Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label အမှတ်တရ နေ့ရက်များ. Show all posts
Showing posts with label အမှတ်တရ နေ့ရက်များ. Show all posts

Tuesday, March 2, 2010

During Two Days


ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့ပဲ Post တင်ဖို့တောင် အချိန်မရဖြစ်နေတယ။် စာအုပ်လဲ မဖတ်ဖြစ်၊ ဘလော့ဂ်တွေလဲ လိုက်မဖတ်ဖြစ် တာ တော်တော်တောင်ကြာနေပြီ။ ထိုင်သုံးဖို့ကို အချိန်မရာဖြစ်နေတာ။ ဆိုင်ပြောင်းဖို့အတွက် သိမ်းရပြုရ လုပ်နေရတယ်။ တနလာင်္ နေ့က မနက်စောစော ဘုရားတက်ဖြစ်တယ်။ ညကလဲ အိပ်ရာဝင်က နောက်ကျနေတော့ မနက်မေမေလာနိုးတာ တန်းမနိုးဘူး အိပ် ရှင်မူးတူးဖြစ်နေတာ ။ ဒါနဲ့ အိပ်ရာထ ဘုရားသွား ။ ဘုရားရင်ပြင်ပေါ်ရောက်တော့ အစ်ကိုတို့ မရောက်သေးဘူး ။ တံမြက်စည်းကလဲ မပါလာတော့ လှည်းလေးတွန်းပြီး ဘုရားပန်းအိုးတွေ လိုက်သိမ်းတယ်။ နောက်ပြီး ပန်းလဲကူပေးတယ်။ ပန်းအိုးတွေ ပြန်ချပေးတယ်။

ဘုရားက ပြန်လာတော့ အစ်ကိုတို့နဲ့ မနက်စာတူတူစားဖြစ်တယ်။ နောက်ပြီး မေမေကို ဈေးခဏလိုက်ပို့လိုက်တယ်။ ဈေးကပြန်ရောက် တော့ ဆိုင်ကိုသွားရတာ။ ဆိုင်သိမ်းဖို့ ပြင်ရဆင်ရမယ်။ ဆိုင်ရောက်တာနဲ့ ဖြုတ်ဟသိမ်းဟနဲ့ နေ့လည်ထမင်းစားချိန်ရောက်သွားတယ်။ ကျွန်တော်ရယ် အစ်ကိုရယ် ထမင်းသွားစားတယ်။ နှစ်ယောက်ကို 10000 ကျပ်ကျတယ်။ ဟဲဟဲ မဖြစ်နိုင်ဘူးမပြောနဲ့နော် ။ တကယ် ကျတာ ။ ဖြစ်ပုံက ဒီလိုဗျ။ ကျွန်တော်တို့ ဆိုင်သုံးတဲ့ မီးကြိုးတွေ ရောင်းဖို့ အသိအစ်ကိုတစ်ယောက်က သူသိတဲ့ ဘုန်းကြီးကျောင်း တစ်ခုကို ချိတ်ပေးတယ်။ ကဲ ရောင်းမယ်ပေါ့ ။ ပြန်ရောက်မှ ထမင်းစားမယ်ပေါ့ ။ ဒါနဲ့ သွားတော့ ဟိုရောက်တော့ ဆရာတော်ဘုရား က ဒကာလေးတို့ ဆာရောပေါ့ ။ ထမင်းစားချည်တဲ့ ။ တော်ပါပြီ ဘုရားဆိုတာလဲ မရဘူး။ သုတ်လိုက်တယ်။ ငါးခြောက်ကြော်နဲ့ ပဲကြီးဟင်းချို ဇွတ်မျိုချလိုက်တယ်။ စားပြီးတော့ ဆရာ တော်ဘုရားနဲ့ ဈေးပြောတော့ ဘုန်းဘုန်းက ဈေးဆစ်တယ်။ ဒါအောက်ဆုံးဈေးပါပဲ ဒီအတိုင်းပဲပေးလိုက်ပါဘုရားလို့ပြောတယ်။ နောက်ဆုံးတော့ အောက်ဆုံးဈေးအောက် 10000 လျော့ပေးလိုက်ရတယ်။ တွေးမိလိုက်ပါတယ် ကျွန်တော်တို့ တနပ်က 10000 တန်တယ်လို့ ။ ဟိဟိ ကန်တော့ပါဘုရား။

ပြန်ရောက်တော့ ခဏလောက်နားလိုက်ကြတယ်။ ဗိုက်တင်းရင် အလုပ်မလုပ်ဘူးနော်း) ရေမိုးချိုးပြန် ပြန်ရောက်တော့ မနက်က ဖြုတ်ထားတဲ့ စက်တွေအားလုံးကို လေမှုတ်စက်နဲ့ မှုတ် တိုက်ချွတ်ပေါ့။

ဒီလို ဒီလိုတိုက်ချွတ်ရတယ်


ပြီးတော့ ဒီလိုစီတယ်


ဒီလို ထောင်ထားတယ်

အားလုံး တိုက်ချွတ်ပြီးတော့ နားလိုက်ကြတယ်။ 10 နာရီကျော်နေပြီလေ။ မနက်ကျမှ ဆက်သိမ်းတော့မယ်။ ဒါနဲ့ မနက်ရောက် တော့ တိုင်ကီထဲလဲ ဆီနည်းနေတာနဲ့ ဆီပုံးလေးနဲ့ ဆီစာအုပ်လေးကိုင်ပြီး ဆီဆိုင်သွားတယ် ။ ဟဲ့ အရောင်းဆိုင်က ပိတ်တယ်ဟ။ ဟုတ်သားပဲ ဒီနေ့ တောင်သူလယ်သမားနေ့ ရုံးပိတ်ရက်ပဲ။ ဒါနဲ့ဆိုင်ဘက်ထွက်ခဲ့တယ်။ မနက်စာစား ဘာစားနဲ့ မွန်းတည့်သွား တယ်။ မနေ့က တိုက်ချွတ်ထားတဲ့ စက်တွေအားလုံးကို သူ့ပုံးခွံနေနဲ့သူ ပြန်ထည့်တယ်။



