Lastest News

ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ပါးလုံး ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Tuesday, February 9, 2010

Pretty Boy ( Music & Lyrics )


I lie awake at night
See things in black and white
I've only got you inside my mind
You know you have made me blind

I lie awake and pray
That you will look my way
I have all this longing in my heart
I knew it right from the start

Oh my pretty pretty boy I love you
Like I never ever loved no one before you
Pretty pretty boy of mine
Just tell me you love me too
Oh my pretty pretty boy
I need you
Oh my pretty pretty boy I do
Let me inside
Make me stay right beside you

I used to write your name
And put it in a frame
And sometime I think I hear you call
Right from my bedroom wall

You stay a little while
And touch me with your smile
And what can I say to make you mine
To reach out for you in time

Oh my pretty pretty boy I love you
Like I never ever loved no one before you
Pretty pretty boy of mine
Just tell me you love me too
Oh my pretty pretty boy
I need you
Oh my pretty pretty boy I do
Let me inside
Make me stay right beside you

[BRIDGE]
Oh pretty boy
Say you love me too

Oh my pretty pretty boy I love you
Like I never ever loved no one before you
Pretty pretty boy of mine
Just tell me you love me too
Oh my pretty pretty boy
I need you
Oh my pretty pretty boy I do
Let me inside
Make me stay right beside you.


Click on here to listen that song with swf file.

Monday, February 8, 2010

Hi + ma Hi = Tags Post


Gtalk ထဲက လူတွေကလဲ သူတို့ Add ထားလို့သာ ကိုယ်က Accept လုပ်ပေးလိုက်တယ်။ ဘယ်သူတွေမှန်းလဲမသိဘူး ။ ကိုယ်က သွား Hi တော့လဲ ဒီအကောင့်ကို ဘယ်ကရသလဲတဲ့ ငေါက်ငမ်းငမ်းကမေးသေးတယ်။ အိုးစွပ်မစား ခွက်စွပ်မစားဗျာ ။ Add စရာလားဗျာ Add ပါဘူး။ ကျွန်တော့်လောကမှာ ကိုယ်က Add တဲ့အကောင့်က ခပ်ရှားရှား (ကြုံတုန်း အသားကုန်ကြွားပစ်လိုက်မယ် :P) ။ သူတို့ Add တာကိုပဲ လက် ခံလိုက်တာ။ သူတို့မပြောရင် မပြောဘူးပေါ့ ဟုတ်ဖူးလား ဘော်ဘော်တို့ရေ (အဖော်ညှိတာ) ။ ဒါနဲ့ ကိုယ်သိတဲ့ အကောင့်လေးတွေ့တယ်။ ခေါ်လိုက်တယ်။ အဟိ တဂ်ပို့စ် နဲ့ ညားပါလေရော။ မမေနှင်း (ပန်းရင့်ရောင်) က သူ့ Custorm Message ထဲမှာတော့ ရေးထားပါတယ်။ hi လာမလုပ်နဲ့တဲ့ hi လာလုပ်တဲ့သူ သူရေးနေတဲ့ တဂ်ပို့စ် နဲ့ ညားမယ်တဲ့ ။ အနော်က မြင်မှမမြင်တာကို ။ Hi လို့ ပြောပြီးမှ ma Hi လို့ ပြန်ပြောပါတယ်။ ဒါပေမယ့် လွန်သွားပါပြီတဲ့ခင်ဗျာ။ တဂ် ခံလိုက်ရပါတယ်။ ကျွန်တော် ဘလော့ဂ် ရေးတဲ့နောက်ပိုင်းမှာ ဒါပထမဆုံး တဂ်ခံရခြင်းပါပဲ။ အမှတ်တရလေးဖြစ်သွားတာပေါ့။ အမှားပါရင် သည်းခံပေးကြနော်။ ကဲရေးပြီ....

