Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, January 31, 2010

မနက်ခင်းလေးတစ်ခု

မြသလွန်

ဒီနေ့ မနက်အိပ်ရာကနေ အစောကြီးထဖြစ်တယ်။ ကုသိုလ်ရေးအတွက်ပေါ့၊ အစီစဉ်ကတော့ မကွေးမြသလွန် တနလာင်္အသင်းက အကိုတွေ နဲ့ ဘုရားလိုက်ပြီး သန့်ရှင်းရေး လုပ်ဖို့ပေါ့။ ညက အာဆင်နယ်-မန်ယူပွဲကြည့်နေလိုက်တာ 12 နာရီခွဲသွားတယ်။ ဒါနဲ့ အိပ်ရာထဲဇွတ်ဝင်ပြီး မနက်အိပ်ရာထဖို့ အိပ်ရပါတော့တယ်။ မအိပ်ခင် နိုးစက်ကလေးကို အလန်းပေးရတယ်။ ဟိဟိ ကျွန်တော့်ရဲ့နိုးစက်ကလေးကတော့ မေမေ ပေါ့။ စိတ်ချရဆုံးပဲလေ။ “မေမေရေ . သားမနက် ဘုရားတက်မှာမလို့ 4 နာရီခွဲလောက်နိုးပေးပါနော် ” လို့ပြောပြီး အိပ်ရာဝင်ခဲ့သည်။

“သားသား အိပ်ပုတ်ထတော့ 4:45 ရှိပြီ နောက်ကျနေလိမ့်မယ်။ ” မေမေလာနိုးသည်။ ဒါနဲ့ပဲ အိပ်ရာထ မျက်နှာသစ် အ၀တ်စားလဲကာ အကို တို့အိမ်ဘက်ထွက်လာခဲ့သည်။ အရင်ရက်ပိုင်းက ရာသီဥတုက နွေဦးဝင်ခါစ ပူနွေးနွေးနဲ့ အအေးပေါ့ခဲ့ပြီး အခုရက်ပိုင်း ပြန်လည်အချမ်းပိုလာ ခဲ့သည်။ အစ်ကိုတို့အိမ်ရောက်တော့ ခြံရှေ့ကနေ အရိပ်ရောင်ကြည့်လိုက်သည်။ အထဲလဲ မီးမထွန်းဘူး။ အိပ်ပဲအိပ်နေတာလား၊ သွားပဲသွား နှင့်ပြီလားမသိ။ လေးငါးခွန်းလောက်အော်နိုးကြည့်လိုက်သည်။ မထူးခြားသဖြင့် ဘုရားဘက်သို့ ဆိုင်ကယ်မောင်းပြီးထွက်ခဲ့သည်။

မန်းရွှေစက်တော်
ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ 5 နာရီကျော်ကျော်သာရှိသေးပေမယ့် ဘုရားဖူးများနှင့် စည်ကားနေသည်။ ဇန်န၀ါရီလမှ ဧပရယ်လ၀က် ထိကျွန်တော်တို့ မြို့လေးမှာ ဘုရားဖူးများနှင့် ပြည့်နေတက်သည်။ ဗုဒ္ဓခြေတော်ရာအစစ်တည်ရှိရာ မန်းရွှေစက်တော်သို့ လာရောက်ဖူးမျှော်ရင်းနှင့်အပြန် သမိုင်းကြောင်းဆက်စပ်လျှက်ရှိသော မင်းဘူး စက္ကိန်းတဲ၊ မကွေးမြသလွန်တို့သို့ ၀င်ရောက် ဖူးမျှောက် ကြသည်။ လမ်းလဲ သင့်ပေသည်။ ဘုရားရောက်တော့ အစ်ကိုတို့ မရောက်သေး။ သူတို့မထသေးတာဖြစ်ပေလိမ့်မည်။ ဒါနဲ့ ဘုရားပေါ်မှာ တံမြက်စည်းလှဲနေတဲ့ အဘရှိကို သွားပြီး “ အဘ တနင်္လာအသင်းသားတွေမရောက်သေးဘူးလား” “အေးကောင်လေး.. သူတို့မလာကြ သေးဘူးကွဲ့” “ သြော် ဟုတ်ကဲ့အဘ ကျွန်တော့်ကို တံမြက်စည်း တစ်ချောင်းလောက်ငှားပါလား ကျွန်တော်သန့်ရှင်းရေးလုပ်ပေးချင်လို့ ပါ” “အဘတို့က အိမ်ကယူလာတာကွ. ဂေါပကရုံးမှာ သွားရှာလိုက်ကောင်လေး” “ ဟုတ်ကဲ့ အဘ” ....

ဂေါပကရုံးဘက်ရောက်တော့ မဖွင့်သေး၊ ရှာကြည့်လိုက်တော့လဲ မတွေ့၊ ရင်ပြင်ပေါ်ပြန်တက်တော့ ဓာတ်တော်တိုက်ဘေးနားမှာ တစ် ချောင်းတွေ့သည်။ အပြေးလေးယူပြီး အဘတို့နှင့်အတူ လှည်းကူပေးလိုက်သည်။ သိပ်မကြာအကိုတို့လဲ ရောက်ချလာသည်။ အားလုံး တက်ညီလက်ညီနှင့် ဘုရားရင်ပြင်တော်ပေါ်မှ ဟိုးအောက်ခြေ တံတားထိ သန့်ရှင်းရေးလုပ်လိုက်ကြသည်။ ဘုရားဖူးများသည့်အချိန်မို့ အမှိုက်များလှသည်။ သန့်ရှင်းရေးလုပ်ပြီး ဘုရားရှင်ပြင်တော်ပေါ်ပြန်တက်လာခဲ့သည်။

မိုးလေး မလင်းတလင်းလေးမှာ မီးရောင်ကော ၊ လရောင်လေးရော အောက်မှာ စေတီတော်ကြီး သပ္ပာယ်လှသည်။ နတ်တော်လထဲမှာမှ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှုပြီးစီးထားခြင်းကြောင့် ရွှေသားအတိပြီးတောင် တောင်ကြီးအလား နှစ်လိုဖွယ်ကောင်းလှသည်။ ရင်ပြင် တော်ကြီးမှာလဲ မြန်မာငွေ ကျပ်သိန်းနှစ်ထောင်အကုန်ကြခံပြီး ထပ်မံတိုးချဲ့ထားမှုကြောင့် ခရီးသွားများ ပြည့်နှက်နေချိန်မှာ ပူပန်စရာ မရှိတော့ပေ။ ရင်ပြင်တော်ပေါ်ကနေ ဧရာဝတီမြစ်ပြင်ဘက်ကြည့်လိုက်တော့လဲ မြူခိုးဝေေ၀နှင့် လွမ်းမောဖွယ်ကောင်းလှသည်။ လမင်း ကြီးကလဲ အနောက်ဘက်မှာ ထင်းလို့လင်းနေသည်။

ဘုရားဝတ်ပြု၊ အလုပ်ပြီးစီးတော့ ကျွန်တော်နှင့်အစ်ကိုတို့ ဘုရားပေါ်မှ ပြန်ဆင်းလာပြီး မနက်စားစားသုံးခဲ့ကြသည်။ ဒီနေ့ တမနက်တာ အဖို့ကတော့ စိတ်ကြည်နူးမှုတွေနဲ့ ပြည့်နေတဲ့အပြင်၊ ကုသိုလ်ကောင်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်ပြုလုပ်ခဲ့တဲ့ ကောင်းမှုအတွက် လဲ တမလွန်သို့ရောက်ရှိသွားတဲ့ ဖခင်အတွက်လဲ အမျှပေးဝေခဲ့ပါတယ်။ ကျွန်တော်ပြုလုပ်ခဲ့တဲ့တစ်နေ့တာ ကောင်းမှုလေးကို စာဖတ်သူ တို့ အနုမောဓနာ ခေါ်ဆိုနိုင်ရန် ကျွန်တော်ရေးသားတင်ပြလိုက်ရပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ

Thursday, January 28, 2010

Love Killer



အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတာ ဒီဇာတ်လမ်းက သက်သေခံနေသလိုပါပဲ။ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က ရေနံချက်စက်ရုံ ကို အရာရှိမိသားစု ပြောင်းလာခဲ့တယ်။ အဲဒီ့ မိသားစုမှာ ဂစ်တာရှိတ်ကောင်မလေး တစ်ယောက်လဲပါလာတယ်။ ကောင်မလေးနာမည် က သီရိ တဲ့၊ ရုပ်ကလဲချော၊ ချမ်းလဲချမ်းသာပြီး အသက်က ၁၆ ဆိုတော့ ကာလသားတွေပါးစပ်ဖျားမှာ အသဲစွဲပေါ့။ ဒါပေမယ့် ကောင်မလေးက ဘယ်သူ့ကိုမှ ပြန်မကြိုက်ဘူးတဲ့။

တစ်နေ့ကျတော့ ကောင်မလေး အိမ်ဘေးနားကို ကျောက်ပန်းတောင်းသား ကိုမျိုးခိုင်ဆိုတဲ့ လူပျိုကြီးတစ်ယောက်ပြောင်းလာပြီး အိမ် ငှားနေခဲ့တယ်။ ကိုမျိုးခိုင်ရဲ့ မျက်နှာမှာလဲ ကျောက်ပေါက်များနှင့် သိပ်ရုပ်ဆိုးတဲ့သူပေါ့။ ကိုမျိုးခိုင်က ကောင်မလေးကို နေ့တိုင်းနေ့ တိုင်းတွေ့ပါများတော့ အရမ်းချစ်သွားခဲ့တယ်။ ဒီတစ်ယောက်ကိုပဲ တမ်းတမ်းစွဲချစ်မိနေတဲ့ လူပျိုကြီးတစ်ယောက်တော့ အချစ်ရူးရူးနေ တော့တာပေါ့။

ကိုမျိုးခိုင်က သီရိ ကျူရှင်ပြန်တဲ့လမ်းကို စောင့်ပြီး အမြဲတမ်းရည်းစားစကားလိုက်ပြောလေ့ရှိတယ်။ ဒါပေမယ့် သီရိလေးကတော့ “အနူလက်နဲ့ ရွှေခွက်နိုက်တယ်” ဆိုပြီးဆဲလေ့ရှိတယ်။ ဖြစ်ချင်တော့ တစ်နေ့မိုးလေးဖွဲဖွဲကျတဲ့တစ်နေ့မှာ လူပျိုကြီး စကားလိုက် ပြောတယ်။ သီရိ စိတ်တိုလာတော့ လက်ထဲကထီးနဲ့ဆော်လိုက်တာပေါ့။ သီရိ အိမ်ပြန်ရောက်တော့ ကိုမျိုးခိုင်ဆိုတဲ့သူက သူ့ကို လိုက်နှောက်ယှက်ကြောင်း သူ့အဖေကို တိုင်လိုက်တယ်။ ကောင်မလေး အဖြေကစိတ်တိုပြီး ကောင်စီထိတက်တိုင်ခဲ့တယ်။

ကောင်စီလူကြီးတွေက ကိုမျိုးခိုင်ကို ခေါ်စစ်တော့ ကိုမျိုးခိုင်က ရိုးရိုးလေးပဲဖြေခဲ့တယ်။ သူနှောက်ယှက်တာမဟုတ်ပါဘူး၊ ချစ်လွန်း လို့ စကားလိုက်ပြောမိတာပါလို့ ပြောလိုက်တယ်။ သီရိ အရမ်းစိတ်တွေတိုသွားခဲ့တယ်။ ခုံကနေ ၀ုန်းခနဲထရပ်ပြီး ကိုမျိုးခိုင်ဆီ လျှောက်သွားတယ်။ ကောင်စီဝင်တွေက အံ့သြသင့်နေလို့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ ကိုမျိုးခိုင်ကို သူနဲ့ မတန်မရာလို့ပြောပြီး ဖြန်းခ နဲ ပါးရိုက်လိုက်တယ်။ ပြီးတော့ ရုံးထဲကနေပြန်ထွက်လာခဲ့တယ်။

နောက်ရက်ပိုင်းတွေမှာ ကိုမျိုးခိုင်တစ်ယောက် အပြင်လုံဝမထွက်တော့ဘူး။ အိမ်နောက်က ကြခတ်ဝါးရုံပင်တွေကိုခုတ်၊ အကောင်း ဆုံးဝါးလုံးကို ရွေးပြီး ပုလင်းကွဲလေးနဲ့ နေ့တိုင်းသပ်ပေးလေ့ရှိသည်။ သီရိကတော့ ကိုမျိုးခိုင်သူ့ကို မလိုက်တော့လို့ ၀မ်းသာနေတာ ပေါ့။တစ်ရက်... မိုးလေးဖွဲဖွဲကျနေတယ်၊ လမ်းပေါ်မှာလဲ လူရှင်းလို့၊ ကျူရှင်ကပြန်လာတဲ့ သီရိ တစ်ယောက်ထည်း၊လက်မှာလဲ ထီးလေးကိုင်လို့ပေါ့။ “အားးးးးးးးးးးးးးးးးးးး” နာကျင်စွာအော်လိုက်မိတယ်။ လုံးဝထင်မထားတဲ့ရိုက်ချက်တစ်ခု သီရိ ကျောပေါ်ကျ ရောက်လာခဲ့တယ်။ နာလွန်းလို့ အသားတွေကလဲ တဆက်ဆက် တုန်နေရှာတယ်။ သူမရဲ့ ထီးလေးကလဲ အဝေးကိုလွင့်လို့ပေါ့။

ကြောက်လန့်တကြားနဲ့ မော့ကြည့်လိုက်တော့ အငြိုးတွေနဲ့တင်းမာနေတဲ့ ကိုမျိုးခိုင်၊ သူ့လက်ထဲက ကြခတ်ဝါး...
သီရိရဲ့ နာကျင်လွန်းလို့ တုန်နေတဲ့ ခန္ဓာကိုယ်ကို သွေးအေးအေးနဲ့ရိုက်ခဲ့တယ်။ ကောင်မလေး စိစိညက်ကြေသွားမှ ကြေနပ်ပြီး စခန်းသွားအဖမ်းခံခဲ့တယ်။ သူ့ရဲ့ ရက်စက်တဲ့ လူသတ်မှုကြောင့် ကြိုးမိန့်ပေးခံခဲ့ရတယ်။ မသေခင်သူ့ရဲ့ ဆုတောင်းကတော့
လွှမ်းမိုးရဲ့ “အချစ်တွက်ဆို လည်စင်းပေးဝံ့တယ်” ဆိုတဲ့ သီချင်းကိုတောင်းပြီး ပြုံးပြုံးလေး အသေခံသွားတော့တယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Friday, January 22, 2010

ရေပေါ်ဆီဝေ့ စာပေဖတ်ရှုမှုမျိုး မဖြစ်စေလို


ကျွန်တော် ဒီ Post လေးကိုတင်ရင် လူမုန်းခံရမယ်၊ ဆဲခံရမယ် ဆိုတာ အသေချာသိပါတယ်။ ဒါပေမယ့် ရေးချင်လွန်းတဲ့ စိတ်ဆန္ဒက ပြင်း ထန်နေတော့ အရဲစွန့်ပြီး ရေးသားလိုက်ရပါတယ်။ ကျွန်တော်ပြောချင်တဲ့ အကြောင်းရာကတော့ လူငယ်တစ်ချို့ စာဖတ်ရှုခြင်းနဲ့ ပတ်သတ် ပြီးပြောချင်ပါတယ်။ စာပေဖတ်ရှုရာမှာ နှစ်မျိုးတွေ့ရှိရပါတယ်။ တမျိုးကတော့ ရေပေါ်ဆီဝေ့၊ ပြီးစလွယ် အစကနေအဆုံးဖတ်ရှုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ သေချာအာရုံစိုက်ပြီး ဖတ်ရှုကာ ထိုစာပေါ်ဝေဖန်ထောက်ပြနိုင်ခြင်းဖြစ်ပါတယ်။

အခု ကျွန်တော်တို့နိုင်ငံက လူငယ်အများစုကြားမှာ ရေပေါ်ဆီဝေ့ စာပေဖတ်ရှုခြင်းကိုသာ တွေ့ရှိနေရပါတယ်။ စာတပုဒ်၊ စာတပိုဒ်၊ စာအုပ် တစ်အုပ် ဖတ်လို့ပြီးဆုံးသွားသည်။ ထိုဖတ်ရှုပြီးသော စာပေါ်တွင် ဝေဖန်ထောက်ပြခြင်းမရှိနိုင်သလို၊ ရေးသားထားသော စာ၏ ဆိုလိုရင်းကို လဲ သိပ်သဘောမပေါက်ကြသည်က များသည်။ အခုကျွန်တော်ပြောပြနေတာတွေက အွန်လိုင်းပေါ်က လူတန်းစားအများစုဖြစ်ပါတယ်။ တစ စနှင့်တစ နည်းပညာများ အလွန်တရာမှ ထွန်းကားလာပါတယ်။ ဒီလို ထွန်းကားလာတဲ့ နည်းပညာကို အသုံးချပြီး ပြစ်မှုကျူးလွန်သူတွေ၊ လိမ်လည်လှည့်ဖျားမှုတွေ၊ အသေရေဖျက်မှုတွေ၊ အမျိုးမျိုးတွေ့ရှိလာရပါတယ်။ ဒီလိုခေတ်ကြီးတည်းမှာ ဒီလိုရေပေါ်ဆီဝေ့စာဖတ်ခြင်းမျိုးနဲ့ တော့ နောက်ကောက်ကျကျန်ခဲ့ဖို့ များပါတယ်။

ခေတ်ပညာရေးကြောင့် လူငယ်တွေ စာဖတ်အလေ့ကျင့် အရမ်းနည်းလာတာကို တွေ့ရပါတယ်။ ကျောင်းပညာသင်ချိန်မှာ ကျန်တဲ့ဗဟုသု တ ရွေးဖတ်ဖို့နေနေသာသာ ကျောင်းဖတ်စာအုပ်ကိုတောင် နှံ့စပ်အောင် မဖတ်ခဲ့ကြတဲ့အတွက် စာဖတ်ခြင်းမှာ အရမ်းအားနည်းလို့လာ ပါတယ်။ ဒါကိုလဲ စာဖတ်သူတို့အနေနဲ့ သုံးသပ်ကြည့်နိုင်ပါတယ်။ ဘလော့ဘ်တွေ ၊ မဂ္ဂဇင်းတွေ၊ လူမှုရေးဆိုဒ်တွေ၊ ဘာသာရေးဆိုဒ်တွေ နောက် အမျိုးမျိုးသော စာပေတွေကို ဖတ်ရှုပြီးရင် ကိုယ်ဥာဏ်အားမှီသလောက် ဝေဖန်စဉ်းစားသင့်ပါတယ်။ ဝေဖန်တယ်ဆိုလို့ တလွဲမ တွေးစေချင်ပါဘူး။ ကျွန်တော်ပြောချင်တာက ကပ်သပ်ပြီးထောက်ပြခိုင်းတာမဟုတ်ပါဘူး။ ဥပမာ ဆိုကြပါတော့ဗျာ. ကိုယ့် email ထဲကို Fwd mail တစ်စောင်ရောက်လာတယ်။ လူတစ်ဦးရဲ့ စာရိတ္တနဲ့ပတ်သတ်တာမျိုးပေါ့ ။ ထိုသို့သော mail မျိုးကို မိမိအနေနဲ့ ထပ်မံဝေဖြန့် ပါက လူတစ်ယောက်ရဲ့ သိက္ခာ၊ ဘ၀ ကောင်းကျိုးတစ်ကွက်မှမတွေ့နိုင်။ ထို့ကြောင့် ထိုရောက်လာသော email ကိုဆန်းစစ်သင့်သည်။ ဒါကအမှန်လား၊ အမှားလား၊ သူ့ကို ပုတ်ခတ်ဖို့ လူတစ်ဦးတစ်ယောက်က စီစဉ်ထားတာလား၊ လှည့်ဖျားချက်လား၊ ငါယုံပြီး ဆက်လက် ဖြန့်သင့်လား၊ ဒီမှာပဲ ရပ်တန်းက ရပ်သင့်ပြီလား စသဖြင့် တွေးတောစေချင်သည်။ ထိုသို့တွေးတော့ပြီး ဖြန့်သူအလွန်နည်းပါးလှပါသည်။ ကိုယ့်ဆီရောက်လာတဲ့ mail တိုင်းအမှန်တရားလို့ မတွေးတောပါနှင့်။ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးလှည့်ကွက် များစွာဖြစ်နိုင်သည်။

ကျွန်တော် ဘလော့ဘ်များစွာကို သွားရောက်လည်ပတ်ဖူးသည်။ ရသပေါင်းများစွာကိုလဲ ဖတ်ရှုခဲ့ပါသည်။ Blogger အများစုမှာ အရေး သားပိုင်နိုင်ကြသည်။ လာရောက်ဖတ်ရှုသူများလဲ များပြားကြသည်။ စာဖတ်သူများသည် စာရေးသူအတွက်အားဖြစ်စေသည်။ စာဖတ်သူ ၏စကားတစ်ခွန်းသည် စာရေးသူအတွက်လွန်စွာအထောက်ကူဖြစ်စေသည်။ သို့သော် comments များကို ဖတ်ရှုရာမှာတော့ စိတ်ပျက် ဖွယ်ရာများကိုသာ ဖတ်ရှုခဲ့ရသည်။ အထက်က post ရဲ့ ဆိုလိုရင်းကို သေချာနားမလည်၊ သဘောမပေါက်၊ ကိုယ့်ရေးချင်တာရေးသွား သည်။ အများစုမှာ ရေးသားထားသော Post ကိုဝေဖန်အကြံပြု ဆွေးနွေးမှုထက်၊ ပုဂ္ဂိုလ်ရေး အာပလာများကိုသာ ပြောပြီးထွက်သွားကြ သည်။ ကိုယ်ဖတ်လိုက်တဲ့ Post က မှန်၏ မှား၏ ဖြစ်တန်၏ မဖြစ်တန်၏ ၊ ဘယ်လိုအကြောင်းရာမျိုးတော့ဖြင့် လွဲနေသည်၊ ဘယ်လိုဟာ မျိုးက မသင့်လျော်။ ထို့သို့ထောက်ပြခဲ့နိုင်လျှင် မည်မျှလောက်ကောင်းမည်နည်း။ စာရေးသူတို့အနေနှင့်လဲ ထိုသို့သော ဝေဖန်ချက်မျိုးကို လက်ခံနိုင်မည်ထင်ပါသည်။

