကို ကျေးဇူးတင်ကြောင်းပြောလိုက်တာပါ။ မချောရေ. ရိုင်း သလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါ ။ ကျွန်တော် အလုပ်တကယ်ပေါ်လာလို့ ကျေးဇူးတင်ကြောင်းမပြောလိုက်ရတာပါ။ အရမ်းကျေးဇူး တင်ပါတယ်။ ဟိဟိ နောက်လဲ အကူညီလိုရင် အော်လိုက်မယ်နော်.. ကူညီပေးဦး။း)

(အရင် Template မှ တရားဆိုဒ် Link နှင့် နည်းပညာဆိုဒ် Link များပျောက်သွားပါသဖြင့် ပြန်လည်စုဆောင်းနေရပါသည်။)

စာဖတ်သူတို့အား အစဉ်ကျေးဇူးတင်လျှက်..
မျှော်လင့်သူ

Sunday, February 14, 2010

Valentine နှင့် တွေ့ဆုံခြင်း



မနေ့က ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၉၅ နှစ်မြောက်မွေးနေ့ကို မမေ့ခဲ့သလို ဒီနေ့ ချစ်သူများနေ့ ( Valentine's Day ) မှာလဲ ပျော်ရွှင်မိခဲ့ပါတယ်။ အချစ်က ဘယ်လိုပုံကြီးလဲ ပြောဆိုဖို့ အဓိပ္ပာယ်အမျိုးမျိုးရှိတဲ့အထဲမှ ကျွန်တော်ရဲ့ ဘာသာ ဗေဒအရ အချစ်ကို ဘာသာပြန်ရရင် အချစ်ဆိုတာ.. အချစ်ပေါ့ဗျာ. ဟုတ်ဘူးလား တရားနာပရိတ်သတ်.အဲ စာဖတ်သူအပေါင်းတို့ရေ...

သူ့ဟာသာ ရင်ထဲမှာ ပေါက်ဖွားလာပြီး သနေ( ကျွန်တော့် PC မှာ အောက်က ဓ ရိုက်မရတာကြောင့် ဖြည့်စွက်ဖက်ပါခင်ဗျာ :P ) တည်ဖြစ် တည်လာတာကို ကျွန်တော်တို့တွေက အဓိပ္ပာယ်တွေဖွင့် မှတ်ချက်တွေပေးနဲ့ ခေါင်းရှုပ်လွန်းလို့ပါဗျာ. ဒီတော့ အချစ်ကို အချစ် လို့ပဲမှတ်။ ဟုတ်တယ်ဟုတ်။ ဒီညတော့ ကျွန်တော်နည်းနည်းလေးမူးနေလို့ ခွင့်လွှတ်နော် ။ ဆက်ဖောမယ် ( အဲ ဆက်ပြောမယ် )..

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် ၊ ချစ်သူများနေ့တဲ့ ။ ဟုတ်တယ်လေ ချစ်သူများနေ့ ။ ဘာကြောင့်ဖြစ်လာသလဲတော့ ကျုပ်လဲသေချာမပြော တက် ။ ကျွန်တော်မမွေးခင်ကတည်းက ရှိတာဆိုတော့ ရမ်းသမ်းမှန်းသမ်းလဲ မပြောချင်တာက ပါတယ်လေ။ တစ်ချို့ကတော့ ပြောပါ တယ်။ Valentine ဆိုတာ ခရစ်ယာန် ဘုန်းတော်ကြီး နာမည်တဲ့ ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ ဟိဟိ ကျွန်တော်သိတာတော့ အဲနေ့ အ တွဲတွေ မြို့ထဲမှာ ပြည့်နေတာပဲ။

ဒီနေ့အကြောင်းလေး နည်းနည်းပြောမယ် ရစ်တယ်တော့မထင်နဲ့ ။ (မူးရင် နည်းနည်းတော့ရစ်ချင်တယ် )။ တနင်္ဂနွေနေ့ မနက်ဆိုပုံမှန် 10နာရီလောက်မှထတယ် ။ အပျင်းထူတာမဟုတ်ဘူးနော် ( တာဝန်အရ ကိုရီးယားကား ညနက်အောင် ကြည့်မိလို့ ) ။ မနက်ကြ နောက် ကျတယ်။ ဒီနေ့ အစောထဖြစ်နေတယ် ။ဘာရယ်မဟုတ်ဘူး မျက်နှာမသစ်သေးပဲ မေမေချက်ပြုတ်နေတဲ့ဘေး ထထိုင်နေလိုက်တယ်။ မေမေက သားအစောကြီးဘာလို့ထတာလဲ အခုမှ ၈ နာရီခွဲပဲရှိသေးတယ်။ ရွဲ့တာလား ၊စောင်းတာလာတော့မသိ (မေမေကန်တော့နော်) ပြောတယ်။ တော်ပါပြီ ပြန်မအိပ်တော့ပါဘူး ။ သားအမိနှစ်ယောက်ထဲ ရှိတာသိပ်မကြည် ။ ဟိုတစ်နေ့က မြို့ထဲ ဆံပင်သွားညှပ်တာ ၊ မေမေပါလာတယ် ။ ဆံပင်ညှပ်တော့ ဘေးက မေမေက ပြောနေတယ်။ ကျွန်တော်က ဆံပင်ကောက်ချင်တယ်။ မေမေက လက်မခံ၊ ဆိုင် ကလဲ တိုသေးတယ်တဲ့ နည်းနည်းစောင့်ရမယ်တဲ့။ ဒါကြောင့် မစောင့်ရင်လဲ မောင်လေးပြောတဲ့ပုံစံညှပ်ပေးမယ်တဲ့...။

ကျွန်တော်လဲ မစောင့်တော့ပါဘူး ။ ညှပ်လိုက်မယ် ။ မေမေ့ အကြိုက်အစ်မလဲ သိတာပဲ ညှပ်လိုက်ပါဗျာ။ ကျွန်တော်လိုချင်တဲ့ပုံစံမရရင် နေပါစေ။ နားပူလွန်းလို့ပါ လို့ပြောလိုက်တာ မေမေကြားသွားတယ်။ စိတ်တိုပြီး ပြောပါလေရော ။အပြန်ဆိုင်မှာနေခဲ့လေရဲ့ ။ ကျွန်တော့် ဆိုင်ကယ် မစီးဘူးတဲ့ ။ ဆိုင်က တစ်ယောက်လိုက်ပို့ခိုင်းတယ် ။ ဒါနဲ့ ဒီရက်ပိုင်း ပြန်ချော့နေရတာ မေမေ့ကို။ အဲလိုဗျ ....