1. ကိုယ့်ကို ဒီလိုခေါ်ကြတယ် = ကိုရဲ (အပြင်က ဘော်ဒါတွေ) ၊ ဟေ့ ( အွန်လိုင်းပေါ်မှာ ခေါ်ခံနေကြ )

2. အ၀တ်စားပေါ်ကိုယ့်သတ်မှတ်ချက်က = အရမ်းရိုးရှင်းပါတယ် ( မေမေ၀ယ်ပေးတာဝတ်လိုက်တာပဲ )

3. အကြိုက်ဆုံး စားစရာ နှင့် သောက်စရာ = မာလာဟင်း နှင့် Beer ( အမှန်တိုင်းပြောတာနော် မညာတက်ဘူး :P )

4. အကြိုက်ဆုံးပစ္စည်း ( ကွန်ပြူတာနှင့် အင်တာနက်မပါရ ) = ဆီပြည့်နေတယ် ဆိုင်ကယ် နှင့် ဖောင်းဖောင်းလေးနေတဲ့ ပိုက်ဆံအိတ်

5. လိုချင်တဲ့ လက်ဆောင် = ပေးမယ့်သူမှ မရှိတာ မပြောတော့ပါဘူးး(

6. အကြိုက်ဆုံး ဇာတ်ကား = We Were Soldier ( အမေရိကန် - ဗီယက်နမ် သမိုင်းကျောရိုး စစ်ကားကြီး )

7. အကြိုက်ဆုံး ဟာသဇာတ်ဆောင် = ကိုယ့်ကို ကိုယ်များ ပြန်တွေးမိနေသလားလို့ :P

8. အကြိုက်ဆုံး စာရေးဆရာ = အကြည်တော် ( ပျော်ပျော်နေတက်တာကိုး )

9. အခိုက်ဆုံး စာအုပ် = Desert Storm ( ကန္တာရ မုန်တိုင်း စစ်ဆင်ရေး - ကူဝိတ် အကြောင်းဘာသာပြန် စာအုပ်)

10. အချစ်ဆုံးသူရှိရင် = သြော် ရှိတာပေါ့ဗျာ ( အဲလိုပဲ မှတ်ထားပေးနော် ၊ ဘယ်သူလဲ မမေးပါနဲ့ :P )

11. ရင်ခုန်ရဆုံး အချိန် = မန်ယူ - ချဲလ်ဆီး ချန်ပီယံလိဂ် ဖိုင်နယ် ( 2008 ) ( အနော့ ချဲလ်ဆီးလေး မွတ်သွားတယ်လေ )
( ပိန္နဲသီး ဘေးကို ကန်ထုတ်လိုက်လို့ အဟင့် )

12. ဘ၀ဆိုတာ - နေတက်ရင်ပျော်စရာကြီးပါဗျာ ။ ရခဲလှတဲ့ အချိန်ပိုင်းလေးမှာ ငိုကြွေး ၊ ပူပန်ပူဆွေးမှုတွေနဲ့ နေမယ် ဆိုရင် ပင်ပန်းလွန်းလှပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေ ၊ ခေါင်းရှုပ်စရာတွေကိုလျော့ စိတ်ကိုမြင့် ပျော်ရွှင်တဲ့စိတ်ကလေး ရအောင်မွေးမြူ
ဒါပဲ ( ဆရာကြီးလုပ်တာဟုတ်ဝူးနော် )

13. စိတ်တိုရင် ဘာလုပ် - သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ် မင်းရစ်လွန်းပါတယ်တဲ့(အနည်းဆုံးတော့ သုံးပတ်လောက် ရစ်လိုက်တယ် )။

14. အကြိုက်ဆုံးသီချင်း = ပထမဆုံးချစ်သူ (အခုတလော နားထောင်ဖြစ်တာပါ )

15. ၀ါသနာ = ခွေကြည့် ၊ ဂိမ်းနှိပ် ၊ net သုံး ( မှတ်ချတ် - ချွေးထွက်မယ်ဆို လေတောင်မချွန်ချင် )

16. မီးခွက်စောင့် ဘီလူးနဲ့ တွေ့ရင်တောင်းမယ့်ဆု = အလုပ်မလုပ်ပဲ ချမ်းသာရပါလို၏ ။ :P

17. လက်ဆွဲဆောင်ပုဒ်က = ပျော်ပျော်နေ သေခဲ၊ မော်တော်နေကုန်းပေါ် .. အဲ ယောင်လို့ ရေထဲ။

