Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Friday, January 1, 2010

အလွဲလေး

ဒီနေ့ 1.1.2010 မှာ ပထမဆုံးတင်တဲ့ Post အဖြစ် အလွဲလေး ဆိုတဲ့ post လေးနဲ့ စတင်လိုက်ပါတယ်. ဒါလေးရေးဖြစ်တဲ့ အ ကြောင်းကတော့ ကိုသက်တန့်ချို ရဲ့ အစားခံလိုက်ရသော လက်များ ကိုဖတ်မိပြီး ကိုယ်လဲ အလွဲလေးတင်ပြချင်တာနဲ့ ရေးဖြစ်သွားတာပါ။ နှစ်သစ်ကို အလွဲလေးနဲ့ စတင်ခဲ့လို့ တစ်နှစ်ပတ်လုံးမလွဲပါစေနဲ့လို့ ဆုတောင်းရတော့မယ်။

လွန်ခဲ့တဲ့နှစ်တွေကပေါ့...

ကျွန်တော်တို့ရဲ့ စာသင်ကျောင်းလေးက ကားလမ်းလေးရဲ့ နံဘေးမှာတည်ရှိပါတယ်။ ကားကလဲ မေ့လောက်မှ တစီးလောက်ဖြတ်သွား တက်ပါတယ်။ တစ်နေ့ကျွန်တော်တို့ အခန်းလေးမှာ စိတ်အရမ်းတိုတက်တဲ့ ဆရာကြီးတစ်ယောက်က စာသင်နေတယ်။ အဲအချိန်မှာ ဖြစ် ချင်တော့ တောကားကြီး တစ်စီး ၀ိတ်အပြည့်နဲ့ အိပဲ့အိပဲ့ မောင်းနေသည်။

ဘေးက သာအေး နွားလှည်းကတောင် လေချွန်ပြီး ထားခဲ့သည်။ ပြဿနာက စပါပြီ.....

ဂျိမ်း

ကားဘီးပေါက်သံက တိတ်ဆိတ်နေသော လောကတစ်ခွင်မြည်ဟီးသွားသည်။ ဧရာမ အကျယ်ကြီးပေါ့....း)...
ထိုအချိန်မှာ အခန်းထဲက ကျောင်းသားတစ်ချို့က ထအော်တယ်...

ကျွန်တော်မပါဘူးဗျို့..............

အရင်ကတည်းက ဒေါသခပ်ကြီးကြီးဆရာဆိုတော့ သူ့စာသင်နေတာကို ပြောင်ရွှတ်ရွှတ်နဲ့ ထအော်တဲ့ ကျောင်းသားတွေကို အရမ်း တင်းသွားတယ်။ ဒါနဲ့ အသံကျယ်ကြီးနဲ့ အော်လိုက်သည်။

ဟေ့ကောင်တွေ.. မင်းတို့က ငါစာသင်နေတာကို မခန့်လေးစားနဲ့ ...
ကဲ မပါတဲ့ကောင်တွေ မတ်တပ်ရပ်စမ်း..


သူ့ထက်ငါ အသဲအမဲ ထကြသည်။ ရုန်းရင်းဆန်ခတ်ပေါ့....
ဒုန်းဒုန်း ထုလိုက်တော့ ကျွန်တော်တို့အားလုံးငြိမ်သွားတယ်။ ခုံပေါ်မှာ ခါးကိုကော့ ရင်ကိုထုတ်ပြီး. မတ်တက်ရပ်လိုက်ကြသည်။

လူအနည်းစုကတော့ အောက်မှာ မျက်နှာညှိုးညှိုးနဲ့ ထိုင်နေကြတယ်။ ကျွန်တော်လည်ပြန်ငေးပြီး ကြည့်လိုက်သည် သနားသွားတယ်။ ဒါနဲ့ ဆရာက မတ်တပ်ရပ်တဲ့သူတွေအားလုံး ရှေ့ထွက်ခိုင်းပြီး ကြိမ်လုံးနဲ့ တွယ်ပါလေတော့တယ်။ကျွန်တော်အရမ်းကြောင်သွားတယ်။ ကျွန်တော်တို့က မအော်ခဲ့ပဲ ဘာလို့အခုလို ရိုက်ခံရတာလဲ။ သဘောပေါက်လိုက်ပြီ.. ဆရာပြောချင်တာက မပါဘူးလို့အော်တဲ့ကျောင်း သားကို ထွက်ခိုင်းတာပဲ ။ အော်တဲ့နေရာမှာ မပါတဲ့ကျောင်းသားကို ထွက်ခိုင်းတာမှမဟုတ်တာ...

