Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Saturday, August 21, 2010

အနမ်းတစ်ဖက်


ကျောင်းတွင် သူမကို စတွေ့ချိန်မှာ ကျွန်တော်ဝမ်းသွားနေပါတယ်။ သူမသိပ်လှပါတယ်။ ပန်းတို့ပွင့်ဖူးစမှာ ရနံ့တို့ တလှိုင်လှိုင် ထွက်သလို သူမအနားက ဖြတ်ကူးစမှာ ကျွန်တော့်ရဲ့ အလွမ်းတို့ တဖြိုင်ဖြိုင် ကြွေကျခဲ့ရပါတယ်။

သူမက ဆံပင်တို့ ၀ဲခါသွားအောင်ပြုတယ်။ ကျွန်တော်ကတော့ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိပါတယ်။ သူမကို လွမ်းနေတုန်းမှာပဲ ၀မ်းတို့က တလဟော ထွက်ချင်လာတယ်။ ဒါနဲ့ပဲ ကျောင်းရဲ့အိမ်သာကို ၀မ်းသာစွာနဲ့ပဲ ပြေးခဲ့ရပါတယ်။ ကျွန်တော့်ကို ကျွန်တော် မကျေနပ်ခဲ့ပါ။

သူမက စံပယ်ဖူးလေးလို ချစ်စရာကောင်းသလောက် ကျွန်တော်က စာကလေးလောက်ပဲ လှခဲ့သူပါ။ ထိုအတွေးတို့ တွေး မိချိန်တုန်းက ကျွန်တော်အိမ်သာထဲမှာပါ။ သူ့ကိုချစ်တဲ့ အချစ်ရယ်….. မခံမရပ်နိုင်လို့ ထွက်လာတဲ့ ရင်ထဲက အညစ်ရယ် ဟာ သွားဆုံမိတယ် ထင်ပါရဲ့။
ကျွန်တော့်နားမှာ ကောင်းကင်ကြီး ပြိုကျသလို ဖြစ်နေတယ်။ အကြားမတော်တဲ့ လူတစ်ချို့တောင် တံခါးခေါက်ပြီး ‘ တိုးတိုးလုပ် ’ ဟု ဆိုသွားကြတယ်။ အချစ်ရယ်.. ကိုယ်ဟာ ဘာမှန်းမသိတဲ့ နက္ခတ်နဲ့ မွေးလာတဲ့ကောင်ပါ။ အဲ့ဒါ သိပ်ဆိုး တဲ့ နက္ခတ်လို့ တစ်ချို့က ဆိုကြတယ်။ ဒါနဲ့ ကိုယ်ကြောက်သွားတယ်။ အဲဒီတော့ ထုံးစံအတိုင်း ဗေဒင် မေးကြည့်တာပေါ့။

“ မင်းမွေးတဲ့ နက္ခတ်က အချစ်ကြောက်တဲ့ နက္ခတ်ပဲ ”

“ ဗျာ၊ တကယ်လား ဆရာ ”

“ ယတြာချေလို့ မရဘူးလား ဆရာ ”

“ အင်း…”

ဗေဒင်ဆရာ အနည်းငယ် အခက်တွေ့သွားပုံရတယ်။ နောက်ဆုံး စိတ်ညစ်ညစ်နဲ့

“ မရဘူးကွ ” လို့ ဆိုတယ်။


ဘာပြောကောင်းမလဲ အချစ်ရယ်။ အဲဒီတုန်းက ကိုယ်စိတ်ဓာတ်ကျတာ အရမ်းပဲ။ ဒါနဲ့ ကိုယ်လည်း ရုပ်ရှင်တွေထဲက မင်းသားတွေ စိတ်ဓာတ်ကျတဲ့ အိုက်တင်ယူပြီး ဘောင်းဘီထဲလက်နှိုက်ကာ ပလက်ဖောင်းဘေးက လျှောက်နေခဲ့မိတယ်။

တကယ်ပါ။ အဲ့ဒီတုန်းက ကိုယ်ကြေကွဲတာ လရောင်မြင်ဖူးတဲ့ လူသားတိုင်း သိပါတယ်။ ကိုယ်ဆိုမိတဲ့ ကဗျာတစ်ပုဒ်တောင် ရှိတယ်။ ဘာတဲ့….

နှလုံးသားမှာ

အလွမ်းရှိတယ်ဆိုရင်

အခြားဘယ်နေရာမှာရော

အလွမ်းနေထိုင်ပါသေးသလဲ။

ပြောပြပါလေ

တစ်ချိန်ကျရင်

သူရှိတဲ့နေရာကို

ရှောင်သွားချင်လို့ပါ။

နောက်ဆုံး အကြံတစ်ခုရသွားတယ်။ ကိုယ့်ကိစ္စကို ဗေဒင်ဆရာ မကူညီနိုင်ရင် နတ်ဆရာဆီသွားမယ် ဆိုပြီးတော့ပါ။ ကိုယ် ဟယ်ရီပေါ်တာ သိပ်ကြိုက်တယ်။ ဒါပေမယ့် ကိုယ် နတ်ဆရာကို ကြောက်နေတယ်။ ဘာမှမဆိုင်မှန်းတော့ သိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ လူတွေဟာ မဆိုင်တာပြောရင် အထင်ကြီးခြင်းခံရတယ်ဆိုလို့ ပြောကြည့်တာပါ။
အဲ့ဒီလိုနဲ့ ကိုယ် နတ်ဆရာဆီ ရောက်သွားတယ် ဆိုပါတော့…။

“ ဘာကိစ္စလဲ ”

“ အဲ့ဒီလို … အဲ့ဒီလို ကိစ္စကြောင့် ”

“ သြော်၊ အေး၊ သိပြီ ခဏစောင့် ”

ဆိုပြီးတော့ လူငယ်တွေ ဟစ်ဟော့စတိုင်အတိုင်း လက်ကားယား ခြေကားယား လုပ်နေလေရဲ့။ ကိုယ်လေသွားတယ်…။ သူက ‘ က ’ ကြီးနဲ့ စရမယ့် ‘ ကိစ္စ ’ ကို ‘ ရ ’ ကောက်နဲ့ ‘ ရစ် ’ နေတဲ့အတွက် ကိုယ်က ‘ တ ’ ၀မ်းပူနဲ့ တင်းသွားတာပေါ့။ ထားလိုက်ပါ။ သူက ဆက်ပြောတယ်။

“ မှော်ဝင်နေတယ်…. ” တဲ့။

ကိုယ် နားမလည်ခဲ့ပါဘူး။ မှော်ဆိုတာ ဘာကိုပြောတာလဲ။ ရေကန်ထဲက မှောက်ကိုပြောတာလား။ ကိုယ်သူ့ကို ကြောက်လို့ ပြန်မမေးခဲ့ပါဘူး။ ဒါနဲ့ သူက နောက်ဆုံးစကားဆိုတယ်။

“ မင်းရဲ့ ချစ်သူက မင်းကို ပြန်ချစ်လာစေချင်တာမှတ်လား ”

“ ဟုတ်ကဲ့ ”

“ ဒါဆို မင်းကိုယ့်ပါးကိုယ် ပြန်နမ်းနိုင်တဲ့ တစ်နေ့ မင်းရဲ့ ချစ်သူက မင်းကို ပြန်ချစ်လိမ့်မယ်။ ”

“ အို ”

တကယ်တမ်းပြောရရင် မဖြစ်နိုင်မှန်းသိရက်နဲ့ ကိုယ်ပျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာ မျှော်လင့်ချက်ရှိသွား လို့လေ။ ကိုယ့်ပါးကိုယ်ပြန် နမ်းနိုင်တဲ့နေ့……။ ဒါဟာ ကိုယ့်ရဲ့ မျှော်လင့်ချက်ပါ ချစ်သူ။ ဒါနဲ့ ကိုယ့်ပါးကိုယ် ပြန်နမ်းနိုင်အောင် နေ့တိုင်းပဲ လေ့ကျင့်နေခဲ့မိတယ်။ အနမ်းသည် တစ်ခါတစ်ခါ ဘာမှန်းမသိပေမယ့် ကိုယ်ကတော့ ဒီလို ခံယူထားပါတယ်။

အလွမ်းသည် အလွမ်းတိုင်း နေပါစေ။
အနမ်းအား မနှောင့်ယှက်ရ။
နားမလည်ဘူးထင်တယ်…. ချစ်သူ။ ဒီလိုပါ။

ချစ်သူအား နမ်းဖူးသည့် အနမ်းတို့သည် ရင်မှာ နွေးထွေးနေချိန်တွင် အလွမ်းသည် အနမ်းအား ၀င်ရောက် နှောင့်ယှက်ခြင်း မပြုရဟု ဆိုလိုပါတယ်။ အဲဒီလိုနဲ့ လေ့ကျင့်လာခဲ့လိုက်တာ အခုထိ ကိုယ့်ပါးကိုယ် မနမ်းနိုင်သေးပါဘူး။

တစ်နေ့မှာပေါ့…။ အမျိုးသမီး တစ်ယောက်နဲ့ တွေ့တယ်။ ကိုယ်လည်း ပျင်းနေတာကြောင့် သူနဲ့ စကားပြောဖြစ်တယ်။
“ နာမည် ဘယ်လိုခေါ်လဲ။ ”