အခုလိုတင်ပြမှုကို ကျွန်တော့်ထက် ၀ါရင့် Blogger ကြီးများလဲ လက်ခံနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့်မို့လဲ ၀ါရင့် Blogger ကြီး များအနေဖြင့် အချိန်အားလျော်စွာ ကိုယ့်ညီငယ်ညီမငယ်များအား စာဖတ်စွမ်းရည် တိုးတက်လာမည့်ဆောင်းပါများ၊ စာဖတ်သူညီငယ် မောင်ငယ်များ စာပေကို ဖတ်ရှုပြီး ဝေဖန်တက်လာအောင် စွမ်းဆောင်ပေးသင့်ပါတယ်လို့ အကြံပြုတိုက်တွန်းရေးသားလိုက်ရပါတယ်။

စာဖတ်သူတို့အားအစဉ်လေးစားလျှက်..
မျှော်လင့်သူ

Thursday, January 21, 2010

Anonymous ပြောသော နည်းနည်းလွဲနေသည် နှင့် ကျောက်ကွင်းအရေးတော်ပုံ


2010 ခုနှစ် ဇန်န၀ါရီလ 18 ရက်၊ တနလာင်္နေ့မှာ တင်ခဲ့တဲ့ ခရစ်တော်၏ဟောပြောချက်များသည်ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။ ဆိုတဲ့ Post နဲ့ပတ်သတ်ပြီး Comments လေးတွေတက်လာခဲ့ပါတယ်။ ဒီထဲမှာ အမည်မဖော်လိုသူတစ်ယောက်ရေးသားသွားတာနဲ့ ပတ်သတ်ပြီး စိတ်ထဲမရှင်းတာ လေးတွေပေါ်လာလို့ သူလဲမြင်သာအောင် နောက် ကျွန်ုပ်ရဲ့ စာဖတ်ပရိသတ်ကြီးလဲ မြင်သာအောင် ဒီ Post လေးကို ရေးသားလိုက် ခြင်းဖြစ်ပါတယ်။ သူရေးသားခဲ့တာလေးကတော့

နည်းနည်းလွဲနေတယ်ထင်တယ်။
ကျောက်ကွင်းအရေးတော်ပုံလေး ပြန်ဖတ်ကြည့်ပါ။

ကျောက်ကွင်းအရေးတော်ပုံ
http://www.mediafire.com/?gmtmjv4coyh

ကျောက်ကွင်းအရေးတော်ပုံ နောက်ဆက်တွဲ
http://www.manawthar.com/2009/02/blog-post_8554.html


အခုလို ရေးသားဖော်ပြသွားခဲ့ပါတယ်။ သူပေးခဲ့တဲ့ Link တွေကတော့ တန်ဖိုးရှိလှတဲ့ တချိန်က ဗုဒ္ဓအယူဝါဒနဲ့ ခရစ်ယာန်အယူဝါ ဒတို့ ဆွေးနွေးငြင်းခုံကြတဲ့ ကျောက်ကွင်းအရေးတော်ပုံ ဇာတ်လမ်းစ၊လယ်၊ဆုံး သုံးပါးလုံးရေးသားထားတဲ့ စာတွေပါ။ ဒီ အကြောင်းအတွေကို ကျွန်ုပ် စ၊လယ်၊ဆုံး သုံးပါးလုံး သေချာစွာဖတ်ကြည့်တဲ့အခါမှာ ထိုသူပြောသော နည်းနည်းလွဲနေပါသည် ဆို တာကို မတွေ့ခဲ့ရ။ ကျွန်ုပ် ဥာဏ်နည်း၍လားမသိ။ မည်သည့်အကြောင်းရာက လွဲနေသည်ဆိုတာကို comment ပေးသွားသော စာဖတ်သူအနေနှင့် ထောက်ပြစေ လိုပါသည်။ နောက် ကျွန်ုပ်တင်ခဲ့သော Post နှင့် comment ပေးသွားသော စာဖတ်သူ၏ ကျောက်ကွင်းအရေးဟာ ဆက်စပ်မှုရှိခဲ့သည်။ ထိုကြောင့်ဘယ်နေရာမှာတော့ လွဲနေသည်။ မှားယွင်းနေသည် ဆိုတာကိုလဲ ထောက်ပြပေးစေလိုပါသည်။

(ကျွန်တော်တင်ခဲ့သော Post တွင် ယေရှုခရစ်တော်၏ အသက် 12 နှစ် နှင့် 30 ကြားကာလတွင် မည်သည်သို့သွားသည်၊ မည့်သူ ထံတွင် ပညာဆည်းပူးသည်၊ မည်သည်တွေကို ဟောပြောသည် စသည်တို့ကို ရေးသားထားခြင်းဖြစ်ပြီး ၊ ကျောက်ကွင်းအရေးတော်ပုံမှာတော့ ဗုဒ္ဓအယူဝါဒ နှင့် ခရစ်ယာန်တို့ သက်ဝင်ယုံကြည်သော ထာဝရဘုရားသခင်၏ အယူဝါဒများ အားပြိုင်သည်ကို အဓိကထားပါသည်။ ထို၌ ယေရှုနှင့် ပတ်သတ်၍ ထာဝရဘုရားသခင်နှင့် ယေရှု၏ အမြင်ကိုနှိုင်းယှဉ်ပြသော စာအနည်းသာ ပါဝင်သည်ကိုတွေ့ရသည်။)


စာဖတ်သူတို့အား အစဉ်လေးစားလျှက်
မျှော်လင့်သူ

Wednesday, January 20, 2010

လူပျိုတွေပဲ



စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Tuesday, January 19, 2010

တပတ်အတွင်း ကြိုက်နှစ်သက်သော Blog Post များ


ဒီတစ်ပတ်အတွင်း ကျွန်တော်နှစ်သက်တဲ့ Blog Post လေးတွေကို ဖော်ပြလိုက်ပါတယ်။ စာဖတ်ရမယ်ဆိုရင် မပျင်းခဲ့တဲ့ ကျွန်တော် Blog တော်တော်များများကို သွားရောက်ဖတ်ရှုခဲ့ပါတယ်။ တော်တော်လေးကို ကဏ္ဍစုံပါတယ်။ မအားလပ်တဲ့အချိန်ကြားက ရေးကြရ တဲ့ Blog Posts တွေ အားလုံးနီးပါးကလဲ ဖတ်ရတာကောင်းမွန်လှပါတယ်။ အခုဖော်ပြလိုက်တဲ့ Post လေးတွေကတော့ ဗဟုသု တရဖွယ်ရာ၊ အသိပညာတိုးဖွယ်ရာ၊ လူမှုဘ၀ထဲက တမူထူးခြားနေတာလေးတွေဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်း ကျွန်တော်ကြိုက်နှစ် သက်တဲ့ Blog Posts 3 ခုကတော့.

ဗုဒ္ဓဥာဏ်တော်ကို ဝေဖန်သော ဘာသာခြား

ဘာသာခြားတစ်ယောက်က ဆရာတော်တစ်ပါးအား မေးလာသောမေးခွန်းတစ်ခုမှာ ဗုဒ္ဓဘာသာတိုင်း ကြိုသိထားသင့်သဖြင့် ဖော်ပြ လိုက်ရပါသည်။
ဒကာ ။ ။ ဆရာတော် ၊ ဆရာတော်တို့ဗုဒ္ဓဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန် သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာ တဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက် သာသနာပြုပြီး ဖျက်ဆီးကြလိမ့်မည်လို့ ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်သိတယ်ဆိုရင်လည်း ဒီအကြောင်းတွေ ဟောခဲ့ရမယ် ။ အခု မဟောခဲ့ပုံကိုထောက်သောအားဖြင့် ဒီအကြောင်းတွေဖြစ်လာ
မယ်ဆိုတာ မသိလို့ဆိုတဲ့ သဘော သက်ရောက်မနေဘူးလား ဘုရား ။ ..Read More..

မေးခွန်းလေး (၂)ခု

ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို "အေဂျင့်တစ်ခုက လေ့လာဆန်းစစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ" လို့ ပြောတယ်။ အမေးအဖြေ ဖြေရတာက စာသင်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားတွေအသီးသီး စာရွက်ယူပြီး ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ မေးခွန်းနှစ်ခုမေးထားတယ်။ ..Read More..

ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး (အပိုင်း ၂)


တကယ့်ကို ကျောင်းကားဖြစ်ပါတယ် ။ မယုံမရှိပါနဲ့ ။ ကျောင်းသား ၂၀ လောက်ကို အသာလေး ဆန့်ပါတယ်တဲ့ ။ ..Read More..

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...

မျှော်လင့်သူ

ခရစ်တော်နှင့် အိန္ဒိယ ဒဏ္ဍာရီ (Google ပေါ်တွင်ရှာဖွေမိသော Link )



. Did Christ come to India to study Buddhism, Vedas?
. calcuttanews.net သတင်းဘာသာပြန်
. The Lost Years of Jesus:The Life of Saint Issa Translation by Notovitch
. The Life of SaintIssa Best of the Sons of Men Translation by Notovitch
. Jesus in Kashmir,India(BBCDocumentry)-1
. Jesus in Kashmir,India(BBCDocumentry)-2
. Jesus in Kashmir,India(BBCDocumentry)-3
. Where Was Jesus For 18 Years? Missing In Bible Part 1/2
. Where Was Jesus For 18 Years? Missing In Bible Part 2/2
. Did Jesus Christ learn Buddhism??
. Young Jesus
. Nicolas Notovitch
. Hemis Monastery
. Jesus' teenage years
. WikiAnswers
. Nicholas Roerich
. Lost years of Jesus

စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမများလဲ google မှာ သက်ဆိုင်တဲ့ အကြောင်းရာများစွာကို ဆက်လက်ရှာဖွေနိုင်ပါတယ်. ဒီအကြောင်းရာ များသည် မည်သူကိုမှ ပုတ်ခတ်လိုခြင်း အလျဉ်းမရှိ။ စူးစမ်းတက်သော စာရေးသူ၏ အကျင့်အရ လေ့လာဖတ်ရှုထားတာတွေကို Blog ပေါ် မှာ ပြန်လည်တင်ထားခြင်းသာဖြစ်သည်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Monday, January 18, 2010

ခရစ်တော်၏ဟောပြောချက်များသည်ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။


ခရစ်တော်၏ဟောပြောချက်များသည်ဗုဒ္ဓ၏ဟောပြောချက်များနှင့်အဘယ်ကြောင့်ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။

(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊ အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)



ဆရာတော်အရှင်အရိယဓမ္မ။ ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊ သည်းခံရေး၊ အပြစ်မှခွင့်လွှတ် ရေး စတဲ့ အရေးကိစ္စတို့နဲ့ပတ်သက်ပြီး ခရစ်တော် ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့တရားများနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီလို ဆင်တူသလိုလိုရှိတာနဲ့ ခရစ်တော်ဟာ အရိမိတ္တေယျ အလောင်းတော်ပဲဖြစ်တယ်ဆိုတဲ့ စကားကတော့ အကြောင်းအကျိုးဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေတယ်။ အဲဒီတော့ ဒီအယူအဆကို ပယ်ရှားပစ်ဖို့ရန် ဦးပဉ္ဇင်းက အမေးပုစ္ဆာအချို့ကို မေးဖို့ လိုပါလိမ့်မယ်။ အဲဒီ အမေးပုစ္ဆာတွေကို ဒကာကြီးက ဖြေဆိုစေလိုပါတယ်။
(ဤကဲ့သို့ ဆရာတော်က မိန့်မြွက်တော်မူပြီးနောက် အောက်ပါမေးခွန်းကို စတင်မေးပါသည်။)

