Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label ကြည်နူးဖွယ်များ. Show all posts
Showing posts with label ကြည်နူးဖွယ်များ. Show all posts

Friday, February 5, 2010

IT ကုသိုလ်



ဘော်ဒါတစ်ယောက် ကျွန်တော့်ဘက်ပေါက်ချလာတယ်။ လက်ထဲမှာလဲ စာရင်းစာရွက်တွေနဲ့ ရှုပ်ပွလို့ပေါ့။ ဘာတွေလဲမေးစမ်းတော့ . အလှူ ခံစာရင်းတွေတဲ့။ ကျွန်တော်ကောက်ဖတ်ကြည့်လိုက်သည်။ တော်တော်လေး ရှုပ်ပွနေသည်။ ဒါကိုဘယ်လိုမှ စာရင်းအဖြစ်သိမ်းထား၍ မသင့် တော်။ ဒါကြောင့်လဲ မတက်တခေါက်ပညာလေးနဲ့ အလှူစာရင်းလေး ပြုစုပေးလိုက်သည်။

မကွေးမြို့နယ် ညောင်ပင်ရွာ " ထန်းတောကျောင်း " အာရုံခံတန်ဆောင်း ဆောက်လုပ်လှူဒါန်းနိုင်ရန်အတွက် ယခုလို အလှုငွေကောက်ခံပြီး အများကောင်းမှုနဲ့ မတည်မဲ့ မွန်မြတ်တဲ့ ကုသိုလ်လေးဖြစ်ပါတယ်။ သူငယ်ချင်းက သူနဲ့ အသိတွေဆီကို လိုက်လံကောက်ခံရာမှာ မည်သူမှ မငြီးငြူပဲ သဒါတရား နည်းများမဆို ပါဝင်လှူဒါန်းကြသည်ကို တွေ့ရှိခဲ့ရပါသည်။

ကျွန်တော်လဲ စိတ်အားထက်သန်နေတဲ့အတွက် လှူဒါန်းချင်ပေမယ့် အိတ်ကပ်ကလေး ပြားနေသည်မို့ စိတ်သွားတိုင်း လက်မပါနိုင်ဖြစ်နေ သည်။ သို့သော် ငွေအားမကူညီနိုင်ပေမယ့် တဖက်တလမ်းမှ ကိုယ်တက်ထားသော ပညာလေးနှင့် ပြန်လည်အကျိုးပြုပေးရတဲ့အတွက် ၀မ်း သာမိပါတယ်။ အလှူနဲ့ ပတ်သတ်တဲ့ ငွေစာရင်းအင်းများကို ပြုစုခြင်း၊ တွက်ချက်ခြင်းများကို ပြုလုပ်ပေးနိုင်ဖို့လဲ ခွင့်တောင်းပြီးသားဖြစ်ပါ သည်။ ထို့ကြောင့် တစ်ဖတ်ကလမ်းပါ ပါဝင်ကုသိုလ်ယူနိုင်မည်ဖြစ်ပါသည်။

ငယ်ရွယ်ပေမယ့်လဲ စာရေးသူ၏ စိတ်အစဉ်တွင် ကုသိုလ်လေးကို လက်မနှေးခဲ့ပေ။ ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ ဆိုသော အသိကို အမြဲတွေးမိသည်။ အခုလို စာရေးသူ၏ စိတ်အစဉ် ကြည်လင်နေပြီး ပြုခဲ့တဲ့ကောင်းမှုသည် စာဖတ်သူတို့၏ ရင်ကို အေး မြပါစေလို့ ဆုတောင်းလျှက်..


စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ
Related Posts with Thumbnails