“ မကျင်ပု ”

“ ဘယ်မှာနေလဲ ”

“ ငပုတော ”

ကိုယ်ဆက်မမေးရဲတော့ဘူး။ ကိုယ်နောက်မေးတဲ့ မေးခွန်းတိုင်း မှာ ‘ ပု ’ တာတွေကိုပဲ ပြောနေမှာစိုးလို့လေ။ ဒါနဲ့ သူက ကိုယ့်ကို ပြန်မေးပါလေရော…။

“ နာမည် ဘယ်လိုခေါ်လဲ။ ”

“ မောင်လှရှည် ”

“ ဘယ်မှာနေလဲ ”

“ ရေတာရှည် ”

သူလည်း ထပ်မမေးတော့ပါဘူး။ ဒါနဲ့ ကိုယ်တို့ ဘေးက လူကြီးတစ်ယောက်က ၀င်မေးတယ်။

“ ဘာလုပ်နေတာလဲ …” တဲ့။

“ အမေးအဖြေ လုပ်တန်း ကစားနေတာလေ ”

လို့ ကိုယ်က ပြန်ဖြေလိုက်တယ်။

“ မသိပါဘူး။ မင်းက အဲဒီ ကောင်မလေးကို သမ္မာကျမ်းစာထဲက အတိုင်း မင်းရဲ့ နံရိုးတစ်ဖက် ဟုတ်မဟုတ် စစ်ဆေး နေတာလားလို့ပါ ”

“ ဟင် ”

ကိုယ်တကယ် တွေဝေသွားတာပါ။ ဒါဆို သမ္မာကျမ်းစာထဲကအတိုင်း မင်းဟာ ကိုယ့်ရဲ့ နံရိုးတစ်ဖက်ရော မဖြစ်နိုင်ဘူးလား။ ဘုရားသခင်သည် ယောကျာင်္းတည်းဟူသော လူ၏ နံရိုးတစ်ဖက်အား ထုတ်ယူ၍ မိန်းမတည်းဟူသော လူအား ဖန်ဆင်း၏လို့ သမ္မာကျမ်းစာထဲမှာ ပါတယ်။

ဒါနဲ့ ကိုယ်မင်းကို နမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဟုတ်တယ်လေ။ မင်းဟာ ကိုယ့်ရဲ့ နံရိုးဆိုရင် မင်းရဲ့ ပါးတစ်ဖက်ကလည်း ကိုယ့်ရဲ့ အစိတ်အပိုင်း တစ်ခုပဲပေါ့။ အဲဒါဆို နတ်ဆရာပြောတဲ့အတိုင်း ကိုယ့်ပါးကိုယ် နမ်းနိုင်ရင်..။ တစ်နေ့ မင်းကိုတွေ့တော့ ဘာမပြောညာမပြောနဲ့ ကိုယ်နမ်းလိုက်မိတယ်။

“ ရွှတ် ”

“ ဖျန်း ”

ကိုယ်က နှာခေါင်းနဲ့ပဲ နမ်းခဲ့တာကို မင်းက လက်ဝါးနဲ့ ပြန်ရိုက်တယ်ပေါ့။ ထားပါလေ…။ မင်းက ကိုယ့်ရဲ့ နံရိုးတစ်ဖက် မဟုတ်ဘူးလား..။ ဒါဆို ကိုယ့်ရဲ့ နံရိုးတစ်ဖက်ရော….။ တစ်နည်းပြောရရင် ကိုယ့်ရဲ့ ပါးတစ်ဖက်ရော…။ သေပြီ…။
ကောင်မလေးရေ…. ငါ့ရဲ့ ပါးတစ်ဖက်မှန်မမှန် မိန်းကလေး အားလုံးကို လိုက်နမ်းကြည့်ရမယ်ထင်ပါရဲ့…။

Own Writter – Luu Nay

စာဖတ်သူတို့အား အစဉ်လေးစားလျှက်…..
မျှော်လင့်သူ

Monday, February 15, 2010

ပုံပြင်လေးတစ်ပုဒ်



ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်.

Boy : hi lady
Girl : hi :)
Boy : nay kg lar ?
Girl : hote ka`, kg par tal . u kaw ?
Boy : hote ka`

ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အွန်လိုင်းပေါ်က Chat room တစ်ခုမှာ တွေ့ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်လိုက်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဖော်ဖော်ရွေရွေပဲပေါ့ ။ စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။ နောက်ဆုံးပြန်ခါနီးမှ သူတို့နှစ်ယောက်ဟာ တစ်မြို့ထဲနေတဲ့သူတွေမှန်းသိလိုက်တယ်။ ဒါနဲ့ပဲ ကောင်လေးက ကောင်မလေးကို ခင်မင် ခွင့်အမှတ်တရ အနေနဲ့ အအေးတိုက်ဖို့ ခွင့်တောင်းလိုက်တယ်။ ကောင်မလေးကလဲ သူ့လိပ်စာအပြည့်စုံကိုကို ကောင်လေးကို ပေးလိုက် ပြီး လာခေါ်ဖို့ပြောလိုက်တယ်။

ကောင်လေးတစ်ယောက် ကောင်မလေးပေးတဲ့ လိပ်စာအတိုင်း ကောင်မလေးရှိတဲ့နေရာကို ရောက်လာခဲ့တယ်။ ကောင်မလေးက ဒီမြို့ မှာနေတယ်ဆိုပေမယ့် ဒီမြို့သူမဟုတ် တခြားနယ်ကကျောင်းလာတက်တဲ့သူ ။ အဆောင်သူလေးပေါ့ ။ ကောင်လေးရောက်တော့ ကောင် မလေး တစ်ယောက်ထွက်တွေ့တယ်။ သူနဲ့ အွန်လိုင်းပေါ်မှာတွေ့တဲ့ကောင်မလေးပေါ့ ။ ကောင်လေးက ကောင်မလေးကိုခေါ်ပြီး ဆိုင် လေးတစ်ဆိုင်မှာ အအေးသောက်ထွက်ခဲ့ကြတယ်။ နောက် မြို့ထဲမှာ လျှောက်လည်ကြတယ်။ တစ်နေကုန်ပဲပေါ့။ နောက်ရက်တွေမှာလဲ ကောင်လေးက လာလည်ပါရစေလို့ခွင့်တောင်းတော့ ကောင်မလေးက အားလုံးအဆင်ပြေပါတယ်တဲ့။

ကောင်လေး ။ ။ ကျွန်တော် သူ့ကို ချစ်မိနေပြီလား မသိဘူး ။ တစ်နေကုန်လဲ သူ့ဆီကို အာရုံရောက်နေတယ်။ ဘာအလုပ်မှမဖြစ်ဘူး။ ရုံးက မန်နေဂျာကတောင် အာရုံတွေလွင့်လို့ ပြောနေပြီ ။ ဒီနေ့သူနဲ့ ချိန်းထားတယ် ။ ညနေရုံးဆင်းရင် အပြေးလေးသွားမယ် စိတ်ကူး လိုက်တယ်။ ကျွန်တော် သူ့ဆီရောက်သွားတော့ သူ အဆောင်အပြင်ကို ထွက်တွေ့တယ်။ ကျွန်တော်တို့ စကားတွေပြောကြတယ်။ အ ဆောင်ပိတ်ခါနီးတော့ သူပြန်ဝင်သွားတယ် ။ အရမ်းကြည်နူးဖို့ကောင်းတယ်ဗျာ ။ သူကျွန်တော့်ပေါ်ဆက်ဆံတာ ကြည့်ရတာ ကျွန်တော်ရဲ့ ခံစားချက်တွေကိုများ သိနေလားမသိဘူး ။ ဒီညတော့ အိမ်မက်လှလှလေးတွေမက်ဦးမယ် ထင်ပါတယ်ဗျာ။

သူနဲ့ စတွေ့တာ ဒီနေ့ဆို 2 ပတ်တောင်ရှိခဲ့ပြီ။ အတူသွားလည်ကြတယ်။ အတူတူစားကြတယ်။ ကျွန်တော်တကယ်ရူးနေပြီထင်ပါတယ်။ ကျွန်တော်သူ့ကို ဖွင့်ပြောလိုက်ရင်ကောင်းမလားဟင် ။ မဖြစ်သေးပါဘူး ကျွန်တော့်ရဲ့ အချစ်က ရင်ထဲကတကယ်ဖြစ်တည်လာတာ။ အချိန်တစ်ခုကြောင့် ကျွန်တော့်အချစ်ကို ပေါ့ပေါ့လေးတွေးသွားနိုင်တယ်။ သူ ဒီနေ့ပြောတယ် စာမေးပွဲနီးလို့ အိမ်ခဏပြန်မယ်တဲ့။ ကျွန် တော် ရင်အရမ်းခုန်သွားတယ်။ သူပြန်သွားရင် အချိန်မကြာသေးတဲ့ ဆက်ဆံရေးလေး ကြဲသွားနိုင်တယ်။ ဒါပေမယ့် ခွင့်ပြုခဲ့ရတယ်။ သူ့ရဲ့ အိမ်ဖုန်းလေးတောင်းတော့ သူ့အိမ်ကိုမဆက်ပါနဲ့တဲ့ ။သူဆက်သွယ်ပါမယ်တဲ့။