ဆရာတော်။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး ပျောက်ကွယ်သွားပါ သလဲ ဒကာကြီး။
ဝစ်လဆင်။ ခရစ်တော်ဟာ (၁၂)နှစ်အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး အမိအဘတို့ကို စွန့်ခွာသွားခဲ့ပါတယ်။
ဆရာတော်။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။
ဝစ်လဆင်။ ခရစ်တော်ဟာ သူ့ရဲ့တရားဓမ္မတို့ကိုသက်တော် (၃၀)က စတင်ဟောခဲ့ပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့်ရင် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွား နေပါသလဲ။
ဝစ်လဆင်။ ဒီ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ (စိန့်ဂျိုးဇက်) နဲ့အတူတကွ နေထိုင်လျက် ရှိပါတယ် ဆရာတော်။
ဆရာတော်။ ဒီ အဘိုးတန်တဲ့(၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများ လုပ်နေပါသလဲ။
ဝစ်လဆင်။ သူ့ရဲ့မွေးစားဖခင် သျှင်ယောသကို ကူညီပြီး လက်သမားအလုပ်ကို လုပ်နေဟန်တူပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အား အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် မွေးဖွားလာခြင်းမဟုတ်ဘဲ သျှင်ယောသကို လက်သမားအလုပ်မှာ ဝင်ရောက်ကူညီဖို့ရန် မွေးဖွားလာရတယ်လို့ ဆိုလို ပါသလား ဒကာကြီး။
ဝစ်လဆင်။ ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ၏တရားဓမ္မတို့ကို ဟောပြောရန် ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကို စောင့်မျှော်နေခြင်းပဲ ဖြစ်ပါတယ်ဘုရား။
ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကိုစောင့်နေဆဲ (၁၈)နှစ်ကာလအတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုပဲသွားသလား၊ ငရဲပြည်ကိုပဲ သွားကြရသလား။
ဝစ်လဆင်။ ဒီ(၁၈)နှစ်ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကုန်ကြရပါတယ် ဆရာတော်။ ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်းတံခါး မပွင့် သေးလို့ပါ ဆရာတော်
ဆရာတော်။ ဒကာကြီး ယခုပြောတဲ့စကားအရဆိုရင် ခရစ်တော်ဟာ လူသားတရပ်လုံးကိုကယ်တင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘဲ သူ့ကို လက်ဝါးကပ်တိုင်မှာ ကပ်ချည်ပြီးနောက်ပိုင်း သေကြရတဲ့လူတွေကိုသာ ကယ်တင်တဲ့ပုဂ္ဂိုလ်ပေါ့။
ဝစ်လဆင်။ ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော် မဖြေတတ်ပါ ဆရာတော်။
ဆရာတော်။ ဒကာကြီး ဒါကို မဖြေနိုင်ရင် ဒကာကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့ အင်္ဂလန်ပြည်ဂိုဏ်းချုပ်က ဖြေနိုင်ပါ့ မလား။
ဝစ်လဆင်။ ဒါဟာ နက်နဲရှုပ်ထွေးတဲ့ပြဿနာတရပ်ဖြစ်တဲ့အတွက် အင်္ဂလန်ပြည် ကင်တာဘာရီမြို့က ဂိုဏ်းချုပ် ကြီးလည်း ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ "နက်နဲရှုပ်ထွေးတဲ့" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ဒကာကြီး။
ဝစ်လဆင်။ နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာမန်လူသားထက် တတ်သိနားလည်တဲ့ နတ် အစရှိတဲ့ သူတို့ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့အမှန်တရားပါပဲ ဆရာတော်။ ဒီတရားကို ထာဝရဘုရားသခင် ကိုယ်တော် မြတ် သာလျှင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန်တရားများပါဝင်လျက်ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။
ဝစ်လဆင်။ တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။
ဆရာတော်။ ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဘဝကို အမေရိကတိုက် ချီကာဂိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ်(ခ်)ရဲ့ မှတ်တမ်းအရ ဦးပဉ္ဇင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။
ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဘက်ပြည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ခရစ်တော်ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က "ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြောချက်များ" (The untold teachings of the Christ by Prof. Goldricke 1925) ဆိုတဲ့ နာမည်နဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ (၁၈)နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ်ကွယ်ပျောက်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူက မှ သူ့ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသနလုပ်ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်းတော့ နောက်ဆုံး တိဘက်ပြည်တောင်ပိုင်းမွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ် ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း (၁၀၀)ပေါ်မှာ သူကိုယ်တိုင် ဒီ(၁၈)နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မများ ဟောပြောသွန်သင်တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာ ကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသားပြတယ်။
"ကျွန်ုပ်အား အသက်(၁၂)နှစ်အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူဒီကျောင်း၌ ရေဟူဒီဆရာတော်ကြီးများ သည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသအမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေးနှီးနှောနေကြ၏။ ကျွန်ုပ်အဘိုး၏ အရှိန်အဝါဖြင့် ကျွန်ုပ်သည် ရေဟူဒီဘုန်းတော်ကြီးများအား ကျွန်ုပ် မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့်ရရှိခဲ့၏။ ကျွန်ုပ် ပထမဦးဆုံး မေးမြန်းသည့် မေးခွန်းကား -
"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှအပ၊ အချို့ကို အရုပ်ဆိုးအကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်းချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါသလဲ" ဟု ဖြစ်၏။
ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိဿတ်အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွန်ုပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့် -
"အို သူငယ်၊ ဤအချက်ကို ယေဟိုးဝါသာလျှင် သိနိုင်သည်" ဟု ရေဟူဒီဘုန်းတော်ကြီးများက ပြန်ပြောကြ၏။
တဖန် ကျွန်ုပ်က -
"ယေဟိုးဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလတို့ကို သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း" ဟု မေးမြန်းပါသည်။
ထိုအခါ ရေဟူဒီဆရာတော်များက -
"ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်" ဟု ပြန်ဖြေ၏။
ထိုနောက်တဖန် -
"ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိမြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း" ဟု ကျွန်ုပ်က ထပ်၍မေးလိုက်ပြန်သည်။ ထိုအခါ အားလုံးသော ရေဟူဒီဘုန်း တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်အား သူတို့အားလုံး၏ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်ကြ၏။ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံတချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့လုယက်တိုက်ခိုက်၍ရသော ပစ္စည်းတို့ကို ရောင်းချနေကြသူများအား နှင်တံနှင့် ရိုက်ပြီး -
"ဤနေရာကား ယေဟိုးဝါ ဘုရားတန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ်" ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။
ယေဟိုးဝါ၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း၊ အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သောစကားကိုရွံရှာမုန်းတီး၍ 'အမှန်တရား' ကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။ ထိုနောက် ကျွန်ုပ်သည် ဘုရားရှိခိုးကျောင်းထဲမှထွက်၍ မြို့တော်မှ ထွက်ခွာလာခဲ့၏။ ငါးမိုင် ခြောက်မိုင်ကျော်ခန့်လမ်းလျှောက်မိသောအခါ ခရီးသွားကုန်သည်တစုနှင့်တွေ့၏။ သူတို့၏ဝတ်စားဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့်ကွဲပြားခြားနားလျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြ သည့် ကုန်သည်များ ဖြစ်ရမည်ဟု သတိပြုမိ၏။ သို့နှင့် သူတို့အနီးသို့ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့ ခေါင်းဆောင်နှင့် တွေ့ပြီး သူတို့အား "မည်သည့်အရပ်မှ မည်သည့်ကိစ္စဖြင့် လာကြသနည်း" ဟု မေးမြန်းလိုက်ပါသည်။
ထိုအခါ ခရီးသွားကုန်သည်များ၏ခေါင်းဆောင်များက သူတို့သည် တိဘက်ပြည်မှဖြစ်ကြောင်း၊ တိဘက်ပြည် သားရေ များ၊ ဦးချိုများနှင့် ထူးဆန်းသည့်ပစ္စည်းများကို ဂျေရုဆလင်မြို့မှ ရွှေငွေ ကျောက်သံပတ္တမြားနှင့် အခြားအဘိုးတန်ဆေးဝါးတို့နှင့် ဖလှယ်ရန် လာကြကြောင်း ပြောပြ၏။ ကျွန်ုပ်သည် ခေါင်းဆောင်၏ စိတ်နေသဘော ထားကို သဘောကျမိသဖြင့် စကားပြောရင်းဆိုရင်းနှင့်ပင် လောက၌ အချို့လူတို့က ဆင်းရဲ၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းမာ၊ အချို့က ချည့်နဲ့လျက် အဘယ်ကြောင့် မညီမမျှမွေးဖွားကြသနည်း ဟူသော ရေဟူဒီဘုန်းကြီးများအား ပထမဆုံးမေးသည့် မေးခွန်းကို မေးကြည့်၏။
ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က -
"အို ချစ်လှစွာသောသူငယ်၊ လူသားများအနက် အချို့က ဆင်းရဲ၊ အချို့က ချမ်းသာ၊ အချို့က ပညာရှိ၊ အချို့က ပညာမဲ့၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းကျန်းမာမာ၊ အချို့က အင်အားချည့်နဲ့ အဖြစ်ဖြင့် တဦးနှင့်တဦး အသွင်မတူဘဲ မွေးဖွားကြရသည်မှာ အတိတ်ဘဝက ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကမ္မ သတ္တိတို့ကြောင့်ပင်ဖြစ်၏။ ရုပ်အဆင်းအားဖြင့် လှပချောမွေ့၍ လှပသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီးလျှင် မှန် ရှေ့တွင် ရပ်လိုက်သောအခါ လှပ၍ကျက်သရေရှိသောအသွင်သဏ္ဌာန်သည် ထင်လာကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး ၍ စုတ်ပြတ်ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်ထားသူတယောက်သည် မှန်ရှေ့တွင် ရပ်လိုက်သောအခါ အရုပ်ဆိုး၍ ကျက်သရေယုတ်လှသည့် အသွင်သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့လူသားတို့သည် အတိတ်ဘဝက ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာချမ်းသာကြ၏။ ရုပ်အဆင်းသဏ္ဌာန်လှကြ၏။ ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်းကြ၏။ ကိုယ်လက်အင်္ဂါ ပြည့်စုံကြ၏။ အသက်ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘဝက ကမ္မသတ္တိ ညံ့ဖျင်းကြသောကြောင့် ဆင်းရဲနွမ်းပါးကြ၏။ အရုပ်ဆိုးအကျည်းတန်ကြ၏။ အသိဉာဏ် ကင်းမဲ့ ထုံထိုင်းကြ၏။ အင်အားချည့်နဲ့ကြ၏။ ကိုယ်အင်္ဂါ မပြည့်မစုံချို့တဲ့ကြ၏။ ဤကဲ့သို့ လူသားအချင်းချင်း တဦးနှင့် တဦး ကွဲပြားခြားနားကြရခြင်းမှာ အထက်ကပြောခဲ့သကဲ့သို့ အတိတ်ဘဝက ကမ္မသတ္တိ အဆိုးနှင့်အကောင်းအရသာ ဖြစ်၏။ မည်သည့် ထာဝရဘုရား၊ သို့မဟုတ် ယေဟိုးဝါ၏ ဖန်ဆင်းမှုကြောင့်မျှ မဟုတ်ချေ။ တနည်းအားဖြင့် ဥပမာ ပေးရသော် ဥယျာဉ်မှူးတယောက်သည် ချိုမွှေးသောအပင်ကို စိုက်လျှင် ချိုမွှေးသော အသီးကို စားရ၍ ခါးသောအပင် ကို စိုက်လျှင် ခါးသောအသီးကို စားရဘိသကဲ့သို့ ဖြစ်၏"
ကုန်သည်ခေါင်းဆောင်ကြီးက ဖြေလိုက်သည့်အဖြေကို ကြားလိုက်သောအခါ ကျွန်ုပ်သည် အလွန်ဝမ်းသာအားရဖြစ် ကာ သူ့အား "မည်သူဟောကြားသည့်တရားတို့ကို လိုက်နာပါသနည်း" ဟု မေးမိ၏။
ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို ချစ်လှစွာသောသူငယ်၊ ကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်မြတ် ဟောကြား တော်မူသော တရားကိုသာ လိုက်နာကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောကသုံးပါးတွင် ပညာအရှိ ဆုံး ဖြစ်သည်။ အလုံးစုံသော တရားတို့ကို အကြွင်းမဲ့သိတော်မူသည့် သဗ္ဗညုတရွှေဉာဏ်တော်ရှင်လည်း ဖြစ်သည်။ ဓမ္မစကြာတရားရှင်လည်း ဖြစ်သည်။ သစ္စာလေးပါး တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူသည်။ အနန္တဉာဏ်တော်၊ အနန္တတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူသည်" ဟု ပြန်၍ ဖြေကြား၏။ ထိုအခါ ကျွန်ုပ်သည် ဗုဒ္ဓ ကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာတို့ကို လိုက်နာကျင့်သုံးလိုလှသဖြင့် ကျွန်ုပ်၏မိတ်ဆွေသစ် ကုန်သည်ခေါင်းဆောင်ကြီးအား ကျွန်ုပ်ကို တိဘက်ပြည်သို့ ခေါ်ဆောင်၍ ဆရာတော်ကြီးတပါးထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏။ ကျွန်ုပ်က ဤကဲ့သို့ တောင်းပန်လိုက်သောအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို သူငယ်၊ ကျွန်ုပ်သည် သင့်အား ကျွန်ုပ်တို့တိဘက်ပြည်သို့ ခေါ်သွားလိုပါ၏။ သို့ရာတွင် သင်သည် အသက်အရွယ်အားဖြင့် အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏ အုပ်ထိန်းခြင်းမှ မကင်းလွတ်သေးသဖြင့် သင်၏မိဘများကိုယ်တိုင် သင့်အား ကျွန်ုပ်၏ လက်တွင်းသို့ မအပ်နှံသမျှ ကျွန်ုပ်သည် သင့်အား တိဘက်ပြည်သို့ ခေါ်၍မသွားနိုင်ပါ" ဟု ပြန်၍ဖြေဆိုပါသည်။
ဤတွင် ကျွန်ုပ်က -
"အို မိတ်ဆွေ ကုန်သည်ခေါင်းဆောင်ကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှ မစိုးရိမ်ပါလင့်။ ကျွန်ုပ်သည် အသက် အရွယ် အားဖြင့် အလွန်နုနယ်လှသော်လည်း အသိပညာနှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူးဌာနန္တရအားဖြင့် မြင့်မားသူ တဦးဖြစ်ပါသည်။ ကျွန်ုပ်၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤအထိမ်းအမှတ်လက်စွပ်တို့ကိုကြည့်ပါ။ ကျွန်ုပ်သည် ဤမြို့မှ ရေဟူဒီဘုန်းကြီးများထဲတွင် အချုပ်အခြာဖြစ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်မသိမမြင်ခဲ့ဘူးသည့် ယေဟိုးဝါ၏ မူမမှန်သောတရားတို့ကို မုန်းတီးရွံရှာလှသဖြင့် သစ္စာတရားကို မရရအောင်၊ မတွေ့တွေ့အောင် ရှာဖွေ လေ့လာမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ်၏ကျောင်းကို စွန့်ခွာခဲ့သူ ဖြစ်၏။ အကယ်၍သာ ကျွန်ုပ်သည် သင်နှင့် ယခုကဲ့သို့ မတွေ့ခဲ့ပါက သစ္စာတရားကိုရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေမည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ် သည် သင်နှင့် တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊ သင်က ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ဤမြို့ ဤဒေသမှ အမှန်မုချ ထွက်ခွာမည် ဖြစ်သည်"
ကုန်သည်ခေါင်းဆောင်ကြီးသည် ကျွန်ုပ်၏ ရဲရင့်တိကျသောစကားနှင့် ပြင်းထန်သောဆုံးဖြတ်ချက်တို့ကို ကြားသော အခါ ကျွန်ုပ်အား တိဘက်ပြည်သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်သို့ရောက်သောအခါ သူ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်ကြီးထံ အပ်နှံပေးရန် သဘောတူလေ၏။
ကံကောင်းထောက်ပံ့သဖြင့် ခရီးသွားကုန်သည်တို့သည် ထိုနေ့မှာပင် တိဘက်ပြည်သို့ ပြန်ကြရန် စီစဉ်ထားကြသော ကြောင့် ကျွန်ုပ်သည် ချက်ချင်းပင် သူတို့နှင့်အတူ တိဘက်ပြည်သို့ လိုက်သွားခွင့်ရခဲ့၏။ (၄)လကြာမျှ အလွန်ပြင်းပြင်း ထန်ထန်နှင့် ခရီးကြမ်းနှင်ခဲ့ကြပြီးနောက် ကျွန်ုပ်သည် တိဘက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊ ကျောင်း ထိုင်ဆရာတော် အရှင်အရိယပုတ္တမဟာထေရ် ထံသို့ရောက်ခဲ့၏။ ကျွန်ုပ်သည် တိဘက်ဘာသာစကားကို မတတ်ကျွမ်း သော်လည်း ခရီးသွားကုန်သည်ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် အရှင်အရိယပုတ္တမဟာထေရ်မြတ်၏ ခြေတော်ရင်း တွင် ခိုလှုံလိုကြောင်း လျှောက်ထားနိုင်ခဲ့၏။
ဆရာတော်မဟာထေရ်မြတ်သည် ကျွန်ုပ်အား အစမ်းသဘောဖြင့် (၆)လတိတိ သူ၏ခြေတော်ရင်းတွင် ပညာသင်ကြား ပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအချိန်ကာလအတွင်း ကျွန်ုပ်သည် တိဘက်ဘာသာကို လေ့လာခဲ့၏။ (၆)လစေ့သော အခါ မဟာထေရ်မြတ်သည် ကျွန်ုပ်၏ ဆန္ဒပြင်းပြမှုကို ယုံကြည်စိတ်ချကာ ကျွန်ုပ်အား သံဃာအပါး ၃၀ ကျော်နှင့် အလွန်ကြီးမားလှသည့် ပရိဿတ်ရှေ့မှောက်၌ သာမဏေ ဇီဝကိရိတ ဟူသောဘွဲ့ (ဟေဗြဘာသာအရ "ယေရှု ခရစ်တော်") ဖြင့် ရှင်သာမဏေအဖြစ်နှင့် သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်တော် မူလေ၏။"
"တိမ်မြုပ်နေသော ခရစ်တော်၏ဟောပြောချက်များ" ဟူသောကျမ်းသည် စာမျက်နှာပေါင်း (၆၀၀)ကျော်ရှိရာ ထို ကျမ်းဂန် တခုလုံးကို ကုန်အောင် ဦးပဉ္ဇင်းဟာ အကြိမ် (၂၀) ထက်မနည်း ဟောရမယ်ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့ အပိုင်းကို အကျဉ်းချုပ်ပြီး ဟောပါရစေ။
သာမဏေရ ဇီဝကိရိတ (သို့မဟုတ်) ရှင်သာမဏေဟာ ၇နှစ်နှင့်၆လတိုင်တိုင် ရှင်သာမဏေတို့ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန ထိန်းသိမ်းခဲ့လေတော့ ရှင်အရိယပုတ္တမဟာထေရ်မြတ်က အသက် (၂၀) အရွယ်သို့ ရောက်တဲ့အခါမှာ ရဟန်းတော်အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့။
ရဟန်းတော် ရှင်ကိရိတ ဟာ စိတ်အားလည်း ထက်သန်၊ ဗုဒ္ဓရဲ့တရားကိုလည်း အလွန်ယုံကြည်ကိုးစားတော်မူတဲ့ အတွက် စာပေပရိယတ်ကိုလည်း တဖက်က သင်အံကျက်မှတ်၊ တဖက်က သမထတရားတို့ကို လေ့လာအားထုတ်နေ တော့ မကြာမီအတွင်းမှာ ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြနိုင်လာသတဲ့။ သူ့ရဲ့ဆရာတော် အရှင်အရိယ ပုတ္တ ကလည်း ရဟန္တာတပါး ဖြစ်လေတော့ ခရစ်တော်ရဲ့ အနာဂတ်အရေးကို သိမြင်တော်မူတယ်တဲ့။
ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ့် အရေးကို မြင်တော်မူသတဲ့။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိတ က သူ့အရပ် သူ့ဌာနသို့ ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေသတဲ့။ ဒါပေမယ့် တကြိမ်မျှ သာမဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့ -
"အို ချစ်သား ဇီဝကိရိတ၊ ချစ်သားဟာ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ချစ်သားအား သွားခွင့်ပြု မယ်။ ဆရာတော်လိုလားတဲ့အချက်တွေကတော့
(၁) အကယ်၍ ရေဟူဒီလူမျိုးများ (သို့မဟုတ်) ဣသရေလလူမျိုးများကသင့်အား တံတွေးများထွေး၍ ရှုံ့ချကဲ့ရဲ့ကြသည့် တိုင်အောင်၊ ခဲအုတ်များနှင့် ပေါက်သည့်တိုင်အောင်၊ ဆဲရေးတိုင်းထွာသည့်တိုင်အောင် ချစ်သားက ချစ်သား၏ ဈာန် အဘိညာဉ်တန်ခိုးကို အသုံးပြု၍ မတုံ့ပြန်ပါနှင့်။
(၂) အကယ်၍ တစုံတယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲသည့်တိုင်အောင် ချစ်သားက ပကတိ တည်ငြိမ်သောသဘောနှင့် သည်းခံရမည် ဖြစ်၏။
(၃) အကယ်၍ တစုံတယောက်သောသူက သင်၏မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကိုလည်းကောင်း၊ တရား တော်မြတ်ကို လည်းကောင်း၊ သံဃာတော်အရှင်မြတ်တို့ကိုလည်းကောင်း၊ သွားပုပ်လေလွင့် မတရားသဖြင့် ပြောသည့် တိုင်အောင် နည်းပရိယာယ်ကို သုံးလျက် သူတို့၏မိုက်မှားမှုကို သိမြင်လာအောင် ဟောပြောညွှန်ပြရမည် ဖြစ်၏။ အကြောင်းသော်ကား သူတို့သည် ဘာမျှမသိမမြင် နားမလည်ကြ၍သာ ပြုမူကြခြင်းဖြစ်ရာ သူတို့အား အပြစ်မှ အခွင့် လွှတ်ရမည် ဖြစ်၏။
(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်အောင် ဥပမာ ဥပမေယျ များကိုဆောင်ကာ ဟောပြောရှင်းလင်းရမည်ဖြစ်၏။
(၅) မည်ကဲ့သို့ပင်ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏ရန်သူများအား မုန်းတီးခြင်း၊ ဒေါသ ဖြစ်ခြင်း စသည့် အရိပ်လက္ခဏာတို့ကို မပြပါနှင့်။
(၆) သင်သည် အခါမလပ် မမေ့မလျော့သောစိတ်ဓါတ်နှင့်ဈာန်အဘိညာဉ်တရားတို့ကိုပွားများပါလေ။ မေတ္တာကမ္မဋ္ဌာန်း ကို ပွားများကာ ကမ္ဘာလောကကြီးတဝှမ်းလုံးကို သင်၏မေတ္တာကရုဏာတရားဖြင့် လွှမ်းမိုးပါစေ။
(၇) အကယ်၍ တစုံတယောက်သောသူ (သို့မဟုတ်) လူတစုက သင့်အားရိုက်နှက်သတ်ဖြတ်စေကာမူ သေသည်အထိ အသိတရားကင်းမဲ့စွာ မိုက်မှားသူတို့အပေါ်တွင် မေတ္တာ၊ ကရုဏာတရားများ ပွားများကာ နောက်ဆုံးသေသည့်အချိန် အထိ ဗုဒ္ဓကိုယ်တော်မြတ်၏ ဂုဏ်တော်တရားကို အခါမလပ် ဆင်ခြင်အောက်မေ့ပါလေ။ သို့မှသာလျှင် သင်သည် သေ သည်၏အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့် ပြည့်စုံသော ဗြဟ္မာ့ဘုံသို့ ရောက်မည်ဖြစ်၏။
ချစ်သား၊ သင်သည် ဤအချက် (၇)ချက်ကို လိုက်နာကျင့်သုံးပါမည်ဟု ကတိပေးခဲ့လျှင် သင်သည် ရေဟူဒီလူမျိုးများ အား မည်သည့်နည်းနှင့်မျှ မပြုပြင် မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရချေမည်။ သင်သည် ဣသရေလ လူမျိုးများအား ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏တရားများကို အထင်အမြင်မှားကာ သင်ကွယ်လွန်ပြီးနောက် သင်ဟောပြောသည့်တရားတို့ထဲမှ (၁) ချစ်ခင်ကြင်နာခြင်း၊ (၂) ကရုဏာပွားများခြင်း၊ (၃) လေးစားခြင်း၊ (၄) ဥပေက္ခာ ပြုခြင်း၊ (၅) သည်းခံခြင်း၊ (၆) အပြစ်မှခွင့်လွှတ်ခြင်း (၇) ကြိုးပမ်းအားထုတ်ခြင်း စသည့် အချက်အလက်တို့ကိုသာ ဆက်လက်ထိန်းသိမ်း၍ သင်၏နာမည်ဖြင့် ဘာသာအယူဝါဒတရပ်ကိုထူထောင်ကြလိမ့်မည်" ဟူ၍ အမိန့်ရှိကာ အရိယ ပုတ္တ မထေရ်မြတ်ဟာ ဇီဝကရိတ အား ပြန်ခွင့်ပြုလိုက်တယ်။ ဇီဝကရိတကလည်း သူ့ရဲ့ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက်အလက်တွေကို သေသည်အထိ လိုက်နာကျင့်သုံးပါ့မယ်လို့ ကတိကဝတ်ပြုကာ သူရဲ့ နေရပ်ဌာနသို့ ပြန်လာခဲ့ တယ်။
အဲဒီနောက် ယုဒယာမြို့မှာ ခရစ်တော် ပထမဦးဆုံး တရားဟောတဲ့အခါမှာ တရားနာသူတွေက ယေဟိုးဝါဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေမဟုတ်ဘဲ ဗုဒ္ဓကိုယ်တော်မြတ် ဟောတဲ့တရားတွေသာ ဖြစ်တယ်လို့ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ် ပြောဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့တွေမှာဟောပြန်တော့လည်း ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ်။ သူတို့က သူဟောတဲ့တရားတွေဟာ ဘယ်လောက်ပဲကောင်းကောင်း တနည်းနည်းနဲ့တိုက်ဖျက်ကာ ရှုံ့ချပုတ်ခတ်ကြ သတဲ့။
ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်ဟာ သူ့ရဲ့ဆရာ အရိယပုတ္တမထေရ်က သူ့ကိုမှာလိုက်တဲ့ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အမှတ်ရပြီး သူဟောတဲ့တရားဟာ ယေဟိုးဝါဟောတဲ့ တရားများဖြစ်ကြောင်း၊ သူဟာ ယေဟိုးဝါရဲ့ သားတော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီး ပြောလိုက်သတဲ့။ အမှန်ကတော့ သူဟာ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်အကောက်မှားပြီး ယခုလိုလှည့်စားလိုက်ခြင်းဖြစ်တယ်။ ဒီလိုအလှည့်စား မှားလိုက်တဲ့အတွက် ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာကပ်ပြီး ရေဟူဒီဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ရဲ့ အသတ်ခံသွားရသတဲ့။
ခရစ်တော်ဟာတန်ခိုးပြာဋိဟာတွေကိုပြနိုင်ပေမယ့် ရေဟူဒီလူမျိုးတွေနဲ့ ရောမလူမျိုးတွေရဲ့ နှိပ်စက်မှုတွေကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွားရှာတယ်။ သူဟာ သူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့် ဈာန်အဘိညာဉ်ကိုမျှ မသုံးတဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကို ရင်ဆိုင်သွားခဲ့တယ်။ ဒါကြောင့် ရေဟူဒီလူမျိုးတွေဟာ ခရစ် တော်လို သူတော်ကောင်းတယောက်ရဲ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့် တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးပြစရာ တိုင်းပြည်မရှိဘာမရှိနဲ့ ကလေကဝ ဖြစ်နေကြရတာပေါ့။
အဲဒီ ပါမောက္ခ မစ္စတာဂိုးရစ်(ခ်)တွေ့ရှိထားတဲ့ မှတ်တမ်းအရ ခရစ်တော်ဟာ ထာဝရဘုရားသခင်ရဲ့ သားတော် မဟုတ် ဘူး ဆိုတဲ့အကြောင်းကို ကောင်းကောင်းကြီးလက်ခံနိုင်ပြီမဟုတ်လား။ ဒါပေမယ့် သူက - "ကျွန်ုပ်ကား ထာဝရဘုရား သခင် ယေဟိုးဝါ၏သားတော်ဖြစ်သည်" ဟူသော စကားကိုပြောကာ ရေဟူဒီလူမျိုးတွေနဲ့ ဣသရေလလူမျိုးတွေကို သူ့ တရားကို လိုက်နာကြပြီး သူ့နောက်သို့လိုက်လာအောင် ပရိယာယ်သုံးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဆရာတော်က နိမိတ် ဖတ် လိုက်တဲ့အတိုင်းပဲ သူ့ရဲ့နောက်လိုက်တွေက သူ့ရဲ့ဟောပြောချက်တွေကို တမျိုးတဖုံ သူတို့လိုသလို ဆွဲသုံးကြပြီး ယေဟိုးဝါ ကိုရော၊ ခရစ်တော်ကိုပါ ကိုးကွယ်ဆည်းကပ်ကြတယ်။
"ကျွန်ုပ်သည် ယေဟိုးဝါထာဝရဘုရားသခင်၏ ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ်ကိုတီထွင်သည်။ ကျွန်ုပ်သည် ဘုရား တန်ဆောင်းဟောင်းကို ဖြိုဖျက်၍ ဘုရားတန်ဆောင်းသစ်ကို တည်ဆောက်သည်။ ကျွန်ုပ်သည် အရေတော်ကို ဖြတ်လှီး၍ဘာသာအယူဝါဒရေးရာအရ ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည်" ဟူသော ခရစ်တော်ရဲ့ သုံး ခွန်းသော စကားတို့ကို သူ့ရဲ့နောက်လိုက်များက မှားယွင်းတဲ့ အနက် အဓိပ္ပာယ်ဖြင့် ကောက်ယူခဲ့ကြတယ်။ ဒါပေမယ့် ဒီစကားတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဘာသာအယူဝါဒဟာ ယေဟိုးဝါရဲ့ ဘာသာအယူဝါဒနဲ့ လုံးဝမတူကြောင်းကို အထင်အရှား သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာဝင်တွေက ဒါကို နားမလည်ကြသေးဘူး။ သဘော မပေါက် ကြသေးဘူး။ ခရစ်တော်ရဲ့ သွန်သင်ဟောပြောချက်တွေရဲ့ အနက်အဓိပ္ပာယ်ကိုနားမလည်ကြသေးဘူး။
အထက်က ဦးပဉ္ဇင်းဟောပြောခဲ့တဲ့ တကယ့်တိကျဟုတ်မှန်တဲ့ သက်သေသာဓကတွေအပြင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ သားတော် မဟုတ်ကြောင်းကို နောက်ထပ် သက်သေသာဓက ပြပါဦးမယ်။ ထာဝရဘုရားသခင်ရဲ့ တရား တွေနဲ့ ခရစ်တော်ဟောတဲ့ တရားတွေရဲ့ ခြားနားချက်တွေကို တကယ်တမ်း စီစစ်ကြည့်ရင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့ ရန်သူ၊ တနည်းအားဖြင့် ဆန့်ကျင်သူဖြစ်ကြောင်းကို လွယ်လင့်တကူနဲ့ သိမြင်နိုင်ပါတယ်။
ဓမ္မဟောင်းကျမ်းစာထဲမှာ ထာဝရဘုရားသခင်က အဗြဟမ်အား -
"အကယ်၍ သင်၏မျက်လုံးကို တစုံတယောက်သောသူက ထိုးဖောက်၍ ယူသွားခဲ့သည်ရှိသော် ထိုသူ၏ မျက်လုံး ကိုလည်း သင်က ထိုးဖောက်၍ ယူလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏နှာခေါင်းကို လှီးဖြတ်ပစ်သည် ရှိသော် ထိုသူ၏ နှာခေါင်းကို သင်ကလည်း လှီးဖြတ်ပစ်ပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏အသက် ကို သတ်ရန်ကြိုးပမ်းခဲ့သည်ရှိသော် သင်ကလည်း ထိုသူ၏အသက်ကို သတ်ဖြတ်ပါလေ။ ငါကား ဒေါသတရားဖြင့် ထုံ အပ်သည့် ထာဝရဘုရားသခင်တည်း။ ငါသည်သင့်အား လက်စားချေရေးတရားအမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏" ဟု အလေးအနက် ဟောပြောတော်မူခဲ့တယ်။
ဒါပေမယ့် ကရုဏာတရားပွားများလှတဲ့ ခရစ်တော်ကတော့ -
"အကယ်၍ တစုံတယောက်သောသူက သင်၏ခြုံစောင်ကို ယူသွားခဲ့သည်ရှိသော် ထိုသူအား သင်၏အင်္ကျီပါ ချွတ်၍ ပေးကမ်းလှူဒါန်းပါလေ။ အကယ်၍ တစုံတယောက်သောသူက သင်၏လက်ျာဘက်ပါးကို ရိုက်ခဲ့သည်ရှိသော် ထိုသူ အား သင်၏လက်ဝဲဘက်ပါးကိုပါ ရိုက်ပါစေ။ အစစကိုသည်းခံပါ။ သည်းခံခြင်းသည်သာလျှင်ကုသိုလ်တရားကို ပွားများ ပေးစေနိုင်သည်။ သင်၏အိမ်နီးချင်းများကို သင့်ကိုယ်ကိုချစ်ခင်သကဲ့သို့ ချစ်ခင်ပါ။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အန္တရာယ် မပြုပါနှင့်" လို့ သူ့ရဲ့နောက်လိုက်တွေကို ဟောပြောသွန်သင်ခဲ့တယ်။
ထာဝရဘုရား ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ဒီတရားနှစ်ခုဟာ တခုနဲ့တခုစပ်လို့ဟပ်လို့မရအောင် ကွာခြားနေတာကို တွေ့နေရပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဟာ ယေဟိုးဝါရဲ့ သားတော်မဟုတ်ဘဲ ထာဝရဘုရားယေဟိုးဝါရဲ့ ရန်သူဖြစ် ကြောင်းကို အသိဉာဏ်ရှိတဲ့သူတိုင်းအထင်အရှားနားလည်သဘောပေါက်နိုင်ပါတယ်။ ဒီနည်းနဲ့ ခရစ်တော်ဟာ ထာဝရ ဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို ချိုးဖောက်ဖျက်ဆီးနိုင်ခဲ့တယ်။ ယေဟိုးဝါရဲ့ ဘုရားတန်ဆောင်းကို ဖျက်ဆီးခဲ့တယ်။ အရေပြားကို ဖြတ်လှီးပြီး ဘာသာအယူဝါဒဆိုင်ရာ ကင်ပွန်းတပ်တဲ့ ထုံးတမ်းဓလေ့ကို ပယ်ဖျက်ခဲ့တယ်။
ဒီနေရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည်ရှင်လာခြင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဦးပဉ္ဇင်း အကျဉ်းချုပ်သဘော နည်းနည်း ဟောချင်ပါသေးတယ်။ ခရစ်တော်သေပြီး တတိယမြောက်နေ့မှာ ပြန်လည်ရှင်သန်လာတယ်ဆိုတဲ့ အဖြစ် အပျက် ကလေးကတော့ တော်တော်ကလေး ဦးနှောက်ကောင်းကောင်းနဲ့ တီထွင်လိုက်တဲ့ ဇာတ်လမ်းကလေးတပုဒ် ဖြစ်တယ်။ ဒီဇာတ်လမ်းကို တီထွင်လိုက်တဲ့သူကတော့ ပြည့်တန်ဆာလုပ်စားတဲ့ ပြစ်မှုနဲ့ ရေဟူဒီတရားရုံးက အမိန့်အရ ရေဟူဒီတွေက ခဲတွေနဲ့ ဝိုင်းပေါက်ခြင်းခံရတဲ့ မေရီမက်(ဂ)ဒါလီနာ (Mary Magdalene) ဆိုတဲ့ အမျိုးသမီး တယောက်ဖြစ်တယ်။
ယေဟိုးဝါ သက္ကရာဇ် (၃၂၀၁) ခုနှစ်မှာ ရောမလူမျိုးဘုရင်ခံ ပွန်တီယပ်(စ)ပစ်လေးက "ခရစ်တော်ကွယ်လွန်ခြင်းနှင့် လိမ်လည်လုပ်ကြံထားသော ပြန်လည်ရှင်လာခြင်း" ဟူသော စာတမ်းတစောင်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာတမ်း ကတော့ -
"ဘက်သလဟမ်မြို့မှ မေရီ၏သား၊ အင်နာယေရှုခရစ်၏မြေးသည် ယေဟိုးဝါ၏အယူဝါဒကို မထီမဲ့မြင် သေးသိမ်ယုတ် ညံ့အောင် ပြုလုပ်လျက်ရှိသည်ဟူသော ရေဟူဒီဘုန်းကြီးများ၏ တရားစွဲဆိုချက်အရ ရောမလူမျိုးတို့၏ဥပဒေအရ ၄င်း အား ရာဇဝတ်ကောင်များကို ကားတင်၍ ကွပ်မျက်နေကျဖြစ်သည့် ဆီနိုင်တောင်ထိပ်ပေါ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍ ကွပ်မျက်ပစ်လိုက်၏။ ထို့နောက် ခရစ်ယာန်ဘာသာဝင်တို့အား ခရစ်တော်၏အလောင်းကို မည်သူမျှ တူး ဖော်ရွှေ့ပြောင်းခြင်း မပြုရဟု အမိန့်ထုတ်ဆင့်ထားသော်လည်း ခရစ်ယာန်ဘာသာဝင်တို့က တူးဖော်ရွှေ့ပြောင်းပစ်ကြ လိမ့်မည်ဟူသော ကောလဟလသတင်း ဖြစ်ပွားနေသဖြင့် သူ၏အလောင်းကို ကျောက်ဂူထဲတွင် မြှုပ်ပြီး အလွန်ကြီး မားသော ကျောက်တုံးကြီးများကို တင်ထားလေ၏။ ၄င်းပြင် ရောမစစ်သည်တော်(၅၀)ကို အစောင့်ချထားလေ၏။ ခရစ်တော်သည် တန်ခိုးပြာဋိဟာတို့ကို ပြနိုင်သူဖြစ်ရကား ရောမလူမျိုးဘုရင်သည် သူတန်ပြန်၍ ရှင်လာမည်ကို စိုးရိမ် လှသဖြင့် အစောင့်စစ်သားများအား အထူးဂရုတစိုက် စောင့်ကြပ်ရန် အမိန့်ထုတ်လေ၏။ ခရစ်တော် အသတ်ခံရပြီး ဒုတိယည၌ မေရီမက်(ဂ်)ဒါလီနာသည် ကချသည်အဝတ်တို့ကို ဝတ်ဆင်ပြီး ဆေးစပ်ထားသည့်အရက်နီကို ဖန်တကောင်း တခုတွင်ထည့်ကာ ခရစ်တော်မြှုပ်ရာ ကျောက်ဂူအနီးသို့ ချဉ်းကပ်လေ၏။ ရောမစစ်သည်တော်တို့က မက်(ဂ်)ဒါလီနာ သည် ခရစ်တော်အား တကယ်တမ်းကြည်ညိုသူတယောက် ဖြစ်သည့်အကြောင်းကိုလည်းကောင်း၊ ခရစ်တော်၏အလောင်းကို လာရောက်၍ ယူရန်လာသည့် သူ၏အကြောင်းကိုလည်းကောင်း မသိကြသောကြောင့် သူ့ အား သူတို့ရှေ့တွင် ကခုန်သီဆိုခွင့် ပြုထားမိကြ၏။ သူသည် ဆိုရ ကရ၍ မောလာသောအခါ အရက် ဖန်တကောင်းကို ဖွင့်၍ သောက်ဟန်ပြုလေ၏။ သဘာဝအလျောက် အရက်ကို တပ်မက်ကြသည့် စစ်သည်တော်တို့သည် မက်(ဂ်)ဒါလီနာက သူတို့အား အရက်တကောင်းကိုပေးလျှင်အားပါးတရ သောက်ကြလေ၏။ စစ်သည်တော်တိုင်း အလွန် ပြင်းထန်သည့် ဆေးများကို ခပ်ထားသည့် မက်(ဂ်)ဒါလီနာ၏ အရက်ကို တဖန်ခွက်စီသောက်ကြ၏။ မိနစ် အနည်းငယ် ကြာသောအခါ ဆေးခပ်ထားသည့်အရက်တန်ခိုးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ကြရာ (၃)ရက် ကြာမှ နိုးကြ၏။ ရောမစစ်သည်တော်များ အိပ်ပျော်နေစဉ်အတွင်း မက်(ဂ်)ဒါလီနာသည် ခရစ်ယာန်ဘာသာဝင်တို့ကို စုကာ ခရစ်တော်၏အလောင်း မြှုပ်နှံထားသည့် ဂူပေါ်မှ ကျောက်စိုင်ကျောက်တုံးကြီးများကို ဖယ်ရှားပစ်ကြ၍ အလောင်းကို တူးဖော်ယူကာ အစိုးရအာဏာပိုင်များ မသိသည့်နေရာသို့ တိတ်တဆိတ်ပြောင်းရွှေ့မြှုပ်နှံလိုက်၏။ နောက်နေ့ နံနက်စောစောအချိန်တွင် မေရီမက်(ဂ်)ဒါလီနာသည် နန်းတော်၊ တရားလွှတ်တော်၊ ဈေးနှင့် ဇာတ်ရုံများဆီ သို့ သွားရာ လမ်းလေးခွ၌ ခရစ်ယာန်ဘာသာဝင်များစွာတို့ကို စုရုံးပြီး "အို ကျွန်ုပ်တို့၏ ယေရှုသခင်အား သက်ဝင် ယုံကြည် ကြသူ အချင်းတို့၊ ကြည့်ကြကုန်လော။ ယေရှုကိုယ်တော်မြတ်၏ ကျက်သရေရှိလှစွာသော ရုပ်သဏ္ဌာန်တော် ကို ဖူးမျှော်ကြလော့။ ကိုယ်တော်မြတ်ကား ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူလျက်ရှိသည်ကို ကြည့်ကြကုန်လော့" ဟု ဟစ်အော် ကြွေးကြော်ကြလေသည်။
ရေဟူဒီများ၊ ရောမလူမျိုးများနှင့် အခြားဘာသာများကို သက်ဝင်ယုံကြည်ကြသူတို့က -
"သင်၏ ခရစ်တော်ကား အဘယ်မှာနည်း။ ခရစ်တော်သည် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းလျက်ရှိသည်ဟု သင်တို့က မည်မျှပင် ဟစ်အော်ကြွားဝါနေကြသော်လည်း ငါတို့သည် မမြင်ချေတကား။ သင်တို့သည် လိမ်လည်နေခြင်းသာဖြစ်၏" ဟု ပြန်၍ ပြောကြ၏။
ထိုအခါ မေရီမက်(ဂ်)ဒါလီနာက -
"ခရစ်တော်အား ယုံကြည်ကိုးကွယ်၍ အရေပြားကို ဖြတ်သည့် ထုံးတမ်းဓလေ့ကို မလိုက်နာ မကျင့်သုံးသူတို့သာလျှင် ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူသည်ကို မြင်ကြရချေမည်။ သခင်ယေရှုကိုယ်တော်မြတ်ကို သက်ဝင် ယုံကြည်မှု မရှိဘဲ သတ်ဖြတ်လုပ်ကြံကြသည့် သင်တို့ဒိဋ္ဌိများကား ခရစ်တော်ကို မြင်ကြရမည်မဟုတ်ချေ။ သင်တို့ အကယ်၍ မယုံကြည်က ဆီနိုင်တောင်ထိပ်ပေါ်သို့တက်၍ကြည့်ကြလော့။ ထာဝရဘုရားသခင်၏ တမန်တော်က သူ၏ ဂူပေါ်တွင် တင်ထားသည့် ရာပေါင်းများစွာသော လူများအားနှင့်မှ ရွှေ့နိုင်သော ကျောက်တုံးကြီးကို ရွှေ့ပြီးလျှင် အစိတ်စိတ်အမွှာမွှာ ခွဲပစ်သည်ကို တွေ့ကြရမည်။ ၄င်းပြင် ရောမစစ်သည်တော် (၅၀)ကို တမန်တော်က မူးမေ့နေ အောင် ရိုက်နှက်ထုထောင်းထားခဲ့သည်ကိုလည်း ကြည့်ကြဦးလော့" ဟု ဆိုပြန်၏။
ခရစ်ယာန်ဘာသာဝင်တို့က မည်မျှပင် ဟစ်အော်ကြွေးကြော်နေကြသော်လည်း ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွ မြန်းသည်ကို မမြင်ရသည့် အစိုးရအဖွဲ့အာဏာပိုင်များ၊ ရေဟူဒီလူမျိုးများနှင့် ရောမလူမျိုးတို့သည် ဆီနိုင်တောင်ထိပ် ပေါ်သို့ တက်ကြည့်ကြရာ ခရစ်တော်၏ဂူပေါ်တွင် တင်ထားသည့် ကျောက်တုံးကြီးနှင့် ခရစ်တော်၏ အလောင်းတို့ကို မတွေ့ကြရတော့ချေ။ ၄င်းပြင် ရောမစစ်သည်တော်တို့ မူးမေ့နေကြသည်ကို တွေ့မြင်ကြလေ၏။
ဤအဖြစ်အပျက်ကို ဘာတခုမျှ မသိလိုက်ကြသော ရောမစစ်သည်တော်တို့အား ရောမအာဏာပိုင်တို့က ထောင်ထဲသို့ ပို့ကြ၏။ သို့ရာတွင် တတိယနေ့၌ ရောမစစ်သည်တော်တို့သည် သတိရလာကြ၍ မက်(ဂ်)ဒါလီနာက သူတို့ကို အက အဆိုဖြင့် ဖြေဖျော်ပြီးနောက် ဆေးခပ်ထားသည့်အရက်ကိုတိုက်ကြောင်း၊ ထို့နောက် သူတို့ သတိလစ်သွားကြကြောင်း ပြန်ဖြေကြလေ၏။ ဤကဲ့သို့ အဖြစ်အပျက်မှန်ကို သိကြသောအခါ ရောမအာဏာပိုင်တို့သည် မက်(ဂ်)ဒါလီနာနှင့်တကွ ခရစ်ယာန်ဘာသာဝင်ရေဟူဒီများနှင့် ဣသရေလလူမျိုးပေါင်း (၁၀၀၀)ကျော်တို့ကို ဖမ်းဆီး၍ ခေါင်းဖြတ်ပစ်လိုက် ကြ၏။
ဒါဟာ တန်ခိုးပြာဋိဟာတွေ ပြနိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့် လူကိုယ်တိုင်က အသက်သေသွားပြီးဖြစ်တော့ ဒီ တန်ခိုးပြာဋိဟာတွေကလည်း ဘာမှ အသုံးမဝင်တော့ဘူးပေါ့။ ခရစ်တော်ဟာလည်း အခြားသတ္တဝါတွေလိုပဲ သေပြီးတဲ့ နောက် ဘယ်နည်းနဲ့မှ ပြန်မရှင်နိုင်တော့ဘူးပေါ့။
ဝစ်လဆင်။ တပည့်တော်တို့ တခါမျှ မကြားဖူးတဲ့ အခုဆရာတော် ဟောပြောတော်မူတဲ့ ရောမဘုရင်ခံ ပစ်လေး ရဲ့မှတ်တမ်းကို ကြားရမှပဲ ခရစ်တော်ဟာ တိဘက်ပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တပါးရဲ့ တပည့်သာဝက ဖြစ်တဲ့ အတွက် သူပြောပြတဲ့တရားတွေနဲ့ ဗုဒ္ဓရဲ့ တရားများနဲ့ တူနေကြောင်းကို သိရပါတယ်။ နောက်တခုကတော့ သူဟာ အရိမိတ္တေယျ ဘုရားအလောင်းတော်မဟုတ်ဘဲ ဆရာတော်တို့လို ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ကြောင်း၊ ဈာန် အဘိညာဉ်ရကြောင်း တို့ကိုလည်း တပည့်တော် လက်ခံပါတယ်။ သူလည်းပဲ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါ ဆိုတဲ့ ဓာတ်လေးပါး အဆောက်အဦဖြစ်တဲ့အတွက် အသက်သေပြီးတဲ့နောက် ပြန်ပြီး တဖန်မထနိုင်တော့ဘူး ဆိုတာလဲ တပည့်တော် ယုံကြည်ပါပြီ ဆရာတော်။
ဆရာတော်ဟာ ဘာသာအရပ်ရပ်နှင့်တကွ သိပ္ပံပညာကိုပါ နှံ့နှံ့စပ်စပ် အသိအမြင် များတဲ့အတွက် တပည့်တော်က ဆရာတော်ကို ကြည်ညိုပါတယ်။ ယခု ဆရာတော် ဟောပြတဲ့ အချက်အလက်တို့ကိုလည်း တပည့်တော် ယုံကြည်ပါ တယ် ဆရာတော်။