မေမေနဲ့ စကားခဏပြော မျက်နှာသစ် ကိုယ်လက်သက်ပြီး ဆိုင်ဘက်ထွက်ခဲ့တယ် ။ ညက Edit လုပ်ထားတာကို DVD Burn လိုက်တယ်. ပြီးတော့ သူငယ်ချင်း ယောက္ခမကြီးက လက်ဘက်ရည်သောက်လာခေါ်တယ်။ လိုက်တာပေါ့ဗျာ ဒကာကြီးပဲကို။ ဒါနဲ့ သူငယ်ချင်းနှစ် ယောက် လက်ဘက်ရည်သောက်ထွက်ရင်းနဲ့ KM SuperMarket ဘက် တချက်ဝင် ငမ်းစရာလေးငမ်း ၊ သူ့မဒီလေးအတွက် ချောက လက်လေးဝယ် ၊ ပြီးတော့ Go ပေါ့။ လေပေါနေလိုက်တာ နေ့တ၀က်ကျိုးသွားတယ် ။ ဒါနဲ့ အိမ်ကိုပြန်ကြတယ်။

မေမေနား ခဏကပ် ဟိုပြောဒီပြောပေါ့ ။ Target ကတော့ မုန့်ဖိုးပေါ့ ။ ရတော့ ဘောင်းဘီတိုလဲ ဘော်ဒါအိမ်ဘက်သွားလည်တယ်။ TV ကြည့်တယ်။ အပြင်ထွက် ၀ယ်စရာရှိတာဝယ်တယ် ။ လက်ဘက်ရည်သောက်တယ်။ ၄ နာရီထိုးရော ။ဒါနဲ့ အိမ်ကိုပြန် ရေမိုးချိုးပြီး ဆိုင် ဘက်ကိုပြန်သွားတယ်။ ဘော်ဒါကိုတော့ ဘုရားပေါ်ရောက်မှတွေ့မယ်လို့ပြောထားလိုက်တယ်။

ညနေဘုရားဘက်သွားတော့ ဆိုင်ကယ်အပ်တဲ့နေရာမှာပဲ တိုက်တိုက်ဆိုင်ဆိုင်တွေ့တယ်။ ဒါနဲ့ ကျွန်တော်တို့ ဘုရားရင်ပြင်တော်ပေါ်တက် တယ် ။ သူတို့ ဘုရားရှင်ခိုးတော့ ကလေးလေးကို ကူထိမ်းပေးတယ်။ လူတွေစည်လိုက်တာဗျာ နှမ်းစိကို လက်နဲ့ဆုပ်ပြီး ပက်ထားသလား အောက်မေ့ရတယ် (ဘာမှတ်လဲ လှတော့သားစကားကြွယ်ပုံတွေဖတ်နေတာ ) ဒါနဲ့ ရင်ပြင်တော်ပေါ်ဟိုပတ် ဒီပတ်ပြီးတော့ ကျွန်တော်တို့ KM ကိုသွားပြီး ညနေစာစားကြတယ်။ ဟင်းတွေကလဲ စုံနေတာပဲ ။ စားကြရင်း သူငယ်ချင်းကြီးက ဆိုကျူသောက်ရင် ကောင်းမလားတဲ့။ အေး ချကွာ ဆိုပြီး ကျွန်တော်တို့နှစ်ယောက် အောက်ဆုံးထပ်သွားပြီး ဆိုကျူသွားဝယ်တယ် ။ပြန်ရောက်တော့ ဖန်ခွက်မှာ တစ်ယောက် တစ်ခွက်စီငှဲ့ပြီး သောက်ကျတယ်။ ကောင်းလိုက်တာဗျာအေ့.. ( ဟိဟိ )

ပူလိုက်တာဗျာ ရင်ခေါင်းထဲမှာ ။ ဒါပေမယ့် ကျိတ်မှိတ်သောက်တယ် (ကိုရီးယားရူးရူးနေတာကိုး ) ။ ခဏလောက်စကားထိုင်ပြောကြ တယ်။ ပြီးတော့ လမ်းခွဲပြီး သူတို့လဲပြန်တယ်။ ကျွန်တော်တို့လဲ ကမ်းနားတစ်ပတ် လေညှင်းခံရင်း ဆိုင်ကယ်ပတ်စီးကြတယ်။ မြို့ထဲလူ စည်ကားတာ ဒီတစ်ခါတော့အတိုင်းထက်အလွန်ပေါ့ ။ မျက်နှာချင်းဆိုင်လာတဲ့ ဘီးအချင်းချင်း လက်ကိုင်မချိတ်မိအောင်ကို သတိထား ရတယ် ။

ဒါကတော့ ကျွန်တော့်ရဲ့ Valentine's Day အမှတ်တရလေးပေါ့ ။ ပျော်ရွှင်ခဲ့ပါတယ်ဗျာ. ။ စာဖတ်သူတို့လဲ ပျော်ရွှင်ခဲ့တယ်မလား ။အ တိုင်းထက်အလွန်ပေါ့ဗျာ ဟုတ်ဘူးလား .. (ဟုတ်ပါတယ်) ဆိုင်ပြန်ရောက်တော့ စိတ်ကူးလေးထဲက အတိုင်း Post လေးတစ်ခုတင်မယ် စိတ်ကူးထားတဲ့အတိုင်း ဒီ Post လေးကို ရေးနေတယ် ။ တ၀က်ရောက်တော့ မီးပျက်သွားတယ်။ ဟဲဟဲ ပြန်လာတော့ ပြန်တင်တာပေါ့ ဗျာ။ ကဲကဲ မင်္ဂလာ ညနေခင်းပါဗျာ .. အမှတ်တရလေး ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ

Saturday, February 13, 2010

လမ်းဘေးရောင်းနေသော အကင်များတွင် E.coli ရောဂါပိုးများ စစ်ဆေးတွေ့ရှိကြောင်း ဆေးသုတေသနဦးစီးဌာနမှ ထုတ်ပြန်ကြေငြာ



လက်ရှိ လမ်းဘေးတွေမှာ ရောင်းချနေတဲ့ အသားကင် မျိုးစုံတွေမှာ လူကို အန္တရာယ် ဖြစ်စေတဲ့ E.coli ဘက်တီးရီးယားပိုး တွေ့ရှိရကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က ယခုလ ၉ ရက်နေ့က တရားဝင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။






E.coli ပိုးဆိုတာ ကလေး လူကြီး အသက်အရွယ်မရွေးမှာ ၀မ်းရောဂါ ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်ပြီး ရေပြောင်းမြေပြောင်း ခရီးသွားရင်း ၀မ်းလျှောတယ် ဆိုတဲ့ ခရီးသွားဝမ်းရောဂါ (Traveler’s Diarrhoea) ကို ဖြစ်စေတဲ့ ပိုးဖြစ်ပါတယ်။
ဒီပိုးဟာ အူလမ်းကြောင်းမှာ ပုံမှန် သဘာဝအနေနဲ့လဲ ရှိနေတတ်ပေမယ့် ဆီးလမ်းကြောင်းကို ရောက်သွားခဲ့ရင် ဆီးကျင်၊ ဆီးအောင့်၊ ဆီးထဲသွေးပါ (ဆီးနောက်) စတဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါမျိုးစုံလဲ ခံစားရ တတ်ပါတယ်။ ဒီလိုဖြစ်တာ ကြာသွားရင် ကျောက်ကပ်ရုတ်တရက် လုပ်ငန်းများရပ်သွားခြင်း (acute renal failure) အထိ ဖြစ်သွားစေနိုင်ပါတယ်။ (ဒီနေရာမှာ ကြားဖြတ် ဗဟုသုတ အဖြစ် ပြောရရင် ဒီလို အူလမ်းကြောင်းက ပိုးတွေ ဆီးလမ်းကြောင်းထဲ ရောက်မသွားအောင် ကလေးငယ်များနဲ့ အမျိုးသမီးများအနေနဲ့ ဆီးဝမ်းသွား ပြီးလို့ သန့်စင်မယ်ဆိုရင် အရှေ့ဘက်ကနေ အနောက်ဘက်ကို ဦးတည်ချက်အတိုင်း ဆေးကြောသန့်စင်သင့်ပါတယ်။ နောက်ဘက်ကို အရင် သန့်စင်မယ်ဆိုရင် စအိုဘက်က ပိုးတွေပါလာပြီး ဆီးလမ်းကြောင်းရောဂါ၊ အဖြူဆင်းခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်)
ဒီပိုးက ဖြစ်စေတဲ့ တခြား ရောဂါတွေကတော့ အူမကြီး ယောင်ရမ်းခြင်း၊ သွေးဝမ်းသွားခြင်း တို့ဖြစ်ပါတယ်။ ဒီလိုကူးစက်မခံရအောင် အသားကင်မျိုးစုံ၊ အသားဟင်းမျိုးစုံနဲ့ နို့ စတာတွေကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်ကြောင်း၊ အထူးသဖြင့် ဒီပိုးဟာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျနေသူများ၊ ကိုယ်ဝန်ဆောင်များ စသူတွေကို ပိုမိုဒုက္ခပေးနိုင်ကြောင်း၊ ယနေ့ ရန်ကုန်လူထုအနေဖြင့် အသားကင်မျိုးစုံကို နှစ်ခြိုက်စွာ စားသုံးတဲ့ အလေ့အကျင့် စွဲမြဲလာတဲ့ အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် စမ်းသပ် စစ်ဆေးရခြင်း ဖြစ်ကြောင်း ယခုလေ့လာမှုတွင် ရောဂါပိုးကို တွေ့ရှိခဲ့သူဒေါက်တာသိင်္ဂီဝင်းမြတ် က မီဒီယာများနှင့် တွေ့ဆုံစဉ်က ရှင်းလင်းပြောကြား သွားခဲ့သည်။

အခြား ရောဂါပိုးများနှင့် မတူဘဲ ဤ E.coli ပိုးသည် Verotoxin ခေါ် အဆိပ်အတောက် တစ်မျိုးကို ထုတ်နိုင်သောကြောင့် နည်းနည်းစားမိရုံနှင့် ရောဂါဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ ကျန်းမာရေးအတွက် အလွန်ပင် အန္တရာယ်ရှိပြီး အစားအသောက်များမှ ပျံ့နှံ့စေတတ်သော ရောဂါများ (Food-borne Diseases) ဖြစ်လာနိုင်ခြင်းကြောင့် ဤအကြောင်းအရာများကို ပြည်သူလူထုအား ကျယ်ပြန့်စွာ သိရှိစေရန် ကျန်းမာရေးအသိပညာ ပေးသင့်ကြောင်း အဆိုပါ သုတေသန စာတမ်းတွင် ရေးသားဖော်ပြထားသည်။

Source : Mutdfan

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ

Friday, February 12, 2010

SWINE FLU ALERT (လက်မဆေးရင် အသက်ပေးရလိမ့်မယ်)



