Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label လူမှုဘ၀နေထိုင်မှု. Show all posts
Showing posts with label လူမှုဘ၀နေထိုင်မှု. Show all posts

Friday, January 22, 2010

ရေပေါ်ဆီဝေ့ စာပေဖတ်ရှုမှုမျိုး မဖြစ်စေလို


ကျွန်တော် ဒီ Post လေးကိုတင်ရင် လူမုန်းခံရမယ်၊ ဆဲခံရမယ် ဆိုတာ အသေချာသိပါတယ်။ ဒါပေမယ့် ရေးချင်လွန်းတဲ့ စိတ်ဆန္ဒက ပြင်း ထန်နေတော့ အရဲစွန့်ပြီး ရေးသားလိုက်ရပါတယ်။ ကျွန်တော်ပြောချင်တဲ့ အကြောင်းရာကတော့ လူငယ်တစ်ချို့ စာဖတ်ရှုခြင်းနဲ့ ပတ်သတ် ပြီးပြောချင်ပါတယ်။ စာပေဖတ်ရှုရာမှာ နှစ်မျိုးတွေ့ရှိရပါတယ်။ တမျိုးကတော့ ရေပေါ်ဆီဝေ့၊ ပြီးစလွယ် အစကနေအဆုံးဖတ်ရှုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သေချာအာရုံစိုက်ပြီး ဖတ်ရှုကာ ထိုစာပေါ်ဝေဖန်ထောက်ပြနိုင်ခြင်းဖြစ်ပါတယ်။

အခု ကျွန်တော်တို့နိုင်ငံက လူငယ်အများစုကြားမှာ ရေပေါ်ဆီဝေ့ စာပေဖတ်ရှုခြင်းကိုသာ တွေ့ရှိနေရပါတယ်။ စာတပုဒ်၊ စာတပိုဒ်၊ စာအုပ် တစ်အုပ် ဖတ်လို့ပြီးဆုံးသွားသည်။ ထိုဖတ်ရှုပြီးသော စာပေါ်တွင် ဝေဖန်ထောက်ပြခြင်းမရှိနိုင်သလို၊ ရေးသားထားသော စာ၏ ဆိုလိုရင်းကို လဲ သိပ်သဘောမပေါက်ကြသည်က များသည်။ အခုကျွန်တော်ပြောပြနေတာတွေက အွန်လိုင်းပေါ်က လူတန်းစားအများစုဖြစ်ပါတယ်။ တစ စနှင့်တစ နည်းပညာများ အလွန်တရာမှ ထွန်းကားလာပါတယ်။ ဒီလို ထွန်းကားလာတဲ့ နည်းပညာကို အသုံးချပြီး ပြစ်မှုကျူးလွန်သူတွေ၊ လိမ်လည်လှည့်ဖျားမှုတွေ၊ အသေရေဖျက်မှုတွေ၊ အမျိုးမျိုးတွေ့ရှိလာရပါတယ်။ ဒီလိုခေတ်ကြီးတည်းမှာ ဒီလိုရေပေါ်ဆီဝေ့စာဖတ်ခြင်းမျိုးနဲ့ တော့ နောက်ကောက်ကျကျန်ခဲ့ဖို့ များပါတယ်။