18. အိပ်ရေးပျက်ရတဲ့ အကြောင်းရင်းက = ကိုရီးယားကားတွေက လွတ်ကောင်းတာကိုးဗျ..း)

19. ချစ်သူကို ဆိုပြချင်တဲ့သီချင်း = သူ နားဆင်ချင်တဲ့ သီချင်းလေးပေါ့ ( ကိုယ်ရရင်တော့ ဆိုပေးလိုက်မယ် ၊မရရင် ဆော်ပလော် တီးလွတ်လိုက်မယ် :P )

20. ပြောပြချင်တဲ့ ဟာသတိုလေး = တခါက အလုပ်တခုက အင်တာဗျူး ခေါ်တယ် ။ အင်တာဗျူးတဲ့ နေရာမှာ အင်္ဂလိပ်ဘာသာကျွမ်း ကျင်မှုကို အဓိကထားတယ်။ ဒါကို လူတစ်ယောက်လာဖြေတယ်။ နဝေတိမ်တောင် အတီးအတပေါ့ ။ အခန်းထဲရောက်တော့ အင်တာဗျူး တဲ့ တစ်ယောက်ကြည့်လိုက်တယ်။ မဟန်မဲ့ပုံပေါ်ပေမယ့် သနားလို့ အလွယ်ဆုံးမေးခွန်းလေးကို မေးလိုက်တယ်။
" ကျွန်တော်ခင်ဗျားကို အလွယ်ဆုံးတစ်ခုမေးပါမယ်။ ဆင်ကို ဘယ်လိုပေါင်းလဲ "
ဟိုလူ အရမ်းကို ပျော်သွားပါတယ် ။ ဒီလောက်လွယ်တာလေး မေးတာကို .. အားရပါးရဖြေချလိုက်တယ်။
" ဆလိမ်ရေး ငသတ် ဆင် "
" အမ် ဟုတ်ဘူးလေ . လွဲနေပြီ ကျွန်တော်မေးတဲ့ ဆင်က E ပါတယ်လေ။ "
" ဟုတ်ပါတယ် ဆရာရဲ့ ကျွန်တော့်ရဲ့ ဆင်ကလဲ အီး ပါပါတယ်ဗျာ "
.............................................................................................................................................................

မမေနှင်း ( ပန်းရင့်ရောင် )ရေ .. ကျွန်တော်ရေးပေးလိုက်ပါတယ်။ အစ်မ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပိုင်းလဲ တဂ်နိုင်ပါ တယ်။


စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

Sunday, February 7, 2010

ခွေးလေးတစ်ကောင်၏ ကလဲ့စား :P


ဒီနေ့ မနက်ပုံမှန်တိုင်း ဘုရားကို မနက်အစောကြီးတက်ဖြစ်တယ်။ ညက အိပ်ရာဝင်တာနောက်တော့မကျပါဘူး။ အေးကလဲအေး ၊ မီးကလဲ ပျက်နေတော့ အစောကြီးရှိသေးတယ်ထင်နေတာ ၊ မီးအိမ်ဖွင့်ကြည့်တော့မှ 10 မိနစ်လောက်နောက်ကျနေပြီ။ မျက်နှာသစ် အ၀တ်စားလဲ ဆိုင်ကယ်ချပြီး ဘုရားဘက်သို့ ခြေသုတ်တင်ခဲ့တယ်။ ဘုရားရောက်တော့ ဂေါပကရုံးဝင်းအတွင်း ဆိုင်ကယ်ဝင်ရပ်လိုက်တယ်။ နောက်ကျနေ ပြီဆိုတော့ ဆိုင်ကယ်ထောက်၊ ဖိနပ်ချွတ်၊ ခြေအိပ်ကိုချွတ် ဖိနပ်ပေါ်တင်ပြီး နောက်အလှည့်...
“ ကိန် ”
ခွေးလေးတစ်ကောင် ခေါင်းကို တက်နင်းမိသလိုဖြစ်သွားတယ်။ ဘယ်အချိန်က နောက်ကိုရောက်လိုက်သည်မသိ။
“ ဆောရီး. အား.. ခွေးလေးက ချစ်စရာလေးပဲ ” (အခုတော့ ချစ်စရာလေးပေါ့ )
ဘုရားကြီးရင်ပြင်တော်ပေါ်ရောက်တော့ 5 နာရီခွဲတော့မယ် ။ အကိုတို့ကရောက်နှင့်ပြီ။ ဒါနဲ့ ကျွန်တော်ထုံးစံအတိုင်း ဓာတ်တော်တိုက်ရှေ့ ကတံမြက်စည်းကိုဆွဲ လှဲပါလေရော..။ ဒါနဲ့ လှဲနေရင်း စကားမစပ်...
“ ဒါနဲ့ ညက ချဲလ်ဆီး - အာဆင်နယ်ဘယ်လိုပြီးသွားလဲ ”
“ ဟာ ဟေ့ကောင်ရ.. ညက အတူတူအိပ်တာကို ငါက ဘယ်လိုသိမှာလဲဟ ”
“ သြော် အင်း.. ဟုတ်သားပဲ အဟိ ”
ဝါသနာက ကြီးတာကိုဗျ ။ သေချာပါတယ် နိုင်လောက်ပါတယ်။ ဘာလို့လဲဆိုတော့ ညက ပထမပိုင်းပြီးတော့ ၀င်အိပ်တော့ 2 - 0 နဲ့ပြတ် နေတာလေ။ :P ရင်ပြင်တော်ပေါ် တံမြက်စည်းလှဲတာ ခဏရပ်ပြီး ပန်းအိုးလဲတဲ့ဘက် သွားကူညီပေးတယ်။ ပန်းအိုးတွေ ရေဆေးတယ်။ ပန်းစိုက်တယ်။ အဲဒါသူများတွေလုပ်တား) အနော်က ပန်းအိုးတွေကို တွန်းလှည်းထဲ ထည့်တယ်။ တွန်းတယ်။ နေရာတွေမှာလိုက်ချ တယ်။ ပန်းလဲလို့ အားလုံးပြီးစီးတော့ အစ်ကိုတို့လဲ လှဲလို့ပြီးကုန်ပြီ။ ဒါနဲ့ ကိုယ်လက်သန့်စင်ပြီး ဘုရားဝတ်ပြုတယ်။

ခဏလောက် ဘုရားပေါ်နေပြီး ပြန်ဆင်းလာကြတယ်။ ဒီနေ့ တနလာင်္သင်းမှာ လူစုံတက်စုံပဲ ကောင်လေးတွေကော ကောင်မလေးတွေ ကော စည်ကားနေတာပဲ။ ပြန်ဆင်းလာတော့ ဆိုင်ကယ်ရပ်တဲ့နားရောက်တော့ ဖိနပ်စီးဖို့ ကြည့်လိုက်တော့ ဟိုက်... အနော့် ခြေအိတ် မ.. သွားပြီ။ ဟိုရှာဒီရှာလုပ်နေတော့ ဟိုဘက်ဈေးတန်းက အစ်မကြီးက ခွေးပေါက်စ အမဲရောင်လေး ချည်သွားတာ တွေ့လိုက်တယ်တဲ့...
“ ဗျာ.. ဒီကောင်... ဟင်း.. ငါ့ကို ငြိုးချက်နဲ့ သုတ်ပြီကွ. .. သူ့ခေါင်းနင်းမိမလိုဖြစ်တာ .. ဒင်းက ငါ့ခြေအိတ်သုတ်သွားတယ် ”
ဟင်းဟင်း... ဒီခွေးစုတ်ကတော့ .. ဘုရားတက်လို့ပေါ့နော်.. မဟုတ်ရင်တော့.. (ဘာမှတော့မလုပ်ပါဘူးဗျာ မလန့်ပါနဲ့ :P )
ဘေးကိုကြည့်တော့လဲ ဘော်ဒါတွေက ရယ်နေကြပြီ။ မထူးပါဘူး ရှိတဲ့တဖက်စွပ် ဖိနပ်စီး ၊ထွက်လာခဲ့တယ်။ ဆိုင်ကယ်ပေါ်ထိုင်တော့ Style Pan က ခပ်မြောက်မြောက် ကြည့်တော့ကောင်းသား တဖက်မပါ တဖက်ပါ... ဟိဟိ.( ကိုယ့်ကိုကို အမွှန်းမတင်ရင် ဘယ်သူတင်မှာ လဲဟုတ်ဘူးလား )