ဤတွင် ပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။


မူရင်း Postဆက်စပ်ဖတ်ရှုနိုင်သော နေရာများ

(ရည်ရွယ်ချက်။ ။ ကျွန်တော်ဖတ်ရသော စာတွေထဲမှ စာဖတ်သူတို့အား ပြန်လည်ဝေမျှခြင်းသာဖြစ်သည်။)

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

အဲလောက်ချစ်ကြတယ် (Videos File)



metacafe ထဲက ဆွဲထားတဲ့ ကားကြော်ငြာတဲ့ ဟာသလေးပါ။ ဘယ်လောက်တောင် ကောင်းတဲ့ကားလဲတော့မသိ ။ လင်မယားနှစ်ယောက် လုနေတာကိုသာ ကြည့်ကြတာပေါ့ဗျာ။ အဲလောက်ချစ်ကြတယ် ( ကားကိုပြောတာနော် )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Saturday, January 16, 2010

During this Week

17.1.2010

ဒီနေ့ Super Sunday ။ ရက်သတ္တပတ်တစ်ခု ကုန်ဆုံးလို့သွားခဲ့ပြန်ပါပြီ ။ ဒီရက်သတ္တပတ်လေးဟာ ပျော်ရွှင်မှုတွေလဲ ဆောင်ကြဉ်းပေးသလို ပင်ပန်းနွမ်းနယ်မှုတွေနဲ့ စိတ်ရှုပ်မှုတွေလဲ အပြည့်ပဲ။ ဒီရက်ပိုင်းလေးအတွင်းမှာ ခရီးတိုလေးတွေလဲ သွားခဲ့ရတယ်။ လူလဲ ပင်ပန်း ၊ ဆိုင်ကယ် လဲ ပေစုတ်နေပါပြီ ။

ဒီရက်သတ္တပတ်လေးအတွင်းမှာ......... ..

