မန္တလေးသူများ အဘယ်ကြောင့် ကျွန်တော်၊ ကျွန်တော်နှင့် ပြောကြသနည်း။
မင်းတုန်းမင်းကြီး လက်ထက်ကပေါ့ဗျာ။ မင်းတုန်းမင်းကြီး မိန်းမဘယ်လောက်နှစ်သက်လဲ စာဖတ်သူတို့လဲ သိကြမှာပါ ။ မောင်းမမိဿံတွေ ကလဲ လွတ်များသဗျာ။ သားတော်တွေ သမီးတော်တွေကလဲ အရမ်းများဗျာ။
မင်းတုန်းမင်းကြီးက ဒီလိုဗျ။ သူ့ရဲ့ စံနန်းမှာ အနားယူတော်မှုတယ်။ အဲဒီ့အချိန်မှာ သူ့စံနန်းရှေ့က ဖြတ်လျှောက်သွားသံကြားလိုက်ရတယ်။
“ဘယ်သူတုန်းဟ”
“ကျွန်မပါ”
“ အေး ကျွန်မပါဆို ငါ့နန်းဆောင်ထဲဝင်ခဲ့ ”
ဒီလိုနဲ့ နန်းတော်ထဲမှာ တာဝန်ကျတဲ့ အပျိုတော်လေးတွေ ဘုရင့်နန်းတော်ရှေ့က ဖြတ်လျှောက်တိုင်း ဘုရင့်ကို ခစားကြရတယ်။ ကြာတော့ ဗျာ. လူပဲ စက်ရုပ်မှာ မဟုတ်တာ။ ညီးညူလာတာပေါ့။ ဒါကြောင့် အပျိုတော်တွေ စုပြီးတိုင်ပင်ကြတယ်။ ဘုရင့်ကြီးကို ရှောင်ဖို့ပေါ့။
နောက်ဆုံးတော့ အပျိုတော်တသိုက် အကြံရသွားတယ်။ ဒီလိုနဲ့ ဘုရင့်နန်းဆောင်ရှေ့ကနေ ဖြတ်လျှောက်ကြပါတယ်။ ဒီအခါ မင်းတုန်းမင်းကြီးက .......
“ ဟဲ့ ငါ့နန်းဆောင်ရှေ့က ဖြတ်လျှောက်တာ ဘယ်သူတုန်းဟဲ့ ”
“ ကျွန်တော်ပါ ”
“ အေးအေး သွားသွား ”
ဒီလိုနဲ့ မင်းတုန်းမင်းကြီး လက်ထဲက လွတ်ပါလေရော။ နောက်ပိုင်းနန်းတွင်းမှနေ မြို့တော်ထဲထိ ပြန့်နှံ့သွားပါတော့တယ်။
ကျွန်တော်၊ ကျွန်တော်နှင့် ပြောတက်သော မန္တလေးသူချောချောလေးများအား ဂုဏ်ပြုလျှက်။ :P ဒီ Post လေးကို တင်လိုက်တဲ့အတွက် ဖတ်မိသော အမိလေးတို့ ဒေါခွီးမှာ သေချာပါတယ်။ ဟိဟိ . ... တစ်နေ့တာ အလုပ်ကနေပြန်လာပြီး မောပန်းလာသူများ ဒီ Post လေးကို ဖတ်ပြီး ပြုံးရွှင်ဖို့ ရည်ရွယ်ပါတယ်။ ( သက်သက်ညှာညှာတော့ ပြောပေးကြပါနော် အဟိ. )
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ..
မင်္ဂလာပါ..
ReplyDeleteသြော်..ဒါကြောင့် မန်းသူတွေ ကျွန်တော် ကျွန်တော် နဲ့ ပြောဆို သုံးနှုန်းကြတာကိုး :) :)
မန်းသူတွေ အကြံကောင်းပုံကတော့ မင်းတုန်းမင်း လက်ကတောင် လွတ်အောင် ရှောင်နိုင်ကြတယ်နော်... :) :)
ခင်မင်စွာဖြင့်
ကိုမျိုး