အခုဆိုရင် ဈေးတွေ မှာ ကြက်သားတွေကို လိုက်ပိတ်နေရတဲ့ အထိ ကြက်တုပ်ကွေးတွေ ပြန်ဖြစ်နေတယ်လို့ ကြားရပါတယ်။ ရပ်ကွက်ထဲမှာလဲ ဟိုမြို့နယ်မှာတော့ ကြက်ဥတွေ မြေမြှုပ်ပစ်လိုက်တယ်၊ ဘယ်နေရာမှာတော့ လူဘယ်နှယောက် ဖြစ်နေကြပြီ၊ ဘယ်တက္ကသိုလ်က ကျောင်းသား ဘယ်နှယောက်တောင် ပါသေးတယ်၊ ဘယ်ဆေးရုံမှာဖြင့် ဘယ်နှယောက်တောင် ပုံနေပြီ၊ ဒီတစ်ခါ ဖြစ်တာ ပြည်တွင်းမှာ ကူးစက်တာမို့ ပိုဆိုးတယ် စသဖြင့် အတည်ပြုလို့မရသေးတဲ့ သတင်းတွေ ပွထနေအောင် ကြားနေရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကြားရတော့လဲ ကျွန်တော်တို့ ကာကွယ်ထားရပါမယ်။ ဒီလို တုပ်ကွေးဗိုင်းရပ်စ် တွေဟာ လူထူထပ်တဲ့ နေရာတွေမှာ ပိုမို ကူးစက်လွယ်လို့ နေ့စဉ် လူထူထပ်တဲ့ နေရာတွေ သွားနေရတဲ့သူတွေ အထူးသဖြင့် ကိုယ်ခံအားကျနေတဲ့ အခြေအနေရှိတဲ့ သူတွေဆို ကူးစက်ဖို့ အရမ်းလွယ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုသူတွေ အတွက် အဓိက ကာကွယ်ရမယ့် အချက်များကို ဖော်ပြပေးလိုပါတယ်။
(၁)ကျွန်တော်တို့ဟာ သွားလာလှုပ်ရှားရတဲ့ ပတ်ဝန်းကျင်ရဲ့ အစိတ်အပိုင်းတွေကို မဖြစ်မနေ ထိကိုင်ရလေ့ ရှိပါတယ် (ဥပမာ ကားလက်တန်း၊ တံခါးလက်ကိုင်၊ လှေကားလက်ရန်း၊ ပိုက်ဆံ အဟောင်း/အသစ် စသည်)။ အဲဒါတွေမှာ မမြင်နိုင်တဲ့ ရောဂါပိုးမျိုးစုံ ရှိနေတယ်ဆိုတာ မက်ဖန်ပရိသတ်များ သိကြမှာပါ။ ဒါတွေထက်ဆိုးတာက လတ်တလော ကူးစက်ပျံ့နှံ့နေတယ် ဆိုတဲ့ လူတုပ်ကွေးဗိုင်းရပ်စ် (H1N1) ပဲဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လေထုကနေတဆင့် အသက်ရှူလမ်းကြောင်းကနေ ရှူမိလို့ အများဆုံး ကူးစက်ရတယ်ဆိုပေမယ့် လက်ရှိ လူထုကြား ရောဂါပျံ့နှံ့မှု ဆိုင်ရာ လေ့လာချက်များအရ လက်ကနေကူးစက်မှုက ဒုတိယ အများဆုံး လိုက်နေတယ်လို့ သိရပါတယ်။


ဘယ်လိုကူးတာလဲ ဆိုတော့ ခုနလို လူအများနဲ့ဆိုင်တဲ့ နေရာတွေက ပစ္စည်းတွေ ပေါ်မှာ ဒီပိုးတွေဟာ လူနာဆီက တစ်နည်းနည်းနဲ့ (ဥပမာ ဝေဒနာရှင်က ချောင်းဆိုး၊ နှပ်ညှစ်ထားလို့) ရောက်ရှိနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ လက်မှာ အသာလေး ကပ်ပါလာပြီး နှာခေါင်း၊ ပါးစပ်တို့ကနေ အသာလေး ကူးစက် ၀င်ရောက်နိုင်တာမို့ အရမ်းသတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်။
လူတိုင်းဟာ အပြင်မှာ ထိလာကိုင်လာတဲ့ လက်တွေကို ၀မ်းရောဂါ၊ အသည်းရောင် အသားဝါ B, C စတာတွေ ကြောက်လို့ အစာမစားခင် လက်ဆေးရမယ် ဆိုတာတော့ သိကြပေမယ့် အဲလို လက်မဆေးသေးခင် မိမိမျက်နှာ နှုတ်ခမ်း ခံတွင်း မျက်လုံး စတာတွေကို ထိကိုင်ပွတ်သပ်မိလို့ တုပ်ကွေးဗိုင်းရပ်စ်တွေ ကူးစက်ခံရတတ်တယ်ဆိုတာတော့ ယောင်လို့တောင် တွေးမိကြမယ် မထင်ပါဘူး။
တုပ်ကွေးစဖြစ်တဲ့ နိုင်ငံတွေကနေ တခြားနိုင်ငံတွေကို ပျံ့နှံ့တဲ့ နည်းလမ်းတွေထဲမှာ လေဆိပ်ကနေ ပျံ့စေတာက အရမ်း မြန်ဆန်လွန်းပါတယ်။ ဘာလို့လဲဆိုတော့ လေကြောင်းခရီးကနေ ပါလာတဲ့ ရောဂါရှိသူ တစ်ယောက်ယောက်ဟာ အများသုံး အိမ်သာ တံခါး၊ အများသုံး အင်တာနက် စတာတွေကို ချောင်းဆိုးတာ အုပ်ထားတဲ့လက်နဲ့၊ နှပ်ညှစ်ထားတဲ့ လက်နဲ့ စသဖြင့် ကိုင်မိမယ် ဆိုရင် နောက်ထပ် လာကိုင်သမျှသော သူတွေကို သေချာပေါက် ကူးစက်စေမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ကပ်ရောဂါတွေ ဖြစ်လာနေကြတဲ့ ကြက်တုပ်ကွေး၊ ၀က်တုပ်ကွေး၊ လူတုပ်ကွေး တုပ်ကွေးအမျိုးအစားပေါင်းစုံဟာ ခရီးသွားနှုန်း အရမ်းမြင့်မားတဲ့ ဥရောပနဲ့ အမေရိကတိုက်တွေမှာ နိုင်ငံဖြတ်ကျော်ပျံ့နှံ့မှု အရမ်း မြန်ဆန်ရခြင်း ဖြစ်ပါတယ်လို့ မကြာသေးမီကမှ အင်္ဂလန်က ပြန်လာတဲ့ ကျွန်တော့်ရဲ့ ဆရာမ အထူးကုဆရာဝန်ကြီး တစ်ဦးက Mutdfan.com သို့ ရှင်းပြပေးသွား ခဲ့ပါတယ်။

