Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Wednesday, January 6, 2010

The End Of My Computer Is Shut Down !



7.1.2010
မနေ့က ကျွန်တော် စာရေးသူတစ်ယောက် ည သန်းခေါင်းယံ (12 : 00 )ထိ တိုင်ပတ်နေတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ ရင်ထဲက ခံစားချက်လေးတစ်ခုပေါ်လာလို့ ချရေးမယ်ကြံတယ်။ စာရွက်နဲ့ ဘောပင်ကို သုံးပြီးရေးလိုက်ရင်လဲ တော်တော်နဲ့ Blog ပေါ်ရောက်တော့မှာ မဟုတ်ဘူး။ ဒါကြောင့်လဲ Blog လေးကိုဖွင့်မယ်ကြံလိုက်တယ်။ အချိန်ကတော့ 10 နာရီမထိုးခင်လောက်ပေါ့။

Ping ခေါက်ကြည့်တော့ မဟန်မှန်းတော့သိတယ် ။ ဒါပေမယ့် conn တက်တော့တက်လာမှာပါဆိုပြီး ဖွင့်လိုက်တယ်။ ဘော်ဒါတို့ရေ ကျွန် တော်ရဲ့ Mozilla Firefox ရဲ့ Home Page မှာ Google တင်ထားတယ်လေ။ ဒါပေမယ့် Mozilla Firefox ကိုဖွင့်လိုက်တယ်။ တက်မလာဘူး။ အဲတက်တော့တက်လာတယ်။ ဘာတဲ့ " The Connection has time out " ပါ။ Try Again ပေါ့ဗျာ ။း)

စိတ်ကမလျော့သေးဘူး။ အတွေးလေးက ကောက်မရေးရင် လစ်တော့မှာ။ ဒီအတွေးမျိုးက တစ်လတစ်ကြိမ်ပေါ်ခဲတယ်။ ငါ့ရဲ့ Modem များလစ်တာလားလို့ပေါ့။ တွေးနေတုန်းရှိသေးတယ် ။ ကျွန်တော့်ဆီကို ဖုန်းလာတယ် " အစ်ကို ကော်နက်ရှင်ကောင်းလားတဲ့ " ဟိဟိ ပြောလိုက်ပါတယ် " သူသိပ်နေမကောင်းဘူးလို့ " ။ ဒါဆိုရင်တော့ သေချာပါပြီ။ ကျွန်တော့်စက်လဲမစုတ်ဘူး ။ ဟိုကကိုမကောင်းတား)

အဲ ကိုရွှေ Gtalk ကလဲ သဘောကောင်းတယ်ဗျာ။ အကွဲအပြဲတွေကြားကကို တက်လာသေးတယ်။ ဒါနဲ့ ရန်ကုန်က ဘော်ဒါတွေလှမ်းမေး ကြည့်တယ်။ " Hi " .... 3 min လောက်ကြာတော့ ပေါ်လာတယ် "Hi par byar " .. မေးလိုက်တယ် " min doe si conn kg lar kwa "
5 min ကြာသောအခါ .... " kg buu "း)

ဒါပေမယ့် အရမ်းရေးချင်နေတာကို စိတ်ကလဲ မရရင် အရမ်းလုပ်ချင်သေးတယ်။ စိတ်ကလဲ တိုတက်ပါဘိ။ မနာလောက်မဲ့နေရာကို လက် သီးနဲ့ ဖွဖွလေးထုလိုက်တယ် ။ " ဘွတ် " အဲ.... " ဘုန်း "း)... .. စိတ်ရှည်သည်းခံလမ်းကြောင်းမှန်တဲ့ သိပ်တော့မကြာလိုက်ပါဘူး ။အ လွန်ဆုံးကြာ ထမင်းတစ်အိုးကျက်ခန့်ကြာသောအခါမှာတော့ ကျွန်တော်သွားချင်တဲ့ Create Post နေရာကိုရောက်ရှိခဲ့ပါတယ်။

ကဗျာမကျ ဘာမကျဟာလေးရေးလိုက်တယ်။ ပုံလေးကလဲထည့်ချင်သေးတယ်။ ဒါနဲ့ ဟိုရှာဒီရှာ ပုံကိုပြောတာနော်..း).. အချိန်သိပ်တော့ မကြာလိုက်ပါဘူး ကိုယ်လိုချင်တဲ့ပုံလေးတွေ့တယ်။ ပုံက 125 kB အတိကျပြောရရင် (128,975 Bytes) ပေါ့ဗျာ ။ Download ဆိုတဲ့အကို ကြီးက ဟိဟိဆွဲချတာ.. အသက် 80 အဖိုးကြီးရဲ့ အတွင်းအားမျိုးနဲ့း).. ပုံလေးကို Photoshop မှာ မတောက်တခေါက်ပညာလေးနဲ့ ပြင် လိုက်တယ်။ ဒါနဲ့ ပုံလေးကို Upload လုပ်လိုက်တယ်။ ပုံလေးကို upload လုပ်နေတုန်းအညောင်းအညာလေးဆန့် ဟိုလျှောက်ဒီလျှောက် ရေသေးသောက် ရှုးရှုးလေးပေါက် အဲ... ဟိဟိ... ပြန်ထိုင်လိုက်တယ်။ ရပြီ....

