အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတာ ဒီဇာတ်လမ်းက သက်သေခံနေသလိုပါပဲ။ လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က ရေနံချက်စက်ရုံ ကို အရာရှိမိသားစု ပြောင်းလာခဲ့တယ်။ အဲဒီ့ မိသားစုမှာ ဂစ်တာရှိတ်ကောင်မလေး တစ်ယောက်လဲပါလာတယ်။ ကောင်မလေးနာမည် က သီရိ တဲ့၊ ရုပ်ကလဲချော၊ ချမ်းလဲချမ်းသာပြီး အသက်က ၁၆ ဆိုတော့ ကာလသားတွေပါးစပ်ဖျားမှာ အသဲစွဲပေါ့။ ဒါပေမယ့် ကောင်မလေးက ဘယ်သူ့ကိုမှ ပြန်မကြိုက်ဘူးတဲ့။
တစ်နေ့ကျတော့ ကောင်မလေး အိမ်ဘေးနားကို ကျောက်ပန်းတောင်းသား ကိုမျိုးခိုင်ဆိုတဲ့ လူပျိုကြီးတစ်ယောက်ပြောင်းလာပြီး အိမ် ငှားနေခဲ့တယ်။ ကိုမျိုးခိုင်ရဲ့ မျက်နှာမှာလဲ ကျောက်ပေါက်များနှင့် သိပ်ရုပ်ဆိုးတဲ့သူပေါ့။ ကိုမျိုးခိုင်က ကောင်မလေးကို နေ့တိုင်းနေ့ တိုင်းတွေ့ပါများတော့ အရမ်းချစ်သွားခဲ့တယ်။ ဒီတစ်ယောက်ကိုပဲ တမ်းတမ်းစွဲချစ်မိနေတဲ့ လူပျိုကြီးတစ်ယောက်တော့ အချစ်ရူးရူးနေ တော့တာပေါ့။
ကိုမျိုးခိုင်က သီရိ ကျူရှင်ပြန်တဲ့လမ်းကို စောင့်ပြီး အမြဲတမ်းရည်းစားစကားလိုက်ပြောလေ့ရှိတယ်။ ဒါပေမယ့် သီရိလေးကတော့ “အနူလက်နဲ့ ရွှေခွက်နိုက်တယ်” ဆိုပြီးဆဲလေ့ရှိတယ်။ ဖြစ်ချင်တော့ တစ်နေ့မိုးလေးဖွဲဖွဲကျတဲ့တစ်နေ့မှာ လူပျိုကြီး စကားလိုက် ပြောတယ်။ သီရိ စိတ်တိုလာတော့ လက်ထဲကထီးနဲ့ဆော်လိုက်တာပေါ့။ သီရိ အိမ်ပြန်ရောက်တော့ ကိုမျိုးခိုင်ဆိုတဲ့သူက သူ့ကို လိုက်နှောက်ယှက်ကြောင်း သူ့အဖေကို တိုင်လိုက်တယ်။ ကောင်မလေး အဖြေကစိတ်တိုပြီး ကောင်စီထိတက်တိုင်ခဲ့တယ်။
ကောင်စီလူကြီးတွေက ကိုမျိုးခိုင်ကို ခေါ်စစ်တော့ ကိုမျိုးခိုင်က ရိုးရိုးလေးပဲဖြေခဲ့တယ်။ သူနှောက်ယှက်တာမဟုတ်ပါဘူး၊ ချစ်လွန်း လို့ စကားလိုက်ပြောမိတာပါလို့ ပြောလိုက်တယ်။ သီရိ အရမ်းစိတ်တွေတိုသွားခဲ့တယ်။ ခုံကနေ ၀ုန်းခနဲထရပ်ပြီး ကိုမျိုးခိုင်ဆီ လျှောက်သွားတယ်။ ကောင်စီဝင်တွေက အံ့သြသင့်နေလို့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ ကိုမျိုးခိုင်ကို သူနဲ့ မတန်မရာလို့ပြောပြီး ဖြန်းခ နဲ ပါးရိုက်လိုက်တယ်။ ပြီးတော့ ရုံးထဲကနေပြန်ထွက်လာခဲ့တယ်။
နောက်ရက်ပိုင်းတွေမှာ ကိုမျိုးခိုင်တစ်ယောက် အပြင်လုံဝမထွက်တော့ဘူး။ အိမ်နောက်က ကြခတ်ဝါးရုံပင်တွေကိုခုတ်၊ အကောင်း ဆုံးဝါးလုံးကို ရွေးပြီး ပုလင်းကွဲလေးနဲ့ နေ့တိုင်းသပ်ပေးလေ့ရှိသည်။ သီရိကတော့ ကိုမျိုးခိုင်သူ့ကို မလိုက်တော့လို့ ၀မ်းသာနေတာ ပေါ့။တစ်ရက်... မိုးလေးဖွဲဖွဲကျနေတယ်၊ လမ်းပေါ်မှာလဲ လူရှင်းလို့၊ ကျူရှင်ကပြန်လာတဲ့ သီရိ တစ်ယောက်ထည်း၊လက်မှာလဲ ထီးလေးကိုင်လို့ပေါ့။ “အားးးးးးးးးးးးးးးးးးးး” နာကျင်စွာအော်လိုက်မိတယ်။ လုံးဝထင်မထားတဲ့ရိုက်ချက်တစ်ခု သီရိ ကျောပေါ်ကျ ရောက်လာခဲ့တယ်။ နာလွန်းလို့ အသားတွေကလဲ တဆက်ဆက် တုန်နေရှာတယ်။ သူမရဲ့ ထီးလေးကလဲ အဝေးကိုလွင့်လို့ပေါ့။
ကြောက်လန့်တကြားနဲ့ မော့ကြည့်လိုက်တော့ အငြိုးတွေနဲ့တင်းမာနေတဲ့ ကိုမျိုးခိုင်၊ သူ့လက်ထဲက ကြခတ်ဝါး...