ခေတ်ပညာရေးကြောင့် လူငယ်တွေ စာဖတ်အလေ့ကျင့် အရမ်းနည်းလာတာကို တွေ့ရပါတယ်။ ကျောင်းပညာသင်ချိန်မှာ ကျန်တဲ့ဗဟုသု တ ရွေးဖတ်ဖို့နေနေသာသာ ကျောင်းဖတ်စာအုပ်ကိုတောင် နှံ့စပ်အောင် မဖတ်ခဲ့ကြတဲ့အတွက် စာဖတ်ခြင်းမှာ အရမ်းအားနည်းလို့လာ ပါတယ်။ ဒါကိုလဲ စာဖတ်သူတို့အနေနဲ့ သုံးသပ်ကြည့်နိုင်ပါတယ်။ ဘလော့ဘ်တွေ ၊ မဂ္ဂဇင်းတွေ၊ လူမှုရေးဆိုဒ်တွေ၊ ဘာသာရေးဆိုဒ်တွေ နောက် အမျိုးမျိုးသော စာပေတွေကို ဖတ်ရှုပြီးရင် ကိုယ်ဥာဏ်အားမှီသလောက် ဝေဖန်စဉ်းစားသင့်ပါတယ်။ ဝေဖန်တယ်ဆိုလို့ တလွဲမ တွေးစေချင်ပါဘူး။ ကျွန်တော်ပြောချင်တာက ကပ်သပ်ပြီးထောက်ပြခိုင်းတာမဟုတ်ပါဘူး။ ဥပမာ ဆိုကြပါတော့ဗျာ. ကိုယ့် email ထဲကို Fwd mail တစ်စောင်ရောက်လာတယ်။ လူတစ်ဦးရဲ့ စာရိတ္တနဲ့ပတ်သတ်တာမျိုးပေါ့ ။ ထိုသို့သော mail မျိုးကို မိမိအနေနဲ့ ထပ်မံဝေဖြန့် ပါက လူတစ်ယောက်ရဲ့ သိက္ခာ၊ ဘ၀ ကောင်းကျိုးတစ်ကွက်မှမတွေ့နိုင်။ ထို့ကြောင့် ထိုရောက်လာသော email ကိုဆန်းစစ်သင့်သည်။ ဒါကအမှန်လား၊ အမှားလား၊ သူ့ကို ပုတ်ခတ်ဖို့ လူတစ်ဦးတစ်ယောက်က စီစဉ်ထားတာလား၊ လှည့်ဖျားချက်လား၊ ငါယုံပြီး ဆက်လက် ဖြန့်သင့်လား၊ ဒီမှာပဲ ရပ်တန်းက ရပ်သင့်ပြီလား စသဖြင့် တွေးတောစေချင်သည်။ ထိုသို့တွေးတော့ပြီး ဖြန့်သူအလွန်နည်းပါးလှပါသည်။ ကိုယ့်ဆီရောက်လာတဲ့ mail တိုင်းအမှန်တရားလို့ မတွေးတောပါနှင့်။ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးလှည့်ကွက် များစွာဖြစ်နိုင်သည်။

ကျွန်တော် ဘလော့ဘ်များစွာကို သွားရောက်လည်ပတ်ဖူးသည်။ ရသပေါင်းများစွာကိုလဲ ဖတ်ရှုခဲ့ပါသည်။ Blogger အများစုမှာ အရေး သားပိုင်နိုင်ကြသည်။ လာရောက်ဖတ်ရှုသူများလဲ များပြားကြသည်။ စာဖတ်သူများသည် စာရေးသူအတွက်အားဖြစ်စေသည်။ စာဖတ်သူ ၏စကားတစ်ခွန်းသည် စာရေးသူအတွက်လွန်စွာအထောက်ကူဖြစ်စေသည်။ သို့သော် comments များကို ဖတ်ရှုရာမှာတော့ စိတ်ပျက် ဖွယ်ရာများကိုသာ ဖတ်ရှုခဲ့ရသည်။ အထက်က post ရဲ့ ဆိုလိုရင်းကို သေချာနားမလည်၊ သဘောမပေါက်၊ ကိုယ့်ရေးချင်တာရေးသွား သည်။ အများစုမှာ ရေးသားထားသော Post ကိုဝေဖန်အကြံပြု ဆွေးနွေးမှုထက်၊ ပုဂ္ဂိုလ်ရေး အာပလာများကိုသာ ပြောပြီးထွက်သွားကြ သည်။ ကိုယ်ဖတ်လိုက်တဲ့ Post က မှန်၏ မှား၏ ဖြစ်တန်၏ မဖြစ်တန်၏ ၊ ဘယ်လိုအကြောင်းရာမျိုးတော့ဖြင့် လွဲနေသည်၊ ဘယ်လိုဟာ မျိုးက မသင့်လျော်။ ထို့သို့ထောက်ပြခဲ့နိုင်လျှင် မည်မျှလောက်ကောင်းမည်နည်း။ စာရေးသူတို့အနေနှင့်လဲ ထိုသို့သော ဝေဖန်ချက်မျိုးကို လက်ခံနိုင်မည်ထင်ပါသည်။