သူပြန်ရောက်ရောက်ချင်း ဖုန်းတခါဆက်သည်မှလွဲပြီး သူအိမ်မှာနေတဲ့ တစ်လလုံးလုံးတစ်ကြိမ်မှမဆက်သွယ်။ သူနေမှကောင်းမလား စိတ်ပူနေခဲ့ရတယ်။ သူပြန်ရောက်လာတယ်။ ကျွန်တော့်ကို စိမ်းနေခဲ့တယ်။ ကျွန်တော်ကတော့ အချစ်တွေကော အလွမ်းတွေကောနဲ့ ပိုပြီး ပြည့်လာခဲ့တယ်။ ကျွန်တော်သူ့အဆောင်ရှေ့ရောက်သွားရင် အရင်လို တန်းထွက်မလာတော့ဘူး။ ဖုန်းတွေအရမ်းပြောလာတယ်။ chatting တွေအရမ်းလုပ်လာတယ် ။ သူငယ်ချင်းလို့ပြောတဲ့ ကောင်လေးတွေလဲ အဆောင်ရှေ့မှာသူကို လာလာစောင့်နေတက်တယ်။ အွန်လိုင်းပေါ်က ကောင်လေးတွေကိုလဲ ကျွန်တော့်ရှေ့မှာတင်ကြူတက်လာတယ်။ ကျွန်တော် စိတ်အရမ်းညစ်ပေမယ့် သူ့ကိုချစ်နေခဲ့ တယ်။ မိုးလေတွေကျတဲ့တစ်နေ့က သူကျောင်းမဆင်းသေးလို့ စိတ်ပူပြီး မိုးရွာထဲမှာသွားကြိုခဲ့တယ်။ သူနေမကောင်းဖြစ်လို့ စိတ်ပူပြီး တစ်နေကုန် ပြုစုပေးခဲ့တယ်။ သူ့ဘ၀အတွက် အလုပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်ကောင်မလေးအတွက်ဖြစ်စေခဲ့တယ်။

တစ်နေ့ ကျွန်တော်ဖွင့်ပြောတော့ သူ ကျွန်တော့်အချစ်ကိုလက်ခံခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်ထည်းသိမယ့် အချစ်မျိုးတဲ့ ဘေးလူတွေသိမှာမလိုချင်ဘူးတဲ့ ။ ချစ်ရသူက ကျွန်တော်ကိုလက်ခံခဲ့တယ်။ မနက်အစောကြီးထပြီး သူ့ကို မနက်စာစားဖို့သွားခေါ်တယ်။ အိပ်ရာမနိုးသေးလို့ နေတိုင်း 1 နာရီလောက်စောင့်ရတယ်။ ဒါပေမယ့် သူ့ သူငယ်ချင်းကောင်လေးတစ်ယောက်ကိုကျတော့ မနက်အစော ကြီး သူကျောင်းလိုက်ပို့တယ်။ ကျွန်တော်ချစ်သလောက်ရဲ့ 10 ပုံ 1 ပုံလောက်ပဲ ပြန်ချစ်ရင် ကျွန်တော့်အချစ်တွေကို သူသိနိုင်မယ်ပြော တော့ သူကရယ်မောသံလေးနဲ့ အချစ်ကို မယုံကြည်ချင်ဘူးတဲ့ ။ သူနဲ့ ချစ်သက်တမ်း 3 လသာပြည့်လာတယ် ။သူ့လက်ကလေးကို ကိုင် ခွင့်မရခဲ့ ။ ကြည်နူးဖွယ်ချစ်စကားလေးတွေ ပြောခွင့်မရခဲ့ ။ အနမ်းလေးတပွင့်ချွေဖို့က ဝေးစွ ။

တစ်နေ့ သူ့အကောင့်လေး အွန်လိုင်းတက်လာတော့ ကျွန်တော်ပျော်ပြီး ခေါ်မိလိုက်တော့ တခြားကောင်လေး ကျွန်တော့်ကို ဟားတိုက် တယ်။ ကောင်မလေးက အွန်လိုင်းတက်တိုင်း တခြားကောင်လေးတွေကို ကျွန်တော့်အကြောင်းပြောပြီး ဟားတိုက်တယ်တဲ့ ။ Chat list တွေလဲ ပြတယ် ။ ကျွန်တော်အရမ်းတင်းသွားတယ် ။ ကျွန်တော်သူ့ကို ခေါင်းငုံပြီးချစ်ခဲ့တာ သူ့ကို ချစ်လွန်းလို့ ၊ အခုလို အနှိမ်ခံဖို့မဟုတ် ဘူး ။ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ သူ့ကိုအရမ်းချစ်ခဲ့သမျှ အခုအရမ်းမုန်းသွားခဲ့ပြီ ။


ကောင်မလေး ။ ။ ကျွန်မဆီကို အွန်လိုင်းပေါ်က ကောင်လေး တစ်ယောက်ရောက်လာခဲ့တယ်။ သူနဲ့ အပြင်လိုက်သွားခဲ့မိတယ်။ သူပျော်နေတာကို ကြည့်ပြီး ကျွန်မကြည်နူးမိတယ်။ သူရဲ့ အမူရာလေးတွေက ကျွန်မကို နှစ်သက်တဲ့အမူရာတွေအရမ်းပြလာခဲ့တယ်။ သူကျွန်မကို နှစ်သက်နေပြီလား ။ မဖြစ်ဘူး ကျွန်မကို နှစ်သက်လို့မဖြစ်ဘူး ။အခုချိန်မှာ ကျွန်မ ယောင်္ကျားတွေကို မုန်းတယ်။ တစ်ခါခဲမှန် ဘူးတဲ့ စာသူငယ်လို နောက်တစ်ခါအဖြစ်မခံချင်တော့ဘူး ။ ကျွန်မရဲ့ နှလုံးသားက သေနေပြီ ။ အခုချိန်မှာ ယောင်္ကျားတွေကို ကလဲ့စား ချေချင်တာပဲ သိတယ်။ သူစိတ်ရင်းကို ကျွန်မ ခန့်မှန်းမိသည်။ သူ စိတ်ရင်းကောင်းသည်။ အပြုမှုတိုင်းက နှလုံးသားထဲက ထွက်ကျလာ မှန်း ကျွန်မသိသည်။ ကျွန်မ အိမ်ကို ခဏပြန်သွားခဲ့သည်။ သူ့ စိတ်မကောင်းဖြစ်စွာနဲ့ ကျွန်မကို အကြိမ်ကြိမ်ဖုန်းဆက်ဖို့မှာသည်။ ကျွန်မ စိတ်ထဲမှာတော့ ဆက်သွယ်ဖို့အတွေးမရှိခဲ့ပါဘူး။ အိမ်ပြန်ရောက်တော့ ကိုဦး တစ်ယောက်အိမ်ထောင်ကျသွားကြောင်းသိရသည်။ ကျွန်မ အချစ်ကို ပေါ့ပျက်ပျက်ထားခဲ့ပြီး နောက်တစ်ယောက်နဲ့အခုလိုဖြစ်သွားတယ် ။ ကျွန်မ အရမ်းနာကြည်းသွားတယ် ။

ဆုံးဖြတ်ချက်ချလိုက်တယ်။ ယောင်္ကျားတွေကို မုန်းတယ် ။ သူတို့အချစ်ကိုကစားသလို .. သူတို့ပြန်ပြီးနာကျင်စေရမယ်။ ကျွန်မပြန် ရောက်တော့ သူ့အပြေးလေးရောက်ချလာတယ်။ ကျွန်မ သူ့ကိုရှောင်ခဲ့တယ်။ တခြားတစ်ယောက်နဲ့ ဖုန်းတွေပြောပြခဲ့တယ်။ ကောင်လေး တွေနဲ့ အပြင်ထွက်လျှောက်လည်ခဲ့တယ်။ အွန်လိုင်းပေါ်မှာ ကြူခဲ့တယ်။ ယောကျာင်္တွေကို အရမ်းလှည့်စားခဲ့တယ်။ ဒါပေမယ့် သူစိတ်မ ပျက်ဘူး ။ သူရဲ့ အပြုမှုတိုင်းက ကျွန်မကို နာကြည်းစေဖို့ထက် ကျွန်မရင်ကို လှုပ်ခတ်လာခဲ့တယ်။ ကျွန်မပေါ်မှာ စိတ်ညိုညင်မှုတစက် မျှမရှိခဲ့ဘူး။ သူဖွင့်ပြောလာတော့ ကျွန်မ ဘာရယ်ကြောင့်မှန်းမသိ ခေါင်းညိမ့်မိလိုက်တယ်။ ဒါပေမယ့် ယောင်္ကျားတွေပေါ်နာကြည်းတဲ့ စိတ်ကပြင်းထန်နေတော့ သူ နာကြင်မယ့် အပြုမှုတွေပဲ ဆက်တိုက်လုပ်ခဲ့တယ်။

