Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label ကျွန်တော့်အကြိုက်များ. Show all posts
Showing posts with label ကျွန်တော့်အကြိုက်များ. Show all posts

Sunday, May 30, 2010

ကျွန်တော်နှင့် ဖန်ခါးမြေ ( ၂ )



အထက်က ဖော်ပြထားတဲ့ပုံကတော့ ကျွန်တော်ရဲ့ Site ကို စတင်ဝင်ရောက်တဲ့ နေရာလေးဖြစ်ပါတယ်။ နောက်ခံ Background ကတော့ ရှုပ်ရှုပ်လေးဆိုပေမယ့် ကြည့်သူရဲ့ အမြင်ကိုညှို့ယူနိုင်စွမ်းရှိတယ်လို့ ယူဆတဲ့အတွက် တင်ထားဖြစ်ခဲ့တာပါ။


ဒါကတော့ ဖန်ခါးမြေရဲ့ Home Page လေးဖြစ်ပါတယ်။ ဒီအပိုင်းလေးမှာ Admin ရဲ့ စကားအချို့ကို ဖော်ပြပေးထားပါတယ်။ ဘယ်ဘက်မှာ လူတိုင်းအတွက်တန်ဖိုးရှိလှတဲ့ အချိန်အတွက်လဲ နာရီလှလှလေးတစ်လုံး( အနက်ရောင်နောက်ခံလေးထဲမှာမီးပွင့်
လေးများဖြင့် ပုံဖော်ထားသော) ကိုတင်ထားပေးပါတယ်။ ညာဘက်မှာတော့ ကျွန်တော်စာဝင်စာထွက်စစ်တဲ့နေရာလေးရယ်၊နောက် ပြီး Member တွေတင်တဲ့ Post တွေ၊ Photo တွေ၊ Videos တွေကို Approval လုပ်တဲ့နေရာလေးပါရှိပါတယ်။ အဲဒီ့ နောက်မှာတော့ About of Admin ကဏ္ဍလေးပါရှိပါတယ်။


ဒီအပိုင်းလေးမှာတော့ ငှက်ကလေးတွေပြန်နေတာကို နောက်ခံထားတဲ့ Calender လေးပါရှိပါတယ်။ သူရဲ့အောက်မှာတော့ အဖွဲ့ ၀င်တွေအားလုံး ရင်းနှီးစွာပြောဆိုနိုင်ဖို့ Chat Box လေးထားရှိပါတယ်။ အလယ်မှာတော့ ကောင် လေးနဲ့ ကောင်မလေး ဆိုတဲ့ Post လေးကို Scroll box လေးနဲ့ဖော်ပြပေးထားပါတယ်။ သူရဲ့အထက်မှာတော့ ကျွန်တော်အရမ်းနှစ်သက်တဲ့ Hero Game ကို Link လေးညွှန်းပေးထားပါတယ်။ ညာဘက်ဆုံးမှာတော့ ဒီဆိုဒ်ကလေးကိုလာ လည်တဲ့ ဘော်ဒါတို့ ဘယ်ကလာတယ်၊ ဘယ်နှစ်ယောက်လာတယ်ဆိုတာကို တွက်ချက်ပေးတဲ့ Flag Counter လေးပါရှိပါ တယ်။ သူ့ရဲ့အောက်မှာတော့ Member တွေရဲ့ ကျရောက်လာတော့ Birthday ရှင်တွေကိုဖော်ပြပေးပါတယ်။ ဆက်လက်ပြီး Admin ရဲ့ Note သဘောမျိုးအနေဖြင့် ဒီ Site ကလေးစတင်တည်ထောင်ဖြစ်တာလေးကို ရေးသားဖော်ပြပေးထားပါတယ်။


ဖန်ခါးမြေရဲ့ Members တွေအားလုံးကို Photo လေးတွေနဲ့ဖော်ပြပေးထားတယ်။ သူ့ရဲ့အောက်မှာတော့ Member တွေရဲ့ Last Activity ကိုဖော်ပြပေးထားပါတယ်။ အလယ်မှာတော့ Puzzel World နှင့် Game World ကိုဖော်ပြပေးထားပါ တယ်။ Puzzel World မှာဆိုရင် ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး နဲ့ပတ်သတ်တဲ့ ဥာဏ်စမ်းမေးခွန်းတွေကို ဖော်ပြပေးထား ပါတယ်။ Game World မှာတော့ Member တွေအပန်းဖြေကစားနိုင်ရန် အပေါ့စား Game လေးတွေကို တင်ထားပါတယ်။ ညာ ဘက်မှာတော့ IT ချစ်သူများအတွက်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အင်တာနက်ဂျာနယ်ရဲ့ သတင်းကဏ္ဍလေးတွေကိုဖော်ပြပေးထားပါ တယ်။