ထန်းရည်မူးတော့ နောက်လှန်

အရင်အပတ်သောင်္ကြာနေ့က ကျွန်တော်တို့ ညီအစ်ကိုတစ်တွေစုပြီး မြို့အထွက် 10 မိုင်လောက်က ထန်းတောလေးကိုသွားခဲ့ကြတယ်။ သောက်တက်လို့တော့ မဟုတ်ပါဘူး။ သောက်ကြည့်ချင်လို့ပါ။ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ဇာတ်လမ်းထဲက ဦးကျော်ဟိန်းကြီး ထန်း တောထဲမှာ မူးနေတာကို သဘောကျုလို့ :P တကယ်ပြောတာပါ။ အစ်ကိုတစ်ယောက်က ထန်းရည်ကို ကြိုမှာထားတယ်လေ။ ကျွန် တော်တို့ ရောက်တော့ အဆင်သင့် သောက်ရုံပေါ့။ ရွာထဲမှာ သောက်ရင်တော့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သောက်ဖို့ အဓိက လာတာမဟုတ်ပဲ ထန်းပင်လေးအောက်မှာ သောက်ချင်ရုံသက်သက်လာတာဆိုတော့ ထန်းတောလေးဆီကိုပဲ ပြေးခဲ့ကြပါတယ်။

မြို့ပေါ်ကနေကို တကူးတက လာသောက်မှန်းသိတော့ ထန်းရည်ကလဲ အစစ်မှ အစစ်ပေးလိုက်တယ်။ အမြည်းကတော့ ကောင်းမွန်စူပါ မားကတ်ကနေ ကြက်ကြော်၊ ပဲစေ့၊ အားလူးကြော်တို့ ၀ယ်သွားတယ်။ ထန်းတောရောက်တော့ ကြွက်တွေ့တာနဲ့ တစ်ဖွဲ့လုံးစားဖြစ်အောင် များများကြော်ခိုင်းလိုက်သေးတယ်။ ပုံမှန်ဆိုရင်တော့ မကြိုက်ပါ။ ဒါပေမယ့် ထန်းရည်လေးဝင်ရင်တော့ စားဖြစ်မလားလို့း) ဒါနဲ့ ညီအစ် ကိုတွေ ပျော်ရွှင်စွာသောက်သုံးလိုက်ကြတာ 1 ဂါလံခွဲပုံး တစ်ပုံးအပြောင်ပဲ။ အားလုံးကတော့ ရီဝေေ၀လေးတွေပေါ့။ နောက်ထပ် 1 ဂါလံ ပုံးတစ်ပုံးထပ်ရောက်လာသည်။ အစစ်ဆိုတော့ ချိုကလည်းချိုနေတော့ သောက်လိုက်ကြသည်။ နှစ်ပုံးလဲ ကုန်ရော အားလုံး ပက်လက် လှန်သွားကြသည်။ အရက်မူးရင် ရှေ့စိုက်တယ်၊ ထန်းရည်မူးရင် နောက်လှန်တယ်တဲ့ :P ကြားဖူးတာ မှန်မမှန်တော့မသိ ကျွန်တော်တို့ အားလုံး ဖျာပေါ်မှာ လှန်သွားပါတော့သည်။
(ဖုန်းလိုင်းမမိသောကြောင့် မြို့ပေါ်သို့ ဖုန်းခေါ်ရန် ထန်းပင်ပေါ်သို့ လှေကားနှင့် တက်ပြီးဖုန်းခေါ်ခဲ့ရပါသေးတယ် :P )

ရေနံချောင်းမြို့သို့တစ်ခေါက်
ကျွန်တော်တို့ ဘော်ဒါအရင်း အစ်ကိုတစ်ယောက် မင်္ဂလာဆောင်ရှိသောကြောင့် ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံး ရေနံချောင်းမြို့သို့ ထွက်ခွာခဲ့ရပါတယ်။ ရေနံချောင်းမြို့ဟာ မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းထဲမှာ တည်ရှိတဲ့ မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ မကွေးမြို့ နှင့် မိုင် 32 မိုင်ခန့်အကွာ မန္တလေး - မကွေး လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ တောင်ဆင်း တောင်တက်များပြားပြီး စီးပွားရေး အတန် သင့်ကောင်းမွန်တဲ့ မြို့ကလေးဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး မကွေးမြို့ကနေ နံနက် 6 နာရီခွဲက စတင်ထွက်ခွာလာခဲ့ပါတယ်။ အ အေးဓာတ်လွန်ကဲတဲ့ အညာမနက်ခင်းမှာ မြူဆိုင်းနေတဲ့ လမ်းလေးပေါ် ရှေ့မီးထိုးပြီး မောင်းနှင်ခဲ့ရပါတယ်။ မြို့အထွက်က ဆီဆိုင် ရောက်မှ ဆိုင်ကယ် 3 စီးလုံး ဓာတ်ဆီဖြည့်လိုက်ပြီး ဆက်လက်ထွက်ခွာခဲ့ပါသည်။ လမ်းပေါ်မှာ ဆီပျက်နေတဲ့ အဒေါ်ကြီးတစ်ယောက်ကို တိုင်ကီထဲမှ ဆီထုတ်ပြီး ကူညီခဲ့ပါသေးတယ်။ ရေနံချောင်းမြို့ကလေးကို 8 နာရီမထိုးခင်မှာ ရောက်ရှိခဲ့ပါတယ်။ 1 နာရီ ပတ်ဝန်းကျင်သာ မောင်းနှင်ခဲ့ရာပါတယ်။ ချမ်းခိုက်ခိုက်နဲ့ မင်္ဂလာဆောင်ဧည်ခံပွဲထဲ ၀င်လိုက်သည်။ ဟိဟိ ဧည့်ခံများက လာချသည်.. ရေခဲမုန့် နှင့် ဝေဖာ ချောင်း .. အားပါး လူတစ်ကိုယ်လုံးတောင်တုန်သွားတယ် :P အားနာပါးနာနဲ့ပဲ နှစ်ဇွန်း သုံးဇွန်းကြိတ်ခဲ့ရသည်။ ပြီးနောက် နှုတ်ဆက်ပြီး မြို့ထဲမှာ လျှောက်ပတ်ရင်း လက်ဘက်ရည်ဆိုင် ၀င်ထိုင်ရင်း ရေနွေးပူပူလေး သောက်ရင်း စကားပြောနေခဲ့ကြသည်။ ထိုတွင် ဖိုက်တင် အက်ရှင်ကားတစ်ကား ကြည့်ခဲ့ရသည်။ ဘေးအနီးနားက လက်ဘက်ရည်ဆိုင်တွင် မြန်မာပြည်မှ လူစွမ်းကောင်း အမျိုးသမီးများ သတ် ပုတ်နေကြသည်.. အမလေး အေးကအေးပါဆို သူတို့ကဇွတ် :P

လက်ဘက်ရည်ဆိုင်လေးကထွက်လာပြီး မကွေးဘက်သို့ပြန်ခဲ့ကြပါတယ်။ အပြန်လမ်းမှာ ညောင်လှဆိပ်သို့ဝင်ပြီး ဧရာဝတီမြစ်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါသေးသည်။ အပြန်လမ်းမှာ ဟိုတစ်နေ့က သွားခဲ့တဲ့ ထန်းတောလေးကို ၀င်ခဲ့ကြပါသည်။ အား လုံးမူးတာကို ကြောက်နေကြပါပြီ။ ဒီတစ်ခါဝင်တာ ထန်းရည် အချိုလေးသောက်ရင်းနဲ့ ဘူးသီးနဲ့ ကြက်သားနဲ့ ကာလသားချက်ချက်ထား တဲ့ ကြက်သားကာလသားဟင်း စားဖို့ပါ။ အားလုံးပဲ ထန်းတောမှာ စားသောက်ပြီး နေတ၀က်ကျိုးလောက်မှာ မကွေးသို့ပြန်ထွက်လာခဲ့ပါ သည်။

သူငယ်ချင်းအရင်းကြီး၏ မင်္ဂလာဆောင်
မကွေးပြန်ရောက်တော့ အားခဲထားတယ် ။ မနက်ကလဲ ပင်ပန်းတော့ နားမယ်ပေါ့။ ဒါပေမယ့် သူငယ်ချင်းအရင်းကြီးရဲ့ မင်္ဂလာဆောင်က ရှိသေးတယ်လေ။ ဒါနဲ့ လုပ်စရာအလုပ်ကလေးတွေလုပ်ပြီး 10 နာရီထိုးခါနီးမှာ သူငယ်ချင်းရှိရာ ရွာဘက်သို့ ဆိုင်ကယ်မောင်းပြီးထွက်ခဲ့ သည်။ ကျွန်တော်သူတို့အိမ်ရောက်ရင် လုပ်စရာ အလုပ်မရှိပဲ လူပိုကြီးဖြစ်နေပေမယ့် သူငယ်ချင်းက အိပ်စေချင်သောကြောင့် ထွက်ခဲ့ခြင်း ဖြစ်သည်။ အိမ်ကိုတော့ မပြောရသေး။ ဟိုရောက်တော့ နောက်သူငယ်ချင်းနှစ်ယောက်ကရောက်နှင့်နေပြီ။ သူငယ်ချင်းလေးယောက်လုံး စုံကြပြီ။ သူတို့ ခြံထဲမှာ မဏ္ဍပ်ထိုးထားသည်။ လူတွေကလဲ စီကားနေသည်။ သူတို့အခေါ် ကာရာအိုကေပွဲတဲ့။ ရွာက ကာလသားအကုန်ပဲ။ အသောက်မပါပဲ အဆိုပွဲပဲပေါ့ ။ (ဘေးကကစ်လာရင်တော့ မသိ :P ) ကျွန်တော်လဲ ရောက်ကတည်းက အသံစွမ်းပြမယ်ဆိုပြီး mic လု လိုက်တာ နောက်ဆုံး 12 ထိုးခါနီးမှ mic ရတော့သည်။ အားရပါးရဆိုမယ်ဆိုပြီး ခဲလိုက်တာ. Intro စာသားကလွဲရော .. ရယ်လိုက်တာ များဗျာ။ (ပိုက်ဆံမပေးရတော့ပြောပါတယ်.) ။ ဒါပေမယ့် အားပေးပါတယ်. “ ကိုရဲကြီး ကောင်းတယ်ဆက်ဆိုတဲ့ ” ။ သူငယ်ချင်းဆီသွား လည်လား မလည်လား ရွာထဲက ကာလသားများအကုန်နီးပါးက ကျွန်တော်တို့ကိုသိကြသည်။ ကဲသူတို့အားပေးတဲ့နောက်မှတော့ ဒီ ကောင်ခဲရတော့တာပေါ့( mic ကိုပြောတာနော် ) ။ ည 12 နာရီလောက်ကျတော့ ဆိုင်ကယ်တစ်စီးဘော်ဒါသုံးယောက် (သတိုးသားမပါ) မကွေးခဏပြန်လာခဲ့သည်။ အိမ်က မေမေ့ကိုပြောဖို့လေ။ အိမ်ရောက်တော့ မေမေ့ကိုပြော ၊ အ၀တ်စားလေးထည့်ပြီး ရွာသို့ပြန်ထွက်လာ ခဲ့သည်။ ရွာရောက်တော့ ကာရာအိုခေ၀ိုင်းက သိမ်းပြီ။ mic လုမယ့်သူမရှိတော့ ၊ တယောက်ထဲ အားရပါးရ မနက် 3 နာရီထိအော် ပစ် လိုက် သည်။ (မနက်ကြ တရွာလုံးကပြောပါတယ်၊ ကိုရဲကြီး အသံကောင်းပါတယ်တဲ့ အဟီး ကိုယ့်ကိုကို သိပါတယ်ခင်ဗျာ :P )ကျန်တဲ့
သူငယ်ချင်းနှစ်ယောက်က မကွေးသွားကွမ်းဝယ်ချင်တယ်ဆိုလို့ မနက် 3 နာရီထိုးနေမှ မကွေးသို့ခဏပြန်ခဲ့ရသည်။ အေးကအေးတော့ သုံးယောက်စလုံး စောင်လေးတွေခြုံပြီး စီးလာခဲ့ကြသည်။ မြို့ထဲ ကွမ်းဆိုင်လိုက်ရှာနေတာနဲ့ ဆိုင်ကယ်ဘီးကပေါက်လေသည်။ ဒါနဲ့ ဘီး ဖာဖို့ ဆိုင်လိုက်ရှာတော့ အကုန်အိပ်နေကြပြီ။ ဒါနဲ့ ကားကွင်းနားရောက်အောင်သွား အသိဆိုင်ကို ရအောင်နိုးပြီး ဖာရတော့သည်။ ကျွန် တော်ကတော့ ဆိုင်က ကုလားထိုင်လေးပေါ် ထိုင်ပြီး ကွေးပါတော့သည်။

ပြီးတော့ ကျွန်တော့်ကိုနိုးသည်။ ကွမ်းဝယ်ပြီး ရွာပြန်ခဲ့သည်။ 5 နာရီထိုးတော့မယ်၊ ခဏလောက်အိပ်လိုက်သည်။ 6 နာရီထိုးတော့ ဘော် ဒါတစ်ယောက်က အ၀တ်စားပါမလာလို့ မကွေးသွားယူမှာ ကျွန်တော်တို့လဲမထူးပါဘူးဆိုပြီး ကိုယ့်အ၀တ်စားထုပ်ကိုယ်ယူပြီး ဘော်ဒါနဲ့ မကွေးလိုက်ခဲ့ပြန်ပြီ (ရှုပ်နေတာပဲ) ပြီးတော့ 7 နာရီခွဲလောက်ရောက်တော့ ရွာကိုရောက်သည်။ မွန်းတည့်တဲ့အထိ ဧည့်ခံ၊ ဧည့်ကြိုလုပ် ပေးလိုက်သည်။ လူတွေကလဲ စည်လိုက်တာ ၊ ခေါင်းတွေတောင်မူးလာတယ်။ ဒါနဲ့ ဧည့်ခံပွဲပြီးတော့ လူက ဘယ်လိုမှမရတော့ဘူး အရမ်း အိပ်ချင်နေပြီ ။ အိမ်ပြန်ခဏအိပ် ၊ရေမိုးချိုးပြီး ညနေပိုင်း videos outdoor ရိုက်ဖို့အတွက် ဘော်ဒါနဲ့ ကားယူပြီး ရွာကိုပြန်ထွက်ခဲ့သည်။

ညနေပိုင်း ဘုရားတို့ နောက်ရှုခင်းကောင်းတဲ့နေရာလေးတွေမှာ ဘော်ဒါတွေပျော်ပျော်ပါးပါး ရိုက်ကြသည်။ အပြန်ရောက်တော့ ဘော်ဒါ တွေ အားလုံးကို သတိုးသားက ဧည့်ခံပါတယ်၊ “ ရွှေဖြိုးအောင် ” ဆိုတဲ့ မာလာဟင်းကောင်းတဲ့ ဆိုင်မှာပေါ့ ။ ဗိုက်ဆာဆာနဲ့ သုတ်လိုက် သည်။ အလုပ်ကလေးကလဲ ရှိသေးတာနဲ့ ဧည့်ခံပွဲပြီးအောင်မစောင့်ပဲ နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။

Super Sunday...
ညက ပင်ပန်းထားတာကြောင့် မနက်အတိုးချအိပ်ပစ်မယ်လို့ တွေးထားသည်။ 9 နာရီထိုးလောက်ကျတော့ မေမေက လာနိုးသည်။ သား ညီဖုန်းဆက်တယ် ၊ အွန်လိုင်းပေါ်ရောက်နေပြီ ကိုကြီးကိုစောင့်နေတယ်တဲ့ ။ အဲဒါထတော့ ဆိုင်သွားလိုက်အုံး သားကြီးတဲ့ ။ ဒါနဲ့ပဲ မျက် နှာလေးသစ် ၊ မေမေကြော်ပေးတဲ့ ထမင်းကြော်လေး စားပြီး ညီလေးနဲ့တွေ့ဖို့ ဆိုင်ကိုထွက်ခဲ့တယ်။ ဆိုင်ရောက်တော့ ညီလေးနဲ့ vzo ချက်၊ သူပြန်သွားတော့ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ ညနေစောင်းသွားခဲ့ပြီ။ တပတ်ကုန်သွားပြန်ပြီ....

ဒီတစ်ပတ်အတွင်းလေးမှာ ကုန်ဆုံးခဲ့တဲ့ အချိန်လေးတွေဟာ ပင်ပန်းမှုများ ပြည့်နေသလို ပျော်ရွှင်မူများလဲ ပြည့်နေခဲ့ပါတယ်။ လူလဲ မျက်ကွင်း ညိုညိုလေးသာ ကျန်ပါတော့တယ်။ ချစ်သူကဘေးမှာရှိရင် ပြောလောက်တယ် “ ကိုကို အရင်ကလောက် မလှတော့ဘူး ” လို့လေ ... :P ဘေးနားမှာမရှိပေမယ့် အချိန်တိုင်း သတိရနေပါတယ် ချစ်သူရယ်. ( ဟိဟိကြုံတုန်းလွမ်းလိုက်အုံးမယ် ) ။ စာဖတ်သူတို့ ကော ဒီတပတ်အတွင်းမှာ ပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်ခဲ့ကြလား ။ လာမယ့်နေ့ရက်တွေမှာ စာဖတ်သူတို့ ပျော်ရွှင်ဖွယ်ရာနေ့ရက်ကလေး တွေပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော် ဆုမွန်ခြွေလိုက်ပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ..

Friday, January 15, 2010

The Royal Militray Academy Sandhurst အကြောင်း Part ( 3 )



ဗိုလ်လောင်းများ၏ တစ်နေ့တာလုပ်ငန်းများကို လေ့လာသိရှိပြီးနောက် Senior အကြီးတန်းများ၏ ကွပ်ကဲမှုတာဝန်ယူရပုံကို လေ့လာသိရှိနိုင် ပါသည်။ Senior များအနေဖြင့် မိမိတို့ကိုယ်တိုင် စံပြအဖြစ် နေထိုင်ပြုမှုကြရရုံသာမက ဗိုလ်လောင်းငယ်များကိုလည်း ကျောင်းစည်းကမ်းနှင့် အညီ ကြပ်မတ်ကွပ်ကဲခြင်းဖြင့် ခေါင်းဆောင်မှု ပညာရပ်ကိုလက်တွေ့လုပ်ဆောင်ကြရသောကြောင့် စစ်မြေပြင်ရောက်သည်တွင် အခက်အခဲ မရှိ ခေါင်းဆောင်မှု ပေးနိုင်စွမ်း ရှိလာပါသည်။ Senior ဘ၀တွင် ခေါင်းဆောင်မှု ဘာသာရပ်ကို စာတွေ့သင်ကြားပေးသည့်အပြင် Psycholo- gy and the fighting men ဟု ခေါ်ဆိုနိုင်သော စိတ္ထဗေဒသာသာရပ်ကို အလေးပေးသင်ကြားပေးလိုက်ပါသည်။ ခေါင်းဆောင်မှုပညာရပ်ကို သင်ကြားရာတွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အောင်မြင်ကျော်ကြားခဲ့သော စစ်သူကြီးများဖြစ်သည့် Montgomeory of Alamein,Slim of Burma နှင့် Mount Battern of Pacific တို့၏ အတွေ့အကြုံများ၊ သြ၀ါဒများကို ၄င်းတို့ကိုယ်တိုင် အခါအားလျော်စွာ လာရောက်ပို့ချပေး ကြပါသည်။ ထို့အပြင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဗိုလ်ချုပ်အထက်အဆင့်ရှိ General Staff ပုဂ္ဂိုလ်များကလည်း Guest Speaker ဧည့်သည်ဟောပြောမှုများအသွင်ဖြင့် ခေါင်းဆောင်မှုပညာရပ်ကို အလေးပေးဟောပြောကြပါသည်။


ဗိုလ်လောင်းများကို မည်သို့မည်ပုံထိန်းကျောင်း ကွပ်ကဲရကြောင်း သိရှိနိုင်ရန် အပြစ်ပေးစနစ်ကို လေ့လာကြည့်ရှုရန် လိုအပ်ပါသော ကြောင့် အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်-

Show Again ( ထပ်မံစစ်ဆေးရန်ပြသရခြင်း )
ဗိုလ်လောင်းတစ်ယောက်အနေဖြင့် သပ်ရပ်စွာ ၀တ်စားဆင်ယင်မှုမရှိခြင်း၊ ကိုယ်ခန္ဓာသန့်ရှင်းမှု(ဆံပင်၊ မုတ်ဆိတ်၊ လက်သည်းစသည်) မရှိခြင်း၊ စစ်ဝတ်တန်ဆာပလာများ သေသပ်ကောင်းမွန်စွာ ထိန်းသိမ်းထားမှု မရှိခြင်း စသည်တို့တွင် အပြစ်တွေ့ရှိပါက စစ်ဆေးသော Senior ဗိုလ်လောင်းထံ Intermediate အပါအ၀င် Junior ဗိုလ်လောင်းက ထပ်မံပြသရသည်။

Extra Drill (ED) ( အပိုစစ်ရေးပြပြုလုပ်ရခြင်း )
ကိုယ်ခန္ဓာသန့်ရှင်းမှုနှင့် ၀တ်စားဆင်ယင်မှုမှအစ စည်းကမ်းတကျ နေထိုင်မှု အပါအ၀င် အပြစ်များပြုလုပ်မိပါက ပေးသောအနိမ့်ဆုံး ပြစ် မှုဖြစ်သည်။ နံနက်ဝေလီဝေလင်းတွင် အပိုစစ်ရေးပြကို မိနစ် ( 30 )ခန့် Senior Sergeant တာဝန်ကျက မောင်းသည်။