တစ်နေ့ မိုးတွေအရမ်းရွာနေတယ်။ မြို့ထဲမှာလဲ သစ်ကိုင်းတွေကျိုးကျနေတယ်။ သူတစ်ယောက် ကျောင်းရှေ့ကို မိုးရေစိုရွဲပြီး ရောက်ချ လာတယ် ။ လက်ထဲမှာလဲ ထီးလေးတစ်လက်နဲ့ပေါ့ ။ မိုးတွေအရမ်းရွာတော့ သူစိတ်မချလို့ အဆောင်ကို အရင်သွားကြည့်တာ ပြန်မ ရောက်သေးလို့ ကျောင်းကို လိုက်လာကြောင်းပြောတယ်။ သူအရမ်းချမ်းနေခဲ့တယ်။ ကျွန်မတို့အဆောင်ပြန်ရောက်တော့ အချိန်တော် တော်လေးကြာနေခဲ့ပြီ ။ အဲနေ့က ကျွန်မလဲ မိုးနည်းနည်းမိတော့ ဖျားခဲ့တယ်။ သူတစ်နေကုန်နီးပါး လာပြီး ပြုစုပေးတယ်။ ကျွန်မ နောက် မှသိခဲ့တယ်။ အဲနေ့ သူလဲ ခေါင်းတွေအရမ်းကိုက်ပြီး ဖျားနေတာတဲ့ ။ ကျွန်မ နောက်ပိုင်းသိလိုက်တယ်။ ရင်ထဲမှာ သူ့ကိုချစ်နေမိပြီဆိုတာ သူ့ကို စိတ်ညစ်အောင်မလုပ်ချင်တော့ဘူး။ အရင်ကလုပ်ခဲ့တာတွေကို သူ့ကိုတောင်းပန်မယ်။ သူ့နားလည်ပေးမယ်လို့မျှော်လင့်မိတယ်။ သူ့ကို အရမ်းချစ်နေမိပြီဆိုတဲ့ အကြောင်းတွေပြောပြချင်တယ်။ ကျွန်မ သူ့ကိုအရမ်းချစ်သွားပြီ။


ကောင်လေးတစ်ယောက် ကောင်မလေးဆီကို ရောက်သွားခဲ့တယ်။ ကောင်မလေးထွက်လာသည်။ အရမ်းပြုံးရွှင်လို့ပေါ့။ ကောင်လေးက တော့ မျက်နှာလေးငြိုလို့ပေါ့။ အဆောင်ရှေ့က ခုံတန်းလေးမှာ နှစ်ယောက်သား တူတူထိုင်လိုက်သည်။ ကောင်မလေးက ကောင်လေးကို
မောင် ပြောစရာရှိတယ်..
နေအုံး မောင်အရင်ပြောမယ်..
အင်း ပြောလေ... ပြီးရင် တို့လဲ ပြောမယ် .
မောင် မင်းကို ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာသိတယ်နော်..
အင်း သိတယ်လေ မောင်ရယ်..
အေး မင်းဘာသိတာလဲ ငါမင်းကို ချစ်ခဲ့သလောက် မင်းငါ့ကို ရက်စက်လွန်းတယ်.
ကောင်လေး အရမ်းဒေါသထွက်နေမှန်း ကောင်မလေးသိလိုက်သည်။ သူ မှားခဲ့ပါသည် ။ ဒါပေမယ့် ကောင်လေးကို တောင်းပန်ပြီး သူ ချစ်နေတဲ့အကြောင်းပြောချင်သည်။ ကောင်လေးက ဆက်လက်ပေါက်ကွဲလေသည်။
ငါမင်းကို ချစ်ခဲ့တယ် ။အနွံတာခံခဲ့တယ် ။ ဒါတွေအားလုံးဟာ ငါ့ကို မင်းတခြားယောင်္ကျားတစ်ယောက်နဲ့ ဟားတိုက်ဖို့မဟုတ်ဘူး..
အခုတော့ မင်းမို့လုပ်ရက်တယ်ကွာ...

မဟုတ်ပါဘူး မောင်ရယ် .. ရှင်းပြပါရစေအုံး..
နေကွာ ဘာမှမရှင်းပြနဲ့ .. ငါအားလုံးကို ရှင်းရှင်းလင်းလင်းသိပြီးပြီ မြွေဟောက်လိုမိန်းမမျိုး သိပ်ကြောက်ဖို့ကောင်းတယ်..
မင်းကို မုန်းလဲမုန်းတယ်.. ရွံလဲရွံတယ်..

မောင်......
ကောင်မလေးအကျယ်ကြီး အော်လိုက်သည်။
တဖက်သက်မပြောပါနဲ့ တို့ ရှင်းပြတာ နားထောင်ပါအုံး..
ကောင်လေး ထွက်သွားချေပြီ။ အရမ်းကို ခါးသီးခက်ထန်လွန်းသည့်မျက်နှာနှင့် ။ ကောင်မလေးသိလိုက်သည်။ ရှင်းပြခွင်ရမယ်မဟုတ် တော့ ၊ သူ့ဆီဘယ်တော့မှ ပြန် လာတော့မည်မဟုတ်တော့ပေ ။ နှစ်ဦးလုံးရဲ့ မျက်ရည်စများ နှလုံးသားထဲသို့ စီးဆင်းခဲ့လေပြီ ။..

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ...

Thursday, January 28, 2010

Love Killer



အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတာ ဒီဇာတ်လမ်းက သက်သေခံနေသလိုပါပဲ။ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က ရေနံချက်စက်ရုံ ကို အရာရှိမိသားစု ပြောင်းလာခဲ့တယ်။ အဲဒီ့ မိသားစုမှာ ဂစ်တာရှိတ်ကောင်မလေး တစ်ယောက်လဲပါလာတယ်။ ကောင်မလေးနာမည် က သီရိ တဲ့၊ ရုပ်ကလဲချော၊ ချမ်းလဲချမ်းသာပြီး အသက်က ၁၆ ဆိုတော့ ကာလသားတွေပါးစပ်ဖျားမှာ အသဲစွဲပေါ့။ ဒါပေမယ့် ကောင်မလေးက ဘယ်သူ့ကိုမှ ပြန်မကြိုက်ဘူးတဲ့။

တစ်နေ့ကျတော့ ကောင်မလေး အိမ်ဘေးနားကို ကျောက်ပန်းတောင်းသား ကိုမျိုးခိုင်ဆိုတဲ့ လူပျိုကြီးတစ်ယောက်ပြောင်းလာပြီး အိမ် ငှားနေခဲ့တယ်။ ကိုမျိုးခိုင်ရဲ့ မျက်နှာမှာလဲ ကျောက်ပေါက်များနှင့် သိပ်ရုပ်ဆိုးတဲ့သူပေါ့။ ကိုမျိုးခိုင်က ကောင်မလေးကို နေ့တိုင်းနေ့ တိုင်းတွေ့ပါများတော့ အရမ်းချစ်သွားခဲ့တယ်။ ဒီတစ်ယောက်ကိုပဲ တမ်းတမ်းစွဲချစ်မိနေတဲ့ လူပျိုကြီးတစ်ယောက်တော့ အချစ်ရူးရူးနေ တော့တာပေါ့။

ကိုမျိုးခိုင်က သီရိ ကျူရှင်ပြန်တဲ့လမ်းကို စောင့်ပြီး အမြဲတမ်းရည်းစားစကားလိုက်ပြောလေ့ရှိတယ်။ ဒါပေမယ့် သီရိလေးကတော့ “အနူလက်နဲ့ ရွှေခွက်နိုက်တယ်” ဆိုပြီးဆဲလေ့ရှိတယ်။ ဖြစ်ချင်တော့ တစ်နေ့မိုးလေးဖွဲဖွဲကျတဲ့တစ်နေ့မှာ လူပျိုကြီး စကားလိုက် ပြောတယ်။ သီရိ စိတ်တိုလာတော့ လက်ထဲကထီးနဲ့ဆော်လိုက်တာပေါ့။ သီရိ အိမ်ပြန်ရောက်တော့ ကိုမျိုးခိုင်ဆိုတဲ့သူက သူ့ကို လိုက်နှောက်ယှက်ကြောင်း သူ့အဖေကို တိုင်လိုက်တယ်။ ကောင်မလေး အဖြေကစိတ်တိုပြီး ကောင်စီထိတက်တိုင်ခဲ့တယ်။

ကောင်စီလူကြီးတွေက ကိုမျိုးခိုင်ကို ခေါ်စစ်တော့ ကိုမျိုးခိုင်က ရိုးရိုးလေးပဲဖြေခဲ့တယ်။ သူနှောက်ယှက်တာမဟုတ်ပါဘူး၊ ချစ်လွန်း လို့ စကားလိုက်ပြောမိတာပါလို့ ပြောလိုက်တယ်။ သီရိ အရမ်းစိတ်တွေတိုသွားခဲ့တယ်။ ခုံကနေ ၀ုန်းခနဲထရပ်ပြီး ကိုမျိုးခိုင်ဆီ လျှောက်သွားတယ်။ ကောင်စီဝင်တွေက အံ့သြသင့်နေလို့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ ကိုမျိုးခိုင်ကို သူနဲ့ မတန်မရာလို့ပြောပြီး ဖြန်းခ နဲ ပါးရိုက်လိုက်တယ်။ ပြီးတော့ ရုံးထဲကနေပြန်ထွက်လာခဲ့တယ်။