သီရိရဲ့ နာကျင်လွန်းလို့ တုန်နေတဲ့ ခန္ဓာကိုယ်ကို သွေးအေးအေးနဲ့ရိုက်ခဲ့တယ်။ ကောင်မလေး စိစိညက်ကြေသွားမှ ကြေနပ်ပြီး စခန်းသွားအဖမ်းခံခဲ့တယ်။ သူ့ရဲ့ ရက်စက်တဲ့ လူသတ်မှုကြောင့် ကြိုးမိန့်ပေးခံခဲ့ရတယ်။ မသေခင်သူ့ရဲ့ ဆုတောင်းကတော့
လွှမ်းမိုးရဲ့ “အချစ်တွက်ဆို လည်စင်းပေးဝံ့တယ်” ဆိုတဲ့ သီချင်းကိုတောင်းပြီး ပြုံးပြုံးလေး အသေခံသွားတော့တယ်။
စာဖတ်သူတို့အား အစဉ်လေးစားလျှက်..
မျှော်လင့်သူ
ကြောက်စရာကြီး...ဘယ်လို အချစ်မျိုးလဲ...ဒါပေမယ့် သင်ခန်းစာ ယူစရာပဲ ။
ReplyDeleteကောင်မလေးကလည်း အလိမ္မာလေးနဲ့ ရှောင်သင့်တယ်။ အချစ်ဆိုတာထက် စိတ္တဇ ဖြစ်နေ/ဖြစ်သွား တာဖြစ်မယ်။
ReplyDeleteအယ်..တကယ်ကြီးလား ဇာတ်လမ်းက.. ကြောက်စရာကြီး မျှော်လင့်သူရေ..
ReplyDeleteအချစ်ကြီးလို့ အမျက်ကြီးသွားသလို.. သူ့ကို လူရှေ့မှာ အရှက်ခွဲပါးရိုက်လို့ စိတ်နာသွားတာလည်း ဖြစ်သင့်ပါတယ်လေ။
ကြောက်စရာ ကောင်းသားနော်.
သင်ခန်းစာ ရနိုင်တဲ့ ပို့စ်လေးပါ။
တကယ်ရှိခဲ့တဲ့ဇာတ်လမ်းပေါ့လေ။ ချစ်ခြင်းက အဲလို အရောင်ပြောင်းတတ်သလား။ လူရှေ့သူရှေ့မှာ ပါးရိုက်ခံရလို့ စိတ်အနာက အမှားအမှန်ကို မတွေးတတ်နိုင်တော့ဘူးပဲ။ ကြောက်စရာပဲ။ သင်ခန်းစာရစရာလေးနော်။
ReplyDeleteမင်္ဂလာပါ..
ReplyDeleteအင်း.. အချစ်ကြီးတယ်လို့ ပြောရမလား။ အမျက်ကြီးတယ်လို့ ပြောရမလား။ သေချာတာကတော့ ဒေါသကြီးကြီးနဲ့ လက်တုန့်ပြန်တဲ့ သဘောပေါ့လေ။ နောက်ဆုံးတော့ နှစ်ယောက်စလုံး မပေါင်းသင်းလိုက်ရဘဲ ဆုံးပါးသွားရတာ သီရိ အတွက်ရော.. ကိုမျိုးခိုင် အတွက်ရော နှမြောစရာ ကောင်းလှပါတယ်။
စာကြွင်း။ ဇတ်လမ်းတစ်ခုလို ဖြစ်နေလို့ နာမည်အရင်းများကို ထည့်သွင်းရေးသားဘို့ မသင့်ပါ။ ဟဲ..ဟဲ။ ကိုမျိုး (အညာမြေ) ဆိုတာ နာမည်ရင်းက ကိုမျိုးခိုင် ဗျ။
စာလာဖတ်ပါတယ်..
ReplyDeleteအချစ်ကြီး အမျက်ကြီးတဲ့ ကျောက်ပန်းတောင်းသား အကြောင်း အရင်က မကြားဖူးပါဘူး. ဘယ်လိုဝေဖန်ရမလဲ မသိတော့အောင်ပဲ ကြေကွဲစရာ ကောင်းလှပါတယ်။ အချစ်နဲ့အမုန်း အစွန်းနှစ်ဖက်လို့ ယူဆရမှာလား. အချစ်စစ် မဟုတ်လို့ ဖြစ်မယ်။ ကျွန်တော်ကတော့ ချစ်သူကို ချစ်တယ်လို့ ပြောဖို့တောင် အားနာနာနဲ့ အဝေးက စောင့်ကြည့်နေခဲ့ဖူးတယ်..