ဒါနဲ့ Save Now နားမှာဘာလေးပေါ်ပါလိမ့် သေချာဖတ်ကြည့်လိုက်သည် ... ! Could not contact Blogger.com. Saving and publishing may fail. Retrying... အမ်. သေရော.. publishing လုပ်တော့မယ်လေ. အဲလိုကြီးပေါ်တော့ ဘယ်လိုလုပ်မလဲ... သိဝူးကွာ Click တယ်ကွာ.. သုံးလေးချက်လောက်.. ဟိဟိ င့ါဘာမှတ်နေလဲပေါ့ တစ်ယောက်ထဲ ကြွေးကြော်လိုက်တယ်။

ဒီကြားထဲ ! Problem Loading page က သုံးခါလောက်ဖြစ်လို့ Resend နဲ့ Trying Again က သုံးခါလောက်မိတ်ဆက်လိုက်ရသေးတယ် ဒါနဲ့ အမဲရိုး တစ်အိုးနူးစာလောက်မှာတက်လာတယ်.. ဟိဟိ ဘယ်သူတင်တာမှတ်လို့လဲ ရရမှာပေါ့.. ဒါနဲ့ ဒီအတိုင်းလေးထားပြီး Snooker ခဏဆော့နေတယ်။ ပြီးတော့ ပြန်ကြည့်လိုက်သည်။ ဗုဒ္ဓေါ.. အိမ်တွင်း 37 မင်း .. အပြင် 37 မင်း အထက်အောက်မင်းတွေ အကုန် မ ကုန်ပြီ.. Post က နောက်တခုထပ်ပေါ်လာတယ်။ ဒီတစ်ပုဒ်ထဲကို နှစ်ခုကြီး ... ဟင်း မတက်နိုင်ဘူးလေ. တင်ချင်တဲ့ ငါကကို အပြစ်လေ.. ဒါနဲ့ပဲ မြန်မာစံတော်ချိန် 11 : 50 မှာ Edit Post ကိုနှိပ်ပြီး Delete လုပ်ရန် ပြင်ဆင်လိုက်ပါတယ်။ ဒါနဲ့ loading ဆိုတာလေး တက်လာတယ်။ ကျွန်တော်လဲ ပင်ပန်းလာတော့ ငိုက်တစ်ချက် နိုးတစ်ချုက်နဲ့ မြန်မာစံတော်ချိန် 12 : 10 မှာ ထိုကိုရွှေ Loading အား မကြည့်ချင်တော့သဖြင့် ကျွန်တော်၏ My Computer လေးကို Shut Down ချကာ စက်တော်ခေါ်ခဲ့ပါတော့သည်။...


(စာကြွင်း ... ငါကွလဲ မကွနိုင်တော့ပါဘူး. အမြန်ပြန်ကောင်းလာပါစေ..း) )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်....

မျှော်လင့်သူ

အလွမ်းသစ်ပင်



ရင်နင့်အောင် ခံစားရပေမယ့်
ခုံမင်တက်မက်စွာ အလွမ်းတွေကို
ငါသောက်သုံးခဲ့တယ်..

မျှော်လင့်ချက် ရောင်ခြည်နည်းပေမယ့်
ငါ့အသွေးအသားကို စတေးပြီး
ဆက်လက်ရှင်သန်နေခဲ့တယ်..

မတော်လို့ သီးပွင့်မလာရင်
ဝိဥာဉ်လွင့်ရမယ်မှန်း သိပေမယ့်
ငါခွန်အားတွေ စိုက်ထုတ်နေမိတယ်..

ဘယ်အရာမှ မရှင်သန်နိုင်တော့တဲ့
ကန္တာရလွင်ပြင် ဖြစ်ခဲ့ရင်တောင်
ငါ့အလွမ်းသစ်ပင်က ....
ရှင်သန်နေအုံးမှာပါ.


သူများတွေကို ကဗျာလဲကောင်းကောင်းမရေးတက်ဘူး။ ဟိုမရောက်ဒီမရောက်ဖြစ်တော့မယ်ထင်တယ်။ စာဖတ်သူတို့ အနေနဲ့ ဟိုမ ရောက်ဒီမရောက်လေးကို သည်းခံဖတ်ပေးပါ။ ရုတ်တရက်ခံစားမှုကို ထုတ်ဖော်ရေးသားလိုက်ခြင်းဖြစ်သည်။

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..