နောက်ရက်ပိုင်းတွေမှာ ကိုမျိုးခိုင်တစ်ယောက် အပြင်လုံဝမထွက်တော့ဘူး။ အိမ်နောက်က ကြခတ်ဝါးရုံပင်တွေကိုခုတ်၊ အကောင်း ဆုံးဝါးလုံးကို ရွေးပြီး ပုလင်းကွဲလေးနဲ့ နေ့တိုင်းသပ်ပေးလေ့ရှိသည်။ သီရိကတော့ ကိုမျိုးခိုင်သူ့ကို မလိုက်တော့လို့ ၀မ်းသာနေတာ ပေါ့။တစ်ရက်... မိုးလေးဖွဲဖွဲကျနေတယ်၊ လမ်းပေါ်မှာလဲ လူရှင်းလို့၊ ကျူရှင်ကပြန်လာတဲ့ သီရိ တစ်ယောက်ထည်း၊လက်မှာလဲ ထီးလေးကိုင်လို့ပေါ့။ “အားးးးးးးးးးးးးးးးးးးး” နာကျင်စွာအော်လိုက်မိတယ်။ လုံးဝထင်မထားတဲ့ရိုက်ချက်တစ်ခု သီရိ ကျောပေါ်ကျ ရောက်လာခဲ့တယ်။ နာလွန်းလို့ အသားတွေကလဲ တဆက်ဆက် တုန်နေရှာတယ်။ သူမရဲ့ ထီးလေးကလဲ အဝေးကိုလွင့်လို့ပေါ့။

ကြောက်လန့်တကြားနဲ့ မော့ကြည့်လိုက်တော့ အငြိုးတွေနဲ့တင်းမာနေတဲ့ ကိုမျိုးခိုင်၊ သူ့လက်ထဲက ကြခတ်ဝါး...
သီရိရဲ့ နာကျင်လွန်းလို့ တုန်နေတဲ့ ခန္ဓာကိုယ်ကို သွေးအေးအေးနဲ့ရိုက်ခဲ့တယ်။ ကောင်မလေး စိစိညက်ကြေသွားမှ ကြေနပ်ပြီး စခန်းသွားအဖမ်းခံခဲ့တယ်။ သူ့ရဲ့ ရက်စက်တဲ့ လူသတ်မှုကြောင့် ကြိုးမိန့်ပေးခံခဲ့ရတယ်။ မသေခင်သူ့ရဲ့ ဆုတောင်းကတော့
လွှမ်းမိုးရဲ့ “အချစ်တွက်ဆို လည်စင်းပေးဝံ့တယ်” ဆိုတဲ့ သီချင်းကိုတောင်းပြီး ပြုံးပြုံးလေး အသေခံသွားတော့တယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Tuesday, November 3, 2009

ကောင်လေး နှင့် ကောင်မလေး


ကောင်လေး နှင့် ကောင်မလေး


တစ်နေကုန် အလုပ်တွေနဲ့ရှုပ်နေတဲ့ ကောင်လေး ညနေပိုင်းလောက်မှာ ရေမိုးချိုးပြီးကွန်ပြူတာရှေ့ဝင်ထိုင်ဖြစ်ခဲ့တယ်. သူ့ရဲ့ Gtalkထဲ
မှာ သူမသိတဲ့ Account တစ်ခုကိုသူတွေ့လိုက်တယ်.. အမှတ်မထင်ကြည့်နေတုန်းမှာပဲ " Hi " ဆိုပြီး နှုတ်ခွန်းဆက်တဲ့စကားလေး တက်
လာခဲ့တယ်. သူကြောင်ကြည့်နေမိတယ်. နောက် သူပြန်ထူးလိုက်တယ်.
" Hello " .
ဒါနဲ့ ဘယ်ကမှန်းမသိတဲ့ Account ပိုင်ရှင်လေးနဲ့ သူစကားပြောမိတယ်. ဒါပေမယ့်သူစိတ်သိပ်မကြည်ဘူး.တဖက်ကြောင့်ဟုတ်မယ်
မထင်. တစ်နေကုန်အလုပ်ရှုပ်နေတဲ့အတွက်အရမ်းပင်ပန်းနေတဲ့အတွက်ကြောင့်ပါ. ဒါနဲ့ပဲ သူစကားသိပ်မပြောတော့ပဲလက်စသတ်လိုက်
တယ်.
"ကျွန်တော် အရမ်းပင်ပန်းနေလို့ နားတော့မယ် နော်. နောက်မှတွေ့တော့မယ်နော်."
လို့ကောင်လေး ပြောလိုက်တယ်.
"နောက်ကော ခင်လို့ရလားဟင်"
"ဟုတ်ကဲ့ ရပါတယ်."
သူ Account ကို Signout လုပ်လိုက်တယ်.နောက်နေ့မှာ ဒီလိုပဲ ကောင်လေး အလုပ်တွေပြီးလို့ Online တက်ဖြစ်တယ်.မနေ့က Account ပိုင်ရှင်လေး ရှိနေတာကို သူသတိမပြုမိခဲ့ဘူး.ခဏလောက်နေတော့ msg တက်လာတယ်.
" ယူတို့ကို မခင်ဘူးနော်."
ကောင်လေး ပြန်ဖြေလိုက်တယ်
" မဟုတ်ပါဘူး ယူရောက်နေမှန်း ကျွန်တော် သတိမထားမိလို့ပါ"
သူမကျေနပ်အောင် ကောင်လေးတောင်းပန်လိုက်တယ်. ဒီလိုနဲ့ကောင်လေးနဲ့ ကောင်မလေးရင်းနှီးခဲ့တယ်. ကောင်မလေးက ညပိုင်း
ဆိုရင် ကောင်လေးဆီကို ဖုန်းအမြဲခေါ်တယ်.ကောင်လေးက ကောင်မလေး သူ့အပေါ်စိတ်ဝင်စားတာကို သူရိပ်မိခဲ့တယ်. ဒါပေမယ့် ကောင်လေးက အရမ်းချစ်တက်တယ်. သူအရမ်းလဲ အသဲကွဲဖူးတယ်.ဒါကြောင့် အချစ်ကိုကြောက်နေပြီး သူရှောင်ဖယ်ဖယ်လုပ်နေခဲ့ တယ်. ဒါပေမယ့် သေချာတာကတော့ သူလဲ ကောင်မလေးကိုစိတ်ဝင်စားနေမိတာပဲ.နောက်ပိုင်း ကောင်လေးကသူ့စိတ်ကိုမထိန်း ချုပ် နိုင်တော့ပဲ ..ဖုန်းပေါ်မှာပဲ သူဖွင့်ပြောလိုက်တယ်...............

အချိန်စက်ဝန်းလည်ပတ်ခဲ့တယ်.သူတို့ အွန်လိုင်းချစ်သူဖြစ်တာ တစ်လပြည့်ခဲ့ပြီ.အရာအားလုံး အဆင်ပြေခဲ့တယ်. သံယောဇဉ်တွေလဲ ခိုင်မြဲလာခဲ့တယ်.နှစ်ယောက်သား ဘ၀ထူထောင်ဖို့ အိပ်မက်တွေမက်ခဲ့တယ်.သိပ်မကြာခင်မှာပဲ လှိုင်းခတ်လာခဲ့တယ်.ကောင်မလေးကို သူ့အိမ်ကမိဘတွေက အိပ်ထောင်ပြုပေးဖို့ စီစဉ်ကြတယ်.ကောင်မလေးကငိုပြီး ကောင်လေးကိုဖုန်းနဲ့ပြောတယ်.ကောင်လေး အကြီးကျယ်တုန်လှုပ်သွားတယ်.မျက်နှာမမြင်ဖူးကြပေမယ့် စိတ်ထဲမှာတော့ အရမ်းရင်းနှီးနေကြတဲ့ ချစ်သူတွေလေ.. ဒါပေမယ့်ကောင်
လေးမှာ အဝေးတစ်နေရာကဆိုတော့ မလှုပ်သာပဲကောင်မလေး အခြေနေကိုသာ နားစွင့်နေခဲ့ရတယ်.ကောင်မလေးကလဲကောင်လေး
ကို အရမ်းချစ်တော့ အိမ်ကစီစဉ်ပေးတာကို အတင်းငြင်းဆန်ခဲ့တယ်. တစ်ခါမှ ပြန်ခံမပြောဘူးပေမယ့်..ကောင်လေး အတွက်သူပြောခဲ့ တယ်. နောက်ဆုံး ကောင်လေးနဲ့ ကောင်မလေး အတူတူ တစ်နေရာကိုထွက်ပြေးပြီး ဘ၀တစ်ခု ထူထောင်ဖို့ ဆုံးဖြတ်လိုက်တယ်.ဒါနဲ့
ကောင်လေးနဲ့ ကောင်မလေး အချိတ်ဆက်လုပ်ပြီး.ထွက်ပြေးဖို့စီစဉ်ခဲ့တယ်.ကောင်လေး ကောင်မလေးဆီ လာဖို့ ကားဂိတ်ဆင်းခါနီး မှာပဲ.ကောင်မလေး ညီမလေးဆီက ဖုန်းဝင်လာခဲ့တယ်.ဒါနဲ့ အပြေးအွန်လိုင်းပေါ်တက်မိတယ်.အွန်လိုင်းပေါ်မှာ တွေ့လိုက်ရတာ သူရဲ့ ချစ်သူမဟုတ်ပဲ..မိဘတွေသဘောတူထားတဲ့ ကောင်လေးတစ်ယောက်ပါ.ကောင်မလေးကို မေ့ပစ်လိုက်ဖို့ ကောင်မလေးကမိဘတွေကို မလွန်ဆန်နိုင်လို့နောက်ဆုံးသူနဲ့ လက်ထက်မယ်. မင်းတို့က အိမ်မက်သက်သက်ပါ..အဓိပ္ပာယ်မဲ့စွာ သံရည်ပူလို ပူတဲ့ စကားလုံးတွေ သူ့နားထဲ လောင်းထည့်ခံလိုက်ရတယ်.ကောင်လေး အရမ်းခံစားရတယ်.သူ့ရဲ့ အစီစဉ်ကို လက်လျှော့ခဲ့ရပေမယ့် သူကောင်မလေးကို တစ်ရက်မှမမေ့ပဲသတိရလွမ်းဆွတ်နေခဲ့မိတယ်.