ဒီလို အပြင်က ပြန်လာတာနဲ့ လက်ဆေးတဲ့အကျင့်၊ အိမ်ပြန်မရောက်သေးသော်လဲ တစ်ခုခု ကိုင်ပြီးတာနဲ့ လက်ဆေးတဲ့အကျင့်ကို စွဲမြဲနေအောင် ထားမယ်ဆိုရင် ဒီလိုတုပ်ကွေးတွေက အစ ရာသီပေါ် အအေးမိ တုပ်ကွေး တွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ hand gel လို့ခေါ်တဲ့ ရေပြန်ဆေးစရာမလို လက်သုတ်စရာမလိုတဲ့ လက်ဆေးဆေးရည်လေးများ ဆိုင်တွေ စူပါမားကတ်တွေမှာ ၀ယ်လို့ ရနေပါပြီ။ ဒါလေးတွေဟာ လွန်စွာကောင်းမွန်တဲ့ အကျင့်ဖြစ်လို့ ယနေ့ စသင့်ပါပြီ။


(၂)အိပ်ရေးပျက်ကို တတ်နိုင်သမျှ မခံပါနဲ့။ အထူးသဖြင့် လူတစ်ယောက်ဟာ မိမိရဲ့ ပုံမှန်အိပ်ချိန်ထက် ၄နာရီနောက်ကျခြင်းကို ဆိုးဆိုးဝါးဝါး အိပ်ရေးပျက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလို အိပ်ရေးပျက်ပြီး နောက်နေ့ လူထူထပ်တဲ့ နေရာသွားရမယ်ဆိုရင် တကယ်တမ်းသာ ကျန်းမာရေး ဂရုစိုက်ရင် (လူတုပ်ကွေး ပျံ့နှံ့နေတဲ့ အချိန် မဟုတ်ပေမယ့်လဲ) နှာခေါင်းစီးမျက်နှာဖုံး တပ်သွားသင့် ပါတယ်။ တကယ်တမ်းတော့ အကြောင်းအမျိုးမျိုးကြောင့် မတပ်ဖြစ်တာ များပါတယ်။
(၃)အဲလို မျက်နှာဖုံး တပ်သွားမယ် ဆိုရင်လဲ မိမိလက်နဲ့ တစ်ခါကိုင်ချွတ်ပြီးရင် ပြန်မတပ်ရတော့ပါဘူး။ ဒါဟာ ရောဂါပိုးတွေ လက်ကနေ လေထုထဲကနေ မျက်နှာဖုံးရဲ့ မိမိရှူမယ့် ဘက်ကို ကပ်ငြိသွားစေလို့ အန္တရာယ်ရှိပါတယ်။ ဒီလိုချွတ်မိမယ် ဆိုရင်လဲ အဲဒီမျက်နှာဖုံးကို စွန့်ပစ်ပြီး အသစ် တစ်ခု ပြန်တပ်ပြီး သုံးသင့် ပါတယ်။ နို့မို့ တစ်နေကုန် လက်က ဟိုကိုင်လိုက် ဒီကိုင်လိုက်၊ ဒီမျက်နှာဖုံးတစ်ခုထဲ ချွတ်လိုက် တပ်လိုက်ဆို ရောဂါသာ ရန်ကုန်မှာ တကယ်ပျံ့နေမယ်ဆိုရင် သေချာပေါက် ကူးမှာပါပဲ။
(၄)တုပ်ကွေးပိုး စတဲ့ ရောဂါတော်တော်များများ ကိုကာကွယ်ဖို့ ဗိုက်တာမင်စီ ချို့တဲ့လို့ မဖြစ်ဘူး ဆိုတဲ့အသိ လူတော်တော်များများမှာ ရှိကြပါတယ်။ ဒီနေ့ခေတ်မှာလဲ ဗိုက်တာမင်စီ သီးသန့်ပါဝင်တဲ့ ဈေးကြီးတဲ့ဆေးတွေ ဈေးကွက်ထဲမှာ နေရာရနေတာကို ကြည့်ရင် လူထုရဲ့ အခြေခံကျန်းမာရေးအသိ တိုးတက်လာနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တကယ့် ပြည်တွင်း ပြည်ပ ကျန်းမာရေး အလိုအရ ကိုယ်ခံအားစနစ် ကောင်းသူတွေ ဖြစ်ချင်ရင် ဗိုက်တာမင်စီ တစ်ခုတည်း ဖြည့်ရုံနဲ့တော့ မရဘူးလို့ ဆိုပါတယ်။ လွယ်လွယ်ပြောရင် အသီးအရွက်စုံ စားမှ ဗိုက်တာမင် မျိုးစုံရပြီး ရောဂါမျိုးစုံ ကာကွယ်နိုင် လောက်တဲ့ ခန္ဓာကိုယ်တွင်း ခုခံအားစနစ် (Body Defense Mechanism) ကိုရရှိမှာ ဖြစ်ပါတယ်။ (သဘာဝ ဗိုက်တာမင်မဟုတ်တဲ့ အားဆေးတွေထဲက ဗိုက်တာမင်တွေမှာ အဲဒီအစွမ်း သိပ်မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အသီးအရွက်တွေကိုပဲ အားကိုးသင့်ပါတယ်)
(၅)နောက်ပြီး အားလုံး သိကြတဲ့အတိုင်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ရောဂါတစ်ခုခု ခံစားနေရသူများ စသဖြင့်တွေဟာ ကိုယ်ခံအားစနစ် မကောင်းတဲ့အတွက် တုပ်ကွေး ဖြစ်ဖို့ အရမ်းလွယ်ပါတယ်။ ဒါ့အပြင် ၃လအတွင်း ၀က်သက်ပေါက်ဖူးသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ အိပ်ရေးပျက်လွန်းသူတွေ၊ အသီးအရွက်မစားတဲ့သူတွေ၊ အ၀လွန်သူတွေ ဟာလဲ ရောဂါပိုးနဲ့တွေ့ရင် သေချာပေါက် အကူးခံရမယ့်သူတွေ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ၀က်သက် တစ်ခါ ပေါက်ပြီးရင် ၃လကျော်မှ ပုံမှန် ကိုယ်ခံအားစနစ် အခြေအနေကို ပြန်ရရှိတာမို့ပါ။ ဆေးလိပ်သောက်သူတွေရဲ့ လေပြွန်တွေ၊ လေမြွှာအိတ်တွေရဲ့ မျက်နှာပြင်တွေဟာ ခုခံစွမ်းအား လုံခြုံမှု မကောင်းဘဲ တုပ်ကွေးပိုးက အလွယ်တကူ ဖောက်ထွင်းသွားနိုင်လို့ ဖြစ်ပါတယ်။ အ၀လွန်သူတွေကတော့ သူတို့ရဲ့ ကိုယ်ခံအားစနစ်ဟာ အမြဲတမ်းလိုလို ပုံမှန်အောက်ကို ရောက်နေလို့ ဖြစ်ပါတယ်။
(ဒီဆောင်းပါးပါ အချက်တွေဟာ တုပ်ကွေးကာကွယ်နည်းများရဲ့ လူသိနည်းတဲ့ ထူးထူးခြားခြား အကြောင်းလေးများ ဖြစ်ပါတယ်။ ဒီမှာ ကျန်ရှိနေသေးတဲ့ အချက်တွေကတော့ နိုင်ငံပိုင် သတင်းစာ၊ ရေဒီယို စတဲ့ မီဒီယာများမှ ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်များ အတိုင်း ဖြစ်ပါတယ်)

