ကျွန်တော် ဟိုးငယ်ငယ်လေးကတည်းကတိုင်း အိမ်မက်လေးတစ်ခုရှိတယ်။ အရမ်းရိုးရှင်းပါတယ်။ ကိုယ်ပိုင်အိမ်လေးတစ်လုံးမှာ ကျွန် တော်ချစ်တဲ့သူနဲ့ အတူနေချင်မိတာပါ။ အိမ်လေးကိုလဲ အထပ်တွေနဲ့ မဆောက်ချင်ပဲ လုံးချင်းတစ်ထပ်ကလေးကို ခြံဝန်းကျယ်ကျယ်လေး ထဲမှာဆောက်ပြီး အမြင်ဆန်းတဲ့ ပရိဘောဂလေးတွေ ဆင်ယင်ပြီး နေချင်မိပါတယ်။ အခုထိတော့ ဖြစ်မလာသေးပါဘူးး)...
ဒါပေမယ့်ဗျာ လူပဲ ကြိုးစားရင် ဖြစ်ပါတယ် ဟုတ်ဘူးလား ... ဒီလိုပဲ အားတင်းရတာပေါ့လေး) . အခုအောက်ကပုံလေးတွေက နံရံပန်းချီ ပေါ့။ သူကလဲ အိမ်တွင်းအလှဆင်မှုတစ်ခုပေါ့။ ကျွန်တော့်အထင်ပြောရရင်တော့ ဒါဟာ တစ်မူထူးခြားပြီးလုပ်တာဖြစ်မယ်ထင်တယ်။ မြို့ပြ တွေမှာ အဲလိုအလှဆင်တာတွေတော့မရှိလောက်ဘူးထင်တယ်။ ပြီးတော့ ဖန်တီးသူလဲ ရှားပါးမယ်ထင်ပါတယ်။ လက်ရာပြောင်မြောက် ချက်ကတော့ အံ့မခန်းတွေ့ရမှာပါ. အမှတ်မထင် ကြည့်လိုက်ရင် တကယ့်အရာဝတ္ထုလို့တောင်ထင်နိုင်ပါတယ်။
သူငယ်ချင်းတို့ကော ကိုယ့်ရဲ့ အိမ်လေးမှာ အခုလို ချယ်မှုန်းထားချင်စိတ်များ မဖြစ်ပေါ်မိဘူးလား. ကိုယ်ချစ်တဲ့သူနဲ့အတူတူ သာယာချမ်း မြေ့တဲ့အိမ်လေးမှာ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ စာဖတ်သူများအား ဆုတောင်းပေးလိုက်ပါတယ်.













စာဖတ်သူတို့အား အစဉ်လေးစားလျှက်
မျှော်လင့်သူ
ကျနော် ကတော့ ငယ်ငယ် လေးကထဲက တောထဲက သစ်လုံးအိမ်လေး တွေ မီးခိုးခေါင်းတိုင်လေးတွေနဲ့ အိမ်တွေကို အရမ်းစွဲလန်းတာဗျ
ReplyDeleteကြည့်ခွင့် ရတဲ့အတွက် ကျေးဇူးပါ
လှလိုက်တာ....း)
ReplyDeleteမင်္ဂလာပါ..
ReplyDeleteအိမ်လည်လာတဲ့သူတွေ တကယ့်အခန်းအစစ်ထင်ပြီး ၀င်မိမှဖြင့်။ နဖူးကွဲနေပါအုံးမယ်နော်။
အခုလို အိမ်ထဲမှာ အလှဆင်ပြီး စွဲထားတာတော့ မတွေ့ဘူးဘူးဗျ။ လမ်းပေါ်မှာ စွဲထားတာတွေကိုတော့ မြင်ဘူးတယ်။
ခင်မင်စွာဖြင့်
ကိုမျိုး