အားလုံးတက်ညီလက်ညီ သိမ်းလိုက်ကြ ကားနဲ့ရွှေ့လိုက်နဲ့ ညနေစောင်းသွားတယ်။ အားလုံးပင်ပန်းကြပေမယ့် တက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင်နဲ့ဆိုတော့ ပင်ပန်းရိပ်တောင် သိပ်မမြင်ရကြဘူး ။ အားလုံးပြီးတော့ လ္ဘက်ရည်ဆိုင်သွားတယ် စားကြသောက်ကြ တယ်။ နောက်ပြီး ရေချိုးဖို့ ကမ်းနားက အစ်ကိုတို့ အိမ်ကိုသွားတယ်။ မြစ်ထဲမှာ လူငယ်တွေ ရေကစားနေကြတာတွေ့တော့ ပင်လဲ ပင်ပန်းတာနဲ့ ရေကူးပြီး ဇိမ်ခံဖို့တွေးလိုက်တယ်။ ဒါနဲ့ အားလုံးရေသွားကူးကြတယ်။ ကူးစမရှိတော့ အရမ်းလဲ မောတယ် ခေါင်း တွေနားတွေ ကိုက်လာတယ်။ ဒါနဲ့ ပြန်တက်နွေးနွေးထွေးထွေးလေး ၀တ်ပြီး ဆိုင်ပြန်လာတယ်။ ဆိုင်မှာက စက်ကနှစ်လုံးပဲ ဆင် ထားတာရှိတော့တယ်။ လုသုံးရတယ်း) ပြီးတော့ ထမင်းသွားစားတယ်။ ပြန်ရောက်တော့ ဒီအကြောင်းလေး ရေးချင်တာနဲ့ ထိုင် ရေးဖြစ်တယ်။ နာရီကြည့်တော့ 10 နာရီခွဲပြီ။ ကဲ ကျွန်တော့်အကြောင်းဖတ်ရတာလဲ ပျင်းရောပေါ့။ နားတော့မယ်နော်.
( သြော် ဒါနဲ့ နောက်ရက်တွေ ကျွန်တော်အွန်လိုင်းပေါ် အလာကြဲမယ်နော်. မျှော်နေမယ့်သူတွေ ကျေးဇူး )
စာဖတ်သူတို့အား အစဉ်လေးစားလျှက်.

မျှော်လင့်သူ

Sunday, February 14, 2010

Valentine နှင့် တွေ့ဆုံခြင်း



မနေ့က ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၉၅ နှစ်မြောက်မွေးနေ့ကို မမေ့ခဲ့သလို ဒီနေ့ ချစ်သူများနေ့ ( Valentine's Day ) မှာလဲ ပျော်ရွှင်မိခဲ့ပါတယ်။ အချစ်က ဘယ်လိုပုံကြီးလဲ ပြောဆိုဖို့ အဓိပ္ပာယ်အမျိုးမျိုးရှိတဲ့အထဲမှ ကျွန်တော်ရဲ့ ဘာသာ ဗေဒအရ အချစ်ကို ဘာသာပြန်ရရင် အချစ်ဆိုတာ.. အချစ်ပေါ့ဗျာ. ဟုတ်ဘူးလား တရားနာပရိတ်သတ်.အဲ စာဖတ်သူအပေါင်းတို့ရေ...

သူ့ဟာသာ ရင်ထဲမှာ ပေါက်ဖွားလာပြီး သနေ( ကျွန်တော့် PC မှာ အောက်က ဓ ရိုက်မရတာကြောင့် ဖြည့်စွက်ဖက်ပါခင်ဗျာ :P ) တည်ဖြစ် တည်လာတာကို ကျွန်တော်တို့တွေက အဓိပ္ပာယ်တွေဖွင့် မှတ်ချက်တွေပေးနဲ့ ခေါင်းရှုပ်လွန်းလို့ပါဗျာ. ဒီတော့ အချစ်ကို အချစ် လို့ပဲမှတ်။ ဟုတ်တယ်ဟုတ်။ ဒီညတော့ ကျွန်တော်နည်းနည်းလေးမူးနေလို့ ခွင့်လွှတ်နော် ။ ဆက်ဖောမယ် ( အဲ ဆက်ပြောမယ် )..