အခုလိုတင်ပြမှုကို ကျွန်တော့်ထက် ၀ါရင့် Blogger ကြီးများလဲ လက်ခံနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့်မို့လဲ ၀ါရင့် Blogger ကြီး များအနေဖြင့် အချိန်အားလျော်စွာ ကိုယ့်ညီငယ်ညီမငယ်များအား စာဖတ်စွမ်းရည် တိုးတက်လာမည့်ဆောင်းပါများ၊ စာဖတ်သူညီငယ် မောင်ငယ်များ စာပေကို ဖတ်ရှုပြီး ဝေဖန်တက်လာအောင် စွမ်းဆောင်ပေးသင့်ပါတယ်လို့ အကြံပြုတိုက်တွန်းရေးသားလိုက်ရပါတယ်။

စာဖတ်သူတို့အားအစဉ်လေးစားလျှက်..
မျှော်လင့်သူ

Saturday, January 16, 2010

During this Week

17.1.2010

ဒီနေ့ Super Sunday ။ ရက်သတ္တပတ်တစ်ခု ကုန်ဆုံးလို့သွားခဲ့ပြန်ပါပြီ ။ ဒီရက်သတ္တပတ်လေးဟာ ပျော်ရွှင်မှုတွေလဲ ဆောင်ကြဉ်းပေးသလို ပင်ပန်းနွမ်းနယ်မှုတွေနဲ့ စိတ်ရှုပ်မှုတွေလဲ အပြည့်ပဲ။ ဒီရက်ပိုင်းလေးအတွင်းမှာ ခရီးတိုလေးတွေလဲ သွားခဲ့ရတယ်။ လူလဲ ပင်ပန်း ၊ ဆိုင်ကယ် လဲ ပေစုတ်နေပါပြီ ။

ဒီရက်သတ္တပတ်လေးအတွင်းမှာ......... ..

ထန်းရည်မူးတော့ နောက်လှန်

အရင်အပတ်သောင်္ကြာနေ့က ကျွန်တော်တို့ ညီအစ်ကိုတစ်တွေစုပြီး မြို့အထွက် 10 မိုင်လောက်က ထန်းတောလေးကိုသွားခဲ့ကြတယ်။ သောက်တက်လို့တော့ မဟုတ်ပါဘူး။ သောက်ကြည့်ချင်လို့ပါ။ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ဇာတ်လမ်းထဲက ဦးကျော်ဟိန်းကြီး ထန်း တောထဲမှာ မူးနေတာကို သဘောကျုလို့ :P တကယ်ပြောတာပါ။ အစ်ကိုတစ်ယောက်က ထန်းရည်ကို ကြိုမှာထားတယ်လေ။ ကျွန် တော်တို့ ရောက်တော့ အဆင်သင့် သောက်ရုံပေါ့။ ရွာထဲမှာ သောက်ရင်တော့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သောက်ဖို့ အဓိက လာတာမဟုတ်ပဲ ထန်းပင်လေးအောက်မှာ သောက်ချင်ရုံသက်သက်လာတာဆိုတော့ ထန်းတောလေးဆီကိုပဲ ပြေးခဲ့ကြပါတယ်။

