Thursday, February 25, 2010
ဘီယာခွက်ထဲပိုးကောင်ကလေးကျလိုက်ရုံပါ..
ဘီယာခွက်ထဲပိုးကောင်ကလေးကျလိုက်ရုံပါ..
ဘီယာမတ်ခွက်ထဲ ပိုးကောင်တစ်ကောင်ကျသွားတယ်။
အမေရိကန် - ပိုးကောင်ကိုထုတ်ပစ်လိုက်ပြီး ဘီယာကိုသောက်လိုက်တယ်။
တရုတ် - ပိုးကောင်ကိုစားလိုက်ပြီး ဘီယာကိုလွှတ်ပစ်လိုက်တယ်။
ဂျပန် - ဘီယာကို အမေရိကားကိုရောင်းတယ်။ ပိုးကောင်းကို တရုတ်ကိုရောင်းတယ်။ ပြီးတော့ရတဲ့ ပိုက်ဆံနဲ့ ဘီယာတခွက် အသစ်ထပ် ၀ယ်တယ်။
ပါကစ္စတန် - ဘီယာခွက်ထဲ ပိုးကောင်ကို ထည့်တယ်ဆိုပြီး အိန္ဒိယကို စွပ်စွဲတယ်။ အဲဒီကိစ္စကို ကက်ရှ်မီးယားပြဿနာနဲ့ ဆက်စပ်ပြစ် လိုက်တယ်။ တရုတ်ဆီက စစ်ရေးအကူတောင်းတယ်။ ဘီယာတစ်ခွက်ထပ်ဝယ်ဖို့ အမေရိကန်ဆီက ငွေချေးတယ်။
ွှအိန္ဒိယ - ခွက်ထဲပိုးကောင် ၀င်နိုင်အောင် အကူညီပေးတယ်ဆိုပြီး ပါကစ္စတန်ကို စွပ်စွဲတယ်။ ပြီးတော့ ပိုးကောင်ဟာ အက်အက်ဂျီကွန်မန်ဒို တစ်ယောက်ဖြစ်တယ်လို့ ပြောပြီး ခွက်ရဲ့တစ်လက်မချင်အလိုက်၊ ဘီယာတစ်စက်ချင်းအလိုက် ခုခံတွန်းလှန်ပစ်မယ်လို့ ကြုံးဝါးတယ်။ ပြီး တော့ပါကစ္စတန်ကို အကြမ်းဖက်နိုင်ငံအဖြစ်ကြေညာသင့်တယ်လို့ အမေရိကန်ကိုတောင်းဆိုတယ်။
.........................................................................................................................................................
ပါဝါဘယ်သူကြီးလဲ..
ဆိုဗီယက်ယူနီယံမှာ ဆရာမတစ်ယောက်က အလုပ်ရဲ့အရေးကြီးပုံကို သင်ကြားနေပါတယ်။
ဆရာမ - ဗယ်ဒီမီယာရေ။ မင်းအဖေက ဘာအလုပ်လုပ်သလဲ။
ဗယ်ဒီမီယာ - ဆရာဝန်အလုပ်လုပ်ပါတယ် ဆရာမ။
ဆရာမ - သိပ်ကောင်းတာပေါ့။ မင်းထိုင်ခုံနေရာကနေ ဒီရှေ့ဆုံးတန်းကို ပြောင်းထိုင်လေကွယ်။
ကလေးငယ်က ရှေ့ဆုံးတန်းကို လာပြောင်းထိုင်တယ်။ဆရာမက ဆက်ပြောတယ်။
ဆရာမ - ဘောရစ်ရေ။ သားအဖေကရော ။
ဘောရစ် - အဖေက တက္ကသိုလ်က ပါမောက္ခပါ ဆရာမ။
ဆရာမ - သိပ်တော်တယ်။ လာခဲ့ကွယ်။ ဗယ်ဒီမီယာ့ဘေးမှာ လာထိုင်။
ဆရာမက ဆာဂျီဆိုတဲ့ ကလေးကို ဆက်မေးတယ်။
ဆရာမ - ဆာဂျီ့အဖေကရော ဘာလုပ်သလဲ။
ဆာဂျီ - အဖေက ကေဂျီဘီက စုံစမ်းဖော်ထုတ်ရေးဌာနမှာ လုပ်ပါတယ်။
ဆရာမ - အိုး.... ကောင်းပါတယ်။ ဗယ်လ်ဒီမီယာနဲ့ ဘောရစ်တို့ရေ။ မင်းတို့နေရာကို ဆာဂျီ့ကိုပေးလိုက်ပြီး မင်းတို့ အရင်နေရာမှာ ပြန် ထိုင်ပေးပါလားကွယ်။
Subscribe to:
Post Comments (Atom)
ဘီယာခွက်က ဟာသ အတွက် မြန်မာ တွေရဲ့ ထင်မြင်ချက်ကို သိချင်ပါတယ်။ ပါဝါ ဘယ်သူ ကြီးလဲ က... ကေဂျီဘီက စုံစမ်းဖော်ထုတ်ရေးဌာန ဆို တာမှာ ကေဂျီဘီ ကို မသိပါဘူး... ယျေဘုယ စုံစမ်းဖော်ထုတ်ရေး.(ထောက်လှမ်းရေး) က ပါဝါ ကြီးတယ်လို့ နားလည်သွားပါတယ်။ ;)
ReplyDelete