Source : Mutdfan

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Thursday, February 11, 2010

ညီငယ် အမောပြေစေဖို့ ( ၁ )


အတ္တာဟိ အတ္တနော နာထော
" ဗိုလ်လောင်းတို့ အတ္တာဟိ အတ္တနော နာထော - ဆိုတာဘာလဲ "
" မိမိကိုယ်သာ ကိုးကွယ်ရာပါ "
" အေးဟုတ်တယ်၊ ကိုယ့်ကိုကိုယ် အားကိုးမှ၊ ကြိုးစားမှ အရာရာ အောင်မြင်မယ်။ ကိုယ့် Intake နဲ့အတူ တစ်နှစ်တစ်တန်း မှန်မှန်အောင်ဖို့ အတွက် လေ့ကျင့်ရေးပိုင်းရော၊ စာပေပိုင်းပါ ကိုယ်စီကြိုးစားဖို့လိုတယ်.. ..
××××××××××××××××××××××

" သား ဆယ်တန်းဆိုတာ ဘ၀မှာ အရေးကြီးဆုံး စာမေးပွဲပဲ.. ။ နှစ်ချင်းပေါက်အောင်ဖို့လိုတယ်။ ဖေဖေတို့က ဘယ်လောက်ကောင်းတဲ့ ကျူ ရှင်တွေ၊ ဘော်ဒါတွေထားထား အဓိကက သားရဲ့ကြိုးစားမှုပဲ။ ဗုဒ္ဓက အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဟောကြား ခဲ့တယ်ကွ။ "
" ဟုတ်ကဲ့ပါ ဖေဖေ၊ သားကြိုးစားပါတယ် "
××××××××××××××××××××××

" ဒီနေ့ ဘာနေ့လဲ ရှင်သိလား "
" တနလာင်္နေ့လေ "
" အဲဒါရှင်ပြောမှလား ၊ သားစာမေးပွဲ စဖြေရမယ့်နေ့လေ "
" အေးအေး "
" ဘာအေးအေးလဲ ၊ ၉ နာရီမတ်တင်းမှာ တပ်ရင်းရုံးကနေ အိမ်ခဏပြန်လာခဲ့ "
" ဟာ ဘာလုပ်မှာလဲဟ၊ သား သူ့ဟာသူ စာမေးပွဲဖြေမှာ အတ္တာဟိ အတ္တနော နာထောပါ မိန်းမရာ "
" ရှင့်ဟာရှင် အတ္တာဟိ ဟိ မဟိဟိ၊ ရှင်ကိုယ်တိုင် ၉ နာရီမှာ ဘုရားကို ဖယောင်းတိုင် ၉ တိုင် မီးထွန်းပူဇော်ရမယ် "


နတ် ( ၁ ) ၊ ဗုံး ( ၁ )
ပထမနှစ် ဗိုလ်လောင်းများ စစ်ဗျူဟာ သင်ခန်းစာ ပို့ချချိန် ကိုယ်စီတာဝန်များအကြောင်း နည်းပြက ဆွေးနွေးနေစဉ် အိပ်ငိုက်နေသော ဗိုလ်လောင်းမှာ စာမေးခံရလေသည်။
နည်းပြ ။ ။ အိပ်ငိုက်နေတဲ့ ဟိုဗိုလ်လောင်း ထပါဦး၊ နတ် ( ၁ ) ၊ ဗုံး ( ၁ ) ဆိုတာဘာလဲ။
ဗိုလ်လောင်း။ ။ စားရိပ်သာက မီးဖိုကြီးမှာ ထမင်းဗန်း ( ၁ ) နပ်စာ မနပ်လေ ၀က်စာပုံး ( ၁ )ပုံး ပိုထွက်လာလေပါပဲ။
နည်းပြ။ ။ ဗိုလ်လောင်း မင်း CAD သုံးရက်ပြေး သင်ခန်းစာချိန်အိပ်ငိုက်လို့။
ဗိုလ်လောင်း။ ။ ဟုတ်။