မျှော်လင့်သူ

Tuesday, January 5, 2010

သွေးနှင့်ချွေးနှင့် ရင်းနှီးရယူခဲ့ရသည့် မြန်မာ့လွတ်လပ်ရေး



မြန်မာနိုင်ငံသည် နှစ်ပရိစ္ဆေဒကြာမြင့်စွာကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဖြင့် လွတ်လပ်စွာနေထိုင်ခဲ့သော တိုင်းပြည်တစ်ပြည်ဖြစ်၏။ ယင်းသို့နေထိုင်ခဲ့ကြရာ၌ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်စသည့် ခေတ်အသီးသီးကို ဖြတ်ကျော်ခဲ့ကြသည်။

လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း

ကုန်းဘောင်ခေတ်ဦးကာလ ၁၈၂၄ ခုနှစ်တွင် နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းပိုင်ဆိုင်မှုပြဿနာကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် စစ်ပွဲကို ရန္တပိုစာချုပ်ဖြင့် အဆုံးသတ်ခဲ့ရာ စာချုပ်အရ ရခိုင်နှင့်တနင်္သာရီနယ်များကို စတင်လက်လွှတ်ခဲ့ရ၏။

တစ်ဖန် ၁၈၅၂ ခုနှစ်တွင် ချန်ပီယံနှင့်မိုးနတ်သင်္ဘောကပ္ပတိန်နှစ်ဦးအား ရန်ကုန်မြို့ဝန်က ဒဏ်ရိုက်ရာမှ အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ ဖြစ်ပွားခဲ့ပြန်၏။ မင်းတုန်းမင်း နန်းတက်စတွင် စစ်ပွဲအဆုံးသတ်ခဲ့သော်လည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတစ်ခုလုံးကို ဗြိတိသျတို့က အဓမ္မသိမ်းယူခဲ့ကြ၏။

သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့အင်္ဂလိပ်တို့သည် တတိယကျူးကျော်စစ်ပွဲကို ဆင်နွှဲခဲ့ကြပြန်ကာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ကြသည်။ ၁ ဇန်န၀ါရီ ၁၈၈၆ တွင် မြန်မာနိုင်ငံအား ဗြိတိသျအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သွတ်သွင်းလိုက်ရာ ထိုစဉ်ကာလမှစ၍ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။

သူ့ကျွန်မခံလိုသူများ

မြန်မာနိုင်ငံနယ်ချဲ့ အင်္ဂလိပ်လက်အောက်သို့ ကျရောက်စတွင် နယ်ပယ်အသီးသီးမှ သူ့ကျွန်မခံလိုသူ မျိုးချစ်အင်အားစုများက ရရာလက်နက်စွဲကိုင်လျက် အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျတို့သည် နယ်ချဲ့ဆန့်ကျင်ရေး အင်အားစုများအား အိန္ဒိယမှစစ်တပ်များကိုပင် ခေါ်ယူကာ ၁၀ နှစ်ကျော်ကြာ နှိမ်နင်းခဲ့ရသည်။

မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး

၁၈၂၆ခုနှစ် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲပြီးစက ရခိုင်ဒေသကို အနောက်ဘင်္ဂလားပြည်နယ် ကော်မရှင်နာမင်းကြီး၏ လက်အောက်၌လည်းကောင်း ၊ တနင်္သာရီဒေသကို ၀န်ရှင်တော်မင်းကြီးတစ်ဦး၏ လက်အောက်၌လည်းကောင်း၊ ထားရှိခဲ့သည်။ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင် မြန်မာနိုင်ငံအောက်ပိုင်းကို ခရိုင်ဝန်ရှင်တော်မင်းကြီးတစ်ဦးအား ခန့်အပ် အုပ်ချုပ်စေခဲ့သည်။ ယင်းနောက် ၁၈၈၆ ခုနှစ် မြန်မာနိုင်ငံတစ်ဝန်းလုံး ဗြိတိသျအောက်သို့ ကျရောက်သွားသောအခါ မဟာဝန်ရှင်တော်မင်းကြီးတစ်ဦးကို သီးခြားခန့်အပ် အုပ်ချုပ်စေခဲ့၏။

မဟာဝန်ရှင်တော်မင်းကြီးလက်အောက်တွင် ခရိုင်ဝန်ရှင်တော်မင်းကြီး၊ အရေးပိုင်၊ နယ်ပိုင်ဝန်ထောက်၊ မြို့အုပ်၊ ရွာသူကြီးစသည်ဖြင့် ရာထူးအဆင့်ဆင့် ခန့်အပ်ထားရှိပါသည်။ ယင်းမဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေးမှာ ၁၈၈၆ ခုနှစ်မှ ၁၈၉၇ ခုနှစ်အထိ ကြာမြင့်ခဲ့၏။

ဒုတိယဘုရင်ခံအုပ်ချုပ်ရေး

၁၈၉၇ ခုနှစ်တွင် မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်သည့်စနစ်မှ အိန္ဒိယအင်ပါယာ၏ ပြည်နယ်ကြီးတစ်ခုအဖြစ်သတ်မှတ်ကာ ဒုတိယဘုရင်ခံတစ်ဦး ခန့်အပ်အုပ်ချုပ်စေခဲ့သည်။ ဒုတိယဘုရင်ခံအား အကြံပေးရန် အဖွဲ့ဝင် ၉ ဦးပါ ဥပဒေပြုကောင်စီကိုလည်း ဖွဲ့စည်းပေးခဲ့သည်။ သို့သော် ယင်းအဖွဲ့မှာ မည်သည့်အခွင့်အာဏာမျှ မရရှိခဲ့ပေ။ ၁၉၁၅ ခုနှစ်တွင် အိန္ဒိယကောင်စီအက်ဥပဒေအရ မင်းတိုင်ပင်အမတ်များကို ၂၈ ဦးအထိ တိုးမြှင့်လိုက်၏။