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် ၊ ချစ်သူများနေ့တဲ့ ။ ဟုတ်တယ်လေ ချစ်သူများနေ့ ။ ဘာကြောင့်ဖြစ်လာသလဲတော့ ကျုပ်လဲသေချာမပြော တက် ။ ကျွန်တော်မမွေးခင်ကတည်းက ရှိတာဆိုတော့ ရမ်းသမ်းမှန်းသမ်းလဲ မပြောချင်တာက ပါတယ်လေ။ တစ်ချို့ကတော့ ပြောပါ တယ်။ Valentine ဆိုတာ ခရစ်ယာန် ဘုန်းတော်ကြီး နာမည်တဲ့ ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ ဟိဟိ ကျွန်တော်သိတာတော့ အဲနေ့ အ တွဲတွေ မြို့ထဲမှာ ပြည့်နေတာပဲ။

ဒီနေ့အကြောင်းလေး နည်းနည်းပြောမယ် ရစ်တယ်တော့မထင်နဲ့ ။ (မူးရင် နည်းနည်းတော့ရစ်ချင်တယ် )။ တနင်္ဂနွေနေ့ မနက်ဆိုပုံမှန် 10နာရီလောက်မှထတယ် ။ အပျင်းထူတာမဟုတ်ဘူးနော် ( တာဝန်အရ ကိုရီးယားကား ညနက်အောင် ကြည့်မိလို့ ) ။ မနက်ကြ နောက် ကျတယ်။ ဒီနေ့ အစောထဖြစ်နေတယ် ။ဘာရယ်မဟုတ်ဘူး မျက်နှာမသစ်သေးပဲ မေမေချက်ပြုတ်နေတဲ့ဘေး ထထိုင်နေလိုက်တယ်။ မေမေက သားအစောကြီးဘာလို့ထတာလဲ အခုမှ ၈ နာရီခွဲပဲရှိသေးတယ်။ ရွဲ့တာလား ၊စောင်းတာလာတော့မသိ (မေမေကန်တော့နော်) ပြောတယ်။ တော်ပါပြီ ပြန်မအိပ်တော့ပါဘူး ။ သားအမိနှစ်ယောက်ထဲ ရှိတာသိပ်မကြည် ။ ဟိုတစ်နေ့က မြို့ထဲ ဆံပင်သွားညှပ်တာ ၊ မေမေပါလာတယ် ။ ဆံပင်ညှပ်တော့ ဘေးက မေမေက ပြောနေတယ်။ ကျွန်တော်က ဆံပင်ကောက်ချင်တယ်။ မေမေက လက်မခံ၊ ဆိုင် ကလဲ တိုသေးတယ်တဲ့ နည်းနည်းစောင့်ရမယ်တဲ့။ ဒါကြောင့် မစောင့်ရင်လဲ မောင်လေးပြောတဲ့ပုံစံညှပ်ပေးမယ်တဲ့...။

ကျွန်တော်လဲ မစောင့်တော့ပါဘူး ။ ညှပ်လိုက်မယ် ။ မေမေ့ အကြိုက်အစ်မလဲ သိတာပဲ ညှပ်လိုက်ပါဗျာ။ ကျွန်တော်လိုချင်တဲ့ပုံစံမရရင် နေပါစေ။ နားပူလွန်းလို့ပါ လို့ပြောလိုက်တာ မေမေကြားသွားတယ်။ စိတ်တိုပြီး ပြောပါလေရော ။အပြန်ဆိုင်မှာနေခဲ့လေရဲ့ ။ ကျွန်တော့် ဆိုင်ကယ် မစီးဘူးတဲ့ ။ ဆိုင်က တစ်ယောက်လိုက်ပို့ခိုင်းတယ် ။ ဒါနဲ့ ဒီရက်ပိုင်း ပြန်ချော့နေရတာ မေမေ့ကို။ အဲလိုဗျ ....

မေမေနဲ့ စကားခဏပြော မျက်နှာသစ် ကိုယ်လက်သက်ပြီး ဆိုင်ဘက်ထွက်ခဲ့တယ် ။ ညက Edit လုပ်ထားတာကို DVD Burn လိုက်တယ်. ပြီးတော့ သူငယ်ချင်း ယောက္ခမကြီးက လက်ဘက်ရည်သောက်လာခေါ်တယ်။ လိုက်တာပေါ့ဗျာ ဒကာကြီးပဲကို။ ဒါနဲ့ သူငယ်ချင်းနှစ် ယောက် လက်ဘက်ရည်သောက်ထွက်ရင်းနဲ့ KM SuperMarket ဘက် တချက်ဝင် ငမ်းစရာလေးငမ်း ၊ သူ့မဒီလေးအတွက် ချောက လက်လေးဝယ် ၊ ပြီးတော့ Go ပေါ့။ လေပေါနေလိုက်တာ နေ့တ၀က်ကျိုးသွားတယ် ။ ဒါနဲ့ အိမ်ကိုပြန်ကြတယ်။

မေမေနား ခဏကပ် ဟိုပြောဒီပြောပေါ့ ။ Target ကတော့ မုန့်ဖိုးပေါ့ ။ ရတော့ ဘောင်းဘီတိုလဲ ဘော်ဒါအိမ်ဘက်သွားလည်တယ်။ TV ကြည့်တယ်။ အပြင်ထွက် ၀ယ်စရာရှိတာဝယ်တယ် ။ လက်ဘက်ရည်သောက်တယ်။ ၄ နာရီထိုးရော ။ဒါနဲ့ အိမ်ကိုပြန် ရေမိုးချိုးပြီး ဆိုင် ဘက်ကိုပြန်သွားတယ်။ ဘော်ဒါကိုတော့ ဘုရားပေါ်ရောက်မှတွေ့မယ်လို့ပြောထားလိုက်တယ်။