တစ်ဖွဲ့လုံး မနက်စား စားသုံးဖို့ လ္ဘက်ရည်ဆိုင်( အသင်းသားတစ်ဦး၏ဆိုင် ) မှာစုရုံးလိုက်သည်။ နောက်ပြီး လစဉ်ကြေး( အသင်းလိုအပ် သည်များ ၀ယ်ခြမ်းနိုင်ရန် - တစ်လ 1000 ကျပ် ) ကို ဘဏ္ဍာရေးမှုးစီသွင်း ၊ ပြီးတော့ အသင်းက ကျွေးတဲ့ မုန့်ကို ဗိုက်ဗြဲချက်လှန် စားပါ တော့သည်ခင်ဗျာ။ အားလုံးစားသောက်ပြီး လမ်းခွဲကြရာ ကျွန်တော်တစ်ယောက်တော့ Computer ရှေ့မှောက်ရောက်ပါလေရောဗျာ.

စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ

စိတ်ညစ်တယ် လိပ်ဖြစ်တာ အခွံထူလို့


စိတ်ညစ်တယ် ... လိပ်ဖြစ်တာ အခွံထူလို့... အဟွန့်..
ထိုသို့ ငြီးရတာလဲ အကြိမ်ပေါင်းမနည်းဖြစ်နေပါပြီ။ စိတ်တွေလေးလွန်းပြီး ရှုပ်ထွေးနေသည်။ ဘာရယ်ကို ဦးတည်ချက်မရှိ လေးလံလွန်းလှ သည်။ သွေးလေ မမှန်ဘူးပြောရအောင်လဲ အစားသောက်ကမပျက်။ အိပ်ချိန် စားချိန်က လွဲပြီး နေလို့မကောင်း :P စာဖတ်သူတို့ကော ဒီလို ဖြစ်တက်လား ။ အနော်က ယောင်္ကျားလေးနော် (မိန်းကလေးဆို အ၀ှာဖြစ်တယ်ထင်မှာစိုးလို့ အဟီး)

ဖြစ်နေတာတော့ သုံးလေးရက်လောက်ရှိပြီ။ စိတ်ပိန်တယ် ၊ ကိုယ်ပြိုင်းတယ်။ အပြင်မထွက်ရင်လဲ အခန်းထဲရူးချင်နေတယ်။ အပြင်ထွက် တော့လဲ ချစ်သူကိုပဲ လွမ်းသလိုလို၊ သတိရသလိုလို။ ဟိုယောင်ယောင် ဒီယောင်ယောင်။ တော်တော်လေးဆိုးပါတယ်။ သူငယ်ချင်းတွေကလဲ ဒီရက်ပိုင်းအလုပ်ကိစ္စတွေရော၊ ဘွဲ့ယူတာကော၊ နောက်တခြားကိစ္စတွေကော အလုပ်ရှုပ်နေကြတယ်။ အားနေတာ ကိုယ်တစ်ယောက်ထည်း၊ တစ်ယောက်ထည်းဆိုတော့ လ္ဘက်ရည်ဆိုင်မထိုင်ချင်။ Net ကျတော့လဲ ခဏလောက်ပြီးရင် ပျင်းသွားရော။

တက်ကျွမ်းနားလည်တဲ့ ဘော်ဒါဘော်ကျွတ်များခင်ဗျာ။ ကျွန်တော်ဘာရောဂါဖြစ်လဲ စုံစမ်းပေးကြပါခင်ဗျာ။ ကုသလဲပေးကြပါအုံး ။ မျှော် လင့်သူတစ်ယောက်ကြာရင် လုံးပါးပါးပြီး ကွိသွားပါလိမ့်မယ်။ ရောဂါပျောက်မယ့် အစီစဉ်လေးလုပ်ဖြစ်ရင် ကျွန်တော့်ကိုပြစ်မထားပါနဲ့ အစ်ကိုအစ်မတို့ရယ်။ ကျွန်တော်ရောဂါရင့်လာလိမ့်မယ်။

မျှော်လင့်သူတစ်ယောက် ဖြစ်နေတာကို ပစ်မထားပဲနဲ့ အစ်ကိုတို့ အစ်မတို့ နည်းလမ်းလေးတွေချရေးပေးသွားနော်.. မရေးရင်ငိုမှာနော်...
ဗျဲ... ဗျဲ..


