Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...
Showing posts with label ဟာသစုဗူး. Show all posts
Showing posts with label ဟာသစုဗူး. Show all posts

Tuesday, August 17, 2010

မေးခွန်းကြီး ၃ ခုရဲ့ အဖြေ

မေးခွန်းကြီး သုံးခုရဲ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ...

ပထမမေးခွန်း..
မဟာဇနကမင်းသား သမုဒ္ဒရာထဲ ခုန်ချခါနီး ပြောတဲ့ စကားကြီး ၃ ခွန်းကတော့ ၀မ်း၊ တူး၊ သရီး... ဖြစ်ပါတယ်ခင်ဗျာ။

ဒုတိယမေးခွန်း..
ဆရာတော်ကြီး မိန့်တော်မှုတဲ့ စကားကတော့ 'လိုက်သွားကြ ငါလဲ မတက်နိုင်ဘူး' ဖြစ်ပါတယ်ခင်ဗျာ။

တတိယမေးခွန်း..
တိုးတိုးလေးပြောလိုက်တဲ့ သီပေါမင်းရဲ့ စကားကတော့ 'ထိုင်ရတာ ကျပ်လို့ ဟိုဘက်နည်းနည်းတိုးပေးပါတဲ့' ဖြစ်ပါတယ်ခင်ဗျာ။

လွတ်လပ်စွာဖြေပေးတဲ့ ဘော်ဒါတွေကျေးဇူးပဲ။ ပျော်ရွှင်နိုင်ပါစေဗျာ။ အခုရက်ပိုင်း ကျွန်တော်တော့း(

စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ

Saturday, August 14, 2010

မေးခွန်းကြီး ၃ ခု


အလုပ်တွေ ရှုပ်နေတာနဲ့ စာတောင်သိပ်မရေးဖြစ်ဘူး။ ဒီနေ့ စာဖတ်သူတို့ကို ဥာဏ်စမ်းတဲ့ သဘော ၊ ဆိုလိုချင်တာကတော့ ဘယ်လောက် ဗဟုသုတ ပြည့်စုံနေပြီလားဆိုတာကို စစ်ဆေးတဲ့သဘောနဲ့ မေးခွန်းလေးသုံးခု မေးချင်ပါတယ်။ ဒီမေးခွန်းကို ဘယ်တက္ကသိုလ်မှာမှ မမေးဖူးပါဘူး။ စာဖတ်သူတို့ အာရုံစိုက်ပြီး Comment မှာဖြေပေးပါ။ ကျွန်တော်လဲ အဖြေပြောပြမှာပါ.

ပထမမေးခွန်း။
မဟာဇနကမင်းသားကို ဗုဒ္ဓဘာသာဝင်တွေသိကြမှာပါ။ ဘုရားလောင်းပေါ့။ မိထ္ထီလာတိုင်းကို ကုန်ကူးသွားတော့ မဟာသမုဒ္ဒရာကြီးကို ဖြတ် သန်းရပါတယ်။ ဒီအချိန်မှာ မုန်တိုင်းကျတော့ သဘောင်္ပျက်တယ်။ နောက်ဆုံးတော့ သဘောင်္ပေါ်က ခုန်ချဖို့ဖြစ်လာတယ်။ ဒီလိုနဲ့ သဘောင်္ ရွှက်တိုင်ထိပ်တက် ခုန်ချဖို့ အားပြင်ပြီး စကားကြီး ၃ ခွန်းကို ပြောပါတယ်။ ဒီစကားကြီး ၃ ခွန်းက ဘာပါလဲ ?

ဒုတိယမေးခွန်း။
သီပေါမင်းကြီး ပါတော်မူတော့ တိုင်းတစ်ပါးကို ပို့ဆောင်ခြင်းခံရပါတယ်။ ဂေါဝန်ဆိပ်ကို ပို့ဖို့ လှည်းယဉ်ပေါ်မှာလိုက်ပါပြီး သူကိုးကွယ် တဲ့ဆရာတော်ဘုရားရဲ့ ကျောင်းရှေ့က ဖြတ်သွားရတယ်။ ဒီအခါမှာ မင်းသီပေါက ဆရာတော်ဘုရား တပည့်တော်တို့ သွားရပါတော့ မယ်ဘုရား.. ဆိုပြီး ငိုယိုပြီး အော်ပြောပါတယ်။ ဒီအချိန်မှာ ဆရာတော်ဘုရားကြီးက ပြန်မိန့်ပါတယ်။ ဒီမိန့်တော်မူတဲ့ စကားက ဘာပါလဲ?