ညနေဘုရားဘက်သွားတော့ ဆိုင်ကယ်အပ်တဲ့နေရာမှာပဲ တိုက်တိုက်ဆိုင်ဆိုင်တွေ့တယ်။ ဒါနဲ့ ကျွန်တော်တို့ ဘုရားရင်ပြင်တော်ပေါ်တက် တယ် ။ သူတို့ ဘုရားရှင်ခိုးတော့ ကလေးလေးကို ကူထိမ်းပေးတယ်။ လူတွေစည်လိုက်တာဗျာ နှမ်းစိကို လက်နဲ့ဆုပ်ပြီး ပက်ထားသလား အောက်မေ့ရတယ် (ဘာမှတ်လဲ လှတော့သားစကားကြွယ်ပုံတွေဖတ်နေတာ ) ဒါနဲ့ ရင်ပြင်တော်ပေါ်ဟိုပတ် ဒီပတ်ပြီးတော့ ကျွန်တော်တို့ KM ကိုသွားပြီး ညနေစာစားကြတယ်။ ဟင်းတွေကလဲ စုံနေတာပဲ ။ စားကြရင်း သူငယ်ချင်းကြီးက ဆိုကျူသောက်ရင် ကောင်းမလားတဲ့။ အေး ချကွာ ဆိုပြီး ကျွန်တော်တို့နှစ်ယောက် အောက်ဆုံးထပ်သွားပြီး ဆိုကျူသွားဝယ်တယ် ။ပြန်ရောက်တော့ ဖန်ခွက်မှာ တစ်ယောက် တစ်ခွက်စီငှဲ့ပြီး သောက်ကျတယ်။ ကောင်းလိုက်တာဗျာအေ့.. ( ဟိဟိ )

ပူလိုက်တာဗျာ ရင်ခေါင်းထဲမှာ ။ ဒါပေမယ့် ကျိတ်မှိတ်သောက်တယ် (ကိုရီးယားရူးရူးနေတာကိုး ) ။ ခဏလောက်စကားထိုင်ပြောကြ တယ်။ ပြီးတော့ လမ်းခွဲပြီး သူတို့လဲပြန်တယ်။ ကျွန်တော်တို့လဲ ကမ်းနားတစ်ပတ် လေညှင်းခံရင်း ဆိုင်ကယ်ပတ်စီးကြတယ်။ မြို့ထဲလူ စည်ကားတာ ဒီတစ်ခါတော့အတိုင်းထက်အလွန်ပေါ့ ။ မျက်နှာချင်းဆိုင်လာတဲ့ ဘီးအချင်းချင်း လက်ကိုင်မချိတ်မိအောင်ကို သတိထား ရတယ် ။

ဒါကတော့ ကျွန်တော့်ရဲ့ Valentine's Day အမှတ်တရလေးပေါ့ ။ ပျော်ရွှင်ခဲ့ပါတယ်ဗျာ. ။ စာဖတ်သူတို့လဲ ပျော်ရွှင်ခဲ့တယ်မလား ။အ တိုင်းထက်အလွန်ပေါ့ဗျာ ဟုတ်ဘူးလား .. (ဟုတ်ပါတယ်) ဆိုင်ပြန်ရောက်တော့ စိတ်ကူးလေးထဲက အတိုင်း Post လေးတစ်ခုတင်မယ် စိတ်ကူးထားတဲ့အတိုင်း ဒီ Post လေးကို ရေးနေတယ် ။ တ၀က်ရောက်တော့ မီးပျက်သွားတယ်။ ဟဲဟဲ ပြန်လာတော့ ပြန်တင်တာပေါ့ ဗျာ။ ကဲကဲ မင်္ဂလာ ညနေခင်းပါဗျာ .. အမှတ်တရလေး ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ

Tuesday, January 12, 2010

ဂုဏ်ယူဖွယ် ချစ်ညီလေး

ညီလေး တက်ရောက်နေသော ကျောင်းတော်ကြီး

အေးချမ်းလှသော အညာဆောင်းတွင်းလေးဟာလဲ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာခဲ့လေပြီ။ ပထမနှစ်ကျောင်းဆင်းလို့ အိမ်၌ခွင့်ပြန်နားနေ သော ညီလေးလဲ ပြန်ဖို့ခွင့်ရက်စေ့ခဲ့ပြီ။ အချိန်တွေဟာ အကုန်မြန်သယောင်တောင် ထင်ရသည်။ သူကျောင်းတက်နေတုန်းက ပြန်လာဖို့ရက် တွက်ရင် ဝေးနေခဲ့သည်။ အခုကြတော့လဲ ခွင့်ရတဲ့ 1 လက မျက်စိရှေ့တွင် ကုန်ဆုံးသွားခဲ့ပြီ။ ဒါပေမယ့် သူပြန်လာနေတဲ့အချိန်လေးတွေမှာ မိသားစုလေး၏ ကြည်နူးရိပ် ၊ ရယ်သံများဖြင့် အိမ်ကလေးမှာစိုပြေနေခဲ့သည်။

ကျွန်တော်တို့ မိသားစုက အင်အားအရမ်းနည်းသည်ဆိုရမည်။ ဖေဖေဆုံးပြီးတဲ့နောက် မေမေရယ် ၊ ညီလေးရယ် ၊ ကျွန်တော်ရယ် သုံး ယောက်နေခဲ့ကြရာ အခုသူကျောင်းစတက်ကတည်းက မေမေနှင့်ကျွန်တော် နှစ်ယောက်ထဲနေဖြစ်တော့သည်။ ကျွန်တော်ကလဲ နေ့ရောည ပါအိမ်သိပ်မကပ်နိုင် ။ အလုပ်ချိန်များနှင့် အပြင်မှာသာ အချိန်ကုန်နေခဲ့သည်။ အမေတစ်ယောက်ထည်း အိမ်မှာနေဖြစ်ခဲ့သည်။ ညီလေး ရောက်လာတော့ မေမေတစ်ယောက် အဖော်ရပြီး ပျော်ရွှင်နေခဲ့သည်။ သားငယ်လေးဖို့ မိုးလင်းကတည်းကတိုင်း မိုးချုပ်တဲ့အထိ မပင်ပန်း နိုင် ချက်ပြုတ်ကျွေးလိုက် ၊ လျှော်ဖွတ်ပေးလိုက် ၊ စကားတွေပြောနေလိုက်နှင့်. အချိန်တွေကုန်လွန်ခဲ့တာ ပြန်ဖို့ရက်တောင် ရောက်လာခဲ့ သည်။