ဝိုင်အမ်ဘီအေမှဂျီစီဘီအေသို့

၁၉၀၆ ခုနှစ်တွင် ခေတ်ပညာတတ်လူငယ်အချို့၏ ဦးဆောင်မှုဖြင့် ခရစ်ယာန်လူငယ်အသင်းကို အတုယူလျက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို တည်ထောင်ခဲ့ကြသည်။ ယင်းအသင်းမှာ တစ်စတစ်စ တွင်ကျယ်ပြန့်လာကာ မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘာသာရေးအသင်းများပါ ပူးပေါင်းပါဝင်လာခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်တွင် ၀ိုင်အမ်ဘီအေနှင့် အလားတူအသင်းများ စုစည်းထားသောအဖွဲ့ကြီးမှာ နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရေးအတွက် ရည်မှန်းလျက် ဂျီစီဘီအေခေါ် မြန်မာလူမျိုးအသင်းများ၏ မြန်မာအသင်းချုပ်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းနှစ်၌ပင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သော ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။

ဒိုင်အာခီမှသည် ၉၁ ဌာနအုပ်ချုပ်ရေးဆီသို့
၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီခေါ် ဒွိသန္တကအုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ယင်းအုပ်ချုပ်ရေးကာလမှာ ၁၉၃၇ ခုနှစ်အထိ ကြာမြင့်ခဲ့၏။ ထိုအတောအတွင်း မြန်မာနိုင်ငံကိုအုပ်ချုပ်ရေးစနစ် တိုးမြှင့်ပေးရေးအတွက် ဆာဂျွန်ဆိုင်မွန်စုံစမ်းရေးကော်မရှင်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။

ဒိုင်အာခီအုပ်ချုပ်ရေးကာလအတွင်း မြန်မာလူမျိုးများ မျိုးချစ်စိတ်ဓာတ်ထက်သန်လာခဲ့ကြရာ ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာခဲ့သည့် နည်းတူတောင်သူလယ်သမား အရေးတော်ပုံကြီးလည်း ပေါ်ပေါက်လာခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း မြန်မာတို့၏ နိုးကြားတက်ကြွမှုများကို လမ်းလွှဲသည့်အနေဖြင့် အိန္ဒိယ-မြန်မာ၊ တရုတ်-မြန်မာ အဓိကရုဏ်းများကို ဖန်တီးခဲ့ကြသည်။ ယင်းသို့သောအခြေအနေ၌ပင် ၁၉၃၆ ခုနှစ်တွင် ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့၏။

ခွဲရေးတွဲရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေး

ဆိုင်မွန်ကော်မရှင်က ဒိုင်အာခီထက် တစ်ဆင့်သာသောအုပ်ချုပ်ရေးစနစ်မျိုး တီထွင်ပေးအပ်သင့်ကြောင်း အစီရင်ခံချက်အရ ဥပဒေပြုကောင်စီအစည်းအဝေးတွင် အိန္ဒိယမှခွဲထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအခါ ခွဲရေးတွဲရေးနှင့်ပတ်သက်သော ပြဿနာတစ်ရပ် ပေါ်ပေါက်လာတော့သည်။

ဤသို့ဖြင့် ၁ ဧပြီ ၁၉၃၇ တွင် မြန်မာနိုင်ငံကို သီးခြားခွဲထုတ်ကာ ၉၁ ဌာနအုပ်ချုပ်ရေးကို ချမှတ်ကျင့်သုံးခဲ့သည်။ တစ်နှစ်နီးပါးအကြာ ၁၉၃၈ ခုနှစ်တွင် ရေနံမြေသပိတ်မှသည် လူထုလူတန်းစားပေါင်းစုံပါဝင်သည့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအဖြစ်သို့တိုင် ပမာဏကြီးမားစွာ ပေါ်ပေါက်လာခဲ့ရ၏။ ယင်းအရေးတော်ပုံကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော တတိယကျောင်းသားသပိတ်တွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရသည်။

ရဲဘော်သုံးကျိပ်
နိုင်ငံရေးစိတ်ဓာတ်နိုးကြားတက်ကြွလာကြသည့် မြန်မာလူငယ်များသည် ၁၉၃၉ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို လျို့ဝှက်စွာဖွဲ့စည်းကာ မြန်မာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ကြရန် ဆုံးဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ၁၉၄၁ ခုနှစ်တွင် သခင်အောင်ဆန်းဦးစီးသော မြန်မာလူငယ် ၃၀ တို့ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့၌ လျို့ ၀ှက်စွာ စစ်ပညာသင်ယူခဲ့ကြ၏။

ဂျပန်ခေတ်ကာလ
ရဲဘော်သုံးကျိပ်ဦးဆောင်သော ဘီအိုင်အေတပ်များသည် ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာကာ ၁၉၄၂ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ကို ဗြိတိသျတို့လက်မှ ပြန်လည်သိမ်းပိုက်ခဲ့၏။ ဂျပန်ခေတ်ကာလအတွင်း ၁ သြဂုတ် ၁၉၄၃ တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော်လည်း အစစ်အမှန်လွတ်လပ်ရေး မဟုတ်ပေ။ သို့ဖြင့် ၂၇ မတ် ၁၉၄၅ တွင် မြန်မာ့တပ်မတော်နှင့် မျိုးချစ်အင်အားစုတို့က ဖက်ဆစ်ဂျပန်တို့အား တိုက်ထုတ်ခဲ့ကြ၏။