မြို့ပေါ်ကနေကို တကူးတက လာသောက်မှန်းသိတော့ ထန်းရည်ကလဲ အစစ်မှ အစစ်ပေးလိုက်တယ်။ အမြည်းကတော့ ကောင်းမွန်စူပါ မားကတ်ကနေ ကြက်ကြော်၊ ပဲစေ့၊ အားလူးကြော်တို့ ၀ယ်သွားတယ်။ ထန်းတောရောက်တော့ ကြွက်တွေ့တာနဲ့ တစ်ဖွဲ့လုံးစားဖြစ်အောင် များများကြော်ခိုင်းလိုက်သေးတယ်။ ပုံမှန်ဆိုရင်တော့ မကြိုက်ပါ။ ဒါပေမယ့် ထန်းရည်လေးဝင်ရင်တော့ စားဖြစ်မလားလို့း) ဒါနဲ့ ညီအစ် ကိုတွေ ပျော်ရွှင်စွာသောက်သုံးလိုက်ကြတာ 1 ဂါလံခွဲပုံး တစ်ပုံးအပြောင်ပဲ။ အားလုံးကတော့ ရီဝေေ၀လေးတွေပေါ့။ နောက်ထပ် 1 ဂါလံ ပုံးတစ်ပုံးထပ်ရောက်လာသည်။ အစစ်ဆိုတော့ ချိုကလည်းချိုနေတော့ သောက်လိုက်ကြသည်။ နှစ်ပုံးလဲ ကုန်ရော အားလုံး ပက်လက် လှန်သွားကြသည်။ အရက်မူးရင် ရှေ့စိုက်တယ်၊ ထန်းရည်မူးရင် နောက်လှန်တယ်တဲ့ :P ကြားဖူးတာ မှန်မမှန်တော့မသိ ကျွန်တော်တို့ အားလုံး ဖျာပေါ်မှာ လှန်သွားပါတော့သည်။
(ဖုန်းလိုင်းမမိသောကြောင့် မြို့ပေါ်သို့ ဖုန်းခေါ်ရန် ထန်းပင်ပေါ်သို့ လှေကားနှင့် တက်ပြီးဖုန်းခေါ်ခဲ့ရပါသေးတယ် :P )

ရေနံချောင်းမြို့သို့တစ်ခေါက်
ကျွန်တော်တို့ ဘော်ဒါအရင်း အစ်ကိုတစ်ယောက် မင်္ဂလာဆောင်ရှိသောကြောင့် ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံး ရေနံချောင်းမြို့သို့ ထွက်ခွာခဲ့ရပါတယ်။ ရေနံချောင်းမြို့ဟာ မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းထဲမှာ တည်ရှိတဲ့ မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ မကွေးမြို့ နှင့် မိုင် 32 မိုင်ခန့်အကွာ မန္တလေး - မကွေး လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ တောင်ဆင်း တောင်တက်များပြားပြီး စီးပွားရေး အတန် သင့်ကောင်းမွန်တဲ့ မြို့ကလေးဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး မကွေးမြို့ကနေ နံနက် 6 နာရီခွဲက စတင်ထွက်ခွာလာခဲ့ပါတယ်။ အ အေးဓာတ်လွန်ကဲတဲ့ အညာမနက်ခင်းမှာ မြူဆိုင်းနေတဲ့ လမ်းလေးပေါ် ရှေ့မီးထိုးပြီး မောင်းနှင်ခဲ့ရပါတယ်။ မြို့အထွက်က ဆီဆိုင် ရောက်မှ ဆိုင်ကယ် 3 စီးလုံး ဓာတ်ဆီဖြည့်လိုက်ပြီး ဆက်လက်ထွက်ခွာခဲ့ပါသည်။ လမ်းပေါ်မှာ ဆီပျက်နေတဲ့ အဒေါ်ကြီးတစ်ယောက်ကို တိုင်ကီထဲမှ ဆီထုတ်ပြီး ကူညီခဲ့ပါသေးတယ်။ ရေနံချောင်းမြို့ကလေးကို 8 နာရီမထိုးခင်မှာ ရောက်ရှိခဲ့ပါတယ်။ 1 နာရီ ပတ်ဝန်းကျင်သာ မောင်းနှင်ခဲ့ရာပါတယ်။ ချမ်းခိုက်ခိုက်နဲ့ မင်္ဂလာဆောင်ဧည်ခံပွဲထဲ ၀င်လိုက်သည်။ ဟိဟိ ဧည့်ခံများက လာချသည်.. ရေခဲမုန့် နှင့် ဝေဖာ ချောင်း .. အားပါး လူတစ်ကိုယ်လုံးတောင်တုန်သွားတယ် :P အားနာပါးနာနဲ့ပဲ နှစ်ဇွန်း သုံးဇွန်းကြိတ်ခဲ့ရသည်။ ပြီးနောက် နှုတ်ဆက်ပြီး မြို့ထဲမှာ လျှောက်ပတ်ရင်း လက်ဘက်ရည်ဆိုင် ၀င်ထိုင်ရင်း ရေနွေးပူပူလေး သောက်ရင်း စကားပြောနေခဲ့ကြသည်။ ထိုတွင် ဖိုက်တင် အက်ရှင်ကားတစ်ကား ကြည့်ခဲ့ရသည်။ ဘေးအနီးနားက လက်ဘက်ရည်ဆိုင်တွင် မြန်မာပြည်မှ လူစွမ်းကောင်း အမျိုးသမီးများ သတ် ပုတ်နေကြသည်.. အမလေး အေးကအေးပါဆို သူတို့ကဇွတ် :P