တတိယမေးခွန်း။
ဒုတိယမေးခွန်းထဲကလိုပဲ သီပေါမင်းဟာ ဂေါဝန်ဆိပ်ကိုအသွား လှည်းယဉ်လေးပေါ်မှာ မိဖုရား စုဖုရားလတ်ရဲ့ နား အနားကိုကပ်ပြီး တိုးတိုးလေးပြောတယ်။ အဲဒီလိုပြောလိုက်တဲ့ စကားဟာ ဘာပါလဲ ?

ကဲ မေးခွန်းလေးသုံးခုကတော့ ဒါပါပဲ ။ စာဖတ်သူတို့ အားလုံးစိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။ ကြိုးစားပြီး ဖြေကြည့်ပါ။ အဖြေလေး တွေကို မျှော်လင့်နေပါတယ်။ တစ်ခုပြောချင်တာက မေးခွန်းကို သိပ်အလေးအနက်ကြီး မစဉ်းစားဖို့ပါပဲ။ သေချာလုံးစေ့ပတ်စေ့ ဖတ်သူဆိုရင် အဖြေဟာ ဘယ်လိုမျိုးထွက်နိုင်မယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။


စာဖတ်သူတို့ကို အစဉ်လေးစားလျှက်...
မျှော်လင့်သူ

Sunday, June 6, 2010

နောင်လာမယ့် နှစ်ပေါင်းနှစ်ဆယ်ကို ကြိုကြည့်ချင်ရင်


ပုံကိုလဲကြည့်ပါဦးဗျာ ဒီလောက်ချောမောတဲ့ ကျွန်တော်နောင်နှစ် 20 ကြာရင်ဒီလိုဖြစ်မယ်တဲ့။
အနာဂတ်ကို မျှော်ကြည့်လိုသူတွေအတွက် အသုံးတည့်မယ့် Website ပါ။ www.in20years.com ပါ။ အဲဒီ့မှာ ကိုယ့်ရဲ့ ဓာတ်ပုံပဲဖြစ်ဖြစ်၊ ကိုယ်သိချင်တဲ့သူရဲ့ ဓာတ်ပုံပဲဖြစ်ဖြစ် Upload လုပ်ပြီးတင်ပေးလိုက်ရင် နောက်နှစ်တွေ မှာဖြစ်မယ့် ရုပ်ပုံလွှာကို မြင်ကြရမှာပါ။ နောင်နှစ် 20 မှာ ဖြစ်လာမယ့် ပုံကိုကြည့်မလား၊ နောင်နှစ် 30 မှာဖြစ်လာ မယ့်ပုံကို ကြည့်ချင်သလား ဆိုတာကိုတော့ ကိုယ်တိုင်ရွေးရမှာပါ။ ဓာတ်ပုံတင်တဲ့အခါ မျက်နှာကွက်ကွက်လေး ကို တင်ရင်ပြောင်းလဲလာတာကို ပိုမြင်နိုင်မှာပါ။ ဒါဆိုရင် လာမည့်နှစ်တွေမှာ ဘယ်လိုပုံတွေတွေ့ရမလဲဆိုတာ ကြိုကြည့်နိုင်ပါပြီ။ ခပ်နောက်နောက်သမားတွေကတော့ Drug Addict ဖြစ်နေတဲ့ပုံလုပ်ကြည့်ချင်ရင်လဲ ရပါ တယ်။ ပြီးရင် Facebook သမားတွေကတော့ အချင်းချင်း ပြန် Share လုပ်နိုင်ကြဦးမှာပါ။

ကဲ တစ်ဆက်ထဲမှာပဲ စာဖတ်သူတို့အတွက် Joke Of The Week ခေါင်းစဉ်နှင့် ဟာသအနည်းငယ်ကိုဖော်ပြပေးသွားမှာပါ။

သမီး။ ။ မာမီ သမီးလေ ယောကျာင်္းတွေအပေါ် စာအုပ်တစ်အုပ်လို ဖတ်နိုင်သွားပြီ။ သိလား။
မာမီ။ ။ ဖတ်ပါကွယ်။ ဒါပေမယ့် ကိုယ်ပိုင်စာကြည့်တိုက်တော့ မထောင်နဲ့နော်။

