Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Sunday, February 28, 2010

အတိတ်ကို ဖော်ကြူးသော ပုံရိပ်များ



ဓာတ်ပုံထဲက ကောင်လေးသုံးယောက်ထဲက ၀ဲအစွန်မှာရပ်နေတဲ့ ကောင်လေးချောချောလေးကတော့ ကျွန်တော်စာရေးသူပဲဖြစ်ပါတယ် ။ လွန်ခဲ့သောနှစ် 2009 ခုနှစ် 6 လပိုင်းလောက်က ဘော်ဒါသုံးယောက် ခရီးသွားရင်းနဲ့ ရိုက်ထားတဲ့ပုံလေးပါ။ မိုးတွေကလဲ ရွာ လိုက်တာ ညို့မှိုင်းလို့ စဲကိုမစဲဘူး။ ညို့မှိုင်းနေတဲ့ နောက်ခံမိုးသားနဲ့ ပင်ပန်းနေတဲ့ ကျွန်တော်တို့ ခရီးသွားလေးများရဲ့ ပုံကလေးဟာ ဖြင့် အတိတ်ကို ပြန်သတိရလွမ်းမောစေတဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..

Bad Gateway


The following error occurred:

[code=DNS_HOST_NOT_FOUND] The host name was not found during the DNS lookup. Contact your system administrator if the problem is not found by retrying the URL.
Please contact the administrator.

မည်သည့် ချို့ယွင်းချက်ကြောင့်မသိ ကျွန်တော် Blog အားဖွင့်လိုက်တိုင်း ဤသို့ပေါ်နေခဲ့သည်။ သုံးလေးငါးခါလောက် Reload ပြန် လုပ်မှ တက်လာသည်။ တက်လာသော်လည်း မပြည့်မစုံနှင့်ပင် Reload ရပ်သွားတက်သည်။ နောက်ပြီး အခြားအခြားသော ပြဿနာများလဲ ရှိလာသဖြင့် မူရင်းလင့်ခ် ဖြစ်သော www.anyarthar88.blogspot.com သို့ ပြောင်းရွှေ့ထားပါသည်။

သို့ပါသောကြောင့် မြန်မာပြည်မှ စာဖတ်ပရိသတ်များအနေဖြင့် အောက်ပါအတိုင်းဆောင်ရွက်ပေးပါရန်.
1. Mozilla Firefox မှ Tools ကိုသွားပါ။
2. Tools မှ Options ကိုသွားပါ။
3. Options Dilog box ကျလာလိမ့်မည်။ ထို့မှ Advanced ကိုသွားပါ။
4. ထို့နောက် Network ကိုသွား ။ Setting ကိုသွားပါ။
5. Manual Proxy Configuration ကို Select ပေးပါ။ Box များထဲတွင် အောက်ပါဂဏန်းများ ရိုက်ထည့် ပါ။
HTTP proxy: 212.93.193.88
Port : 443

ပြီးလျှင် အားလုံးကို Ok ပေးလိုက်ပါ။ ဤသို့ဖြင့် အဆင်ပြေစွာ ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ထိုသို့မှ အဆင်မပြေ မှုများရှိခဲ့ပါက အောက်ပါ Gmail လိပ်စာများအား အမြန်ဆုံးဆက်သွယ် အကြောင်းကြားနိုင်ပါသည် ခင်ဗျာ။
Contact Mail – anyarthar88@gmail.com , anyarthar88.blogspot@gmail.com

စာဖတ်သူတို့အား အစဉ်လေးစားလျှက်…
မျှော်လင့်သူ

Saturday, February 27, 2010

အဆင်မပြေမှုများရှိပါက အမြန်ဆုံးအကြောင်းကြားရန်


မင်္ဂလာပါ စာဖတ်သူပရိသတ်များခင်ဗျာ.