စာဖတ်သူတို့အား အစဉ်လေးစားလျှက်
မျှော်လင့်သူ

Friday, February 5, 2010

IT ကုသိုလ်



ဘော်ဒါတစ်ယောက် ကျွန်တော့်ဘက်ပေါက်ချလာတယ်။ လက်ထဲမှာလဲ စာရင်းစာရွက်တွေနဲ့ ရှုပ်ပွလို့ပေါ့။ ဘာတွေလဲမေးစမ်းတော့ . အလှူ ခံစာရင်းတွေတဲ့။ ကျွန်တော်ကောက်ဖတ်ကြည့်လိုက်သည်။ တော်တော်လေး ရှုပ်ပွနေသည်။ ဒါကိုဘယ်လိုမှ စာရင်းအဖြစ်သိမ်းထား၍ မသင့် တော်။ ဒါကြောင့်လဲ မတက်တခေါက်ပညာလေးနဲ့ အလှူစာရင်းလေး ပြုစုပေးလိုက်သည်။

မကွေးမြို့နယ် ညောင်ပင်ရွာ " ထန်းတောကျောင်း " အာရုံခံတန်ဆောင်း ဆောက်လုပ်လှူဒါန်းနိုင်ရန်အတွက် ယခုလို အလှုငွေကောက်ခံပြီး အများကောင်းမှုနဲ့ မတည်မဲ့ မွန်မြတ်တဲ့ ကုသိုလ်လေးဖြစ်ပါတယ်။ သူငယ်ချင်းက သူနဲ့ အသိတွေဆီကို လိုက်လံကောက်ခံရာမှာ မည်သူမှ မငြီးငြူပဲ သဒါတရား နည်းများမဆို ပါဝင်လှူဒါန်းကြသည်ကို တွေ့ရှိခဲ့ရပါသည်။

ကျွန်တော်လဲ စိတ်အားထက်သန်နေတဲ့အတွက် လှူဒါန်းချင်ပေမယ့် အိတ်ကပ်ကလေး ပြားနေသည်မို့ စိတ်သွားတိုင်း လက်မပါနိုင်ဖြစ်နေ သည်။ သို့သော် ငွေအားမကူညီနိုင်ပေမယ့် တဖက်တလမ်းမှ ကိုယ်တက်ထားသော ပညာလေးနှင့် ပြန်လည်အကျိုးပြုပေးရတဲ့အတွက် ၀မ်း သာမိပါတယ်။ အလှူနဲ့ ပတ်သတ်တဲ့ ငွေစာရင်းအင်းများကို ပြုစုခြင်း၊ တွက်ချက်ခြင်းများကို ပြုလုပ်ပေးနိုင်ဖို့လဲ ခွင့်တောင်းပြီးသားဖြစ်ပါ သည်။ ထို့ကြောင့် တစ်ဖတ်ကလမ်းပါ ပါဝင်ကုသိုလ်ယူနိုင်မည်ဖြစ်ပါသည်။

ငယ်ရွယ်ပေမယ့်လဲ စာရေးသူ၏ စိတ်အစဉ်တွင် ကုသိုလ်လေးကို လက်မနှေးခဲ့ပေ။ ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ ဆိုသော အသိကို အမြဲတွေးမိသည်။ အခုလို စာရေးသူ၏ စိတ်အစဉ် ကြည်လင်နေပြီး ပြုခဲ့တဲ့ကောင်းမှုသည် စာဖတ်သူတို့၏ ရင်ကို အေး မြပါစေလို့ ဆုတောင်းလျှက်..


စာဖတ်သူတို့အား အစဉ်လေးစားလျှက်...
မျှော်လင့်သူ
Related Posts with Thumbnails