သား။ ။ ဒက်ဒီ။ ကျွန်တော်ရည်းစားရနေပြီသိလား။ ဟိုတစ်နေ့က ကောင်မလေးကို Kiss ပေးလိုက်တယ်။
ဖခင်။ ။ ဘာပြန်ပြောလဲ သား။
သား။ ။ ဒါပဲလားတဲ့။


"ရွေးချယ်မှု"
အိမ်နီးချင်း မိတ်ဆွေနှစ်ဦးဖြစ်သော ဂျိုး နှင့် လူးဝစ်တို့ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဂျိုး။ ။ လူးဝစ် ခင်ဗျားက ရီပတ်ဘလီကန်ပါတီကိုပဲ မဲပေးမယ်၊ ရီပတ်ဘလီကန် သမ္မတလောင်းကိုပဲ ထောက်ခံမယ်လို့ ပြောနေ တာ ဘာဖြစ်လို့လဲ။ အကြောင်းပြချက် ခိုင်လုံဖို့လိုမယ်ထင်တယ်။

လူးဝစ်။ ။ကျုပ်အဖေက ရီပတ်ဘလီကန်ပဲ။ ကျုပ်အဖိုးကလည်း ရီပတ်ဘလစ်ကန်မှ ရီပတ်ဘလစ်ကန်ပဲ။ ကျုပ်ရဲ့အဘေးဆိုရင် ရီပတ်ဘလစ်ကန် စစ်စစ်ဆိုတော့ကာ ကျုပ်က မိသားစုအစဉ်အလာကို လိုက်နာရတာပေါ့။ ဒါပါပဲ။

ဂျိုး။ ။ ကဲဗျာ။ တကယ်လို့များ သူတို့သာ မြင်းသူခိုးတွေဖြစ်ခဲ့တယ်ဆိုရင်ရော။

လူးဝစ်။ ။သူုတို့သာ မြင်သူခိုးတေါဖြစ်ခဲ့တယ်ဆိုရင် သူတို့ဟာ ဘ၀တူဒီမိုကရက်တွေနဲ့ ပူးပေါင်းမှာပဲ။ ခင်ဗျားပြောသလိုတကယ် ဖြစ်ခဲ့ရင် ကျုပ်အစဉ်အလာကို ဖျက်မယ်။ ခင်ဗျားတို့ ဒီမိုကရက်တေါကို ထောက်ခံမယ်။

နောင်နှစ်မိနစ်အကြာတွင် ဂျိုးနှင့် လူးဝစ်တို့၏ နပန်းပွဲကို အိမ်နီးချင်းများ ရှုစားကြရ၏။


Headlines
- ပြဿနာတစ်ခုခုကြုံ၍ အိနိယ လေယာဉ်ပျက်ကျခြင်းဟု ကျွမ်းကျင်သူများပြောကြား။
- ကလေးများ မုန့်ကြိုက်၍ မုန့်မျိုးစုံ အရောင်းသွက်။
- သတ္တုမိုင်းပြိုကျ၍ သေဆုံးသွားသည့်လုပ်သားများကို ရာထူးမှထုတ်ပယ်။
- ငြိမ်းချမ်းရေးကို မျှော်လင့်၍ ဆိုမာလီယာတွင် စစ်ပွဲများဆင်နွဲ။
- ဇနီးမောင်နှံ နှစ်ဦးမြစ်ထဲသို့ ပြိုင်တူခုန်ချ၊ သေကြောင်းကြံမှုဟု ရဲတပ်ဖွဲမှတ်တမ်းတင်။
- ဆရာဝန်တစ်ဦး ဆေးကုသစရိတ်မရှိ၍ ကျန်းမာရေးချို့ယွင်း။
- စီးပွားရေးပညာရှင်များ ကိုယ်ပိုင်စီးပွားရေးမဖွဲ့ဖြိုး၍ စိတ်ဓာတ်ကျ။
- လျှပ်စစ်မီးရရှိရေးအတွက် မီးစက်ဝယ်နိုင်လျှင် အဆင်ပြေမည်ဟုဆို။
- ဥပဒေအကျိုးဆောင်ခ အရနည်း၍ တရားလိုများကို ရှေ့နေများတရားစွဲ။
- ၀င်ငွေနည်းပါသူများ ဆင်ရဲနွမ်းပါးမှု ကြုံတွေ့နိုင်ဟု ကျွမ်းကျင်သူများ မှတ်ချက်ပြု။
- တံတားတည်ဆောက်ရခြင်းမှာ ကူသန်းသွားလာရေး လွယ်ကူစေရန်ဟုဆို။
- လာမည့်နှစ်များတွင် ငလျင်လှုပ်မှု၊ မုန်တိုင်းကျမှု၊ ရေကြီးမှုများဖြစ်ဦးမည်ဟု တက္ကစီသမားပြောကြား။
- နားလေးသွား၍ အကြားအာရုံမကောင်းတော့ဟု အဘိုးအိုတစ်ဦးဖွင့်ဟ။