တပတ်ပြည့်တဲ့နေ့မှာ ဖုန်းဝင်လာခဲ့တယ်.မိဘတွေသဘောတူထားတဲ့ ကောင်လေးဖြစ်နေခဲ့တယ်..ဖြစ်ပျက်ခဲ့တဲ့ နေ့ကစပြီးကောင်မ လေး ထမင်းလဲ မစားတော့ဘူး.အပြင်လဲမထွက်တော့ဘူး.. နေလဲမကောင်းဖြစ်နေတယ်တဲ့.ဒါကြောင့် မင်းဖုန်းဆက်ပြီးကောင်မလေး ကို ထမင်းစားအောင်ပြောပေးတဲ့..ပြီးတော့ သူမင်းကို စိတ်နာအောင်လဲပြောပေးတဲ့...ချစ်သူဒီလိုဖြစ်နေပေမယ့် ကောင်လေး ဖုန်းဆက်
ဖို့ငြင်းဆန်လိုက်တယ်.သူကောင်မလေး ရဲ့စိတ်ကိုသူအသိဆုံးပဲလေ. ကောင်မလေးအခုလိုခံစားရသလိုကောင်လေးလဲခံစားနေရတာ
လေ. သူပြောလိုက်ရင် ကောင်မလေးသေလောက်အောင် ခံစားရမယ်ဆိုတာ သိနေတယ်လေ. သူမပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်. နောက်ရက်အနည်းငယ်ကြာမှာ ဖုန်းဝင်လာခဲ့တယ်. ကောင်မလေးဖြစ်နေတယ်.ကောင်လေး အရမ်းပျော်သွားတယ်. အိမ်ကနည်းနည်း အလျှော့ပေးလိုက်တယ်.ဒီတကြိမ်မှာတော့ ကောင်လေး လက်လွှတ်မခံချင်တော့ ကောင်မလေးကိုလာတွေ့ဖို့အမြန်ဆုံးဖြတ်လိုက်တယ်. ဒါပေမယ့် ကောင်လေးအပျော်တွေမကြာခဲ့ပါဘူး.. သူမေးလ် တစ်စောင်လက်ခံရလိုက်တယ်..

ကိုကို..
မပြောချင်ဆုံးစကားကိုပြောရတော့မယ်..
ဒီရက်တွေမှာကိုကို့ ကိုလွမ်းနေခဲ့တာပါ..
မလုပ်ချင်တာတွေကို ကိုကို့ကြောင့်လုပ်ခဲ့တယ်.
ချိန်းထားတဲ့အချိန်မှာ ကိုကို့ဆီက လာနိုင်ဖို့အမြဲစဉ်းစားနေမယ်နော်..
၈လပိုင်း ၂၁ နေ့ကနေပြီး ကိုကိုနဲ့ မတွေ့တော့ဘူးနော်..
အွန်လိုင်းကိုလဲမ၀င်တော့ဘူး.. ဖုန်းလဲမဆက်တော့ဘူး..
ကိုကို မတွေ့ကြတဲ့အချိန်တွေမှာလွမ်းနေမယ်..
ရင်ထဲမှာလဲ ကိုကိုတစ်ယောက်ထဲပဲရှိနေမယ်..
ယုံကြည်မယ်.. ကိုကိုလဲ ----နဲ့ထပ်တူရှိမယ်လို့ ယုံနေမယ်နော်..
ကိုကို.. ပြန်လာခဲ့မယ်နော်.. ကိုကို..စောင့်နေပေးပါနော်.
ကိုကို့ ကို ---- ချစ်တယ်..
ကိုကိုနေကောင်းအောင် အမြဲဂရုစိုက်ရမယ်နော်..
-----နဲ့ ကိုကိုချစ်ခဲ့ကြတာ ပုံပြင်မဟုတ်ဘူးဆိုတာ..
အာလုံးသိဖို့ ----- ကိုကို့ဆီကိုရောက်အောင်လာခဲ့မယ်နော်..
ကိုကို.. ---- ကိုမမေ့ပါနဲ့နော်..
ကိုကိုချစ်နေပါနော်..
ချစ်တယ် ..ကိုကို(ကိုကို့ချစ်ဇနီး)


ဒီ msg လေးရပြီး နောက်ပိုင်း ကောင်လေးနဲ့ ကောင်မလေး မတွေဖြစ်ကြတော့ဘူး..ကောင်မလေး ပျောက်သွားလိုက်တာဘယ်ဆီ
ရောက်နေမှန်းတောင် ကောင်လေးမသိခဲ့ပါဘူး.အချိန်တွေ တဖြည်းဖြည်း ကြာမြင့်လာခဲ့ပါတယ်.ဒါပေမယ့် ကောင်လေးတစ်ယောက် ကောင်မလေးကို နေ့စဉ်နဲ့အမျှ.သတိရလွမ်းဆွတ်နေမိတယ်.. ကောင်မလေးပေါ်မှာပဲ ထာဝရ သစ္စာရှိဖို့ဆုံးဖြတ်ထားတယ်ချိန်းထား
တဲ့ရက်မှာ ပြန်တွေ့ကြမယ်လို့ အစွမ်းကုန်ယုံကြည်နေမိတယ်...ကောင်လေး အချစ်တွေ ထာဝရမပျောက်ကွယ်ပဲကောင်မလေးကိုထာဝရ
ချစ်နေမယ်ဆိုတာ ကောင်မလေး သိနေပါစေလို့ ဆုတောင်းရင်း..
(4.9.2012)

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Thursday, October 29, 2009

အိမ်မက် မှတ်တမ်း

လက်ကနာရီလေးကို ကြည့်လိုက်မိသည်... ၆ နာရီထိုးတော့မယ်။ အိပ်ရာမှထဖို့ပြင်
လိုက်သည်။ ဘေးကိုတစ်ချက်ကြည့်လိုက်သည် ၊ သားသားနဲ့ မိန်းမ အပူပင်မဲ့စွာ
အိပ်ပျော်နေတုန်းပင်။ စောင်လေးကို အပေါ်သို့ဆွဲတင်ချုံပေးလိုက်သည်။ နှာခေါင်း
ထဲ ထူးခြားလန်းဆန်းတဲ့ အနံ့တစ်ခုရလိုက်သည်။ သင်းပျံ့လတ်ဆတ်တဲ့ ပိတောက်
နံ့။ သြော် သင်္ကြန်တောင်ရောက်ပြန်ပြီပေါ့။

ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ရေမိုးချိုးလိုက်သည်။ တစ်ဖက်ခြံမှ သင်္ကြန်သီချင်း
သံ သဲ့သဲ့လေးကြားလိုက်ရသည်။ စိတ်ထဲတစ်မျိုးလန်းဆန်းသွားသည်။ မီးဖိုထဲဝင်
ကာ သားသားနှင့် ချစ်ဇနီးလေးစားဖို့ ပေါင်မုန်နဲ့ ကြက်ဥကြောက်လိုက်သည်။ကော်
ဖီပါဖျော်ထားလိုက်သည်။
" ဟာ ကိုကိုကလဲ မလုပ်ပါနဲ့ ဖြူစင်လုပ်မှာပေါ့"
" နိုးပီလား မိန်းမရဲ့ "
" ကိုကိုကလဲ အလုပ်ပိတ်ရက်လေး နားပါ ဒါတွေကို ဖြူစင်လုပ်မှာပေါ့ "
" မဟုတ်ပါဘူးကွာ တစ်ခါတစ်လေလဲ ကိုကို ကြော်တာလေး ဟော့ဒီက
ချစ်မိန်းမလေး စားစေချင်လို့ပါ "
ကျွန်တော် သူမရဲ့မေးစေ့လေးကို ကိုင်ပြီးပြောလိုက်သည်။
သူမပြုံးသွားသည်။