မေမေစိတ်ကောင်းနိုင်မည်မဟုတ် ။ ကျွန်တော်လဲ စိတ်မကောင်းဖြစ်ရသည်။ မိသားစုလေး ခြောက်ကပ်သွားမှာကို စိုးရိမ်မိသည်။ အိမ်က လေးစိုပြေအောင် အစွမ်းကုန်ကြိုးစားမယ်လို့လဲ ကျွန်တော်စိတ်ကူးမိပါသည်။ မေမေတစ်ယောက် စိတ်မကောင်းဖြစ်ရပေမယ့် သားငယ် ရှေ့မှာ မျက်ရည်မကျခဲ့ပါဘူး ။ သားငယ်ရှေ့ရေးကောင်းစားဖို့အတွက် ခွဲနေရတယ်ဆိုတာကို သေချာသဘောပေါက်နားလည်ထားသော မိခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ ဖေဖေ မေမေတို့ရဲ့ ရည်မှန်းချက်အပြင် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အပြည့်ဝယုံကြည်စိတ်ဖြင့် လျှောက်လှမ်းနေသော ညီလေးအတွက်လဲ ဂုဏ်ယူမိပါတယ်။ ကျွန်တော်မလုပ်ခဲ့နိုင်တာကို သူက ဖြစ်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။

ဒီမပြန်ခင်ရက်ကလေးမှာ ကျွန်တော်တို့ စိတ်ပူစရာနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ယမန်နေ့က အိမ်ကို တပ်မဌာနချုပ် စစ်ဦးစီးရုံးမှ အကြပ် တစ်ယောက် အိမ်ကိုရောက်ချလာသည်။ မေမေ့အား ရုံးခဏလိုက်ခဲ့ဖို့ပြောပါတယ်။ မေမေလဲ မီးဖိုချောင်ထဲမှ အ၀တ်စားလေးလဲခါထ လိုက်သွားသည်။ ဟိုရောက်တော့ အရာရှိများ ရုံးထဲမှထွက်လာပြီး အမကြီး ဗိုလ်လောင်းကိုဘယ်လွတ်သေးလဲ ဟု စိုးရိမ်နေတဲ့ စိတ်ဖြင့် မေးမြန်းကြသည်။ မေမေတောင်ကြောင်သွားခဲ့သည်။ ပြီးတော့မှ တာဝန်ရှိ ဗိုလ်မှုးက သေချာပြောပြသည်။ စစ်တက္ကသိုလ်မှ ကြေးနန်းဝင်ကြောင်း ၊ ရန်ကုန်တစ်ဝိုက်တွင် ဗိုလ်လောင်းအမှတ် .... ဗိုလ် လောင်း ...... ကား Accident ဖြစ်၍ ရန်ကုန် မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ တင်ထားကြောင်း ၊ အခု ထိုစစ်ဆေးရုံကြီးမှ စစ်တက္ကသိုလ်သို့ သတင်းလှမ်းပို့၍ အခုလို သက်ဆိုင်ရာ စစ်ဌာနချုပ်သို့ သတင်းလှမ်းပို့တာဖြစ်ကြောင်း ပြောပြသည်။ ထိုအခါမှ မေမေက မဟုတ်ကြောင်း ဗိုလ်လောင်းက အိမ်မှာသာဖြစ်ကြောင်း ၊ ကျောင်းတော်က လွဲနေတာဖြစ်ကြောင်း ၊ ဗိုလ်မှုးတို့အနေနဲ့ ပြန်လည်သတင်းပို့ပေးစေလို ကြောင်းပြောကြားပြီး ပြန်လာခဲ့သည်။

ညနေလောက်တွင် ရုံးမှ တာဝန်ရှိသူတစ်ဦး ပြန်လည်ရောက်ချလာပြန်သည်။ ထိုအခါ ညီလေးလဲ ယူနီဖောင်းလဲကာ မေမေနှင့် ရုံးကို လိုက်သွားခဲ့သည်။ ရုံးရောက်တော့ စစ်တက္ကသိုလ်မှ ဖုန်းမှာ အချိန်ပြည့်လာနေကြောင်း ၊ ကျွန်တော်တို့ တာဝန်မှုးတွေတောင် ရှင်းပြတာ ကိုမယုံကြောင်း ၊ ကျောင်းမှ တာဝန်ရှိသူများက စိတ်ပူနေကြောင်း ၊ ဗိုလ်လောင်းကိုယ်တိုင် သတင်းပို့ပေးစေလိုကြောင်းပြောကြားသည်။ ထိုအခါ ညီလေးက ကျောင်းသို့ဖုန်းခေါ်ပြီး သေချာရှင်းပြလိုက်သည်။ အမှန်မှာ ကား Accident ဖြစ်ခဲ့သည့် ဗိုလ်လောင်းမှာ ညီလေးနှင့် နာမည်တူဖြစ်နေခဲ့သည်။ နောက်ပြီး တပ်ခွဲနံပါတ်ချင်းတူကာ တပ်ရင်းသာကွဲခဲ့သည်။ နောက်ပြီး BC နံပါတ်မှာလဲ ကျောင်းတုန်းကလွဲနေ ခဲ့ရာ ကျောင်းဆင်းလို့ ပြန်လာခါနီးမှ တည့်ခဲ့ရသည်။ ထို့အပြင် ထပ်ပြီး တိုက်ဆိုင်နေသည်မှာ အဖေနာမည်ပင် တူနေခဲ့လေသည်။