Saturday, February 27, 2010

Funny Pic ( FWD mail )




















Thanks ;

Thursday, February 25, 2010

ဘီယာခွက်ထဲပိုးကောင်ကလေးကျလိုက်ရုံပါ..


ဘီယာခွက်ထဲပိုးကောင်ကလေးကျလိုက်ရုံပါ..
ဘီယာမတ်ခွက်ထဲ ပိုးကောင်တစ်ကောင်ကျသွားတယ်။
အမေရိကန် - ပိုးကောင်ကိုထုတ်ပစ်လိုက်ပြီး ဘီယာကိုသောက်လိုက်တယ်။
တရုတ် - ပိုးကောင်ကိုစားလိုက်ပြီး ဘီယာကိုလွှတ်ပစ်လိုက်တယ်။
ဂျပန် - ဘီယာကို အမေရိကားကိုရောင်းတယ်။ ပိုးကောင်းကို တရုတ်ကိုရောင်းတယ်။ ပြီးတော့ရတဲ့ ပိုက်ဆံနဲ့ ဘီယာတခွက် အသစ်ထပ် ၀ယ်တယ်။
ပါကစ္စတန် - ဘီယာခွက်ထဲ ပိုးကောင်ကို ထည့်တယ်ဆိုပြီး အိန္ဒိယကို စွပ်စွဲတယ်။ အဲဒီကိစ္စကို ကက်ရှ်မီးယားပြဿနာနဲ့ ဆက်စပ်ပြစ် လိုက်တယ်။ တရုတ်ဆီက စစ်ရေးအကူတောင်းတယ်။ ဘီယာတစ်ခွက်ထပ်ဝယ်ဖို့ အမေရိကန်ဆီက ငွေချေးတယ်။
ွှအိန္ဒိယ - ခွက်ထဲပိုးကောင် ၀င်နိုင်အောင် အကူညီပေးတယ်ဆိုပြီး ပါကစ္စတန်ကို စွပ်စွဲတယ်။ ပြီးတော့ ပိုးကောင်ဟာ အက်အက်ဂျီကွန်မန်ဒို တစ်ယောက်ဖြစ်တယ်လို့ ပြောပြီး ခွက်ရဲ့တစ်လက်မချင်အလိုက်၊ ဘီယာတစ်စက်ချင်းအလိုက် ခုခံတွန်းလှန်ပစ်မယ်လို့ ကြုံးဝါးတယ်။ ပြီး တော့ပါကစ္စတန်ကို အကြမ်းဖက်နိုင်ငံအဖြစ်ကြေညာသင့်တယ်လို့ အမေရိကန်ကိုတောင်းဆိုတယ်။

.........................................................................................................................................................

ပါဝါဘယ်သူကြီးလဲ..
ဆိုဗီယက်ယူနီယံမှာ ဆရာမတစ်ယောက်က အလုပ်ရဲ့အရေးကြီးပုံကို သင်ကြားနေပါတယ်။
ဆရာမ - ဗယ်ဒီမီယာရေ။ မင်းအဖေက ဘာအလုပ်လုပ်သလဲ။
ဗယ်ဒီမီယာ - ဆရာဝန်အလုပ်လုပ်ပါတယ် ဆရာမ။
ဆရာမ - သိပ်ကောင်းတာပေါ့။ မင်းထိုင်ခုံနေရာကနေ ဒီရှေ့ဆုံးတန်းကို ပြောင်းထိုင်လေကွယ်။
ကလေးငယ်က ရှေ့ဆုံးတန်းကို လာပြောင်းထိုင်တယ်။ဆရာမက ဆက်ပြောတယ်။
ဆရာမ - ဘောရစ်ရေ။ သားအဖေကရော ။
ဘောရစ် - အဖေက တက္ကသိုလ်က ပါမောက္ခပါ ဆရာမ။
ဆရာမ - သိပ်တော်တယ်။ လာခဲ့ကွယ်။ ဗယ်ဒီမီယာ့ဘေးမှာ လာထိုင်။
ဆရာမက ဆာဂျီဆိုတဲ့ ကလေးကို ဆက်မေးတယ်။
ဆရာမ - ဆာဂျီ့အဖေကရော ဘာလုပ်သလဲ။
ဆာဂျီ - အဖေက ကေဂျီဘီက စုံစမ်းဖော်ထုတ်ရေးဌာနမှာ လုပ်ပါတယ်။
ဆရာမ - အိုး.... ကောင်းပါတယ်။ ဗယ်လ်ဒီမီယာနဲ့ ဘောရစ်တို့ရေ။ မင်းတို့နေရာကို ဆာဂျီ့ကိုပေးလိုက်ပြီး မင်းတို့ အရင်နေရာမှာ ပြန် ထိုင်ပေးပါလားကွယ်။