မျှော်လင့်သူကလောင်နာမည်ဖြင့် ရေးသားခဲ့သော www.anyarthar88.blogspot.com လိပ်စာအား အခုအ ခါမှာ www.anyarthar88.myanmarbloggers.org သို့ ပြောင်းလဲလိုက်ပြီ ဖြစ်ပါသည်။ ထို့သို့ပြောင်းလဲ ရခြင်း မှာလဲ အဝေးရောက် မြန်မာများမှာ လွယ်လင့်တကူ ဖတ်ရှုရနိုင်သော်လည်း မြန်မာပြည်နှင့် အချို့ပြည်ပမှ စာ ဖတ်ပရိသတ်တို့ အတွက် ဖွင့်ရန်အဆင်မပြေခဲ့ချေ။ တကယ်ဝါသနာကြီးသူများသာ ကျော်ခွပြီး ဖတ်ရှုနိုင်ခဲ့ကြ သည်။ အခုအခါ Myanmarbloggers Team မှ Subdomain များ ချပေးလျှက်ရှိရာမှာတော့ စာရေးသူ ကျွန် တော်လဲ Subdomain တစ်ခုလျှောက်ထားပြီး Freedomain မှ Customdomain သို့ ပြောင်းလဲခဲ့ပြီဖြစ်ပါသည်။

ထို့သို့ပြောင်းလဲလိုက်သည့်အတွက် မြန်မာပြည်မှ စာဖတ်သူများအနေဖြင့် Address Bar တွင် လိပ်စာအား ရိုက်ထည့်ပြီး Enter ခေါက်လိုက်ရုံ လွယ်လင့်တကူဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ သို့ပါသော်လဲ အရင် blogspot ဖြင့် တင်ထားသော Post များရှိ ပုံများမှာ blogspot ဖြင့် upload လုပ်ထားသဖြင့် ပေါ်မည်မဟုတ်ပေ။ ထိုမပေါ် သည့် ပုံများအား ရက်အနည်းအတွင်းတွင် အခြား uploader တစ်ခုဖြင့် upload လုပ်ပြီး ပြောင်းလဲပေးသွား မည်ဖြစ်ပါသည်။ ထိုအခါ ပုံမှန်အတိုင်း ပြန်လည်မြင်နိုင်မည်ဖြစ်သည်။

အခုရက်ပိုင်းအတွင်း မြန်မာပြည်နှင့် အချို့ပြည်ပနိုင်ငံများမှ စာဖတ်သူများအနေဖြင့် ဆိုဒ်တွင် ပုံများမပေါ်ခြင်း၊ အခြားအကြောင်းရာများ ရှိနေခဲ့ပါက ပိုမှန်ရှင်းလင်းစွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။

1. Mozilla Firefox မှ Tools ကိုသွားပါ။
2. Tools မှ Options ကိုသွားပါ။
3. Options Dilog box ကျလာလိမ့်မည်။ ထို့မှ Advanced ကိုသွားပါ။
4. ထို့နောက် Network ကိုသွား ။ Setting ကိုသွားပါ။
5. Manual Proxy Configuration ကို Select ပေးပါ။ Box များထဲတွင် အောက်ပါဂဏန်းများ ရိုက်ထည့် ပါ။
HTTP proxy: 212.93.193.88
Port : 443

ပြီးလျှင် အားလုံးကို Ok ပေးလိုက်ပါ။ ဤသို့ဖြင့် အဆင်ပြေစွာ ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ထိုသို့မှ အဆင်မပြေ မှုများရှိခဲ့ပါက အောက်ပါ Gmail လိပ်စာများအား အမြန်ဆုံးဆက်သွယ် အကြောင်းကြားနိုင်ပါသည် ခင်ဗျာ။
Contact Mail – anyarthar88@gmail.com , anyarthar88.blogspot@gmail.com

စာဖတ်သူတို့အား အစဉ်လေးစားလျှက်…
မျှော်လင့်သူ

Funny Pic ( FWD mail )




















Thanks ;

Thursday, February 25, 2010

ဘီယာခွက်ထဲပိုးကောင်ကလေးကျလိုက်ရုံပါ..