ဆက်လက်ပြီးတော့ ဖော်ပြပေးထားတဲ့ ကဏ္ဍလေးကတော့ Music အပိုင်း၊ Videos အပိုင်းတို့ကိုဖော်ပြပေးထားပါတယ်။ ဒီအ ပိုင်းမှာ Admin တစ်ဦးထဲမဟုတ်ပဲ Member တွေအားလုံး Upload လုပ်နိုင်အောင်ပြုလုပ်ပေးထားပါတယ်။ အလယ်မှာတော့ Photo ကဏ္ဍလေးကိုဖော်ပြပေးထားပါတယ်။ အဲဒီ့အောက်မှာတော့ Member တွေရဲ့ အရေးသားလှလှလေးတွေပါဝင်တဲ့ Blog Post ကဏ္ဍကိုတွေ့မြင်ဖတ်ရှုရမှာပါ။


ဒီအပိုင်းလေးကတော့ Forum ကဏ္ဍလေးဖြစ်ပါတယ်။ အသင်းသားတွေအားလုံး အသိပညာ၊ အတက်ပညာများကိုအချင်းချင်း မျှဝေနိုင်ဖို့အတွက်ထားရှိပေးထားတာဖြစ်ပါတယ်။


ဒီအပိုင်းလေးကတော့ International News တွေကို စုံစုံလင်လင်ဖော်ပြပေးထားပါတယ်။


ဒီ Chatting ကဏ္ဍလေးကတော့ Site ကိုခဏအလည်လာရောက်တဲ့သူတွေအသုံးပြုလို့မရပါဘူး။ အမြဲတမ်းအဖွဲ့ဝင်များသာ Chatting ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


အခုဖော်ပြထားတဲ့ ကဏ္ဍလေးကတော့ ဖန်ခါးမြေရဲ့ Member ၀င်တွေဖြစ်ပါတယ်။ အခုလို ဖန်ခါးမြေလေးမှာ Member ၀င်ပေး တဲ့အတွက် သူငယ်ချင်းတွေအားလုံးကို ဒီနေရာလေးကနေ ကျေးဇူးတင်စကားပြောချင်ပါတယ်။ ကျွန်တော်ရူးသွပ်ခဲ့တဲ့ အချိန်လေး မှာ အပျော်လေးတွေဖန်တီးပြီး သူတို့နဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တာပါ။ နောက်ပိုင်းမှာ ပျက်ကွက်ခဲ့တဲ့ ကျွန်တော့်ကို ခွင့်လွှတ် ပေးဖို့လဲ ပြောကြားချင်ပါတယ်။


ဒီနေရာလေးကတော့ ဖန်ခါးမြေ Site ကလေးပုံမှန်လည်ပတ်နိုင်ဖို့အတွက် ကောင်းကောင်း Manage မလုပ်နိုင်ခဲ့တဲ့ ကိုယ့်ပိုင် အခန်းလေးဖြစ်ပါတယ်။ အစပိုင်းက စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လုပ်ဖို့ကြံရွယ်ခဲ့သော်လည်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကောင်းစွာ မခွဲခြားတက်သေးတဲ့ ကျွန်တော် နောက်ပိုင်းမှာ ပြစ်ထားခဲ့မိပါတယ်။ သို့သော်လည်း လုံးဝအလုပ်တွေရပ်ဆိုင်းမသွား အောင် Sub-Admin များဖြစ်ကြတဲ့ ကိုပိုး နဲ့ ညီမလေးယု တို့က သူတို့တက်နိုင်သ လောက်လေး လုပ်ပေးသွားပါတယ်။ အရမ်းပဲကျေးဇူးတင်မိပါတယ်။ နောက်ပိုင်းမှာ Blog post လေးတွေပုံမှန်တင်ပေးဖို့ ညီမ လေးယုက တောင်းဆိုပေမယ့် အလုပ်ကတဖက်၊ Blogspot ကိုပြင်နေတာက တစ်ဖက်၊ စတာတွေကြောင့် ဖန်ခါးမြေလေးကို တစ်လတစ်ခေါက် ပုံမှန်မရောက်ဖြစ်တော့ပါဘူး။ သို့သော်လည်း အခုလို Ning Network တွေကို အပြီးပိုင်ပိတ်တော့မည်ဆို တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီအကြောင်းတွေကို ကိုပိုးနဲ့ ညီမလေးယု သိလဲ စိတ်မကောင်းဖြစ်ကြမှာပါ။ ဒီအကြောင်းတွေ ကိုလည်း သူတို့ဆီ Email ပို့ဖို့ စဉ်းစားထားပါတယ်။