Saturday, February 20, 2010

ရယ်ရွှင်စရာ ဟာသကမ္ဘာ



နှိုင်းယှဉ်လိုက်ပုံက
ဘောလုံးပွဲ တစ်ခုတွင် ကစားသမား တစ်ဦးမှာ ခြေဆစ်လွဲသည့် ဒဏ်ရာကြောင့် ဆေးရုံတင် လိုက်ရသည်။ ကာယ ကံရှင်ခမျာ ဆေးရုံတွင် နာကျင်လွန်း၍ ငယ်သံပါအောင် အော်ဟစ် နေမှုကြောင့် ၎င်း၏ လွဲသွားသော ခြေဆစ်အား ပြန်လည် တည့်မတ်နေသည့် ဆရာဝန်များနှင့် သူနာပြုများမှာ နားမခံသာ အောင်ဖြစ်ခဲ့ကြသည်။
ဆရာဝန်တစ်ဦးမှ "ဟေ့ကောင် မင်းလို ယောင်္ကျားရင့်မာကြီးကဘာဖြစ်လို့ စွတ်အော်နေရတာလဲ၊ ဘေးအခန်းက ကလေး မီးဖွားနေတဲ့ ကိုယ်ဝန်သည် အမျိုးသမီးတောင် မင်းလောက် မအော်ဘူး" ဟု ပြောဆိုလိုက်သည်။
ထိုအခါ ဒဏ်ရာ နာကျင်မှုကြောင့် မျက်ရည်ဝဲနေသူ အဆိုပါ ကစားသမားက ဆရာ ပြောတာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူနဲ့ ကျွန်တော့် အဖြစ်က မတူပါဘူး။ သူက ကလေးမွေးမှာလေ။ ဘယ်သူကမှ မွေးပြီးသား ကလေးကို ဗိုက်ထဲပြန်ထည့်တာမျိုး မလုပ်ဘူးဗျ" ဟု ပြောဆို လိုက်သည်။


မျောက်မျက်မှန်
မျောက်မျက်မှန်
မျောက်မသည် မျက်မှန်တစ်လက် ဝယ်ပြီး နဖူးပေါ် ချိတ်ထားလိုက်သည်။ အသိများက
၎င်းကိုဝိုင်းပြောကြသည်။
"မျက်မှန်ကို ဘာဖြစ်လို့ နဖူးပေါ် ချိတ်ရတာလဲ။ မျက်မှန်ဆိုတာ ပိုမြင်ရအောင် မျက်စိမှာ
တပ်ရတာမဟုတ်လား။"
"ငါက မျက်စိ ပိုမြင်ဖို့ မဟုတ်ဘူး။ စိတ်ကူးစိတ်သန်း ပိုကောင်းချင်လို့။ ဒါကြောင့် နဖူးပေါ်
တပ်ထားတာဟေ့။"

ခြေထောက်များရင် မကောင်းဘူး
တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။ အာသွက် လျှာသွက် ဖြစ်နေကြသဖြင့် စကားဝိုင်းသည် စိုပြည်လှသည်။အရက်ကုန်သွား
သဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်ကြသည်။ တစ်နာရီ၊ နှစ်နာရီ ကြာသွား သည်။ လိပ် ပေါ်မလာချေ။ တိရစ္ဆာန်များထဲမှ လိပ်ကိုကျိန်ဆဲသံများ ပေါ် ထွက်လာသည်။ မနီးမဝေး ချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာ
ပြောသည်။
“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော် မသွားတော့ဘူးဗျာ"
မတက်နိုင်။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည်။ ငါးနာရီကြာမှကင်းခြေများ ပြန်ရောက်လာသည်။ အားလုံးက ၄င်းကို ဝိုင်းအော်ကြသည်။
“ဟေ့ကောင်။ မင်းသွားတာ ကြာလှချည့်လားကွဟေ”
"အရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲ မသိဘူး။ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလို့"
"ဘာဆိုင်းဘုတ်လဲ"
“ဆိုင်ထဲမဝင်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့”


Source : Myanmar Goal
စာဖတ်သူတို့ ရယ်မောနိုင်ကြပါစေ...
မျှော်လင့်သူ..