ဘီယာခွက်ထဲပိုးကောင်ကလေးကျလိုက်ရုံပါ..
ဘီယာမတ်ခွက်ထဲ ပိုးကောင်တစ်ကောင်ကျသွားတယ်။
အမေရိကန် - ပိုးကောင်ကိုထုတ်ပစ်လိုက်ပြီး ဘီယာကိုသောက်လိုက်တယ်။
တရုတ် - ပိုးကောင်ကိုစားလိုက်ပြီး ဘီယာကိုလွှတ်ပစ်လိုက်တယ်။
ဂျပန် - ဘီယာကို အမေရိကားကိုရောင်းတယ်။ ပိုးကောင်းကို တရုတ်ကိုရောင်းတယ်။ ပြီးတော့ရတဲ့ ပိုက်ဆံနဲ့ ဘီယာတခွက် အသစ်ထပ် ၀ယ်တယ်။
ပါကစ္စတန် - ဘီယာခွက်ထဲ ပိုးကောင်ကို ထည့်တယ်ဆိုပြီး အိန္ဒိယကို စွပ်စွဲတယ်။ အဲဒီကိစ္စကို ကက်ရှ်မီးယားပြဿနာနဲ့ ဆက်စပ်ပြစ် လိုက်တယ်။ တရုတ်ဆီက စစ်ရေးအကူတောင်းတယ်။ ဘီယာတစ်ခွက်ထပ်ဝယ်ဖို့ အမေရိကန်ဆီက ငွေချေးတယ်။
ွှအိန္ဒိယ - ခွက်ထဲပိုးကောင် ၀င်နိုင်အောင် အကူညီပေးတယ်ဆိုပြီး ပါကစ္စတန်ကို စွပ်စွဲတယ်။ ပြီးတော့ ပိုးကောင်ဟာ အက်အက်ဂျီကွန်မန်ဒို တစ်ယောက်ဖြစ်တယ်လို့ ပြောပြီး ခွက်ရဲ့တစ်လက်မချင်အလိုက်၊ ဘီယာတစ်စက်ချင်းအလိုက် ခုခံတွန်းလှန်ပစ်မယ်လို့ ကြုံးဝါးတယ်။ ပြီး တော့ပါကစ္စတန်ကို အကြမ်းဖက်နိုင်ငံအဖြစ်ကြေညာသင့်တယ်လို့ အမေရိကန်ကိုတောင်းဆိုတယ်။

.........................................................................................................................................................

ပါဝါဘယ်သူကြီးလဲ..
ဆိုဗီယက်ယူနီယံမှာ ဆရာမတစ်ယောက်က အလုပ်ရဲ့အရေးကြီးပုံကို သင်ကြားနေပါတယ်။
ဆရာမ - ဗယ်ဒီမီယာရေ။ မင်းအဖေက ဘာအလုပ်လုပ်သလဲ။
ဗယ်ဒီမီယာ - ဆရာဝန်အလုပ်လုပ်ပါတယ် ဆရာမ။
ဆရာမ - သိပ်ကောင်းတာပေါ့။ မင်းထိုင်ခုံနေရာကနေ ဒီရှေ့ဆုံးတန်းကို ပြောင်းထိုင်လေကွယ်။
ကလေးငယ်က ရှေ့ဆုံးတန်းကို လာပြောင်းထိုင်တယ်။ဆရာမက ဆက်ပြောတယ်။
ဆရာမ - ဘောရစ်ရေ။ သားအဖေကရော ။
ဘောရစ် - အဖေက တက္ကသိုလ်က ပါမောက္ခပါ ဆရာမ။
ဆရာမ - သိပ်တော်တယ်။ လာခဲ့ကွယ်။ ဗယ်ဒီမီယာ့ဘေးမှာ လာထိုင်။
ဆရာမက ဆာဂျီဆိုတဲ့ ကလေးကို ဆက်မေးတယ်။
ဆရာမ - ဆာဂျီ့အဖေကရော ဘာလုပ်သလဲ။
ဆာဂျီ - အဖေက ကေဂျီဘီက စုံစမ်းဖော်ထုတ်ရေးဌာနမှာ လုပ်ပါတယ်။
ဆရာမ - အိုး.... ကောင်းပါတယ်။ ဗယ်လ်ဒီမီယာနဲ့ ဘောရစ်တို့ရေ။ မင်းတို့နေရာကို ဆာဂျီ့ကိုပေးလိုက်ပြီး မင်းတို့ အရင်နေရာမှာ ပြန် ထိုင်ပေးပါလားကွယ်။
Related Posts with Thumbnails