ဗိုလ်လောင်း နာမည် ၊ တပ်ခွဲ ၊ အဖေနာမည် ၊ နောက်ပြီး ဗိုလ်လောင်းအမှတ် အားလုံးက တိုက်ဆိုင်နေခဲ့သည်။ ထို့ကြောင့်လဲ ကျောင်း တော်မှ စိတ်ပူပြီး အကြိမ်ကြိမ်ဖုန်းဆက်ပြီး မိဘတွေကို ဆက်သွယ်နေချင်းဖြစ်သည်။ တကယ်ဖြစ်ခဲ့သော ဗိုလ်လောင်းအခြေနေကို ကျွန် တော်တို့ မသိခဲ့ရပေ။ သို့သော် အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ သိရသည်။ သို့သော် ကျောင်းစာတွေမှီနိုင်အောင်က ကြိုးစားရပေ တော့မည်။ ညီလေးလဲ ပထမနှစ်တက်တုန်းက ပြင်ဦးလွင်စစ်ဆေးရုံကြီးမှာ နှစ်ကြိမ်တိတိတက်ရောက်ကုသခဲ့ရသေးသည်။

စပြီး ညီလေး ကျောင်းတက်ခါစက သေးသေးသွယ်သွယ်ဆိုပေမယ့် ပထမနှစ်ပြီး ပြန်လာတော့ တော်တော်လေးကို ထွားကြိုင်းလာပြီး ယောကျာင်္းပီသလာခဲ့သည်။ နောက်နှစ်တွေပြန်လာရင် ပိုပြီးတောင့်တင်းလာမည်။ ကျွန်တော်တော့ လိုက်မမှီတော့း) . အခု ဒီနေ့ 12.1.2010 မှာ ညီလေးဟာ ကျောင်းတော်မှာ ပညာဆည်းပူးပြီး နိုင်ငံအကျိုးသယ်ပိုးနိုင်ရန်အတွက် အရှေ့တောင် အာရှ၏ တစ်ခုတည်း သော စစ်တက္ကသိုလ်သို့ ယနေ့စံတော်ချိန် ည 7 နာရီတိတိမှာ ရွှေမန်းသူ အမြန်ယာဉ်လိုင်းမှ တဆင့် ပြင်ဦးလွင်မြို့သို့ ပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။ အဝေးတစ်နေရာမှာ ပညာတွေသင်ကြားရင်း နိုင်ငံသားကောင်းရတနာဖြစ်လာမယ့် ညီလေးအား ဂုဏ်ပြုလျှက်...

12.1.2010 မြန်မာစံတော်ချိန် ည 8 နာရီ 20 မိနစ်...

စာဖတ်သူတို့အား အစဉ်လေးစားလျှက်.

မျှော်လင့်သူ

Thursday, December 31, 2009

Happy New Year






နှစ်သစ်မှာ အားလုံပဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ် ။ ကြရောက်လာမယ့် နှစ်သစ် 2010 မှာ အားလုံးပဲ လိုရဆန္ဒပြည့်ဝပြီး ချစ်ရတဲ့သူနဲ့ လက်တွဲနိုင်ပါစေ...

အားလုံးလဲ ပျော်ရွှင်နေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီနေ့မှ ကျွန်တော်သေချာတွေးမိတယ်။ ကျွန်တော်သတိရသွားတာက Visit Myanmar Year 1996 က ဖိုးဝရုပ်ကြီးကိုပါ။ သြော်တွေးကြည့်လိုက်တော့လဲ ဆယ်စုနှစ်တစ်ခုတောင် ဖြတ်ကျော်လာခဲ့ပြီပါကော။ သင်္ကြန်ပြီးတာ မကြာသေးသလိုနဲ့ နောက်သင်္ကြန်ရောက်ဖို့ ကြားထဲ 3 လပဲလိုတော့တယ်။ တွေးတောင် ပျော်မိသေး။ အအေးဓာတ်က လဲ ပြင်းတယ်ပြောရမလား ။ အညာမှ တခါမှ မအေးဖူးဘူး ဒီလောက် ၊ အခုအညာမှ အပူချိန်က 8'C တဲ့။ တော်တော်လေးကိုအေးနေ တယ်။ ရန်ကုန်တို့ ၊ မန္တလေးတို့နဲ့ တခြားဆီ။ စကားပုံတောင်ရှိတယ်လေ။ အညာမှာ အလည်လာရင် ညရေမသောက်မိစေနဲ့တဲ့ ၊ ဘာ လို့လဲသိလား သောက်လိုက်တဲ့ရေက ခဲသွားပြီး မနက်ဆီးမသွားနိုင်ဘူးဖြစ်နေလိမ့်မယ်တဲ့ ၊ လှတောသားတွေစကားပေါ့ဗျာ...