Friday, February 19, 2010

ကျွန်တော်လို့ ခေါ်တဲ့ မန္တလေးသူအပျိုချော


န္တလေးသူများ အဘယ်ကြောင့် ကျွန်တော်၊ ကျွန်တော်နှင့် ပြောကြသနည်း။
မင်းတုန်းမင်းကြီး လက်ထက်ကပေါ့ဗျာ။ မင်းတုန်းမင်းကြီး မိန်းမဘယ်လောက်နှစ်သက်လဲ စာဖတ်သူတို့လဲ သိကြမှာပါ ။ မောင်းမမိဿံတွေ ကလဲ လွတ်များသဗျာ။ သားတော်တွေ သမီးတော်တွေကလဲ အရမ်းများဗျာ။

မင်းတုန်းမင်းကြီးက ဒီလိုဗျ။ သူ့ရဲ့ စံနန်းမှာ အနားယူတော်မှုတယ်။ အဲဒီ့အချိန်မှာ သူ့စံနန်းရှေ့က ဖြတ်လျှောက်သွားသံကြားလိုက်ရတယ်။
“ဘယ်သူတုန်းဟ”
“ကျွန်မပါ”
“ အေး ကျွန်မပါဆို ငါ့နန်းဆောင်ထဲဝင်ခဲ့ ”
ဒီလိုနဲ့ နန်းတော်ထဲမှာ တာဝန်ကျတဲ့ အပျိုတော်လေးတွေ ဘုရင့်နန်းတော်ရှေ့က ဖြတ်လျှောက်တိုင်း ဘုရင့်ကို ခစားကြရတယ်။ ကြာတော့ ဗျာ. လူပဲ စက်ရုပ်မှာ မဟုတ်တာ။ ညီးညူလာတာပေါ့။ ဒါကြောင့် အပျိုတော်တွေ စုပြီးတိုင်ပင်ကြတယ်။ ဘုရင့်ကြီးကို ရှောင်ဖို့ပေါ့။

နောက်ဆုံးတော့ အပျိုတော်တသိုက် အကြံရသွားတယ်။ ဒီလိုနဲ့ ဘုရင့်နန်းဆောင်ရှေ့ကနေ ဖြတ်လျှောက်ကြပါတယ်။ ဒီအခါ မင်းတုန်းမင်းကြီးက .......
“ ဟဲ့ ငါ့နန်းဆောင်ရှေ့က ဖြတ်လျှောက်တာ ဘယ်သူတုန်းဟဲ့ ”
“ ကျွန်တော်ပါ ”
“ အေးအေး သွားသွား ”

ဒီလိုနဲ့ မင်းတုန်းမင်းကြီး လက်ထဲက လွတ်ပါလေရော။ နောက်ပိုင်းနန်းတွင်းမှနေ မြို့တော်ထဲထိ ပြန့်နှံ့သွားပါတော့တယ်။

ကျွန်တော်၊ ကျွန်တော်နှင့် ပြောတက်သော မန္တလေးသူချောချောလေးများအား ဂုဏ်ပြုလျှက်။ :P ဒီ Post လေးကို တင်လိုက်တဲ့အတွက် ဖတ်မိသော အမိလေးတို့ ဒေါခွီးမှာ သေချာပါတယ်။ ဟိဟိ . ... တစ်နေ့တာ အလုပ်ကနေပြန်လာပြီး မောပန်းလာသူများ ဒီ Post လေးကို ဖတ်ပြီး ပြုံးရွှင်ဖို့ ရည်ရွယ်ပါတယ်။ ( သက်သက်ညှာညှာတော့ ပြောပေးကြပါနော် အဟိ. )


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Tuesday, February 9, 2010

လှတောသားတို့ စကားကြွယ်ပုံ ( ၁ )


