Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, October 3, 2010

အထီးကျန်ဆန်ခြင်း



အထီးကျန်ဆန်ခြင်း



နွမ်းလျနေတဲ့ လမ်းအိုလေးတစ်ခုရယ်
ဦးတည်ချက်မဲ့ပြေးနေတဲ့ ဆိုင်ကယ်လေးတစ်စင်းရယ်
ခန်းခြောက်နေတဲ့ သစ်ပင်အိုလေးတစ်ပင်ရယ်
သေဆုံးမဲ့ဆဲဆဲ ငါ့နှလုံးသားတစ်စုံရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


မဖြစ်သာလို့ပြုံးနေရတဲ့ အပြုံးတစ်ခုရယ်
မပြောချင်ပဲပြောနေရတဲ့ စကားတစ်ခွန်းရယ်
မသွားချင်ပဲသွားနေရတဲ့ အကြောင်းတစ်ခုရယ်
စိတ်ဝိဥာဉ်လွင့်နေတဲ့ ငါ့ခန္ဓာကိုယ်တစ်ခုရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


မြင်ယောင်မိနေတဲ့ အပြုံးတစ်ခုရယ်
သံစဉ်တကျတီးခတ်မဲ့သူမရှိတဲ့ ဂစ်တာလေးတစ်လက်ရယ်
ဝါကြန့်ကြန့်စာရွက်လေးပေါ်က ဘောပင်လေးတစ်ချောင်းရယ်
အဆိပ်သင့်နေတဲ့ ငါ့သွေးသားတွေအားလုံးရယ်
အကန့်တစ်ခုထဲမှာ ပုံစံတကျရှိနေခဲ့တယ်...။


အားလုံးတည်ရှိနေတာ
အထီးကျန်ဆန်ခြင်းဆိုတဲ့......။


မျှော်လင့်သူ

No comments:

Post a Comment

Related Posts with Thumbnails