Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Wednesday, January 6, 2010

အလွမ်းသစ်ပင်



ရင်နင့်အောင် ခံစားရပေမယ့်
ခုံမင်တက်မက်စွာ အလွမ်းတွေကို
ငါသောက်သုံးခဲ့တယ်..

မျှော်လင့်ချက် ရောင်ခြည်နည်းပေမယ့်
ငါ့အသွေးအသားကို စတေးပြီး
ဆက်လက်ရှင်သန်နေခဲ့တယ်..

မတော်လို့ သီးပွင့်မလာရင်
ဝိဥာဉ်လွင့်ရမယ်မှန်း သိပေမယ့်
ငါခွန်အားတွေ စိုက်ထုတ်နေမိတယ်..

ဘယ်အရာမှ မရှင်သန်နိုင်တော့တဲ့
ကန္တာရလွင်ပြင် ဖြစ်ခဲ့ရင်တောင်
ငါ့အလွမ်းသစ်ပင်က ....
ရှင်သန်နေအုံးမှာပါ.


သူများတွေကို ကဗျာလဲကောင်းကောင်းမရေးတက်ဘူး။ ဟိုမရောက်ဒီမရောက်ဖြစ်တော့မယ်ထင်တယ်။ စာဖတ်သူတို့ အနေနဲ့ ဟိုမ ရောက်ဒီမရောက်လေးကို သည်းခံဖတ်ပေးပါ။ ရုတ်တရက်ခံစားမှုကို ထုတ်ဖော်ရေးသားလိုက်ခြင်းဖြစ်သည်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ

No comments:

Post a Comment

Related Posts with Thumbnails