လက်ဘက်ရည်ဆိုင်လေးကထွက်လာပြီး မကွေးဘက်သို့ပြန်ခဲ့ကြပါတယ်။ အပြန်လမ်းမှာ ညောင်လှဆိပ်သို့ဝင်ပြီး ဧရာဝတီမြစ်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါသေးသည်။ အပြန်လမ်းမှာ ဟိုတစ်နေ့က သွားခဲ့တဲ့ ထန်းတောလေးကို ၀င်ခဲ့ကြပါသည်။ အား လုံးမူးတာကို ကြောက်နေကြပါပြီ။ ဒီတစ်ခါဝင်တာ ထန်းရည် အချိုလေးသောက်ရင်းနဲ့ ဘူးသီးနဲ့ ကြက်သားနဲ့ ကာလသားချက်ချက်ထား တဲ့ ကြက်သားကာလသားဟင်း စားဖို့ပါ။ အားလုံးပဲ ထန်းတောမှာ စားသောက်ပြီး နေတ၀က်ကျိုးလောက်မှာ မကွေးသို့ပြန်ထွက်လာခဲ့ပါ သည်။

သူငယ်ချင်းအရင်းကြီး၏ မင်္ဂလာဆောင်
မကွေးပြန်ရောက်တော့ အားခဲထားတယ် ။ မနက်ကလဲ ပင်ပန်းတော့ နားမယ်ပေါ့။ ဒါပေမယ့် သူငယ်ချင်းအရင်းကြီးရဲ့ မင်္ဂလာဆောင်က ရှိသေးတယ်လေ။ ဒါနဲ့ လုပ်စရာအလုပ်ကလေးတွေလုပ်ပြီး 10 နာရီထိုးခါနီးမှာ သူငယ်ချင်းရှိရာ ရွာဘက်သို့ ဆိုင်ကယ်မောင်းပြီးထွက်ခဲ့ သည်။ ကျွန်တော်သူတို့အိမ်ရောက်ရင် လုပ်စရာ အလုပ်မရှိပဲ လူပိုကြီးဖြစ်နေပေမယ့် သူငယ်ချင်းက အိပ်စေချင်သောကြောင့် ထွက်ခဲ့ခြင်း ဖြစ်သည်။ အိမ်ကိုတော့ မပြောရသေး။ ဟိုရောက်တော့ နောက်သူငယ်ချင်းနှစ်ယောက်ကရောက်နှင့်နေပြီ။ သူငယ်ချင်းလေးယောက်လုံး စုံကြပြီ။ သူတို့ ခြံထဲမှာ မဏ္ဍပ်ထိုးထားသည်။ လူတွေကလဲ စီကားနေသည်။ သူတို့အခေါ် ကာရာအိုကေပွဲတဲ့။ ရွာက ကာလသားအကုန်ပဲ။ အသောက်မပါပဲ အဆိုပွဲပဲပေါ့ ။ (ဘေးကကစ်လာရင်တော့ မသိ :P ) ကျွန်တော်လဲ ရောက်ကတည်းက အသံစွမ်းပြမယ်ဆိုပြီး mic လု