တောမှားလာရော့လေသလားကွယ်
ကျောင်းအမှီ လွယ်အိတ်ကိုယ်စီ တရွတ်ဆွဲလျက် အပြေးသွားနေကြသော ကလေးတွေကို ကြည့်ရင်း လက်ဖက်ရည်ဆိုင်ထဲ၌
" အလိုလေး သူငယ်တန်းကျောင်းသားတဲ့ ၊ လွယ်လိုက်ရတဲ့ စာအုပ်တွေကတော့ ဘီအေတန်းအတွက် စာတမ်းတင်ဖို့ စာအုပ်တွေရှာလာသ လားမှတ်ရ " ဟု -
တစ်ယောက်က စလိုက်ရာ.....
" တို့အိမ်နားက ကလေးလဲ အတန်းမေးတော့ ပထမတန်းတဲ့ ၊ ကျက်လိုက်တဲ့ စာကတော့ အလိုလေး ဆိတ်ခြံထဲ ကျားဝင်ဆွဲသလား မှတ်ရ၊ ကျွတ်ကျွတ်ကို ရိုက်နေပါသလား "
ဆိုင်ထဲတွင် ရယ်မောသံများ ညံသွားလေသည်။

မြင့်မိုရ်တောင်လေလား
ဝက်လက်ဘောလုံးသင်းနှင့် လှတောဘောလုံးသင်းတို့ လှတောရွာကွင်းတွင် မိတ်ဆက်ကစားကြစဉ်ကဖြစ်၏။ လှတောနှင့် အနီးအနားမှ များစွာလာရောက်အားပေးကြသည်။
လှတောသားများသည် ၀က်လက်မှ ဘောလုံးသမား တစ်ယောက်ကို မျက်စိကျနေ၏။ ထိုဘော်လုံးသမားမှာ မည်းမည်းညိုညို တုတ်တုတ် ခိုင်ခိုင်ကြီးဖြစ်၏။ ပေါင်လုံးကြီးများမှာ ထန်းပင်လောက်တုတ်နေရာ ၊ လှုပ်ရှားပြေးလွှားမှုတွင် နှေးကွေးသည်ဟု ထင်ရ၏။
ထို့ကြောင့် လှတောသား တစ်ယောက်က -
"အလိုလေးဟဲ့ ၊ နှေးကွေးလေးလံလိုက်တဲ့ ဘောလုံးသမားရယ် ၊ မြင့်မိုရ်တောင်ကြီး အင်္ဂတေကိုင်ထားသလား မှတ်ရ "
နောက်တစ်ယောက်က..
" နှေးတော့မှာပေါ့ကွာ ၊ ကြီးလိုက်တဲ့ ပေါင်လုံးကြီးတွေနှယ် ၊ ရေစည်ပီပါကြီးတောင် ထောင်ထားသလိုပါကလား "
ဆိုလိုက်သောအခါ ရယ်မော့သံများ ဆူညံသွားလေသည်။

မီးကွင်းတဲ့အရိုး
ဆေးလိပ်ဖွာကာ စည်းစိမ်ယူနေသော ဦးကြီးမှာ စည်းစိပ်ပျက်ရလေသည်။ သူအားထားသော ဆေးလိပ်မှာ မကြာခဏ မီးသေ၍ ချည်းနေ ရာ၊ မကြာခဏ ထပ်မံညှိရသောကြောင့် စည်းစိမ်ပျက်လှသည်။ သုံးလေးကြိမ်လောက် ညှိပြီးသွားသောအခါ သူ့ဇနီးအား....
" ဟဲ့ ဒီဆေးလိပ် ဘာသားဆေးရိုးနဲ့ လိပ်ထားတာလဲ "
" တသီးတခြားတော့ မှတ်မထားပါဘူး ၊ အစုံပါပဲ ၊ ဘာဖြစ်လို့လဲ "
" အဲဒီ့ထဲက ဆေးရိုးရဲ့ အပင်ကိုယူပြီး အိမ်ဆောက်ရရင် မီးမကြောက်ရတော့ဘူးဟ ၊ မီးကွင်းတယ်."
အိမ်ရှင်မမှာ ချက်ချင်းသဘောမပေါက်၊ စကားဆုံးသွားတော့ ဟားတိုက်ရယ်မောလေ၏။


လှတောသား နှင့် ဦးပေါ်ဦး ( ဟာသစုဗူး ) စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ....
Related Posts with Thumbnails