Confinement and Drill (CAD)(အကျယ်ချုပ် နှင့် စစ်ရေးပြ )
သာမန်အပြစ်များဖြစ်သော သန့်ရှင်းမှု မရှိခြင်းများထက် လွန်ကဲသော လုပ်ဆောင်မှုကို ကျူးလွန်ခြင်း။( ဥပမာ - တပ်ပြင်ထွက်ခွင့် Out Pass ရသည်တွင် နောက်ကျပြီး ရောက်လာခြင်း၊ ညအိပ်ချိန်တွင် မီးဖွင့်ထားခြင်း။ အားကစားပြုလုပ်ရမည့်အချိန်တွင် အခြားကိစ္စများလုပ် နေခြင်း စသည့်ပြစ်မှုများ) ဤပြစ်မှုမျိုးကို ကျူးလွန်ပါက ကျောင်းပရ၀ဏ်အတွင်းမှာပင် အကျယ်ချုပ်ဖြင့်နေရခြင်း၊ အပိုစစ်ရေးပြ (ED) ပါလုပ်ခြင်းတို့ ဆောင်ရွက်ရသည်။

Restriction ( ကန့်သတ်အရေးယူအပြစ်ပေးခြင်း )
ဤအပြစ်မှာ သာမန်ထက်ပိုသော ပြစ်မှုမျိုးကို လုပ်မိသောကြောင့် ဗိုလ်လောင်းတစ်ယောက်အနေဖြင့် အချိန်ပြည့် ခါးပတ်ဖြူပတ်ထားရ ခြင်း ( အပြစ်မရှိသော သာမန်ဗိုလ်လောင်းမှာ သာရေခါးပတ်နီညိုရောင်သာ ပတ်ထားရသည်။ ) အခြားဗိုလ်လောင်းများနှင့် အတူသွား အတူလာ အတူလုပ်ခွင့်မရှိခြင်း၊ တစ်ဦးတည်း ကန့်သတ်နေထိုင်ရခြင်း၊ ကျောင်းပရ၀ဏ် အပြင်ထွင်ခွင့်မရှိခြင်း၊ အားကစားမလုပ်ရခြင်း၊ Centeen တွင်ဝယ်ယူခွင့်၊ စားသောက်ဖွယ်စားခွင့် ပိတ်ပင်ခြင်း၊ စာသင်ခန်းတါင် နောက်ဆုံးသီးသန့်ခုံတွင်သာ ထိုင်ရခြင်း၊ စစ်ဝတ်စုံကို တစ်နေ့လုံး ၀တ်ဆင်နေရခြင်း၊ အပိုစစ်ရေးပြနေ့စဉ်ပြုလုပ်ရခြင်း စသည်တို့ဖြစ်သည်။ မည်သို့သော ပြစ်မှုလုပ်ခြင်းကြောင့် Restriction အပြစ်ပေးခံရခြင်းကို မိမိကိုယ်တိုင်ခံစားရသော အဖြစ်အပျက်ဖြင့် နမူနာတစ်ခုပြချင်ပါသည်။ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှ English Language and Literature ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပါသည်။ မိမိကိုယ်မိမိ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူကြီးသဖွယ် ကျွန်တော်တို့ခေတ် က ခေတ်စားခဲ့သော " You are my Sunshine " သီချင်းလေးကို ရေချိုးခန်းက အထွက် Senior များနေထိုင်သော စင်္ကြံပေါ်တွင် တစ် ကိုယ်တည်း သီဆိုဟစ်ကြွေးလာခဲ့ရာ Senior တစ်ဦးက ကျွန်တော့်ကို " Who the hell is howling in the Gangway,shutup " ဟု အော်လိုက်ရာ ကျွန်တော့်ကို ခွေးဖြင့်နှိုင်းရပါ့မလားဟု ဒေါသဖြစ်ကာ " You do shut your mother's arse you fool " ဟုပြန်လှန်အော် ပြောလိုက်မိပါသည်။ ထိုတွင် ညနေချိန်ရောက်သောအခါ SUO ရုံးခန်းသို့ မောင်းသွင်းပြီး " Restriction " ( 3 ) ရက်ချမှတ်ခံရပါသည်။ အပြစ်ကတော့ အထက်လူကြီးအား မဖွယ်မရာ ပြောဆိုဆက်ဆံမှုဟု ကင်ပွန်းတပ်လိုက်ပါသည်။

ထိုသို့သော ဗိုလ်လောင်းများ အချင်းချင်း အုပ်ချုပ်စနစ်ကို ကျွန်တော်တို့ Sandhurst ဆင်းအရာရှိများက မြန်မာနိုင်ငံတွင် စစ်တက္ကသိုလ် စတင်ဖွင့်လှစ်လိုက်စဉ် ကပင်မြန်မာ့စရိုက်၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတို့နှင့် ကိုက်ညီစွာ ပျိုးထောင်ပေးခဲ့ပါသည်။ ကျွန်တော်တို့ စ တင်ရောက်စဉ်က ဗိုလ်လောင်းအပတ်စဉ် ( 1 ) တစ်ခုတည်းသာရှိသောကြောင့် ကျွန်တော်တို့ တပ်စုမှူးများက Senior ဗိုလ်လောင်းကြီး များအသွင် တာဝန်ယူဆောင်ရွက်ခဲ့ကြရပါသည်။ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်( 4 ) ရောက်ရှိလာတော့မှ အပတ်စဉ် ( 1 ) ဗိုလ် လောင်းကြီးများအား တာဝန်လွှဲပေးပြီး ကျွန်တော်တို့က သွယ်ဝိုက်အုပ်ချုပ်ရင်း Senior ဗိုလ်လောင်းများကို သွန်သင်မှုပြုရပါသည်။ ထို ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်စေသောစနစ်မှာ အလွန်ကောင်းမွန်သော စနစ်ဟုထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် Junior ဘ၀ တွင် အစစအရာရာ အထက်အမိန့်ကို ချွင်းချက်မရှိ နာခံတက်ပြီး Senior ဖြစ်လာစဉ်တွင် အကြီးအကဲစိတ်ဓာတ်မွေးကာ အရာရာကို စနစ် တကျ အုပ်ထန်းကွပ်ကဲတက်သော အလေ့အကျင့်မျိုး မွေးမြူပေးလိုက်သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဗိုလ်လောင်းများသည်အမိန့် ကိုနာခံပြီး စည်းကမ်းရှိစွာ နေထိုင်တက်ပြီး နိုင်ငံတော်နှင့် ပြည်သူလုထုအကျိုး သယ်ပိုးရာတွင် အသက်ကိုပင် ပဓာနမထားဘဲ လုပ် ဆောင်တက်သော တပ်မတော်အရာရှိ တစ်ဦးအဖြစ် ရောက်ရှိလာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။


စာကြွင်း - မြန်မာနိုင်ငံမှ တက်ရောက်သင်ကြားခဲ့သော ဗိုလ်လောင်းများမှာ Sandhurst Intake ( 3 ) မှ Intake ( 21 ) အထိဖြစ်ပြီး ၄င်း နောက်ပိုင်းတွင်မူ ပို့လွှတ်သင်ကြားခြင်းမရှိတော့ပါ။ RMA Sandhurst တက္ကသိုလ်ကျောင်းဆင်း မြန်မာအရာရှိ စုစုပေါင်း 62 ဦးရှိပါသည်။ ၄င်းတို့ထဲမှ စစ်တက္ကသိုလ်တွင် ( 10 ) ယောက် အမှုထမ်းခဲ့ပြီး ကျောင်းအုပ်ကြိး တာဝန်ဖြင့် ( 3 )ဦး အမှုထမ်းခဲ့ပါသည်။



စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ..

ဗုဒ္ဓဘာသာအသစ်တစ်မျိုး ပေါ်တော့မည်လော


ဗုဒ္ဓသာသနာတော်အကြောင်းအရာနဲ့ပတ်သက်ရင် မျက်စိကိုဖွင့်။ နားကိုစွင့် နေတတ်ကြတဲ့သူတွေကို သတိပေးချင်လို့ ဟိုကဒီက အတိအကျ ရထားတဲ့ သတင်းတွေကို မျှဝေလိုက်ပါတယ်၊ ရထားသမျှ သတင်းတွေကတော့ ဒီလို၊

(က) ဓမ္မစေတီ ဦးကောသလ္လဆရာတော်ဟာ လူသေလူဖြစ်ဝါဒီ အရှင်ဥက္ကဋ္ဌ ဂိုဏ်းသား လက်ကျန်တစ်ဦးရဲ့ တပည့် တစ်ပါးဖြစ်နေတယ်၊ အဓမ္မ၀ါဒအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ထားတဲ့ အယူအဆတွေကို ထေရ၀ါဒ။ ဒဿနသမ္ပဒါ အမည်နဲ့ ဦးကောသလ္လ ဟောပြောနေတယ်၊

(ခ) ဦးကောသလ္လရဲ့ ဂိုဏ်းတူညီနောင်တစ်ဦး (အရှင်ဥာဏ=ဓမ္မ၀ိဟာရီ) ဆိုသူကလည်း ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းကို လူအား ငွေအား။ စည်းရုံးရေး အားကောင်းကောင်းနဲ့ အရှိန်မြှင့် လုပ်ဆောင်နေတယ်၊ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဂိုဏ်း မိုးပြာဂိုဏ်းလို့လည်း ခေါ်ပါသတဲ့၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာရဲ့ အယူအဆတွေကို ရတနာပုံနေပြည်တော် သတင်းစာ (Mandalay gazette) အေးငြိမ်းကျော်= ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဝင်တစ်ဦး= ဆိုသူဆောင်းပါးရှင် တစ်ဦးက အခန်းဆက် ဆောင်းပါးရေးနေတယ်၊ ဓမ္မစက္ကပ၀တ္တနသုတ်တော်ကို ပစ္စုပ္ပန်ကမ္မ၀ါဒရှု့ထောင့်မှ ဖွင့်ဆိုချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်၊ လူသေလူဖြစ် ရှင်ဥက္ကဋ္ဌ၀ါဒတွေကို နာမည်အသစ်တပ်ပြီး ပုံစံပြောင်းထားတယ်။ အသက်ပြန်သွင်းထားတာ များတယ်၊

(ဂ) ရထားတဲ့သတင်းများအရ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်း(ခေါ်) မိုးပြာဂိုဏ်းကို ခုံရုံးတင်ဆုံးဖြတ်နိုင်ရေးအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆီ အကြောင်းကြားစာများ ပို့ထားပြီးပြီလို့ သိရပါတယ်၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်း (ခေါ်) မိုးပြာဂိုဏ်း ခေါင်းဆောင် အရှင်ဥာဏ= ဓမ္မ၀ိဟာရကလည်း ဘာသာတစ်ခုက အခြားဘာသာတစ်ခုကို တရားစွဲလို့ မရနိုင်ဘူး၊ ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းက တစ်ခြား။ သူ့ရဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းက တစ်ခြားဖြစ်ပါတယ်။ မတူပါဘူး။ဒါကြောင့်မို့ ထေရ၀ါဒဗုဒ္ဓဘာသာရဟန်းတော်များက သူ့ဂိုဏ်းကို တရားစွဲလို့ မရနိုင်ဘူး၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းကို ကိုးကွယ်ကြတဲ့ ဒကာ။ ဒကာမများ စိတ်အေးအေးထားနေကြဖို့ အွန်လိုင်းရတနာပုံနေပြည်တော် သတင်းစာမှာ ရှင်းလင်းချက်ထုတ်ပြန်ထားတာ တွေ့ရပါတယ်၊

(ဃ) အရှင်ဥက္ကဋ္ဌဂိုဏ်းသားလက်ကျန်တွေထဲမှာ ဒီကနေ့ ထင်ရှားနေသူတွေကတော့ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)။ ဓမ္မစေတီ ဦးကောသလ္လတို့ ဖြစ်ပါတယ်၊ အခြား ဓမ္မကထိက။ နိုင်ငံခြား သာသနာပြု အမည်ခံတွေကလည်း အခွင့်မသာသေးလို့ အရှင်ဥက္ကဋ္ဌတရားတွေကို ပေါ်ပေါ်ထင်ထင် မပြောမဟောကြသေးပေမယ့် အရှိန်ရလာရင် ၀င်ရောဖို့ စောင့်ကြည့်နေကြတယ်၊ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်း (ခေါ်) မိုးပြာဂိုဏ်း ကလည်း အခွင့်အရေးရတာနဲ့ မိတ်ဆွေတို့ရဲ့ အသိုင်းအ၀ိုင်းကြားထဲကို ရောက်လာတော့မှာ ဖြစ်ပါတယ်၊

(င) မသူတော်ဘေးနာဂစ်မုန်တိုင်း။ အမြင်မှားဘေးနာဂစ်မုန်တိုင်း ဆိုတာ ဘယ်နေရာမှာပဲနေနေ အတိုက်ခံရနိုင်တာမို့ ကြိုတင်သတိထားရအောင် သတိပေးလိုက်ခြင်းပါ၊ မိတ်ဆွေများ ဖော်ပြပါ ဘေး ၂ မျိုးမှ လွတ်ကင်းတော် မူကြပါစေ၊


Post အစအဆုံးအား www.yellow1color.blogspot.com မှကူးယူဖော်ပြပါသည်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Wednesday, January 13, 2010

စိတ်ပျက်ဖွယ် ဓလေ့












Denmark is a big shame.
The sea is stained in red and it’s not because of the climate effects of nature. It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins. This happens every year in Feroe iland in Denmark . In this slaughter the main participants are young teens. WHY? To show that they are adults and mature.In this big celebration, nothing is missing for the fun. Everyone is participating in one way or the other, killing or looking at the cruelty “supporting like a spectator” .Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship .They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child. But he suffers and there’s no compassion till this sweet being slowly dies in its own blood. Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read. Take care of the world, it is your home! Assine contra essa crueldade:


သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။ လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။ ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။ ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။ လင်းပိုင်ဆိုတာ လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။ သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။ ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။ ဒီလောက်ဆို တော်လောက်ပါပြီ။ ဒီမေးလ်ကို ဖတ်ရုံဘဲ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။ ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။

ကျွန်တော် စာရေးသူရဲ့ Mail ထဲကိုရောက်နေတဲ့ Fwd Mail လေးတစ်စောင်ထဲက ကောက်နှုတ်တင်ပြလိုက်တာပါ။ ဓလေ့ထုံးထမ်းဆိုတာ နေရာဒေသ လူမျိုးတိုင်းမှာ ရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့လူမျိုးတွေရဲ့ ဓလေ့လေးတွေဟာ အလွန်ချစ်စဖွယ်ကောင်းပြီး တချို့မှာ စပ် စုတ်ရွံ့ရှာဖွယ်ကောင်းလှပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ ဒိန်းမတ်နိုင်ငံရဲ့ ဓလေ့များထဲမှ စပ်စုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ ဓလေ့ တစ်ခုဖြစ်ပါတယ်။ ...


စာဖတ်သူတို့အား အစဉ်လေးစားလျှက်....

မျှော်လင့်သူ

The Royal Militray Academy Sandhurst အကြောင်း Part ( 2 )


The Royal Militray Academy Sandhurst အကြောင်း အဆက်..

ဗြိတိသျှတပ်မတော်တွင် " Discipline is the back bone of the Army " ဆောင်ပုဒ်မှာ အဓိကဖြစ်ပါသည်။ ထို့ကြောင့် စစ်သည်တစ်ဦးချင်း ၏ စည်းကမ်းကို အလေးပေးဖွဲ့စည်းထားပါသည်။ အသက်အန္တရာယ်နှင့် ဆက်နွယ်လုပ်ကိုင်နေရသော အလုပ်ဖြစ်သောကြောင့် အမိန့်ကိုတစ် သဝေမတိမ်း လိုက်နာလုပ်ဆောင်တက်သော အလေ့အကျင့်ကို ပျိုးထောင်ပေးပါသည်။ ဘုရင့်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများအားလက် အောက်ငယ်သားဘ၀တွင် အမိန်နှင့်တာဝန်ကို ချွင်းချက်မရှိ နာခံတက်သော စစ်သည်တစ်ဦးအဖြစ်သို့ ရောက်အောင်ပုံသွင်းပေးလိုက်ပါ သည်။

ထို့ကြောင့် ဘုရင့်စစ်တက္ကသိုလ်တွင် အကြီးတန်း ဗိုလ်လောင်းများက ညီငယ်အောက်တန်း ဗိုလ်လောင်းများအား တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ် ရသော အစဉ်အလာကို ယနေ့တိုင်စွဲကိုင်လျက်ရှိပါသည်။ ဗိုလ်လောင်းအချင်းချင်း ကွပ်ကဲအုပ်ချုပ်သော စနစ်ဖြစ်ပြီး အငယ်ဘ၀တွင် အမိန့် ကို တိကျစွာနာခံ၍ အကြီးဘ၀တွင် မှန်ကန်ဖြောင့်မတ်သော ကွပ်ကွဲမှုကို ပြုလုပ်နိုင်စေရန် ရည်ရွယ်ချက်ထား၍ သင်ကြားနာယူစေခြင်း ဖြစ် ပါသည်။ Staff အရာရှိများဖြစ်သော ပြန်တမ်းဝင်တပ်ခွဲမှူး၊ တပ်စုမှူးများကမှု "Indirect Watch" ဟုခေါ်ဆို နိုင်သော သွယ်ဝိုက်၍ နည်းပြကွပ်ကဲမှု တာဝန်ကိုသာ ယူကြပါသည်။

အောက်တန်း Juinor Term ဘ၀တွင် Senior ဗိုလ်လောင်းကြီးများက ၀တ်စားဆင်ယင်မှု Turn-Out စစ်ဆေးခြင်း၊ စစ်ဝတ်တန်ဆာပ လာ၊ လက်နက်ခဲယမ်းစသည်များ ကောင်းမွန်သေရပ်စွာ ထားရှိခြင်း ရှိ၊ မရှိစစ်ဆေးခြင်းနှင့် စစ်သည်ကောင်းတစ်ယောက်တွင် ရှိအပ် သော ကိုယ်ကျင့်သိက္ခာနှင့်အညီ နေထိုင်ပြောဆိုမှု ရှိမရှိ စစ်ဆေးခြင်းစသည်တို့အပြင် မိမိတို့ကိုယ်တိုင်က ခေါင်းဆောင်မှု အရည်အချင်း များဖြင့် ပြုမှုနေထိုင်ပြောဆို၍ ကွပ်ကဲကြရကာ အပြစ်ရှိသူ Junior များကိုလည်း ကျောင်းအမိန့်နှင့်အညီ အရေးယူ စီရင်ချက်ချမှတ်ရခြင်း များ လုပ်ဆောင်ကြရပါသည်။ ဥပမာပြရလျှင် Senior ဗိုလ်လောင်းကြီးများကို ညီငယ်အောက်တန်းဗိုလ်လောင်းများက ပြားပြားဝပ် ရို သေလေးစားမှု ပြုရခြင်းပင်ဖြစ်ပါသည်။ မည်သည့်ပြစ်မှုမျိုးကို လုပ်သည်ဖြစ်စေ Juinor များအနေဖြင့် I am guilty, Sir ဟုဝန်ခံပြောဆို ၍အပြစ်ဒဏ်ကို အပြုံးမပျက် ခံယူကြရသော အစဉ်အလာ ထိန်းတက်အောင် သင်ကြားပေးလိုက်ပါသည်။ Canteen တွင် ပစ္စည်းဝယ်ယူ နေချိန်၌ဖြစ်စေ၊ ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ရာ၌ဖြစ်စေ၊ ယုတ်စွအဆုံး စားသောက်ဆိုင်တွင် စားသောက်ချိန်၌ဖြစ်စေ၊ အငယ်တန်း ဗိုလ်လောင်းများ ရသမျှအချိန်လေးလုပြီး တန်းစီစောင့်ဆိုင်းနေရချိန်တွင် Senior တစ်သိုက်ရောက်ရှိလာပြီး " Gangway Please " " ဘေးဖယ်ကြစမ်းကွာ " ဟုပြောလိုက်လျှင် Junior များဘေးဖယ်၍ နေရာပေးကြရပါသည်။ ဤမျှ Senior များကိုအလေးပေးရသည်မှာ အမိန့်ကို တစ်သဝေမတိမ်း နာခံတက်စေရန် လေ့ကျင့်သင်ကြားပေးလိုက်ခြင်းကြောင့် ဖြစ်ပါသည်။

Senior များအနေဖြင့်လည်း ခေါင်းဆောင်ရသောနေရာတွင် ရောက်ရှိနေသောကြောင့် အစစအရာရာ ကိုယ်ကျင့်သိက္ခာနှင့် နေရခြင်း၊ မိ မိတို့ကိုယ်တိုင်က ၀တ်စားဆင်ယင်မှု သပ်ရပ်စွာဝတ်ဆင်ရခြင်း၊ အပြစ်မဖြစ်အောင် ကိုယ်ကျင့်တရားနှင့် ကျောင်းအမိန့်၊ ကျောင်းစည်း ကမ်းတို့ကို တိကျစွာလိုက်နာရခြင်း၊ စံနမူနာကောင်းဖြစ်အောင် ခေါင်းဆောင်မှု ပြသရခြင်းတို့ကို လိုက်နာဆောင်ရွက်ကြရပါသည်။ ဘုရင့် စစ်တက္ကသိုလ်၌ Senior များကို အထူးအခွင့်ရေးပေးထားပါသည်။ Senior Club ဟုခေါ်သော အဆောက်အဦးမျှာ Senior များသာ အ သုံးပြုခွင့်ရှိပါသည်။ Whisky မှတစ်ပါး အခြားဘီယာ၊ ဂျင်၊ ၀ိုင်၊ ဘရန်ဒီစသော အဆင့်နိမ့်ယမကာများ သောက်သုံးခွင့်ရှိသည်။ " Ball Room " ဟုခေါ်သော အကခန်းမကြီးလည်းရှိပြီး မိတ်ဆွေအမျိုးသမီးများ သို့မဟုတ် Women Army Corps (WAC) မှ စစ်သည်အမျိုး သမီးများနှင့် တွဲဖက်ကခွင့်ပြုထားပါသည်။