လိုက်တာ နောက်ဆုံး 12 ထိုးခါနီးမှ mic ရတော့သည်။ အားရပါးရဆိုမယ်ဆိုပြီး ခဲလိုက်တာ. Intro စာသားကလွဲရော .. ရယ်လိုက်တာ များဗျာ။ (ပိုက်ဆံမပေးရတော့ပြောပါတယ်.) ။ ဒါပေမယ့် အားပေးပါတယ်. “ ကိုရဲကြီး ကောင်းတယ်ဆက်ဆိုတဲ့ ” ။ သူငယ်ချင်းဆီသွား လည်လား မလည်လား ရွာထဲက ကာလသားများအကုန်နီးပါးက ကျွန်တော်တို့ကိုသိကြသည်။ ကဲသူတို့အားပေးတဲ့နောက်မှတော့ ဒီ ကောင်ခဲရတော့တာပေါ့( mic ကိုပြောတာနော် ) ။ ည 12 နာရီလောက်ကျတော့ ဆိုင်ကယ်တစ်စီးဘော်ဒါသုံးယောက် (သတိုးသားမပါ) မကွေးခဏပြန်လာခဲ့သည်။ အိမ်က မေမေ့ကိုပြောဖို့လေ။ အိမ်ရောက်တော့ မေမေ့ကိုပြော ၊ အ၀တ်စားလေးထည့်ပြီး ရွာသို့ပြန်ထွက်လာ ခဲ့သည်။ ရွာရောက်တော့ ကာရာအိုခေ၀ိုင်းက သိမ်းပြီ။ mic လုမယ့်သူမရှိတော့ ၊ တယောက်ထဲ အားရပါးရ မနက် 3 နာရီထိအော် ပစ် လိုက် သည်။ (မနက်ကြ တရွာလုံးကပြောပါတယ်၊ ကိုရဲကြီး အသံကောင်းပါတယ်တဲ့ အဟီး ကိုယ့်ကိုကို သိပါတယ်ခင်ဗျာ :P )ကျန်တဲ့
သူငယ်ချင်းနှစ်ယောက်က မကွေးသွားကွမ်းဝယ်ချင်တယ်ဆိုလို့ မနက် 3 နာရီထိုးနေမှ မကွေးသို့ခဏပြန်ခဲ့ရသည်။ အေးကအေးတော့ သုံးယောက်စလုံး စောင်လေးတွေခြုံပြီး စီးလာခဲ့ကြသည်။ မြို့ထဲ ကွမ်းဆိုင်လိုက်ရှာနေတာနဲ့ ဆိုင်ကယ်ဘီးကပေါက်လေသည်။ ဒါနဲ့ ဘီး ဖာဖို့ ဆိုင်လိုက်ရှာတော့ အကုန်အိပ်နေကြပြီ။ ဒါနဲ့ ကားကွင်းနားရောက်အောင်သွား အသိဆိုင်ကို ရအောင်နိုးပြီး ဖာရတော့သည်။ ကျွန် တော်ကတော့ ဆိုင်က ကုလားထိုင်လေးပေါ် ထိုင်ပြီး ကွေးပါတော့သည်။