အခုလို ဒီ Post လေးကို တင်ရတဲ့ ရည်ရွယ်ချက်လေးကတော့ နောင်တစ်ချိန်မှာ ပြန်လည်ဖတ်ရှုမိပြီး ဖန်ခါးမြေ Site က လေးကို ပြန်လည် အလွမ်းသယ်နိုင်အောင်ဖြစ်ပါတယ်။ အခုလို ဖတ်ရှုပေးတဲ့ စာဖတ်သူတို့ကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ

Sunday, May 23, 2010

ကျွန်တော်နှင့် ဖန်ခါးမြေ ( ၁ )


ကိုသက်တန့်ရဲ့ Blog မှာ ဖတ်လိုက်ရတယ်။ Ning Network တွေကို July လမှာရပ်ဆိုင်းပစ်မယ်ဆိုတော့ ရင်ထဲမှာတစ်မျိုးကြီး ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ 1 နှစ်ပတ်ဝန်းကျင်လောက်က ကျွန်တော် Site တစ်ခုမှာ အရူးအမူးဖြစ်ခဲ့ဖူးပါတယ်။ မနက်မိုးလင်း အိပ် ရာကထတာနဲ့ ဆိုင်ကိုပြေးတယ်။ Computer ရှေ့ထိုင်ပြီး အဲဒီ့ Site ထဲဝင်တယ်။ စာတွေဖတ်တယ်၊ ပြန်စာတွေရေးတယ်၊ အ သစ်ဝင်လာတဲ့ လူတွေကို မိတ်ဆက်စာပို့ပေးတယ်။ ဒီလိုနဲ့နေ့စဉ်ရက်ဆက်ပေါ့။

အဲဒီ့ Site မှာက အဆင့်ကန့်သတ်ချက်လေးတွေရှိတယ်။ Admin က သူတို့မိသားစုကလွဲပြီး ကျန်တဲ့ Members တွေကို တင်တဲ့ Post အနည်းများပေါ်မူတည်ပြီး လူတွေစိတ်ဝင်စားမဲ့ အဆင့်လေးတွေပေးသွားတယ်။ ကျွန်တော်အရင်က Social Network နဲ့ ပတ်သတ်လို့ Tagged နဲ့ Facebook ပဲအသုံးပြုခဲ့တယ်။ သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးမူကြောင့် ကျွန်တော်ရောက်သွားခဲ့ တယ်။ ၀င်ခါစဆိုတော့ သိပ်လဲစာမရေးဖြစ်သေးဘူး၊ ကိုယ်ပိုင်စာမျက်နှာလေးပေးထားတော့ ပြုပြင်လို့ရတယ်။ အလှဆင်လို့ရတယ်။ နဂိုကတည်းက စူးစမ်းစိတ်ရှိတော့ အရမ်းကိုပျော်သွားခဲ့တယ်။ ဘယ်လိုပြင်မလဲဆိုတာ စာတွေလိုက်ရှာဖတ်တယ်။ ပြင်ကြည့်တယ်၊ မရရင် Site ထဲကိုယ့်ထက်အရင်ရောက်နေတဲ့သူတွေကို အကူညီတောင်းတယ်။