New Year ရောက်တော့မှာဆိုတော့ တော်တော်တော့ အပြင်မှာ မျက်စိနောက်သား။ ဆိုင်တွေ ၊ လမ်းတွေ ၊ ကျန်တဲ့အထင်ကရနေရာ တွေ အကုန်လုံးလိုမှာ သွားလာပြည့်နှက်နေတာပဲ။ အေးတော့ အနွေးထည်လှလှလေးတွေနဲ့ ကောင်မလေးတွေ လန်းတော့လန်းသား၊ ဒါပေမယ့် မငမ်းခဲ့ပါဘူးဗျာ။း) ဆိုင်ကယ်တော့ အာရုံစိုက်စီးရတယ်။ တိုက်မိရင် မလွယ်ဘူးလေ။

စာဖတ်သူတို့ကော ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာ လက်ဆောင်ရပြီးကြပြီလား။ ဟဲဟဲ ကျွန်တော်ကတော့ နှစ်ခုလုံးအတွက် လက်ဆောင် တွေအများကြီးရထားတယ်။ ကြုံတုန်းကြွားလိုက်တာပါး). ... တမျိုးလေးဗျာ စိတ်ထဲမှာတော့ ပျော်တယ်ပဲ ပြောရမှာပေါ့နော်။.... ကျွန် တော်ပျော်သလို အားလုံးလဲ ပျော်ရွှင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

အေးချမ်းလှတဲ့ ဒီဇင်ဘာရက်ကလေးကို လွမ်းဆွတ်ပြီး နှစ်သစ် ဇန်န၀ါရီနေ့ရက်များကို ကြိုဆိုလျှက်...

မျှော်လင့်သူ...

Friday, December 25, 2009

Happy Holiday

ဒီနေ့ ဒီဇင်ဘာ 25 ရက်နေ့ ခရစ္စမတ်နေ့ အားလပ်ရက်လေးမှာ ကျွန်တော် မိသားစုနဲ့ အတူတူ ပျော်ရွှင်ဖွယ်အချိန်လေးကို ဖြတ်သန်းခဲ့ ပါတယ်။ မနက်အိပ်ရာက ထတော့ 10 နာရီထိုးပြီ။ ဒါနဲ့ အိမ်ကမေမေတို့က အပြင်သွားဖို့ပြင်တယ်။ ကျွန်တော်က ခဏလေး ဆိုင်ကယ် Workshop ကိုပြေးပြီး ဆိုင်ကယ်ပြင်စရာလေးတွေပြင်လိုက်တယ်။ ပြန်ရောက်တော့ အားလုံးအဆင်သင့်ဖြစ်နေပြီလေ။ ဒါနဲ့ လည်ပတ် ဖို့ စတင်လိုက်တယ်။ ပထမဆုံး သွားတဲ့နေရာလေးကတော့ မကွေးမြို့စွန် မြစ်ကမ်းနဖူးပေါ်မှာ တည်ထားတဲ့ မြသလွန်စေတီတော်ဆီ ကိုပေါ့။ ဖေဖေအတွက် ရည်စူးပြီး အလှူငွေထည့်ကြတယ် ။ ဘုရားမှာ ခဏလောက်နားပြီး ဓာတ်ပုံရိုက်လိုက် ၊ ဟိုနားလျှောက်လိုက် ဒီနားလျှောက်လိုက်နဲ့ လုပ်နေခဲ့ကြတယ်။ ညက ဖုန်းကို အားသွင်းဖို့မေ့သွားတော့ .. တကယ်လဲ ရိုက်မယ်ကြံတော့ ဘထ္ထရီက ကုန်ရော ဒါနဲ့ပဲ နောက်ပိုင်း အအေးဆိုင်သွားပြီး စားသောက်တာလေးတွေ မှတ်တမ်းတင်ဖို့ ကျန်သွားခဲ့တာပေါ့။ ပျော်ရွှင်စရာ အားလပ်ရက်မှာ ဒီတစ်ခုကလွဲလို့ အချိန်တွေအားလုံး ပျော်ရွှင်ခဲ့ရပါတယ်။ မိသားစုနဲ့ သွားရတဲ့အချိန်လေးတွေမှာ ရင်ထဲမှာ နွေးထွေးနေမိပါတယ်။
စာဖတ်သူတို့အားလုံးလဲ ပျော်ရွှင်စရာအားလပ်ရက်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက် ပါတယ်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ


ချစ်ညီငယ်ဆုံးလေး


အိုက်တင်ပေးကောင်းတဲ့ ဇာတ်လိုက်လေး


လူတက်လေးပါ :)


ဝမ်းကွဲညီမလေး၊မေမေ၊ညီလေးနဲ့ ကုလားလေး


ညီလေး


ချစ်ညီငယ်ဆုံးလေး


ကျွန်တော်နဲ့ ကုလားလေး


ညီလေး


ချစ်စရာ ညီငယ်ဆုံးလေး


ပဲပေးကြမ်းတဲ့ ကိုကိုပါ.


စာရေးသူ ကျွန်တော်


ညီလေး


အဟမ်း အဟမ်း


အိနြေ္ဒကြီး တစ်ခွဲသားနဲ့ပေါ့.


မိသားစုလေးပေါ့


Happy Holiday


Happy Merry X'mas , Holiday & New Year.