ဖြေလိုက်ပုံ
မြန်မာစာဆရာက ဒုတိယနှစ်ဗိုလ်လောင်းများကို အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရ ရေးဖွဲ့သော နှမလက်လျှော့နေလေတော့ ကဗျာ ကိုသင်ကြားနေစဉ် အိပ်ငိုက်နေသော ဗိုလ်လောင်းတစ်ဦးကို မြင်လိုက်ရာ -
ဆရာ ။ ။ နောက်တန်းက ငိုက်နေတဲ့ ဗိုလ်လောင်းထစမ်း ။ နှမလက်လျှော့နေလေတော့ ကဗျာကို ဘယ်သူရေးဖွဲ့တာလဲ။
ဗိုလ်လောင်း။ ။ ရေးဖွဲ့တဲ့သူကို မသိပါဘူး ။ ဆိုတဲ့သူကတော့ တွံတေးသိန်းတန်ပါ ။

ရောဂါ ပျောက်ချိန်
နယ်ကျော်ပြေးပြိုင်ပွဲအတွက် လေ့ကျင့်စဉ် ခြေထောက်နာသွားသည့် ပထမနှစ်ဗိုလ်လောင်းကို သူ့ Guardian နောက်ဆုံးနှစ် ဗိုလ်လောင်း ကနှစ်သိမ့်စောင့်ရှောက် လာသည်မှာ တစ်ပတ်ခန့် ရှိလာပြီဖြစ်သည်။
နောက်ဆုံးနှစ်ဗိုလ်လောင်း ။ ။ညီလေး မင်းခြေထောက်နာတာက ဘယ်အချိန်မှ ပျောက်မှာလဲကွ။ ဒဏ်ရာလဲမတွေ့ဘူး။ ငါတောင်မင်း ကြည့်ပြီး စိတ်ဓာတ်ကျလာပြီ။
ပထမနှစ်ဗိုလ်လောင်း ။ ။ ဘာမှစိတ်ဓာတ် မကျပါနဲ့ အစ်ကို။ Out pass ထွက်ရင် ကောင်းသွားမှာပါ။

မီးမှုတ်ချိန်
မီးပိတ်ချိန်တွင် ဖယောင်းတိုင်ထွန်းပြီး ဖိနပ်တိုက်နေသော ပထမနှစ်ဗိုလ်လောင်းတစ်ဦးကို တပ်ခွဲတာဝန်မှူး ဗိုလ်လောင်းတွေ့ရာ -
တာဝန်မှူး ။ ။ First Year မီးပိတ်ချိန်မှာ ဘာဖြစ်လို့ ဖယောင်းတိုင် ထွန်းထားတာလဲ။
ဗိုလ်လောင်း။ ။ ဟုတ်.. သတင်းပို့ခွင့်ပြုပါ ။ မီးပိတ်ချိန်လို့ပဲအော်ပြီး မီးမှုတ်ချိန် မအော်သေးလို့ပါ။

ပြုံးထားပါ..
အပြစ်ပေးခံနေရသည့် Final Year Squard ထဲက ပြုံးစိစိလုပ်နေသော ဗိုလ်လောင်းတစ်ယောက်ကို အရာရှိတွေ့သွားသည် ။
အရာရှိ ။ ။ ပြုံးနေတဲ့ Final Year ထပါဦး ။ အပြစ်ပေးတာပျော့လို့လား။
ဗိုလ်လောင်း။ ။ မဟုတ်ပါဘူး ဗိုလ်ကြီး။
အရာရှိ။ ။ ဒါဆိုဘာလို့ ပြုံးနေတာလဲ။
ဗိုလ်လောင်း။ ။ ကျွန်တော့်ကောင်မလေးက ဘယ်လိုဒုက္ခနဲ့ပဲတွေ့တွေ့ အမြဲပြုံးနိုင်အောင် ကြိုးစားရမယ် မှာထားလို့ပါ။

အဝေးတစ်နေရာမှာ ပညာဆည်းပူးနေသော ညီငယ်လေး ပြုံးပျော်နိုင်စေရန် ရည်ရွယ်ပါသည်။ ညီငယ်အား လွမ်းဆွတ်လျှက်..

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Tuesday, February 9, 2010

အနော်ဘယ်နေရာလွဲနေတာလဲဟင် :(


အဟိ .. အနော်ခေါင်းပူတဲ့ Case လေးတစ်ခု တင်လိုက်တယ်။ လုပ်မိပြီဆိုရင်လဲ ပြီးအောင်လုပ်ချင်တယ်၊ ဖြစ်အောင်လုပ်ချင်တယ်။ ဒီတော့ မရတာကြီးကို ဇွတ်လုပ်တော့ ခေါင်းတွေလဲ ပူလာပြီ။ တစ်ခုခုလွဲနေလို့ပဲဖြစ်မှာပါ။ ဘယ်နေရာတုန်းတော့မသိဘူး။ ဒီတော့ ဘော်ဘော်တို့က အနော်ဘယ်နားလွဲတုန်း ထောက်ပြပေးနော်။ ကျွန်တော်ရဲ့ ဘလော့ဂ်လေးမှာ Post တိုင်းရဲ့ အောက်မှာ You might also like : ဆိုပြီး ပုံလေးတွေနဲ့ အရင် Post အဟောင်းလေးတွေကို ညွှန်းတဲ့ဟာမျိုးလေး ထည့်ချင်တာ။ ဘော်ဒါ တို့ ဆိုဒ်တော်တော်များများမှာ မြင်ဘူးမှာပါ။ ကျွန်တော်လဲ ထည့်ချင်တာနဲ့ မပန်းရင့်ကိုမေးတယ်။ သူကလဲ အားတက်သရောဖြေရှာပါ တယ်။ နောက်ပြီး Kp3 ကိုလည်းမေးသေးတယ်။ Link လေးညွှန်းပါတယ်။ သူတို့နှစ်ယောက်ပေးတဲ့လင့်က အတူတူပဲ။ အောက်ကပုံ စံအတိုင်း ကျွန်တော်လုပ်တယ်ဗျာ။ ဘာလို့မရတာလဲ။ သိရင်ညွှန်းပေးကြပါအုံးဗျာ။ ခေါင်းတွေလဲပူလှပါပြီ။

ပထမဆုံး သူတို့ပေးတဲ့ Link ကိုသွားလိုက်တယ်. အောက်က အကွက်လေးပေါ်လာတယ် ။ စသဖြင့် ဖြည့်လိုက်တယ်။ ပြီးတော့ Click လိုက်တယ်....