သြော် အလာကောင်းပေမယ့် အခါနှောင်းသွားပြီလေ။ ဆရာ့ကြိမ်လုံးက တင်ပါးနဲ့ သုံးချက်လောက်မိတ်ဆက်သွားသည်။ အော် မြန်မာ စကားကပဲ မလည်ရှုပ်လား။ ကျွန်တော်တို့ကပဲ နားလည်မှုလွဲတာလားတော့မသိ။ ဒီကြားထဲ ရိုက်ခံရလို့ နာတဲ့ကြားထဲ ဟိုအော်တဲ့ ငနာ တွေက ပြုံးစိစိနဲ့ ။ ငါလုပ်လိုက်ရ.. အား ... ကျွတ်... ကျွတ်...

ကျွန်တော်တို့ လွဲခဲ့တဲ့အကြောင်းလေးကို အမှတ်ရလို့ရေးသားလိုက်တာပါ။ စာဖတ်သူတို့လဲ အလွဲလေးတွေရှိရင် နည်းနည်းလောက်ဝေ မျှသွားနော်...

ဒီ Post လေးနဲ့တော့ မပတ်သတ်ပါဘူး ဒါပေမယ့် ပြောချင်လို့ ... အိမ်ကို ကလေးလေးတစ်ယောက်လာလည်တယ်။ ကျွန်တော်က ခပ်တည်တည်နဲ့ မေးလိုက်တယ်။ ဟေ့ကောင် မင်းက ဘယ်မှာနေတာလဲ... လို့မေးလိုက်သည်။ သူကလဲ ဖြေရှာပါတယ်. လှသိန်းထိုက်တို့ အိမ်ဘေးနားက တဲ့. ။ ဘယ်ရမလဲ ထပ်မေးတယ်။ အေးဟုတ်ပါပြီး လှသိန်းထိုက်တို့အိမ်ကဘယ်နားမှာလဲ ... .သားတို့အိမ်ဘေးမှာလေ.. တဲ့ .... ဟိုက်
စာဖတ်သူတို့ ပျော်ရွှင်နိုင်ပါစေ.

အစဉ်လေးစားလျှက်..

မျှော်လင့်သူ

3 comments:

  1. မင်္ဂလာပါ..
    မင်္ဂလာ နှစ်သစ်ပါလို့ ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။ အလွဲလေးတွေ ဖတ်ပြီး အရမ်းကို ရယ်မိပါတယ်ဗျာ။
    ကျနော့ အလွဲလေး ပြောပြအုံးမယ်။ စင်ကာပူရောက်ပြီး ၅ ရက်လောက်ကြာတော့ သူငယ်ချင်းဆီ Taxi နဲ့ အလည်သွားတယ်။ Taxi သမားက ဘယ်ကွေ့လား.. ညာကွေ့လား ကို အင်္ဂလိပ်လို Left lah.. Right lah.. မေးတာပေါ့။ အကွေ့တစ်ခုမှာတော့ သူက.. Left lah.. ဆိုလို့.. အကိုက မှန်တယ်.. ဘယ်ဘက် သွားမယ်ပေါ့.. အဲဒါကို အင်္ဂလိပ်လို YES လို့ မပြောဘဲ.. Left lah လို့ မေးတာကို ..Right လို့ ပြန်ဖြေလိုက်တာ.. ညာဘက်ကို ကွေ့သွားပါလေရော....

    link ထားမယ်နော်.. အလွဲလေးတွေ တင်တိုင်း ဖတ်ရအောင်လို့...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  2. လွဲတတ်တယ်နော်..

    ReplyDelete
  3. ကလေးလေး ဖြေတာတော့ အမှန်ပဲနော် ..း)

    ReplyDelete

Related Posts with Thumbnails