Thursday, December 24, 2009

Merry X'mas and Happy New Year







ခရစ္စမတ် နှင့် နှစ်သစ်ကူးမှာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ကျွန်တော် စာရေးသူဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော် ခရစ္စမတ် ရောက်တိုင်း ပျော်ရွှင်ကြည်နူးနေတက်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ မိရိုးဖလာ ကိုးကွယ်မှုထက် ဘုရားဟော တရားတော်တွေကို ယုံကြည်သက်ဝင်ပြီး ကိုးကွယ်ခဲ့တာပါ။ အခုလို ခရစ္စမတ်ရောက်ရင် ပျော်ရွှင်မိတာကတော့ ကျောင်းပိတ်ရက်ရှည် ရလို့ပါပဲ ။ ကလေး ဘ၀တုန်းက ဒီဇင်ဘာကျောင်းပိတ်ရက်ကို မျှော်မိတယ်၊ ခရစ္စမတ် ရက်မတိုင်ခင် ကျောင်းပိတ်တာကိုလဲ အတွေးထဲ စွဲနေခဲ့တယ်။

ကျွန်တော့်တို့ငယ်ငယ်က မှတ်မိပါသေးတယ်။ ခရစ္စမတ်ရောက်ရင် ဘေးအိမ်က ကရင်မမလေးတွေက လာခေါ်တယ်။ နာမည်တော့ မမှတ် မိတော့ဘူး အဲ သေချာတာကတော့ ရှေ့စလုံးက နော် ပဲ :) သူတို့က သူတို့နဲ့ အတူတူ နှစ်ခြင်း ဘုရားရှင်ခိုးကျောင်းကို လိုက်ခဲ့ ဖို့ပါ။ ကျွန်တော်တို့က ကလေးဆိုတော့ မေမေတို့ကို ခွင့်တောင်းရတယ်။ အဲတုန်းက ဖေဖေပြောတဲ့ စကားတစ်ခွန်း ရင်ထဲမှာ အမြဲမှတ်မိ နေတယ်။ ငါ့သား လိုက်သွားပါ. မင်းအတွက် ဗဟုသုတ တစ်ခုရတာပေါ့။ ဖေဖေပြောချင်တာက ကိုယ့်ဘာသာကို ဘယ်တော့မှ မမေ့ပါနဲ့ ၊ ရင်ထဲမှာ သိမ်းထားပါ၊ ဒီလိုလိုက်သွားတော့လဲ သား အမြင်သစ်တွေတွေ့မြင်ရမှာပေါ့။

ဘုရားကျောင်းရောက်ရင် မုန့်တွေလဲ စားရတယ် ၊ နောက်ပြီး သူတို့ ဂစ်တာနဲ့ ဆိုတဲ့ သီချင်းတွေကလဲ အရမ်းနားထောင်ကောင်းတယ်၊ နောက် ကျောင်းသားတွေကတဲ့ ပြဇာတ်တွေကလဲ ပျော်ရွှင်စရာပေါ့ ။ အပြန်မှာလဲ လက်ဆောင်ကလေးတွေရတာတက်တယ်။ ညပိုင်းရောက်တော့လဲ သူတို့ အိမ်ရှေ့မှာ သီချင်းလာဆိုကြတယ်။ ဒါကြောင့်လဲ ကျွန်တော် ခရစ္စမတ်နဲ့ ရင်းနှီးကျွမ်းဝင်ရှိလာခဲ့ပါတယ်။

ကျွန်တော်တွေးမိပါတယ်။ ပြည်ထောင်စုထဲမှာ ညီကိုမောင်နှမတွေ မည်သည့်ဘာသာပဲ ကိုးကွယ်သည်ဖြစ်စေ၊ အားလုံးရည်မှန်းချက် ပန်းတိုင်က လောကကြီးငြိမ်းချမ်းဖို့ ဦးတည်နေတဲ့အတွက်.. ကျွန်တော်လို ဗုဒ္ဓဘာသာကို ကိုးကွယ်သူတစ်ယောက်အနေနဲ့ ဒီဇင်ဘာ 25 နေ့မှာ Merry X'mas လို့ ပြောတာ အပြစ်မဟုတ်ဘူးလို့တွေးမိပါတယ်။

ဘာလိုလိုနဲ့ လူ့ဘ၀က ခဏလေးဆိုတဲ့ အတိုင်းတာကို ပြသခဲ့ပြန်ပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ခရစ်သက္ကရစ် 2009 ကနေ 2010 ကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ တစ်နေ့တစ်နေ့ ဘ၀အတွက် ကြိုးစားရုန်းကန်ခဲ့နေတဲ့အတွက် တစ်နှစ်တစ်ကြိမ် ဒီရက်ကလေးရောက်မှပဲ သြော် မနှစ်ကထက် ငါတစ်နှစ်ကြီးသွားပါပြီလားလို့တွေးမိတယ်။ လူ့ဘ၀က တိုတောင်းလွန်းလှပါတယ်။ ဒါကို ဒီရက်ပိုင်းအတွင်းမှာ စာဖတ်သူတို့ခံစားမိမှာသေချာပါတယ်။ ကုန်ဆုံးသွားတဲ့နေ့ရက်တွေမှာ ရှိခဲ့တဲ့ အပူပင်တွေကို ဖယ်ရှားပြီး နှစ်သစ် မှာ စာဖတ်သူတို့ ခွန်အားအပြည့်နဲ့ မိသင်္ဂဟများနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ စာရေးသူ ဆုတောင်းပေးလိုက်ပါတယ်။

စာဖတ်သူအားလုံး Merry X'mas and Happy New Year .....

အစဉ်လေးစားလျှက်

မျှော်လင့်သူ..
Related Posts with Thumbnails