အိမ်ထောင်သက် ၄ နှစ်ထဲရောက်သည့်တိုင်အောင် စကားများ
စိတ်ဆိုးခြင်း မရှိပဲ နှစ်ယောက်သား ဘ၀ကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလာခဲ့သည်။
သားသားလေးကလဲ ကျွန်တော်တို့ရဲ့ ကမ္ဘာလေးဖြစ်သည်။ လိမ္မာလှသည်။
" အော်ဒါနဲ့ မိန်းမ ညက ကိုယ့်မေမေဖုန်းဆက်ထားတယ်မလား."
" ဟုတ်တယ်လေ ကိုကို သမီးကြီး မေမေနဲ့ ဥပုဒ်စောင့်လိုက်ခဲ့ရမယ်တဲ့ "
ကျွန်တော်သူမြင်အောင် တစ်ချက်ပြုံးလိုက်သည်။
" ကောင်းတာပေါ့ မိန်းမရဲ့ ငါ့မိန်းမ ကုသိုလ်ရတာပေါ့ "
" ကုသိုလ်ရတာတော့ ဟုတ်ပါတယ် ကိုကိုရယ်. ဒါပေမယ့် မေမေက တစ်နေကုန်
နေမှာဆိုတော့ ကိုကို နဲ့သားသား ဖြစ်ပါ့မလား .ဒါနဲ့ ကိုကိုက ဘာလို့ပြုံးနေတာလဲ
ဟင်းနော် ကိုကိုနော် ဖြူစင်သိတယ်.."
" ဟဟ ပြောပါအုံး မိန်းမက ဘာသိတာလဲ "
" ကိုကို ဖြူစင်မရှိတုန်း ကဲမလို့မလား."
" မဟုတ်ရပါဘူး မိန်းမရယ် ငါ့မိန်းမ တစ်နေကုန်နေနိုင်မလားတွေးပြီးပြုံမိတာပါ"
" မေမေ "
" ဟော မိန်းမ သားသား အပေါ်မှာနိုးနေပြီ သွား နှစ်ယောက်သား မျက်နှာသစ်
ပြီးရင် ဆင်းလာခဲ့ ကိုကို စားဖို့ပြင်ထားလိုက်မယ် ဟုတ်ပြီလား"
"ဟုတ်"
" အေးအေးသွားသွား "
ချစ်ဇနီးလေးမှာ ကလေးတစ်ယောက်ပမာ အပေါ်သို့ပြေးတက်သွားသည်။


အခက်ခဲများကြားမှာ နှစ်ယောက်သား ချစ်လွန်းလို့ ခက်ခက်ခဲခဲ ပေါင်းစည်း
ရသူများဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်ကြားမှာ ပြဿနာ အဖုထစ်များပင်
မရှိပဲ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စုံမက်စွာနဲ့ ဘ၀ကိုဖြတ်သန်းခဲ့ကြသည်။
" သားသား မေမေ ဒီနေ့ ဘွားဘွားကြီးနဲ့ ဥပုဒ်စောင့်လိုက်သွားမယ်.
သားသားက ဖေဖေနဲ့ နေခဲ့ .. မဆိုးရဘူးနော်. မေမေပြန်လာရင်မုန့်ဝယ်ခဲ့
မယ် "
" ဟုတ် "
" အင်း မေမေ့ သားလေးက လိမ္မာမှန်းမေမေသိပါတယ်. "
" အဲဒါ ကိုယ်နဲ့တူလို့ပေါ့ကွ "
အပေါ်မှ သားသားကို ချီဆင်းရင်း သားသားကို မှာနေသော ချစ်ဇနီး၏
စကားအား ၀င်ထောက်လိုက်သည်။
" ဟုတ်ပါတယ် ကိုကိုရယ် ၊ ကိုကိုလဲ လိမ္မာတယ် သားလေးလဲ လိမ္မာ
တယ် "
" ကဲ လာစားကြတော့ နောက်မှမှာတော့ မိန်းမရေ..
အေးကုန်တော့မယ် "
" ဟုတ်ကဲ့ ကိုကို "
"သား ဘယ်လိုလဲ ဖေကြီးကြော်တာ မေကြီးလောက်ကော ကောင်း
လား "
" ဟုတ် ကောင်းတယ် "
"အေး ကောင်းရင်လဲ များများစား မိန်းမထည့်စားလေ "


ချစ်ဇနီးလေးက မုန့်စားနေရင်းပြောသည်။
" ခနနေရင် မေမေလာခေါ်တော့မှာဆိုတော့ ကိုကိုတို့ စားဖို့ ဖြူစင်
ဘာမှ မပြင်ဆင်ပေးရသေးဘူး "
" မပူပါနဲ့ မိန်းမရယ် မင်းသာစိတ်ဖြောင့်ဖြောင့်သွားပါ ၊ ကိုယ်တို့ဖြစ်
ပါတယ် လမ်းထိပ်က ထမင်းဆိုင်မှာ သွားဆွဲလိုက်မယ် "
" ကိုကို သွားစားတာက ကိစ္စမရှိဘူး. သားလေးရေစိုမယ်နော်."
" အော် မိန်းမကလဲ သင်္ကြန်ရေ စိုတာက ကလေးတောင်ကျန်းမာ
သေးတယ် ၊ ဟုတ်ဘူးလား သားရယ် "
"ဟုတ်တယ် ၊ သားရေပက်မယ်နော် မေမေ "
" ဒီသားအဖနှစ်ယောက်ကတော့ အတိုင်ဖောက်ညီနေတယ် ၊
ဖြူစင်ရှိနေတဲ့ အချိန်ဆို ကိစ္စမရှိဘူး ကိုကိုရဲ့ အခု ကလေးက
ရေတွေစိုနေရင် ကိုကို နဲ့ မဖြစ်ပါဘူး မနက်ဖြန် ဖြူစင်ရှိမှာပဲ
အဲတော့မှ ကစား ဟုတ်ပြီလား သား "
" အင်း "
သားသား စားနေရင်းနှင့် စိတ်မပါစွာပြောလေသည် ။
" ဟုတ်ပါပြီ မိန်းမရယ် ကိုယ်တို့ ထမင်းသွားစားရင် ကားနဲ့
သွားမယ်ဟုတ်ပြီလား စိတ်မပူတော့နဲ့ ဟုတ်ပြီလား "
" ဟုတ် ကိုကိုလိမ္မာတယ် "
" စားစား ခနနေရင် မေမေရောက်လာတော့မယ် "


ချစ်ဇနီးလေ ကျွန်တော်တို့ သားအဖကို စိတ်မချဖြစ်နေတယ်ထင်ပါတယ်.
ခဏခဏမှာနေတယ် အတင်းအပေါ်တက်ပြီး အ၀တ်စားလဲခိုင်းလိုက်ရ
တယ်။
" တီတီ " ....
" ဖိုးထူးရေ "
" ဗျာ ကိုလေး "
" အိမ်ရှေ့မှာ မေမေတို့ ကားနဲ့တူတယ် သွားဖွင့်ပေးလိုက်ပါအုံးကွ "
" ဟုတ်ကဲ့ ကိုလေး "
" သား ပြီးရင် ပါးစပ်သုတ်တော့ ဘွားဘွားသွားကြိုရအောင် "
" ကဲလိမ္မာတယ် ထ "

မေမေ ရောက်လာပြီ။ သားသားလေးက ပြေးပြီး သူ့ဘွားအေ ကိုကြိုသည်။
" ဘွားဘွား "
" အမလေး ငါ့မြေးလေး ချစ်ဖို့ကောင်းလိုက်တာ.. ဘာတွေစားထားတာလဲ
မြေးလေးရဲ့"
" ဖေကြီးကြော်ကြွေးတာ ပေါင်မုန့်ကြော် "
" ဟုတ်ပါပြီကွယ်.. ၊ သားကြီး မင်းမိန်းမကော "
" အော် အပေါ်မှာ ပြင်နေတယ်လေ မေမေ ပြီးတော့မှာပဲ၊ သူ့ယောင်္ကျားနဲ့
ကလေးကို မှာနေတာနဲ့ သူနောက်ကျနေတာ "
" မိန်းမရေ မေမေရောက်ပြီကွ "
" ပြီးပြီ ကိုကိုရေ .. "