ဗိုလ်လောင်းများ ( Athlete ) အားကစားပြုလုပ်ရာတွင်လည်း ဘုရင့်စစ်တက္ကသိုလ်၌ Gentleman အဖြစ် ဆက်ဆံခြင်းပြုသည်မှာ ထူး ခြားမှုတစ်ရပ်ဖြစ်ပါသည်။ ကျွန်တော် Senior Term ရောက်ချိန်တွင် Academy Soccer လက်ရွေးစဉ်ဖြစ်နေပါပြီ။ လေ့ကျင့်ခန်းပြုလုပ် ရာတွင် အခြားအားကစား ဗိုလ်လောင်းများနည်းတူ သက်ဆိုင်ရာနည်းပြ Coach များကြပ်မတ်၍ " Massage " အနှိပ်ခန်းများတွင် ကိုယ် ကာယ နာကျင်မှု သက်သာပပျောက်စေရန် အနှိပ်ခံရပါသည်။ အနှိပ်သမကလေးများမှာ (WAC) မှရဲမေကလေးများဖြစ်ပြီး တာဝန်အရ လုပ်ကိုင်ပေးရခြင်း ဖြစ်ပါသည်။ Nigeria မှ အာဖရိကနွယ်ဖွား ဗိုလ်လောင်းတစ်ယောက်က မဖွယ်မရာ ဆက်ဆံမိသောကြောင့် စစ် တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရပါသည်။ ဤသို့အခွင့်အရေးပေးထားသော်လည်း ဗိုလ်လောင်းများအနေဖြင့် Gentlemen ဆန်ဆန် နေ ထိုင်မှု ပြုရပါသည်။ လူကြီးလူကောင်း မဆန်သော၊ မလျော်ကန်ုသော၊ အကျင့်သိက္ခာကို ညှိုးနွမ်းစေသောအပြုမူမှုမျိုးကို အရေးယူမှု ကြီး စွာပြုလုပ်ပါသည်။ ဤသည်မှာ အနောက်နိုင်ငံသားတို့၏ ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေး အခြေနေအရကျင့်သုံးခြင်း ဖြစ်ပြီး ကျွန်တော် တို့အရှေ့တိုင်း ယဉ်ကျေးမှုနှင့် စပ်ဟပ်ဆက်နွယ်ခြင်း မရှိသောကြောင့် ဤကဲ့သို့ အခွင့်အရေးမျိုး ကျွန်တော်တို့တွင် မရှိအပ်ပါ။ ဤသို့ ဖော်ပြရခြင်းမှာလည်း ကျွန်တော်တို့ တက်ရောက်ခဲ့စဉ်က ဘုရင့်စစ်တက္ကသိုလ်တွင် တွေ့ထိခံစားခဲ့ရသော ဖြစ်ရပ်တစ်ခုကို ဖော်ပြခြင်း သာဖြစ်ပါသည်။ မိမိတို့အမျိုးသား ယဉ်ကျေးမှုအရ မိမိတို့ စစ်တက္ကသိုလ်တွင် မိမိတို့နှင့် ကိုက်ညီသော အခွင့်ရေးမျိုးသာ ရှိသင့်ပါသည်။ ဆိုလိုသည်မှာ အခွင့်အရေး ရရှိသလောက် ပြစ်ဒဏ်ကလည်း မနည်းလှသည်ကို ဖော်ပြလိုခြင်း ဖြစ်ပါသည်။

ဘုရင့်စစ်တက္ကသိုလ်တွင် လက်အောက်ငယ်သားဘ၀၌ အမိန့်ကို တစ်သဝေမတိမ်း နာခံတက်သော အလေ့အကျင့်ကို မည်သို့မည်ပုံ သင် ကြားပို့ချလက်တွေ့ဆည်းပူးရသည်ကို လည်းကောင်း၊ အကြီးတန်းဘ၀တွင် မည်သို့မည်ပုံ ကွပ်ကဲအုပ်ချုပ်ခြင်း ပြုရသည်ကိုလည်း ကောင်း သိရှိလေ့လာနိုင်ကြစေရန် လုပ်ဆောင်ရသော တစ်နေတာ ဆောင်ရွက်ရမှုကို လေ့လာကြည့်ပါစို့။

ဘုရင့်စစ်တက္ကသိုလ်ရှိ ဗိုလ်လောင်းများ၏ တစ်နေ့တာ အချိန်ဇယား

နံနက် 6 နာရီခွဲ
ဗိုလ်လောင်းအလယ်တန်း ( Intermediate ) တပ်ကြပ်အဆင့်ရှိသူက တပ်ခွဲတစ်ခုလုံးရှိ ဗိုလ်လောင်းများကို လိုက်လံနှိုးရပါသည်။ တပ်ခွဲ စင်္ကြံလမ်း ဘေးဝဲယာရှိ အိပ်ခန်းများကို " Swagger Stick " ကြိမ်တုတ်ကလေးဖြင့် ခေါ်၍ " Wakie Wakie Ypres company , It is six thirty , Get ready for the BRC ( Breakfast Roll Call ) ဟု အော်ရပါသည်။

နံနက် 7 နာရီ
နံနက်စာ မစားမှိ တပ်ခွဲပြင်ပကွင်းပြင်၌ BRC နံနက် တန်းစီလူစစ်ဆေးခြင်း ပြုလုပ်သည်။ ဗိုလ်လောင်းများ၏ ၀တ်စားဆင်ယင်မှု ၊ ကိုယ် ခန္ဓာသန့်ရှင်းမှုတို့ကို SUO နှင့် JUO တို့က စစ်ဆေးပါသည်။ အပြစ်ရသူများကို နာမည်မှတ်၍ ထားသည်။

နံနက် 8 နာရီ
နံနက်စားစားသည်။ နံနက် 8 နာရီခွဲမှ 11 နာရီထိ စစ်ဝတ်စုံဖြင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်းများ၊ စစ်ရေးပြ၊ လက်နက်ငယ်၊ နည်းဗျူ ဟာ၊ မြေပုံဖတ်စသည်တို့ကို သင်ကြားကြရပါသည်။

နေ့လည် 12 နာရီ
နေ့လယ်စာ စားသုံးရပါသည်။

နေ့လည် 1 နာရီမှ 3 နာရီ
အရပ်ဝတ် အရပ်စားသို့မဟုတ် စစ်ဝတ်စုံ ( ကြိုက်နှစ်သက်ရာ) ဖြင့် ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားရသည်။ ဗိုလ်လောင်းများ တစ်ဦးချင်း သင်တန်းသို့ တက်ခွင့်ရှိသည်။ နှစ်ယောက်သွားက နှစ်ယောက်စစ်ရေးပြအသွင် ညီညာစွာ ခြေလှမ်းလှမ်းရ သည်။ သင်တန်းခန်းမများ တစ်ခုနှင့် တစ်ခု ဝေးကွာလွန်းသဖြင့် စက်ဘီးဖြင့် သင်တန်းသို့ တက်ရသည်။ (စက်ဘီးကို ဗိုလ်လောင်းတိုင်း ငွေပေး၍ ငှားထားရသည်။ Term တစ်ခုလုံးအတွက် ငှားထားရသည်။ )

ညနေ 3 နာရီခွဲမှ 5 နာရီခွဲထိ
ဘောလုံး၊ ဘက်စ်ကတ်ဘော၊ တင်းနစ်၊ လက်ဝှေ့၊ ရေကူး၊ မြင်းစီး၊ ပြေးခုန်ပစ်၊ Fencing ကိုယ်ခံပညာစသည့် အားကစားနည်းလေ့ကျင့် ရသည်။

ညနေ 6 နာရီ
နံနက် BRC တွင် နာမည်ရှုံးခြင်း အပြစ်ရမှတ်သားခံရသော ဗိုလ်လောင်းများကို SUO, JUO ရုံးတို့တါင် ရုံးတင်စစ်ဆေးခြင်း ၊ အပြစ်ပေး ခြင်းတို့ ပြုလုပ်ပါသည်။

ညနေ 7 နာရီ
ညနေတန်းစီ လူစစ်ခြင်း Mess Roll call (MRC) ကိုတပ်ခွဲဧည့်ခန်းမဆောင် ( Ante Room ) အတွင်း နေ့စဉ်ပြုလုပ်သည်။ ဦးစွာ Junior နှင့် Intermediate ဗိုလ်လောင်းများက ရောက်ရှိနေရာယူကြရသည်။ သတင်းစာ၊ ဂျာနယ် စသည့်များ ဖတ်ခွင့်ရှိပြီး ဆေးလိပ်သောက်ခွင့် လည်း ပေးထားသည်။ မကြာမီ Senior Sergeant တပ်ကြပ်ကြီး ( တာဝန်ကျ ) ရောက်လာပြီး " Gentlemen attention Please " ဟု အောက်လိုက်သည် ။ ထို့နောက် ၄င်းကပင် Cigarettes Out ( ဆေးလိပ်မီးငြိမ်းလိုက်ပါ ) Paperaway ( သတင်းစာများ ဘေးချထား လိုက်ပါ )ဟု ထပ်မံအော်လိုက်ပြီး Senior Please ! ဟု ၄င်းတို့ Senior များကို အချက်ပြလိုက်လျှင် ကျန်ဗိုလ်လောင်းအားလုံး မတ်တပ် ရပ် သတိအနေအထားဖြင့် နေကြရသည်။ ဤတွင် တပ်ခွဲဗိုလ်လောင်းအရာရှိ ( SUO ) က ထိုင်နိုင်ပါပြီ Be seated ဟုအမိန့်ပေးမှ ထိုင် ကြရသည်။ တာဝန်ကျလုပ်သူ Senior Sergeant က ဗိုလ်လောင်းတစ်ဦးချင်းအမည်ကို ခေါ်ယူ၍ လူစစ်သည်။ ( Senior များမပါဝင်ပါ )

ညနေ 8 နာရီ
ညစာစားရန် အချက်ပေး ခေါင်းလောင်းသံကြားသည်နှင့် Senior Sergeant က " Dinner is ready to serve " ဟုရွတ်ဆိုပြီး Juniors First အော်လိုက်သည်တွင် Junior များက ထမင်းစားခန်းမသို့ အပြေးအလွှားသွားရောက်မတ်တပ်ရပ် နေရာယူကြရသည်။ ထို့နောက် Senior များဝင်ရောက်နေရာယူပြီး နေရာအတည်တကျဖြစ်လျှင် SUO က ထိုင်ရန်အမိန့်ပေးသည်။ ပြီးနောက် ဘုရားသခင်ကောင်းချီး ပေးပြီး ညစာကို Waiter များက စားပွဲထိုးကြသည်။

ည 9 နာရီမှ ည 10 နာရီ
မိမိအဆောင် အိမ်ခန်းများတွက် ကိုယ်ပိုင် အချိန်အဖြစ် နေကြရပြီး ၊ Study Hour စာကြည့်ချိန်အဖြစ်လည်းကောင်း၊ နက်ဖြန်အတွက်စစ် ၀တ်စုံများ ပြင်ဆင်မှုကို လည်းကောင်း လုပ်ကြရသည်။ စာမဖတ်လိုလျှင် မိမိသဘောအလျှောက် အနားယူအိပ်စက်ခြင်းပြုနိုင်သည်။ အိပ် ခန်းတံခါး ဖွင့်ထားရသည်။

ည 10 နာရီ
တာဝန်ကျ Senior Sergeant ရောက်လာပြီး " Rounds Ypres Company , Stand at your doors " ဟုအောက်လိုက်သည်တွင် ဗိုလ် လောင်းများ ( Senior များမပါဝင်ပါ) သတိအနေအထားဖြင့် မိမိအခန်းဝတွင် ရပ်နေရသည်။ မိမိတို့ရှေ့ရောက်လာသော တာဝန်ကျ Senior Sergeant ကို " Good Night,Sir " ဟုနှုတ်ခွန်းဆက်ပြီးမှ အခန်းတံခါး ပိတ်ကြရသည်။ တာဝန်ကျ Senior Sergeant ထွက်သွား သည်နှင့် မရှေးမနှောင်းပင် တာဝန်ကျ တပ်ကြပ်ရောက်လာပြီး စင်္ကြတစ်လျှောက် Sleeping Time, Ypres Company, Lights out ဟု အော်ချိန်တွင် မီးပိတ်၍ အိပ်ကြရသည်။ လှုပ်ရှားမှု လုံးဝမပြုလုပ်ရတော့ပါ။

ဆက်လက်ဖော်ပြပါမည်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ

ဘ၀မုန်တိုင်း ( ၆ )


အပိုင်း ( ၅ ) အဆက်...

အမည်မဖေါ်နိုင်သောခံစားမှုများက ရင်ထဲတိုးဝှေ့လာသည်။ ရင်းနှီးသော ခံစားမှုများကိုလဲ ခံစားလာရသည်။ သို့သော် အရင်လိုခံစားချက်မျိုးမဟုတ်သည်ကိုတော့ သိလိုက်သည်။ ရွာအ၀င်လှည်းလမ်းကြီးသည်ကား အရင်တိုင်းပင် မပြောင်းလဲ။ လမ်းဘေးတွင်ပေါက်နေသော ထနောင်းပင်ကြီးသည်လည်း သည်အတိုင်းပင်။

လမ်းဘေးတလျှောက် အစီအရီပေါက်နေသော တမာပင်များသည်လည်း အခြေနေမပျက်။ ပြောင်းလဲသွားသည်ကား ကျွန်တော်၏စိတ်နှင့် အခြေအနေပင်ဖြစ်လိမ့်မည်။ လမ်းမကြီးအတိုင်းလျှောက်ခဲ့ကြရာ တနေရာအရောက်တွင် မြစ်ထဲမှရေများကို သယ်လာသော လှည်းနှင့်တစ်စီးကို တွေ့လိုက်သည်။ လှည်းပေါ်မှ လှည်းသမားကြီးက အဝေးကပင် ကျွန်တော်တို့ကို ကြည့်နေသည်။ အနီးနားရောက်သောအခါ

“ဟာ ကိုဖိုးရွှေကြီးပါလား ကလေးတွေနဲ့ ဘယ်လိုဖြစ်လာတာတုန်း”

“ကျွန်တော်တို့ မိုးကုတ်ဘက်ကပြန်လာတာ ဒုကရောက်လာလို့”

“ဟုတ်လား ကလေးတွေလဲ သနားစရာပဲ ဒီမှာပဲနေမှာလား”

“ဟုတ်တယ် ကိုကျော်ညွန့် ဒီမှာနေဖို့ပြန်လာကြတာ”

“အေးဗျာ ပြန်လာတာကောင်းပါတယ် ကျွန်တော်လဲ လိုအပ်တာရှိရင် ကူညီမှာပေါ့ ကလေးတွေအမေကောဗျ”

“ကလေးတွေအမေက မိုးကုတ်မှာဆုံးသွားပြီ ကိုကျော်ညွန့်”

“အော် ဖြစ်မှဖြစ်ရလေ.. အေးဗျာအားမငယ်ပါနဲ့ လိုအပ်တာရှိရင်ပြောဗျာ အချင်းချင်းတွေပဲ ကူညီရမှာပေါ့”

“ကျေးဇူးတင်ပါတယ် ကိုကျော်ညွန့်စကားကိုကြားရတာ အားတက်မိပါတယ်”

“ခင်ဗျားယောက်ဖ ကိုညိုမောင်အိမ်မှာပဲ နေမှာမဟုတ်လား”

“အေးပေါ့ဗျာ လောလောဆယ်သူ့အိမ်မှာပဲ နေရမှာပေါ့ဗျာ”

“ကျွန်တော်အလုပ်ပြီးရင် လာခဲ့မယ်လေ”

“ဟုတ်ကဲ့ကိုကျော်ညွန့် သွားလိုက်အုံးမယ်”

“ဟုတ်ကဲ့ ကိုဖိုးရွှေ”

ကိုညိုမောင်ဆိုသည်မှာ အမေ၏အကိုဖြစ်သည်။ အဖေနှင့် ညီအကိုရင်းပမာ ခင်မင်ရင်းနှီးကြသူများဖြစ်သည်။ မိုးကုတ်မသွားခင်ကလဲ ကိုညိုမောင်တို့အိမ်တွင်ပင် နေခဲ့ကြသည်။ မိသားစုအချင်းချင်းသည်လည်း မိသားစုအရင်းများပမာ ချစ်ခင်ကြသည်။ ကိုညိုမောင်၏သမီး အိအိညိုသည် ကျွန်တော်နှင့်အရွယ်တူပင်ဖြစ်သည်။ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် ကစားလိုက်နှင့် တအိမ်ထဲနေသောကြောင့် သူ၏အမေအား အမေစိုး ဟုခေါ်ကာ ကျွန်တော်၏အမေကိုလဲ အိအိညိုက အမေ၀ိုင်းဟုခေါ်သည်။ ယခုသော် ကစားဖေါ်ကစားဖက် အိအိညိုနှင့်ပြန်တွေ့ရတော့မည်။ စိတ်ထဲတွက်ကြိတ်ကာ ၀မ်းသာနေမိသည်။

လမ်းအတိုင်းလျှောက်လာကြရာ တနေရာတွင် လမ်းပေါ်ရှိသဲများပေါ်တွင် ဆော့ကစားနေကြသော ကလေးများ ကိုတွေ့ရသည်။ သူတို့ကိုကြည့်ရသည်မှာ ပျော်စရာကောင်းနေသည်။ ယခင်ကဆိုလျှင် ထိုလမ်းမကြီးသည် ကျွန်တော်တို့ အမြဲဆော့နေကြ ကစားကွင်းပင်ဖြစ်သည်။ ဝေးကွာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လမ်းမကြီးပေါ်တါင် ယာထဲမှပြန်လာ ကြသော လှည်းများကိုလဲ တွေ့ရသည်။ မြစ်ဘက်မှ ငါးဖမ်းပိုက်များကို ထမ်းပြီး ပြန်လာသောသူများကိုလဲ တွေ့ရသည်။ ကြည်နူးစရာကောင်းသော အညာဒေသ၏သဘာဝမှာကား လွမ်းမောစရာပင်။

လမ်းတလမ်းကိုချိုးကွေ့ပြီး သုံးအိမ်ကျော်လျှောက်လိုက်သောအခါ အရင်ကကျွန်တော်တို့ နေခဲ့သော အိမ်ကို တွေ့လိုက်ရသည်။ စိတ်ထဲတွင်ကား ဖေါ်မပြတတ်အောင် ၀မ်းသာသွားမိသည်။ အဘယ်ကြောင့်ဝမ်းသာသွားသည်ကို သေသေချာချာပင်မသိ။ အိမ်ရှေ့သို့ကြည့်လိုက်သောအခါ မန်ကျီးပင်အောက် ကွပ်ပြစ်တွင်ထိုင်နေသော အိအိညိုကိုတွေ့ လိုက်ရသည်။ တောင်းတစ်ခုထဲမှ ဘာတွေကိုရွေးနေသည်မသိ ခေါင်းငုံ့ကာရွေးနေသည်။ ပတ်ဝန်းကျင်ကိုလဲ သတိထားမိ ဟန်မရှိ။ ကျွန်တော်မြင်သောအခါ မနေနိုင်ပဲ အားရပါးရအော်မိသည်။

“အိအိညို”

ကျွန်တော့အော်ခေါ်သံကိုကြားသောအခါ လန့်သွားသည်ဟုထင်သည်။ ကျွန်တော်တို့ကို သေချာကြည့်နေသည်။ ပြီးမှ
“ဟယ်. . တောင်ပေါ်သားပါလား ဟယ် . . ဘကြီးလဲပါတယ် ကိုကြီးလဲပါတယ်. . ဖေဖေရေ ဒီမှာ ဘကြီးတို့လာတယ်”

အိအိညိုအော်ခေါ်လိုက်သောအခါ အိမ်ထဲမှ အိအိညိုအဖေနှင့်အတူ အမေပါထွက်လာသည်။ ကျွန်တော်တို့ကို မြင်သောအခါသေချာကြည့်နေသည်။ ပြီးမှ

“ဟာ . . ကိုဖိုးရွှေတို့ပါလား ဘယ်လိုဖြစ်လာကြတာတုန်း မ၀ိုင်းကော မပါဘူးလား”

“အေးဗျာ ကလေးတွေအမေတော့ပါမလာတော့ဘူး နောက်မှအကြောင်းစုံပြောပြမယ်”

“အေးဗျာ လာလာ သမီးရေ သမီးအကိုတွေကိုခေါ်”

“ဟုတ်ကဲ့ဖေဖေ” “လာတောင်ပေါ်သားနဲ့ ကိုကြီး”

“လာလာ သားတို့အိမ်ထဲဝင်ကြ”

အဖေနှင့် အိအိညိုတို့အဖေသည် စကားပြောကာအိမ်ထဲဝင်သွားကြသည် ကျွန်တော်တို့လဲ နောက်မှလိုက်ကာ အိမ်ထဲကို ၀င်ခဲ့ကြသည်။ အိမ်ကြီးသည်အရင်ကနှင့်မတူ အသစ်ပြန်ဆောက်ထားဟန်ရှိသည်။ အရင်ကထက်ကြီးပြီး ကောင်းနေသည်။ ကျွန်တော်တို့ကစားနေကျ အိမ်ရှေ့မှ မန်ကြီးပင်ကြီးအောက်ရှိ ကွပ်ပစ်သည်လည်း အသစ်ပြန်လုပ် ထားသည်။ မန်ကြီးပင်ကြီးကတော့ သည်အတိုင်းပင်။ အိမ်ရှေ့ခန်းတွင် ထိုင်မိကြသည်နှင့် အိအိညိုအဖေက မေးသည်။