လုံးဝလွတ်လပ်ရေးသို့

ဂျပန်များ မြန်မာမြေပေါ်မှ ဆုတ်ခွာသွားပြီးနောက် အင်္ဂလိပ်တို့ ပြန်လည်ရောက်ရှိလာကာ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့ကြပြန်သည်။ ထို့နောက် ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံဆာဒေါ်မန်စမစ် ရောက်ရှိလာကာ စက္ကူဖြူစာတမ်းအရ မြို့ပြအုပ်ချုပ်ရေးကို စတင်ခဲ့၏။ ၁၉၄၆ ခုနှစ် ဇွန်လတွင် ဖဆပလကကြီးမှူး၍ စက္ကူဖြူစာတမ်းကို ကန့်ကွက်ခဲ့ရာ ပြည်လုံးကျွတ်အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။
ဆာဟူးဘတ်ရန့် ဘုရင်ခံဖြစ်လာပြီးနောက် ဖဆပလမှ ဦးဆောင်၍ လွတ်လပ်ရေးတောင်းဆိုမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၂၇ ဇန်န၀ါရီ ၁၉၄၇ တွင် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး ဗြိတိသျတို့ထံမှ အာဏာလွှဲပြောင်းရယူနိုင်ရေးအတွက် ပြင်ဆင်ကြသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ဆဲကာလ၌ပင် ၁၉ ဇူလိုင် ၁၉၄၇ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်။ သို့သော် တိုင်းရင်းသားလုပ်သားပြည်သူများ၏ သွေးစည်းညီညွတ်စွာကြိုးပမ်းမှုများကြောင့် ၄ ဇန်န၀ါရီ ၁၉၄၈ တွင် မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။
သွေးနှင့်ချွေးနှင့်ရင်းနှီးရယူခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးကို ထိမ်းသိမ်းစောင့်ရှောက်ကြရန်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ တာဝန်ပင်ဖြစ်ပါသည်။

ကျမ်းကိုး

၁။ ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်(မြဟန်)
၂။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုရက်စဉ်သမိုင်း(ဖိုးအောင်လေး)
၃။ မြန်မာ့နိုင်ငံရေးသမိုင်း(ဦးလေးမောင်)

Copy by : Eleven Media Group
စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ....

Monday, January 4, 2010

ဘ၀မုန်တိုင်း ( ၅ )

အပိုင်း ( ၄ ) အဆက်...

အတန်ကြာလျှောက်လာမိသောအခါ အိမ်တအိမ်၏ ခြံစည်းရိုးရှေ့ရောက်သော်

"ကိုခင်မောင်ရေ.. ကိုခင်မောင်"

သုံးလေးခွန်းအော်သောအခါ အိမ်အတွင်းမှလူတစ်ယောက်ထွက်လာပြီး ကျွန်တော်တို့ကို သေချာကြည့်နေသည်။ ပြီးမှ

"ဟာ ကိုဖိုးရွှေကြီးပါလား.. ခင်ဗျားမိန်းမကော . ကလေးတွေလဲဖိနပ်မပါနဲ့ ဘယ်လိုဖြစ်လာတာတုန်း"

"ကျွန်တော်တို့ ဒုက္ခရောက်လာလို့ပါ ကိုခင်မောင်ရေ."

"ဟုတ်လား လာလာ အိမ်ထဲကိုအရင်ဝင်ကြ ကလေးတွေကောလာ"

အိမ်ထဲတွင် နေရာချထားပေးပြီး ရေသောက်ရန် ရေခပ်လာပေးသည်။ စားစရာမုန့်များကိုပါ ချပေးသည်။ ကျွန်တော်တို့သည်လဲ ဟန်ပင် မဆောင်နိုင်တော့၊ ချလာပေးသော မုန့်များကို အားရပါးရစားကာ ရေကိုအ၀သောက်လိုက်သည်။ ပြီးမှ ကျွန်တော်တို့ညီအစ်ကို တစ် ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိကြသည်။ အဖေနှင့်ဦးခင်မောင်ကတော့ စကားပြောနေကြသည်။ အဖေက ဖြစ်ကြောင်း ကုန်စင်ကို ပြောပြနေသည်ထင်သည်။ ထိုအခိုက်အပြင်မှ အမျိုးသမီးတစ်ယောက်ဝင်လာသည်။

"ဟောတော့ ကိုဖိုးရွှေကြီးပါလား ဘယ်တုန်းကရောက်လဲ

ကလေးတွေတောင် ဒီအရွယ်ရောက်နေကြပြီကိုး မိန်းမကော ပါမလာဘူးလား"


"သူ့မိန်းမဆုံးသွားပြီး ဒုက္ခရောက်လာကြလို့တဲ့ မိန်းမရေ."

