Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Saturday, August 14, 2010

မေးခွန်းကြီး ၃ ခု


အလုပ်တွေ ရှုပ်နေတာနဲ့ စာတောင်သိပ်မရေးဖြစ်ဘူး။ ဒီနေ့ စာဖတ်သူတို့ကို ဥာဏ်စမ်းတဲ့ သဘော ၊ ဆိုလိုချင်တာကတော့ ဘယ်လောက် ဗဟုသုတ ပြည့်စုံနေပြီလားဆိုတာကို စစ်ဆေးတဲ့သဘောနဲ့ မေးခွန်းလေးသုံးခု မေးချင်ပါတယ်။ ဒီမေးခွန်းကို ဘယ်တက္ကသိုလ်မှာမှ မမေးဖူးပါဘူး။ စာဖတ်သူတို့ အာရုံစိုက်ပြီး Comment မှာဖြေပေးပါ။ ကျွန်တော်လဲ အဖြေပြောပြမှာပါ.

ပထမမေးခွန်း။
မဟာဇနကမင်းသားကို ဗုဒ္ဓဘာသာဝင်တွေသိကြမှာပါ။ ဘုရားလောင်းပေါ့။ မိထ္ထီလာတိုင်းကို ကုန်ကူးသွားတော့ မဟာသမုဒ္ဒရာကြီးကို ဖြတ် သန်းရပါတယ်။ ဒီအချိန်မှာ မုန်တိုင်းကျတော့ သဘောင်္ပျက်တယ်။ နောက်ဆုံးတော့ သဘောင်္ပေါ်က ခုန်ချဖို့ဖြစ်လာတယ်။ ဒီလိုနဲ့ သဘောင်္ ရွှက်တိုင်ထိပ်တက် ခုန်ချဖို့ အားပြင်ပြီး စကားကြီး ၃ ခွန်းကို ပြောပါတယ်။ ဒီစကားကြီး ၃ ခွန်းက ဘာပါလဲ ?

ဒုတိယမေးခွန်း။
သီပေါမင်းကြီး ပါတော်မူတော့ တိုင်းတစ်ပါးကို ပို့ဆောင်ခြင်းခံရပါတယ်။ ဂေါဝန်ဆိပ်ကို ပို့ဖို့ လှည်းယဉ်ပေါ်မှာလိုက်ပါပြီး သူကိုးကွယ် တဲ့ဆရာတော်ဘုရားရဲ့ ကျောင်းရှေ့က ဖြတ်သွားရတယ်။ ဒီအခါမှာ မင်းသီပေါက ဆရာတော်ဘုရား တပည့်တော်တို့ သွားရပါတော့ မယ်ဘုရား.. ဆိုပြီး ငိုယိုပြီး အော်ပြောပါတယ်။ ဒီအချိန်မှာ ဆရာတော်ဘုရားကြီးက ပြန်မိန့်ပါတယ်။ ဒီမိန့်တော်မူတဲ့ စကားက ဘာပါလဲ?

တတိယမေးခွန်း။
ဒုတိယမေးခွန်းထဲကလိုပဲ သီပေါမင်းဟာ ဂေါဝန်ဆိပ်ကိုအသွား လှည်းယဉ်လေးပေါ်မှာ မိဖုရား စုဖုရားလတ်ရဲ့ နား အနားကိုကပ်ပြီး တိုးတိုးလေးပြောတယ်။ အဲဒီလိုပြောလိုက်တဲ့ စကားဟာ ဘာပါလဲ ?

ကဲ မေးခွန်းလေးသုံးခုကတော့ ဒါပါပဲ ။ စာဖတ်သူတို့ အားလုံးစိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။ ကြိုးစားပြီး ဖြေကြည့်ပါ။ အဖြေလေး တွေကို မျှော်လင့်နေပါတယ်။ တစ်ခုပြောချင်တာက မေးခွန်းကို သိပ်အလေးအနက်ကြီး မစဉ်းစားဖို့ပါပဲ။ သေချာလုံးစေ့ပတ်စေ့ ဖတ်သူဆိုရင် အဖြေဟာ ဘယ်လိုမျိုးထွက်နိုင်မယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။


စာဖတ်သူတို့ကို အစဉ်လေးစားလျှက်...
မျှော်လင့်သူ

3 comments:

  1. I know the answer of NO 1. He resite 1 ... 2 ... 3 then he jumped. Hehe

    ReplyDelete
  2. ၁။ ready 123 GO
    ၂။မင်းကုလားပြည်ရောက်ရင် ပဲတွေနင်းကန်မစားနဲ့ ချီးပန်းလိမ့်မယ်
    ၃။ကိုယ်အီးပေါက်လိုက်တယ် ချစ်နှမသီးခံတော်မူ

    ကိုပီတာ မအား၍ကိုပီတာညီမလာရောက်ဖြေကြားသည်

    ReplyDelete
  3. အဖြေနံပါတ်(၂)တော့ မသိဘူး
    (၁)ကတော့ အပေါ်က ကွန့်မန့်၂ခုမှာဖြေထားတဲ့အတိုင်းပဲ သိတယ်
    (၃)အဖြေက သီပေါမင်းက စုဖုရားလတ်ကိုတိုးတိုးလေးပြောလိုက်တယ် ငါထိုင်ရတာကြပ်တယ် ဟိုဘက်နည်းနည်းတိုးတဲ့း-) ဟိ
    ဟုတ်လားမသိ
    အဖြေမှန်ကို ပြောပြတော့

    ReplyDelete

Related Posts with Thumbnails