Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Friday, January 8, 2010

ဗုဒ္ဓဘာသာ စော်ကားခံရခြင်း


ကမ္ဘာပေါ်မှာနေထိုင်ကြကုန်သော လူသားအပေါင်းတို့တွင် ကိုးကွယ်ရာ ဘာသာတရားတစ်ခုစီရှိကြသည်။ ကိုယ်ယုံကြည်သက်ဝင်တဲ့ အရာ ကို ခုံမင်နှစ်သက်စွာကိုးကွယ်ကြသည်။ ယုံကြည်ကြသည်။ လူသားတို့နေထိုင်ရာ လောကကြီးမှာ အကြမ်းဖျင်းအားဖြင့် ဟိန္ဒူ ၊ ဗုဒွ ၊ ခရစ် ယာန်၊ အစ္စလန် ဆိုပြီး ဘာသာတရားကြီး 4 ခုဟာ အစဉ်လိုက်ပေါ်ထွန်းခဲ့ပါတယ်။ သူ့ဘာသာအလိုက် သူ့ပညတ်ချက်နဲ့ သူရှိပြီး အဆုံးသတ် မှာတော့ လူဘောင်လောကကြီး အေးချမ်းအောင် ကြံရွယ်ကျသည်ပင်ဖြစ်သည်။

လူ့ကျင့်ဝတ်စည်ကမ်းများကို လိုက်နာကျသော သူများသည် ကိုယ်ယုံကြည်သက်ဝင်သော ဘာသာတရားကိုသာ အားထုတ်ကြပြီး နိုင်ငံကြီး သား ပီသစွာဖြင့် သူများကိုးကွယ်သော ဘာသာတရားအား ပုတ်ခတ်ပြောဆိုခြင်းမရှိကြပေ။ အကယ်၍ ပုတ်ခတ်ပြောဆိုခြင်းပြုခဲ့ပါကလဲ ထိုလူ၏ အကျင့်စရိုက်သည် ယုတ်ညံ့သည်။ အောက်တန်းကျသည်ဟုပင် ခေါ်ဆိုနိုင်သည် မဟုတ်ပင်လော။

ကျွန်တော်စာရေးသူ ဒီနေ့ ကိုညီလင်းဆက် ရဲ့ဘလော့လေးကိုသွားဖတ်တော့ Comment ပေးထားတဲ့နေရာမှာ Link လေးတစ်ခုတွေ့ခဲ့တယ်။ သူက မြန်မာကွန်ပြူတာပညာရှင်တွေကို အကူညီတောင်းထားတာပါ။ ကျွန်တော်လဲ စိတ်ဝင်စားတာနဲ့ သွားဖတ်မိပါတယ်။ ဒီနေရာလေး မှာ သွားဖတ်မိတာက။ ဟိုရောက်တော့ တော်တော်လေးစိတ်ပျက်သွားရပါတယ်။ အခြေအမြစ်မရှိတဲ့ ပုတ်ခတ်ချက်တွေနဲ့ အတူ ကျွန်တော် တို့ သက်ဝင်ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာအား စော်ကားထားသည်ကို တွေ့ခဲ့ရပါတယ်။ တော်တော်ယုတ်ညံ့တယ်လို့တွေးမိပါတယ် မကိုးကွယ်ရင်နေပါစေ ၊ အခုလို သူများဘာသာကို ပုတ်ခတ်ထားတာကတော့ လွန်လွန်းအားကြီးပါတယ်။

အခုလို ယုတ်ညံ့မှုမျိုးကို အခုပထမဆုံးတွေ့ဖူးတာပါ။ စာဖတ်သူတို့လဲ အဲ Link မှာသွားဖတ်နိုင်ပါတယ်။ နောက် ကျွန်တော်ရဲ့ Blog ကနေ မြန်မာ Blogger အဖွဲ့အစည်းနဲ့ Blogger မောင်နှမများကို ဆော်သြချင်ပါတယ်။ အဲဒီ့ဆိုဒ်မှာ အခုလို ယုတ်ညံ့တဲ့ ပုတ်ခတ်မှုမျိုး ထပ်မံမ တိုးပွားလာနိုင်အောင် လုပ်ဆောင်ပေးကြပါလို့ ပြောချင်ပါတယ်။ တရားမရှိ ၊ ဘုရားမရှိ စော်ကားမှုမျိုးကို ဘယ်လိုဘာသာဝင်မျိုးမှ လက်ခံနိုင်ဖွယ် မရှိပါဘူးခင်ဗျာ။ အားလုံးပဲ ကြိုးပမ်းပေးကြမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ...