ဦးခင်မောင်ပြောသော စကားကိုကြားသောအခါ ထိုအမျိုးသမီးက

"အော် ကလေးတွေလဲ သနားစရာပါလား မ၀ိုင်း ... မ၀ိုင်း သွားရှာပြီပေါ့.."

"ကဲ ကျွန်မ ထမင်းစားဖို့ ပြင်လိုက်အုံးမယ် ရှိတာနဲ့ စားကြပေါ့.."

ထိုအသံကိုကြားသောအခါ ဗိုက်သည်ပို၍ ဆာလောင်လာသည်ဟု ထင်ရသည်။ အဖေ့ကိုလှမ်းကြည့်လိုက်သောအခါ ဦးခင်မောင်နှင့် စကားပြောနေသော အဖေ့မျက်လုံးထဲတွင် မျက်ရည်များ ၀ိုင်းနေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့၏ တသက်တာတွင် ကျွန် တော်တို့အတွက် မားမားမတ်မတ် ၊ တည်တည်တံ့တံ့ရပ်တည်ပေးခဲ့သော အဖေသည် ယခုအခါ ၀မ်းနည်းပူဆွေးခြင်း သောကများကို အပြည့်အနှက်ခံစားနေရသောကြောင့် အဖေ့၏ မျက်နှာသည် ညှိုးနွမ်းနေသည်။ ကျွန်တော်တို့ညီအစ်ကို စိတ်အားငယ်သွားမည် စိုးရိမ် သောကြောင့်သာ အဖေစိတ်ကိုထိန်း၍ ဘာမှမဖြစ်သကဲ့သို့ ကြိုးစားပြီးနေနေသည်။ အားတင်းထားပါအဖေ။ ကျွန်တော်တို့ မှီခိုနေရ သော မြင့်မိုရ်တောင်ကြီး ပြိုလဲမသွားပါစေနဲ့။

ထမင်းစားပြီးသည်နှင့် လောက၏ဒဏ်ကို ခံစားလာရသည်မှာ ပင်ပန်းလာသည်နှင့် ဧည့်ခန်းမှာပင် ညီအစ်ကိုနှစ်ယောက်အိပ်ပျော် သွားကြသည်။ မည်မျှကြာသွားသည်မသိ ၊ အိမ်ယာမှနိုး၍ ကြည့်လိုက်သောအခါ အခန်းတစ်ခုအတွင်းရောက်နေပြီ အပြင်ဘက်တွင် မိုးပင်လင်းနေသည်။ အခန်းအပြင်သို့ထွက်လိုက်သောအခါ

"ဟော နိုးပြီးလား .. မျက်နှာသစ်လိုက် ပြီးရင် ကောက်ညှင်းပေါင်းနဲ့ အကြော်စား"

"မင်းအဖေနဲ့ အစ်ကိုကတော့ စားပြီးသွားလို့ အိမ်ရှေ့မှာ မင်းဦးလေးနဲ့ စကားပြောနေတယ်.."


အမေ့ကဲ့သို့ပင် ကြင်နာတက်သော အမျိုးသမီးတစ်ဦးပါလား။ အမေ့ကို သတိရလာပြန်သည်။ စားပြီးအိမ်ရှေ့သို့ထွက်လာခဲ့သည်။ အိမ် ရှေ့တွင် ဦးခင်မောင်နှင့် အဖေတို့ စကားပြောနေသံကြားရသည်။

"မနက်ဖြန်မှသွားပါလား ကျွန်တော်လှည်းနဲ့လိုက်ပို့မှာပေါ့. ဒီနေ့တော့ လယ်ထဲက ပဲတွေသွားသယ်ရမှာဖြစ်နေလို့."

"ကိုခင်မောင်ကို အားနာလှပါပြီ ကျွန်တော်တို့ကို ဒီလောက်ထိကူညီတာပဲ အရမ်းကျေးဇူးတင်လှပါပြီ

လိုက်မပို့ပါနဲ့တော့ ဒီနေ့ပဲသွားလိုက်ပါမယ်..."

"အေးဗျာ နောက်နေ့ ကျွန်တော်လဲ လာခဲ့ပါ့မယ် ဘာမှအားမငယ်ပါနဲ့ဗျာ"


အဖေက ကျွန်တော်တို့ကို တချက်ကြည့်ပြီး " ကဲသားတို့ ခရီးဆက်ရအောင် "

အဖေသည်ပြောပြီး ဦးခင်မောင်ပေးလိုက်သော အထုပ်တစ်ထုပ်ကိုထမ်းပြီး နှုတ်ဆက်ကာ ထွက်လာခဲ့ကြသည်။ အဖေသည် ဖိနပ်မပါ သော ကျွန်တော်တို့ ညီအစ်ကိုကိုကြည့်ပြီး အဖေစီးသော ဖိနပ်ကိုချွတ်၍ အကို့ကိုစီးခိုင်းသည်။ ထမ်းလာသော အထုပ်တစ်ခုကို အကို့ အားပေး၍ ကျွန်တော့်အား

"သားလာ အဖေချီမယ်."

