ရေမိုးလေး ချိုးပြီး စိတ်ထဲလန်းလန်းဆန်းဆန်းလေး ရှိတာနဲ့ ကွန်ပြူတာရှေ့ ၀င်ထိုင်လိုက်တယ်။ဘာလုပ်ရင်ကောင်းမလဲစဉ်းစားတယ်။ Hero Game ခုတ်မယ် စိတ်ကူးတယ်။ဒါလဲမကောင်းပါဘူး ဘာလို့လဲ ဆိုတော့ ရှုံးရင် စိတ်တိုနေရတယ်။ ကိုယ့်ဘက်ကကောင်က အသုံးမကြရင်လဲအော်နေရတယ် မမိုက်ပါဘူး။ Chatting ၀င်ရင်ရော.. ပိုဆိုးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အွန်လိုင်းပေါ်မှာ ကျွန်တော်နဲ့ အကြောတဲ့တာရှားတယ်။ ပေါ့ပေါ့လေးတွေ ကများတယ်ဗျ။ အဲကြရင် ဒေါကန်ရပြန်ကော.. ဒါနဲ့ Blog ရေးမယ်စဉ်းစားတယ်။
အဲ ခက်ရော. အခုရက်ပိုင်းက အပြင်သွားနေရတာနဲ့ ရေးစရာ အကြောင်းကလဲ မရှိပြန်။ နောက်ဆုံးတော့ မနိုင်းနိုင်း ၊ မပန်းရင့် နောက် ကိုညီလင်းဆက် တို့ Blog စာမျက်နှာလေးထက်ကို ရောက်ခဲ့တာပေါ့. အပန်းဖြေ ဟိုလှန်ဒီလှန်ဖတ်မိ တယ်။ တွေးမိတယ် တစ်ခါတစ်လေး) သူတို့ကြတော့ အရေးသားကောင်းလိုက်တာ ၊ ကျွန်တော်ကျတော့ ခေါင်းထဲကကို ထွက်မလာဘူး ဟိဟိ တစ်ခါတစ်လေ Blog တစ်ပုဒ်ရေးဖို့ စဉ်းစားလိုက်တိုင်း ခေါင်းတောက်သွားတယ်။ အစက ဒီ Blog ကလေးကို တိုထွာလေးတွေ ရေးဖို့ စီစဉ်ထားတယ် ဒါပေမယ့် မပန်းရင့် က ကိုယ်လဲရေး သူများလဲ ဖတ်တော့ကော အဆင်မပြေဘူးလားတဲ့။ ကိုယ့်ဆိုဒ်မှာ ကိုယ်သွားဖတ်နေကြ ဆိုဒ်ရဲ့ link ကလေးတွေချိတ်ထား ဒါဆိုကိုယ်လဲ ဖတ်မိတယ် ။ နောက် သူများတွေလဲ ကိုယ့်ဆိုဒ်ကလေးကို လာဖတ်ရင်းနဲ့ သွားဖတ်လို့ရတယ်။ နောက် ဆိုဒ်ကလေးကိုလဲ ပြင်ဖို့ပြောလာတယ်။ ဒါကြောင့်လဲ ကျွန်တော်လုပ်ဖြစ်သွားတာပါ။ လာဖတ်တဲ့ စာဖတ်သူတို့ကိုလဲ အားနာမိပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ၀ါသနာလေးကို သည်းခံပြီး အစဆုံးတော့ ဖတ်ပေးစေလို ပါတယ်။ ဆန္ဒလေးပေါ့ဗျာ.း)
Topic ထဲမှာ ဦးတည်ရာမရှိတဲ့ topic က ရုပ်ဆိုးတယ်လို့ကြားမိတယ် . အခုလို topic လေးပေါ့.. ဘာပဲဖြစ်ဖြစ်ပါ. ခေါင်းထဲထွက်လာ တာလေး ချရေးမိတာပါ.

စာဖတ်သူတို့အား အစဉ်လေးစားလျှက်.
မျှော်လင့်သူ...
No comments:
Post a Comment