နောက်ပိုင်းမှာ စာရေးတဲ့ဘက်ကို ရောက်လာတယ်။ စာအုပ်တွေအသဲမဲဖတ်တယ်။ အဲဒီ့စာအုပ်တွေထဲက ကောင်းနိုးကောင်းရာလေး တွေကို မှီငြမ်းပြီး ကိုယ်ပိုင်ဟန်လေးနဲ့ စာရေးခဲ့တယ်။ Post လေးဘယ်နှစ်ခုရရင် ဘယ်အဆင့်လေးရောက်လိုက် ပျော်လို့ပေါ့။ အသစ်တွေရောက်လာရင်လဲ မိတ်ဆက်စာလေးတွေပို့ပေးတယ်။ စာရေးစာဖတ်အပြင် HTML တို့ BBcode နောက်ပြီး CSS တို့ နည်းနည်းသိလာခဲ့တယ်။ ရာထူးလေးလဲ အသင့်တင့်ရောက်လာခဲ့တဲ့တစ်နေ့ Admin ဆီက စာတစ်စောင်ရောက်လာခဲ့တယ်။ သတိပေးစာထက် ချိန်းခြောက်စာဆိုပိုမှန်တယ်။ ကျွန်တော်ဆိုရင် သူ့ရဲ့ Site ကိုတစ်နေ့ 10Hours ပတ်ဝန်းကျင်လောက်သုံး နေခဲ့တာ ၊ ဒါပေမယ့် သူကျွန်တော့်အပေါ် respect မရှိခဲ့ဘူး။ ရောက်လာတဲ့စာမှာ ရေးထားတာက ကျွန်တော်က ကလုံးပို့စ် တင်နေတယ်။ ဒါရပ်တန်းက ရပ်ပါ။ မဟုတ်ရင် Member အဖြစ်ကနေထုတ်ပယ်မယ်တဲ့။

ကျွန်တော်တော်တော်လေး ဒေါကန်သွားတယ်။ ဒါနဲ့ ကျွန်တော် Admin ကိုပြန်ပြောတယ်။ ကျွန်တော်ကူးချတဲ့ဆိုတဲ့ Post ကို ပြပါ။ ကျွန်တော်မှားနေရင် ထွက်သွားတယ်ဆိုတော့ ။ နောက်ဆုံးမှာ အသစ်ဝင်လာတဲ့ Member တွေကို ပို့ပေးတဲ့နှုတ်ဆက်စာ တွေတဲ့။ တော်တော်ပေါက်ကွဲသွားတယ်။ အလုပ်မရှိအလုပ်ရှာပြီး လာပြောနေတယ်။ ဒါနဲ့နောက်ပိုင်းမ၀င်တော့ဘူး။ Sub-Admin တစ်ချို့က ပြန်လာဖို့အကြိမ်ကြိမ်ခေါ်ပါတယ်။ တော်တော်လေးစိတ်နာသွားတယ်။ ဆက်တိုက်သုံးနေတော့ မ၀င်ဖြစ်တော့ ယောင် ပေပေလေးဖြစ်နေတယ်။ ဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ Ning Site မှာဝင်ကြည့်ဖြစ်တယ်။ ဒီစာတန်းလေးကိုတွေ့တယ် Create a Ning Network ။ ဒါနဲ့စူးစမ်းချင်တာကတစ်ကြောင်း အစ်ကိုတို့က မင်း စာရေးဝါသနာပါတာပဲ လုပ်ပေါ့ဆိုတာနဲ့ စတင်ပြီးလုပ်ဖြစ်သွားခဲ့တယ်။ နာမည်လေးစဉ်းစားတော့ ဖန်ခါးမြေ ဆိုတဲ့နာမည်လေး သဘောကြသွားတယ်။



အပေါ်ကLinkလေးကတော့ ကျွန်တော့်ရဲ့ Ning Site ကလေးကိုဝင်တဲ့လင့်ခ်လေးပါ။ www.phankharmyay.ning.com ပါ။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ပထမဆုံးကိုယ်ပိုင် Site လေးဖြစ်လာတယ်။


ဆက်လက်ဖော်ပြပါဦးမည်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Thursday, March 4, 2010