ချစ်ဇနီးလေ ယောဂီရောင် ၀တ်စုံလေးနဲ့ ဆင်းလာသည်။ ကျွန်တော်
လှလွန်းလို့ ကြောင်ပြီး ငေးနေမိသည်။
" ကိုကိုရယ် ဖြူစင်လဲ ပေါက်ဝင်သွားပါအုံးမယ် ငေးလိုက်တာများ .. "
မေမေ့ ရှေ့မို့ ရှက်ရှက်နှင့်
" မိန်းမကလဲကွာ ... မဟုတ်ပါဘူး "
" ကဲပါ မင်းကလဲ ရှက်မနေပါနဲ့... "
မေမေက ၀င်ပြောလိုက်သည်။
" သမီး သမီးရဲ့ မိဘတွေကော နေကောင်းကြလား "
" ဟုတ်ကောင်းပါတယ် မေမေ ... ဟိုတစ်နေ့ကတောင် လာသွားသေး
တယ် သူ့မြေးလေးကို လွမ်းလို့တဲ့ "
" အေးအေး သမီးပြီးပြီလား ပြီးရင် သွားမယ်လေ မေမေ၀င်စရာ ရှိသေး
လို့ "
" ဟုတ်ပြီးပြီလေ မေမေသွားရအောင် "
" အော် မေမေ ညီလေး ဆီက အဆက်သွယ်ရသေးလား "
" အေး ရတယ်သားရဲ့ သူလဲ တပ်ကိစ္စနဲ့ သင်္ကြန်လဲမအားပါဘူးတဲ့
ပြီးလောက်မှလာတော့မယ်တဲ့ မင်းတို့မိသားစုကိုလဲ လွမ်းပါတယ်တဲ့..."
" ဟုတ်ပါပြီ မေမေရယ် မေမေ့သားလဲ မငယ်တော့ဘူးနော် မိန်းမရှာပေး
တော့လေ "
" သားကြီးရယ် မင်းက သားကြီးပဲ သင့်မယ်ထင်တာ ရှာပေးလိုက်ပေါ့"
" ဟုတ်ပါပြီ မေမေရယ် ကဲကဲ နောက်ကျမယ် သွားကြတော့လေ မေမေတို့"
" အေးအေး စကားကောင်းနေတာ သွားမယ်သမီး "
" ဟုတ်မေမေ ၊ ယောင်္ကျား သားသားကို စိတ်ချမယ်နော်... ရေမစိုစေနဲ့
ထမင်းစားချိန်လဲ နောက်မကျနဲ့နော်... သားသားကိုလဲ ၀င်အောင်ကျွေးအုံး"
" ကဲပါမိန်းမရယ် ပြီးမှာ မဟုတ်တော့ဘူး အားလုံးအဆင်ပြေအောင်ကြည့်
လုပ်ထားလိုက်မယ် ... "
" ဟုတ် သားသား မေမေသွားပြီနော် ... ကိုကိုသွားပြီ "
" ဟုတ်မေမေ တာ့တာ့ "
မေမေနဲ့ ချစ်ဇနီးတို့ ထွက်သွားကြပြီ.......

ကျွန်တော် နှင့် သားသား ၀မ်းဗိုက်ပြဿနာ ဖြေရှင်းရပေတော့မည်။
ချစ်ဇနီးလေးထွက်သွားပြီးကတည်းက ကျွန်တော်နှင့်သားသား TV ရှေ့
ိထိုင်ကာ Game ဆော့လိုက် သားသား ကြိုက်တဲ့ Power Ranger ကြည့်
လိုက်နဲ့ ထမင်းစားချိန်တောင် တိုင်ခဲ့ပေါ့... ထိုနှင့် ဖိုးထူးကိုကားထုတ်ခိုင်း
လိုက်သည်။ ထိုနောက် သားသားနှင့် ကျွန်တော် လမ်းထိပ်က ထမင်းဆိုင်
ကို ကားမောင်းရင်း ထွက်ခဲ့သည်။ အကြိုနေ့မို့ သိပ်တော့ရေမကစားကြ
သေး။ သို့သော် တစ်ချို့ကလေးများ ရေကစားနေကြသည်။ သားသားကား
မှန်ပေါ်က ကျော်ကြည့်၍ စိတ်ဝင်စားနေသည်။
" သား ရေကစားချင်လို့လား "
" ဟုတ်သားရေပက်ချင်လို့ "
" အေး မင်းမေမေကလဲ သေချာမှာခဲ့တယ် သူရှိမှ သားသားရေကစား
ရမယ်တဲ့ မနက်ဖြန်မှ ကစားနော်သား အခုသားစားချင်တာ ဖေဖေလိုက်
ကျွေးမယ်နော်.."
" ဟွန်း "
သားသား နှုတ်ခမ်းစူသွားသည် ။ သို့သော် မတက်နိုင်ပေ ချစ်ဇနီးလေးရဲ့
အမိန့်အာဏာ ကို မလွန်ဆန်နိုင်ပေ။

ထမင်းဆိုင်ရှေ့သို့ ကားလေးထိုးရပ်လိုက်သည်။ ထို့နောက်သားသား
လက်ဆွဲကာ ထမင်းဆိုင်ထဲ ၀င်လာခဲ့လိုက်သည်။
" ဟာ ကိုရဲတို့သားအဖ ထမင်းလာစားတာလား "
" ဟုတ်တယ် အစ်ကိုရေ.. အိမ်က မိန်းမ က အမေနဲ့ ဥပုဒ်စောင့် ပါသွား
တယ်လေ "
" ဒါကြောင့် အစ်ကိုဆိုင်ပြေးလာရတာ... "
ထို့နောက် သားသား နှင့်ကျွန်တော် ဆိုင်ထမင်းဆိုင်ဟင်းကို လွေးရပေ
တော့သည်။ ငွေရှင်းပြီး ဆိုင်ကပြန်အထွက်တွင် ဆိုင်မှ ဆိုင်ရှင် အစ်ကို
ကြီးက ကျွန်တော်တို့ကို ရေတစ်ခွက်စီလောင်းလိုက်သည်။

" ကဲ သင်္ကြန်အကြိုဗျို့ ကိုရဲတို့ သားအဖ "
" အမလေး......."
ကျွန်တော်နှင့် သားလေး သင်္ကြန်ရေ စိုလေပြီ.... ။
သားသားလဲ စိုလက်စ နှင့် လမ်းထိပ်မှာ ကစားနေသော ဆိုင်ရှင်အစ်ကို
ရဲ့ ကလေးတွေနဲ့ ကစားပါစေတော့ဆိုပြီး လွတ်ထားပေးလိုက်သည်။
ကျွန်တော်နှင့် ဆိုင်ရှင်အစ်ကိုကြီးလဲ အေးဆေး အအေးသောက်ရင်း
ရှေးဟောင်းနှောင်းဖြစ်တွေပြောနေခဲ့သည်။ အတန်ကြာသောအခါ သားသား
လဲ ဖျားမည်ဆိုးသည်နှင့် ပြန်ခေါ်လာခဲ့ရတော့သည်။ ဒါတောင် ကိုယ်တော်
ချောက မလိုက်ချင် သူ့မေမေနဲ့ခြောက်ခေါ်ခဲ့ရသည်။

အိမ်ပြန်ရောက်တော့ ရေမိုးချိုးအ၀တ်စားလဲကာ သိပ်ထားလိုက်သည်။
ရေကစားတာလဲ မပြောဖို့ မှာထားရသေးသည်။ သူ့မေမေသိလို့ကတော့
ကျွန်တော့် ဗိုက်ကြောပြတ်ပြီ။ .....
ညနေမစောင်းခင် မေမေနှင့် ချစ်ဇနီးလေးတို့ပြန်ရောက်လာကြသည်။
မေမေက နောက်ကြမှာ စိုးသည်နှင့် အထဲမ၀င်တော့ပဲ ပြန်သွားလေသည်။
ချစ်ဇနီးလေးနှင့် ဧည့်ခန်းထဲမှာ ခဏထိုင်ကာ စကားပြောနေသည်။
" ကိုကို သားသားကော "
" အိပ်နေတယ်လေ မိန်းမရယ် "
" ကိုကိုတို့ကော အဆင်ပြေလား ရေကော ကစားသေးလား "
" မိန်းမရယ် နားပါအုံးကွာ အဆင်ပြေပါတယ် ရေလဲမကစားဘူး ဟုတ်ပြီ
လား "
" ဟုတ် "
" မေမေ "
" ဟော သားသား နိုးပြီ.. နေနေ မိန်းမနေ ကိုယ်သွားခေါ်လိုက်မယ်."

ကျွန်တော်အပေါ်ထပ်တက်သွားပြီး သားသားကို ချီခဲ့လိုက်သည်။
" လာပါအုံး မေ့သားလေးရယ်.. အမယ်လေး ချစ်စရာကောင်းလိုက်တာ"
မိန်းမပြောရင်းနဲ့ ကလေးအား တယုတယနမ်းလိုက်သည်။
" သား ....သားသားတို့ နေ့ခင်းက ရေကစားသေးတယ်ဆို "
သားက ကျွန်တော့်ဘက်လှည့်ကြည့်သည်။ ကျွန်တော်မျက်လုံးမှိတ်ပြလိုက်
သည်။ မမှီတော့ သားက " ဟုတ် " ဟုဖြေလိုက်သည်။
ချစ်ဇနီးလေး ကျွန်တော့ဘက်ကို လှည့်ကြည့်သည်။။
" ဟိဟိ ချစ် ကိုကိုပြောတာနားထောင်အုံး "
မမှီတော့ ချစ်ဇနီးလေးရဲ့ လက်ကလေးကျွန်တော့်ဗိုက်ခေါက်ပေါ်ရောက်
လေပြီ......
" အ .. အ.. နာတယ် "
...................................................................................
" နာတယ် လုပ်မနေနဲ့ သားကြီး မင်းမနက်အပြင်သွားစရာရှိတယ်ဆို
ထတော့လေ နေမြင့်နေပြီ.... "
ကျွန်တော်ဗိုက်ကြောလိမ်ဆွဲသူမှာ ကျွန်တော့်ချစ်ဇနီးလေးမဟုတ်...
အိပ်ပုတ်နေသော သားကိုနိုးသော မေမေလက်စွမ်းပင်ဖြစ်လေသည်။...
ဟိဟိ သြော် ... ငါအိမ်မက်မက်နေတာကို.....


ကြိုးစားလျှက်
မျှော်လင့်သူ..
Related Posts with Thumbnails