ပူပြင်းသော သဲများပေါ်တွင် ဖိနပ်မပါပဲလျှောက်ရသော ဒုက္ခမှာ မသက်သာလှ။ သို့သော် အဖေ့အား သနားမိသောကြောင့်

"ရပါတယ်အဖေ သားဒီအတိုင်းပဲ လျှောက်ချင်တယ်."

အဖေသည် ကျွန်တော့်အားတစ်ချက်ကြည့်ပြီး စိတ်မကောင်းစွာနှင့် ကျွန်တော့လက်ကိုဆွဲပြီး ခရီးဆက်ကြသည်။ အတန်လျှောက်မိ သောအခါ ခပ်လှမ်းလှမ်းမှာ ရွာတစ်ရွာကိုတွေ့လိုက်ရသည်။ ဤရွာသည် တစ်ချိန်က အဖေ၊အဖေ အစ်ကိုတို့နှင့် ပျော်ရွှင်စွာ နေထိုင် လာခဲ့သော အမေ့၏ ဇာတိရွာဖြစ်သည်ကို ပြန်မှတ်မိလေသည်။ ရွာကိုလှမ်းမြင်သောအခါ စိတ်ထဲတွင်ပျော်သွားမိသည်။ ခရီးဆုံးရောက် တော့မည်။ သို့သော် ရှည်လျားလှသည့် ဘ၀ခရီးကိုတော့ ဘယ်လိုကြမ်းတမ်း ခက်ခဲ ပင်ပန်းစွာဖြင့် ဖြတ်သန်းရမည်ကိုတော့ မသိနိုင် သေးပေ။

မည်သို့ပင်ဖြစ်စေ ရွာ၏အရိပ်ရောင်ကို မြင်တွေ့ရသောအခါ အားအင်များပင် ပြန်ပြည့်လာသည်ဟုပင် ထင်ရသည်။ နွမ်းနယ်နေသော ဘ၀၏ နားခိုရာတစ်နေရာကို ရေးရေးလှမ်းမြင်နေရပြီ မဟုတ်ပါလော။

အဖေနှင့် အစ်ကိုတို့၏ မျက်နှာများတွင် ၀မ်းသာသောအပြုံးများကို တွေ့မြင်နေရသည်။ အဖေသည်လှမ်းမြင် နေသော ရွာကိုခေတ္တမှ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ အဖေ့စိတ်ထဲတွင် မည်သို့တွေးနေမည်မသိပေ။ ဘာအတွက်ကြည့်နေသည်ကိုလဲ မသိပေ။

ရွာထဲဝင်လိုက်သောအခါ ထနောင်းပင်နှင့် အရိပ်များကို ကြိုဆိုနေပြီး ထန်းပင်များကလဲ ဘယ်ညာယိမ်းကာ နှုတ်ဆက်နေကြသည်။ ခြောက်ကပ်နေသော ရင်ထဲတွင် နွေးထွေးမှုများ ပြန်လည်သက်ဝင်လာခဲ့သည်။

အပိုင်း ( ၆ ) ဆက်လက်ဖတ်ရှုရန် ...

ဖတ်ရှုရန် အပိုင်း ( ၁ ) ၊ အပိုင်း ( ၂ ) ၊ အပိုင်း ( ၃ ) ၊ အပိုင်း ( ၄ )

စာဖတ်သူတို့အား အစဉ်လေးစားလျှက်

မျှော်လင့်သူ
Original Written By : U Win Naing
(ဆရာခင်ဗျား : ဆရာရဲ့ ဘ၀မှတ်တမ်းအား ကျွန်တော့် Blog မှာမူပိုင်တင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ဆရာ့အရေးသား တိုင်း ပြန်လည်ရေးသားထားပါသည်။)

Friday, January 1, 2010

အလွဲလေး

ဒီနေ့ 1.1.2010 မှာ ပထမဆုံးတင်တဲ့ Post အဖြစ် အလွဲလေး ဆိုတဲ့ post လေးနဲ့ စတင်လိုက်ပါတယ်. ဒါလေးရေးဖြစ်တဲ့ အ ကြောင်းကတော့ ကိုသက်တန့်ချို ရဲ့ အစားခံလိုက်ရသော လက်များ ကိုဖတ်မိပြီး ကိုယ်လဲ အလွဲလေးတင်ပြချင်တာနဲ့ ရေးဖြစ်သွားတာပါ။ နှစ်သစ်ကို အလွဲလေးနဲ့ စတင်ခဲ့လို့ တစ်နှစ်ပတ်လုံးမလွဲပါစေနဲ့လို့ ဆုတောင်းရတော့မယ်။

လွန်ခဲ့တဲ့နှစ်တွေကပေါ့...

ကျွန်တော်တို့ရဲ့ စာသင်ကျောင်းလေးက ကားလမ်းလေးရဲ့ နံဘေးမှာတည်ရှိပါတယ်။ ကားကလဲ မေ့လောက်မှ တစီးလောက်ဖြတ်သွား တက်ပါတယ်။ တစ်နေ့ကျွန်တော်တို့ အခန်းလေးမှာ စိတ်အရမ်းတိုတက်တဲ့ ဆရာကြီးတစ်ယောက်က စာသင်နေတယ်။ အဲအချိန်မှာ ဖြစ် ချင်တော့ တောကားကြီး တစ်စီး ၀ိတ်အပြည့်နဲ့ အိပဲ့အိပဲ့ မောင်းနေသည်။

ဘေးက သာအေး နွားလှည်းကတောင် လေချွန်ပြီး ထားခဲ့သည်။ ပြဿနာက စပါပြီ.....