Baby Paint










စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Tuesday, January 19, 2010

တပတ်အတွင်း ကြိုက်နှစ်သက်သော Blog Post များ


ဒီတစ်ပတ်အတွင်း ကျွန်တော်နှစ်သက်တဲ့ Blog Post လေးတွေကို ဖော်ပြလိုက်ပါတယ်။ စာဖတ်ရမယ်ဆိုရင် မပျင်းခဲ့တဲ့ ကျွန်တော် Blog တော်တော်များများကို သွားရောက်ဖတ်ရှုခဲ့ပါတယ်။ တော်တော်လေးကို ကဏ္ဍစုံပါတယ်။ မအားလပ်တဲ့အချိန်ကြားက ရေးကြရ တဲ့ Blog Posts တွေ အားလုံးနီးပါးကလဲ ဖတ်ရတာကောင်းမွန်လှပါတယ်။ အခုဖော်ပြလိုက်တဲ့ Post လေးတွေကတော့ ဗဟုသု တရဖွယ်ရာ၊ အသိပညာတိုးဖွယ်ရာ၊ လူမှုဘ၀ထဲက တမူထူးခြားနေတာလေးတွေဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်း ကျွန်တော်ကြိုက်နှစ် သက်တဲ့ Blog Posts 3 ခုကတော့.

ဗုဒ္ဓဥာဏ်တော်ကို ဝေဖန်သော ဘာသာခြား

ဘာသာခြားတစ်ယောက်က ဆရာတော်တစ်ပါးအား မေးလာသောမေးခွန်းတစ်ခုမှာ ဗုဒ္ဓဘာသာတိုင်း ကြိုသိထားသင့်သဖြင့် ဖော်ပြ လိုက်ရပါသည်။
ဒကာ ။ ။ ဆရာတော် ၊ ဆရာတော်တို့ဗုဒ္ဓဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန် သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာ တဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက် သာသနာပြုပြီး ဖျက်ဆီးကြလိမ့်မည်လို့ ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်သိတယ်ဆိုရင်လည်း ဒီအကြောင်းတွေ ဟောခဲ့ရမယ် ။ အခု မဟောခဲ့ပုံကိုထောက်သောအားဖြင့် ဒီအကြောင်းတွေဖြစ်လာ
မယ်ဆိုတာ မသိလို့ဆိုတဲ့ သဘော သက်ရောက်မနေဘူးလား ဘုရား ။ ..Read More..

မေးခွန်းလေး (၂)ခု

ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို "အေဂျင့်တစ်ခုက လေ့လာဆန်းစစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ" လို့ ပြောတယ်။ အမေးအဖြေ ဖြေရတာက စာသင်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားတွေအသီးသီး စာရွက်ယူပြီး ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ မေးခွန်းနှစ်ခုမေးထားတယ်။ ..Read More..

ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး (အပိုင်း ၂)


တကယ့်ကို ကျောင်းကားဖြစ်ပါတယ် ။ မယုံမရှိပါနဲ့ ။ ကျောင်းသား ၂၀ လောက်ကို အသာလေး ဆန့်ပါတယ်တဲ့ ။ ..Read More..

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...

မျှော်လင့်သူ

Thursday, December 17, 2009

The Best Goal of Chelsea FC (2006-07)

စာရေးသူ ကျွန်တော်ဟာ နိုင်ငံခြားဘောလုံးပွဲတွေကို စတင်အားပေးခဲ့တဲ့အချိန်ကစပြီး Chelsea FC ကို တစိုက်မက်မက်အားပေးလာ ခဲ့တာပါ။ အားပေးခါစ အချိန်တုန်းက Chelsea ပွဲတွေဆိုရင် သိပ်မကြည့်ခဲ့ရပါဘူး ။ အိမ်ကလဲ ဘောပွဲဆို ငယ်သေးတော့ ပေးမလွတ်ဘူး ဒါပေမယ့် PS2 ကစားတိုင်း Chelsea အသင်းပဲကစားတယ်။ Result တွေလဲ နားထောင်ခဲ့တယ်။ Chelsea ပွဲဆိုရင် လည်ပင်းလေးရှည် နားလေးထောင်ပြီးသားပဲ။ အခု ဒီ Post လေးမှာ 2006 - 2007 ရာသီ အကောင်းဆုံး Goal တွေကို youtube ကနေဆွဲပြီး ၀ါသနာတူ ဘော်ဒါတွေအတွက် တင်ထားပေးပါတယ်။




မျှော်လင့်သူ
Related Posts with Thumbnails