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ

4 comments:

  1. ကျွန်မဘလော့ဂ်က C-Box မှာလည်း ကျွန်မကိုလည်းပြော ဗုဒ္ဓဘာသာ မကောင်းကြောင်းနဲ့ ကျွန်မကြိုက်တဲ့ ဘာသာရေး စာရေးဆရာ Profile မှာ ဖေါ်ပြထားတဲ့ ဓမ္မစရိယ ဦးဌေးလှိုင်တို့ မကောင်းကြောင်းတွေ လာရေးထားလို့ ဖျက်လိုက်ရတယ်။ သူ့ဘလော့ဂ်ကို သွားလည်ကြည့်လို့ ဘုရားနဲ့ သံဃာမကောင်းကြောင်းတွေ ရေးထားတာ တွေ့ရတယ်။ အကုန်လုံးတော့ မဖတ်ခဲ့ဘူး ဟိုကြည့်ဒီကြည့် လျှောက်ကြည့်ပြီးပဲ သူ့အဆင့်အတန်းကို သိလို့ မဖတ်ဖြစ်ဘဲပြန်လာတယ်။ ဒါကြောင့် အသေးစိတ်ဘာရေးထားတယ်ဆိုတာ မသိဘူး။ သူ့စာအဆင့်အတန်းကို ကြည့်ပြီး သူတို့ မူစလင် ဘာသာဝင်တွေ ကိုယ်တိုင်ကလည်း လက်ခံမယ်မထင်ပါဘူး။ သူ့အတင့်အတန်းကို သူဖေါ်ပြတယ်လို့ပဲ သဘောထားလိုက်ပါ။

    ReplyDelete
  2. ညီလေးရေ...
    သွားကြည့်လိုက်တော့ စိတ်ပျက်မိသွားတယ်...။ တစ်ကယ်...ဘာပြောရမှန်းတောင် မသိတော့ဘူး...း((
    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete
  3. မင်္ဂလာပါ...

    အင်း.. အဲဒီ လင့်ကို သွားကြည့်လိုက်ပါအုံးမယ်။ ဖြစ်သင့်တာကတော့ ကိုယ်ယုံကြည်တဲ့ ဘာသာကို ရိုသေစွာစည်းကပ်ပူဇော် လိုက်နာ ပြီး.....တခြားအယူအဆနဲ့ ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာတွေကိုလဲ အလေးထားသင့်ပါတယ်.. မစော်ကားသင့်ပါဘူး။

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  4. ခုလိုမျိုး ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်။ အဲလို စာမျိုးကို ဖတ်လိုက်တာနဲ့ လူကောင်းတယောက်ကရေးတာမဟုတ်ဘူးလို့ဘဲနားလည်တယ်။ စာလေးမတောက်တခေါက်တတ်ပြီးသူများရဲ့ဘာသာတရားကို မကောင်းရေးတာက တကယ်ကို အဆင့်တန်းမရှိတာပါ၊ လူတယောက်က ကိတ်စတခုခုကို ဝေဖန်ချင်တယ်ဆိုရင် အဲဒါနဲ့ပတ်သက်တာကို သေသေချာချာ လေ့လာထားရမယ် သူကဘာသာတရားကိုနားလည်လို့လား အဲလိုပြောကြေးဆိုရင် သူတို့ဘာသာကိုကိုးကွယ် သူတွေကကော
    အားလုံးကကော ကောင်းလား ဆိုတာ ပြန်စဥ်းစားလိုက်ဦးလို့ သူများဘာသာအရင်မပြောခင် ကိုဘာသာကိုပြန်ကြည့်လိုက်ဦး အရူးကောင်ရဲ့

    ReplyDelete

Related Posts with Thumbnails