“ကိုဖိုးရွှေမိန်းမကကော ဘယ်ကျန်ခဲ့တုန်းဗျ”

“ငါ့မိန်းမ မိုးကုတ်မှာပဲဆုံးသွားပြီ ငါတို့လဲ ဒုကရောက်လာလို့ ပြန်လာကြတာ”

“ဟင် အမဆုံးသွားပြီ ဟုတ်လား အမလေး ဖြစ်မှဖြစ်ရလေ အမရယ် သွားရှာပြီပေါ့ ကလေးတွေကိုလဲ ထားသွားပြီပေါ့”
အိအိညိုအမေသည် ပြောပြီးငိုနေသည်။ အိအိညိုအဖေသည်လည်း မျက်နှာမကောင်း။ ကျွန်တော်လည်း ထိုအသံကိုကြားမှပင် ၀မ်းနည်းသည့်စိတ်များ ရင်ထဲတွင် အလုံးလိုက်တက်လာသည်။

“ဖြစ်မှဖြစ်ရလေ အမရယ်”

အိအိညို၏အဖေ ကိုညိုမောင်က ၀မ်းနည်းစွာဖြင့် မြည်တမ်းလိုက်သည်။ ကျွန်တော်သည်လည်း စိတ်ကိုထိန်းထား သည့်ကြားမှ မျက်ရည်များသည် အလိုလိုစီးကျလာသည်။ ဘယ်သူမှမမြင်အောင် တဖက်သို့လှည့်ကာ မျက်ရည်များကို အသာသုတ်လိုက်သည်။ ထိုအရာကို အိအိညိုမြင်ပြီး ၀မ်းနည်းနေသည်။ ကျွန်တော်မသိချင်ယောင်ပြီး ဘာမှမဖြစ်သလို နေလိုက်သည်။ ရင်ထဲတွင်ကား ဆို့နင့်လျှက်။ အဖေသည်လည်း ကိုညိုမောင်နှင့် ကိုညိုမောင်၏ဇနီး ဒေါ်စိုးစိုးတို့နှင့် စကားပြောနေသည်။ အဖေသည် မျက်နှာကိုအောက်သို့ငုံ့လျှက်စကားပြောနေသည်။ အဖေငိုနေမည်လား။ ကျွန်တော်တို့ ၀မ်းနည်းမည် စိုးသောကြောင့် ကြိတ်ကာငိုနေမည်ထင်သည်။ ကျွန်တော်အဖေ့ကို မကြည့်ရက်တော့ အိမ်ရှေ့ မန်ကျဉ်းပင် အောက်ရှိ ကွပ်ပစ်သို့ထွက်လာမိသည်။ အကိုနှင့်အိအိညိုလည်း နောက်မှထွက်ကာလိုက်လာကြသည်။

ကျွန်တော် မန်ကျဉ်းပင်ကြီးကို ခံစားချက်မဲ့သောအကြည့်ဖြင့် အတန်ကြာမော့ကြည့်နေမိသည်။ ဘာကြောင့် ကျွန်တော် ကြည့်နေမိသည်ကိုကား မပြောတတ်။ အတန်ကြာသောအခါ ကွပ်ပစ်ပေါ်တွင်ဝင်ထိုင်လိုက်သည်။ စိတ်ထဲတွင်လည်း ဘာကိုလုပ်ရမည် ဘာကိုတွေးရမည်မသိ။ ထုံနေသလိုလိုကြီးဖြစ်နေသည်။ အကိုနှင့်အိအိညိုသည်လည်း ကျွန်တော့်ဘေးတွင် ၀င်ထိုင်နေကြသည်။ ကျွန်တော် အိအိညိုကိုတစ်ချက်ကြည့်လိုက်သည်။ ကျွန်တော့်ကို ညှိုးငယ်သောအပြုံးဖြင့် ပြုံးပြနေသည်။ ကျွန်တော်သည်လည်း သူ့ကိုပြန်ပြုံးပြမိသည်။

“ရေသောက်မလား”

“အင်း . .”

တစ်လုံးထဲသာဖြေမိသည်။ ထိုထက်ပိုပြီး ဘာပြောရမှန်းမသိ။ အိအိညိုအိမ်ထဲသို့ဝင်သွားသည်။ ပြန်ထွက် လာသောအခါ လက်ထဲတွင် ရေခွက်နှင့် ရေခပ်လာသည်။ ကျွန်တော့်ကိုလှမ်းပေးသည်။ ကျွန်တော်တ၀က်သောက်ပြီး ကျန်တ၀က်ကို အကို့ကိုပေးလိုက်သည်။ အကိုလည်းကျွန်တော်ပေးသောရေကို အားရပါးရ သောက်နေသည်။

“နင်တို့မိုးကုတ်က ပြန်လာတာလား”

“အင်းဟုတ်တယ်”

“အဲဒီမှာပျော်လား”

“အရင်ကတော့ပျော်တယ် အခုမပျော်ဘူး”

“ကိုကြီးကော အဲလိုပဲလား”

“အင်းဟုတ်တယ် အဲလိုပဲ”

ဘာကိုမှန်းတော့မသိ အကိုကလည်း အိအိညိုမေးတာကို ဖြေလိုက်သည်။ အိမ်ရှေ့လမ်းမကြီးသို့လှမ်းကြည့်လိုက်သော အခါ မြစ်ဆိပ်ဘက်သို့သွားနေသော လူများနှင့် လှည်းများကိုတွေ့နေရသည်။ အနောက်ဘက်ကောင်းကင်တွင်လည်း နေမင်းကြီးက မေးတင်တော့မည်။ အညာဒေသ၏အလှကား ကြည်နူးဖွယ်လား လွမ်းမောဖွယ်လား။ မည်သို့ခံစားရမည်မသိနိုင်။ ခဏကြာသောအခါ အမေစိုး အိမ်ထဲမှထွက်လာပြီး ကျွန်တော်တို့ဆီသို့လာနေသည်။ ကျွန်တော်တို့နားရောက်သော်

“ကဲကလေးတို့ အိမ်ထဲကိုလာကြ ထမင်းစားကြမယ် ဗိုက်ဆာနေကြရောပေါ့”

“လာ ထမင်းသွားစားကြမယ်”

အမေစိုးက ကျွန်တော့လက်ကိုဆွဲကာ အိမ်ထဲဝင်လာသည်။ အမေစိုး၏အကြည့်တွင် သနားဂရုနာအပြည့်ရှိနေသည်။ ကျွန်တော်သည်လည်း အမေကိုသတိရမိပြီး အမေစိုး၏လက်ကို တင်းတင်းဆုပ်ထားမိသည်။ အိမ်ထဲသို့ဝင်လိုက်သောအခါ ထမင်းဝိုင်းတွင် အဖေနှင့် ဦးညိုမောင်တို့ထိုင်ပြီးစားနေကြသည်။ ကျွန်တော်သည်လည်း ထုံးစံအတိုင်း လက်ဆေးရည်ဇလုံတွင် ၀တ်ကျေတန်းကျေလက်ကိုဆေးကာ ထမင်းဝိုင်းတွင် အမြန်ဝင်ထိုင်လိုက်သည်။


ဖတ်ရှုရန် အပိုင်း ( ၁ )အပိုင်း ( ၂ ) အပိုင်း ( ၃ ) အပိုင်း ( ၄ ) အပိုင်း ( ၅ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Tuesday, January 12, 2010

The Royal Militray Academy Sandhurst အကြောင်း



ဗြိတိန်နိုင်ငံဘုရင့်စစ်တက္ကသိုလ်



ကျွန်တော် ရန်ကုန်တက္ကသိုလ် တက်ရောက်စဉ်ကပင် ၀ါသနာအလျောက် Student's Volunteer Force(SVF) တက္ကသိုလ် ကျောင်းသားများ အပျော်တမ်းတပ်ဖွဲ့တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော်တက္ကသိုလ်မှ ဘွဲ့ရပြီးချိန် 1951 ခု နှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်မီးလျှံ တဟုန်းဟုန်းတောက်လောင်နေချိန် ဖြစ်သောကြောင့် အမိနိုင်ငံကို ကာကွယ်ရန် အခြား တက္ကသိုလ်ကျောင်းသားများနည်းတူ တပ်မတော်ထဲဝင်ရန် လျှောက်ထားခဲ့ပါသည်။ တပ်မတော် ဗိုလ်ရွေးအဖွဲ့က ကျွန်တော့်ကို ဗြိတိန် နိုင်ငံ ဘုရင့်စစ်တက္ကသိုလ်သို့ ဗိုလ်လောင်းအဖြစ်တက်ရောက်ရန် ရွေးချယ်ခဲ့ပါသည်။ ကျွန်တော်နှင့်အတူ အခြားသူ 3 ဦးလည်းဘုရင့် စစ်တက္ကသိုလ် အပတ်စဉ် 10 တွင် တက်ရောက်ခဲ့ပါသည်။

ထိုစဉ်က မြန်မာနိုင်ငံမှာ ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးရပြီးချိန်ဖြစ်သောကြောင့် ဗမာ့တပ်မတော်ကို လေ့ကျင့်ပျိုးထောင် ပေးရန် " British Services Mission " ဟူသော စစ်မစ်ရှင်အဖွဲ့ကို စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့အဖြစ် နိုင်ငံတော်အစိုး ရကခွင့်ပြုခဲ့ပါသည်။ တပ်မတော် ခေါင်းဆောင်ကြီးများသည် တပ်မတော်ကို " ခေတ် " နှင့် အညီ ကမ္ဘာ့တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်စေရန် မြန်မာ့လူငယ်များကို ကမ္ဘာ့အဆင့်မြင့် စစ်ကျောင်းကြီးများသို့ စေလွှတ် ပ ညာရယူစေခဲ့ပါသည်။ စေလွှတ်ရခြင်း၏ ရည်ရွယ်ချက်မှာလဲ မိမိတပ်မတော်အတွင်း အဆင့်မြင့် စစ်ပညာများ သင်ကြားတက် မြောက်စေရန်နှင့် ထပ်ဆင့်ပွား ပျိုးထောင်ပေးရန် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်တက္ကသိုလ် စတင်ဖွင့်လှစ်ချိန်၌ ဗြိ တိန် ဘုရင့်စစ်တက္ကသိုလ်ဆင်း အရာရှိငယ်များအား တာဝန်ပေးခန့်အပ်ခဲ့ခြင်းဖြစ်ပါသည်။ ဤတွင် ကျွန်တော်သည် စစ်တက္ကသိုလ် သို့ နည်းပြအရာရှိကလေးအဖြစ် ရောက်ရှိလာခဲ့ပါသည်။

ဘုရင့်စစ်တက္ကသိုလ် အကြောင်းသိကောင်းစရာများနှင့် ထိုစဉ်က ဗိုလ် လောင်းဘ၀အတွေ့အကြုံများကို အမိစစ်တက္ကသိုလ်တွင် တက်ရောက်လျှက်ရှိကြသော သားငယ်ဗိုလ်လောင်းများ ဗဟုသုတအသွင် ဖတ်ရှုဆင်ခြင်သုံးသပ် လေ့လာခွင့်ရကြစေရန်

ရည်သန်ရေးသားခြင်းဖြစ်ပါသည်။

The Royal Military Sandhurst ကို 1947 ခုနှစ်တွင် Camberley မြို့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ 1741 ခုနှစ်ကဖွင့် လှစ်ခဲ့သော Royal Military Academy (Woolich) နှင့် Royal Military Collage (Sandhurst) ရှေး ဟောင်းကျောင်းကြီး နှစ်ကျောင်းကို ပေါင်း၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ဤပူးပေါင်းစစ်တက္ကသိုလ်ကို The Royal Military Academy Sandhurst ဟုပြောင်းလဲ ခေါ်ဆိုခဲ့ပြီး တက္ကသိုလ်တစ်ခုလုံးကို ကောလိပ် 3 ခုဖြင့် ထပ်မံဖွဲ့စည်းလိုက်ပါသည်။ Old Collage , New Collage နှင့် Victory Collge ဟုဖွဲ့စည်း၍ ကော်လိပ်တစ်ခုစီတွင် ဗိုလ်မှုးကြီးအဆင့်ရှိသူများ ကအုပ်ချုပ်ကာ တက္ကသိုလ်တစ်ခုလုံးကို ဗိုလ်ချုပ်အဆင့်ရှိသူက ကွပ်ကဲပါသည်။ တက္ကသိုလ်တစ်ခုလုံးအုပ်ချုပ်သူကို Commandant ဟုခေါ်ပြီး ဒုတိယကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးချုပ် တစ်ဦးက တွဲဖတ်အုပ်ချုပ်သည်။

Old Collage တွင်ဗြိတိသျှတို့၏ Victorian age အတွင်း ဥရောပတစ်ခွင်၌ အောင်ပွဲဆင်ခဲ့သော စစ်ပွဲအမည်များကို အစွဲ ပြု၍ Waterloo , Dettingen , Inkerman နှင့် Blenheim ဟု တစ်ခွဲအမည်များ သတ်မှတ်ပေးထားပါသည်။

New Collage တွင်လည်း ပထမကမ္ဘာစစ်အတွင်း အောင်နိုင်ခဲ့သော စစ်ပွဲများကို အစွဲပြု၍ Ypres , Gaza , Somme ,Marne ဟုတပ်ခွဲအမည်များ ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။

Victory Collage ရှိ တပ်ခွဲအမည်များကို ဒုတိယကမ္ဘာစစ်အတွင်း အောင်နိုင်ခဲ့သော Campaign များဖြစ်သည့် Burma , Alamein , Rhine နှင့် Normandy ဟု သတ်မှတ်ခေါ်ဝေါ်ပါသည်။

ကောလိပ်တစ်ခုတွင် တစ်ခွဲ 4 ခွဲစီရှိပြီး တက္ကသိုလ်ကြီးတစ်ခုလုံးကို တပ်ခွဲ 12 ခွဲဖြင့် ဖွဲ့စည်းထားသည်။ ဗိုလ်လောင်းဦးရေ 1200 မှ1500 အတွင်း သင်ကြားပေးပါသည်။ သင်တန်းကာလမှာ 2 နှစ်ဖြစ်ပြီး ဤစစ်တက္ကသိုလ်ကြီးမှ အောင်မြင်သွားသော အရာရှိများကို Regular အမြဲတမ်းပြန်တမ်းဝင်အရာရှိများအဖြစ် ဗြိတိသျှတပ်မတော်တွင် အမှုထမ်းစေပါသည်။

ဗိုလ်လောင်းများမှာ ဗြိတိသျှလူမျိုးများထဲမှ အသက် 18 နှစ်ပြည့်ပြီး ၀င်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်သူတိုင်း တက်ရောက်ခွင့်ရှိ ပါသည်။ တစ်ချိန်က ဗြိတိသျှတို့၏ နေမ၀င်အင်ပါယာကြီး ပေါ်ထွန်းစဉ် (The Sun Never sets in the British Empire) လက်အောက်ခံကိုလိုနီ နိုင်ငံများမှ ဗိုလ်လောင်းများကိုလည်းလက်ခံသင်ကြားပေးပါသည်။ ကျွန်တော်တို့ကို (Oversea Cadet) ပင်လယ်ရပ်ခြား ဗိုလ်လောင်းများဟု ခေါ်ဝေါ်ပါသည်။ ကျွန်တော်တို့တက်ခဲ့သော Intake 10 တွင် ဂျော်ဒန်နိုင်ငံမှ အိမ်ရှေ့မင်းသား ဟူစိန် ( နောက်ဘုရင်ဖြစ်သူ ) တက်ရောက်ခဲ့ပါသည်။ ထူးခြားမှုတစ်ခုမှာ ကျွန်တော်တို့ Intake တက်ရောက်စဉ်က ဗြိတိသျှလက်အောက်ခံမဟုတ်သော ထိုင်း (ယိုးဒယား) နိုင်ငံမှလည်း တစ်ယောက်စေလွှတ်ခဲ့ပါ သည်။

ကျွန်တော်တို့ သင်တန်းတက်ရောက်ခဲ့စဉ်က ဘုရင့်စစ်တက္ကသိုလ်ကို ကာလအပိုင်းအခြား (Term) 3 ခုခွဲခြားကာ သင်ကြားခဲ့ရ ပါသည်။ အချိန်အားဖြင့် 18 လဖြစ်ပြီး Term တစ်ခုနှင့် တစ်ခုကြား ကျောင်းပိတ်ရက် 1 လရပါသည်။ ပထမရောက်စ Term ကာလကို Junior အငယ်တန်း ၊ ဒုတိယကာလကို Intermediate အလယ်တန်းနှင့် နောက်ဆုံးကာလ Senior Term ကိုအကြီးတန်းဟု သတ်မှတ်ပါသည်။

Sandhurst စစ်တက္ကသိုလ်သိုပ မတက်ရောက်မီ Mons Officer Cadet School ၌ ရက်သတ္တပတ် 16 ပတ်မျှတက် ရောက်ခဲ့ရပြီး Words of Command , Customs and Manners , Terminology in the British Army ကို ပင်လယ်ရပ်ခြား ဗိုလ်လောင်းများ ဗြိတိသျှတပ်မတော်နျင့် accustom ထိတွေ့ယဉ်ပါးလာစေရန် သင်ကြားရပါသည်။ Sandhrust တက္ကသိုလ်၌ ပညာရှာမှီးနေချိန် အခြားဗြိတိသျှ ဗိုလ်လောင်းများနှင့် အခက်ခဲမရှိ ရောနှော ပညာသင်ယူနိုင်စေရန် ဖြစ်ပါသည်။ ကျွန်တော်တက်ရောက်ခဲ့စဉ်က Junior ဘ၀မှစ၍ သင်တန်းတစ်လျှောက်လုံး New Collage ,Ypres Company တွင် နေခဲ့ရပါသည်။

Sandhrust စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများကို Gentleman Cadet များဟုသတ်မှတ်ပြီး အခြားဗြိတိသျှ စစ်ကျောင်း များမှာကဲ့သို့ ဆက်ဆံမှုမျိုး ၊ သင်ကြားမှုမျိုး မဟုတ်ဘဲ တမူထူးခြားထားပါသည်။ ဗိုလ်လောင်းများအနေဖြင့် အငယ်တန်း Junior မှစ၍ တစ်ဦးချင်း ။ တစ်ယောက်တစ်ခန်းစီ နေကြရသည်။ မိမိအခန်းကို ကိုယ်တိုင်သန့်ရှင်းရေးမလုပ်ရပါ။ Room Man (သို့မဟုတ်) သူတို့အခေါ် Servant များက လုပ်ပေးကြရပါသည်။ ၄င်းတို့မှာလဲ ဗြိတိသျှတပ်မတော်မှ အငြိမ်းစားယူသွားသော အခြားအဆင့် ပုဂ္ဂိုလ်များဖြစ်ပြီး ဗိုလ်လောင်း 10 ဦးလျှင်တစ်ဦးကျ တာဝန်ပေးလုပ်ကိုင်စေပါသည်။ ၄င်းတို့ရရှိသော လစာအပြင် ဗိုလ်လောင်းများက စေတနာအလျောက် Tips သဒ္ဓါကြေးများပေးကြရပါသည်။ မြန်မာ့စရိုက်နှင့် ကြီးထွားလာသော မြန်မာဗိုလ် လောင်းများကတော့ (ကျွန်တော်အပါဝင်) ဖိနပ်၊ ခါးပတ်၊ သေနတ် စသည်တို့ကို သို့အား (Bonus) ဘောက်ဆူးပေး၍ ပြုလုပ် စေပါသည်။ သူတို့ကလည်း အပြုံးမပျက်လက်ခံကြပါသည်။ သူတို့ တိုက်ချွတ်ပြီးသားကိုမှ ကျွန်တော်တို့က အမွှမ်းတင်လိုက်ရုံသာ ရှိပါသည်။

အထက်တွင်ဖော်ပြသကဲ့သို့ စစ်တက္ကသိုလ်တွင် တက်ရောက်သင်ကြားသူများကို အဆင့် 3 ဆင့်ခွဲ၍ တာဝန်အပ်နှင်းထားပါသည်။ အကြီးတန်း ဗိုလ်လောင်း Senior များအားလုံး တပ်ကြပ်ကြီးအဆင့်ပေးထားပြီး ၄င်းတို့ထဲမှ ထူးချွန်သူများကို Senior Under Officer တပ်ခွဲဗိုလ်လောင်း အရာရှိ၊ Jounior Under Officer တပ်စုဗိုလ်လောင်း အရာရှိ၊ အလယ်တန်း intermediate ဗိုလ်လောင်းများကို Corporal တပ်ကြပ်အဆင့်ပေးထားပါသည်။ Junior အငယ်တန်းဗိုလ်လောင်းများအား လုံး သာမာန်ရဲဘော်အဆင့်ဖြစ်ပါသည်။


ဆက်ဖတ်ဖော်ပြပါမည်။

ကောက်နှုတ်ချက် -- စစ်တက္ကသိုလ် ၊ နှစ်ပတ်လည် မဂ္ဂဇင်း 2009

မျှော်လင့်သူ..
Related Posts with Thumbnails