ပုံစံလေးပေါ်လာတယ်။ Install Widget ကို နှိပ်လိုက်တယ်..

ဒီပုံစံလေးပေါ်လာတယ် ။ အနီကွင်းတာလေး ထပ်နှိပ်လိုက်တယ်..

ကဲအောက်ကပုံစံလေးအတိုင်းဆက်သွားတယ်..

အားလုံးပြီးတော့ Save လိုက်တယ်..

ပြီးတော့ Home page ကိုသွားလိုက်တော့ ဒီပုံစံအတိုင်းပေါ်ပါလေရောခင်ဗျာ..

ကျွန်တော်လိုချင်တာ အောက်ကပုံစံအတိုင်းလေ..

မရဘူးဖြစ်နေတယ်။ ကဲ ဘော်ဘော်တို့ရယ် ကျွန်တော်တုံးအလွန်းလို့ ကူညီပေးကြပါနော်။ ကူညီပေးကြမယ်မလား။ :P

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ

လှတောသားတို့ စကားကြွယ်ပုံ ( ၁ )


တောမှားလာရော့လေသလားကွယ်
ကျောင်းအမှီ လွယ်အိတ်ကိုယ်စီ တရွတ်ဆွဲလျက် အပြေးသွားနေကြသော ကလေးတွေကို ကြည့်ရင်း လက်ဖက်ရည်ဆိုင်ထဲ၌
" အလိုလေး သူငယ်တန်းကျောင်းသားတဲ့ ၊ လွယ်လိုက်ရတဲ့ စာအုပ်တွေကတော့ ဘီအေတန်းအတွက် စာတမ်းတင်ဖို့ စာအုပ်တွေရှာလာသ လားမှတ်ရ " ဟု -
တစ်ယောက်က စလိုက်ရာ.....
" တို့အိမ်နားက ကလေးလဲ အတန်းမေးတော့ ပထမတန်းတဲ့ ၊ ကျက်လိုက်တဲ့ စာကတော့ အလိုလေး ဆိတ်ခြံထဲ ကျားဝင်ဆွဲသလား မှတ်ရ၊ ကျွတ်ကျွတ်ကို ရိုက်နေပါသလား "
ဆိုင်ထဲတွင် ရယ်မောသံများ ညံသွားလေသည်။

မြင့်မိုရ်တောင်လေလား
ဝက်လက်ဘောလုံးသင်းနှင့် လှတောဘောလုံးသင်းတို့ လှတောရွာကွင်းတွင် မိတ်ဆက်ကစားကြစဉ်ကဖြစ်၏။ လှတောနှင့် အနီးအနားမှ များစွာလာရောက်အားပေးကြသည်။
လှတောသားများသည် ၀က်လက်မှ ဘောလုံးသမား တစ်ယောက်ကို မျက်စိကျနေ၏။ ထိုဘော်လုံးသမားမှာ မည်းမည်းညိုညို တုတ်တုတ် ခိုင်ခိုင်ကြီးဖြစ်၏။ ပေါင်လုံးကြီးများမှာ ထန်းပင်လောက်တုတ်နေရာ ၊ လှုပ်ရှားပြေးလွှားမှုတွင် နှေးကွေးသည်ဟု ထင်ရ၏။
ထို့ကြောင့် လှတောသား တစ်ယောက်က -
"အလိုလေးဟဲ့ ၊ နှေးကွေးလေးလံလိုက်တဲ့ ဘောလုံးသမားရယ် ၊ မြင့်မိုရ်တောင်ကြီး အင်္ဂတေကိုင်ထားသလား မှတ်ရ "
နောက်တစ်ယောက်က..
" နှေးတော့မှာပေါ့ကွာ ၊ ကြီးလိုက်တဲ့ ပေါင်လုံးကြီးတွေနှယ် ၊ ရေစည်ပီပါကြီးတောင် ထောင်ထားသလိုပါကလား "
ဆိုလိုက်သောအခါ ရယ်မော့သံများ ဆူညံသွားလေသည်။

မီးကွင်းတဲ့အရိုး
ဆေးလိပ်ဖွာကာ စည်းစိမ်ယူနေသော ဦးကြီးမှာ စည်းစိပ်ပျက်ရလေသည်။ သူအားထားသော ဆေးလိပ်မှာ မကြာခဏ မီးသေ၍ ချည်းနေ ရာ၊ မကြာခဏ ထပ်မံညှိရသောကြောင့် စည်းစိမ်ပျက်လှသည်။ သုံးလေးကြိမ်လောက် ညှိပြီးသွားသောအခါ သူ့ဇနီးအား....
" ဟဲ့ ဒီဆေးလိပ် ဘာသားဆေးရိုးနဲ့ လိပ်ထားတာလဲ "
" တသီးတခြားတော့ မှတ်မထားပါဘူး ၊ အစုံပါပဲ ၊ ဘာဖြစ်လို့လဲ "
" အဲဒီ့ထဲက ဆေးရိုးရဲ့ အပင်ကိုယူပြီး အိမ်ဆောက်ရရင် မီးမကြောက်ရတော့ဘူးဟ ၊ မီးကွင်းတယ်."
အိမ်ရှင်မမှာ ချက်ချင်းသဘောမပေါက်၊ စကားဆုံးသွားတော့ ဟားတိုက်ရယ်မောလေ၏။


လှတောသား နှင့် ဦးပေါ်ဦး ( ဟာသစုဗူး ) စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ....
Related Posts with Thumbnails