ပြီးတော့ ကျွန်တော့်ကိုနိုးသည်။ ကွမ်းဝယ်ပြီး ရွာပြန်ခဲ့သည်။ 5 နာရီထိုးတော့မယ်၊ ခဏလောက်အိပ်လိုက်သည်။ 6 နာရီထိုးတော့ ဘော် ဒါတစ်ယောက်က အ၀တ်စားပါမလာလို့ မကွေးသွားယူမှာ ကျွန်တော်တို့လဲမထူးပါဘူးဆိုပြီး ကိုယ့်အ၀တ်စားထုပ်ကိုယ်ယူပြီး ဘော်ဒါနဲ့ မကွေးလိုက်ခဲ့ပြန်ပြီ (ရှုပ်နေတာပဲ) ပြီးတော့ 7 နာရီခွဲလောက်ရောက်တော့ ရွာကိုရောက်သည်။ မွန်းတည့်တဲ့အထိ ဧည့်ခံ၊ ဧည့်ကြိုလုပ် ပေးလိုက်သည်။ လူတွေကလဲ စည်လိုက်တာ ၊ ခေါင်းတွေတောင်မူးလာတယ်။ ဒါနဲ့ ဧည့်ခံပွဲပြီးတော့ လူက ဘယ်လိုမှမရတော့ဘူး အရမ်း အိပ်ချင်နေပြီ ။ အိမ်ပြန်ခဏအိပ် ၊ရေမိုးချိုးပြီး ညနေပိုင်း videos outdoor ရိုက်ဖို့အတွက် ဘော်ဒါနဲ့ ကားယူပြီး ရွာကိုပြန်ထွက်ခဲ့သည်။

ညနေပိုင်း ဘုရားတို့ နောက်ရှုခင်းကောင်းတဲ့နေရာလေးတွေမှာ ဘော်ဒါတွေပျော်ပျော်ပါးပါး ရိုက်ကြသည်။ အပြန်ရောက်တော့ ဘော်ဒါ တွေ အားလုံးကို သတိုးသားက ဧည့်ခံပါတယ်၊ “ ရွှေဖြိုးအောင် ” ဆိုတဲ့ မာလာဟင်းကောင်းတဲ့ ဆိုင်မှာပေါ့ ။ ဗိုက်ဆာဆာနဲ့ သုတ်လိုက် သည်။ အလုပ်ကလေးကလဲ ရှိသေးတာနဲ့ ဧည့်ခံပွဲပြီးအောင်မစောင့်ပဲ နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။

Super Sunday...
ညက ပင်ပန်းထားတာကြောင့် မနက်အတိုးချအိပ်ပစ်မယ်လို့ တွေးထားသည်။ 9 နာရီထိုးလောက်ကျတော့ မေမေက လာနိုးသည်။ သား ညီဖုန်းဆက်တယ် ၊ အွန်လိုင်းပေါ်ရောက်နေပြီ ကိုကြီးကိုစောင့်နေတယ်တဲ့ ။ အဲဒါထတော့ ဆိုင်သွားလိုက်အုံး သားကြီးတဲ့ ။ ဒါနဲ့ပဲ မျက် နှာလေးသစ် ၊ မေမေကြော်ပေးတဲ့ ထမင်းကြော်လေး စားပြီး ညီလေးနဲ့တွေ့ဖို့ ဆိုင်ကိုထွက်ခဲ့တယ်။ ဆိုင်ရောက်တော့ ညီလေးနဲ့ vzo ချက်၊ သူပြန်သွားတော့ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ညနေစောင်းသွားခဲ့ပြီ။ တပတ်ကုန်သွားပြန်ပြီ....