ဂျိမ်း

ကားဘီးပေါက်သံက တိတ်ဆိတ်နေသော လောကတစ်ခွင်မြည်ဟီးသွားသည်။ ဧရာမ အကျယ်ကြီးပေါ့....း)...
ထိုအချိန်မှာ အခန်းထဲက ကျောင်းသားတစ်ချို့က ထအော်တယ်...

ကျွန်တော်မပါဘူးဗျို့..............

အရင်ကတည်းက ဒေါသခပ်ကြီးကြီးဆရာဆိုတော့ သူ့စာသင်နေတာကို ပြောင်ရွှတ်ရွှတ်နဲ့ ထအော်တဲ့ ကျောင်းသားတွေကို အရမ်း တင်းသွားတယ်။ ဒါနဲ့ အသံကျယ်ကြီးနဲ့ အော်လိုက်သည်။

ဟေ့ကောင်တွေ.. မင်းတို့က ငါစာသင်နေတာကို မခန့်လေးစားနဲ့ ...
ကဲ မပါတဲ့ကောင်တွေ မတ်တပ်ရပ်စမ်း..


သူ့ထက်ငါ အသဲအမဲ ထကြသည်။ ရုန်းရင်းဆန်ခတ်ပေါ့....
ဒုန်းဒုန်း ထုလိုက်တော့ ကျွန်တော်တို့အားလုံးငြိမ်သွားတယ်။ ခုံပေါ်မှာ ခါးကိုကော့ ရင်ကိုထုတ်ပြီး. မတ်တက်ရပ်လိုက်ကြသည်။

လူအနည်းစုကတော့ အောက်မှာ မျက်နှာညှိုးညှိုးနဲ့ ထိုင်နေကြတယ်။ ကျွန်တော်လည်ပြန်ငေးပြီး ကြည့်လိုက်သည် သနားသွားတယ်။ ဒါနဲ့ ဆရာက မတ်တပ်ရပ်တဲ့သူတွေအားလုံး ရှေ့ထွက်ခိုင်းပြီး ကြိမ်လုံးနဲ့ တွယ်ပါလေတော့တယ်။ကျွန်တော်အရမ်းကြောင်သွားတယ်။ ကျွန်တော်တို့က မအော်ခဲ့ပဲ ဘာလို့အခုလို ရိုက်ခံရတာလဲ။ သဘောပေါက်လိုက်ပြီ.. ဆရာပြောချင်တာက မပါဘူးလို့အော်တဲ့ကျောင်း သားကို ထွက်ခိုင်းတာပဲ ။ အော်တဲ့နေရာမှာ မပါတဲ့ကျောင်းသားကို ထွက်ခိုင်းတာမှမဟုတ်တာ...

သြော် အလာကောင်းပေမယ့် အခါနှောင်းသွားပြီလေ။ ဆရာ့ကြိမ်လုံးက တင်ပါးနဲ့ သုံးချက်လောက်မိတ်ဆက်သွားသည်။ အော် မြန်မာ စကားကပဲ မလည်ရှုပ်လား။ ကျွန်တော်တို့ကပဲ နားလည်မှုလွဲတာလားတော့မသိ။ ဒီကြားထဲ ရိုက်ခံရလို့ နာတဲ့ကြားထဲ ဟိုအော်တဲ့ ငနာ တွေက ပြုံးစိစိနဲ့ ။ ငါလုပ်လိုက်ရ.. အား ... ကျွတ်... ကျွတ်...

ကျွန်တော်တို့ လွဲခဲ့တဲ့အကြောင်းလေးကို အမှတ်ရလို့ရေးသားလိုက်တာပါ။ စာဖတ်သူတို့လဲ အလွဲလေးတွေရှိရင် နည်းနည်းလောက်ဝေ မျှသွားနော်...

ဒီ Post လေးနဲ့တော့ မပတ်သတ်ပါဘူး ဒါပေမယ့် ပြောချင်လို့ ... အိမ်ကို ကလေးလေးတစ်ယောက်လာလည်တယ်။ ကျွန်တော်က ခပ်တည်တည်နဲ့ မေးလိုက်တယ်။ ဟေ့ကောင် မင်းက ဘယ်မှာနေတာလဲ... လို့မေးလိုက်သည်။ သူကလဲ ဖြေရှာပါတယ်. လှသိန်းထိုက်တို့ အိမ်ဘေးနားက တဲ့. ။ ဘယ်ရမလဲ ထပ်မေးတယ်။ အေးဟုတ်ပါပြီး လှသိန်းထိုက်တို့အိမ်ကဘယ်နားမှာလဲ ... .သားတို့အိမ်ဘေးမှာလေ.. တဲ့ .... ဟိုက်
စာဖတ်သူတို့ ပျော်ရွှင်နိုင်ပါစေ.

အစဉ်လေးစားလျှက်..

မျှော်လင့်သူ
Related Posts with Thumbnails