ဒီတစ်ပတ်အတွင်းလေးမှာ ကုန်ဆုံးခဲ့တဲ့ အချိန်လေးတွေဟာ ပင်ပန်းမှုများ ပြည့်နေသလို ပျော်ရွှင်မူများလဲ ပြည့်နေခဲ့ပါတယ်။ လူလဲ မျက်ကွင်း ညိုညိုလေးသာ ကျန်ပါတော့တယ်။ ချစ်သူကဘေးမှာရှိရင် ပြောလောက်တယ် “ ကိုကို အရင်ကလောက် မလှတော့ဘူး ” လို့လေ ... :P ဘေးနားမှာမရှိပေမယ့် အချိန်တိုင်း သတိရနေပါတယ် ချစ်သူရယ်. ( ဟိဟိကြုံတုန်းလွမ်းလိုက်အုံးမယ် ) ။ စာဖတ်သူတို့ ကော ဒီတပတ်အတွင်းမှာ ပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်ခဲ့ကြလား ။ လာမယ့်နေ့ရက်တွေမှာ စာဖတ်သူတို့ ပျော်ရွှင်ဖွယ်ရာနေ့ရက်ကလေး တွေပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော် ဆုမွန်ခြွေလိုက်ပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ..

Thursday, January 7, 2010

နံရံပန်းချီ


ကျွန်တော် ဟိုးငယ်ငယ်လေးကတည်းကတိုင်း အိမ်မက်လေးတစ်ခုရှိတယ်။ အရမ်းရိုးရှင်းပါတယ်။ ကိုယ်ပိုင်အိမ်လေးတစ်လုံးမှာ ကျွန် တော်ချစ်တဲ့သူနဲ့ အတူနေချင်မိတာပါ။ အိမ်လေးကိုလဲ အထပ်တွေနဲ့ မဆောက်ချင်ပဲ လုံးချင်းတစ်ထပ်ကလေးကို ခြံဝန်းကျယ်ကျယ်လေး ထဲမှာဆောက်ပြီး အမြင်ဆန်းတဲ့ ပရိဘောဂလေးတွေ ဆင်ယင်ပြီး နေချင်မိပါတယ်။ အခုထိတော့ ဖြစ်မလာသေးပါဘူးး)...

ဒါပေမယ့်ဗျာ လူပဲ ကြိုးစားရင် ဖြစ်ပါတယ် ဟုတ်ဘူးလား ... ဒီလိုပဲ အားတင်းရတာပေါ့လေး) . အခုအောက်ကပုံလေးတွေက နံရံပန်းချီ ပေါ့။ သူကလဲ အိမ်တွင်းအလှဆင်မှုတစ်ခုပေါ့။ ကျွန်တော့်အထင်ပြောရရင်တော့ ဒါဟာ တစ်မူထူးခြားပြီးလုပ်တာဖြစ်မယ်ထင်တယ်။ မြို့ပြ တွေမှာ အဲလိုအလှဆင်တာတွေတော့မရှိလောက်ဘူးထင်တယ်။ ပြီးတော့ ဖန်တီးသူလဲ ရှားပါးမယ်ထင်ပါတယ်။ လက်ရာပြောင်မြောက် ချက်ကတော့ အံ့မခန်းတွေ့ရမှာပါ. အမှတ်မထင် ကြည့်လိုက်ရင် တကယ့်အရာဝတ္ထုလို့တောင်ထင်နိုင်ပါတယ်။

သူငယ်ချင်းတို့ကော ကိုယ့်ရဲ့ အိမ်လေးမှာ အခုလို ချယ်မှုန်းထားချင်စိတ်များ မဖြစ်ပေါ်မိဘူးလား. ကိုယ်ချစ်တဲ့သူနဲ့အတူတူ သာယာချမ်း မြေ့တဲ့အိမ်လေးမှာ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ စာဖတ်သူများအား ဆုတောင်းပေးလိုက်ပါတယ်.















စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Related Posts with Thumbnails